Sports

Schedule:

Standing:

Toplist:

Teams:

  • Sun 30 Nov 2014 - 22:48
    -နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ပရော်ဖက်ရှင်နယ်အဆင့်တွင် မျိုးဝင်းအောင်က သတ်မှတ်ရိုက်ချက်ထက် သုံးချက်လျှော့ရိုက် ကာ ဗိုလ်စွဲခဲ့သည်။
  • Sun 30 Nov 2014 - 22:46
     မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် မကွေးအသင်းသည် အ သင်း၏ နည်းပြများနှင့် အမာခံ ကစားသမားများကို စာချုပ်သက် တမ်းတိုးနိုင်ခဲ့ပြီး ပြည်တွင်းကစား သမား လေးဦးခေါ်ယူထားပြီးဖြစ် ကြောင်း သတင်းရရှိသည်။
  • Sun 30 Nov 2014 - 22:46
     မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းဖြစ်သည့် ကမ္ဘောဇအသင်းအနေဖြင့် လာမည့် ၂၀၁၅ ဘောလုံးရာသီတွင် အောင်မြင်မှု ရရှိရန် နိုင်ငံခြားသားကစားသမားများကို ခေါ်ယူစမ်းသပ်နေသော်လည်း စိတ်ကြိုက်မတွေ့ခြင်းကြောင့် ဘရာဇီးနိုင်ငံ သားများကို ထပ်မံခေါ်ယူခြေစမ်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။
  • Sun 30 Nov 2014 - 22:45
     မြန်မာအသင်းအနေဖြင့် ဂိုးသွင်းခွင့်ပိုမိုရရှိခဲ့သော်လည်း အဆုံးသတ်အားနည်းမှုကြောင့် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်ကြောင်း လက်ရွေးစင်အသင်း နည်းပြချုပ် အေဗရာမိုဗစ်က ပြော သည်။
  • Sat 29 Nov 2014 - 23:08
    ၂၀၁၄အာဆီယံဆူဇူကီး ဖလား ဘောလုံးပြိုင်ပွဲအုပ်စု(ခ) နောက်ဆုံးပွဲစဉ်တွင် မြန်မာ့လက် ရွေးစင်အသင်းသည် ထိုင်းအ သင်းကို ၀-၂ဂိုးဖြင့် ရှုံးနိမ့်ကာ အုပ်စုပွဲစဉ်များအပြီးတွင် နိုင်ပွဲမရ ရှိခဲ့ဘဲ အုပ်စုနောက်ဆုံး၌ ရပ်တည် ခဲ့သည်။
  • Sat 29 Nov 2014 - 22:52
    အကယ်ဒမီဗန်းကိုင်မှ အကယ်ဒမီရွှေကြိုအဖြစ် ပြောင်း လဲ၍ ယခုနှစ်တွင် စတင်ခေါ်ယူခဲ့ ရာ စိတ်ဝင်တစားလျှောက်ထား သူများပြားခဲ့ပြီး နာမည်ကြီးမော် ဒယ်နှင့် အလှမယ်အချို့လည်း ပါဝင်လျှောက်ထားခဲ့ကြောင်း သိရှိရသည်။ နိုင်ငံတကာပြိုင်ပွဲများသို့သွားရောက်ယှဉ်ပြိုင်ခဲ့ကာ ဆုများရရှိခဲ့သော ခါရာနှင့် မေမြတ်နိုး တို့ အပါအ၀င် မော်ဒယ်လောက မှ နာမည်ကြီးမော်ဒယ်များလည်း ပါဝင်လျှောက်ထားခဲ့ပြီး အကယ် ဒမီ ရွှေကြိုလျှောက်ထားသူ စုစု ပေါင်း လေးရာကျော်ရှိခဲ့သည်။ ‘‘အရင်နှစ်တွေကဆို လျှောက်လွှာတစ်ရာကျော်လောက်ပဲလာ လျှောက်တာ။ အခုနှစ်က လျှောက်လွှာတင်တဲ့ လူ ၄၆၀ ကျော်တယ်’’ ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအ ရုံး ဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောသည်။ အကယ်ဒမီ ဗန်းကိုင်မှ အ ကယ်ဒမီ ရွှေကြိုဟု ပြောင်းလဲခဲ့ ကာ ယောက်ျားလေးများကိုလည်းပထမဆုံးအကြိမ် ခေါ်ယူခဲ့သော ကြောင့် လျှောက်ထားသူ များပြား ခြင်းဖြစ်နိုင်ပြီး ယောက်ျားလေး များလည်း စိတ်ဝင်တစားလျှောက် ထားခဲ့ကြောင်း ၎င်းကပြောသည်။
  • Sat 29 Nov 2014 - 22:41
     ယမန်နေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဝဲလ်ဘတ်၏ အားပါသော ခေါင်းတိုက်ဂိုးဖြင့် အာဆင်နယ်က ဝက်စ်ဘရွန်းကို အနိုင်ရရှိပြီး ယာယီအား ဖြင့် ထိပ်ဆုံးလေးသင်းအတွင်း ပြန်ဝင်လာသည်။
  • Sat 29 Nov 2014 - 22:38
     ခြေထောက်တွင်ရရှိခဲ့ သော ဒဏ်ရာကြောင့် တစ်လကြာ နားနေခဲ့ရသော  အင်နီယေစတာ ပြန် လည်ကစားနိုင်ပြီဖြစ်ကြောင်းဆရာဝန်များက ခွင့်ပြုလိုက်ပြီဟု ဘာစီလို နာအသင်းက ထုတ်ပြန်သည်။
  • Sat 29 Nov 2014 - 22:28
    ပရီးမီးယားကလပ်များသည် ပြီးခဲ့သည့် ၂၀၁၃ မှ ယခုနှစ်စက်တင်ဘာလအထိ ၁၂ လတာ ကာလအတွင်း အေးဂျင့်များအားပေးခဲ့သည့် ငွေပမာဏမှာ စံချိန်တင် ပေါင် ၁၁၅ သန်းအထိ သုံးစွဲခဲ့သည်။
  • Sat 29 Nov 2014 - 22:24
     ၂၀၁၄ ခုနှစ်မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အူရီးဒူးဖလား ရရှိခဲ့သည့် ဧရာဝတီအသင်းမှာ နည်းပြချုပ်ဦးဆန်းဝင်းထွက်ခွာ သွားပြီးနောက် နည်းပြသစ်ခန့် အပ်ရန် အသင်းပိုင်ရှင်များ အစည်းအဝေးပြီးမှသာ ဆုံးဖြတ်သွားရမည်ဖြစ်ကြောင်း အသင်းမန်နေဂျာဦးအောင်ချိုကပြောသည်။ ‘‘ဦးဆန်းဝင်းနေရာကို အစားထိုးဖို့အတွက် ပြည်တွင်းနည်းပြ ဖြစ်မလား၊ နိုင်ငံခြားနည်းပြဖြစ် မလားဆိုတာက အသင်းပိုင်ရှင် တွေအစည်းအဝေးထိုင်ပြီးမှ သိရ မယ်။ အခုလောလောဆယ်မှာ တော့ ဘယ်သူ့ကိုနည်းပြချုပ် အဖြစ်ခန့်မယ်ဆိုတာမသိသေးဘူး’’ဟု ဦးအောင်ချိုကပြောသည်။
  • Sat 29 Nov 2014 - 22:24
    သောကြာနေ့ နံနက်အစောပိုင်းက ပါရီမြို့တွင်ကစားခဲ့သည့် ပြင်သစ်လီဂူးဝမ်းပွဲ၌ မာဆေးက နွန့်အသင်းကို နှစ်ဂိုးပြတ် အနိုင်ရကာ လိဂ်တွင် ပီအက်စ်ဂျီကို လေးမှတ်ဖြတ်ပြီး ထိပ်ဆုံးနေရာကို ဆက်လက်ဦးဆောင်နေသည်။
  • Sat 29 Nov 2014 - 22:20
    ၂၀၁၄ မြန်မာအင်တာ နေရှင်နယ် အိုးပင်းစစ်တုရင်ပြိုင် ပွဲတွင် အင်္ဂလန်နိုင်ငံမှ ဂရင်းမာ စတာ Nigel Short က ဗိုလ်စွဲ သွားကြောင်း သတင်းရရှိသည်။
  • Sat 29 Nov 2014 - 22:19
    ၂၀၁၄ ခုနှစ်အတွက် ဖီဖာက ပေးအပ်မည့် ကမ္ဘာ့အ ကောင်းဆုံး ဘောလုံးသမား ၁၁ ဦး စာရင်းကဲ့သို့ ဆုများကို စိတ်မဝင်စားဟု ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားသည်။ အပြောအဆိုပွင့်လင်းသော ပေါ်တူဂီနိုင်ငံသား မော်ရင်ဟိုက ၎င်း၏ ချယ်လ်ဆီးအသင်းမှ ဘယ်လ်ဂျီယံတောင်ပံကစားသ မား ဟားဇက်နှင့် စပိန်ကွင်းလယ် ကစားသမား ဖာဘရီဂတ်စ်တို့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသ မား ၁၁ ဦးအသင်းအတွက် ပဏာ မ ရွေးချယ်ခံထားရသော်လည်း အထက်ပါကဲ့သို့ ပြောကြားလိုက် ခြင်းဖြစ်သည်။ ‘‘အဲဒီဆုတံဆိပ်တွေကို မြင် ရရင် အဲဒါတွေဟာ ဘောလုံး လောကအတွက် မကောင်းဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော် အဲဒါတွေကို ဂရုမစိုက်ပါဘူး’’ဟု သတင်းစာရှင်းလင်းပွဲတွင် မော်ရင်ဟိုက ပြောကြားသည်။
  • Sat 29 Nov 2014 - 22:17
    ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ်ကလပ်သည် ပြီးခဲ့သည့် ၂၀၁၃-၁၄ ရာသီတွင် ဝင်ငွေယူရို ၅၂၈ ဒသမ ၇ သန်း (ဒေါ်လာ ၆၅၇ ဒသမ ၉ သန်း) ရရှိခဲ့ကာ အသင်းသမိုင်း၌ ဝင်ငွေအများဆုံး စံချိန်သစ်တင်ခဲ့သည်။ ဘိုင်ယန်သည် ပထမဆုံးအကြိမ် ဝင်ငွေ ဒေါ်လာဘီလီယံဝက် (သန်းငါးရာကျော်) ပမာဏရခဲ့ခြင်းဖြစ်ကာ ၂၀၁၂-၁၃ ရာသီတွင် စံချိန်သစ်ဖြစ်ခဲ့သည့် ဝင်ငွေယူရို ၄၃၂ သန်းပါ စံချိန်ထပ်ချိုးနိုင်ခဲ့သည်။ ဝင်ငွေခွန်ဆောင်ပြီးနောက် အသားတင်အမြတ်ပမာဏတွင်လည်း ဘိုင်ယန်မှာ ပြီးခဲ့သည့်ရာသီ ၂၀၁၃-၁၄ တွင် ယူရို ၁၆ ဒသမ ၅ သန်းရခဲ့ကာ ၂၀၁၂-၁၃ တွင်ရခဲ့သော ယူရို ၁၄ သန်းထက် ပိုများသည်။ ဘိုင်ယန်၏ စုစုပေါင်းဝင်ငွေတွင် လက်မှတ်အရောင်းမှ ယူရို ၁၄၀ ဒသမ ၈ သန်း၊ စပွန်ဆာစာချုပ်များမှ ယူရို ၁၁၇ ဒသမ ၇ သန်း၊ အမှတ်တရပစ္စည်းများ ရောင်းချမှုမှ ယူရို ၁၀၅ သန်း၊ ရုပ်သံမူပိုင်ခွင့်များမှ ယူရို ၅၄ ဒသမ ၉ သန်း ရခဲ့သည်။
  • Sat 29 Nov 2014 - 22:16
    ၂၀၁၄ အာဆီယံ ဆူဇူ ကီးဖလားဘောလုံးပြိုင်ပွဲအုပ်စု (က)နောက်ဆုံးပွဲစဉ်များအပြီး တွင် အိမ်ရှင်ဗီယက်နမ်နှင့် ဖိလစ် ပိုင်အသင်းတို့ အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။
  • Sat 29 Nov 2014 - 22:10
    အာရှဘောလုံးအဖွဲ့ချုပ် မှ ကြီးမှူးကျင်းပသည့် အာရှ ဖလားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည့် အသင်းများ အားလုံးသည် ခြေစစ်ပွဲမှ စတင် ၀င်ရောက်ယှဉ်ပြိုင်ရတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
  • Sat 29 Nov 2014 - 18:24
    တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုအောင်မြင်ပြီးသူ တက္ကသိုလ်မှ လောလောလတ်လတ်ဘွဲ့တစ်ခုခုရပြီးသည့် လူငယ်များကို မေးခွန်းတစ်ခုမေးကြည့်ပါ။ သက်ဆိုင်ရာကျောင်း၊တက္ကသိုလ်များတွင် ပညာသင်ကြားခဲ့စဉ် မည်သည့်အားကစားနည်းကို စနစ်တကျလေ့လာသင်ယူကစားရပါသလဲဆိုသည့် အမေးဖြစ်၏။ ဖြေကြားသူများ၏၉၉ ရာခိုင်နှုန်းက ‘‘မရှိပါ’’ဟု ပြောကြပါလိမ့်မည်။
  • Fri 28 Nov 2014 - 22:44
    အစ္စတန်ဘူလ်− ရလဒ်များ ဆက်တိုက်ဆိုးရွားနေပြီး ဥရောပပြိုင်ပွဲမှပါ ထွက်ခွာခဲ့ရပြီးနောက် ဂါလာတာစာရေးအသင်းက နည်းပြပရန်ဒယ်လီကို ထုတ်ပယ်လိုက်သည်။ ဗုဒ္ဓဟူးနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စု(D) နောက်ဆုံး ပွဲစဉ်တွင် ဂါလာတာစာရေးက အန်ဒါလက်ခ်ျကို နှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။
  • Fri 28 Nov 2014 - 22:43
    လန်ဒန်− ယခုဘောလုံးရာသီတွင် ရလဒ်များ ဆိုးရွားနေခြင်းကြောင့် မိမိမှာ အလုပ်ဖြုတ်ခံရရန် ရေပန်းအစားဆုံးဖြစ်နေသည်ဟု လီဗာပူးနည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားသည်။
  • Fri 28 Nov 2014 - 22:30
    နိုဝင်ဘာလရဲ့ နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်တွေဟာ စိတ်ဝင်စားဖို့ ကောင်းနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် ဒီတစ်ပတ်မှာ အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့တဲ့ ပွဲမျိုးမရှိပေမယ့် ဒုတိယနေရာက ဆောက်သမ်တန်နဲ့ တတိယနေရာက မန်စီးတီးရဲ့ ပွဲစဉ်က  ပရိသတ်ကို ဖမ်းစားထားဦးမှာပါ။ တစ်ဖက်မှာလည်း ရလဒ်တွေ ဆက်တိုက်ဆိုးနေတဲ့ အာဆင်

Pages

Subscribe to Sports