Sports

  • Wed 15 Mar 2017 - 22:16
    ချယ်လ်ဆီးနှင့်ကစားခဲ့ သော အက်ဖ်အေဖလားကွာတား ဖိုင်နယ်ပွဲစဉ်အတွင်း မိမိတို့၏ ကစားသမားများကို ထိန်းချုပ်ရန် ပျက်ကွက်ခဲ့ကြောင်း အင်္ဂလိပ် ဘောလုံးအဖွဲ့ချုပ်က မန်ယူအသင်းအား စွဲချက်တင်လိုက်သည်။
  • Wed 15 Mar 2017 - 22:15
     ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့တွင် ဆီဗီလာကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့် ခဲ့မှုကို ဒုတိယအကျော့၌ ၂-၀ ဂိုးရလဒ်ဖြင့် ချေဖျက်ပြီး လက် စတာသည် ချန်ပီယံလိဂ် နောက် ဆုံးရှစ်သင်း အဆင့်သို့ တက် ရောက်နိုင်ခဲ့သည်။ ပထမအကျော့က အဖိုးတန် အဝေးဂိုးတစ်ဂိုးရရှိထားသည့် လက်စတာသည် ယခုပွဲတွင် ၁-၀ ဂိုးဖြင့် အနိုင်ရလျှင် နောက် တစ်ဆင့်သို့ တက်မည်ဖြစ်သော် လည်း အသင်းခေါင်းဆောင် မော် ဂန်နှင့် အယ်လ်ဘရိုက်တန်တို့၏ သွင်းဂိုးများဖြင့် နှစ်ကျော့ပေါင်း ရလဒ် ၃-၂ ဂိုးဖြင့် နောက်တစ် ဆင့်သို့ တက်ရောက်နိုင်ခြင်းဖြစ် သည်။ ဆီဗီလာသည် ပွဲချိန် ၇၄ မိ နစ်တွင် နာဆရီနှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရပြီး မိနစ် ၈၀ တွင် ပင်နယ်တီကန်ခွင့်ရခဲ့သည်။ သို့  သော် အန်ဇွန်ဇီ၏ ပင်နယ်တီ ကန်သွင်းချက်ကို လက်စတာဂိုး သမား ရှမိုက်ကယ် ကာကွယ်နိုင်ခဲ့သည်။
  • Wed 15 Mar 2017 - 22:13
    ရွှေ့ဆိုင်းထားသော ဂျာမန်ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် ဒေါ့မွန်က တတိယတန်းမှ လော့ကီအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်၌ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်နှင့် တွေ့ဆုံမည်ဖြစ်သည်။ −−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
  • Wed 15 Mar 2017 - 22:12
    အဲဗာတန်တိုက်စစ်မှူး လူကာကူသည် အသင်းသမိုင်း တစ်လျှောက် တန်ကြေးအမြင့်ဆုံး လုပ်ခလစာနှုန်းဖြင့် ကမ်းလှမ်း ခံရသော်လည်း ယင်းကမ်းလှမ်းမှု ကို ပယ်ချလိုက်သည်။ အဲဗာတန်သည် တစ်ပတ် လျှင် ပေါင် ၁၄၀,၀၀၀ ၀န်းကျင် တန်ကြေးရှိ ငါးနှစ်သက်တမ်း စာချုပ်သစ်တွင် ဘယ်လ်ဂျီယံ တိုက်စစ်မှူးက လက်မှတ်ရေးထိုး မည်ဟု ယုံကြည်ခဲ့သည်။ လူကာ ကူ၏ အေးဂျင့် မိုင်နိုရိုင်အိုလာက လည်း လူကာကူသည် ဂွတ်ဒီ ဆင်ပါ့ခ်တွင် ဆက်လက်ရှိနေရန် ၉၉ ဒသမ ၉ ရာခိုင်နှုန်း သေချာ သည်ဟု ပြောကြားသည်။
  • Wed 15 Mar 2017 - 11:37
    ထရန့်ရဲ့ သမ္မတသက်တမ်းအစ မှာ ခင်ဗျားဟာ ရှေ့ဆုံးနေရာတစ် ခုရခဲ့ပါတယ်။ အိမ်ဖြူတော်ရာထူး သစ်မှာ ဖြစ်နေတာကို ခင်ဗျား ဘယ်လိုသုံးသပ်မိလဲ။
  • Wed 15 Mar 2017 - 11:32
    ရန်ဒေါလင်း စတီဖင်ဆင် သည် အမေရိကန်တယ်လီဖုန်း ဆက်သွယ်ရေး စီးပွားရေး အမှု ဆောင်အရာရှိ တစ်ဦးဖြစ်ပြီး ၂၀၀၇ မေလ ၉ ရက်ကစ၍ အမေ ရိကန်နိုင်ငံ၏ အကြီးဆုံးကြိုးဖုန်း နှင့် ဒုတိယအကြီးဆုံး မိုဘိုင်းဖုန်း ကုမ္ပဏီကြီး AT & T ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူထားသည်။ အမေရိကလူ ငယ်ကင်းထောက်များအဖွဲ့၏ ၃၆ ဦးမြောက် အမျိုးသားဥက္ကဋ္ဌအဖြစ် ၂၀၁၆ ကစ၍ တာဝန်ယူခဲ့သည်။
  • Wed 15 Mar 2017 - 11:08
    ၂၀၁၈ အာရှယူ-၂၃ ဘောလုံး ပြိုင်ပွဲခြေစစ်ပွဲနှင့် မလေးရှားဆီး ဂိမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ လက်ရွေးစင်အ သင်းကို လက်ရွေးစင်အသင်းနည်း ပြချုပ် ဂတ်ဖရိုင်းဒရစ်ကတာဝန်ယူ ကိုင်တွယ်မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် အမှု ဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော် ကပြောသည်။
  • Wed 15 Mar 2017 - 11:06
    ၂၀၁၈ အာရှဖလားခြေစစ်ပွဲအ တွက် ပြင်ဆင်နေသည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်း အနေဖြင့် လေ့ကျင့်ရေးအစီအစဉ် တွင် ကစားကွက်မျိုးစုံစမ်းသပ်နေပြီး နည်းစနစ်ပိုင်းကို အဓိကပြင် ဆင်နေကြောင်း အသင်းနည်းစနစ်ဒါရိုက်တာဦးအေးမောင်ကြီးက ပြောသည်။
  • Wed 15 Mar 2017 - 10:57
    ၂၀၁၉ အာရှဖလားခြေစစ်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့်ခြေစမ်းပွဲယှဉ်ပြိုင်မည်ဖြစ်ကြောင်းသတင်းရရှိသည်။
  • Wed 15 Mar 2017 - 10:56
    တစ်ချိန်က သူသည် ဂုဏ်ယူစရာသမိုင်း သစ်တစ်ခုကို ရေး ထိုးခဲ့သည်။ ယခုတော့ ကြေကွဲ ရှက်ရွံ့စရာ သမိုင်းသစ်တစ်ခုကိုလည်း ထပ်မံပိုင်ဆိုင်သွားပြီဖြစ် သည်။ တောင်ကိုရီးယား၏ ပထမဆုံး အမျိုးသမီးသမ္မတ အဖြစ် မှတ်တမ်းဝင်ခဲ့သည့် ပတ်ဂွန်ဟေးသည် ဒီမိုကရေစီနည်းလမ်းနှင့်အညီ ရွေးကောက်ခံထား ရသည့် သမ္မတတစ်ဦးအနေဖြင့် တောင်ကိုရီးယားတွင် ပထမဆုံး ရာထူးမှ ဖြုတ်ချခံရသူလည်း ဖြစ် လာပါသည်။
  • Tue 14 Mar 2017 - 19:28
    ယနေ့ညတွင် ချန်ပီယံ လိဂ် ၁၆ သင်းအဆင့် ဒုတိယအ ကျော့ပွဲစဉ်အဖြစ် မိုနာကိုနှင့် မန် စီးတီး၊ အက်သလက်တီကိုနှင့်လေဗာကူဆင်တို့ ယှဉ်ပြိုင်ကစား ကြမည်ဖြစ်သည်။
  • Tue 14 Mar 2017 - 19:27
    မတ်လ ၁၄ ရက် နံနက် အစောက ယှဉ်ပြိုင်ခဲ့သည့် အက်ဖ်အေဖလားကွာတားဖိုင် နယ်ပွဲတွင် လက်ရှိချန်ပီယံမန်ယူကို၁-၀ ဂိုးဖြင့် အနိုင်ယူပြီးနောက် ချယ်လ်ဆီးသည် ပြည်တွင်းဖလားနှစ်လုံးရရှိရေး လမ်းကြောင်းပေါ်၌ ဆက်လက်လျှောက်လှမ်းနိုင်ခဲ့ သည်။
  • Tue 14 Mar 2017 - 01:10
    လွန်ခဲ့သော ငါးလက ပြန်လည်ခန့်အပ်ထားသော နည်းပြစတိဗ် မက်ကလာရင်ကို ဒါဘီကောင်တီအသင်းက ထုတ်ပယ်လိုက်ပြီး ရလဒ်ပိုင်းဆိုးရွားနေပြီး အသင်း၏ ညီညွတ်မှုနှင့် ကျင့်ဝတ်များ မကောင်း ဖြစ်နေသောကြောင့် ထုတ်ပယ်လိုက်ကြောင်း အသင်းကကြေညာ သည်။
  • Tue 14 Mar 2017 - 01:08
    ချန်ပီယံလိဂ်တွင် ပီအက်စ်ဂျီကို အံ့အားသင့်ဖွယ် အနိုင်ယူပြီး နောက်တစ်ဆင့်သို့တက်ခဲ့သည့် ဘာစီလိုနာသည်တန်းဆင်းဇုန်ထဲ မကျရောက်ရေး ရုန်းကန်နေရသော ဒီပို့တီဗိုအ သင်းကို ၂-၁ ဂိုးဖြင့် မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့သဖြင့် ပထမနေရာမှ ဆင်းပေးခဲ့ရသည်။ ဒီပို့တီဗိုတိုက်စစ်မှူး ဂျို့စ်လူ ၏ အဖွင့်ဂိုးကို ဆွာရက်ဇ်က ပြန်လည်ချေပခဲ့သော်လည်း ၇၄ မိနစ်တွင် သွင်းယူသော ဘာဂန်တီနို၏ ခေါင်းတိုက်ဂိုးကို ခွင့်ပြုခဲ့ရပြီး နောက် ရှုံးပွဲကြုံခဲ့ရခြင်းဖြစ်သည်။
  • Tue 14 Mar 2017 - 01:07
     စပိန်လာလီဂါအမှတ် ပေးဇယားနံပါတ် (၁၇)နေရာမှ လီဟာနက်စ်အသင်းကို နောက်မှ လိုက်ကစားကာ သရေတစ်မှတ် ရရှိခဲ့ပြီးနောက် ဆီဗီလာအသင်း နည်းပြ ဆမ်ပါအိုလီက ယင်းခြေ စွမ်းမျိုးဖြင့် ချန်ပီယံလိဂ်နောက် ဆုံး ၁၆ သင်းအဆင့် ဒုတိယအ ကျော့လက်စတာနှင့် ပွဲတွင် မိမိ တို့အလွန်ခက်ခက်ခဲခဲကစားရ လိမ့်မည်ဟု ပြောကြားသည်။  ဆီဗီလာအသင်းသည် ထိပ်ဆုံးမှ ရီးရဲလ်ထက် ငါးမှတ်လျော့ နေပြီး ကစားသမားများ အမှားပြင်ဆင်ရန် လိုအပ်ကာ လျင်လျင်မြန် မြန်ကစားရန်လိုသည်ဟု ၎င်းက ပြောသည်။
  • Tue 14 Mar 2017 - 01:06
    လီဗာပူးနည်းပြ ဂျာဂန် ကလော့ပ်က ဘန်လေနှင့်ပွဲတွင် အနိုင်ဂိုးသွင်းယူခဲ့သော ကွင်း လယ်ကစားသမား အမ်မရီကန် အား ရာသီတစ်လျှောက်လုံး ခြေ သလုံးပြဿနာရှိနေသည့်ကြားမှ အကောင်းဆုံး ကစားနိုင်ခဲ့သဖြင့် ချီးကျူးခဲ့သည်။  တနင်္ဂနွေနေ့က ကစားခဲ့ သည့် ယင်းပွဲတွင် ဘန်လေသည် ကစားပုံမာကျောခဲ့ပြီး အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သည်။ လီဗာပူးအတွက် ၀င်နယ်ဒမ်းက ချေပဂိုးသွင်းယူခဲ့ပြီး အမ်မရီကန်က အဝေးကန်ချက်ဖြင့် အနိုင်ဂိုးသွင်းယူနိုင်ခဲ့ သည်။
  • Tue 14 Mar 2017 - 00:04
     ယခုနွေရာသီစာချုပ် သက်တမ်းကုန်ဆုံးချိန်တွင် ယာယာတိုရေးသည် ကလပ်အသင်းကြီးများ၌ ကြိုက်သည့်အသင်းကို ရွေးချယ်နိုင်ကြောင်း မန်စီးတီး နည်းပြ ဂွါဒီယိုလာက ယုံကြည်နေ သည်။
  • Tue 14 Mar 2017 - 00:03
     ခြောက်ကြိမ်ဆက်တိုက် စီးရီးအေ ချန်ပီယံဖြစ်ရန် အလွန် နီးစပ်နေပြီး အီတလီဖလားဗိုလ် လုပွဲတက်ရန် အလားအလာ ကောင်းနေသော ဂျူဗင်တပ်အသင်းက ချန်ပီယံလိဂ်ကို တစိုက် မတ်မတ်အာရုံစိုက်ထားသည်။
  • Mon 13 Mar 2017 - 22:32
     (၂၉)ကြိမ်မြောက် အ ရှေ့တောင်အာရှ အားကစားပြိုင် ပွဲ (ဆီးဂိမ်း)အတွက် ပြင်ဆင်နေ သည့် မြန်မာပြေးခုန်ပစ် အား ကစားအဖွဲ့၌ ဂျပန်နည်းပြတစ်ဦး ခေါ်ယူမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲကို လာ မည့် သြဂုတ်အတွင်း မလေးရှား နိုင်ငံက လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာပြေးခုန်ပစ် အားကစားအဖွဲ့ကို လက်ရှိတွင် ပြည်တွင်း နည်းပြများနှင့်အတူ ပြည်ပနည်း ပြနှစ်ဦးက လေ့ကျင့်ပေးလျက်ရှိ ပြီး ဂျပန်နည်းပြတစ်ဦး ထပ်မံခန့် အပ်ရန် စီစဉ်နေသည်။
  • Mon 13 Mar 2017 - 22:30
     မြန်မာလက်ခမောင်း ကုမ္ပဏီက ကြီးမှူးကျင်းပသည့် ရိုးရာလက်ဝှေ့ပြိုင်ပွဲ (Lekkha Moun Fight -1 )၏ အဓိကပွဲစဉ် တွင် ကြယ်လင်းအောင်က  စော ရန်ပိုင်ကို အလဲထိုးဖြင့် အနိုင်ရရှိ ခဲ့သည်။ မတ်လ ၁၂ ရက်က ရန်ကုန် မြို့ မျှော်စင်ကျွန်း၌ ကျင်းပခဲ့သည့်  အဆိုပါပြိုင်ပွဲ၏ အဓိကတွဲဆိုင်း လိုက်မစ်ဒယ်ဝိတ်တန်း (၆၇-၇၁  ကီလို)တွင် ကြယ်လင်းအောင်နှင့်စောရန်ပိုင်တို့ ပွဲစဉ်သည် အ ကြိတ်အနယ်ရှိခဲ့ပြီး တတိယအချီ၌ ကြယ်လင်းအောင်၏ ဒူးတိုက်ချက်ကြောင့် စောရန်ပိုင် အရှုံး ပေးခဲ့ရသည်။

Pages

Subscribe to Sports