Sports

Schedule:

Standing:

Toplist:

Teams:

  • Wed 18 Oct 2017 - 22:19
    ၂၀၁၈ ကမ္ဘာ့ဖလားဝင်ခွင့် ရှုံးထွက်အဆင့်တွင် အီတလီနှင့် ဆွီဒင်၊ ခရိုအေးရှားနှင့် ဂရိ၊ မြောက်အိုင်ယာလန်နှင့် ဆွစ်ဇာလန်၊ ဒိန်းမတ်နှင့် အိုင်ယာလန်တို့ ရင်ဆိုင်ရမည်ဖြစ်သည်။
  • Wed 18 Oct 2017 - 21:07
     မွေထိုင်း ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ လေးကြိမ်ရရှိထားသည့် ကင်မရွန်းနွယ်ဖွား အလိန်းဂါလာ နီနှင့် ယှဉ်ပြိုင်မည့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် အောက်တိုဘာ ၂၁ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်သည်။ နိုဝင်ဘာ ၃ ရက်တွင် ရန် ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲ ရုံ(၁) သုဝဏ္ဏ၌ Hero's Dream အမည်ဖြင့် ကျင်းပမည့် One Championship (MMA) ပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နှင့် ကင်မရွန်း နွယ်ဖွား အလိန်းဂါလာနီတို့ ယှဉ် ပြိုင်မည်ဖြစ်သည်။
  • Wed 18 Oct 2017 - 21:06
     ဂျပန်ခြေစမ်းခရီးစဉ် ဒုတိယခြေစမ်းပွဲတွင် မြန်မာ ယူ- ၁၉ အသင်းသည် ဂျပန်ကလပ် ဂမ်ဘာအိုဆာကာ ယူ-၁၈ အသင်းကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ အောက်တိုဘာ ၁၈ ရက်က ဂျပန်နိုင်ငံ အိုဆာကာမြို့၌ ယှဉ် ပြိုင်သည့် ယင်းခြေစမ်းပွဲသည် အ ကြိတ်အနယ်ရှိပြီး အပြန်အလှန် ဂိုးသွင်းခွင့်များ ရခဲ့သည်။ ဂမ်ဘာအိုဆာကာအတွက် အနိုင်ဂိုးများ ကို ပွဲချိန် ၅၆ နှင့် ၆၈ မိနစ်တို့တွင် သွင်းယူခဲ့သည်။ မြန်မာအသင်း ဂိုးသွင်းခွင့်အချို့ ရသော်လည်း အသုံးမချနိုင်ခဲ့ပေ။
  • Wed 18 Oct 2017 - 21:05
     ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ဖလား ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ တွင် ဧရာဝတီနှင့် ရှမ်းအသင်းတို့ နှစ်ဂိုးစီသရေကျသော်လည်း အဝေးဂိုးစည်းမျဉ်းအရ ရှမ်းအသင်း ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ အောက်တိုဘာ ၁၈ ရက်က ပုသိမ်မြို့ ကျောက်တိုင်ကွင်း၌ ယှဉ်ပြိုင်သည့် အဆိုပါပွဲတွင် ဧရာဝတီအသင်းက ပွဲအစ ၂ မိနစ်၌ တိုက်စစ်မှူးကိသ်၏ သွင်းဂိုးဖြင့် ပထမပိုင်းတွင် ဦးဆောင်ခဲ့ သည်။ ဒုတိယပိုင်းတွင် ရှမ်းအ သင်းက ဘောလုံးပိုင်ဆိုင်မှုအသာ စီးရယူကာ ဧရာဝတီအသင်းကို ဖိအားပေးခဲ့သော်လည်း ဧရာဝတီ အသင်း၏ တန်ပြန်တိုက်စစ်ကို ခက်ခဲစွာ ကာကွယ်ခဲ့ရသည်။
  • Wed 18 Oct 2017 - 21:04
    တရုတ်နိုင်ငံတွင် ကျင်းပနေသည့် (၁၃)ကြိမ်မြောက် ကမ္ဘာ့နိုင်ငံပေါင်းစုံ တံခွန်စိုက် ရိုးရာနဂါးလှေပြိုင်ပွဲ၌ မြန်မာလှေလှော်အသင်းက မီတာ ၂,၀၀၀ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးရရှိခဲ့သည်။ အောက်တိုဘာ ၁၈ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပသည့် အဆိုပါပြိုင်ပွဲ၌ အမျိုးသား၊ အမျိုးသမီး ၁၀ တက်လှော်မီတာ ၂,၀၀၀ ပြိုင်ပွဲတွင် မြန်မာအသင်းက ရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။
  • Wed 18 Oct 2017 - 12:21
    ပြိုင်ဘက်နိုင်ငံရေးအုပ်စု နှစ် စုဖြစ်သော ဟားမားစ်နှင့် ဖာတာ အဖွဲ့ကြား ပြန်လည်ရင်ကြားစေ့ ရေးနှင့် ပေါင်းစည်းရေး သဘော တူညီမှုအသစ်တစ်ရပ်ရရှိခဲ့ပြီး နောက် ပါလက်စတိုင်းသားအချို့ ဂါဇာဒေသ လမ်းမများ ပေါ်ထွက် ၍ အောင်ပွဲခံခဲ့သည်။ အခြားလူများကမူ ပို၍ သတိထား၍ တုံ့ပြန်ကြသော်လည်း ဆယ်စုနှစ် နှင့်ချီလာပြီဖြစ်သော အုပ်စုနှစ်စုကြား အငြင်းပွားမှု အဆုံးသတ်ရေးကို လိုလိုလားလားမျှော်လင့်နေ သည်။ ပါလက်စတိုင်းအချင်းချင်း အငြင်းပွားမှုက အမျိုးသားရေး ကိစ္စကို ထိခိုက်နေသည်ဟု ၎င်းတို့ က ယူဆသည်။
  • Wed 18 Oct 2017 - 11:57
    ၂၀၁၅ ဇူလိုင်က အီရန်ရဲ့ နာမည် အကျော်ကြားဆုံး သဘောတူညီ မှုတစ်ရပ်ရရှိအောင် ကြိုးပမ်းခဲ့တဲ့လ ၂၀ အတွင်းမှာ အီရန်နိုင်ငံခြား ရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာ ရစ်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ခုက ပါဝင်ခဲ့ပါတယ်။ အီရန်နိုင်ငံရဲ့ နျူကလီးယားစီမံကိန်းကို ထိန်းချုပ်ဖို့ အပြန်အလှန်အားဖြင့် အမေရိကန်၊ တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဂျာမနီနဲ့ ဗြိတိန်တို့က အီရန်အပေါ်ထားရှိတဲ့ သူတို့ရဲ့ တားဆီးပိတ်ဆို့မှုတွေကို ဖျက် သိမ်းပေးဖို့ သဘောတူခဲ့ကြတာပါ။
  • Wed 18 Oct 2017 - 11:51
    အီလာမီတာသည် အယ်လ်  ဘေးနီးယားသံတမန်နှင့် နိုင်ငံရေး သမားတစ်ဦးဖြစ်ပြီး ၂၀၁၇ ဇူလိုင် ၂၄ ရက်ကစ၍ အယ်လ်ဘေးနီး ယားသမ္မတတာဝန်ထမ်းဆောင် နေသည်။ အီလာသည် ၁၉၉၉ မှ ၂၀၀၂ အထိ အယ်လ်ဘေးနီးယား ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၀၂ မှ ၂၀၀၃၊ ၂၀၀၉မှ ၂၀၁၀ အထိ နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၃ မှ ၂၀၁၇ အထိ ပါလီမန်ဥက္ကဋ္ဌတာဝန်ရယူခဲ့သည်။ အီလာသည် ပေါင်းစည်းရေးအတွက် ဆိုရှယ်လစ်လှုပ်ရှားမှု (LSI) ပါတီကို ၂၀၀၄ တွင် တည်ထောင်ခဲ့သည်။
  • Wed 18 Oct 2017 - 11:23
    ပရော်ဖက်ရှင်နယ် ဂေါက်သီးအားကစားလောကသို့ တစ်ကျော့ ပြန် ဝင်ရောက်လာနိုင်ကြောင်း သတင်းများကို တိုက်ဂါးဝုဒ်၏ ဗီဒီယိုတစ်ခုက အရှိန်မြှင့်တင်ပေးခဲ့ သည်။
  • Wed 18 Oct 2017 - 11:21
    ဂန္ထဝင် ဖော်မြူလာဝမ်း ပြိုင်ကားချန်ပီယံဟောင်း မိုက်ကယ် ရှူးမေကာ၏ ကျန်းမာရေး အခြေအနေကို ပရိသတ်များထံ ပွင့်ပွင့်လင်းလင်း ထုတ်ပြန်စေလိုကြောင်း ၎င်း၏ မန်နေဂျာဟောင်းက မိသားစုအား တိုက်တွန်းပြောကြားသည်။
  • Wed 18 Oct 2017 - 11:20
    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က အောက်တိုဘာအတွက် ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက် တွင် မြန်မာ့လက်ရွေးစင်အမျိုး သားဘောလုံးအသင်းသည် အ ဆင့်သုံးဆင့် ကျဆင်းခဲ့ပြီး ကမ္ဘာ့ အဆင့် (၁၅၅) ၌ ရပ်တည်နေ သည်။
  • Wed 18 Oct 2017 - 11:19
    အသက် (၃၁) နှစ် ဆို သည်မှာ သမားရိုး ကျ စံနှုန်းများအရ လုပ်ငန်းကြီးများကို ဦးဆောင်ရန် အတွေ့အကြုံပိုင်းလိုအပ်ချက် ကြီးကြီးမားမားရှိနေဆဲဟု ယူဆကြ မည့် အသက်အရွယ်မျိုး ဖြစ်သည်။သို့သော် ဆီဘက်စတီယန် ကတ်ဇ်သည် အသက် (၃၁) နှစ် အရွယ်တွင် ကမ္ဘာ့အသက်အငယ်ဆုံး ရွေးကောက်ခံ နိုင်ငံ့ခေါင်းဆောင် အဖြစ် ဩစတြီးယားကို ဦးဆောင် တော့မည် ဖြစ်သည်။
  • Tue 17 Oct 2017 - 19:51
    အင်္ဂလိပ်ပရီးမီး ယားလိဂ် နယူးကာဆယ်အသင်း ကို ရောင်းချတော့မည်ဖြစ်သည်။ နယူးကာဆယ်အသင်းပိုင် ရှင် မိုက်အက်ရှလေ၏ ကုမ္ပဏီSt.James Holdings က ထုတ်ပြန်ကြေညာခဲ့ပြီး အသင်းကို နောက်တစ်ဆင့်သို့ ဆောင်ကြဉ်းရန် လိုအပ်သော ရင်းနှီးမြှုပ်နှံမှု နှင့် ရေရာမှုရှိရေး အကောင်းဆုံး
  • Tue 17 Oct 2017 - 19:51
    ယနေ့ည ချန်ပီယံလိဂ် ပွဲစဉ်များတွင် ချယ်လ်ဆီးအသင်း က ရိုးမားကို အိမ်ကွင်း၌ လက် ခံကစားမည်ဖြစ်ကာ မန်ယူက ဘင်ဖီကာကွင်းတွင် အဝေးကွင်း ကစားရမည်ဖြစ်သည်။
  • Tue 17 Oct 2017 - 00:06
    ဗုဒ္ဓဟူးနေ့ နံနက်အ စောပိုင်းတွင် ဘာနေဗျူးကွင်းသို့ သွားရောက်ယှဉ်ပြိုင်စဉ် ရီးရဲလ်ကို ပွဲအစကတည်းက ရဲရဲရင့်ရင့်တိုက်စစ်မြှင့်တင်ကစားမည်ဟု စပါးနည်းပြ ပိုချက်တီနိုက ကြွေး ကြော်သည်။
  • Tue 17 Oct 2017 - 00:06
     ဘောလုံးလောကမှ အ နားယူပြီး နည်းပြဘဝစတင်ရန် ပြင်ဆင်နေသော ရိုးမားကြယ် ပွင့်ဟောင်း တော့တီက အာဂျင် တီးနားတိုက်စစ်မျူး မက်ဆီ၊ ဘရာဇီးတိုက်စစ်မှူး နေမာနှင့် ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒို တို့သည် ကမ္ဘာပေါ်တွင် အတုမရှိ သော ကစားသမားများဖြစ်သည် ဟု ပြောကြားသည်။
  • Mon 16 Oct 2017 - 23:09
    အာဆီယံဖူဆယ်ချန်ပီ ယံရှစ်ပြိုင်ပွဲတွင် အုပ်စုအဆင့် ကျော်ဖြတ်နိုင်ရန် အင်ဒိုနီးရှားနှင့် ပွဲက အဆုံးအဖြတ်ဖြစ်လာနိုင် သည်ဟု မြန်မာဖူဆယ်အသင်း နည်းပြချုပ် ဦးဌေးမြင့်က ပြော သည်။ အောက်တိုဘာ ၂၄ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ဗီယက်နမ်  နိုင်ငံ ဟိုချီမင်းမြို့တွင် ကျင်းပ မည့် ၂၀၁၇ အာဆီယံဖူဆယ်ပြိုင် ပွဲ၌ မြန်မာအသင်းသည် အုပ်စု (က)တွင် အိမ်ရှင်ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းအသင်းတို့နှင့် ကျရောက်နေပြီး အုပ်စု(ခ)တွင် လက်ရှိချန်ပီယံ ထိုင်း၊ မလေးရှား၊ တီမော၊ လာအိုအသင်းတို့ ပါဝင်သည်။
  • Mon 16 Oct 2017 - 23:08
     မြန်မာလိဂ် ပွဲစဉ် (၂၀) အပြီးတွင် ဧရာဝတီယူနိုက်တက် အသင်း တိုက်စစ်မှူးကိသ်က သွင်းဂိုး ၁၄ ဂိုးဖြင့် ဂိုးသွင်းအများဆုံးစာရင်းတွင် ဦးဆောင်နေသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်က ယှဉ်ပြိုင်ခဲ့သည့် ချင်း ယူနိုက်တက်အသင်းနှင့် ပွဲတွင် ဧရာဝတီအသင်းမှ လိုက်ဘေးရီး ယားတိုက်စစ်မှူးကိသ်က သွင်းဂိုး နှစ်ဂိုးသွင်းယူကာ ပွဲစဉ်(၁၉)အပြီးဂိုးသွင်းအများဆုံးစာရင်းတွင် ဦး ဆောင်နေသည့် ရှမ်းယူနိုက်တက် တိုက်စစ်မှူး ခရစ္စတိုဖာကို ကျော် ဖြတ်ခဲ့သည်။
  • Mon 16 Oct 2017 - 23:07
    ဗိုလ်ချုပ်အောင်ဆန်း ဒိုင်း ရှုံးထွက်အကြိုဗိုလ်လုပွဲ ပထမအကျော့တွင် ရှုံးထားသည့် ရတနာပုံအသင်းနှင့် အိမ်ကွင်း၌ သရေကျထားသည့် ရှမ်းအသင်း တို့ ဒုတိယအကျော့တွင် ရုန်းကန် ရနိုင်သည်။ စက်တင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ယှဉ်ပြိုင်ခဲ့သည့် ပထမအကျော့ပွဲစဉ်၌ ရန်ကုန်အသင်းက အိမ်ကွင်းတွင် ရတနာပုံ အသင်းကို ၁-၀ ဂိုးဖြင့် နိုင်ပြီး တောင်ကြီးကွင်း၌ ယှဉ်ပြိုင်သည့် ရှမ်းနှင့် ဧရာဝတီပွဲတွင် အဖြေ မပေါ်ဘဲ တစ်ဂိုးစီသရေ ဖြစ်ခဲ့ သည်။
  • Mon 16 Oct 2017 - 23:06
    တရုတ်ပြည်သူ့သမ္မတ နိုင်ငံက မြန်မာနိုင်ငံသို့ ကန် ဒေါ်လာလေးသိန်း တန်ဖိုးရှိ အားကစား အထောက်အကူပြုပစ္စည်း များ လှူဒါန်းခဲ့သည်။ မြန်မာနှင့်တရုတ် နှစ်နိုင်ငံ ချစ်ကြည်မှုအရ မြန်မာ့အားကစား တိုးတက်မြင့်မားရန် ပူးပေါင်း ဆောင်ရွက်ရေး MoU လက်မှတ်ရေးထိုးခြင်းနှင့် အားကစား အ ထောက်အကူပြုပစ္စည်းများ လွှဲ ပြောင်းပေးအပ်ခြင်း အခမ်းအနား ကို အောက်တိုဘာ ၁၅ ရက်က ရန်ကုန်မြို့ ကျိုက္ကဆံကွင်းအတွင်း ရှိ အားကစားနှင့် ကာယပညာဦး စီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

Pages

Subscribe to Sports