Sports

  • Mon 24 Apr 2017 - 23:39
     အင်္ဂလန်တွင် ပရော် ဖက်ရှင်နယ်ကစားသမားများ အ စည်းအရုံး (PFA)က ရွေးချယ် သော တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ချယ်လ်ဆီး ကွင်းလယ်လူ အင်န်ဂိုလိုကန်တီ က ဆွတ်ခူးသွားသည်။
  • Mon 24 Apr 2017 - 21:56
     ၂၀၁၇ ဗိုလ်ချုပ်အောင် ဆန်းဒိုင်း (General Aung San Shield 2017) ရှုံးထွက်ဘောလုံး ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်များကို မေလ ၂ ရက်က စတင်ကာ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းနှင့် အောင်ဆန်းကွင်းတို့တွင် ကျင်းပမည်ဖြစ်သည်။
  • Mon 24 Apr 2017 - 21:55
    အာရှယူ-၂၀ ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာဖူ ဆယ်အသင်းသည် ခြေစမ်းပွဲတွင် ဖူဆယ်လိဂ် လက်ရှိချန်ပီယံ MIC အသင်းကို ၈-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ သည်။ ဧပြီလ ၂၄ ရက်က ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ယှဉ်ပြိုင်ခဲ့သည့် ယင်းခြေစမ်းပွဲတွင် MIC အသင်းက ကစားကွက် အသာစီးရယူခဲ့ကာ ပထမပိုင်းတွင် သုံးဂိုးနှင့် ဒုတိယ ပိုင်းတွင် ငါးဂိုးသွင်းယူခဲ့ပြီး ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
  • Mon 24 Apr 2017 - 21:55
    ရာသီကုန်တွင် အခြားအသင်းသို့ ပြောင်းရွှေ့တော့မည်ဟု သတင်း ထွက်နေသော ဂိုးသမား ဒွန်နာရူမာ (၁၈)နှစ်သည် အေစီမီလန်၌ ပျော် ရွှင်နေပြီး ၎င်းကိုရောင်းချမည့်အစီအစဉ်မရှိဟု အေစီမီလန်အသင်း အားကစားညွှန်ကြားရေးမှူး မီရာဘယ်လီက အခိုင်အမာ ပြောသည်။
  • Mon 24 Apr 2017 - 21:54
    ရီးရဲလ်ကွင်း၌ ဘာစီလို နာက ၃-၂ ဂိုးဖြင့် အနိုင်ယူခဲ့သော ပွဲတွင် အနိုင်ဂိုးသွင်းယူခဲ့သော မက်ဆီသည် ဘာစီလိုနာနှင့်အတူ ပြိုင်ပွဲစုံ စုစုပေါင်းသွင်းဂိုး ၅၀၀ ပြည့်မြောက်ခဲ့သည်။
  • Sun 23 Apr 2017 - 23:29
    လန်ဒန် − အက်ဖ်အေဖလားဆီမီးဖိုင်နယ်တွင် အာဆင်နယ်က မန်စီးတီးကို အချိန်ပိုကစားပြီး ၂-၁ ဂိုးဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီး ချယ်လ်ဆီးနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
  • Sun 23 Apr 2017 - 23:26
    အာဆင်နယ်မှ ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်သည် ဘာစီလိုနာ ကြယ်ပွင့်မက်ဆီနှင့် ခြေစွမ်း တစ်တန်း တည်းနီးပါး တူညီသော ကစားသမားဖြစ်သည်ဟု မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ပြောကြားပြီး ၎င်းကို ခေါ်ယူလိုကြောင်း အရိပ်အမြွက်ပြောသည်။
  • Sun 23 Apr 2017 - 23:25
    အက်ဖ်အေဖလားဆီမီး ဖိုင်နယ်ပွဲစဉ်တွင် ချယ်လ်ဆီးက စပါးကို ၄-၂ ဂိုးဖြင့် အနိုင်ယူပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွား သည်။ ချယ်လ်ဆီးနည်းပြ ကွန်တီ သည် ယခုပွဲတွင် အဓိက ကစား သမားနှစ်ဦးဖြစ်သည့် ဟာဇက်နှင့် ကော်စတာကို အရန်ခုံ၌ ထိုင်ခိုင်း ခဲ့ပြီး ဒုတိယပိုင်းကျမှသာ လူစား ၀င်စေခဲ့သည်။
  • Sun 23 Apr 2017 - 23:24
    အာရှယူ-၂၀ ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင် ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ ဖူဆယ်အသင်းသည် တတိယ မြောက်ခြေစမ်းပွဲအဖြစ် ယနေ့ (ဧပြီ ၂၄ ရက်) တွင် ဖူဆယ်လိဂ် လက်ရှိချန်ပီယံ MIC အသင်းနှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။
  • Sun 23 Apr 2017 - 23:24
    ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် ယူ-၁၉ ဖိတ်ခေါ် ဖလားပြိုင်ပွဲဗိုလ်လုပွဲတွင်အိမ်ရှင် ဗီယက်နမ်အသင်းက ဗိုလ်စွဲခဲ့ပြီး မြန်မာအသင်းက အသန့်ရှင်းဆုံး ဆုနှင့် ဂိုးသွင်းအများဆုံး ကစား သမားဆုရရှိခဲ့သည်။
  • Sat 22 Apr 2017 - 23:35
     ယနေ့ညတွင် မဟာ ပြိုင်ဘက် ဘာစီလိုနာနှင့် တွေ့ဆုံ မည့် အယ်လ်ဂလက်စီကိုပွဲသည်လာလီဂါဖလားအတွက် အဆုံး အဖြတ်ဖြစ်နိုင်သည်ဆိုသော ပြောဆိုမှုများကို ရီးရဲလ်မက်ဒရစ် နည်းပြဇီဒန်းက ပယ်ချခဲ့သည်။
  • Sat 22 Apr 2017 - 23:34
    ယမန်နေ့ည ဘွန်ဒက်စ် လီဂါပွဲစဉ်များတွင် ချန်ပီယံလိဂ် ၌ ရီးရဲလ်ကို ရှုံးနိမ့်ထွက်ခွာခဲ့ရ သော ဘိုင်ယန်က အိမ်ကွင်းတွင် မိန့်ဇ်အသင်းနှင့် နှစ်ဂိုးစီသရေကျ ပြီး ချန်ပီယံလိဂ်စိတ်ပျက်မှုကို မချေဖျက်နိုင်ခဲ့ပေ။ သို့သော်ဘိုင် ယန်က ဒုတိယနေရာမှ လိုက်ပ် ဇစ်ကို ကိုးမှတ်ဖြတ်ထားဆဲဖြစ် သည်။
  • Sat 22 Apr 2017 - 22:37
    ဒီနေ့ ရုပ်ရှင်အကြိုကဏ္ဍမှာတော့ ပရိသတ်တွေအတွက် တောင်ကိုရီးယား ဒရာမာဇာတ်လမ်းတွဲအကြောင်း ဖော်ပြလိုက်ပါတယ်။
  • Sat 22 Apr 2017 - 22:29
     ၂၀၁၇ မြန်မာလိဂ် ဒုတိ ယအကျော့အတွက် ပြင်ဆင်မှု များ ပြုလုပ်နေသည့် မကွေးအ သင်းနှင့် စီးတီးရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် ခြေစမ်းပွဲတွင် စီးတီးရန်ကုန်အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဧပြီ ၂၂ ရက်က ရန်ကုန်မြို့ သုဝဏ္ဏမြက်ခင်းတုကွင်း၌ ယှဉ် ပြိုင်ခဲ့သည့် အဆိုပါခြေစမ်းပွဲကို မိနစ် ၃၀ နှစ်ပိုင်းခွဲကာ ကျင်းပခဲ့ပြီး လိဂ်-၂ ကလပ် စီးတီးရန်ကုန် အသင်းအတွက် အနိုင်ဂိုးများကို ဂျိုးဇက်နှင့် ချမ်းဦးတို့က သွင်းယူခဲ့ပြီး မကွေးအသင်းအတွက် ချေပဂိုးကို ခြေစွမ်းစမ်းသပ်နေ သည့် နိုင်ဂျီးရီးယားတိုက်စစ်မှူး အဘူဒယ်ဆလမ်က သွင်းယူခဲ့ သည်။
  • Sat 22 Apr 2017 - 22:28
     မြန်မာအသင်း ယှဉ်ပြိုင် မည့် ၂၀၁၈ အာရှယူ-၁၉ နှင့် ယူ-၁၆ ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို ဧပြီ ၂၁ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ အာရှဘော လုံးအဖွဲ့ချုပ်ရုံး၌ ကျင်းပခဲ့သည်။ အာရှယူ-၁၉ ခြေစစ်ပွဲတွင် မြန်မာအသင်းသည် အုပ်စု(ဆ)၌ တရုတ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား အသင်းတို့နှင့် လည်းကောင်း၊ အာရှယူ-၁၆ ခြေစစ်ပွဲတွင် မြန် မာအသင်းက အုပ်စု(ဇ)၌ တောင် ကိုရီးယား၊ တရုတ်၊ ဖိလစ်ပိုင်အသင်းတို့နှင့်အတူ ကျရောက်နေ သည်။
  • Sat 22 Apr 2017 - 22:27
    ဗီယက်နမ် ယူ-၁၉ ငါး နိုင်ငံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲတွင် မြန်မာအ သင်းက ဗီယက်နမ်ကလပ် ဟောင်အန်ဂယ်လိုင်အသင်းကို ပင်နယ် တီဖြင့် ရှုံးနိမ့်ကာ စတုတ္ထနေရာ သာ ရရှိခဲ့သည်။ ဧပြီ ၂၂ ရက်က ဗီယက်နမ် နိုင်ငံ၌ ယှဉ်ပြိုင်ခဲ့သည့် အဆိုပါ တတိယနေရာလုပွဲ၏ ပွဲချိန် မိနစ် ၉၀ အတွင်း တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်နေသဖြင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူရာ ဟောင် အန်ဂယ်လိုင်အသင်းက ၄-၂ ဂိုး (စုစုပေါင်း ၅-၃ ဂိုး)ဖြင့် အနိုင် ရရှိခဲ့သည်။
  • Sat 22 Apr 2017 - 22:26
    ပီအက်စ်ဂျီနောက်ခံကစားသမား မာကွင်ဟိုကို ခေါ်ယူရေး မန်ယူ က ယူရိုသန်း ၇၀ ပေးရန် အသင့်ရှိသော်လည်း ပီအက်စ်ဂျီက  အဓိကကစားသမားများအနက် တစ်ဦးဖြစ်သော မာကွင်ဟိုကို ယူရိုသန်း ၁၀၀ ပေးလျှင်ပင် ရောင်းချမည်မဟုတ်ဟု သတင်းများက ဖော်ပြ သည်။  
  • Sat 22 Apr 2017 - 22:24
    ချန်ပီယံလိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်များကို မဲခွဲဆုံး ဖြတ်ခဲ့ရာ လက်ရှိချန်ပီယံရီးရဲလ် မက်ဒရစ်သည် မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်နှင့် တွေ့ဆုံနေပြီး ဂျူဗင်တပ်က မိုနာ ကိုနှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
  • Sat 22 Apr 2017 - 22:19
    အက်ဖ်အေဖလား ဆီမီး ဖိုင်နယ်ပထမအကျော့အဖြစ် ယနေ့ညယှဉ်ပြိုင်မည့် မန်စီးတီး နှင့်ပွဲတွင် အာဆင်နယ်၌ မူစတာ ဖီ၊ ၀ဲလ်ဘတ်၊ ပီရက်ဇ်၊ အော့စပီ နာနှင့် ကာဇိုလာတို့ ပါဝင်နိုင်မည် မဟုတ်ကြောင်း သိရသည်။
  • Sat 22 Apr 2017 - 22:17
    စပိန်လာလီဂါဖလားအ တွက် အရေးအပါဆုံးပွဲတစ်ပွဲအ ဖြစ် ယနေ့ယှဉ်ပြိုင်မည့် အယ်လ် ဂလက်စီကိုပွဲတွင် ဘာစီလိုနာ၌ ပွဲပယ်ခံထားရသော နေမာ ပါဝင် နိုင်မည် မဟုတ်သော်လည်း ပြိုင် ဘက် ရီးရဲလ်တွင် ဝေးလ်စ်တိုက် စစ်မှူး ဂါရတ်ဘေးလ် ပြန်လည် ပါဝင်လာနိုင်သည်။

Pages

Subscribe to Sports