Regional

  • Wed 02 May 2018 - 20:24
     စပါးစက်၊ ဆန်စက် နှင့် ပဲခွဲစက်လုပ်ငန်းဆောင်ရွက် ရာတွင် မှတ်ပုံတင်ကြေး (ကြိတ် ခွဲခွင့်မှတ်ပုံတင်)သတ်မှတ်ချက် များကို ယခုနှစ်ဧပြီကစတင်ကာ နှုန်းထားအသစ်ပြင်ဆင်သတ် မှတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မကွေးတိုင်းစားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • Tue 01 May 2018 - 18:17
    မကွေးမြို့နှင့် ရေနံ ချောင်းမြို့သို့ အဓိကဓာတ်အား ပို့လွှတ်နေသော မကြီးကန်ထရန် စဖော်မာနှစ်လုံးလောင်ကျွမ်းမှု ကြောင့် ယင်းမြို့တွင် ဧပြီ ၃၀ ရက် နံနက်ကစ၍ လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး နောက်ထပ် ငါးရက်အထိ ကြာမြင့်ဖွယ်ရှိကြောင်း တိုင်းလျှပ်စစ်ဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ မကြီးကန်ကျေးရွာ ထရန်စ ဖော်မာနှစ်လုံးရှိ ဓာတ်အားလိုင်း ကြိုးများအတွင်းသို့  ရှဥ့်နှစ်ကောင် ပြုတ်ကျမှုကြောင့် ရှော့ခ်ဖြစ်ကာ လျှပ်စစ်ဓာတ်အားပြတ်တောက် ခဲ့ရကြောင်း ၎င်းက ပြောကြားသည်။
  • Tue 01 May 2018 - 17:09
     အနည်းဆုံးအခကြေး ငွေကို အစိုးရက အမြန်ဆုံးသတ် မှတ်ပေးရန် မေလ ၁ ရက် (အပြည်ပြည်ဆိုင်ရာ အလုပ် သမားနေ့)တွင် မန္တလေးမြို့ရှိ အလုပ်သမား ၁၀၀ ကျော် ချီတက်ဆန္ဒထုတ်ဖော်ခဲ့သည်။ မန္တလေးတိုင်း စက်မှုလက်မှု နှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့မှ လူဦးရေ တစ်ရာကျော်သည် နံနက် ၇ နာရီကစတင်ကာ ပြည် ကြီးတံခွန်မြို့နယ် စက်မှုပန်းခြံလမ်းမှ မနော်ရမ္မံ လူထုဟစ်တိုင် အထိ ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့သည်။  အနည်းဆုံးလုပ်ခလစာ သတ်မှတ်ချက်ကို အစိုးရက အမြန်ဆုံး လက်မှတ်ရေးထိုးပေး ရေး၊ အလုပ်သမားအငြင်းပွားမှု များ မြန်ဆန်စွာ ဖြေရှင်းပေးရေး၊ အလုပ်သမားခေါင်းဆောင်များ ကို အလုပ်ထုတ်မှု ရပ်တန့်ပေး ရေး၊ အလုပ်သမားတရားရုံးများ ပေါ်ပေါက်စေရေးနှင့် အလုပ် သမား အငြင်းပွားမှုများတွင် ထောင်ဒဏ် ထည့်သွင်းပေးရေး စသည့် အချက်ငါးချက်အား တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့သည်။
  • Tue 01 May 2018 - 17:08
    မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲကျင်းပနိုင်ရန် ကော်မတီအ သီးသီး ဖွဲ့စည်းထားကြောင်း မေလ၁ ရက်က ထုတ်ပြန်ကြေညာသည်။ အဆိုပါ ဆွေးနွေးပွဲကျင်းပ နိုင်ရေး မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း၊ ပါဝင်သင့်၊ ပါဝင်ထိုက်သူများ စသည့် အစုအဖွဲ့ပေါင်းစုံမှပုဂ္ဂိုလ်များဖြင့် ဦးဆောင်ကော်မတီ၊ ကျင်းပရေးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။ ‘‘မွန်ပြည်သစ်ပါတီနဲ့ အခြား မွန်နိုင်ငံရေးပါတီတို့က ဦးဆောင် သူတွေနဲ့ မွန်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေရဲ့ သဘောတူ ညီချက်အရ အခုလိုဖွဲ့စည်းခဲ့ တယ်။ အများဆန္ဒနဲ့ရွေးချယ် လိုက်တယ်။ ကော်မတီအသီးသီး မှာ ဒီလိုနေရာတွေပေးလိုက်တော့ အငြင်းပွားမှု မရှိပါဘူး။ အချိန်အ ရမ်းကပ်ပြီးမှ လုပ်ရတော့ အချိန် အတွက် အခက်အခဲနည်းနည်း ရှိ တယ်’’ ဟု ဆွေးနွေးပွဲကျင်းပရေး ကော်မတီအတွင်းရေးမှူး ဦးမင်း အောင်ထူးက ပြောသည်။
  • Tue 01 May 2018 - 17:08
    ရခိုင်ဂန္ထဝင်တေး ရေးဆရာ ဦးဦးမောင်သန်းသည် ဧပြီ ၃၀ ရက်က စစ်တွေမြို့ရှိ ၎င်း၏ နေအိမ်တွင် ကွယ်လွန်ခဲ့ကြောင်း မိသားစုဝင်များကပြောသည်။ ဦးဦးမောင်သန်းသည် လည် ချောင်းကင်ဆာရောဂါဖြင့် ကွယ် လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် (၆၈)နှစ်ရှိပြီဖြစ်သည်။
  • Tue 01 May 2018 - 17:07
     မုံရွာမြို့ ပညာ့အလင်း ခေတ်မီစာကြည့်တိုက်အဆောက် အအုံကို ငှားရမ်းမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောသည်။  ဗိုလ်ချုပ်လမ်းနှင့် ဘူတာ လမ်းထောင့်ရှိ ပညာ့အလင်း ခေတ်မီစာကြည့်တိုက် နှစ်ထပ်အ ဆောက်အအုံနှင့် ယင်းအဆောက်အအုံ၏ နောက်ကျောဘက်ရှိ နှစ်ထပ်အဆောက်အအုံ အခန်းများကို ခေတ်ကာလနှင့် လျော်ညီ သော တန်ဖိုးမြင့်ကုမ္ပဏီများ၊ ဆိုင် ခန်းများ၊ သင်တန်းများ ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်သည်။
  • Mon 30 Apr 2018 - 19:46
     ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာ အုပ်စုရှိ ကျေးရွာငါးရွာမှ ဒေသခံတောင် သူ တစ်ရာကျော်က သိမ်းဆည်း ခံ လယ်ယာမြေများ ပြန်လည်ရရှိ ရေး ဧပြီ ၃၀ ရက် နံနက်တွင် ဆန္ဒ ဖော်ထုတ်ခဲ့သည်။
  • Mon 30 Apr 2018 - 19:45
    မင်းလှမြို့နယ် နွားလဲ ကျေးရွာတွင် တက္ကသိုလ်ဝင်တန်း ကျောင်းသူကို တစ်ရွာတည်းနေ လူငယ်သုံးဦးက ကာယိနြေ္ဒပျက်အောင် လုပ်ဆောင်ခဲ့သည်ဆိုကာ ကာယကံရှင်မိန်းကလေးက ဧပြီ၂၇ ရက်၌ မင်းလှမြို့နယ် ရေနံမနယ်မြေရဲတပ်ဖွဲ့စခန်းသို့ လာရောက်တိုင်ကြားခဲ့သည်။
  • Mon 30 Apr 2018 - 19:44
     ရဲစခန်းမှူးနှင့် တရားသူ ကြီးကို ပေးရန်ဆိုကာ ကျပ် ၁၆ သိန်းကျော် လိမ်လည်ခဲ့သည့် ပုသိမ်ခရိုင်တာဝန်ခံ မှုခင်းသ တင်းထောက်နှင့်အဖွဲ့ဝင် မှုခင်းသတင်းထောက်တစ်ဦးကို ကန်ကြီးထောင့်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးမှူး (ပထမတန်း) (G-1) ဒုရဲမှူးကြီး ခင်မောင် လတ်က ပြောသည်။
  • Mon 30 Apr 2018 - 18:31
     မွန်ပြည်နယ်အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာနက ကောက်ခံနေသည့် အခွန်လေးမျိုး အနက် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ဓာတ်သတ္တုအခွန်မှ ရရှိငွေအများ ဆုံးဖြစ်ကြောင်း မွန်ပြည်နယ် အ ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • Mon 30 Apr 2018 - 18:30
     အောင်လံမြို့ သိမ် ကုန်းဓမ္မာရုံ ဘုရားကြီးဂေါပကအ ဖွဲ့က ပြုလုပ်သည့် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဧပြီ ၂၉ ရက်တွင် ပြုလုပ်ပြီး မြို့နယ်အတွင်းရှိ သံဃာတော် အပါး ၂,၀၀၀ အား ဆွမ်းဆန်စိမ်း တင်း ၉,၀၀၀ ကျော် လှူဒါန်းခဲ့ ကြောင်း အဆိုပါ ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။
  • Mon 30 Apr 2018 - 18:29
    ကျိုက်ထီးရိုးဆံတော်ရှင် ရင်ပြင်တော်အနီးရှိ ကျိုက်ထိုဟို တယ်ပြုပြင် တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း ဧပြီ ၂၉ ရက် နံနက်၉နာရီခွဲက အလုပ်သမား တစ်ဦးအုတ်ခုံပိ သေဆုံးကြောင်း ကင်ပွန်းချောင်းနယ် မြေရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။
  • Mon 30 Apr 2018 - 18:27
     မုံရွာခရိုင်အတွင်းရှိ ဘု တလင်မြို့နယ်နှင့် မုံရွာမြို့နယ်တို့ မှ စေတနာ့ဝန်ထမ်း အမျိုးသမီး အရန်မီးသတ်တပ်ဖွဲ့နှစ်ဖွဲ့သည် မီးသတ်စွမ်းရည် ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ကြောင်း မုံရွာမြို့နယ် မီးသတ်ဦးစီးမှူး ဦးညီညီဇော်က ပြောသည်။
  • Sun 29 Apr 2018 - 20:28
     ပြည်မြို့ ရွှေဆံတော် စေတီတော် နှစ် (၁၀၀) ပြည့် ညောင်ရေသွန်းပွဲတော်ကို ဧပြီ ၂၉ ရက် (ကဆုန်လပြည့်နေ့) က ပြုလုပ်ရာ ညောင်ရေသွန်းလောင်း ကုသိုလ်ယူသူများဖြင့် စည်ကားခဲ့သည်။
  • Sun 29 Apr 2018 - 20:26
     မင်းပြားမြို့နယ် ဘက်မှ မြောက်ဦးမြို့နယ်ဘက် သို့ မောင်းနှင်လာသည့် မော် တော်ယာဉ်တစ်စီးမှ ကျပ်သန်း ၁,၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွ ဆေးပြား ငါးသိန်းခန့်ကို လူနှစ်ဦး နှင့်အတူ မြောက်ဦးမြို့နယ် မြောင်းဘွေတံတား စစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဧပြီ ၂၉ရက်တွင် သတင်းထုတ်ပြန် သည်။ အဆိုပါ စိတ်ကြွရူးသွပ် ဆေးပြားများကို ဧပြီ ၂၈ ရက်က ဖမ်းဆီးရမိပြီး မော်တော်ယာဉ် ပေါ်ရှိ ဆိုဖာထိုင်ခုံအောက်တွင် သိုဝှက်သယ်ဆောင်လာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
  • Sun 29 Apr 2018 - 20:25
    မုံရွာမြို့တွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများပူးပေါင်း၍ ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်း ရန် အသိပညာပေးကမ်ပိန်းပြု လုပ်မည်ဖြစ်ကြောင်း အမှတ် (၁၁၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်ဝင်းနိုင်က ပြောသည်။
  • Sun 29 Apr 2018 - 20:24
     ရေနစ်သေဆုံးမှုများ မကြာခဏ ဖြစ်ပွားနေသည့် တောင်တွင်းကြီးမြို့ ရတနာပွင့် လှကန်တော်ကြီးတွင် လွှတ်တော် ကိုယ်စားလှယ်များ ဦးဆောင်၍ ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို ဧပြီ ၂၉ ရက် နံနက်က ပြုလုပ်ခဲ့သည်။
  • Sun 29 Apr 2018 - 20:15
     မန္တလေးတိုင်းအတွင်း ပဲ၊ နှမ်းဈေးကွက်ဖွံ့ဖြိုးရန် သတင်းအချက်အလက်များမျှဝေရန်နှင့် အဆင်မပြေပါက ပူးပေါင်းဆောင် ရွက်ရန် ပဲ၊ နှမ်းကုန်သည်များ အသင်းဖွဲ့စည်းမည်ဖြစ်ကြောင်း မန္တလေးမြို့ ပွဲစားကုန်သည်စက် ပိုင်များ မဟာကထိန်တော်အ သင်း (မန္တလေး၊ ပဲ၊ နှမ်းကုန်စည် ဒိုင်) ဒုဥက္ကဋ္ဌ ဦးချွန်က ပြောသည်။
  • Sun 29 Apr 2018 - 20:14
     ရှမ်းပြည်နယ်မြောက် ပိုင်း နောင်ချိုမြို့နယ် ပန်ကိတ် ကျေးရွာ နမ့်ကောက်ချောင်းတစ် ဖက်ကမ်းတွင် ခုတ်ထွင်ပြီးထင်း များ သယ်ဆောင်သည့်ကိစ္စနှင့် ပတ်သက်၍ အဖွဲ့နှစ်ဖွဲ့စကားများ ရန်ဖြစ်ရာက တူမီးသေနတ်ဖြင့် ပစ်ခတ်ရာ အမျိုးသားတစ်ဦးသေဆုံး ပြီး နှစ်ဦးဒဏ်ရာရသဖြင့် ဆေး ကုသမှုခံယူရကြောင်း ဒိုးပင်နယ် မြေရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
  • Sun 29 Apr 2018 - 20:13
    စစ်ကိုင်းမြို့ ငါးထပ်ကြီး ဘုရားအနီးရှိ သက်တမ်း နှစ်၄၀၀ ခန့်ရှိပြီး ယိုးဒယားနံရံဆေး ရေးပန်းချီများရှိသော ရှေးဟောင်း သိမ်ကျောင်းကို ထိုင်းဘတ်ငွေ သုံးသန်းကျော်သုံးစွဲကာ ထိန်း သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း မဟာသိမ် တော်ကျောင်းတိုက်ဆရာတော် ဦးသုမင်္ဂလက မိန့်သည်။

Pages

Subscribe to Regional