Politics

  • Sat 31 Mar 2018 - 21:28
    တပ်မတော်အနေဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) တပ်မဟာ (၅) ကို ရန်သူအဖြစ် သဘောမထား ကြောင်း တောင်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူးက ပြောကြား ကြောင်း JMC က သတင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
  • Sat 31 Mar 2018 - 21:06
     နှစ် ၃၀ ကြာ မကျင်းပ နိုင်သည့် ကျောင်းသားထုညီလာ ခံကို ယခုနှစ် နှစ်လယ်ခန့်တွင် ကျင်းပမည်ဟု မတ်လ ၃၀ ရက်စွဲဖြင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီက ကြေညာချက်တစ်ရပ်ထုတ်ပြန်သည်။ ကျောင်းသားထုညီလာခံကို ၁၉၆၀-၆၁ တွင် ဆဋ္ဌမအကြိမ် ပြုလုပ်ခဲ့ပြီး သတ္တမအကြိမ် ညီလာခံအဖြစ် ၁၉၈၈ တွင် ဗကသများအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်း၍ သမဂ္ဂမြက်ခင်းပြင်၌ ညီလာခံသဘော ခေါ်ဆောင်ခဲ့ သည်။
  • Sat 31 Mar 2018 - 21:05
    ဆက်သွယ်ရေးဥပဒေ ဖြင့် တရားစွဲဆိုမှုသည် ရန်ကုန် တိုင်းဒေသကြီးတွင် ဖြစ်ပွားမှုအ များဆုံးဖြစ်ကြောင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှု အဖွဲ့(အသံ)က မတ်လ ၃၁ ရက် တွင် သတင်းထုတ်ပြန်သည်။ တရားစွဲဆိုမှုများသည် ရန် ကုန်တွင် ၄၈ မှု၊ မန္တလေးတွင် ၁၂ မှု၊ မကွေးတွင် ၁၀ မှုနှင့် စစ်ကိုင်းတိုင်းတွင် ခုနစ်မှု၊ ဧရာဝတီနှင့်ပဲခူးတိုင်းတွင် ကိုးမှု၊ နေပြည်တော်တွင် ခြောက်မှု၊ ရှမ်းနှင့် ကချင်ပြည်နယ်တွင် သုံးမှု၊ ကယားနှင့် ရခိုင်ပြည်နယ်တွင် နှစ်မှု၊ မွန်နှင့် ကရင်ပြည်နယ်တွင် တစ်မှုဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ချင်းပြည် နယ်သည် တရားစွဲဆိုမှု မဖြစ်ပွားသည့် နယ်မြေဖြစ်ကြောင်း ဖော်ပြထားသည်။
  • Fri 30 Mar 2018 - 22:58
    တရားဥပဒေစိုးမိုး ရေးနှင့် ပြည်သူများ၏ လူမှုစီးပွား ရေး၊ ဘဝတိုးတက်မြင့်မားရေးကို ဦးစားပေးရည်မှန်းချက်ပန်းတိုင် နံပါတ် (၁)၌ ထားရှိကြောင်း နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့် က ၎င်း၏ ပထမဆုံးမိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။
  • Fri 30 Mar 2018 - 22:21
     နိုင်ငံတော်သမ္မတသစ် အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်အား ဂုဏ်ပြုကြိုဆိုကြောင်း ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ကြေညာချက်ထုတ်ပြန်ပြီး တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရန် တိုက်တွန်းခဲ့ သည်။
  • Fri 30 Mar 2018 - 22:20
     နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီတွင် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြီး လျှင် ဒုတိယအမြင့်ဆုံး ခေါင်း ဆောင်ဖြစ်လာသည်။
  • Fri 30 Mar 2018 - 20:06
     တပ်မတော်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် ကရင်အမျိုးသားအစည်း အရုံး (KNU) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့ တွေ့ဆုံနှုတ် ဆက်သော်လည်း ယခုလအတွင်း တပ်မတော်နှင့် KNU တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့မှု ကိစ္စဆွေးနွေး ခြင်းမရှိကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က ပြောသည်။
  • Fri 30 Mar 2018 - 20:06
    (၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်) လေးစားအပ်ပါသော ပြည် ထောင်စု လွှတ်တော်နာယကကြီး နှင့်တကွ လွှတ်တော်ကိုယ်စား လှယ်များ၊ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုအ ဆင့် ပုဂ္ဂိုလ်များ၊ တက်ရောက်လာ ကြသော ဂုဏ်သရေရှိ ဧည့်သည် တော်များနဲ့ နိုင်ငံသူ၊နိုင်ငံသားများ အားလုံး ကျက်သရေ မင်္ဂလာအ ပေါင်းနဲ့ပြည့်စုံပြီး ကိုယ်စိတ်နှစ် ဖြာ ကျန်းမာချမ်း သာကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါ တယ်ခင်ဗျာ။
  • Fri 30 Mar 2018 - 19:49
    ၂၀၁၁ (၁) ဧပြီ ၂ နှင့် ၃ ရက်- ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တာချီ လိတ်နှင့် တာလေမြို့တို့ရှိ ကယ် ဆယ်ရေးစခန်းများသို့ သွား ရောက်၍ ငလျင်ဒဏ်သင့်ပြည်သူ များအား အလှူငွေနှင့်ထောက်ပံ့ ပစ္စည်းများပေးအပ်။ (၂) မေ ၁၆ ရက်- သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄(ခ)အရ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာ။ (၃) မေ ၂၇ ရက်- သမ္မတဦးသိန်းစိန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ဟူကျင်းတောင်တို့ ဘေဂျင်းတွင်တွေ့ဆုံကာ သဘောတူ စာချုပ်နှင့် MoU ကိုးခုကို လက်မှတ်ရေးထိုး၊ ၀န်ကြီးချုပ် ၀မ်ကြားပေါင်နှင့် တွေ့ဆုံ။
  • Fri 30 Mar 2018 - 00:17
     နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ ပထမဆုံးမိန့်ခွန်း ပြော ကြားမှုကို မြန်မာ့ရုပ်မြင်သံကြား (MRTV) အပါအ၀င် ရုပ်သံလိုင်း များနှင့် ရေဒီယိုများ၊ ဖေ့စ်ဘွတ်ခ် စာမျက်နှာများမှ တိုက်ရိုက်ထုတ် လွှင့်မည်ဖြစ်ကြောင်း ပြန်ကြား ရေးဝန်ကြီးဌာနက သတင်းထုတ်  ပြန်သည်။
  • Fri 30 Mar 2018 - 00:15
     ဗိုလ်ချုပ်အောင်ဆန်းအ ပါအဝင် အာဇာနည်ကိုးဦး လုပ် ကြံခံရသည့် အတွင်းဝန်ရုံးရှိ အ စည်းအဝေးခန်းမကို ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ (YHT) နှင့် အနော်မာ ကုမ္ပဏီတို့ ပူးပေါင်း၍ မူလပုံစံအတိုင်း ပြင်ဆင်နေ ကြောင်း YHT က မတ်လ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။  ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ပိုင်ရုံးခန်း ဖြစ်ဖူးသည့် အဆို ပါအစည်းအဝေးခန်းမကို ၁၉၄၇ ပုံစံအတိုင်း ပြန်လည်ထားရှိရန် ရည်ရွယ်ကြောင်း  ထုတ်ပြန် သည်။
  • Fri 30 Mar 2018 - 00:14
     ဖာပွန်ခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ တပ်မတော်နှင့် KNU နှစ်ဖက် ခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်း မည့် အစီအစဉ် ရွှေ့ဆိုင်းကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်က ပြောသည်။ KNU တပ်မဟာ(၅)မှ တပ် မဟာမှူး ကျန်းမာရေးအခြေအနေ ကြောင့် တက်ရောက်ရန် အဆင် မပြေသဖြင့် ဆွေးနွေးပွဲအစီအစဉ် မဖြစ်ခဲ့ကြောင်း ၎င်းကမတ်လ ၂၉ ရက်တွင် ပြောသည်။
  • Thu 29 Mar 2018 - 20:50
    သမ္မတသစ် ဖြစ်လာ သည့် ဦးဝင်းမြင့်အနေဖြင့် နိုင်ငံ ရေးအကျဉ်းသားဟောင်းများကို ပြန်လည်လွှတ်ပေးရန် နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့များက တောင်းဆိုသည်။
  • Thu 29 Mar 2018 - 20:48
    လွှတ်တော်ကိုယ် စားလှယ်များ၏ အတွေးအခေါ်၊ အယူအဆ၊ အမူအကျင့်များ သည် ခေတ်နှင့်လိုက်လျောညီ ထွေရှိရန်လိုအပ်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌသစ် ဦးတီခွန်မြတ်က လွှတ်တော်ကိုယ်စား လှယ်များအားပြောသည်။
  • Wed 28 Mar 2018 - 23:42
    လာမည့်မေလအတွင်း ကျင်းပရန် လျာထားသည့် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံတတိယအစည်း အဝေးတက်ရာက်ရန် ဆုံးဖြတ် ကြောင်း မြောက်ပိုင်းလက်နက် ကိုင်ခုနစ်ဖွဲ့က မတ်လ ၂၈ ရက် တွင် ကြေညာချက်ထုတ်ပြန် သည်။ 
  • Wed 28 Mar 2018 - 23:41
    နိုင်ငံတော်သမ္မတ ဦးဝင်း မြင့်အား ဂုဏ်ပြုကြိုဆိုပွဲကို မတ် လ ၂၈ ရက်တွင် ပုသိမ်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူဟောင်းများ စုပေါင်းပြုလုပ်ခဲ့ သည်။
  • Wed 28 Mar 2018 - 23:27
    အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲဆိုခံ ထားရသော ရိုက်တာသတင်း ထောက်နှစ်ဦး၏ အမှုကို ပလပ် ရန် သင့်၊ မသင့် ဧပြီ ၄ ရက်တွင် ကြားဖြတ် အမိန့်ချမည်ဖြစ်ပြီး ပ,လပ်ပါက သတင်းထောက်များ အမှုမှ ကွင်းလုံးကျွတ်လွတ်မည် ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံ တော် လျှို့ဝှက်ချက်စာရွက်စာ တမ်းများ ရယူသည်ဆိုကာ တ ရားစွဲဆိုခံထားရသော ရိုက်တာ သတင်းထောက်နှစ်ဦးကို မတ်လ ၂၈ ရက်က ၁၂ ကြိမ်မြောက် ရုံး ချိန်း၌ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်စစ်ဆေးပြီး တရားလိုပြသက်သေ သုံးဦးကို စစ်ဆေးခဲ့သည်။
  • Wed 28 Mar 2018 - 23:26
     အကယ်ဒမီပေးပွဲတွင် စန္ဒရားတင်ဝင်းလှိုင် ပြောကြား သော မမှန်ကန်သည့်အကြောင်း  အရာများအတွက် တောင်းပန်ရန် ပြန်ကြာရေးဝန်ကြီးဌာန မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား ညွှန် ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောသည်။ ‘‘စန္ဒရား ဦးတင်ဝင်းလှိုင်အ  နေနဲ့ ကိုယ်မှန်တယ်ထင်လို့ ရဲရဲ တင်းတင်းနဲ့ သတ္တိရှိရှိပြောသွား တဲ့အပေါ်မှာ ကျွန်တော်တို့ဌာနအပေါ် စွပ်စွဲထားတာတွေမှာ မမှန် တာတွေပါတယ်။ အဲဒီအတွက် သတ္တိရှိရှိနဲ့ ပြန်တောင်းပန်ရဲတဲ့သတ္တိရှိရမယ်လို့ ယူဆပါတယ်။ လူဆိုတာ ကိုယ်ပြောတာကို ပြောပြီးရင် ပြောတဲ့ဟာကို မှန်ရင်လည်း ဆက်သွားရမယ်။ မှားရင်လည်း မှားတဲ့အကြောင်း ပြောရမယ်’’ဟု မတ်လ ၂၈ ရက်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို(အေ)၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးမြင့် ထွေးက ပြောကြားသည်။
  • Wed 28 Mar 2018 - 21:35
    တစ်နှစ်ခန့် မကျင်းပနိုင် ဖြစ်နေသည့် ပြည်ထောင်စု ငြိမ်း ချမ်းရေးညီလာခံ -၂၁ ရာစု ပင် လုံ တတိယအစည်းအဝေးကျင်း ပနိုင်ရေးအပါအ၀င် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရန် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)တို့အကြား အပြန်အလှန်စိုးရိမ် နေမှုများလျှော့ချရန် RCSSအကြံပေးဦးခွန်းဆေက တိုက်တွန်း သည်။
  • Wed 28 Mar 2018 - 21:34
    တင်းမာမှုများဖြစ်ပွား ခဲ့သည့် ကရင်ပြည်နယ်ဖာပွန်ခရိုင်အတွင်း တပ်မတော်က လမ်း ဖောက်မည့်အစီအစဉ်ကို ရပ်တန့်ပေးရန် ဒေသခံများက နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်ထံ အသနားခံလွှာ ပေးပို့ခဲ့သည်။

Pages

Subscribe to Politics