Politics

  • Fri 20 Apr 2018 - 21:12
    အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်သည် တာ ဝန်မှ ရပ်ဆိုင်းခံရခြင်းမဟုတ်ဘဲ သက်ပြည့်ပင်စင်ဖြင့် အနားယူ ခြင်းဖြစ်ကြောင်း ကာယကံရှင်ဦးမြင့်ကြိုင်ကပြောသည်။
  • Fri 20 Apr 2018 - 21:11
     နိုင်ငံသားစိစစ်ခံရ မည့်သူ၏ သက်သေခံကတ်ပြား (NVC) ကိုင်ဆောင်ထားသူများက အချက်အလက် ပြည့်စုံစွာဖြင့် နိုင်ငံသားဖြစ်ခွင့် လျှောက်ထား လာပါက ငါးလအတွင်း နိုင်ငံသား ဖြစ်ခွင့် သေချာပေါက်ရရှိရေး ဆောင်ရွက်မည်ဖြစ်ကြောင်း လူ မှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြော ကြားသည်။ နေပြည်တော်ရှိ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီး ဌာန၌ ဧပြီ ၂၀ ရက်က ပြုလုပ် သော ရခိုင်ပြည်နယ်ဆိုင်ရာ အ ကြံပြုချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ လေးကြိမ်မြောက် အစည်းအဝေး၌ အမှာစကားပြော ကြားရာတွင် ဝန်ကြီးက ယင်းသို့ ထည့်သွင်းပြောကြားခဲ့သည်။
  • Thu 19 Apr 2018 - 22:22
    စစ်ရေးအခြေအနေအရ တနိုင်းမြို့နယ် အောင်လော့ဒ်ရွာ နှင့် တစ်မိုင်ခန့်အကွာရှိ ကချင် လက်နက်ကိုင်အဖွဲ့ (KIA) တပ် မဟာ (၂) ဌာနချုပ်ကို ဧပြီ ၁၇ ရက်တွင် ရွှေ့ပြောင်းခဲ့ရကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ကြီး နော်ဘူက အတည်ပြုသည်။ ‘‘စွန့်ခွာသွားတာပေါ့။ အဲဒီ မှာ ဌာနချုပ်မှာ တိုက်ပွဲတွေဖြစ် တာတော့မဟုတ်ဘူး။ သူတို့ ဝင် စီးတာတော့ မဟုတ်ဘူး။ သူတို့ စစ်ကြောင်းတွေ ထိုးလာလို့ သူတို့ ကလည်း ကြိုတင်ပြီးမှ ရွှေ့ပြောင်းသွားတာ။ အဲဒီလိုအခြေအနေဖြစ် ပါတယ်။ နောက်ပိုင်းမှာ တပ် မတော်စစ်ကြောင်းတွေ ပြန်ဝင် လာတာပေါ့’’ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
  • Thu 19 Apr 2018 - 21:49
     နိုင်ငံ့ဝန်ထမ်းများ၏ လစာတိုးမြှင့်ပေးမည်ဟု နိုင်ငံ တော်သမ္မတသစ် ဦးဝင်းမြင့်ကနှစ်သစ်ကူးနှုတ်ခွန်းဆက်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားပြီးနောက် ကုန်ဈေးနှုန်း မြင့်တက်မည်ကို ပြည်သူများ စိုးရိမ်နေ သည်။ အလုပ်သမားများ၏ တစ်ရက်အတွက် အနည်းဆုံး အခကြေးငွေ ကျပ် ၄,၈၀၀ နှုန်း သတ်မှတ်မှုနှင့် လိုက်လျောညီထွေဖြစ်စေရန် နိုင်ငံ့ဝန်ထမ်းများအတွက် အမှုထမ်းလစာ ၂၀ ရာခိုင်နှုန်း၊ အရာထမ်းလစာ ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေးရန် ပြည်ထောင်စု အစိုးရက စီစဉ်တွက်ချက်ထား ကြောင်း ဧပြီ ၁၇ ရက် နှစ်သစ်ကူးမိန့်ခွန်းတွင် သမ္မတဦးဝင်းမြင့်က ထည့်သွင်းပြောကြားသည်။
  • Thu 19 Apr 2018 - 21:33
    တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့ (KIA) တိုက် ပွဲကြောင့် ထွက်ပြေးတိမ်းရှောင် နေရသည့် တနိုင်းမြို့နယ် အောင် လောဒ့် ရွာသူရွာသားများ မိမိရွာ သို့ ပြန်လည်နေထိုင်ရန် တပ် မတော်က အသိပေးခဲ့ကြောင်း တနိုင်းအခြေစိုက် ခရစ်ယာန် ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင်ဒုက္ခ သည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးနော်တောင် ကပြောသည်။
  • Thu 19 Apr 2018 - 21:31
     ငြိမ်းချမ်းရေးကော်မရှင် နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ယခုလကုန်ခန့်တွင် SSPP ဌာနချုပ် ၀မ်ဟိုင်း၌ တွေ့ဆုံဆွေးနွေးမည်ဟု ကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ် ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)က ပြော သည်။ 
  • Thu 19 Apr 2018 - 19:54
    ကရင်ပြည်နယ် ဖာပွန် ခရိုင်တွင် ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုနှင့်ပတ်သက်၍ တပ်မ တော်နှင့် ကရင်အမျိုးသားအစည်း အရုံး (KNU) တပ်မဟာ(၅)တို့ အပြန်အလှန်ကန့်ကွက်မှုများ ပြု လုပ်ခဲ့သည်။  မတ်လ ပထမပတ်တွင် ဖာပွန်ခရိုင် လယ်မူပလောဒေသ၌ တပ်မတော်က ကားလမ်းဖောက် လုပ်ရာ KNU တပ်မဟာ (၅) က ကန့်ကွက်ရာမှ အစပြု၍ နှစ်ဖက် အကြား ပစ်ခတ်မှုများဖြစ်ပွားကာ စစ်ရေးတင်းမာခဲ့သည်။ ယင်းအခြေအနေသည် လက်ရှိအချိန်အ ထိ ပြီးပြတ်သေးခြင်းမရှိဘဲ စစ်ရေးတင်းမာမှု ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ နှစ်ဖက်တပ်ဖွဲ့အ ကြား ကန့်ကွက်အကြောင်းကြား စာများ အပြန်အလှန် ပေးပို့ခဲ့ သည်။
  • Wed 18 Apr 2018 - 23:28
    စစ်အစိုးရလက်ထက်တွင် အစိုးရ လျှို့ဝှက်စီမံကိန်းများ ပေါက်ကြား သည်ဆိုကာ သေဒဏ်အပြင် ထောင်ဒဏ် နှစ် ၂၀ ကျခဲ့သည့် အငြိမ်းစား ဗိုလ်မှူးဝင်းနိုင်ကျော် သည် နိုင်ငံတော်သမ္မတဦးဝင်းမြင့် ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဧပြီ ၁၇ ရက်က သာယာဝတီအကျဉ်း ထောင်မှ ပြန်လည်လွတ်မြောက် ခဲ့သည်။ သူသည် ၂၀၁၀ မှ ပြန်လည် လွတ်မြောက်ချိန်အထိ ထောင်တွင်း၌ ရှစ်နှစ်နှင့် သုံးလ အကျဉ်းချခံရသည်။  ထိုသို့ ဖမ်းဆီးအကျဉ်းချခံရမှုနှင့် ပတ်သက်၍ အငြိမ်းစား ဗိုလ်မှူးဝင်းနိုင်ကျော်အား 7Day Daily သတင်းစာက သွားရောက် တွေ့ဆုံမေးမြန်းခဲ့ သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
  • Wed 18 Apr 2018 - 20:27
     ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ဆက်လက် ကျင်းပနိုင်ရေး အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးတိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ ဧပြီ ၂၀ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ၍ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာများ ကို အလွတ်သဘော ဆွေးနွေးမည်ဟု ပအိုဝ်းအဖွဲ့ (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။ အပစ်ရပ်အဖွဲ့များ၏ နိုင်ငံ ရေးနှင့် လုံခြုံရေးဆိုင်ရာ ဆွေး နွေးရေးကိုယ်စားလှယ်များပါဝင် သည့် အဖွဲ့ကို ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုဥက္ကဋ္ဌပဒို စောကွယ်ထူးဝင်းက ဦးဆောင် မည်ဖြစ်သည်။ KNU ဒုဥက္ကဋ္ဌဦးဆောင်သည့်အဖွဲ့ကို ဧပြီလဆန်းက ထိုင်းနိုင်ငံ ချင်းမိုင်၌ကျင်းပ သည့် အပစ်ရပ်ထိပ်သီးခေါင်း ဆောင်များ၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးက ဖွဲ့စည်းခဲ့သည်။
  • Wed 18 Apr 2018 - 20:26
    နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ လွတ်ငြိမ်းသက်သာ ခွင့်ဖြင့် ဧပြီ ၁၇ ရက်တွင် သေဒဏ် ကျခံနေရာမှ လွတ်မြောက်လာသူ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တပ်မှူး ဒုဗိုလ်မှူးကြီး ခွန်ကျော်(ခေါ်)ဦးသံချောင်းအနေဖြင့် အဖွဲ့တွင် ဆက်လက် တာဝန်ယူခွင့်ရှိသည်ဟု RCSS အကြံပေး ဦးခွန်းဆေက ပြောသည်။ 
  • Wed 18 Apr 2018 - 20:24
    နိုင်ငံရေးအကျဉ်းသား ဟောင်းများအတွက် ပြစ်မှုကြွေး ကျန်နှစ်များကို သမ္မတက အမိန့် ထုတ်ပြန်၍ ပယ်ဖျက်ပေးမှုအပေါ် ထောက်ခံကြိုဆိုကြောင်း နိုင် ကျဉ်းအရေးလှုပ်ရှားသည့် အဖွဲ့ အစည်းများက ထုတ်ဖော်ပြော ကြားသည်။ 
  • Mon 09 Apr 2018 - 19:38
     မြန်မာနိုင်ငံရှိ အသိုက်အ ၀န်းများအကြား ပိုမိုကွဲပြားစေ မည့် လုပ်ရပ်များထက် ပိုမိုသဟ ဇာတရှိစွာ နေထိုင်လာနိုင်စေရန် အစိုးရ၏ကြိုးပမ်းများတွင် ကူညီ ပံ့ပိုးမှုများ ပေးအပ်ရန်လိုအပ် ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။
  • Mon 09 Apr 2018 - 19:37
    ရခိုင်ပြည်နယ်အစိုး ရအဖွဲ့က တင်သွင်းသည့် ခြောက် လတာဘတ်ဂျက်တွင် ကျပ် ခြောက်ဘီလီယံကျော်ကို ပြည် နယ်လွှတ်တော်က ဖြတ်တောက်ခဲ့ သည်။ 
  • Sun 08 Apr 2018 - 22:47
    ကလေးငယ်များအပါ အဝင် နမ့်ခမ်းမြို့နယ် ဝါရော့ အောက်ရွာရှိ ဒေသခံ ၂၁ ဦးကို တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA)  က မတ်လ ၂၃ ရက်တွင် ဖမ်းဆီးခံရသဖြင့် ငွေကြေးပေးပြီး ပြန်လည်ရွေးယူရသည်ဟု ဒေသ ခံဦးထွန်းရီက ပြောသည်။
  • Sat 07 Apr 2018 - 23:50
     ငြိမ်းချမ်းရေးလုပ်ငန်း စဉ် တစ်ဆို့နေမှုကို ကျော်လွှားနိုင်ရေးအစိုးရနှင့် အလွတ်သဘော ဆွေးနွေးရန် NCA လက်မှတ်ထိုးအဖွဲ့ထိပ် သီးခေါင်းဆောင်များ၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းဦးဆောင်သည့် ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များက ပြောသည်။ ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ဧပြီ ၅ ရက်နှင့် ၆ ရက်တွင် ကျင်းပ သည့် PPST အစည်းအဝေးဆုံး ဖြတ်ချက်များအနက် အစိုးရနှင့် ယုံကြည်မှု တည်ဆောက်ရေး ဆောင်ရွက်ရန်ဆိုသည့်အချက်ပါ ၀င်သည်ဟု ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS)အ ကြံပေးဦးခွန်းဆေက ပြောသည်။
  • Sat 07 Apr 2018 - 23:48
    ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း တပ်မတော်နှင့်  ကချင်လက်နက်ကိုင်အဖွဲ့(KIA) တို့ တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက်ထိ ခိုက်သေဆုံးမှုရှိကြောင်း KIA နှင့် ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။  မြစ်ကြီးနား - ဖားကန့်လမ်း တံတားညီနောင်ရှိ တပ်မတော် လုံခြုံရေးစခန်းကို KIA တပ်ရင်း (၆) က ဧပြီ ၆ ရက် နံနက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုသည်။ ထို့နောက် တပ်မတော်ဘက်က ရဟတ်ယာဉ်အသုံးပြုပြီး ပြန်လည်တိုက်ခိုက်ခဲ့သည်ဟု ၎င်းကဆိုသည်။ ‘‘တပ်မတော်ဘက်ကလည်း နည်းနည်းအထိနာတယ်လို့ ပြော ကြတယ်။ အဲဒါကြောင့် ပြန်ပြီး တော့ စစ်ဆင်ရေးပြန်လုပ်ရင် တော့ တိုက်ပွဲက ဆက်ဖြစ်နိုင်တဲ့ အခြေအနေတော့ ရှိပါတယ်’’ဟု KIA ပြောရေးဆိုခွင့်ရှိသူက ဆို သည်။ အဆိုပါတိုက်ပွဲနှင့်ပတ် သက်၍ အသေးစိတ်အချက်အ လက်များ အတိအကျမသိရဟု ၎င်းက ဆက်ပြောသည်။
  • Sat 07 Apr 2018 - 23:31
     စီမံကိန်းများဆောင်ရွက် ရာတွင် ပွင့်လင်းမြင်သာမှုမရှိ ဆိုကာ တိုင်ကြားခံထားရသည့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီး နှစ်ဦးကို စုံစမ်းစစ်ဆေးနေပြီး တွေ့ရှိချက်များအပေါ် အခြေခံကာ အရေးယူသင့်ပါက အရေးယူမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ တိုင်ကြားစာ ကော်မတီတာဝန်ခံ ဒေါက်တာ မျိုးညွန့်က ပြောသည်။ 
  • Sat 07 Apr 2018 - 23:26
     ဒေါ်အောင်ဆန်း  စုကြည်၏ ကျန်းမာရေးအခြေအ နေပေါ်မူတည်၍ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သူမျှော်မှန်း သည့် နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်အောင် ကြိုးစား ဆောင်ရွက်မည်ဟု ယုံကြည် ကြောင်း အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီမှ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။ 
  • Fri 06 Apr 2018 - 23:02
     ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံကျင်းပခြင်း အပါအ၀င် အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စ ရပ်များ အောင်မြင်ရေး ဆောင် ရွက်ရန် တိုက်တွန်းကြောင်း အစိုး ရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် များထံ အရပ်ဘက်လူ့အဖွဲ့အ စည်း ငြိမ်းချမ်းရေးဖိုရမ်က အိတ် ဖွင့်ပေးစာပေးပို့သည်။ (၁၈)ကြိမ်မြောက် အရပ် ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်း ရေးဖိုရမ်ကို ဧပြီ ၄ နှင့် ၅ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိ အရပ်ဘက်အဖွဲ့အစည်း တစ်ရာကျော်မှ ကိုယ်စားလှယ်နှစ်ရာခန့်တက်ရောက်ခဲ့သည်။
  • Fri 06 Apr 2018 - 23:01
    ၈၈ မျိုးဆက်များနှင့် နိုင်ငံရေးအင်အားစုများဖြင့် ဖွဲ့စည်းတည်ထောင်မည့် ရှစ်လေးလုံးပါတီအမည်ကို ရှစ်လေးလုံး ပြည်သူ့ပါတီအဖြစ် အမည်ပြောင်းလဲမှုကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ထံ ဧပြီ ၆ ရက်တွင်ပြန်လည်တင်ပြခဲ့ကြောင်း နိုင်ငံရေးပါတီဖြစ်မြောက်ရေး ဗဟိုဦးဆောင်ကော်မတီဝင် ဦးရဲနိုင် အောင်က ပြောသည်။

Pages

Subscribe to Politics