Opinion

  • Tue 16 Sep 2014 - 00:40
    မြန်မာနိုင်ငံက  လမ်း များပေါ်မှာ ခပ်ကြမ်းကြမ်း  ဖို့ဒ်ထရက် ကားကနေပြီး ဂျက်ကွာပြိုင်ကား ထိ နိုင်ငံခြားဖြစ်ကားမျိုးစုံများက ရောက်ရှိလာနေကြပါသည်။ သို့ အတွက် ကားအများစုက လမ်း ကြောင်း   ပြောင်းပြန်မောင်းနေ သည့် မြန်မာနိုင်ငံမှာ ယာဉ်မောင်းနှင်သည့်ပုံစံပြောင်းလဲဖို့အတွက် ပထမဆုံးရှေ့ပြေးခြေလှမ်းတစ်ခု ဖြစ်
  • Mon 15 Sep 2014 - 23:07
    ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့၂၀၁၄-၁၅ ဘဏ္ဍာနှစ် ပထမလေးလပတ်အစည်းအဝေးကို ပြီးခဲ့တဲ့လ၂၀ရက်မှ ၂၂ရက်နေ့အထိ နေ ပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများ မှ အကြီးအကဲအားလုံးတက် ရောက်ခဲ့ကြပါတယ်။ ဒုတိယနေ့ မှာ ပြည်ထောင်စုဝန်ကြီးများက နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှု များကို တတိယအဆင့်အရှိန်မြှင့် တင်မှု၊ e-Governmentလုပ်ငန်း စဉ်များကို ရှင်းလင်းတင်ပြခဲ့ကြ ကြောင်းသိရပါသည်။
  • Mon 15 Sep 2014 - 22:21
    ခေါင်းလောင်းရှာပုံတော်မ ဟုတ်ဘူး။ ညာပုံတော်ပါတဲ့ခင်ဗျ။ ဒါ ဘစီရဲ့ စကားလုံးမဟုတ်ပါဘူး။ မနေ့က ဆဲဗင်းဒေးသတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာ တွေ့လိုက်တာပါ။ ရုတ်တရက်စာလုံးပေါင်းများ မှားသလားလို့ ထင်မိသေးရဲ့။ နို့ပေမယ့် မဟုတ်ဘူးဗျ။ ကျုပ်တို့ရဲ့ အယ်ဒီတာက ‘ညာပုံတော်’ ဆိုသဟာကိုပဲ အထူးပြုကာ ရေးလိုက်ပုံပါပဲ။ ခေါင်းလောင်းနဲ့ပတ်သက်သမျှ အရပ်ရပ်အခြေအနေကို ထင်ဟပ်တဲ့ စကားလုံးမို့ လွှတ်ကြိုက်သဗျာ။ သို့မို့ကြောင့် ဘစီလည်း ခေါင်း လောင်းညာသူများအကြောင်း တစ်ချီတစ်မောင်းတော့ ပြောဦးမှ ရယ်။
  • Mon 15 Sep 2014 - 19:57
    တစ်လောက ဌာနတစ်ခုတွင် တာဝန်ထမ်းဆောင်နေသော ဦးစီးအရာရှိတစ်ယောက်နှင့် ဖုန်း ပြောဖြစ်ရာ ‘‘သူငယ်ချင်းရေ တို့ ဌာနမှာတော့ ငါကဆရာခေါ်ရတဲ့ လူမရှိဘူးကွ’’ဟုဆိုလေသည်။ ဌာနတွင် ၎င်းက ရာထူးအကြီးဆုံး ဖြစ်၍လားဟု ကျွန်တော်ကမေးမိ ရာ ‘‘မဟုတ်ဘူးကွ ငါ့အထက်မှာ တပ်က အသွင်ပြောင်းတွေပဲရှိ တော့ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ အဘနဲ့ ပဲခေါ်ရတာ’’ဟုဆိုလေသည်။ ထို သူငယ်ချင်းသည် ဦးစီးအရာရှိ လုပ်သက် ကိုးနှစ်ရှိပြီဖြစ်၍ ရာ ထူး မတိုးသေးဘူးလား မေးမိရာ ‘‘ကိုယ့်ရှေ့က ဗိုလ်ကြီးပြောင်း တော့လည်း နောက်ဗိုလ်ကြီးက ရောက်လာတာ၊ တို့အရပ်သား တွေသာ ဌာနတစ်ခုနဲ့တစ်ခု လုပ် ငန်းတစ်ခုနဲ့တစ်ခု ပြောင်းရမ လွယ်တာ။ သူတို့တွေကျတော့ ဟိုခုန်ကူးလိုက်၊ ဒီကျော်ပို့လိုက် နဲ့’’ဟုဆိုလေသည်။
  • Sun 14 Sep 2014 - 23:04
    ယခုခေတ် ကျောင်းသားများကို ကြည့်လျှင် ငါးတန်းလောက်မှ စ၍ ဆယ်တန်းကျောင်းသားအထိ ကျူရှင်အပြင် ဂိုက် (Guide)ပါ တက်နေကြသည်ကိုတွေ့ရသည်။ ဆော့ချိန်၊ ကစားချိန်ဟူ၍မရှိ။ ကျောင်းကပြန်ရောက်သည်နှင့် ထမင်းလေးကသုတ်ကရက်စား၊ ပြီး ကျူရှင်သွား၊ ကျူရှင်ပြီးတာနှင့် ဂိုက်ဆက်တက်။ အိမ်ပြန်ရောက် တော့ ည ၉ နာရီခွဲ၊ ၁၀ နာရီ။ ကျောင်းကြီးကပေးလိုက်သည့် အိမ်စာ၊ ကျူရှင်က ပေးလိုက် သည့်အိမ်စာတွေလုပ်ပြီးတော့ ည ၁၁ နာရီ။ တစ်နေကုန်ပင်ပန်း။ မျက်တောင်များက စင်းနေပြီ။ မျက်ခွံများကလေးနေပြီ။ ဘာမှ မလုပ်ချင်တော့။ အိပ်ရာထဲဝင် လိုက်သည်။ ချက်ချင်းအိပ်ပျော် သွားလေ၏။ ဤကား . . . ယနေ့ခေတ် ကျောင်းသားအများစု နေ့စဉ်ကြုံတွေ့နေရပုံဖြစ်ပါသည်။
  • Sun 14 Sep 2014 - 21:03
    ‘‘အမလေးတော် အလုပ်မရှိ အကိုင်မရှိ အားအားယားယား ပေါက်ကရလျှောက်မေးနေတယ်။ ဒီမှာ ထမင်းတစ်လုတ်စားဖို့တောင် အနိုင်နိုင်’’ စာရေးသူခမျာ လမ်း ဘေးဈေးတန်းမှ မပြေးရုံတစ်မည် ခတ်သုတ်သုတ်လျှောက်လာခဲ့ရတော့သည်။ အဲဒီဈေးသည် စာရေးသူ၏ နောက်ကျောကိုကြည့်ကာ ဆက်လက်မေတ္တာပို့နေမည်ဟုလည်း ယုံကြည်မိပါသည်။ တကယ်ပဲ အဓိပ္ပာယ်မရှိ ပေါက်ကရလျှောက်မေးနေမိတာလားဟု စဉ်းစားမိပါသည်။ စာရေးသူအ နေဖြင့် ဒီမေးခွန်းကို နီးစပ်ရာလူ အတော်များများကို မေးမြန်းနေ ခြင်းဖြစ်သည်။ သို့သော်လည်း အုပ်ချုပ်သူအာဏာပိုင်များ၊ နိုင်ငံ ရေးပါတီများနှင့် ခေတ်သစ်မြန်မာ ဘီလီလျံနာသူဌေးကြီးများကို တော့ မမေးဖြစ်ခဲ့ပါ။
  • Sun 14 Sep 2014 - 20:21
    ‘‘မြန်မာပြည်အရေး ရင်လေးတယ်။ ဟိုလူကလုပ်စား၊  ဒီလူကလုပ်စားနဲ့ ပြည်သူက သူတောင်းစားဖြစ်နေတာကို ဒီအစိုးရက ကြည့်နေသေး’’
  • Sun 14 Sep 2014 - 20:07
    လူတွေ လွယ်လွယ်နှင့် ဘယ်လောက် အလိမ်ခံ နေကြသည်ဆိုတာကို ယခုနံနက် ဆွေးနွေးပါမည်။
  • Sat 13 Sep 2014 - 23:06
    ရပ်ကွက်ထဲမှ လမ်းဘေးတွင် လူ နှစ်ဦးဓာတ်လိုက်သေနေသည်ဟု သတင်းကြား၍ အိမ်ရှိကလေးများ ကို စစ်ကြည့်ရာ (၁၀)နှစ်အရွယ် သမီးငယ် အိမ်မှာ မရှိ၍ ဒေါ်ဥမ္မာ တစ်ယောက် စိတ်ပူသွားသည်။ စိတ်ထင့်နေသောကြောင့်  လူနှစ် ယောက် ဓာတ်လိုက်သေဆုံးနေ သော နေရာသို့ အပြေးသွားကြည့် ရာ သေဆုံးသူနှစ်ဦးကို မြင်လိုက် သည်နှင့် ဒေါ်ဥမ္မာတစ်ယောက် ချုံးပွဲချငိုပါတော့သည်။
  • Sat 13 Sep 2014 - 21:44
    စာရေးဆရာတစ်ဦးချင်းစီ၌ အကောင်းဆုံး၊လက်ရာ အမြောက် ဆုံး (masterpiece)ဟုသတ်မှတ် ထားသည့် စာတစ်ပုဒ်တော့ရှိ တတ်သည်။ ဆရာမြသန်းတင့်ဆို သည်နှင့် ‘ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်’ဝတ္ထုကို ပြေးမြင်ကြသလို   ဆရာကြီးမောင်ထင်ဆိုသည်နှင့် ငဘကတွဲလျက်။ ဒါက လူအများစုနှစ်သက်ရာမှ ထိုစာရေးဆရာတို့၏အ ကောင်းဆုံး၊ လက်ရာအမြောက်ဆုံးဟု သတ်မှတ်စာရင်းဝင်သွားခြင်းမျိုးဖြစ်သည်။
  • Sat 13 Sep 2014 - 20:57
    (တစ်)
  • Sat 13 Sep 2014 - 20:38
    မြန်မာနိုင်ငံရဲ့ လူဦးရေကို ၅၁ သန်းရှိတယ်လို့ မကြာသေးမီကပဲ အစိုးရက ပြောလိုက်ပါတယ်။ အရင်တုန်းက ခန့်မှန်းခြေက မြန်မာနိုင်ငံရဲ့ လူဦးရေဟာ သန်းပေါင်း ၆၀ ခန့်ရှိတယ်လို့ ဆို ခဲ့ပါတယ်။ အဲဒီတော့ ဘယ့်နှယ် လုပ်ပြီး လူဦးရေကိုးသန်းက လျော့သွားရတုံး၊  ဘယ်ကိုရောက် တာတုံးဆိုပြီး ဖြစ်လာပါတယ်။ နေအပူရှိန်ကြောင့် ရေတွေအငွေ့ ပြန်ပြီး မိုးပေါ်တက်ပျောက်ကွယ် သွားသလိုပျောက်ကုန်တာလား လို့ မေးစရာဖြစ်လာတာပေါ့။ အစိုးရအပြောကတော့ နိုင်ငံခြား တိုင်းပြည်တွေမှာ ကာယ၊ ဉာဏ အလုပ်သမားများအဖြစ် သွားပြီး အလုပ်လုပ်ကိုင်နေတဲ့သူတွေ ဒီ စာရင်းထဲမှာ မပါသေးဘူးလို့လည်း ပြောပြန်ပါတယ်။
  • Sat 13 Sep 2014 - 15:00
    ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် ငွေအကြွေစေ့များနှင့်အတူ ငွေစက္ကူများကို ရိုက်နှိပ်သုံးစွဲလျက်ရှိပါသည်။ စာရေးသူတို့နိုင်ငံ၌လည်း အလားတူသုံးစွဲနေပါသည်။ သို့ရာတွင် စာရေးသူတို့နိုင်ငံ၏ ငွေစက္ကူသုံးစွဲမှု အခြေအနေမှာ အခြားနိုင်ငံများနှင့်မတူဘဲ ကွဲပြားလျက်ရှိသည်ဟု ဆိုချင်ပါသည်။ ယခုအချိန်တွင် စာရေးသူတို့နိုင်ငံ၌ ငွေအကြွေစေ့သုံးစွဲမှုကို လုံးဝမတွေ့ရတော့ပါ။ ငွေစက္ကူများကို သုံးစွဲရာတွင်လည်း အနိမ့်ဆုံးတန်ဖိုး ငါးဆယ်ကျပ် (၅၀ိ/) တန်မှ အထက် ကျပ်တစ်သောင်းတန်အထိ သုံးစွဲနေကြသည်ကို တွေ့နိုင်ပါသည်။
  • Sat 13 Sep 2014 - 14:58
    (တစ်) တစ်ရက် ဆူးလေဘုရားမှတ်တိုင်အနီးက စုပေါင်းတက္ကစီကားဂိတ်ကလေးကနေ မြောက်ဥက္ကလာသို့ပြန်ဖို့ ကျွန်တော်ပြင်ဆင်ရပါသည်။ စုပေါင်းတက္ကစီတဲ့။ ဒါ.. အခုနောက်ပိုင်း ခေတ်စားလာသည့် ခရီးသွားလာမှု ပုံသဏ္ဌာန်အသစ်ပဲ ဖြစ်လိမ့်မည် ထင်ပါသည်။ ဘတ်စ်ကားများက ခရီးသွားလုပ်သားပြည်သူတို့၏ဘဝကို ကျေနပ်ချမ်းမြေ့အောင် ဝန်ဆောင်မှုမပေးနိုင်ကြလေသောအခါ၊ တက္ကစီကို တစ်ဦးတစ်ယောက်တည်း ငှားစီးခြင်းဖြင့်လည်း ငွေကုန်ကြေးကျမများစေလိုသောအခါ လူလေးယောက်လောက်စုပြီး ငှားစီးလိုက်ခြင်းအားဖြင့် ဘက်ပေါင်းစုံ၌ အကျိုးရှိသွားပါသည်။ ကားတစ်ခေါက်တည်းဖြင့် လူလေးယောက်ပါသွားသဖြင့် ယာဉ်ကြောပိတ်ဆို့မှုကို လျော့နည်းစေခြင်း၊ စက်သုံးဆီကို ချွေတာရာရောက်ခြင်း၊ ငွေကုန်ကြေးကျသက်သာခြင်း စသည်စသည်ဖြင့် အကျိုးတရားတို့က များပြားလှပါသည်။ ထို့ကြောင့်လည်း ဆူးလေကို ဗဟိုပြုလျက်က တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း စသည်စသည်ဖြင့် အပြန်အလှန်ပြေးဆွဲသော စုပေါင်းတက္ကစီကလေးများ ပေါ်လာသည်ကို ကျွန်တော်ကတော့ သဘောကျမိပါသည်။
  • Sat 13 Sep 2014 - 14:52
    အခန်း (၅၁) ကိုထွန်းအောင်ကျော် (သို့) တော်လှန်ရေး၏ သားကောင်
  • Sat 13 Sep 2014 - 14:19
    စာရေးသူတို့ တက္ကသိုလ်ကျောင်းသားဘ၀ ၁၉၆၀ အလွန်နှစ်များတွင် လျှို့ဝှက်သည်းဖိုဟုခေါ်သော မှုခင်းနောက်ခံဝတ္ထု၊ စုံထောက်ဝတ္ထုများ အလွန်ကျော်ကြားခဲ့၏။ မိုးဝေ၏ တင်မောင်ဆွေဝတ္ထုများ၊ တက္ကသိုလ်တင်မြင့်၏  ၀တ္ထုများ၊ ဆရာသက်နောင်နှင့် ဆရာကျော်မင်းဦးတို့၏ ၀တ္ထုများ၊ Jame Hardley Chase ၏ ဘာသာပြန်ဝတ္ထုများကို သဲကြီးမဲကြီး ဖတ်ရှုခဲ့ကြ၏။ စာရေးသူမှတ်မိသမျှ ဆရာမောင်စွမ်းရည်က အဆိုပါစာပေများကို ‘‘အပစ်အခတ်၊ အညှစ်အသတ်နှင့် အညစ်အပတ်စာပေ’’ဟု ဝေဖန်သုံးသပ်ကင်ပွန်းတပ်ခဲ့၏။ ဆရာကင်ပွန်းတပ်ခဲ့သည့် စကားလုံးများမှာ လွယ်ကူရှင်းလင်းပြီး သရုပ်အဓိပ္ပာယ် အပြည့်အ၀ပေါ်လွင်နေသည့်အပြင် လုံးထပ်ကာရန်လည်း ပါဝင်သောကြောင့် အလွန်ပင် ထိထိမိမိရှိခဲ့၏။ ထိုစဉ်က စာပေနယ်တွင် များစွာဂယက်ရိုက်ခဲ့သော စကားလုံးဖြစ်၏။
  • Fri 12 Sep 2014 - 23:13
    (က) ဒီခေါင်းစဉ်ကိုတပ်ပြီးခါမှ   စာရေးသူတို့ငယ်စဉ်က လူကြီး မင်းတွေသဘောကျခဲ့တဲ့ သီချင်း လေးတစ်ပုဒ်ကို သွားသတိရမိပါ တယ်။ အဲဒီအချိန်တုန်းက မြန်မာ နိုင်ငံမှာ နာမည်ကြီးတီးဝိုင်းတွေ က L.P.J တို့ Play Boy တို့ပါ။ ခုခေတ်  I.C  ရှိုးပွဲကြည့်ချင်ရင် ရန်ကုန်တက်ကြည့်ရသလို အဲဒီ တုန်းက စတိတ်ရှိုးဆိုတာ နယ်က လူငယ်တွေအတွက် တုံးခုလို့ လှမ်းမှရတဲ့ပန်းတွေပါ။
  • Fri 12 Sep 2014 - 23:04
    လက်ရှိအချိန်ဟာ မိုးပါးနေတဲ့ ကာလဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ရဲ့ မိုးရာသီကာလဟာ ကုန်ဆုံး ခါနီးလေ မုတ်သုံလေရဲ့ အင် အားတွေဟာ ယုတ်လျော့လာ လေ ဖြစ်ပါတယ်။ အသက်အရွယ် ကြီးရင့်လာလို့ မီးစာကုန်ဆီခန်း ခါနီးနေတဲ့ မိကြီးဘကြီး အဘိုးအ ဘွားတွေကို စောင့်ကြည့်နေရ သလို တစ်နေ့ရွှေ၊ တစ်နေ့ငွေနဲ့။ ဒီနေ့တော့ အလန်းသား၊ ဒီနေ့ တော့ အစာလေးတွေ ၀င်သားပဲ စတဲ့ နေ့စဉ်မှတ်တမ်းတွေနဲ့ ဆုတ် ခွာတော့မယ် မုတ်သုံကို လေ တိုက်ခတ်ပုံ အပြောင်းအလဲကို ကြည့်လိုက်၊ လေထုဖိအား အခြေ အနေတွေ ကြည့်လိုက်၊ မိုးရွာသွန်းမှုအခြေအနေတွေ ကြည့်လိုက်နဲ့ မိုးလေ၀သ ဆရာတွေမှာလည်း အခုရက်ပိုင်း အလုပ်များလှပါ တယ်ဗျာ။
  • Fri 12 Sep 2014 - 19:34
    ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ညကလပ်တစ်ခုကို ဖွင့်လှစ်လုပ်ကိုင်ရတာ ငြီးငွေ့ပင်ပန်းနေ
  • Fri 12 Sep 2014 - 19:32
    ‘‘အရှင်ရုက္ခစိုးနတ်မင်း ကြီး ဗွေမယူပါနဲ့။ ကျွန်ုပ်အိမ်မှာ အိမ်သာ မရှိတဲ့အတွက် အရှင့်သစ်ပင် ခြေရင်းမှာ မစင်စွန့်မိပါတယ်’’

Pages

Subscribe to Opinion