Opinion

  • Wed 13 Dec 2017 - 09:29
    အစိုးရသည် ၎င်းတို့အတွက် ရွေး ကောက်ပွဲ အနိုင်ရ ခြင်း ၂ နှစ်မြောက် နှစ်ပတ်လည် အလွန်တွင် အုပ်ချုပ်ရေးယန္တရား ဖွဲ့စည်းပုံကို တိုးချဲ့ခဲ့သည်။ ဝန်ကြီးဌာနနှစ်ခု ထပ်မံဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ဝေဖန်မှုများရှိသော် လည်း ရွေးကောက်ပွဲကတိကဝတ်များ အကောင်အထည်ဖော်နိုင်ရေး ခြေလှမ်းကို အရှိန်မြှင့်တင်ရန် ကြိုးပမ်းခြင်းဟုဆိုကာ ထောက်ခံကြိုဆိုသူများလည်းရှိသည်။ ထပ်မံဖွဲ့စည်းသော ဝန်ကြီးဌာနနှစ်ခုသည် များပြားလွန်းသည့် တာဝန်များကြောင့် ဝန်ပိနေ ကြောင်း ထောက်ပြခြင်းခံနေရ သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပခုံးထက်မှ တာဝန်အချို့ကို လွှဲပြောင်းယူရမည်ဖြစ်သည်။
  • Tue 12 Dec 2017 - 18:51
    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရတာဝန်ယူပြီးနောက်ပိုင်းတွင် အတိုက်အခံအဖြစ် ရပ်တည်နေသည့် ပါတီများတွင် ပြည်ခိုင်ဖြိုးပြီးလျှင် အထင်ရှားဆုံးသည် ရခိုင်အမျိုးသားပါတီ ဖြစ်သည်။ ပြည်ထောင်စုအဆင့် လွှတ်တော်များတွင်သာမက ရခိုင်အမျိုးသားပါတီက အသာရထားသည့် ရခိုင်ပြည်နယ် လွှတ်တော်၌ပါလက်ရှိ အစိုးရနှင့် အချေအတင်အငြင်းပွားရသော ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။
  • Tue 12 Dec 2017 - 18:04
    ကိုယ်ဗလာဖြင့် ခြေထောက် တစ်ဖက်ကို ကြိုးချည်ထားသော၊ ခန္ဓာကိုယ် သေးသွယ်သော ကလေးငယ်တစ်ဦး၏ ဓာတ်ပုံသည် မြင်ရသူများကို အံ့အားသင့်စေခဲ့သည်။ လွတ်လွတ်လပ်လပ်ကစားလိုသော်လည်း သူ့ခြေချင်း ဝတ်တစ်ဖက်ကို အိမ်တိုင်တွင် တွဲ၍ ကြိုးချည်ကာ အခြားနေရာသို့ မသွားနိုင်ရန် ထိန်းချုပ်ခံထားရ သည်။ အိမ်တိုင်ကို ပတ်ချာလည် လှည့်နေကာ သူ့လွတ်မြောက်မှုကို ရှာဖွေနေသည်။
  • Mon 11 Dec 2017 - 21:41
    (၁) Belt and Road Initiativeအကြောင်းပြောတဲ့အခါ တရုတ်ရဲ့ စီးပွားရှာပုံကို  တအံ့တသြတွေ့ရ နိုင်သလို ရည်မှန်းချက်ကြီးကြီး အောင်မြင်ဖို့အတွက် အကွက်ချ ပြင်ဆင်ပုံတွေကို အံ့မခန်းတွေ့ရ မှာ ဖြစ်ပါတယ်။ ၂၀၁၃ စက်တင် ဘာမှာ ပိုးလမ်းမစီးပွားရေးခါး ပတ်(Silk Road Economic Belt - SREB) နဲ့ အောက်တိုဘာမှာ ရေကြောင်းလမ်းပိုးလမ်းမကြီး (Maritime Silk Road-MSR)  တို့ကို စတင်တင်ပြခဲ့တဲ့ တရုတ် နိုင်ငံဟာ အဲဒီမတိုင်ခင်ကတည်း က ကြိုတင်ပြင်ဆင်မှုတွေ၊ ရင်းနှီး မြှုပ်နှံမှုတွေ စတင်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေအတွက် အထင်ရှားဆုံး ဥပမာကတော့ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်တန်းထားတဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက် လိုင်းတွေပဲ ဖြစ်ပါတယ်။ အဲဒီပိုက်လိုင်းတွေအတွက် တရုတ်နဲ့မြန်မာနှစ်နိုင်ငံ ၂၀၀၄ ကတည်းက စတင်ဆွေးနွေးညှိ နှိုင်းခဲ့ကြပြီး ၂၀၀၅ မှာ မြန်မာဆီ က သဘာဝဓာတ်ငွေ့တွေကို နှစ် ပေါင်း ၃၀ ၀ယ်ယူဖို့စာချုပ်ချုပ်ဆို ခဲ့ကြပါတယ်။ ၂၀၀၈ နိုဝင်ဘာမှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ် လိုင်းနဲ့ ရေနံပိုက်လိုင်းတစ်လိုင်း တည်ဆောက်ဖို့ သဘောတူညီ ခဲ့ကြပါတယ်။ ၂၀၀၉ မတ်လမှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအ တွက် တရားဝင်စာချုပ်ချုပ်ခဲ့သ လို အဲဒီနှစ်ဇွန်လမှာ ရေနံပိုက် လိုင်းအတွက် စာချုပ်ချုပ်ခဲ့ပါ တယ်။ ၂၀၀၉ အောက်တိုဘာ ၃၁ ရက်မှာ စီမံကိန်းတွေအတွက် ပန္နက်တင်ပွဲ အခမ်းအနားကို မဒေးကျွန်းမှာ ကျင်းပခဲ့ပါတယ်။
  • Mon 11 Dec 2017 - 19:55
    မဲဆန္ဒရှင် ပြည်သူလူထုက မဲရုံသို့ သွားရန် စိတ်ဝင်စားမှု လျော့နည်းလာခြင်းသည် ဒီမိုကရေစီစနစ် ဆိတ်သုဉ်းရန်တစ်စတစ်စ နီးကပ်လာခြင်းဖြစ်ကြောင်း ရှေးနိုင်ငံရေး သုခမိန်များက မိန့်ဆိုခဲ့သည်။
  • Sun 10 Dec 2017 - 23:36
    နိုင်ငံ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း ၍ နာမည်ကျော်စီးပွားရေးပညာရှင် ဦးမြင့်က တိုင်းပြည်စီးပွားရေးတိုးတက်အောင် အချက်လေးချက်ဆောင် ရွက်ရန် စနေနေ့က အကြံပြုခဲ့သည်။
  • Sun 10 Dec 2017 - 22:46
    (၁)
  • Sun 10 Dec 2017 - 20:06
    (၁) ရန်ကုန်မြို့နယ် ခြောက်မြို့နယ်ရှိနေရာ ကိုးနေရာတွင် လေထု ညစ်ညမ်းမှုတိုင်းတာမှုအရ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO) ၏ စံသတ်မှတ်ချက်ထက် ကျော်လွန် ပြီး လေထုညစ်ညမ်းနေကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက်ရ သည်။ လေထုညစ်ညမ်းမှုကို စက်မှုဇုန်နေရာများ၊ ယာဉ်ကြောသွားလာမှုများသည့် နေရာများဖြစ် သော ကမာရွတ်မြို့နယ် လှည်း တန်းလမ်းဆုံ၊ စမ်းချောင်းမြို့နယ် မြေနီကုန်းလမ်းဆုံ၊ ကျောက်တံ တားမြို့နယ် ဆူးလေလမ်းဆုံ၊ ကြည့်မြင်တိုင်မြို့နယ်၊ မင်္ဂလာဒုံ စက်မှုဇုန်၊ တာမွေမြို့နယ်၊ လှိုင် သာယာမြို့နယ်တို့တွင် စိမ်းလန်းအမိမြေအသင်းက တိုင်းတာခဲ့ခြင်း ဖြစ်သည်။ စိမ်းလန်းအမိမြေ အသင်းသည် လေထုညစ်ညမ်း မှုတိုင်းတာခြင်းကို ၂၀၁၆ စက် တင်ဘာနှင့် ၂၀၁၇ နိုဝင်ဘာအ တွင်း ပြုလုပ်ခဲ့သည်။ ထိုသို့တိုင်း တာခဲ့သော နေရာများအနက် ကြည့်မြင်တိုင်မြို့နယ်သည် လေ ထုညစ်ညမ်းမှု အမြင့်ဆုံးဖြစ်နေ သည်။ ယင်းနေရာများတွင် လေ ထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင်အောက်ဆိုက် စသည့် ဓာတ်ငွေ့များသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်စံနှုန်းထက် မြင့်မားနေခြင်းဖြစ်ကြောင်း သိရသည်။
  • Sat 09 Dec 2017 - 20:28
    ယနေ့ခေတ်ကမ္ဘာကြီးတွင် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် သက်ဆိုင်ရာ ပညာရပ်များအလိုက် သုတေသနပြုလုပ်ခြင်း၏ အခန်း ကဏ္ဍနှင့် အကျိုးပြုပုံများကို ပိုမိုသိရှိခံစားလာရပြီး သုတေသနလုပ်ငန်းများကို နိုင်ငံတော် အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ပိုမိုအားပေး ထောက်ပံ့လာသည်ကိုလည်း တွေ့ရှိရသည်။ မကြာသေးမီကာလမှ စတင်ကာ  နိုင်ငံတိုင်းတွင် သုတေသနလုပ်ငန်းများ ပိုမိုအားပေး အလေးထား ဆောင်ရွက်လာမှုနှင့် ထောက်ပံ့မှုများမှ သိသာထင်ရှားသော တိုးတက်အောင်မြင်လာမှုများ ရှိလာသည်။
  • Sat 09 Dec 2017 - 20:27
    (တစ်) အူလှိုက်သည်းလှိုက်ကြီးကို ရယ် နေကြတာပါဗျာ။ လေးငါးကောင် လောက်တော့ ရှိမှာပေါ့။ ခွေးအ တွေ။ တိရစ္ဆာန်စာကြည့်တိုက်ဆို လား ဘာဆိုလား ဖွင့်တော့ လူတွေက လှူတဲ့ စာအုပ်ကလေးတွေနဲ့၊ နည်းနည်းပါးပါး ချောင်ချောင် လည်လည်ရှိတဲ့ တိရစ္ဆာန်တွေက ဝယ်ပေးတဲ့ စာအုပ်ကလေးတွေနဲ့ အသင့်အတင့် ကြည့်ပျော်ရှုပျော် ဖြစ်လာတဲ့ စုံနံ့သာမြိုင်ထဲက စာကြည့်တိုက် ကလေးထဲမှာ တိရစ္ဆာန်တွေ အဝင်အထွက်ရှိ လာတဲ့အခါ ဂျက်ကွမ်းခြံကုန်းက အကဲခတ်တဲ့အနေနဲ့ ရောက် ရောက်သွားတတ်သဗျ။ ဘယ်စာ ကို ဖတ်ဟ၊ ဘယ်ကဗျာကို မှတ် ဟနဲ့လည်း ရံဖန်ရံခါဆိုသလို လမ်းညွှန်အကြံပေးမိပါရဲ့။
  • Fri 08 Dec 2017 - 22:15
    ဘေဂျင်းသည် စီးပွားရေးအရသာမက နိုင်ငံရေးအရလည်း ကမ္ဘာ့တစ်နံတစ်လျား သြဇာဖြန့်ကြက် ရန် ဗျူဟာမြောက်ပုံဖော်လျက်ရှိ နေသည်။ ရပ်ဝန်းနှင့်လမ်းကြောင်း (သို့မဟုတ်) ၂၁ ရာစုပိုးလမ်းမ ကြီးကို နိုင်ငံရေးအရ ကျားကန် ပေးမည့် နိုင်ငံရေးပိုးလမ်းမသစ် တစ်ခု ဖောက်လုပ်ရန် ဟန်ပြင် နေသည့် ခြေလှမ်းများကို တွေ့ နေရသည်။ တရုတ်ကွ
  • Fri 08 Dec 2017 - 21:29
    ကိုယောနှင့် မိမိတို့ကား အိမ် ထောင်သက် ခုနစ်နှစ်ရှိ၍ သား ကလေးအပါမှာ (၆)နှစ်သားရှိခဲ့ ပြီ... ။ ‘‘ဩော်... မိန်းမ မိန်းမ××× မင်းတို့ကတော့ ရှင်ဘုရင်××× ခင်ခင်မင်မင် တစ်သက်လုံးခိုင်းဖို့ မင်းတို့စိတ်ကမြင်×××’’ ‘‘ဆိုပြန်ပြီ ဒီသီချင်းကြီး ဘာ လဲ၊ ဘယ်သူက ဘာခိုင်းလို့လဲ’’
  • Fri 08 Dec 2017 - 20:51
    အေးမြသော ဆောင်း အထိအတွေ့က လူတို့၏ ပါးစပ်ဖျားတွင် ဆွိဒီဇင်ဘာကို ဖြစ်စေသည်။ ဒီဇင်ဘာသည် ဆောင်းလယ်ကာ လဖြစ်သော်လည်း သည်နှစ်တွင် မိုးရိပ်လေရိပ်ကြောင့် ဆောင်း အရသာကို ဒီဇင်ဘာရောက်မှသာ သိသိသာသာ ခံစားကြရသည်။
  • Thu 07 Dec 2017 - 22:04
    တရုတ်ကွန်မြူနစ် ပါတီ (စီစီပီ)ဟာ ဘေဂျင်းမြို့တော်မှာ နိုဝင် ဘာ ၃၀ ကနေ ဒီဇင်ဘာ ၃ ရက်ထိ ကာလအတွင်း ကမ္ဘာ့နိုင်ငံရေး ပါတီများစည်းဝေးပွဲကို ကျင်းပခဲ့ပါတယ်။ စီစီပီရဲ့ သမိုင်းမှာတော့ အခုလို ကမ္ဘာတစ်လွှားက နိုင်ငံရေး ပါတီတွေကို စုဝေးပြီး အဆင့်မြင့် အစည်းအဝေးတစ်ခု ကျင်းပတာပထမဆုံးအကြိမ် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စီစီပီရဲ့ ရည် မှန်းချက်တွေကို နိုင်ငံတကာ နယ်ပယ်က ပိုမို သတိထားမိလာစေဖို့ ကျယ်ကျယ်လောင်လောင် ဆော်ဩလိုက်တဲ့ အရိပ်လက္ခဏာတစ် ခုလို့လည်း ဆိုနိုင်ပါတယ်။ နိုဝင်ဘာ ၂၄ ရက်မှာ စီစီပီရဲ့ နိုင်ငံတကာဆက်ဆံရေးဌာန က သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပပြီး အစည်းအဝေးနဲ့ ပတ် သက်တဲ့ အချက်အလက်တွေကို အသိပေးထုတ်ပြန်လာခဲ့ပါတယ်။ ဒီဌာနဟာ စီစီပီရဲ့ဗဟိုကော်မတီ လက်အောက်ခံ အဓိက ဌာနကြီး ငါးခုထဲမှာ အပါအဝင် ဖြစ်ပါတယ်။ ကျန်တဲ့ ဌာနတွေကတော့ စည်းရုံးရေးဌာန၊ လုပ်ငန်းခွင်စည်း လုံးရေးဌာန၊ စုစည်းအကောင်အ ထည်ဖော်မှုဌာန၊ စည်းကမ်းထိန်း သိမ်းရေးဌာနတွေ ဖြစ်ပါတယ်။
  • Thu 07 Dec 2017 - 18:29
    (၁) One Belt One Road (OBOR) တို့၊ ၂၁  ရာစုပိုးလမ်းမ ကြီးတို့ ပြောနေကြပေမယ့် အများ စုက သိပ်စိတ်မ၀င်စားကြသေး သလို အချို့ကလည်း ဘာကိုဆို လိုမှန်းကို မသိကြသေးပါဘူး။ ဒါ ပေမဲ့ အဲဒီ OBOR တို့၊ ၂၁ ရာစုပိုး လမ်းမကြီးတို့ ဆိုတာ စိနတိုင်း သားတွေပြောတာလို့ သိတာနဲ့ တစ်ပြိုင်နက်မြန်မာနိုင်ငံသားအ များစုစိုးရိမ်ပူပန်မှု ဖြစ်ကြတာ တော့ အသေအချာပါပဲ။ ကိုယ့် နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင် ဆိုင်မှုကိုပဲ ထိပါးတော့မှာလား၊ ကိုယ့်နိုင်ငံကိုပဲလာပြီး သိမ်းပိုက် တော့မှာလားလို တွေးပူကြသူတွေ တစ်ပုံကြီးပါပဲ။ အခြေအနေပိုဆိုးသွားတာကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးရေး ငြင်းဆန်နေတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ က OBOR ကို ထောက်ခံကြောင်း ကြေညာချက်ထုတ်လိုက်တော့ ပို ပြီးယုန်ထင်ကြောင်ထင် ဖြစ်ကုန် ကြပါတော့တယ်။ ဟုတ်တာ မ ဟုတ်တာအပထားလို့ အဲဒီအဖွဲ့ တွေအပေါ် တရုတ်နိုင်ငံရဲ့ သြဇာ လွှမ်းမိုးမှုကြီးကြီးမားမားရှိတယ် ဆိုတဲ့ သံသယတွေကလည်း ရှိ တယ်မဟုတ်လား။
  • Wed 06 Dec 2017 - 20:58
    ‘ဆရာမှိုင်း ခါတိုင်းသို့ မ ပျော်’ ဟု ဆရာကြီးသခင်ကိုယ် တော်မှိုင်း စာချိုးသလို ကျွန်တော် လည်း စာချိုးချင်မိတော့သည်။ ဖြစ်ပုံက မိတ်ဆွေတစ်ဦးနှင့်လက် ဖက်ရည်ဆိုင်ထိုင်မိရာက ရလာ သည့် ဝေဒနာဟုပင်ဆိုရမည်ထင် သည်။ လက်ဖက်ရည်ဆိုင်မှာကျွန် တော်တို့ ထိုင်မိကြပြီး မကြာမီမိတ် ဆွေထံသို့ ဖုန်းဝင်လာသည်။ ဖုန်း ထဲက အသံကို သည်အတိုင်းကြား နေရသည်။ တစ်ဖက်က မိတ်ဆွေ ဘယ်မှာရှိသလဲ မေးနေခြင်းဖြစ် ၏။ မိတ်ဆွေက လက်ဖက်ရည် ဆိုင်မှာဟု ဆိုလိုက်တော့ ကျွန် တော် ခဏလာတွေ့မယ်ဟုဆို ကာ ဖုန်းချသွားသည်။
  • Wed 06 Dec 2017 - 20:07
    (၁) အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထား ခြင်းမရှိသော အရက်၊ စီးကရက်၊ ဝိုင်အမျိုးမျိုးနှင့် တရားမဝင် တင် သွင်းထားသည့် ဘီယာအမျိုးမျိုး တို့အား ရှာဖွေ၊ သိမ်းဆည်းအရေး ယူမည်ဖြစ်ကြောင်းကို ပြည်တွင်း အခွန်များဦးစီးဌာနမှနေ၍ အသိ ပေးကြေညာထားပါတယ်။ အထူး ကုန်စည်များဖြစ်သည့် အရက်၊ စီးကရက်၊ ဝိုင်အမျိုးမျိုးတို့အား သတ်မှတ်ထားသော အခွန်အ မှတ်တံဆိပ်ကပ်နှိပ်ပြီးမှ ရောင်းချ ရန် သတ်မှတ်ထားကြောင်း၊ သတ်မှတ်ထားသည့် အခွန်အမှတ်တံ ဆိပ်ကပ်နှိပ်ထားခြင်းမရှိသော အရက်၊ စီးကရက်၊ ဝိုင်အမျိုးမျိုး နှင့် တရားမဝင် တင်သွင်းထား သော ဘီယာအမျိုးမျိုးတို့ကို စိစစ် တွေ့ရှိပါက တွေ့ရှိသည့် အဆိုပါ အထူးကုန်စည်များကို အထူးကုန် စည်ခွန်ဥပဒေနှင့်အညီ ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည် ဖြစ်ကြောင်း၊ ထို့ပြင် လက်ဝယ် ထားရှိရောင်းချသူသည် သိမ်း ဆည်းခြင်းခံရသည့် အထူးကုန် စည်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းကို ဒဏ်ငွေအဖြစ် ပေးဆောင်ရမည် ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသော အထူးကုန်စည်များသည် ပြည် တွင်း၌ ထုတ်လုပ်သော အထူး ကုန်စည်ဖြစ်ပါက ယင်းကုန်စည် ကို ထုတ်လုပ်သူကလည်း ယင်း အထူးကုန်စည်တန်ဖိုး၏ ၅၀ ရာ ခိုင်နှုန်းကို ဒဏ်ငွေအဖြစ် ပေး ဆောင်ရမည်ဖြစ်ကြောင်း၊ အခွန် အမှတ်တံဆိပ်ကပ်နှိပ်ထားခြင်း မရှိသော အရက်၊ စီးကရက်၊ ဝိုင် အမျိုးမျိုး၊ တရားမဝင် တင်သွင်း ထားသော ပြည်ပနိုင်ငံထုတ် ဘီ ယာအမျိုးမျိုးတို့ကို ရှာဖွေဖော် ထုတ်သိမ်းဆည်းရန် ဈေးကွက်အ တွင်း ရှောင်တခင် ဝင်ရောက်စစ် ဆေးခြင်းအား အထူးကုန်စည်ခွန် ဥပဒေတွင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များနှင့်အညီ အ ကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ဝယ်ယူ ရောင်းချခြင်းမပြုလုပ်ကြရန် ကြို တင်အသိပေးအပ်ပါကြောင်း ပါ ရှိပါတယ်။
  • Wed 06 Dec 2017 - 16:48
    ဦးခင်မောင်သန်း တစ်ယောက် ရေမီးအစုံပါသည့် အဆောက်အအုံ တစ်ခုကို နာရီပိုင်းအတွင်း တည် ဆောက်နိုင်သော၊ ဖြုတ်၍ တပ်၍ ရပြီး တစ်နေရာမှ တစ်နေရာနာရီ ပိုင်းအတွင်း ရွှေ့ပြောင်းနိုင်သော အဆောက်အအုံငယ်လေးတွေကို သဘောအကျကြီးကျနေသည်။ 
  • Wed 06 Dec 2017 - 14:34
    ဆောက်လုပ်ရေးဝန်ကြီးဌာန ၏ သက်တမ်းသည် ၁၃၁ နှစ်ရှိခဲ့ ပြီဟု သိရှိရ၏။ ကိုလိုနီနယ်ချဲ့ ခေတ်တွင် စတင် ဖွဲ့စည်းခဲ့သော Public Works Department (PWD) (ခေါ်)ပြည်သူ့လုပ်ငန်း ဦးစီးဌာနကို အခြေခံ၍ လွတ်လပ်ရေးရရှိပြီးသောအခါ ‘ပြည်သူ့လုပ်ငန်းနှင့် အိမ်ရာဆောက်လုပ်ရေးဝန်ကြီးဌာန’ဖြစ်ပေါ်လာခဲ့၏။ အဆင့်ဆင့် ပြောင်းလဲမှု၏ နောက်ဆုံးအမည်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနဖြစ်ခဲ့လေ၏။ PWD သည်အောက်မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းယူပြီးနောက် ၁၈၆၉ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့ကြောင်း ဦးအေးချို (မဟာဝိဇ္ဇာ)၏ ဆောင်းပါးတစ်ပုဒ်အရ သိရှိရ၏။ ထိုကာလမှ ရေတွက်လျှင် ၁၄၈ နှစ်ရှိပြီဖြစ်၏။ သို့သော် တစ်နိုင်ငံလုံး အတိုင်းအတာ ဖွဲ့စည်းဖြစ်ပေါ်ခဲ့သောနှစ်မှာ ၁၈၈၆ ခုနှစ်ဖြစ်၏။ ထို့ကြောင့် ၁၈၈၆ ခုနှစ်မှ စတင်ရေတွက်ပြီး (၁၃၁)နှစ် ပြည့်မြောက်သော အခမ်းအနားကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့တွင် နေပြည်တော်၌ ခမ်းနားစွာကျင်းပခဲ့ ကြောင်း တွေ့ရှိရပေသည်။
  • Wed 06 Dec 2017 - 14:32
    (၁)

Pages

Subscribe to Opinion