News

  • Sat 16 Sep 2017 - 20:48
     ၂၀၁၇ တက္ကသိုလ်စာ မေးပွဲအောင်မြင်ပြီး တက္ကသိုလ် ၁၀ ခုသို့ တက်ရောက်ရန် ငွေ ကြေးအခက်အခဲရှိသော ကျောင်း သား၊ ကျောင်းသူများအား ဆရာ တော်အရှင်ဆန္ဒာဓိက၏ ရွှေပါရ မီ ပညာရေး ဖောင်ဒေးရှင်းက ပညာသင်ဆုချီးမြှင့်မည်ဟု ကြေ ညာထားသည်။
  • Sat 16 Sep 2017 - 20:45
     အသက်(၁၇)နှစ်မှ (၃၅) နှစ်အတွင်း လူငယ်များသည် ကုန် ပစ္စည်းဝယ်ယူရာတွင် ဆိုရှယ်မီဒီ ယာပေါ်မှ သတင်းအချက်အ လက် ပိုမိုရယူလေ့ရှိကြောင်း Veroကုမ္ပဏီစစ်တမ်း၌ ဖော်ပြထား သည်။
  • Sat 16 Sep 2017 - 20:42
     မြန်မာနိုင်ငံ၏ ဒီမိုကရေ စီ အခြေခံအုတ်မြစ်ခိုင်မာရန် ဆက်လက်ကြိုးပမ်းရာတွင် အနု ပညာရှင်များ၏ အခန်းကဏ္ဍ သည် အရေးကြီးသည့်ကဏ္ဍ၌ ပါဝင်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော ကြားသည်။
  • Sat 16 Sep 2017 - 20:41
     မြို့ပြဘေးအန္တရာယ် လျှော့ချရေး စီမံချက်ကို လှိုင်သာ ယာမြို့နယ်ရှိ ရပ်ကွက်လေးခုနှင့် စာသင်ကျောင်း ၂၀ တွင် အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဘေးဒုက္ခစီမံခန့်ခွဲရေး ဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်းကပြောသည်။
  • Fri 15 Sep 2017 - 23:53
     မြန်မာနိုင်ငံတွင် ပထမ ဆုံးအဖြစ် ဂျပန်နည်းပညာသုံး အ ဆင့်မြင့် မိုးလေဝသစောင့်ကြည့် ရေးစနစ်ကို သီလဝါစီးပွားရေးဇုန် ၌ တပ်ဆင်ထားကြောင်း မြန်မာ-ဂျပန် သီလဝါဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက သတင်းထုတ်ပြန်သည်။
  • Fri 15 Sep 2017 - 23:52
    ရန်ကုန်မြို့လယ်ကောင် လူစည်ကားရာနေရာတွင် ဖွင့်လှစ်ထားသည့် ရတနာဆိုင်အ တွင်း အမျိုးသားတစ်ဦးက ယမန် နေ့ နံနက်၌ ၀င်ရောက်ကာ ကျပ်သိန်း ၈၀ တန် ရတနာပစ္စည်း တစ်မျိုးကို လုယက်ခဲ့သည်။ ရတနာရွှေဆိုင် အများအပြားရှိရာ ပန်းဘဲတန်းမြို့နယ် မဟာဗန္ဓုလလမ်းပေါ် ၂၉ လမ်းအနီး ဖွင့်လှစ်ထားသည့် Dia-mond 54 ရတနာဆိုင်တွင် စက်တင်ဘာ ၁၅ ရက် နံနက် ၉ နာရီခန့် ဆိုင်ဖွင့်ချိန်၌ ဖြစ်ပွားခဲ့သည်။
  • Fri 15 Sep 2017 - 23:51
     နယ်စပ်ဒေသ မောင် တောမှ တစ်ဖက်နိုင်ငံသို့ ရွာလုံး ကျွတ်အပါအဝင် ထွက်ပြေးတိမ်း ရှောင်သည့် ဘင်္ဂါလီကျေးရွာ နှစ်ရာကျော်ရှိပြီး ယင်းကျေးရွာများသည် အကြမ်းဖက်သမားများနှင့် အဆက်အသွယ်ရှိသည့် ကျေးရွာများဖြစ်ကြောင်း အစိုးရသတင်း ထုတ်ပြန်ရေးကော်မတီက စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန် သည်။
  • Fri 15 Sep 2017 - 23:51
    ဒီမိုကရေစီကို မလိုလားသူများ၊ ဒီမို ကရေစီလိုလားသော်လည်း မင်းသားကြီးမလုပ်ရသော ကြောင့် ပတ်မကြီး ထိုးဖောက်လိုသော ဒီမိုကရေစီ ကဖျက်ယဖျက်သမားများ၊ အာဏာရှင်စနစ်တည်မြဲ ရေး ဒီမိုကရေစီကို အလွဲသုံးစားလုပ်သူများ၊ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြင့် ပြည်သူ့ အာဏာကိုရယူရန် မကြိုးစားဘဲ ရရာနည်းလမ်းဖြင့် ရယူရန်ကြိုးစားသူများသည် ဒီမိုကရေစီအန္တရာယ် များဖြစ်ပြီး အထူးသတိပြုရန် လိုအပ်ကြောင်း ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေးသည်။
  • Fri 15 Sep 2017 - 23:50
     ရှယ်ယာငွေ ဒေါ်လာ တစ်သန်းခွဲကျော် လိမ်လည်ထွက် ပြေးခဲ့သည့် Myanmar Junwell Global ကုမ္ပဏီကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် စသုံးလုံး (အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန) က ခေါ်ယူစစ်ဆေးဖူးသော်လည်း အရေးယူခံရခြင်း မရှိကြောင်း ကုမ္ပဏီ ဒါရိုက်တာဟောင်း ဦးကျော်စွာဟိန်းကပြောသည်။ အစုရှယ်ယာဝင်များ ဖိတ်ခေါ်၍ J Coin နှင့် J Card ဈေးဝယ်ကတ်ရောင်းချသော လုပ်ငန်းများ လုပ်ကိုင်သည့် အဆိုပါကုမ္ပဏီလီမိတက်ပိုင်ရှင် မလေးရှားနိုင်ငံသား တရုတ်လူမျိုးလေးဦးသည် ရှယ်ယာဝင်များထံမှ ဒေါ်လာတစ်သန်းခွဲ (ကျပ်သန်းနှစ်ထောင်ကျော်)ကို စက်တင်ဘာ ၃ ရက်တွင် လိမ်လည်တိမ်းရှောင်သွား သည်။
  • Fri 15 Sep 2017 - 23:50
    ဘင်္ဂါလီဒုက္ခသည်များအ ရေးနှင့် ပတ်သက်ပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ သွားရောက်သတင်း ဓာတ်ပုံ ရိုက်ကူးသည့် မြန်မာဓာတ် ပုံ သတင်းထောက်နှစ်ဦးကို သူ လျှိုဟု စွပ်စွဲကာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးထား သည်။
  • Fri 15 Sep 2017 - 23:37
    ဘင်္ဂါလီများအား ရိက္ခာ ရောင်းသည်ဟု စွပ်စွဲ၍ရိုက်နှက် အနိုင်ကျင့်သူများကို မြေပုံမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြား ထားကြောင်း ကာယကံရှင်ဒေါ်စိုး ချေက ပြောသည်။ စက်တင်ဘာ ၁၂ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမြေပုံ မြို့ ရွာသစ်ကေရပ်ကွက်နေ ဒေါ် စိုးချေအား ဘင်္ဂါလီများကို ရိက္ခာ ရောင်းသည်ဟု မြေပုံမြို့မှလူတစ် စုက စွပ်စွဲ၍ လက်သီးဖြင့်ထိုး ကြိတ်ခြင်း၊ ဆံပင်ဖြတ်ခြင်း၊ အ မျိုးသားရေးသစ္စာဖောက်ဟု စာ ကပ်၍ မြို့တစ်ပတ်လှည့်လည် စေခြင်းတို့ ပြုလုပ်သဖြင့် ကာယကံရှင်က တရားစွဲရန် ပြင်ဆင် နေသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြေပုံမြို့မရဲစခန်းက ဒေါ်စိုးချေ၏ ဆေးစာရရှိမှသာ အမှုဖွင့်ခွင့်ပြု မည်ဖြစ်ပြီး ဆေးစာအပေါ်မူတည် ၍ လုပ်ထုံးလုပ်နည်းအတိုင်းလုပ် ဆောင်မည်ဖြစ်ကြောင်း စခန်းမှူး ဒုရဲမှူးအောင်တင်မိုးက စက်တင် ဘာ ၁၆ ရက်တွင် 7Day Daily သတင်းစာအား ဖြေကြားသည်။
  • Fri 15 Sep 2017 - 23:35
     ရခိုင်ပြည်နယ်အခြေအ နေနှင့် ပတ်သက်၍ ထားဝယ်မြို့ ၌အမျိုးသားရေးလှုပ်ရှားသူဆိုသူအချို့ ဦးဆောင်ပြုလုပ်မည့် စီတန်းလမ်းလျှောက် ဆန္ဒထုတ် ဖော်ပွဲကို ငြိမ်းစုစီဥပဒေနှင့်အညီ ခွင့်ပြုပေးမည် ဖြစ်သော်လည်း ဘာသာရေး၊ လူမျိုးရေးကို ထိခိုက် စေသော ဆိုင်းဘုတ်များနှင့်ကြွေး ကြော်သံများ မပြုရန်တားမြစ်၍ လုံခြုံရေးကို စနစ်တကျစီစဉ်ထား ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောသည်။  ယခင်စီစဉ်ထားသော ရွှေဝယ်သီရိရင်ပြင်တွင် ခွင့်မပြုဘဲတိုင်းလွှတ်တော်ရှေ့ရှိ ဟစ်တိုင်ကွင်း၌ ပြုလုပ်ရန်သတ်မှတ်ပေးထားသည်။ ထို့အပြင် ဆန္ဒဖော်ထုတ်မည့်လမ်းကြောင်းကိုလည်း သတ်မှတ်ပေးထားကြောင်း ၎င်းကဆိုသည်။
  • Fri 15 Sep 2017 - 23:34
     ဒေါ့ဆူရီ မုန်တိုင်းသည် မုန်တိုင်းငယ်အဖြစ် မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားနေစဉ် ဘင်္ဂလားပင်လယ်အော်၌ လေဖိ အားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ် ပေါ်နေပြီး နေရာကွက်၍ မိုးကြီးမှု နှင့် လေပြင်းအန္တရာယ်သတိပြုရန် မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးသည်။  တောင်တရုတ်ပင်လယ် တွင် ဖြစ်ပေါ်နေသော ဒေါ့ဆူရီမုန်တိုင်းသည် စက်တင်ဘာ ၁၅ ရက် နံနက်၌ ဗီယက်နမ်အလယ်ပိုင်းကမ်းခြေကို ဖြတ်သန်းပြီးနောက် စက်တင်ဘာ ၁၆ ရက် ညနေတွင် ရှမ်းပြည်နယ်အနီးသို့ မုန်တိုင်းငယ်အဆင့်ဖြင့် ရောက်ရှိလာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် စက်တင်ဘာ ၁၅ ရက် ညနေက စတင်ကာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာသည်။
  • Fri 15 Sep 2017 - 23:26
     မောင်တောမြို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦး ဖမ်းမိပြီး စစ်ဆေးနေကြောင်း အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က ပြောသည်။
  • Fri 15 Sep 2017 - 23:25
    ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် တိုင်းရင်းသားပါတီအချို့က စက်တင်ဘာ ၁၅ ရက်တွင်ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားတွင် စာတမ်းတင်သွင်း၍ တောင်းဆိုသည်။
  • Fri 15 Sep 2017 - 23:24
    အစိုးရ၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှု ဖြစ်စဉ်၌ အဓိက အားနည်းချက်နှစ်ချက်ကို ရှမ်း ပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က စက် တင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ပြော ကြားသည်။
  • Fri 15 Sep 2017 - 21:23
     မြန်မာလုပ်သား ၁၄ ဦး အား လုပ်အားခနစ်နာကြေးအဖြစ် ဘတ်ငွေ ၁ ဒသမ ၇ သန်း (မြန်မာငွေ ကျပ်သိန်း ၆၈၀) ပေးအပ်ရန် ထိုင်းနိုင်ငံ ကြက်မွေးမြူရေးခြံပိုင်ရှင်ကို ထိုင်းနိုင်ငံ ဗဟိုတရားရုံးက စက်တင်ဘာ ၁၄ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။ ထိုင်းနိုင်ငံ လွတ်ပူရီခရိုင်ရှိ ကြက်မွေးမြူရေးခြံတွင် လုပ်ကိုင် နေသော မြန်မာလုပ်သား ၁၄ ဦး သည် လုပ်အားခနစ်နာကြေးများ ရရှိရန် ၂၀၁၆ ဩဂုတ်ကတည်း က အမှုဖွင့်တိုင်ကြားထားသည်။ ယင်းတိုင်ကြားမှုကို ထိုင်းနိုင်ငံ အ လုပ်သမားဥပဒေခုံရုံးက နစ်နာ ကြေးအဖြစ် ဘတ်ငွေ ၁ ဒသမ ၇ သန်း ပေးအပ်ရန် ပြီးခဲ့သည့် ဩဂုတ်အတွင်း အမိန့်ချမှတ်ရာ ထိုင်းအလုပ်ရှင်က အယူခံရုံးသို့ အယူခံ တက်ရောက်ခဲ့သည်။ ယင်းအယူခံအမှုကို ထိုင်းနိုင်ငံ ဗဟိုတရားရုံးက ယခင်ချမှတ် ထားသော ပြစ်ဒဏ်ကို ထပ်မံအ တည်ပြုချမှတ်ခဲ့သည်။
  • Fri 15 Sep 2017 - 21:22
    ရာသီတုပ်ကွေး(H1N1) ရောဂါ ဖြစ်ပွားသေဆုံးမှု စက်တင်ဘာ ပထမပတ်ကစ၍ သိသာစွာကျဆင်းလာသဖြင့် ယင်းရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်သည့်အခြေအနေအဖြစ် သတ် မှတ်ဆောင်ရွက်နေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန သုံးသပ်ချက်တွင် ဖော်ပြထား သည်။
  • Fri 15 Sep 2017 - 20:53
     သြဂုတ်အတွင်း ပြည် တွင်း၊ ပြည်ပ အလုပ်အကိုင်ရှာ ဖွေပေးနိုင်မှု ခြောက်လအတွင်း အများဆုံးအဖြစ် စာရင်းဝင်ခဲ့ ကြောင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန် သည်။ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန၏ လအလိုက် ပြည် တွင်း၊ ပြည်ပ အလုပ်အကိုင်ရှာ ဖွေပေးနိုင်မှု ထုတ်ပြန်ချက်စာရင်း အရ သြဂုတ်တွင် အလုပ်အကိုင် ရရှိမှုသည် ၂၀၁၇ ယခင်ငါးလကထက် စံချိန်တင်မြင့်တက်ခဲ့သည်။  ‘‘အခါတိုင်းလတွေဆိုရင် ပြည်တွင်း ရှာဖွေပေးနိုင်မှု မြင့် တက်ပေမယ့် ပြည်ပ အလုပ်ရှာဖွေပေးနိုင်မှု အရေအတွက်က ကျတာ မျိုး ဖြစ်လေ့ရှိတယ်။ သြဂုတ်မှာ တော့ ပြည်တွင်းရော၊ ပြည်ပရော အလုပ်ရှာဖွေပေးနိုင်မှုက တက် သွားတာတွေ့ရတယ်’’ ဟု အလုပ် သမား ညွှန်ကြားမှု ဦးစီးဌာနတာ ဝန်ရှိသူတစ်ဦးက ပြောသည်။
  • Fri 15 Sep 2017 - 20:51
     ပြည်မြို့အနီးဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခုယမန်နေ့ နံနက်က လှုပ်ရှားခဲ့ပြီး ထိခိုက် ပျက်စီးမှုမရှိခဲ့ကြောင်း ပဲခူးတိုင်း ဒေသကြီးကယ်ဆယ်ရေးနှင့်ပြန် လည်နေရချထားရေးဦးစီးဌာန ဦးစီးမှူးဦးသိန်းဌေးကပြောသည်။ ပြည်မြို့၏ အနောက် မြောက်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ စက်တင်ဘာ ၁၅ ရက် နံနက် ၈ နာရီခန့်ကလှုပ်ရှားခြင်း ဖြစ်သည်။

Pages

Subscribe to News