News

  • Thu 17 May 2018 - 21:53
    မန္တလေးတိုင်းဒေသကြီး တွင် ယခုနှစ်နွေရာသီသောက်သုံး ရေပြတ်လပ်မှုကြောင့် ဖြန့်ဝေရ သည့်ကျေးရွာ ၁၇ ရွာရှိကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနတိုင်းညွှန်ကြားရေး မှူးဦးမင်းဟန်က ပြောသည်။
  • Thu 17 May 2018 - 21:53
    မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ် (ဆ)ရပ်ကွက်တွင် မေလကုန်၌ ဈေးသစ်တစ်ဈေး စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီဝင် ဦးကျော်ဆန်း မြင့်က ပြောသည်။
  • Thu 17 May 2018 - 21:50
     မြန်မာ့သရက်သီးမျိုး စိတ်များ နိုင်ငံတကာဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရန် ရည်ရွယ် သည့် သရက်သီးဈေးရောင်းပွဲ တော်ကို ယခုလအတွင်း မန္တလေး မြို့၌ ကျင်းပမည်ဟု မြန်မာ့ သရက်ဈေးကွက်နှင် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း အ တွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။
  • Thu 17 May 2018 - 21:49
    မန္တလေးမြို့ ကျောက် တော်ကြီးဘုရားရတနာပုံမုခ်ဦး ကြီးဘုရားအ၀င်ပေါက်တွင် သစ်  သီးရောင်းသူအမျိုးသမီးနှစ်ဦး စကားများနေစဉ် ၀င်ရောက်ဖျန် ဖြေသည့်အမျိုးသမီးတစ်ဦးဓား ထိုးခံရကြောင်း  မဟာအောင်မြေ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
  • Thu 17 May 2018 - 21:28
     မူဆယ်တိုက်ခိုက်ခံရမှု တွင် ဒဏ်ရာရသူတစ်ဦး ထပ်မံ သေဆုံးသွားရာ သေဆုံးသူ ၂၁ ဦးရှိပြီဖြစ်သည်။ မူဆယ်မြို့နယ်တွင် မေလ ၁၂ ရက် နံနက်က ဖြစ်ပွားသည့် တအာဝ်း လက်နက်ကိုင်အဖွဲ့ (TNLA) ၏ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူများအနက် အသက် (၅၂)နှစ်အရွယ် အမျိုးသားတစ်ဦး  မေလ ၁၆ ရက် ညတွင် ထပ်မံသေဆုံးခဲ့သည်။
  • Thu 17 May 2018 - 21:28
    မိခင်ဝမ်းဗိုက်ထဲတွင် အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲသောရောဂါ (rheumatoid arthritis)နှင့် ထိတွေ့ခဲ့သော သန္ဓေသားများသည် ပြင်းထန်သောရောဂါအချို့ ဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မား နိုင်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။ ကိုယ်ဝန်ဆောင်ချိန်အတွင်း ယင်းရောဂါရှိသော မိခင်များက မွေးလာသည့် ကလေးများသည် ယင်းရောဂါမရှိသော မိခင်များက မွေးလာသည့် ကလေးများနှင့် နှိုင်းယှဉ်ပါက ပြင်းထန်သောရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်ပိုမြင့်မားကြောင်း Arthritis Care and Research ဂျာနယ်တွင် များမကြာမီက ဖော်ပြခဲ့သော လေ့လာမှုအရ သိရသည်။
  • Thu 17 May 2018 - 21:27
    စစ်ပွဲများရပ်တန့်ရန် ဆန္ဒပြမှုများကြောင့် ယခုလအတွင်း တစ်နိုင်ငံလုံး၌ တရားစွဲဆိုခံထားရမှု ၁၄ မှုရှိပြီး ငြိမ်းချမ်းရေးတက် ကြွလှုပ်ရှားသူ ၄၅ ဦး တရားရင် ဆိုင်နေရသည်။ ငြိမ်းချမ်းရေး လှုပ်ရှားမှု ကြောင့် ငြိမ်းစုစီပုဒ်မများဖြင့် တရားစွဲဆိုခံရမှုသည် ရန်ကုန် တိုင်းတွင် ခုနစ်မှုဖြင့် ၂၉ ဦး၊ မန္တလေးတိုင်းတွင် သုံးမှုဖြင့် ခုနစ်ဦး၊ ပဲခူးတိုင်းတွင် နှစ်မှုဖြင့် ငါးဦးနှင့် ကချင်ပြည်နယ်တွင် ငြိမ်းစုစီပုဒ်မအပြင် အသရေဖျက်မှုပုဒ်မ ၅၀၀ ဖြင့် တရားရင်ဆိုင်နေရသူလေးဦး စုစုပေါင်း ၄၅ ဦးထိ ရှိနေ ကြောင်း အသံ (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှု အဖွဲ့)နှင့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျုဒ် (ISP Myanmar) က မေလ ၁၆ ရက်၌ သတင်းထုတ်ပြန်သည်။
  • Thu 17 May 2018 - 20:57
     စားသုံးသူအခွင့်အရေး နှင့်ပတ်သက်၍ အွန်လိုင်းဝက်ဘ် ဆိုက် (သို့မဟုတ်) Call Center မှတစ်ဆင့် လွယ်ကူစွာတိုင်ကြား နိုင်ရန် စီစဉ်နေကြောင်း စားသုံး သူရေးရာဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူး ဦးစိုးအောင်က ပြော သည်။ စားသုံးသူရေးရာဦးစီးဌာန သည် doca.gov.mm ကို ဧပြီ နောက်ဆုံးပတ်တွင် စမ်းသပ်လွှင့် တင်ခဲ့ပြီး တိုင်ကြားမှုများကို အဆိုပါ ဝက်ဘ်ဆိုက်မှတစ်ဆင့် လက် ခံခဲ့သည်။ ‘‘အခုလောလောဆယ် တိုင်ကြားသူဆီက ကုတ်ပြန်ပို့တာ အဆင်မပြေသေးဘူး’’ဟု ၎င်းက ပြောသည်။
  • Thu 17 May 2018 - 20:19
    ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကော လိပ်၊  ကောလိပ်များမှ ဆရာ၊ ဆရာမများအား ယခုပညာသင် နှစ်ကစတင်ကာ ကျောင်းဝတ်စုံ ပုဆိုး၊ လုံချည်တစ်ထည်စီ အခမဲ့ ထုတ်ပေးမည်ဟု အဆင့်မြင့် ပညာဦးစီးဌာနညွှန်ကြားရေးမှူး ချုပ်ဒေါက်တာသိန်းဝင်းက ပြော သည်။
  • Thu 17 May 2018 - 19:24
     မကွေးတိုင်း အောင် လံမြို့နယ်တွင် တောင်သူများအား ယခုနှစ် မိုးရာသီစိုက်ပျိုး စရိတ် ချေးငွေကျပ် ကိုးဘီလီယံ ကျော်ထုတ်ချေးရန် ခွင့်ပြုထား ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ် အောင်လံမြို့နယ် မန် နေဂျာ ဒေါ်ကြူကြူဝင်းက ပြော ကြားသည်။
  • Thu 17 May 2018 - 19:22
      မောင်တောခရိုင် တွင် ပိတ်ထားရဆဲဖြစ်သည့် အ ခြေခံပညာကျောင်း ၁၀၀ ကို လာမည့်ကျောင်းဖွင့်ရာသီတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက ပြောသည်။
  • Thu 17 May 2018 - 19:21
    မကွေးမြို့နယ်အတွင်းရှိ အမှတ် (၅၀၁၃) တင့်ကားတပ်မှ သိမ်းဆည်းခဲ့သည့် လယ်ယာမြေ များအနက် ၅၀၂ ဧကကို ပြန်လည်စွန့်လွှတ်၍ မူလပိုင်ဆိုင်သည့် တောင်သူများအား  ပေးအပ်ရန် အစီအစဉ်ရှိသဖြင့် တိုင်းတာမှုများ ဆောင်ရွက်နေကြောင်း မကွေးမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးပိုင်သူရချိုက ပြောသည်။
  • Wed 16 May 2018 - 22:18
    မုန်တိုင်းနှင့် ငလျင်လှုပ် ခတ်မြည်ဆိုသော သဘာဝဘေး ကောလာဟလများ ဆက်တိုက် ထွက်ပေါ်နေပြီး လူထုအနေဖြင့် သတင်းအမှားများကို မယုံကြည် ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတိပေးသည်။
  • Wed 16 May 2018 - 22:17
    တပ်မတော်ကို အသ ရေဖျက်သည်ဆိုကာ  ရာဇ သတ်ကြီးပုဒ်မ ၅၀၀ ဖြင့်တရားစွဲ ဆိုခံရသည့် ပိတ်မိစစ်ရှောင်များ ကယ်ထုတ်ပေးရေး မြစ်ကြီးနား မြို့တွင်ဆန္ဒထုတ်ဖော်ခဲ့သည့် ဦး ဆောင်သူသုံးဦးအနက် နှစ်ဦးကို မြို့နယ်တရားရုံးက အာမခံပေး ပြီး မေလ ၂၁ ရက်တွင်အမှုကို ကြားနာစစ်ဆေးရန် ထပ်မံချိန်းဆို ခဲ့သည်။
  • Wed 16 May 2018 - 22:11
    ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းနှင့် ဒေါ်လာတန်ဖိုး မြင့်တက်ခြင်းကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်း မေလအ တွင်း ၃ ရာခိုင်နှုန်းခန့် မြင့်တက်လာသည်။
  • Wed 16 May 2018 - 22:10
    ရိုက်တာသတင်း ထောက်နှစ်ဦးနှင့်တွေ့ဆုံရာတွင် ပါဝင်သော ရဲတပ်ကြပ်ကြီးခင် မောင်လင်းကို ရဲစည်းကမ်းထိန်း သိမ်းရေးဥပဒေဖြင့် အရေးယူကာ ရာထူးမှ ထုတ်ပယ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ (နေပြည်တော်)မှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုး သူစိုးက ပြောသည်။တပ်ကြပ်ကြီးခင်မောင်လင်း ကို ရာထူးမှ အမြဲတမ်းထုတ်ပယ် ကြောင်း ရဲမှုခင်းမှတ်တမ်းအဖွဲ့က ယမန်နေ့ရုံးထုတ်တွင် လာရောက် ထွက်ဆိုခဲ့သည်။
  • Wed 16 May 2018 - 22:09
    သီလ၀ါဆိပ်ကမ်းမြေ တွင် ဒေသခံလယ်သမားများနှင့်  မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီတို့  ပဋိပက္ခဖြစ်ပွားခဲ့ခြင်းနှင့် ပတ် သက်၍ နိုင်ငံတော်သမ္မတအပါအ ၀င် သက်ဆိုင်ရာဌာနများသို့ တစ် ပတ်အတွင်းတင်ပြတိုင်ကြားမည် ဖြစ်ကြောင်း လယ်သမားများက မေလ ၁၆ ရက်တွင် ပြောကြားသည်။
  • Wed 16 May 2018 - 22:07
    ရွှေတိဂုံစေတီ၏ အလှူငွေများကို ဘဏ်တွင် နောက်ဆုံးအပ်နှံထားမှုသည် စုစုပေါင်း ကျပ် ၆၇ ဘီလီယံနှင့် ကန်ဒေါ်လာ ၁၅ သန်းကျော်ရှိပြီး ငွေစုစာအုပ်များမှ ယခင်နှစ်အတွင်း အတိုးကျပ် သိန်း ၄,၇၀၀ ကျော်ရ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။
  • Wed 16 May 2018 - 22:07
     ဝေဖန်မှုများရှိခဲ့သည့် ‘ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဖြင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာလုပ် ငန်း စီမံကိန်းအစီရင်ခံစာ ၂၀၁၈-၂၁’ ကို ကန့်ကွက်သူမရှိဘဲ လွှတ်တော်တွင် မှတ်တမ်းတင်ခဲ့သည်။ ယင်းစီမံကိန်းအရ ကျပ်ဘီ လီယံ ၁,၅၀၀ ကျော်တန်ဖိုးရှိ စီမံ ကိန်းကိုးခုအပါအဝင် မြို့ပြဖွံ့ဖြိုး ရေး စီမံကိန်း ၁၂ ခု ဆောင်ရွက် မည်ဖြစ်ပြီး   အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရကလွှတ်တော်သို့ တင်သွင်းရာ စီမံ ကိန်းတွင် ပါဝင်သည့် အသေးစိတ်အချက်အလက်များ ထည့်သွင်းဖော်ပြထားခြင်းမရှိဟုဆို ကာ လွှတ်တော်ကိုယ်စားလှယ် များက ကန့်ကွက်ခဲ့သည်။
  • Wed 16 May 2018 - 22:06
    အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာနအနေဖြင့် ၂ နှစ်အတွင်း စစ်ဆေးသည့် စီးပွားရေးဆိုင်ရာ ပြစ်မှုများအနက် အခွန်စည်းကြပ်ရန် လိုအပ်သည့် ကျပ်သန်းငါးသိန်းကျော် (ကျပ် ဘီလီယံ၅၀၀ ကျော်)နှင့် ကန်ဒေါ်လာ ၁၈ သန်းခွဲကျော်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောသည်။ ၂၀၁၆ ဧပြီ ၁ ရက်မှ ၂၀၁၈ မေလ ၁၅ ရက်အထိ ၂ နှစ်အ တွင်း စီးပွားရေးဆိုင်ရာ အမှု ၉၅ မှုကို စစ်ဆေးရာမှ အခွန်ကြီး ကြပ်ရန် တွေ့ရှိခြင်းဖြစ်သည်။

Pages

Subscribe to News