News

  • Wed 16 May 2018 - 16:29
    ဂျပန်နိုင်ငံသို့ အလုပ်သမား စေ လွှတ်ရေးနှင့်ဈေးကွက်ပိုမိုရှာဖွေ နိုင်ရေး ယခုလအတွင်း တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း အလုပ် သမားညွှန်ကြားမှုဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကပြော သည်။
  • Wed 16 May 2018 - 14:34
    ရန်ကုန် - CEO Conference 2018 ကို မြန်မာနိုင်ငံရင်းနှီးမြှုပ် နှံမှုကော်မရှင်(MIC)၏ လမ်းညွှန် မှုအရ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန DICA နှင့် 7Day TV တို့ ပူးပေါင်းပြီး မေလ၁၁ ရက်က ရန်ကုန်မြို့ NOVOTEL ဟိုတယ်တွင် ကျင်းပခဲ့သည်။
  • Wed 16 May 2018 - 13:59
    ဂျပန်နိုင်ငံသို့ အလုပ်သမား စေ လွှတ်ရေးနှင့်ဈေးကွက်ပိုမိုရှာဖွေ နိုင်ရေး ယခုလအတွင်း တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း အလုပ် သမားညွှန်ကြားမှုဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကပြော သည်။
  • Wed 16 May 2018 - 13:42
    ဘိုကလေးမြို့နယ် ဆတ် ကျွန်းရွာသား ဦးစိုးချစ် တစ် ယောက်ရယ်ရ၊ ငိုရခက်ပြဿနာ တစ်ခုကြုံနေရသည်။ အသက် (၈)နှစ်ကျော် ၎င်း၏သားနှစ် ယောက်စလုံး ရေမကူးတတ်ခြင်း ပင်ဖြစ်၏။ ဧရာဝတီတိုင်းသား စစ်စစ်ဖြစ်ပါလျက်၊ ရွာနံဘေးတွင် ဧရာဝတီမြစ်ကြီးမေးတင်ထားပါ လျက် သားဖြစ်သူ အောင်ပိုင်ထွန်း နှင့် အောင်နိုင်ထွန်းတို့ရေမကူး တတ်သေးပေ။ ဦးစိုးချစ်မိသားစုသည် ပိုက် ထောင်သည့်ရေလုပ်ငန်းလုပ်ကိုင် သူမို့ သားနှစ်ယောက်ကို သည်အ ရွယ်ကတည်းက ရေကူး၊ ရေငုပ် ကျွမ်းကျင်စေချင်သည်။ သို့သော် မြစ်ထဲဘယ်နေရာမဆို ရေဆင်း မကူးရန် ဦးစိုးချစ်ကိုယ်တိုင်တား မြစ်ထားသည်မို့ သားနှစ် ယောက်၏ အပြစ်လို့လည်းဆိုမရ။
  • Wed 16 May 2018 - 11:49
    တော်ခရမ်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆွေဝင်း တစ်ယောက် လွန်ခဲ့ သည့် ရက်သတ္တနှစ်ပတ်ခန့်က ဖြစ်ပွားခဲ့သည့်ကိစ္စတစ်ခုကို ပြန်တွေးမိတိုင်း စိတ်ထဲတနုံ့နုံ့ဖြင့် မခံချိ မခံသာ ဖြစ်နေသည်။ ကိုယ်ညံ့လို့ ကိုယ်ခံလိုက်ရခြင်းဆိုလျှင် ဖြေသာသည်။ အခုဟာက ကိုယ် လည်း ပေါ့ပေါ့ဆဆမလုပ်၊ တန်ဖိုးလည်းထားသည့် အရာတစ်ခုကိုမှ မထင်မှတ်သည့်နေရာ၊ မထင်မှတ်ထားသည့် အချိန်မျိုးတွင် အလစ်ဝင်တွယ်ခံရခြင်း ဖြစ်သည်။  အခြားမဟုတ်။ အုပ်ချုပ်ရေးမှူး ဦးဆွေဝင်းတစ်ယောက် ဧပြီ ၃၀ ရက်က တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်း အစည်းအဝေး သွားတက်ရင်း၎င်း၏ဆိုင်ကယ် အလစ်သုတ်ခံရခြင်း ဖြစ်လေသည်။
  • Wed 16 May 2018 - 11:32
    ဒီချုပ်အစိုးရသက်တမ်းအတွင်း ဒုတိယအကြိမ်ကြားဖြတ်ရွေးကောက်ပွဲကို ယခုနှစ်နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ဒီချုပ်အစိုးရသက်တမ်းတစ်ဝက်ကျိုးချိန်တွင် ပြုလုပ်ခြင်းကလာ မည့်ကြားဖြတ်ရွေးကောက်ပွဲ၏ ထူးခြားသော တိုက်ဆိုင်မှုတစ်ခု ဖြစ်သည်။ အာဏာရသက်တမ်း ၂ နှစ်ခွဲအတွင်း ထောက်ခံမှုရောဝေဖန် မှုများပါ ရရှိနေသည့်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေ ဖြင့် ၂၀၁၅ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ အောင်ပွဲ သုံးနှစ်ပြည့်ချိန်၌ထပ် မံအောင်ပွဲခံနိုင်မည်လားဆိုသည် မှာလည်း စိတ်လှုပ်ရှားစရာဖြစ် သည်။ အထက်ပါအခြေအနေများ အပြင် ၂၀၁၈ ကြားဖြတ်ရွေး ကောက်ပွဲ၏အခြားထူးခြားချက် အချို့လည်း ရှိသည်။
  • Wed 16 May 2018 - 11:22
    မျက်နှာကြက်တွင် တပ်ဆင်ထားသော ပန်ကာတို့သည် တ၀ှီးဝှီး မြည်ကာလည်နေသော် လည်း ပေ ၂၀၀ ရှည်သော အဆောင်အတွင်း အပူခိုးငွေ့များ ပျံ့လွင့်နေသည်။ အဆောင်ထဲရှိ ခုတင်များတွင် ပက်လက်အိပ်ကာ လက်တွင် ဆေးထိုးပိုက်တန်းလန်းနှင့် လူအချို့ရှိနေသလို၊ ဘေးတစောင်းလှဲအိပ်နေသူများ ရှိနေ သည်။ ခုတင်နံဘေးတွင် မတ်တတ်ရပ်နေသူအချို့က ယပ်တောင်ကိုယ်စီခတ်ကာ အပူဒဏ်ကို အန်တုနေသည်။ ခုတင်ဘေးရပ်နေသူတို့သည် သာမန်ခပ်လတ်လတ်အ၀တ်အစားများသာ ၀တ်ဆင်ထားပြီး တောသူတောင်သားများဖြစ်ပုံရသည်။ တစ်ဆောင်လုံးတွင်ကား တိတ်ဆိတ်နေ၏။  ထိုအချိန်တွင် လူတစ်ယောက် သွားရရုံမျှသာရှိသည့် ခုတင်တန်းများအကြားတွင် ဂျူတီကုတ်အဖြူရောင် ၀တ်ဆင်ထားသည့် အသားဖြူဖြူ အရပ်ပုပု ပိန်ပိန်ပါးပါးနှင့် ဆရာဝန်တစ်ယောက်ဦးဆောင်လာသည့် အဖွဲ့ထံသို့ တစ်ဆောင်လုံးရှိ လူများ၏ မျက်လုံးများ ရောက်ရှိသွားသည်။
  • Wed 16 May 2018 - 11:00
    စစ်ပွဲများရပ်ဆိုင်းရန်နှင့် စစ်ဘေးဒုက္ခသည်များကို ကူညီကယ်ထုတ်ရန် တောင်းဆိုမှုများ အရှိန်မြင့်လာချိန်တွင် ကချင်ပြည်နယ်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်က သတင်းမီဒီယာများမှတစ်ဆင့် ကချင်လက်နက်ကိုင်အဖွဲ့(KIA) ကို သတင်းစကားတစ်ခုပါးသည်။ ‘‘ပုံမှန်အတိုင်းဖြစ်လာဖို့ KIA က NCA လမ်းကြောင်းပေါ်တက် လာမှပဲ ရမယ်။ တက်မလာဘူးဆိုရင် နိုင်ငံတော်အစိုးရကို လက်နက်ကိုင်ပြီး တော်လှန်ပုန်ကန်နေသူ တွေအဖြစ် သတ်မှတ်ပြီး အစွမ်းကုန်ရှင်းမှာပဲ’’ဟူ၍ ဖြစ်သည်။ မြောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ် တာဝန်ယူထားသည်မှာ တစ်လပင်မပြည့်သေးသည့် ဗိုလ်ချုပ်တေဇကျော်သည် မေလ ၁၁ ရက်တွင် မီဒီယာများနှင့်တွေ့ဆုံပြီး ထိုသို့ ပြောကြားခဲ့ကြောင်း မေလ ၁၃ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြသည်။ ကချင်ပြည်နယ်အတွင်း တာဝန်အရှိဆုံး တပ်မတော် ခေါင်း ဆောင်တစ်ဦး၏ ပြောကြားချက်က ထူးခြားလှသည်။
  • Wed 16 May 2018 - 10:43
    တီဗီဖန်သားပြင်၌ ကာတွန်းဇာတ်လမ်းများ တစ်ခုပြီးတစ်ခု ပြသနေသော်လည်း ကြည့်နေကျ ကာတွန်းလိုင်းဖွင့်ပေးရန်သာ ပူဆာနေသည့် အသက်(၃)နှစ်အရွယ် သမီးငယ်ကို မိခင်ဒေါ်စန်းစန်းလွင်က ဒေါသဖြစ်မိသည်။ မိခင်ဖွင့်ပြထားသည့် ကာတွန်းဇာတ်ကောင်များက သူနှင့် မရင်းနှီး။ ယခင်က ရင်းနှီးခဲ့သည့် ကာတွန်းဇာတ်ကောင်များ အဘယ့်ကြောင့် တီဗီဖန်သားပြင်မှ ပျောက်ကွယ်သွားသည်ကိုလည်း ကလေးငယ်မသိ။
  • Wed 16 May 2018 - 10:36
    အာဏာကို လက်ကိုင်ထား၍ အကျင့် ပျက်ခြစားမှုကို အကာအကွယ်ရလိုရငြား ဘာသာရေး၊ လူမျိုးရေးကို ခုတုံးလုပ်ကာ နိုင်ငံရေးအမြတ်ထုတ်ခဲ့ခြင်းသည် အစဉ်အလာကြီးမားခဲ့သော နိုင်ငံရေးပါတီကြီးတစ်ခုကို ရွေးကောက်ပွဲရလဒ်ဖြင့် အံ့အားသင့်ဖွယ် နောက်ကောက်ကျစေခဲ့ သည်။ နိုင်ငံကို ၆၁ နှစ်ကြာ ဦးဆောင်ခဲ့သော ယင်းပါတီကြီးသည် မေလ ၁၀ ရက် ရွေးကောက်ပွဲရလဒ်များအရ ပြိုင်ဘက်အတိုက်အခံပါတီကို ရှုံးနိမ့်ခဲ့ပြီး နိုင်ငံရေးအာဏာကို လက်လွှတ် ခဲ့ရခြင်းဖြစ်သည်။ ယင်းမှာ မလေးရှားနိုင်ငံ၏ လတ်တလော နိုင်ငံရေးအခြေအနေဖြစ်သည်။ လက်ရှိတွင် နိုင်ငံ ရေးအာဏာကို လက်လွှတ်ခဲ့ရသူ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်နှင့် အသက်(၉၂)နှစ်အရွယ်တွင် တစ်ကျော့ပြန် ဝန်ကြီးချုပ်ဖြစ်လာသူ မဟာသီယာမိုဟာမက်တို့ နှစ်ဦးစလုံးမှာ မြန်မာပြည်သူများနှင့် မစိမ်းပါ။
  • Wed 16 May 2018 - 10:32
    မကြာမီ ပြုလုပ်တော့မည့် ဂျီဆဲဗင်းထိပ်သီးညီိလာခံတွင် ဘင်္ဂါလီ(ရိုဟင်ဂျာ)အရေးကို   နိုင်ငံတကာ လုံခြုံရေးပြဿနာအဖြစ် ထည့် သွင်းဆွေးနွေးမည်ဖြစ်ပြီး ညီလာခံအပြီး ဂျီဆဲဗင်း ကြေညာချက်၌ မြန်မာအပေါ်ဆုံးဖြတ်ချက် ထည့် သွင်းကြေညာရန် ရှိနေကြောင်း သံတမန်အသိုင်းအဝိုင်းထံမှ သိရသည်။
  • Tue 15 May 2018 - 20:13
     နိုင်ငံအတွင်းရှိ ကြိုးတံတား ၂၉ စင်း၏ ကြံ့ခိုင်မှု အခြေအနေကို တရုတ်ပညာရှင် များဖြင့် စမ်းသပ်စစ်ဆေးမှုများ အရ ကြိုးတံတား နှစ်စင်းသည် စိုးရိမ်ရသည့် အခြေအနေအဖြစ် ကြေညာထားကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးကျော်လင်းက ပြောသည်။
  • Tue 15 May 2018 - 20:10
     နေရပ်စွန့်ခွာသူများ ပြန် လည်လက်ခံရေးညှိနှိုင်းရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူများသည် ဒါကာမြို့၌ မေလ ၁၇ ရက်တွင် တွေ့ဆုံမည် ဖြစ်သည်။
  • Tue 15 May 2018 - 20:10
    သင်္ဘောသားလက်မှတ် များ အတုပြုလုပ်ကိုင်ဆောင်ခြင်းကြောင့် သင်္ဘောသား ၁,၀၀၀ ကျော်၏ စီဒီစီလက်မှတ်မျာကို ရေကြောင်းအန္တရာယ် ကင်းရှင်းရေးဌာနခွဲ၏ စိစစ်မှုဖြင့် ယာယီ ဆိုင်းငံ့ထားသည်ဟု သင်္ဘောသားဌာနခွဲ ညွှန်ကြားရေးမှူး ဦးတိုး မြင့်က ပြောသည်။
  • Tue 15 May 2018 - 20:09
    ရိုက်တာသတင်း ထောက်နှစ်ဦးကို ထောင်ချောက် ဆင်ဖမ်းဆီးခဲ့ခြင်း မဟုတ် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲ ချုပ်အောင်ဝင်းဦးက ငြင်းဆို သည်။
  • Tue 15 May 2018 - 20:06
    မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေမူကြမ်း (ပထမမူကြမ်း)ကို အများပြည် သူ သိရှိစေရန်နှင့် အကြံဉာဏ်ပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော် ဝက်ဘ်ဆိုက်တွင် လွှင့်တင်ထားပြီး ယင်းဥပဒေမူကြမ်း၌ အသေးစားနှင့် အလတ်စားလုပ်ငန်းများ(SME) နှင့် နိုင်ငံဖြတ်ကျော်သည့် စီးပွားရေးလုပ်ငန်း များအတွက် ပြဋ္ဌာန်းချက်များ ပါဝင်သည်။
  • Tue 15 May 2018 - 20:05
    စစ်ပွဲများရပ်တန့်ရန် ဆန္ဒပြမှုများကြောင့် ၁၅ ရက်အတွင်း တရားစွဲဆိုခံထားရသော အမှု ၁၃ မှုရှိပြီး ငြိမ်းချမ်းရေးတက်ကြွလှုပ် ရှားသူ ၄၂ ဦး တရားရင်ဆိုင်နေ ရကြောင်း အသံ (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှု အဖွဲ့) က ယမန်နေ့တွင် သတင်း ထုတ်ပြန်သည်။
  • Tue 15 May 2018 - 20:05
    စစ်ပွဲများရပ်တန့် ရန် ရန်ကုန်မြို့တာမွေ အဝိုင်း ထိပ်တွင် ဆန္ဒပြတောင်းဆိုသူများ ကို ဖြိုခွင်းဖမ်းဆီးရာ၌ အရပ်သား များ အသုံးပြုခြင်းမရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲချုပ် အောင်ဝင်းဦးက ပြောသည်။
  • Tue 15 May 2018 - 19:45
     ပြည်ခရိုင်ရှိ မြို့နယ်အ ချို့သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးသည့် ထရန်စဖော်မာတစ် လုံးလောင်သွားသဖြင့်  အစားထိုး ပြောင်းလဲတပ်ဆင်ခဲ့ကြောင်း ပဲခူးတိုင်းအနောက်ခြမ်း ဒုတိယတိုင်း အင်ဂျင်နီယာမှူးကြီး ဦးသိန်းမြင့် က ပြောသည်။
  • Tue 15 May 2018 - 19:44
    မကွေးမြို့ မြို့ပတ်လမ်း ဟောင်း တိုင်းက.ည.နရုံး၏ နောက်ကျောဘက်တွင် ကျူးကျော်နေ ထိုင်သည့် နေအိမ်များနှင့် ဈေးဆိုင်တန်းများကို ကျူးရှင်းလင်း ရေးဦးစီးကော်မတီက ဖယ်ရှားပေးရန် ပြောဆိုလာသဖြင့် နေထိုင်ရေးအခက်အခဲများ ရင်ဆိုင်နေ ရကြောင်း ကျူးကျော်မိသားစုများ က ပြောသည်။ 

Pages

Subscribe to News