News

  • Mon 18 Sep 2017 - 23:59
    အခွန်တံဆိပ်ခေါင်းမပါ သည့် အရက်၊ ဘီယာ၊ ဝိုင်၊ စီး ကရက်ဘူးများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးမည်ဖြစ်၍ တရားမဝင်ရောင်းချခြင်းမပြုရန် သတိပေးကြောင်း ပြည်တွင်းအ ခွန်များ ဦးစီးဌာနက ထုတ်ပြန် ကြေညာသည်။
  • Mon 18 Sep 2017 - 23:58
    မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ် ငန်းများချက်ချင်းဆောင်ရွက်နိုင် ရန် ပထမအဆင့်အနေဖြင့် ကျပ် ၂၀ ဘီလီယံကို အစိုးရက လက် ငင်း ဖြည့်ဆည်းပေးမည်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနသို့ လုပ် ငန်းအပ်နှံ ဆောင်ရွက်မည်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတရုံးက စက်တင်ဘာ ၁၈ ရက်တွင် သ တင်းထုတ်ပြန်သည်။
  • Mon 18 Sep 2017 - 23:49
    ဘင်္ဂလားပင်လယ် အော်တွင် လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေပြီး ဒေသ ခြောက်ခု၌ နေရာကွက်မိုးကြီး နိုင်ကြောင်း ဒေါက်တာထွန်းလွင် နှင့် မိုးလေဝသနှင့် ဇလဗေဒ ညွှန် ကြားမှုဌာနက သတိပေးသည်။
  • Mon 18 Sep 2017 - 23:49
     လွှတ်တော်ခွင့်ပြုငွေ ကျပ်သိန်း ၈၀၀ ကျော်ဖြင့် ဝယ်ယူ ထားသော တွံတေးမြို့နယ်ရှိ မြေ နေရာ၌ သားသတ်ရုံပြောင်းရွှေ့ မည့် အစီအစဉ်ကို ဒေသခံများ က လက်မှတ်ထိုးကန့်ကွက်ထား ကြောင်း တွံတေးမြို့နယ် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာကျော်ဇင်ဦးက ပြောသည်။
  • Mon 18 Sep 2017 - 23:48
    ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ ဓာတ်ပုံသတင်းထောက် နှစ်ဦးကို အမြန်ဆုံးတွေ့ခွင့်ရပြီး အကူအညီပေးနိုင်ရန် ကြိုးစားနေ ကြောင်း မြန်မာနိုင်ငံခြားရေးဝန် ကြီးဌာနက သတင်းထုတ်ပြန် သည်။
  • Mon 18 Sep 2017 - 22:01
     ARSA အဖွဲ့ကို အ ကြမ်းဖက်အဖွဲ့အဖြစ် ကြေညာ ပြီးနောက် ဖမ်းဆီးရမိသူများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် ချုပ်ရမန်ယူထား ကြောင်း မောင်တောခရိုင်တရား သူကြီး ဦးညိုလွင်ဦးကပြောသည်။ အာဆာ ARSA အဖွဲ့ကို အ ကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟို ကော်မတီက အကြမ်းဖက်အဖွဲ့ အဖြစ် မကြေညာသေးမီ ဖမ်းဆီးရမိသူများကို မတရားအသင်း အက်ဥပဒေဖြင့် ချုပ်ရမန်ယူထား ပြီး တရားစွဲဆိုသည့်အခါ ဥပဒေ အကြံပေးချက်အတိုင်း စွဲဆိုမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
  • Mon 18 Sep 2017 - 22:01
    ရခိုင်ပြည်နယ်အရေး နှင့်ပတ်သက်ပြီး အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်ဆန့်ကျင်ရေးနှင့် ပြည်ပက ၀င်ရောက်စွက် ဖက်မှုရှုတ်ချရေး ဆန္ဒဖော်ထုတ်ပွဲ ကို သံဃာတော်များ အပါအ၀င် အမျိုးသားရေးလှုပ်ရှားသူ ၁,၀၀၀ ခန့်က ရန်ကုန်မြို့တော်ခန်းမရှေ့၌ ပြုလုပ်ကြသည်။ စက်တင်ဘာ ၁၈ ရက်က ပြုလုပ်သည့် အဆိုပါဆန္ဒပြပွဲတွင် ဟောပြောသူများက အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သ မားများကို ချေမှုန်းရမည်ဖြစ် ကြောင်း၊ ကိုဖီအာနန်ကော်မရှင်၏ အစီရင်ခံစာ၌ ၁၉၈၂ ဥပဒေပြင်ဆင်ခိုင်းမှုကို လက်မခံကြောင်းနှင့် ကမ္ဘာ့ခေါင်းဆောင်များက နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပြောဆိုနေမှုများကို လက်မခံကြောင်း ကြွေးကြော်ခဲ့သည်။
  • Mon 18 Sep 2017 - 21:49
    စစ်ကိုင်းတိုင်းဒေသကြီး နှင့် ချင်းပြည်နယ်တွင် နှစ်ရက် ဆက် မိုးကောင်းပြီးနောက် ဒေသတွင်းကားလမ်းအချို့ အနည်းငယ်ပျက်စီးကာ ဟားခါးမြို့၌ မြေပြိုမှုဖြစ်ခဲ့၍ ဒေသတွင်းအုပ်ချုပ်ရေးတာဝန်ရှိသူများက လူအချို့ကို အရေးပေါ် ရွှေ့ပြောင်းခဲ့ရသည်။ နယ်မြေချင်း ထိစပ်နေသော စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်း ပြည်နယ်တွင် စက်တင်ဘာ ၁၀ ရက်နောက်ပိုင်း၌ နေ့စဉ် မိုးရွာနေ ရာ စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်၌ သိသိသာသာမိုးကောင်း ခဲ့သည်။
  • Mon 18 Sep 2017 - 21:47
     မကွေးတိုင်းဒေသကြီး ပေါက်မြို့အနီးကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄ ဒသမ ၃ အဆင့် အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု စက်တင်ဘာ ၁၈ ရက် နံနက်က လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက သတင်းထုတ်ပြန် သည်။  ပေါက်မြို့အနောက်- အ နောက်မြောက်ဘက် ခုနစ်မိုင်ခန့် အကွာကို ဗဟိုပြု၍ စက်တင်ဘာ ၁၈ ရက် နံနက် ၄ နာရီ ၁၉ မိနစ် က လှုပ်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပြီး ဒေသတွင်းထိ ခိုက်ပျက်စီးမှုမရှိကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ဝင်းစိန် က ပြောသည်။
  • Mon 18 Sep 2017 - 20:40
    သက်ကြီးဘိုးဘွားများ အား ကျန်းမာရေး၊ လူမှုရေးစောင့် ရှောက်မှုများပေးနိုင်ရန် ရေးဆွဲ ထားသည့် သက်ကြီးဆိုင်ရာနည်း ဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင် ရန် လာမည့်ပြည်ထောင်စုလွှတ် တော်ဆဋ္ဌမပုံမှန်အစည်းအဝေး တွင် တင်သွင်းမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြား ရေးမှူးဦးအောင်ကျော်မိုးက ပြော ကြားသည်။
  • Mon 18 Sep 2017 - 20:38
     အခြေခံပညာ ပထမနှစ် ဝက် စာမေးပွဲများစစ်ဆေးပြီးပါ က စတုတ္ထတန်း၊ အဋ္ဌမတန်းအပါအ ဝင် အခြေခံပညာအတန်းအားလုံး မှ ကျောင်းခေါ်ချိန်မပြည့်သူများ နှင့် သင်ယူတတ်မြောက်မှု အား နည်းသူများအား  ကျောင်းအလိုက် စီမံချက်ရေးဆွဲကာ အချိန်ပိုဖြည့် ဆည်းသင်ကြားပေးရန် တိုင်းဒေ သကြီးနှင့် ပြည်နယ်ပညာရေးမှူး ရုံးများက စက်တင်ဘာ ဒုတိယ ပတ်တွင် ညွှန်ကြားထားသည်။
  • Mon 18 Sep 2017 - 20:37
     စက်တင်ဘာ ၃၀ ရက် တွင် ကျရောက်မည့် International Translation Day  (နိုင်ငံတကာ ဘာသာပြန်နေ့)ကို ဂုဏ်ပြုသော အားဖြင့် ရှားပါးဘာသာပြန်စာ အုပ်များပြပွဲကို ရန်ကုန်မြို့၌ ပြု လုပ်မည်ဖြစ်သည်။
  • Mon 18 Sep 2017 - 20:36
    အသစ်ထပ်မံချထားပေး သည့် အာမခံလေးမျိုးအောင်မြင် အောင် ဆောင်ရွက်နေရဆဲဖြစ် ကြောင်း မြန်မာ့အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ် ဦးက ပြောသည်။
  • Sun 17 Sep 2017 - 23:59
    ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖမ်းဆီးခံထားရသော မြန်မာ ဓာတ်ပုံသတင်းထောက်နှစ်ဦးဖြစ် သည့် မင်းဇေယျာဦးနှင့် ခွန်လတ် တို့သည် ယင်းနိုင်ငံသို့ ၀င်ရောက် ရန် ကမ္ဘာလှည့်ခရီးသွားဗီဇာကို အသုံးပြုခဲ့ပြီး ဟန်ဆောင်မှုနှင့် သတင်းမှား ပေးပို့မှုတို့အတွက် ထောင်ဒဏ်ငါးနှစ် ချမှတ်ခံရနိုင် ကြောင်း ၎င်းတို့၏ရှေ့နေများက ပြောကြောင်း ဒါကာထရီဗျူးသတင်းဌာနက ဖော်ပြသည်။ ၎င်းတို့ကို ၁၉၄၆ နိုင်ငံခြား သားဆိုင်ရာ အက်ဥပဒေ အပိုဒ် ၁၄ ပုဒ်မ ၄၁၉ နှင့် ပုဒ်မ ၁၇၇ အရ တရားစွဲဆိုထားခြင်း ဖြစ် သည်။ ပုဒ်မ ၁၇၇ သည် သတင်း မှားပေးပို့တင်ပြမှု စွဲချက်ဖြစ်ပြီး  ပြစ်မှုထင်ရှားပါက ထောင် ခြောက်လ (သို့မဟုတ်) ဒဏ်ငွေ တာကာ ၁,၀၀၀ (သို့မဟုတ်) ပြစ် ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်သည်။ ပုဒ်မ ၄၁၉ အရ အမြင့်ဆုံးထောင် ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်ပြီး (သို့မဟုတ်) ဒဏ်ငွေ (သို့မဟုတ်) နှစ်ရပ်စလုံး ချမှတ်နိုင်သည်။ ၁၉၄၆ နိုင်ငံခြားသားအက်ဥပဒေအရ ဥပဒေချိုးဖောက်သူကို ထောင်ဒဏ်ငါးနှစ် အများဆုံးချမှတ်နိုင်ပြီး ဒဏ်ငွေဆောင်ရန်လည်း အပြစ်ပေးနိုင်သည်ဟု ရှေ့နေများက ရှင်းပြသည်။
  • Sun 17 Sep 2017 - 23:54
     တောင်တွင်းကြီးဖြစ်စဉ်တွင် နောက်ကွယ်မှအဖွဲ့အစည်း များပါဝင်မှုရှိ၊မရှိ ဖော်ထုတ်ရန်နှင့် တရားခံအစစ်အမှန် ပေါ်ပေါက်ရေး သက်ဆိုင်ရာနယ်လုံဝန်ကြီးကို ညွှန်ကြားထားကြောင်း မကွေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကပြောသည်။
  • Sun 17 Sep 2017 - 23:52
    မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာတစ်သန်းခွဲဆုံးရှုံးခဲ့ရပြန်ပါပြီ။  ယခုတစ်ကြိမ်အလိမ်ခံရသူများ မှာ Myanmar Junwell Global ကုမ္ပဏီတွင် အစုရှယ်ယာထည့်ဝင်ထားသူများဖြစ်သည်။ အဆိုပါ ကုမ္ပဏီမှာ ၂၀၁၅ ကစ၍ အွန်လိုင်းရွှေဈေးကစားခြင်းနှင့် အစုရှယ်ယာလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်ဟုဆို သည်။ နောက်ပိုင်းတွင် J Card  အမည်ရှိ ဈေးဝယ်ကတ်လုပ်ငန်း လုပ်ကိုင်သည်ဟု အကြောင်းပြကာ အစုရှယ်ယာရှင်များကို ဖိတ် ခေါ်သည်။ အကျိုးအမြတ်အဖြစ် တစ်လလျှင် ၃  ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ပေးမည်ဟုဆွဲဆောင်ကာ အစောပိုင်းကာလများတွင် ယုံလာအောင်တကယ်လည်းပေးခဲ့သည်။ 
  • Sun 17 Sep 2017 - 23:50
     နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည့် အစီအစဉ်သို့ တက်ရောက်ရန် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အရှေ့တောင်အာရှဆိုင်ရာ ဒုတိယလက်ထောက်နိုင်ငံခြား ရေးဝန်ကြီး ပက်ထရစ်မာဖီအပါအ၀င် နိုင်ငံတကာသံတမန် ၉၀ ကျော် စာရင်းပေးထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝ
  • Sun 17 Sep 2017 - 23:50
     မကြာမီ ထုတ်ပြန်မည့် စုပေါင်းပိုင် အဆောက်အအုံနည်း ဥပဒေ Condo Law တွင် စီမံကိန်း၏ ၃၀ ရာခိုင်နှုန်းပြီးမှသာ ကြိုပွိုင့်စနစ်ဖြင့် ရောင်းချနိုင်မည်ဆိုသောအချက်ပါဝင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးတစ်ဦးက ပြောသည်။
  • Sun 17 Sep 2017 - 23:29
     စက်တင်ဘာ ၁၈ ရက် (ယနေ့) စတင်သည့် ကုလ သမဂ္ဂ  အထွေထွေညီလာခံတွင် ကမ္ဘာ့ခေါင်းဆောင်များသည် မြောက်ကိုရီးယား၏ နျူကလီး ယားခြိမ်းခြောက်မှုအရှိန်မြင့်လာ ခြင်းနှင့် အတူ မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်အရေးကိစ္စတို့ကို အဓိ ကထားဆွေးနွေးမည်ဖြစ်သည်။ ယခုညီလာခံသို့ ပထမဆုံး တက်ရောက်မည့် အမေရိကန် သမ္မတဒေါ်နယ်ထရန့်နှင့် ပြင်သစ် သမ္မတမက်ကရွန်တို့အပါအဝင် ကမ္ဘာအရပ်ရပ်မှ ခေါင်းဆောင် များသည် အကြမ်းဖက်ဝါဒပျံ့နှံ့မှု နှင့် ရာသီဥတုပြောင်းလဲမှုတို့အ ပြင် အခြားသော နိုင်ငံတကာရေး ရာ ကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်သည်။
  • Sun 17 Sep 2017 - 23:28
     အင်္ဂလိပ်ဘာသာဖြင့် ပြောကြားမည့် ဒေါ်အောင်ဆန်းစု ကြည်၏နိုင်ငံတော်အခြေပြမိန့် ခွန်းကို တိုက်ရိုက်ထုတ်လွှင့်မှု တွင် မြန်မာစာတန်းထိုးနိုင်၊ မထိုး နိုင် မသေချာသော်လည်း ထပ်မံ ထုတ်လွှင့်ချက်၌ မြန်မာစာတန်း ထိုးပေးမည်ဖြစ်ကြောင်း ပြန်ကြား ရေးဝန်ကြီးဌာန အမြဲတမ်းအ တွင်းဝန် ဦးမျိုးမြင့်မောင်က ပြော ကြားသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို ကြိုတင်မရရှိပါက တိုက်ရိုက်ထုတ်လွှင့်ချက်တွင် မြန်မာစာတန်းထိုးနိုင်မည်မဟုတ် ကြောင်းနှင့် နောက်တစ်ကြိမ် ထုတ်လွှင့်ချက်၌ မြန်မာစာတန်း ထိုးဖြင့် ဖော်ပြမည်ဖြစ်ကြောင်း ဦးမျိုးမြင့်မောင်က ရှင်းပြသည်။

Pages

Subscribe to News