News

  • Wed 15 Nov 2017 - 22:56
     ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေအိမ် များ ဆောက်လုပ်မှုကို သက် ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက ခွင့်ပြုနေပါက တာဝန်မှ ရပ်စဲသည်အထိ အရေးယူမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။ နိုဝင်ဘာ ၁၅ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင် မောင်မောင်က မြို့နယ်၊ ရပ်ကွက် များအတွင်း အခိုင်အမာကျူး ကျော်နေခြင်းအား ခွင့်ပြုထားခြင်း ကို အရေးယူရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာ ပြည်ထဲရေးဝန် ကြီးက အထက်ပါအတိုင်း ထည့် သွင်းဖြေကြားသည်။
  • Wed 15 Nov 2017 - 22:48
    သန်လျင်နည်းပညာ တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများကို ဂျပန်အစိုးရအစီအစဉ် ဖြင့် ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းများ အခမဲ့သင်ကြား မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သီလ၀ါစက်မှုဇုန်ရှိ ဂျပန်လုပ်ငန်း များတွင် အလုပ်သင်ဝန်ထမ်းအ ဖြစ် လက်ခံမည်ဟု အဆိုပါတက္က သိုလ်ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီက ပြောသည်။ သန်လျင်နည်းပညာတက္က သိုလ်မှ စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်း အင်အင်ဂျင်နီယာ၊ စက်မှုနည်း ပညာအင်ဂျင်နီယာဘာသာရပ် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအနက် ထူးချွန် ကျောင်းသား ၁၅၀ ကို သုံးနှစ်အ တွင်း သင်တန်းအစီအစဉ် (Phase) သုံးခုခွဲကာ သင်ကြားမည်ဖြစ်ပြီး Phase 1 ကို နိုဝင်ဘာ ၁၅ ရက်တွင် စတင်သည်။
  • Wed 15 Nov 2017 - 22:08
     တောင်ကြီးမြို့ အ မှတ်(၅) အထက်တန်းကျောင်းရှိ ကျောင်းသားများကို ကျောင်းအုပ်ဆရာမကြီးက အတင်းအဓမ္မ တက်တူးဖျက်ခိုင်းသည်ဆိုသော သတင်းသည် ကောလာဟလသာ ဖြစ်ကြောင်း တောင်ကြီးမြို့နယ် ပညာရေးမှူး ဦးမြင့်အောင်က ပြောသည်။ နိုဝင်ဘာ ၁၀ ရက်ကတောင် ကြီးမြို့ အမှတ်(၅)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးသည် ကျောင်းသားများ တက်တူးဖျက် ရန် တပ်မတော်ဆေးရုံသို့ အတင်း ပို့ဆောင်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မမှန်ကန် ဘဲ ကျောင်းသားမိဘများ၏ ဆန္ဒ အတိုင်း တက်တူးများဖျက်ရန် သာ ပြောခဲ့ကြောင်း နိုဝင်ဘာ ၁၅ ရက်တွင် ဦးမြင့်အောင်က ပြော ကြားသည်။
  • Wed 15 Nov 2017 - 22:08
    ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် ရန်ကုန်မြို့ ရွှေဘုံသာလမ်းရှိ ဘိန်းစားတန်း ခေါ် အဟောင်းတန်းဈေးသည် ၃၀၀ ကျော်ကို ကမ်းနားလမ်း ညဈေးသို့ နိုဝင်ဘာ ၁၅ ရက်တွင် စတင်ပြောင်းရွှေ့ခဲ့သည်။ ယင်းလမ်းပေါ်ရှိ ဈေးဆိုင် များအနက် နိုဝင်ဘာ ၁၅ ရက်တွင် ၁၃၈ ဆိုင်ကို စတင်ပြောင်း ရွှေ့ပြီး ကျန်ဈေးသည်များကို နောက်ရက်များတွင် ဆက်လက်ပြောင်းရွှေ့ နေရာချထားမည်ဖြစ် ကြောင်း ပန်းဘဲတန်းမြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူး ဦးလင်း ဇော်စိုးက ပြောသည်။
  • Wed 15 Nov 2017 - 21:31
    တရားဥပဒေစိုးမိုးပြီး မေတ္တာတရားထွန်းကားသော ဒီမို ကရေစီနိုင်ငံဖြစ်လာစေရေး မြန် မာအစိုးရနှင့် ပြည်သူလူထု၏ ကြိုးပမ်းဆောင်ရွက်နေမှုများကို အားပေးထောက်ခံရန် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS)က ခြောက်နိုင်ငံ အစိုးရ အဖွဲ့ခေါင်းဆောင်များနှင့် ဥရော ပသမဂ္ဂအဖွဲ့အစည်းများထံ နိုဝင်ဘာ ၁၅ ရက်တွင် အိတ်ဖွင့်ပေးစာပေးပို့ပန်ကြားခဲ့သည်။ 
  • Wed 15 Nov 2017 - 20:39
    အခြေခံပညာကျောင်း များတွင် လစ်လပ်နေသော မူလ တန်းပြ ဆရာ၊ ဆရာမနေရာများ တွင် လုပ်သက် ၂ နှစ်ပြည့်ပြီး ဘွဲ့ရရှိထားသည့် အခြေခံပညာ ကျောင်းများမှ အထွေထွေလုပ် သားများဖြင့် ဖြည့်ဆည်းခန့်ထား ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးရုံးများက နိုဝင်ဘာ ၁၀ ရက်ကစကာ အမည်စာရင်း များ တောင်းခံထားသည်။
  • Wed 15 Nov 2017 - 20:38
    ကမ္ဘာ့ရှားပါးဟူးလော့ မျောက်လွှဲကျော် (အနောက်ပိုင်း မျက်ခုံးဖြူ မျောက်လွှဲကျော်)များ ကျက်စားရာ ငဖဲမြို့နယ်ရှိ ပေါက် စတောင်ဧရိယာကို သဘာဝထိန်း သိမ်းရေးနယ်မြေအဖြစ် သတ်မှတ်နိုင်ရန် စီစဉ်နေကြောင်း မကွေးတိုင်းဒေသကြီး သစ်တောတာဝန်ခံ ဦးမြတ်သိန်းခိုင်က ပြောသည်။
  • Wed 15 Nov 2017 - 20:37
     ရှမ်းပြည်နယ် ကျိုင်းတုံ မြို့အနီး ဗဟိုပြု၍ အင်အားရစ်ခ်ျ တာစကေး ၄ ဒသမ ၂ အဆင့် အင်အားအနည်းငယ်ရှိသော မြေ ငလျင်တစ်ခု နိုဝင်ဘာ ၁၅ ရက် နံနက်က လှုပ်ခတ်ခဲ့သည်။
  • Wed 15 Nov 2017 - 20:33
    ယခင်အစိုးရလက်ထက် ပထမအကြိမ်က တာဝန်ထမ်း ဆောင်ခဲ့သည့် ရပ်ကျေးအုပ်ချုပ် ရေးမှူးအချို့ တတိယအကြိမ် ရပ် ကျေးရွေးကောက်ပွဲ ပြုလုပ်ရန် စီစဉ်နေသည့် ယခုအချိန်ထိ တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေမရရှိသေးကြောင်း အဆိုပါအုပ်ချုပ်ရေးမှူးဟောင်းများက ဆိုသည်။
  • Wed 15 Nov 2017 - 11:38
    လွန်ခဲ့သည့် ခုနစ်နှစ် နိုဝင် ဘာ ၁၄ ရက်က ထုတ်ဝေခဲ့သော နိုင်ငံပိုင်ကြေးမုံ သတင်းစာမျက်နှာဖုံးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်းကြေညာချက်ကို မျက်နှာပြည့်ဖော်ပြခဲ့သည်။၂၀၁၀ ရွေးကောက်ပွဲအနိုင်ရလဒ်များကိုပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဝင်များ၏ အမည်များ က လွှမ်းမိုးထားသည်။ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုသမိုင်းဝင်ဖြစ်စဉ်အဖြစ်၂၀၁၀ ရွေးကောက်ပွဲရလဒ်များကို စစ် အစိုးရက ကြေညာနေခြင်းဖြစ် သည်။ အဆိုပါသတင်းစာ၏အ တွင်းဘက် စာမျက်နှာမှာတစ်ခု၌ သတင်းတစ်ပုဒ် မထင်မရှားပါ လာသည်။
  • Wed 15 Nov 2017 - 11:22
    နိုဝင်ဘာ ၁၂ ရက်နံနက် ၁၀ နာရီစွန်းစွန်းတွင် သာကေတမြို့နယ် အမှတ်(၆) အရှေ့ရပ်ကွက်ရှိ အနန္တသုခဓမ္မာရုံအတွင်းသို့ ရပ်ကွက်သူ၊ ရပ်ကွက်သား ၃၀၀ခန့် စုဝေးရောက်ရှိနေသည်။ ၎င်းတို့သည် ရပ်ကွက်အုပ် ချုပ်ရေးမှူးရွေးကောက်ပွဲအတွက် ကနဦးပြုလုပ်သည့် ကြီးကြပ်ရေးမှူးငါးဦးရွေးချယ်ရာ၌ ဆန္ဒပြုမဲပေးရန် ရောက်ရှိနေခြင်းဖြစ်သည်။ လွန်ခဲ့သည့် ၂ နှစ်ခန့် (၂၀၁၆ဇန်နဝါရီ)ကလည်း ယင်းနေရာ တွင်ပင် ယခုကဲ့သို့ လာရောက်မဲ ပေးခဲ့ကြရသေးသည်။ ‘‘ဒီတစ်ခေါက်က အရင်ထက်တော့ လူတွေ စိတ်ဝင်စားပုံရ တယ်။ မဲပေးခွင့်ရှိသူ အိမ်ထောင် စု ၉၀၀ ကျော်ကို ဖိတ်ထားတာမှာ ၃၀၀ လောက် တက်လာတယ်’’ဟု အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်နိုင်ကဆိုသည်။ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲကို သမ္မတဦးထင်ကျော် အစိုးရတာဝန် လွှဲပြောင်းမယူခင် နှစ်လခန့် (၂၀၁၆ ဇန်နဝါရီ)က ပြုလုပ်ထားပြီးဖြစ်သော်လည်း ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ တတိယအ ကြိမ် ပြင်ဆင်ချက်အရ ပြန်လည် ရွေးချယ်ရန် ပြင်ဆင်နေခြင်းဖြစ် သည်။
  • Wed 15 Nov 2017 - 11:08
    ရထားပေါ်မှ ဖိနပ်တစ်ဖက် ပြုတ်ကျသွားသည့် ဂန္ဒီသည် ကျန်ဖိနပ်တစ်ဖက်ကို ကျသွားသည့် နေရာသို့ လွှင့်ပစ်လိုက်သည်။ ‘‘ခင်ဗျားဘာလုပ်လိုက်တာလဲ’’ဟု ဘေးကလူတွေ မေးသည့်အခါ‘‘ကောက်ရတဲ့သူက ဖိနပ်တစ်ရန် ရသွားတာပေါ့’’ဟု ဂန္ဒီက ပြန်ပြောလိုက်သည်။ ယင်းမှာဖေ့စ်ဘွတ်ခ်မပေါ်မီက မြန်မာတို့ စံပြထားသည့် ဂန္ဒီပုံပြင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်ကို တွင်တွင်ကျယ်ကျယ်သုံးလာပြီးနောက် ယခုလပိုင်းအတွင်း မြန်မာတို့သိသည့် ဂန္ဒီပုံပြင် ပြောင်းလဲသွားသည်။ ဂန္ဒီဟုဆိုလိုက်လျှင် ‘မသိဘူးချစ်တယ်’နှင့် တွဲမြင်ပြီး ပြုံးစိစိဖြစ်သွားကြသည်။ လတ်တလော ခေတ်စားနေသည့် လူမှုကွန်ရက်၏ ဘေးထွက် ဆိုးကျိုးတစ်ခုသည် အိန္ဒိယနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး ဂန္ဒီပုံကို အသုံးပြု၍ နောက်ပြောင်နေခြင်းပင်ဖြစ်သည်။
  • Wed 15 Nov 2017 - 10:52
    ‘နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ နိုင်ငံရဲ့ ရှေ့တန်းစစ်မျက်နှာ’ ဆိုတဲ့အတိုင်း အခုရက်ပိုင်းအတွင်း နိုင်ငံပေါင်း ၅၀ ကျော်က နိုင်ငံခြား ရေးဝန်ကြီးတွေ မြန်မာနိုင်ငံကို လာရောက်တဲ့အခါမှာ မြန်မာ့သံ တမန်ရေး မျက်နှာစာကို အစွမ်း ကုန်အသုံးချဖို့ အရေးကြီးနေပါတယ်။ နိုင်ငံတကာဇာတ်ခုံမှာ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ပတ်သက်လို့ ဖိအားပေးခံနေရတာနဲ့အမျှ မြန်မာနိုင်ငံခြားရေးဝန်ကြီးဟာ အိမ်ကွင်း၊ အဝေးကွင်းပွဲစဉ်တွေ ဆက်တိုက်ကန်ရမယ့် ရက်သတ္တ ပတ်ပါ။ ပြီးခဲ့တဲ့တစ်ပတ်က ကုလလုံခြုံရေးကောင်စီကတော့ ဥက္ကဋ္ဌကြေညာချက်နဲ့ တစ်သုတ်ပြီးသွားပါတယ်။ ဒါပေမဲ့ ကုလအထွေထွေ ညီလာခံရဲ့ တတိယကော်မတီနဲ့ လူ့အခွင့်အရေးကောင်စီတို့မှာ မြန်မာ့အရေးက ဆွေးနွေးနေတုန်း ဖြစ်ပါတယ်။ အိုအိုင်စီက ဆုံးဖြတ်ချက်မူကြမ်းတင်ဖို့ လှုပ်ရှားနေပြီး ဥရောပသမဂ္ဂနဲ့ ညှိနှိုင်းနေပါတယ်။ အောက်တိုဘာ ၃၀ ရက်စွဲ နဲ့ အိုအိုင်စီမူကြမ်းကတော့ ပြီးခဲ့ တဲ့တစ်ပတ်က လုံခြုံရေးကောင်စီဥက္ကဋ္ဌ ကြေညာချက်ထက်ပိုပြင်းထန်ပြီး မြန်မာအစိုးရအစောပိုင်းက ငြင်းထားတဲ့ နိုင်ငံတကာအချက်အလက်ရှာဖွေရေး မစ်ရှင်နဲ့ တခြားလူ့အခွင့်အရေးယန္တရား တွေ ဝင်ရောက်ခွင့်လည်း တောင်း ထားတာ တွေ့ရပါတယ်။ ဒီဆုံး ဖြတ်ချက်မူကြမ်းကို အီးယူနဲ့ညှိ နှိုင်းပြီးရင် ကုလအထွေထွေညီ လာခံကို တင်မှာ ဖြစ်ပါတယ်။
  • Wed 15 Nov 2017 - 10:44
    ဆောင်းဦးကာလဖြစ်သည့် နိုဝင်ဘာ ၉ ရက်၏ ညနေခင်းတစ်ခုဝယ် မြန်မာပြည်အထက်ပိုင်း မိတ္ထီလာခရိုင် သာစည်မြို့နယ်ရှိ မီးရထားဌာနပိုင် ဓမ္မာရုံအတွင်း ဒေသခံများနှင့် စည်ကားနေသည်။ မကြာခင် ကျင်းပတော့မည့် အမျိုးသမီးတစ်ယောက်အား ဂုဏ်ပြုမည့်ပွဲတစ်ခုကို အားရ၀မ်းသာစွာ ဂုဏ်ပြုလို၍ လူတစ်ရာကျော်မျှ ရောက်ရှိနေခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ အလေးအမြတ်ထားရာ ဓမ္မာရုံတစ်ခုအတွင်း ဂုဏ်ပြုခံရမည့် အမျိုးသမီးကတော့ ထိုဓမ္မာရုံအတွင်း ရောက်ဖူးခြင်းမရှိပေ။ ထိုဓမ္မာရုံမှမဟုတ်။ ဗုဒ္ဓဘာသာဝင်တို့၏ အလေးအမြတ်ထားရာ မည်သည့်ဓမ္မာရုံမျှ ထိုအမျိုးသမီး ရောက်ခဲ့ဖူးခြင်းမရှိ၍ နေရာမှား ပြီး သာစည်မြို့ပေါ် မျက်စိလည် နေခဲ့သည်။ တကယ်တမ်း ရောက်လာ တော့ ထိုအမျိုးသမီး မျက်စိလည်ရသည့် အကြောင်းရင်းကို သိခဲ့ရသည်။ ထိုအမျိုးသမီးသည် မျက်လုံးမျက်ဆန် မည်းနက်နက်။ အသားအရည် ညိုတိုတိုဖြင့် မြန်မာ မွတ်စလင်အမျိုးသမီးတစ်ဦး ဖြစ် နေ၍ ဗုဒ္ဓဘာသာဝင်တို့၏ ဓမ္မာရုံကို ရှာရခက်နေခြင်းဖြစ်သည်။ သို့သော် လာရောက်အားပေးဂုဏ် ပြုကြမည့် ဗုဒ္ဓဘာသာဝင်အများစုကတော့ ထိုအမျိုးသမီးကို လေးစားအားကျနေသည့် မျက်လုံးပေါင်းများစွာဖြင့် ချစ်ခင်စွာ ငေးကြည့်နေခဲ့ကြသည်။
  • Wed 15 Nov 2017 - 10:30
    ကြည်လင်အေးမြနေသော ရေအလျဉ်စီးဆင်းနေသည့် စမ်းချောင်းလေးအတွင်း ဒေါ်အောင်ဆန်းစု ကြည် အချစ်တော် ခွေးလေး တိုက်ချီဒို ပြေးဆင်းသွားပြီး ရေထဲတွင် ပြေးလွှားဆော့ကစားနေသည်။ တစ်ကိုယ်လုံး အညိုရင့်ရောင်ရှိပြီး ခြေထောက်နှင့် ရင်ဘတ် အဖြူ ကွက်ကျားခွေးလေး တိုက်ချီဒို ရေကစားနေသည်ကို ချောင်းစပ်က နေ သခင်ဖြစ်သူ ဒေါ်အောင်ဆ န်းစုကြည် ပြုံး၍ ကြည့်နေသည်။ အညာ၏ အိုအေစစ်ဟု တင် စားထားသည့် ပုပ္ပားတောင်၏ တောင်ခြေအနီးတွင် စမ်းချောင်း လေးက ပတ်ခွေစီးဆင်းနေသည်။ တိုက်ချီဒိုလေး ရေကစားနေသည် မှာ အချိန်အနည်းငယ်ကြာပြီး နောက် ကုန်းပေါ်သို့ ပြန်တက်လာရန် သခင်က လှမ်းခေါ်သော်လည်း ချက်ချင်းတက်မလာဘဲ ပေကပ်နေကာ ရေဆက်လက်ကစားလို သည့် အမူအရာပြသည်။ တိုက်ချီဒို၏ ယင်းအမူအရာကို မြင်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် လည်း  ပြုံးပျော်ရွှင်မြူးနေသည်။ ထို့နောက် သူက ဆုံးဖြတ်ချက်တစ်ခု ချခဲ့သည်။
  • Tue 14 Nov 2017 - 20:23
    မန္တလေးမြို့ အောင်မြေ သာစံမြို့နယ်ရှိ ရွှေမန်းတောင် ဘောလုံးကွင်းတိုက်တန်းတွင် တစ်ဦးတည်းနေထိုင်သော အမျိုး သားတစ်ဦးအသတ်ခံရမှုကို မှုခင်းရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာ အဖွဲ့ပေါင်းစုံဖြင့် စုံစမ်းရှာဖွေနေ ကြောင်း အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးခင်မောင်လွင် က ပြောသည်။
  • Tue 14 Nov 2017 - 20:23
    ဂျပန်က မြန်မာကို ဖွံ့ဖြိုးရေးအထောက်အပံ့ချေးငွေ အမေရိကန်ဒေါ်လာ (၁) ဘီလီယံကျော် ပေးအပ်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၄ ရက်က ဖိလစ်ပိုင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် ဂျပန်ဝန်ကြီးချုပ်က ကတိပြုခဲ့သည်။
  • Tue 14 Nov 2017 - 20:18
     အစိုးရကိုယ်စား လှယ်အဖွဲ့နှင့် ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA) တို့ တွေ့ဆုံရာတွင် ပြည်ထောင်စုမြန်မာနိုင်ငံမှ မည်သည့်အခါမျှ ခွဲမထွက်ဟု ‘၀’လက်နက်ကိုင်အဖွဲ့က ကတိပြုခဲ့သော် လည်း တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ထိုးရန် အစိုးရ၏ တိုက်တွန်းချက်ကိုမူ မြောက် ပိုင်းခုနစ်ဖွဲ့၏
  • Tue 14 Nov 2017 - 20:17
     နိုင်ငံတော် ဆောက်လုပ်ရေးလုပ်ငန်းများ တွင် အရည်အသွေးပြည့်မီစေရေး နှင့် ပြည်သူ့ဘဏ္ဍာငွေအလဟဿ မဖြစ်စေရေး လွတ်လပ်သည့် တတိယအဖွဲ့အစည်း (Third Party)ထားရှိ၍ စိစစ်ပေးရန် အဆိုကို ပြည်သူ့လွှတ်တော်က နိုဝင်ဘာ ၁၄ ရက်တွင် အတည်ပြုသည်။
  • Tue 14 Nov 2017 - 20:01
    ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲအတွက် ကြီးကြပ် ရေးအဖွဲ့များ ပြန်လည်ရွေးချယ် ရန် မြို့နယ်အာဏာပိုင်များက ထပ်မံညွှန်ကြားထားကြောင်း ရပ် ကျေးအုပ်ချုပ်ရေးမှူးအချို့က ပြောသည်။

Pages

Subscribe to News