News

  • Thu 10 Jul 2014 - 01:01
    အခြေခံပညာကျောင်း များတွင် အခြေခံအဆောက်အအုံနှင့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးခြင်းနှင့် ဆရာ၊ ဆရာမ ပြုစုပျိုးထောင်ခြင်းများ မပြုလုပ်နိုင်ပါက မြန်မာနိုင်ငံ၏ ပညာရေးအရည်အသွေး ထပ်မံ ကျဆင်းသွားမည်ဖြစ်ကြောင်း ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ် ငန်းဦးဆောင်ညွှန်ကြားမှု ပေးရေး ကော်မတီ
  • Wed 09 Jul 2014 - 23:16
    မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် သေဆုံးသည့် မြန်မာနိုင်ငံသားများ နာရေးကို ကူညီ ဆောင်ရွက်ပေးနေသော ကွာလာလမ်ပူနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးမျိုးပိုင်သည် ဇူလိုင် ၉ ရက် ည ၈ နာရီက ပူချွန်းမြို့၊ မန်ချူးချိုင့်၌ အသတ်ခံရကြောင်း သတင်းရရှိသည်။
  • Wed 09 Jul 2014 - 23:13
    မန္တလေးမြို့တွင် မြန်မာ− တရုတ် လူမျိုးရေးအငြင်းပွားမှု များရှောင်ရှားနိုင်စေရေးအတွက် မြို့ခံတရုတ်လူမျိုးများအား အနေ အထိုင်ထိန်းသိမ်းရန် လမ်းညွှန် ထားကြောင်း မန္တလေးတိုင်းဒေသ ကြီး မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌကပြောကြားသည်။
  • Wed 09 Jul 2014 - 23:12
    သံချပ်ကာ ကားများအ ပါအ၀င် စစ်ဘက်သုံးယာဉ်အစီး သုံးဆယ်ခန့်ပါဝင်သောစစ်ယာဉ် တန်းတစ်ခုအလယ်ပိုင်းတိုင်းစစ် ဌာနချုပ်ရုံးစိုက်ရာ မန္တလေးနန်း တွင်းမှ မဟာအောင်မြေမြို့နယ် မျက်ပါးရပ်ရှိ တပ်မတော်လေ့ ကျင့်ရေးတပ်ဝင်း အတွင်းသို့ ဇူလိုင်လ ၉ ရက်က ပြောင်းရွှေ့ခဲ့ သည်။
  • Wed 09 Jul 2014 - 22:20
    ရန်ကုန်မြို့အတွင်း ခွင့်ပြုချက်မဲ့ဆောက်လုပ်သည့် ကန်ထရိုက်များကို တရားစွဲဆိုရာတွင် ငါးလအတွင်း အမှုပေါင်းတစ်ထောင်ကျော်မြင့်တက်လာကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီအင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ  သတင်းရရှိသည်။
  • Wed 09 Jul 2014 - 22:18
    ပြည်တွင်းမီဒီယာများ တွင်  ငြိမ်းချမ်းရေးပျက်ပြားစေ သည့်အရေးအသားများနှင့် ပဋိပ က္ခများဖြစ်စေမည့်ရေးသားဖော်ပြ ချက်များကို ပြုစုထားသောအစီ ရင်ခံစာတစ်စောင်ကို အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် ထုတ်ပြန်ရန်စီစဉ်ထားကြောင်း PEN Myanmarအဖွဲ့ထံမှ သတင်းရရှိသည်။
  • Wed 09 Jul 2014 - 22:05
    မြန်မာနိုင်ငံ၌ ကုန်သွယ်မှုလုပ်ငန်းများကို မိမိအိမ်မှနေ၍ အချိန်တိုအတွင်း ကွန်ပျူတာစနစ်ဖြင့် လျင်မြန်စွာဆောင်ရွက်နိုင် မည့် National Single Window System ကို ၂၀၁၅ နှစ်ဆန်းတွင် စမ်းသပ်အသုံးပြုသွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန မှ သတင်းရရှိသည်။
  • Wed 09 Jul 2014 - 22:03
    မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာအရ မူကြိုအရွယ် ကလေးဦးရေ ရှစ်သန်းနီးပါးရှိပြီး ၂၂ ရာခိုင်နှုန်းကျော်သာ မူကြိုဝန် ဆောင်မှုရရှိကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာမြတ်မြတ်အုန်းခင်က ပြော ကြားသည်။
  • Wed 09 Jul 2014 - 21:58
    ကလေးဝမြို့အနီးတွင် ဆောက်လုပ်မည့် ချင်းတွင်းတံ တားစီမံကိန်းအတွင်းကျရောက် သော ခြံဝင်းများ၊ လူနေအိမ်များ  နှင့် လယ်ယာမြေများအတွက် လျော်ကြေးပေးမည်ဖြစ်ကြောင်း ကလေးခရိုင်အထွေထွေအုပ်ချုပ် ရေးမှူးဦးမောင်တူးက ပြောသည်။
  • Wed 09 Jul 2014 - 21:56
     ပြည်တွင်းစစ်သည် ဗမာ နှင့် အခြားတိုင်းရင်းသားများကြား ဖြစ်ပွားနေခြင်းမဟုတ်ဘဲ အာ ဏာရှင်စနစ်ကြောင့် ဖြစ်ပွားနေရ ခြင်းဆိုသည်ကို ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် တိုင်းရင်းသား ခေါင်းဆောင်များ အပါအ၀င်ပြည် သူအားလုံးက အလေးအနက်ထား စေချင်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်း ခေါင်း
  • Wed 09 Jul 2014 - 21:55
    အစိုးရ၀န်ကြီးဌာနများ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် နေခြင်းကြောင့် နှစ်စဉ်ကျပ်ဘီလီယံချီဆုံးရှုံးနေသည်ဟု ပြည်ထောင်စု လွှတ်တော်ကိုယ်စား လှယ်များက လွှတ်တော်အစည်း အဝေးတွင် အစိုးရ၏ စီးပွားရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းရှင် လွှတ်တော်အမတ်များက ဝေဖန်ပြောကြားလိုက်သည်။
  • Wed 09 Jul 2014 - 21:55
    ဓာတ်ကြိုးလဲလှယ်ရန် လိုအပ်သည့် ရန်ကုန်မြို့တွင်းရှိ မြို့နယ်များကို ဇူလိုင်လဆန်းပိုင်း မှစ၍ သက်ဆိုင်ရာက အသစ်လဲ လှယ်  တပ်ဆင်ပေးနေကြောင်း သတင်းရရှိသည်။ ဇွန်လကုန်ပိုင်းက ရန်ကုန် မြို့တွင်း၌ ဓာတ်ကြိုးပြတ်ကျကာ ဓာတ်လိုက်သေဆုံးမှုများ ဖြစ်ပေါ် ခဲ့ပြီးနောက် ယခုကဲ့သို့ပြောင်းလဲတပ်ဆင်ပေးခြင်း ဖြစ်သည်။
  • Wed 09 Jul 2014 - 21:54
     မယ်စကြာဝဠာ(မြန်မာ) ၂၀၁၄ အလှမယ်ရွေးချယ်ပွဲ အကြိုပွဲစဉ်မှ ကောက်ခံရရှိသည့် ၀င်ကြေးများကို ကချင်ဒေသရှိ စစ်ဘေးဒုက္ခသည်များအား လှူဒါန်းသွားမည်ဖြစ်ကြောင်း မယ်စကြ၀ဠာ(မြန်မာ)ပြိုင်ပွဲ National Di-rector ဒေါ်စိုးယုဝေကပြောသည်။ ‘‘Full Rehearsal ကို ပွဲကြီး မလုပ်ခင်တစ်ရက် ဇူလိုင် ၂၅ ရက်၊ အမျိုးသားကဇာတ်ရုံမှာ လုပ်မယ်။ အဲဒီနေ့ကို ဈေးပေါပေါနဲ့ လက်မှတ်ရောင်းပေးမယ်။ ရောင်းလို့ရတဲ့ငွေတွေကို ကချင်ပြည်နယ်က ကယ်ဆယ်ရေးစခန်းကိုလှူမယ်’’ ဟု ဒေါ်စိုးယုဝေက ပြောသည်။
  • Wed 09 Jul 2014 - 21:52
    ထိုင်းနိုင်ငံအခြေစိုက် ပီတီတီအီးပီကုမ္ပဏီက ၂၀၁၂ ခုနှစ်တွင် လုပ်ကိုင်ခွင့်ရခဲ့သော ရွှေနတ်မောက်ကုန်းတွင်းလုပ်ကွက်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့အစမ်းတွင်း ရှာဖွေတူးဖော်ရေးလုပ်ငန်းကို ဇူလိုင်ဒုတိယပတ်တွင် စတင်မည်ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူက ပြောကြားသည်။  အဆိုပါ လုပ်ကွက်တူးဖော် ရေးအတွက် ထုတ်လုပ်မှုအပေါ် အကျိုးတူခွဲဝေ ခံစားရေးစာချုပ် ကို ၂၀၁၂ ခုနှစ်တွင် ချုပ်ဆိုခဲ့ သော်လည်း စမ်းသပ်တူးဖော်ရေး လုပ်ငန်းကို ၂၀၁၄ ခုနှစ် ဇူလိုင် ဒုတိယပတ်တွင်သာ စတင်နိုင်ခဲ့သည်။
  • Wed 09 Jul 2014 - 21:51
    ပဋိပက္ခများကို မကြီး ထွားအောင် ထိန်းထိန်းသိမ်းသိမ်း တင်ဆက်နေသည့် သတင်းမီဒီ ယာများထံ အမည်မဖော်သူများ က ခြိမ်းခြောက်စာများ ပို့နေစဉ် မှာပင် နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ပေးလာပါက မီဒီယာ များကို တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာအရေးယူမည် ဟု သမ္မတဦးသိန်းစိန်က ပြော ကြားလိုက်သည်။
  • Wed 09 Jul 2014 - 21:47
     ချင်းပြည်နယ်တွင် အမျိုးသမီးများလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် အမျိုးသမီး များ၏ အခွင့်အရေးတောင်းဆို ဆန္ဒပြမှုများတွင်ပါဝင်သော အမျိုး သမီးခေါင်းဆောင်များကို ပုဒ်မ ၁၈ တပ်ပြီး တရားစွဲဆိုခြင်းမှာ လူမျိုးအချင်းချင်း ဖိနှိပ်မှုသဘော ဖြစ်နေကြောင်း ချင်းတိုင်းရင်း သား အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဥ
  • Wed 09 Jul 2014 - 21:46
    ကင်ဆာဝေဒနာရှင်များကို ဓာတ်ရောင်ခြည်ဖြင့် ကုသရန် အတွက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းမှာ ဓာတ်ရောင်ခြည် စက်များ လိုအပ်မှုနှင့် စွမ်းရည်ကျဆင်းလာမှု၊ ဝေဒနာရှင်များ များပြားလာမှုတို့ကြောင့်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောကြားလိုက်သည်။
  • Wed 09 Jul 2014 - 21:46
     စင်ကာပူရောက်မြန်မာ အိမ်အကူများအတွက် လုပ်ခလ စာ၊ ကျန်းမာရေးဆေးကုသစရိတ် နှင့် နားရက်များအပါအဝင် အချက် ၁၀ ချက်ပါ အလုပ်သမား အခွင့်အရေးများကို မြန်မာနိုင်ငံ ဆိုင်ရာ စင်ကာပူသံရုံးက ထုတ် ပြန်လိုက်ပြီး ယင်းအချက်များနှင့် ပတ်သက်၍ သံရုံးသို့အချိန်မရွေး လာရောက်အကူအညီတောင်းခံ နိုင်ကြောင်း သံရုံးကထုတ်ပြန် ထား
  • Wed 09 Jul 2014 - 15:21
    ပြည်သူများက ရွေးကောက်တင်မြှောက်သော လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ပါဝင်သည့် လွှတ်တော်နှစ်ရပ် အသက်ဝင်လှုပ်ရှားလာသည်မှာ သုံးနှစ်ခွဲကာလအတွင်းသို့ ချင်းနင်းဝင်ရောက်လာပြီဖြစ်သည်။
  • Wed 09 Jul 2014 - 11:04
    ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့ဆန္ဒလက်မှတ်များ ကောက်ခံနေသည်။ တစ်ချိန်တည်းမှာပင် အစိုးရနှင့် နိုင်ငံရေးအင်အားစုအချို့က ပြင်သင့်သည့်အချက်များကိုသာ ပြင်လိုသည်ဟု လေသံပစ်သည်။ မကြာသေးမီကဆိုလျှင် သမ္မတဖြစ်ခွင့် ကန့်သတ်ချက် ပုဒ်မ ၅၉(စ)ကို ပြင်မည်မဟုတ်ဟု အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီထံမှ စကားအစွန်းထွက်လာခဲ့သည်။

Pages

Subscribe to News