News

  • Sat 23 Sep 2017 - 10:48
    သူလျှိုမှုနဲ့ စွပ်စွဲဖမ်းဆီးထားတဲ့ မြန်မာဓာတ်ပုံ သတင်းထောက် နှစ်ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
  • Fri 22 Sep 2017 - 23:53
     ကြားဖြတ်ရွေး ကောက်ပွဲတွင် ကျိုင်းတုံပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် အနိုင်ရပြည်ခိုင်ဖြိုးပါတီ  ကိုယ်စားလှယ်နှင့် ဒီချုပ်ပါတီမှကိုယ်စားလှယ်လောင်းတို့ အပြန်အလှန် ကန့်ကွက်တိုင်ကြားမှုကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လက်ခံ စစ်ဆေးပြီးနောက်ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ရန် ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်သည်။ စက်တင်ဘာ ၂၂ ရက်က အမိန့်ချမှတ်ပြီး တိုင်ကြားသူအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှအမတ်လောင်း ရှုံးနိမ့်ခဲ့ကြောင်း ပြည်ထောင်စု  ရွေးကောက်ပွဲကော်မရှင်ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက ပြောသည်။
  • Fri 22 Sep 2017 - 23:52
     နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် တန်းစီစောင့်ဆိုင်း ဝင်ရောက်ရသည့် စနစ်ကို ပြောင်းလဲကျင့်သုံးခြင်းကြောင့် အခက်အခဲများ ကြုံတွေ့ နေကြောင်း လျှောက်ထားသူများက ပြောကြားသည်။
  • Fri 22 Sep 2017 - 23:46
    မူးယစ်မှုတွင် ကွင်းလုံးကျွတ် လွတ်မြောက်သူ နဂါးလေး (ခ) အောင်နိုင်မြင့်အား လိုင်စင်မဲ့ယာဉ်နှစ်စီး လက်ဝယ်တွေ့ရှိမှုဖြင့် ပို့ကုန်သွင်း ကုန် ဥပဒေပုဒ်မ ၈ အရ အမှုနှစ်မှုအတွက် စုစုပေါင်း အလုပ်နှင့် ထောင် ဒဏ် လေးနှစ် ကျခံစေရန် အမိန့်ချခဲ့ကြောင်း Yangon Police ဖေ့စ် ဘွတ်ခ်စာမျက်နှာက ထုတ်ပြန်သည်။
  • Fri 22 Sep 2017 - 23:45
    ပန်းဘဲတန်းမြို့နယ်ရှိ စိန်ရွှေရတနာဆိုင်မှ စိန်ဆွဲသီးလု ယက်ခံရခြင်းသည် လီဆယ်တိုင် တန်းခြင်းဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့က စက် တင်ဘာ ၂၂ ရက်တွင် သတင်း ထုတ်ပြန်သည်။ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့ နယ်ရှိ Diamond 54 စိန်ရွှေရတ နာဆိုင်တွင် ကျပ်သိန်း ၈၀ တန် စိန်ဆွဲသီး လုယက်ခံရကြောင်း မမှန်မကန် လုပ်ကြံတိုင်တန်းခြင်း ဖြစ်ပြီး တိုင်တန်းသည့် ဆိုင်ဝန်ထမ်းသည် ဆိုင်၌ ၎င်းရှိနေစဉ် အမျိုးသမီးနှစ်ဦးက စိန်ဆွဲသီး အတုဖြင့် လာရောက်လိမ်လည် ၍ ယူဆောင်ခြင်းကို အဖြစ်မှန် အတိုင်းမပြောဘဲ လုယက်ခံရ သည်ဟု ကြံစည်ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
  • Fri 22 Sep 2017 - 23:45
     ဘူးသီးတောင်မြို့ နယ်ရှိ ဗလီခြံဝင်းတစ်ခုအတွင်း မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး အစ္စ လာမ် ဘာသာဝင်များ ဗလီတက် ချိန် ထိတ်လန့်ကြောက်ရွံ့မှု ဖြစ် စေရန် ရည်ရွယ်၍ အကြမ်းဖက် သမားများက ပြုလုပ်ခြင်းဖြစ်ကြောင်း အစိုးရသတင်းထုတ်ပြန် ရေးကော်မတီက ထုတ်ပြန်သည်။
  • Fri 22 Sep 2017 - 23:44
    ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ထွက်ပြေးသူများကို ပြန် လည်စိစစ်လက်ခံရေး အဖွဲ့အမြန် ဆုံးဖွဲ့ရန်နှင့်အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူများ၏အမည်စာရင်း ကို ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံ တကာရဲတပ်ဖွဲ့နှင့်ကုလသမဂ္ဂသို့ ပေးပို့ရန် အပါအ၀င်အချက် ၁၁ ချက်ကို အမြန်ဆုံးအကောင်အ ထည်ဖော်ရန် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင် ရွက်ရေးကော်မတီဝင်များအား တိုက်တွန်းသည်။
  • Fri 22 Sep 2017 - 23:44
    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ဝန်ကြီးတစ်ဦး လူမှုရေးဖောက်ပြန်သည် ဟု ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် စွပ်စွဲမှု များထွက်ပေါ်ခဲ့ခြင်းအပေါ် မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ရှင်းလင်း ပြောကြားသည်။
  • Fri 22 Sep 2017 - 23:44
     လူဦးရေပြည့်ကျပ် နေသော ဘင်္ဂါလီစခန်းများတွင် သားဆက်ခြားစီမံကိန်းကို ဘင်္ဂ လားဒေ့ရှ်အစိုးရက လုပ်ဆောင် နေပြီဟု တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၉ ရက်၌ ပြော ကြားသည်။ ဒုက္ခသည်စခန်းများသည် ဩဂုတ် ၂၅ ရက်က စပြီးရောက်လာသော ဘင်္ဂါလီ ၄၂၀,၀၀၀ ဖြင့် ပြည့်ကျပ်နေသည်ဟု အေအက်ဖ်ပီသတင်းဌာနက ဖော်ပြ သည်။ မြန်မာနိုင်ငံမှ ထွက်ပြေး လာသူများတွင် ကလေးအမေနှင့် ကိုယ်ဝန်ဆောင်မိန်းမ ၇၀,၀၀၀ ခန့် ပါနေကြောင်း အာဏာပိုင် များက စိစစ်တွေရှိခဲ့သည်ဟုဆို သည်။
  • Fri 22 Sep 2017 - 23:43
    ဘဏ္ဍာနှစ်သတ်မှတ်သောပုံစံကို လာမည့် ဘဏ္ဍာရေးနှစ်မှစ၍ အောက်တိုဘာ ၁ ရက်မှ စက် တင်ဘာ ၃၀ ရက်အထိ သတ်မှတ်ပြောင်းလဲရန် အစိုးရက သဘောတူထားပြီးဖြစ်၍ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီမှုရယူမည်ဟု စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်းက ပြော ကြားသည်။
  • Fri 22 Sep 2017 - 23:31
    ကုလသမဂ္ဂအထွေ ထွေညီလာခံတွင် ရခိုင်ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတကာ၏အမြင် သည်ပြင်းထန်ပြီး မြန်မာနိုင်ငံ အခက်အခဲကြုံတွေ့နေစဉ် ဂျပန် နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ရပ်တည်ဆောင်ရွက်မည်ဟုဂျပန် နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး က ပြောကြားကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချ ထားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။
  • Fri 22 Sep 2017 - 23:30
    တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့ (KIA) တို့ စက်တင်ဘာ ၂၂ ရက်က တနိုင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် မြစ်ကြီးနား-တနိုင်း လမ်းတွင် ခရီးသည်ယာဉ်များ တစ်နာရီကျော်ကြာ ပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။
  • Fri 22 Sep 2017 - 23:30
     ကလေးမြို့တွင် မိုးမရွာ တော့၍ ရေပြန် ကျနေသော်လည်း ရပ်ကွက်နှင့်ကျေးရွာ ၂၂ ခုရေနစ် မြုပ်နေဆဲဖြစ်ကာ ကယ်ဆယ်ရေး စခန်းများသို့ လာရောက်ခိုလှုံနေ ရသူတစ်သောင်းကျော်ပြီ ဖြစ် ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဦးစီးဌာန ဦးစီးမှူး ဦးစ၀ီလီဖရန့်က ပြောသည်။
  • Fri 22 Sep 2017 - 23:29
    သနပ်ခါးနှင့် ဖာလာကို သစ်တောထွက်ပစ္စည်းစာရင်းမှ ပယ်ဖျက်ခဲ့၍ ပုဂ္ဂလိကစိုက်ပျိုး ထုတ်လုပ်သူများ လွတ်လပ်စွာ သယ်ယူရောင်းဝယ်နိုင်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန် နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း အတွင်းရေးမှူး ဦးကျော် သူက ပြောသည်။
  • Fri 22 Sep 2017 - 23:29
     နိုင်ငံအတွင်း ပဲ ပိုမိုစားသုံးလာစေရေးနှင့် အာဟာ ရမြင့်မားစေရေး ပဲစားပွဲတော် များ ပြုလုပ်ရန် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည့်က တိုက်တွန်းညွှန်ကြား ထားကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောသည်။
  • Fri 22 Sep 2017 - 23:29
    ပအိုဝ်းအမျိုးသားလွတ် မြောက်ရေး အဖွဲ့ချုပ် (PNLO) တွင် လုံခြုံရေးနှင့် သယ်ယူပို့ ဆောင်ရေး တာဝန်ခံလုပ်ခဲ့ဖူးသူ အမျိုးသားသည် လေဆိပ်ရိပ်သာ လမ်းရှိ အင်းတစ်ခု၌ တည်းခို နေစဉ် ၎င်းထံမှ လက်ပစ်ဗုံး၊သေ နတ်နှင့် ကျည်ဆန်များအပြင် မူး ယစ်ဆေးဝါးများပါ ဖမ်းမိခဲ့သည်။
  • Fri 22 Sep 2017 - 21:31
     ဟုမ္မလင်းနှင့် တိုက်ကြီး မြို့အနီးကို ဗဟိုပြု၍ ခြောက်နာရီ ခန့်သာခြားကာ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ကြိမ်စီ လှုပ်ခတ်ခဲ့သည်။  စစ်ကိုင်းတိုင်းဒေသကြီးဟုမ္မလင်းမြို့တွင် စက်တင်ဘာ ၂၁ ရက် ည ၁၁ နာရီခန့်က ရစ်ခ်ျတာစကေး ၄ ဒသမ ၃ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ပြီး ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့တွင် စက်တင်ဘာ ၂၂ ရက် နံနက် ၅ နာရီ ၅၀ မိနစ်က ရစ်ခ်ျတာစကေး ၄ ဒသမ ၃ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။
  • Fri 22 Sep 2017 - 21:30
    ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ ဓာတ်ပုံသတင်းထောက် နှစ်ဦးအမှုကို မြန်မာနိုင်ငံရှေ့နေ များကွန်ရက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ရှေ့နေလိုက် ပေးရန် စီစဉ်နေကြောင်း ကွန်ရက်အတွင်းရေးမှူး ဦးရောဘတ် စန်းအောင်က ပြောသည်။ မြန်မာနိုင်ငံ ရှေ့နေများကွန် ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးနှင့် ဦးရောဘတ် စန်းအောင် အပါအ၀င် ရှေ့နေ သုံးဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်၍ ရှေ့နေလိုက်ပေး ရန်စီစဉ်နေသည်။ အဆိုပါရှေ့နေ သုံးဦးအတွက် ဘင်္ဂလားဒေ့ရှ်နိုင် ငံသို့ သွားလာနေထိုင်စရိတ်ကျခံ ပေးမည့် စေတနာရှင်များကို ဖိတ်ခေါ်ကြောင်း ဦးရောဘတ်စန်း အောင်က လူမှုကွန်ရက်တွင်ကြေ ညာထားသည်။ စရိတ်ကျခံမည့် စေတနာရှင်ရှိပါက ရှေ့နေလိုက် ခမယူဘဲ သွားရောက်ဆောင် ရွက်မည်ဖြစ်ကြောင်း ဦးရော ဘတ်စန်းအောင်က ပြောသည်။
  • Fri 22 Sep 2017 - 18:57
     ရန်ကုန်စာအုပ်လမ်း (Yangon Book Street)ကို နိုဝင် ဘာတွင် ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံစာပေ ထုတ်ဝေသူနှင့် ဖြန့်ချိသူများအ သင်း အတွင်းရေးမှူးဦးမြင့်ထွန်း က ပြောသည်။
  • Fri 22 Sep 2017 - 18:56
     ဒေါ်အောင်ဆန်းစုကြည် အတွက် ဂုဏ်ပြုချီးမြှင့်ထားမှု တစ်ခုကို ဘင်္ဂါလီအရေးနှင့် ဆက်စပ် ပြီး ဆိုင်းငံ့ထားကြောင်း ဗြိတိန် ကုန်သွယ်ရေး သမဂ္ဂတစ်ခုက ကြေညာခဲ့သည်။

Pages

Subscribe to News