No.1857 Wednesday, July 11, 2018

Issue Date: 
Wednesday, July 11, 2018
Myanmar Date: 
၁၃၈၀ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၁၄ ရက် (ဗုဒ္ဓဟူး၊ ဇူလိုင် ၁၁၊ ၂၀၁၈)
Publication: 
7Day Daily

List of stories

  • Wednesday 2018-07-11
    " ဒီနေ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က တက်ကြွစွာ ဦးဆောင်ဆောင်ရွက်နေခြင်းဟာ ကျွန်တော်တို့မှာ အင်အားချိနဲ့နေလို့ မဟုတ်ဘူးဆိုတာ သတိချပ် စေလိုပါတယ်။ အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်တဲ့ အဖွဲ့အစည်းမှန်သမျှ သဘောတူညီချက်တွေကိုသာ လိုက်နာရင် ဘာသေနတ်သံမှ ကြားရမှာမဟုတ်ပါဘူး။ ကိုယ့်လူကိုသာ နိုင်အောင်ထိန်းဖို့ အဓိပ္ပါယ်ကင်းမဲ့တဲ့ အကြောင်းပြချက်အမျိုးမျိုး မပေးဖို့ လိုပါမယ်။ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ငြိမ်းချမ်းရေးထက် အရေးကြီးတာ ဘာမှမရှိဘူး "  
  • မှောင်မည်းပြီး ရေလွှမ်းနေသည့်ဂူထဲတွင် ၁၈ ရက်ကြာမြင့်ပြီး နောက် ထိုင်းနိုင်ငံ မယ်ဆိုင်ဒေသ ရှိ လူငယ်ဘောလုံးအသင်းသား ၁၂ ဦးစလုံးနှင့် ၎င်းတို့၏ နည်းပြ ကို ဂူအပြင်သို့ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။
  •  ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးကို ယနေ့ (ဇူလိုင် ၁၁ ရက်)ကစ၍ နေပြည် တော်၌ ခြောက်ရက်ကြာ ကျင်းပ မည်ဖြစ်သည်။
  • ဒီမိုကရေစီအရေးနှင့် ငြိမ်းချမ်း ရေးလှုပ်ရှားမှုများတွင် ဂီတသ မားတစ်ဦးအနေဖြင့် တက်တက် ကြွကြွပါဝင်ခဲ့သူ ဦးရဲလွင်(မဇ္ဈိမ လှိုင်း)သည် ဇူလိုင် ၁၀ ရက်တွင်ရန်ကုန်ဆေးရုံကြီး၌   အသည်း ကင်ဆာရောဂါဖြင့်  ကွယ်လွန် သွားပြီဖြစ်သည်။
  •  ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အစည်းအဝေးသို့ တက်ရောက် နိုင်ခြင်းဖြင့် ကချင်ဒေသတွင် တိုက်ပွဲများ လျော့နည်းလာမည် ဟု မျှော်လင့်ကြောင်း ကချင်လက် နက်ကိုင်အဖွဲ့ (KIO/KIA)  ကိုယ် စားလှယ် ဗိုလ်ချုပ်ဂွန်မော်က ပြောကြားသည်။
  •  မြန်မာနိုင်ငံတွင် ငြိမ်း ချမ်းသာယာစည်ပင်သော ရပ်ရွာ အသိုင်းအဝိုင်းတည်ဆောက်ရေး စီမံကိန်းကို အကောင်အထည် ဖော်ပြင်ဆင်ရန် ကမ္ဘာ့ဘဏ်ကကန်ဒေါ်လာ သန်း ၂၅၀ အထိ ကူညီမည်ဟု ယမန်နေ့တွင် သတင်း ထုတ်ပြန်သည်။
  •  နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် မြောက်ပိုင်းလက်နက် ကိုင်ခုနစ်ဖွဲ့သည် ဇူလိုင် ၁၂ ရက် တွင် နေပြည်တော်၌ တွေ့ဆုံဆွေး နွေးမည်ဖြစ်ကြောင်း မိုင်းလား လက်နက်ကိုင်အဖွဲ့ (NDAA)အ ထွေထွေအတွင်းရေးမှူး ဦးကြည် မြင့်က ပြောသည်။
  • Tuesday 2018-07-10
     နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် တရုတ်ကွန်မြူနစ်ပါတီပေါ် လစ်ဗျူရိုအဖွဲ့ဝင် အတွင်းရေးမှူး ချုပ်ရုံး အတွင်းရေးမှူး ဗဟိုကော်မတီ၏ ပြန်ကြားရေးဝန်ကြီး ကွန်ကော်မင်နှင့် ယမန်နေ့တွင် နိုင်ငံတော်သမ္မတ အိမ်တော်သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ
  • အင်္ဂလန်နှင့် ကစားမည့် အကြိုဗိုလ်လုပွဲတွင် နှစ်သင်းစလုံး ဗိုလ်လုပွဲသို့ တက်ရောက် ရန် အခွင့်အရေးဆတူရှိကြောင်း ခရိုအေးရှားပွဲထွက်တိုက်စစ်မှူးမန်ဇူကစ်က ပြောသည်။
  • လက်ရှိ ကမ္ဘာ့ဖလား သည် အင်္ဂလန်အတွက် နောက် တစ်ကြိမ်ဗိုလ်စွဲရန် အကောင်းဆုံး အခွင့်အရေးဖြစ်နိုင်ကြောင်း အင်္ဂ လန်နောက်ခံလူ ကိုင်လီဝေါလ် ကာက ဝန်ခံပြောကြားသည်။
  •  မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကိစ္စများ ပပျောက်စေရန် ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့်ပါ ပူးပေါင်းမည်ဖြစ်ပြီး သတင်းပေးရန် ပျက်ကွက် သည့် အုပ်ချုပ်ရေးမှူးများကို ဖြေရှင်းချက် တောင်းခံမည်ဖြစ် ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက သတိပေး သည်။ ယမန်နေ့က ကျင်းပသော မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဒုတိ ယ တစ်နှစ်တာအတွင်း ဆောင်ရွက်ချက်များနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် မူးယစ်ဆေးဝါးပြဿနာကိုင်တွယ်နှိမ်နင်းမည့် အစီအစဉ်များကို၎င်းကပြောကြားခြင်းဖြစ်သည်။
  •  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ ရာစုပင်လုံအောင်မြင်စွာ ကျင်းပနိုင်ရေးလှုပ်ရှားမှုတစ်ရပ်ကို ပြည်မြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။
  •  ဖောင်းပြင်မြို့နယ်တွင် သတင်းထောက်ဟုဆိုကာ ဒေသခံများထံမှ ခြိမ်းခြောက်ငွေတောင်း သော အမျိုးသားလေးဦးကို စစ်ဆေးနေကြောင်း ဖောင်းပြင်မြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးသန်းစိုးက ပြောသည်။  ဖောင်းပြင်မြို့နယ် သရက် ကုန်းကျေးရွာတွင် သစ်စက်လုပ် ငန်းရှင်များနှင့် ကုန်စုံဆိုင်ပိုင်ရှင် တို့ထံမှ ဇူလိုင် ၈ ရက် မွန်းလွဲပိုင်း က သတင်းထောက်ဆိုသူ အမျိုး သားလေးက ခြိမ်းခြောက်ငွေ တောင်းယူခြင်းဖြစ်ကြောင်း ရဲ တပ်ဖွဲ့က ဆိုသည်။
  •  မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာတွင် နေ အိမ်ဆောက်လုပ်နေထိုင်မှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မဖြင့် အမှုဖွင့်ခံထားရသူ သုံး ဦးအနက် နှစ်ဦးကို ရဲကဖမ်းဆီးခဲ့ ကြောင်း ၎င်းတို့၏ မိသားစုဝင် များက ပြောသည်။  ဖမ်းခံရသူနှစ်ဦးသည် ဦးထွန်းမြင့်ဦးနှင့် ၎င်း၏ဇနီး ဒေါ်ဥမ္မာကျော်ဖြစ်ပြီး ဇူလိုင် ၉ညနေတွင် ဖမ်းဆီးခံရခြင်းဖြစ် ကြောင်း မိသားစုဝင်များက ဆို သည်။
  •  ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ ကို ကြိုဆိုကြောင်း ဖော်ပြသောအားဖြင့် ညီလာခံသို့ လာရောက် သူအားလုံးကို ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်ဒေသထွက် လက်ဖက်စို၊ လက်ဖက်ခြောက် များ မေတ္တာလက်ဆောင်ပေးမည် ဟု ပလောင်လက်ဖက်စိုက်ပျိုး ထုတ်လုပ်သူများအသင်းက အသိပေးထားသည်။ ၂၁ ရာစု ပင်လုံညီလာခံ ကိုယ်စားလှယ် ၇၀၀ အပါအဝင် လေ့လာသူများ၊ ဝန်ထမ်းများ၊ အခြားသော တက်ရောက်သူများ ကို ပလောင်ဒေသထွက် လက် ဖက်များ မေတ္တာလက်ဆောင်ပေး ရန် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန် ကြီးဌာနသို့ တင်ပြဆောင်ရွက်ခြင်း ဖြစ်ကြောင်း တအာင်းပလောင် အမျိုးသားပါတီ ဗဟိုအလုပ်အမှု ဆောင်တာလှဖေက ပြောသည်။
  •  မန္တလေးတက္ကသိုလ်ဝင်း ရှိ ကျောင်းသား၊ ကျောင်းသူများ ၏ ဆိုင်ကယ်များမကြာခဏ ပျောက်ဆုံးနေမှုနှင့် လုယက်မှုဖြစ်ပွားနေခြင်းကို တက္ကသိုလ်တာဝန်ရှိသူများက ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုဆန္ဒပြမှုမှ အချက်အချို့ ပြေလည်မှုရရှိ ကြောင်း မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုကျော်ဝင်းစိန်က ပြောသည်။ ဇူလိုင် ၉ ရက်က မန္တလေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌအပါအ၀င် သမဂ္ဂအဖွဲ့ဝင် သုံးဦးက မန္တလေးတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများငြိမ်းချမ်းစွာ ပညာသင်ကြားနိုင် ရေး၊ အာမခံချက်အပြည့်အ၀ပေး နိုင်မည့် လုံခြုံရေးစီမံချက်ပေါ် ထွန်းလာရေး၊ ဆိုင်ကယ်ပျောက် ဆုံးနစ်နာခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအတွက် တက္က သိုလ်တာဝန်ရှိသူများက တာဝန်ယူဖြေရှင်းပေးရေး ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့သည်။
  •  ပညာရေးဝန်ဆောင်မှု လုပ်ငန်များ လုပ်ကိုင်ရန် နိုင်ငံတကာသင်ရိုးသင်ပုဂ္ဂလိက ကျောင်းတစ်ခုဖြစ်သည့် ILBC ကို စတင်ခွင့်ပြုပေးထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် ပညာရေး ၀န်ဆောင်မှုလုပ်ငန်းများကို ၁၉၉၅ က  စတင်လုပ်ကိုင်ခဲ့သော ILBC  အား တစ်နိုင်ငံလုံးတွင် နိုင်ငံခြားဘာသာသင့်မည့် ကျောင်းများနှင့် ပညာရေးဝန်ကြီးဌာနက ပြဋ္ဌာန်းသော သင်ရိုးနှင့်သင်ကြားမည့် စာသင်ကျောင်းများ ဖွင့်လှစ်လုပ်ကိုင်ခွင့် ခွင့်ပြုခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ ILBC  သည် မြန်မာနိုင်ငံရှိ မြို့ကြီး ကိုးခုတွင် ကျောင်းခွဲပေါင်း ၃၀ ခန့် ဖွင့်လှစ်ထား သည်။
  • Tuesday 2018-07-10
    မြန်မာနိုင်ငံ၏ ငွေရေးကြေးရေး ကဏ္ဍနှင့်ပတ်သက်၍ ဩဇာအ ကြီးမားဆုံး အာဏာပိုင်အဖွဲ့အ စည်းဖြစ်သည့် ဗဟိုဘဏ်၏ ခေါင်းဆောင်သက်တမ်း ရက်ပိုင်းအ တွင်း ကုန်ဆုံးတော့မည်ဖြစ်သည်။
  • -ဘာစီလိုနာသည် ဘရာဇီးကလပ် ဂရီမီယိုမှ လူငယ်ကွင်းလယ် လူအာသာမီလိုကို ပေါင် ၂၇ ဒသမ ၅ သန်းဖြင့် အပြီးသတ်ခေါ်ယူ ကြောင်း အတည်ပြုပြီး စာချုပ်ဖျက်သိမ်းကြေး ပေါင် သန်း ၃၅၀ နှင့် အတူ ခြောက်နှစ်စာချုပ်ချုပ်ဆိုခဲ့သည်။
  • Tuesday 2018-07-10
    -ဒီကနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍ မှာတော့ လူငယ်အချစ်ဇာတ်ကား လေးတစ်ကားအကြောင်း ညွှန်းလိုက်ပါတယ်။
  • ခရိုအေးရှား-အင်္ဂလန် (ည ၁၂ နာရီခွဲ) ငယ်ဂုဏ်ရှိသော အင်္ဂလန်နှင့် သမ္ဘာရင့်ကစားသမားများစုဖွဲ့ထားသော ခရိုအေးရှားတို့ ထိပ်တိုက်တွေ့ဆုံပွဲဖြစ်သည်။
  • သက်ဆိုင်ရာနိုင်ငံများ ကို ကိုယ်စားပြုကာ ကမ္ဘာ့ဖလား ပွဲစဉ်များ ကစားနေသောကြောင့် ပရီးမီးယားလိဂ် ကစားသမားများ အနေဖြင့် ရာသီအစပွဲစဉ်များလွဲချော်နိုင်သည်။ ကမ္ဘာ့ဖလားအကြိုဗိုလ်လုပွဲ ရောက် ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ အင်္ဂလန်နှင့် ခရိုအေးရှားတို့အနေ ဖြင့် ဗိုလ်လုပွဲ (သို့မဟုတ်) တတိ ယလုပွဲ ကစားရမည်ဖြစ်ပြီး ဇူလိုင်၁၅ ရက်တွင် ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးမည်ဖြစ်သည်။
  •  ပြီးခဲ့သည့်လက အက် သလက်တီကိုမက်ဒရစ်မှ ထွက် ခွာပြီးနောက် ဂျပန်လိဂ် (ဂျေလိဂ်)ကလပ် ဆာဂန်တိုဆူတို့ အလွတ် ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ကြောင်း စပိန်တိုက်စစ်မှူးဟောင်း ဖန်နန်ဒိုတောရက်စ်က ကြေညာ သည်။ ငယ်ဘဝကလပ် အက်သက် တီကိုမက်ဒရစ်တွင် နှစ်ကျော့ ကစားခဲ့သူ တောရက်စ် (၃၄)နှစ် သည် လီဗာပူး၊ ချယ်လ်ဆီးနှင့် အေစီမီလန်၌ ကစားခဲ့ပြီး စပိန် နှင့်အတူ ကမ္ဘာ့ဖလားတစ်ကြိမ်၊ ယူရိုဖလားနှစ်ကြိမ် ဆွတ်ခူးခဲ့သည်။
  • နေရောင် မဝင်ရောက်နိုင်ဘဲ မှောင်မည်းနေသော ဂူထဲတွင် ယာယီထွန်းညှိထားသည့် မီးအလင်းရောင်တချို့သာ မှိန်ပျပျ ရှိနေသည်။ အနီးတစ်ဝိုက်၌ရှိနေ သူအားလုံး၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုကို ကြိုးစားထိန်းသိမ်းနေသည့် အရိပ်အယောင် များကို အဆိုပါ ခပ်မှိန်မှိန်မီးရောင်တွင်ပင် ထင်ရှားစွာ မြင်နေရသည်။ အားလုံး၏အာရုံက ကလေးများကို ဘက်ပေါင်းစုံမှ ထောင့်စေ့အောင် ဂရုတစိုက်စစ်ဆေးနေသည့် အမျိုးသားကြီးတစ်ဦးထံ စုပြုံကျရောက်နေသည်။ စိတ်ကျေနပ်သွားပြီဟု ယူဆရချိန်တွင် ဒေါက်တာ ရစ်ချတ်ဟားရစ်က ရေငုပ်သမားများဘက်လှည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ထိုအချိန်တွင် မယ်ဆိုင်ကျောက်ဂူထဲ ပိတ်မိနေသည့် လူငယ်များကို ကယ်ထုတ်ရန် အစီအစဉ် လက်တွေ့ စတင်တော့သည်။
  • လိုဏ်ဂူထဲမှ ပြန်လည် ကယ်ထုတ်နိုင်ခဲ့သော ကလေးရှစ်ဦးသည် အပူချိန်ကျဆင်းပြီး အချို့က အဆုတ်အအေးမိခဲ့သောကြောင့် ဆေးကုသမှုခံယူရသော်လည်း ကျန်းမာရေးအခြေ အနေ ကောင်းမွန်ကြောင်း ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၀ ရက်တွင် ပြောသည်။ ဂူထဲပိတ်မိနေသူ ၁၃ ဦးအ နက် ပထမဆုံးအသုတ်အဖြစ် လေးဦးကို ဇူလိုင် ၈ ရက်က ကယ် ထုတ်နိုင်ခဲ့ပြီး နောက်ထပ်လေးဦး ကို ဇူလိုင် ၉ ရက်က ထပ်မံကယ်ထုတ်နိုင်ခဲ့ကာ ကျန်ငါးဦးကို ကယ် ထုတ်ရန် ဆက်လက်ဆောင်ရွက် နေသည်။
  • Sulphur (ဆာလ်ဖာ)နှင့် လုံးဝမတည့်သော လူနာတစ်ဦးဖြစ်ကြောင်း ကိုယ်တိုင်မှတ်ချက်ရေးထားပါလျက် ဆာလ်ဖာရာနှုန်းပြည့်နီးပါး ပါဝင်သည့် Megatrim DS ဆေးပြားစုစုပေါင်း ၈၀ ကျော်ကို ၁၈ ရက်အတွင်း နေ့စဉ်တိုက်ကျွေးမှုကြောင့် ကလေးတစ်ဦး မိခင်(၃၆)နှစ်အရွယ် လူနာမမေဇင်နွယ်မှာ အသက်မသေသင့်ဘဲ သေဆုံးခဲ့ရသည်ဆိုကာ သမားတော်ကြီး ဦးရဲမြနှင့် ရန်ကုန်မြို့ ရွှေဂုံတိုင်အထူးကုဆေးရုံကြီး (SSC)မှ တာဝန်ရှိသူများကို ထိရောက်စွာ စစ်ဆေးအရေးယူပေးပါရန် သေဆုံးသူ လူနာ၏ဖခင် ဦးတင်မြင့်က မြန်မာနိုင်ငံဆေးကောင်စီသို့ တိုင်ကြားခဲ့သည်။