အတွဲ (၁၇)၊ အမှတ် (၁၁)

Issue Date: 
Thursday, May 24, 2018
Myanmar Date: 
၁၃၈၀ ပြည့်နှစ်၊ နယုန်လဆန်း ၉ ရက်၊ ဗုဒ္ဓဟူး၊ (မေ ၂၃၊ ၂၀၁၈)
Publication: 
7Day News

List of stories

  • Wednesday 2018-05-23
    မြန်မာနိုင်ငံသည် ကျွန်တော် ခရီးသွားချင်သည့် နိုင်ငံများစာရင်း တွင် ထိပ်ဆုံးက ရှိနေသည်မှာ နှစ်ပေါင်းများစွာကြာပြီ။ ကျွန် တော်သည် ဘီဘီစီအတွက် ရုပ်သံ အစီအစဉ် ၁၀၀ ကျော် လုပ်ပေးခဲ့ ပြီး အနည်းဆုံး နိုင်ငံပေါင်း ၁၂၀ ကို လည်ပတ်ခဲ့သည်။ သို့သော် လည်း မြန်မာကို သွားရောက်ရန် ဘယ်တော့မျှ မဖြစ်လာမှာကို ကျွန်တော် စိုးကြောက်မိ၏။
  • Thursday 2018-05-24
    (၁) ဇွန်လ ရောက်ခါနီးပြီဆိုရင် စာရေးသူတွေးပူမိတာက ဒီနှစ် ကျောင်းဖွင့်ရာသီမှာ ကလေးငယ် ဘယ်လောက်များများ ကျောင်း နောက်ကျဦးမလဲဆိုတာပါပဲ။ ‘‘ဆရာ ကျွန်တော်ဒီနေ့မှ မုံရွာကို ရောက်တာပါ။ ခုမှအခြေအနေ နည်းနည်းကောင်းလို့ ဖြစ်အောင် ထွက်လာတာပါ။  ကျွန်တော့်ကို ကျောင်းကလက်ခံပါဦးမလား မသိဘူးနော်’’တဲ့။ ရှမ်းပြည်နယ် မြောက်ပိုင်းမှ တက္ကသိုလ်ကျောင်း သားတစ်ယောက်က စာရေးသူနဲ့ တွေ့လို့ ပြောပြခဲ့တဲ့ စကားလေး ကိုပြန်ပြီး အမှတ်ရနေတာဖြစ်ပါ တယ်။ ဒီဇင်ဘာလဆန်းမှာ စတင်တဲ့ ပညာသင်ကာလကို တက်ဖို့ သူရောက်လာတာက ဇန်န၀ါရီ လလယ်ဖြစ်နေပါပြီ။ ဒါက ၂၀၁၃-၁၄ တုန်းက ဖြစ်စဉ်လေးပါ။
  • Wednesday 2018-05-23
      (တစ်) နိုင်ငံတစ်နိုင်ငံ၏ ပုံရိပ်ကိုအ ဆိုး၊ အကောင်း ပြောကြသည့်အခါ အလုပ်လက်မဲ့ များ၊ မများ၊ ခန္ဓာ ကိုယ်ကိုရင်းကာ အသက်မွေးရ သည့်သူများပေါ၏၊ မပေါ၏၊ တောင်းရမ်းစားသောက်သူများ ရှိ၊ မရှိ စသည် စသည်ဖြင့် အချက်အ လက်တချို့ကို အခြေခံကာ အကဲ ဖြတ်ကြလေ့ရှိပါသည်။
  • Thursday 2018-05-24
    စာရေးသူမှာ မြေးငယ်လေးနှစ်ဦး ရှိပါတယ်။ နှစ်ဦးစလုံးက မိန်း ကလေးတွေပါ။ အကြီးက (၁၁) နှစ်။ အငယ်က (၉)နှစ်ရှိပါပြီ။ သူ တို့နှစ်ဦး မြန်မာစာကို ရေးတတ်၊ ဖတ်တတ်ပြီဆိုတာနဲ့ ဥယျာဉ်မှူး ဆရာကြီး မင်းသုဝဏ်ဖန်တီးပေးခဲ့ တဲ့ ကလေးကဗျာ ပန်းဥယျာဉ်ထဲ ကို စာရေးသူက အရောက်ခေါ် သွားခဲ့ပါတယ်။ ပထမဆုံး မြန်မာ ကဗျာကို သူတို့နှစ်နှစ်ခြိုက်ခြိုက် လက်ခံလာအောင် သံနေသံထား နဲ့ ရွတ်ဆိုပြပြီး ဆွဲဆောင်ရပါ တယ်။ တတ်နိုင်သမျှ ဟန်အမူအ ရာလေးပါ လုပ်ပြပါတယ်။ ကဗျာစာသားကို ပီသအောင်ရွတ်ပြီး အဓိပ္ပာယ်နဲ့အတူ သီဆိုမှုရယ်၊ သရုပ်ဖော်မှုရယ် ပေါင်းစပ်ပြလိုက်တော့ အထူးစိတ်ပါဝင်စားလာတာ တွေ့ရပါတယ်။ အဓိကအားဖြင့် မြေးငယ်လေးတွေဟာ မြန်မာ ကဗျာကို သံနေသံထားနဲ့ ရွတ် တတ်လာမယ်။ သရုပ်ဆောင်မှု (Performance) အတတ်ကို ကဗျာရွတ်ရာမှတစ်ဆင့် အခြေခံ ကျကျ လေ့ကျင့်နိုင်မယ်။ ကဗျာ ထဲမှ မြန်မာ့ယဉ်ကျေးမှုနဲ့ ဓလေ့ ထုံးစံတွေကိုပါ အထိုက်အ လျောက် နားလည်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အထက်ပါအ တိုင်း ကလေးကဗျာပန်းဥယျာဉ်ထဲ ကို ခေါ်ဆောင်ရခြင်းဖြစ်ပါတယ်။
  • Wednesday 2018-05-23
    စစ်ပွဲများ ရပ်တန့်ရန် ဆန္ဒပြသဖြင့် ယခုလအတွင်း တစ်နိုင်ငံ လုံး၌ တရားစွဲဆိုခံထားရမှု ၁၄ မှု ရှိပြီး ငြိမ်းချမ်းရေးတက်ကြွလှုပ် ရှားသူ ၄၅ ဦးတရားရင်ဆိုင်နေရ ကြောင်း သိရှိရပါတယ်။ စစ်ပွဲ များရပ်တန့်ရန် ငြိမ်းချမ်းရေးလှုပ် ရှားသူများကို ရဲတပ်ဖွဲ့ကငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉၊ ၂၀ တို့ဖြင့်အမှု ဖွင့်ထားပြီး ကချင်ပြည်နယ်ရှိ ငြိမ်းချမ်းရေးလှုပ်ရှားသူများကို တပ်မတော်က ပုဒ်မ ၅၀၀ ဖြင့်အမှုဖွင့်ထားကြောင်းလည်း သိရှိရပါ တယ်။
  • Wednesday 2018-05-23
    ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း ဆန်စပါးတင်ပို့မှု စံချိန်တင်မြင့်တက်ခဲ့ သည့်အပြင် အခြေခံစပါးကြမ်း ခင်းဈေးနှုန်းကို အစိုးရက သတ် မှတ်ပေးခဲ့၍ တောင်သူများ အ ကျိုးအမြတ်ရရှိမှု များလာပြီး နွေ စပါးစိုက်ပျိုးမှု ယခင်နှစ်ထက်များ လာကြောင်း စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦး မျိုးတင့်ထွန်းက ပြောသည်။
  • Wednesday 2018-05-23
    နိုင်ငံတကာအာမခံကုမ္ပဏီများကို ယခုနှစ်အတွင်း ပြည်တွင်း၌ လုပ်ကိုင်ခွင့်ပြုရန် အစီအစဉ်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဒုတိယ ၀န်ကြီးဦးမောင်မောင်ဝင်းက အစိုးရ (၂)နှစ်ပြည့် သတင်းစာရှင်း လင်းပွဲ၌ ပြောကြားသည်။
  • Wednesday 2018-05-23
    ရန်ကုန်တိုင်းအစိုးရ ရောင်းချသည့် တန်ဖိုးနည်းအိမ်ရာဝယ်ယူ ရန် လျှောက်ထားသော်လည်း အခန်းမရသူများ ဒုတိယအသုတ် ရောင်းချရာတွင် လျှောက်လွှာထပ်မံတင်စရာမလိုကြောင်း ပြည်သူ့အိမ်ရာ ရောင်းချရေးကော်မတီဝင် ဦးညီညီကပြောသည်။
  • Thursday 2018-05-24
    လာမည့် ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ဒုတိယတန်း (Grade -2) ကို သင်ရိုးညွှန်းတမ်းအသစ်များဖြင့် စတင်သင်ကြားရန် ဆရာ၊ ဆရာမများအား လေ့ကျင့်သင်တန်းပေးမှုများ ဆောင်ရွက်နေပြီဖြစ်သည်။ ဒုတိယတန်း သင်ရိုးသစ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ကာယပညာ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ အနုပညာ (ဂီတနှင့် ပန်းချီ)၊ စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်ကိုးခု သင်ယူရမည်ဖြစ်သည်။ ဒုတိယတန်း ကျောင်းသား၊ ကျောင်းသူများ သင်ကြားရမည့် အင်္ဂလိပ်၊ သင်္ချာနှင့် အနုပညာ (ပန်းချီ) ဘာသာရပ်များနှင့်ပတ်သက်ပြီး သိရှိစေရန် 7Day News က တွေ့ဆုံမေးမြန်းထားချက်များကို ဖော်ပြလိုက်ပါသည်။
  • Wednesday 2018-05-23
    အစိုးရဝန်ထမ်းများ တန်ဖိုးနည်း အိမ်ရာဝယ်ယူရာတွင် ပေးသွင်းရသည့် အရစ်ကျအတိုးနှုန်းစနစ်နှင့် ပတ်သက်၍ဝန်ထမ်းများသက်သာ စေရန် နည်းလမ်းရှာဆောင်ရွက် နေကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်းက ပြောသည်။ 
  • Wednesday 2018-05-23
    မဂ္ဂဇင်း၊ ဂျာနယ်များတွင် စာရေးဆရာမြင့်သန်း ရေးသားခဲ့သော ဆောင်းပါးအချို့ကို စုစည်းထုတ်ဝေ သည့်စာအုပ်ဖြစ်သည်။ ယခုစာအုပ်အမည်ပေးရာ တွင် ဆရာမြင့်သန်း၏ ရေးဟန်အတိုင်း သောလုံးက လေးစွက်၍ တောက်တိုနှင့် မမည်မရ ဟု ကင်ပွန်းတပ်ထားပုံက ဆွဲဆောင်မှုတစ်မျိုးဖြစ်နေသည်။ 
  • Wednesday 2018-05-23
    တစ်ချိန်က လယ်ထဲသို့ စပါးကြဲပြီးလျှင်ရာသီဥတုမှန်ကန်ပါက ပျိုးပင်ပေါက်များ ကောင်းမွန်စွာ ရှင်သန်သဖြင့် စိတ်ချလက်ချနေနိုင်သော်လည်း ယခုအခါတွင် လယ်သမားကြီး ကိုကျော်လွင်တစ် ယောက် ရာသီဥတုမှန်ကန်လျှင် ပင်စိတ်ချလက်ချနေ၍ မရတော့ပေ။   
  • Thursday 2018-05-24
    နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပေါ်ပေါက်လာသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) လုပ်ငန်းစဉ်များသည် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်၌ အဓိကအခန်းကဏ္ဍတွင် ပါဝင် သည်။ အစိုးရကိုယ်စားလှယ်(တပ်မတော်)၊ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုးဖွဲ့နှင့် အရပ်သားကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသည့် JMC ကော်မ တီများ၏ တိုင်းနှင့် ပြည်နယ်အချို့တွင် ဆောင်ရွက်ချက်များသည် အောင်မြင်မှုများရှိသလို အားနည်းချက်များ ရှိနေသည်။ NCA လက်မှတ်ရေးထိုးပြီးနောက် ၂ နှစ် ကျော်အတွင်း JMC ကော်မတီ ဆောင်ရွက်ချက်များ၊ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးရ်နှင့် တွေ့ဆုံမေး မြန်းခဲ့သည်များမှ ဖော်ပြလိုက်ပါသည်။
  • Wednesday 2018-05-23
    အင်းလေးဒေသတွင် ဇုန်ဝင် ကြေးကောက်ခံရာ၌ ၀င်ကြေး လက်မှတ်များ အတုပြုလုပ်ခြင်းနှင့် လက်မှတ်များလက်ဆင့်ကမ်း ခြင်းကို တားဆီးနိုင်ရန် ယခုနှစ် ဇွန်လဆန်းကစ၍ ပုံစံသစ်ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း အင်းလေးဇုန်ဝင်ကြေး ကောက်ခံရေးကော်မတီ ဒုဥက္ကဋ္ဌဦးဇော်ဌေးအောင်က ပြောသည်။
  • Wednesday 2018-05-23
    နိုင်ငံပိုင်လေကြောင်းလိုင်း ဖြစ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) သည် ရန်ကုန်မှ တရုတ်နိုင်ငံ ချန်ဒူးမြို့သို့ ပြေးဆွဲရန် ညှိနှိုင်းနေကြောင်း MNA လေယာဉ်မှူးကြီး ဦးသန်းထွေးက ပြောကြားသည်။
  • Wednesday 2018-05-23
    မြန်မာနိုင်ငံခရီးသွားလာရေး လုပ်ငန်းဥပဒေ (မူကြမ်း)ကို အမျိုး သားလွှတ်တော်နှင့် ပြည်သူ့လွှတ် တော်ဥပဒေကြမ်းကော်မတီက ပြင်ဆင်အတည်ပြုပြီးသောကြောင့် နှစ်လအတွင်း ပြည်ထောင်စုလွှတ် တော်က အတည်ပြုမည်ဟု ခန့်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြန်ကြားရေးတာဝန်ခံက ပြောသည်။
  • Thursday 2018-05-24
    အနည်းဆုံးအခကြေးငွေနှုန်းထား အတည်ပြုပြီးနောက်တွင် ယခင်လများထက် အလုပ်ရှာဖွေသူပို များလာကြောင်း ပြည်တွင်းအလုပ် အကိုင်ရှာဖွေရေးအေဂျင်စီ လုပ် ငန်းရှင်အချို့က ပြောသည်။
  • Thursday 2018-05-24
    ကချင်နိုင်ငံရေးပါတီ ပူးပေါင်းကော်မတီ၏  ပါတီသစ်တည်ထောင်ခွင့်  လျှောက်ထားမှုကို လာမည့်ဇွန်လတွင် စတင်ပြုလုပ် မည်ဖြစ်ကြောင်း ကချင်နိုင်ငံရေး ပါတီများ ပေါင်းစည်းရေးကော်မ တီ ပြောရေးဆိုခွင့်ရှိသူများက မေလ ၂၀ ရက်တွင် ပြောသည်။
  • Thursday 2018-05-24
    တစ်လကျော်ကြာရပ်နား ထားသည့် လွှတ်တော်များကို ယခုတစ်ပတ် မေလ ၁၄ ရက်တွင် ပြန် လည်ကျင်းပခဲ့သည်။ လွှတ်တော်အစည်းအဝေး များ ပြန်လည်မစတင်မီ သမ္မတ ဦးဝင်းမြင့်နေရာကို ဆက်ခံခဲ့သည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ် ဦးတီခွန်မြတ်၏ ဦးဆောင်မှု အောက်က လွှတ်တော်အစည်းအ ဝေးအခင်းအကျင်းများ၊ ပြည် ထောင်စုဝန်ကြီးတစ်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးနေသည့် သတင်းအပါအ၀င် ပြည်ထောင်စုဝန်ကြီးအချို့အပြောင်းအလဲပြုလုပ်မည်ဟု သတင်းများထွက်ပေါ်နေမှုကြောင့် ယခုတစ်ကြိမ်ပြန်လည်ကျင်းပသည့် လွှတ်တော်အစည်းအဝေးများအပေါ် စိတ်ဝင်စားမှု မြင့်တက်ခဲ့သည်။ သို့သော်တစ်ပတ်အတွင်း ကျင်းပသည့် လွှတ်တော်အစည်းအဝေးများသည် ထူးထူးခြားခြားလှုပ်ခတ်မှုမရှိဘဲ အနည်းငယ်ပင် အေးစက်ခဲ့သည်။
  • Wednesday 2018-05-23
    နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့တဲ့ လက်ထောက်ဝန်ကြီးချုပ်ဟောင်း အန်နဝါအီဘရာဟင်ဟာ မလေး ရှားနိုင်ငံရဲ့ ခေါင်းဆောင်နေရာကို စောင့်စားနေသူ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံရေးမှာ နိုင်ငံကို တုန်လှုပ်စေခဲ့တဲ့ သမိုင်းဝင် သီတင်း ပတ်တစ်ခုမှာ အာဏာရပါတီဟာ နှစ် ၆၀ ကျော် အာဏာရပြီး နောက်မှာ အရှုံးပေးထွက်ခွာခဲ့ရ ပါတယ်။
  • Thursday 2018-05-24
    အရက်စွဲလမ်းစွာ သောက်သုံးမှု ကြောင့် ဆက်စပ်ဖြစ်ပေါ်လာနိုင် သည့် သေကြောင်းကြံစည်မှုနှုန်း လျှော့ချရန် အရက်မူဝါဒချမှတ် ဆောင်ရွက်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စီစဉ်နေ သည်။ ကိုယ့်ကိုယ်ကိုယ် သေ ကြောင်းကြံစည်သူ ၅၀ ရာခိုင်နှုန်း သည် စိတ်ကျရောဂါကြောင့်ဖြစ် ပြီး ဒုတိယအကြောင်းရင်းသည် အရက်၊ မူးယစ်ပြဿနာများ ကြောင့်ဖြစ်သည်ဟု စိတ်ရောဂါ ကု ဆရာဝန်ကြီးများက ပြော သည်။ ထို့ကြောင့် ယခုကဲ့သို့ အရက်မူဝါဒများ ချမှတ်ဆောင် ရွက်ရန် ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနက စီစဉ်နေ သည်။
  • Wednesday 2018-05-23
    နီကိုးလ်ဗိုဗာရီပါရှင်ယန်သည် အာမေးနီးယား နိုင်ငံရေးသမား ဖြစ်ပြီး ၂၀၁၈ မေလ ၈ ရက်ကစ၍ အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် အဖြစ် စတင်တာဝန်ယူခဲ့သည်။
  • Thursday 2018-05-24
    ကျောက်တံတား မြို့နယ်တွင် ခြောက်လအတွင်း ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေအဖြစ် ကြေညာ နိုင်ရန် ဆောင်ရွက်မည်ဖြစ် ကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာ သန်းစိန်က ပြောသည်။
  • Thursday 2018-05-24
    မွေးရာပါ ခြေထောက်ခွင်ရောဂါ ကုသသည့်ကလေး တစ်လလျှင် ၁၅ ဦးခန့်ရှိပြီး ယခုနောက်ပိုင်း ပိုများလာကြောင်း ရန်ကုန် ကလေးဆေးရုံကြီး အရိုးခွဲစိတ် ပြင်ပလူနာဌာန Walk for Life (ခြောက်ထောက်ခွင် ကုသမှုစီမံ ချက်) စီမံကိန်းညှိနှိုင်းရေးမှူး မစုပုံချစ်က ပြောသည်။
  • Wednesday 2018-05-23
    အီရန်၏ နျူကလီးယား အစီအစဉ် ကို ထိန်းချုပ်ရန် နိုင်ငံအများအပြားပါဝင်သော သဘောတူညီချက်မှ နုတ်ထွက်ရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဆုံးဖြတ်ချက် သည် ကျယ်ပြန့်သော နောက် ဆက်တွဲအကျိုးဆက်များ မုချရှိ လာစေမည်ဖြစ်ကာ အရှေ့အ လယ်ပိုင်းတွင်လည်း နောက်ထပ် မတည်ငြိမ်မှုများရှိလာမည်ဖြစ် သည်။
  • Wednesday 2018-05-23
    နာမည်ကြီးအနုပညာရှင်များပါဝင် သရုပ်ဆောင်ထားသည့် ဇာတ် ကားအများစုသာ အောင်မြင်မှုရရှိ နေသည့် မြန်မာ့ရုပ်ရှင်ဈေးကွက် တွင် အသစ်များနှင့် ရိုက်ကူးထား သည့် ဇာတ်ကားထွက်ရှိလာမှုအ လွန်နည်းပါးသည်။ 
  • Thursday 2018-05-24
    နေပြည်တော် ကောင်စီနယ်မြေ အတွင်း သက်ကြီးဘိုးဘွားနှင့် မသန်စွမ်းလူနာများအား သွားနှင့် ခံတွင်း ကျန်းမာရေးစောင့်ရှောက် မှုကို ဇွန်လ ၄ ရက်က စတင်ကာ အိမ်တိုင်ရာရောက် အခမဲ့ဆောင် ရွက်ပေးမည်ဖြစ်သည်။
  • Thursday 2018-05-24
    ဆေးရုံနှင့် ကျန်းမာရေးဌာနရှစ်ခု တွင် အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီ အက်စ် ကုသစောင့်ရှောက်မှု အတွက် အင်တာနက်အသုံးပြုပြီး ကျန်းမာရေးဝန်ထမ်းများကြား အသိပညာနှီးနှောဖလှယ်နိုင်မည့် စီမံ ချက်စတင်ပြုလုပ်မည်ဖြစ်သည်။
  • Thursday 2018-05-24
    တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့် ခဲ့တဲ့ ဗြိတိန်တော်ဝင်မိသားစု မင်္ဂလာပွဲကတော့ ခမ်း ခမ်းနားနား သိုက်သိုက်ဝန်းဝန်းနဲ့ ပြီးဆုံးခဲ့ပါပြီ။ ဗြိတိန်ရဲ့ ထီးမွေနန်းလျာဆက်ခံမှုအရ ဆဋ္ဌမနေရာ မှာရှိနေတဲ့ မင်းသားဟယ်ရီဟာ သူချစ်မြတ်နိုးတဲ့ အမေရိကန်သူ ရုပ်ရှင်မင်းသမီး မီဂန်မာကယ်ကို လန်ဒန်အနောက်ပိုင်းမှာရှိတဲ့ ဝင် ဆာရဲတိုက်က စိန့်ဂျော့ခ်ျဘုရား ကျောင်းကြီးမှာ ထိမ်းမြားလက် ထပ်ခဲ့ပါတယ်။ ဟယ်ရီနဲ့ မီဂန်တို့ရဲ့ မင်္ဂလာ ပွဲကို အထူးဖိတ်ကြားထားတဲ့ ဧည့် သည်တော် ၈၀၀ နဲ့ အရပ်သား ထောင်ဂဏန်းလောက် တက် ရောက်ခဲ့ပါတယ်။ ဒါ့အပြင် မင်္ဂလာသတို့သားနဲ့ သတို့သမီးကို သိန်းချီတဲ့ ဗြိတိန်ပြည်သူတွေက ဝင်ဆာရဲတိုက်နားက လမ်းတွေမှာ စုရုံးပြီးဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။ လက်ထပ်ပွဲကို ရုပ်မြင်သံကြားနဲ့ အင်တာနက်ကနေ တိုက်ရိုက်စောင့် ကြည့်သူကတော့ သန်းနဲ့ချီ များ ပြားခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အခမ်းနားဆုံး ထီးဆောင်းမင်းအနွယ်ဝင် မိသားစုတစ်ခုဖြစ်တဲ့အပြင် ဟယ်ရီကိုယ် တိုင်ကလည်း လူချစ်လူခင် ပေါ များသူမို့ အခုမင်္ဂလာပွဲကို လူတွေ အရမ်းစိတ်ဝင်စားခဲ့ကြတာ မဆန်းပါဘူး။ အဲဒီထဲကမှ လူတွေရဲ့အာရုံကို အဓိကဖမ်းစားနိုင်ခဲ့တဲ့ အကြောင်းအရာတချို့ကို စုစည်း ဖော်ပြလိုက်ပါတယ်။
  • Wednesday 2018-05-23
    လက်ရှိအချစ်ရေးသည် တစ်ဦးနှင့်တစ်ဦး   နားလည်မှုများ တည်ဆောက်၍ လက်တွဲနေသောကြောင့် အထူးညှိနှိုင်းစရာ   မလိုကြောင်း သရုပ်ဆောင်   နန်းဆုရတီစိုးက ပြောသည်။

Pages