-
Saturday 2018-01-13
နိုင်ငံ၏ သမိုင်းဝင် အပြောင်းအလဲ တစ်ရပ်အဖြစ် ဆော်ဒီအာရေးဘီးယားတွင် အမျိုးသမီးများကို ဘောလုံးကွင်းအတွင်း ပထမဆုံးအကြိမ် ဝင်ရောက် အားပေးခွင့် ပြုလိုက်ပြီ ဖြစ်သည်။
-
Saturday 2018-01-13
အီရန်၏ နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီမှုကို ခြွင်းချက် အခြေအနေ အချို့ဖြင့် အမေရိကန်က ဆက်လက် လေးစား လိုက်နာ ကျင့်သုံးနေမည်ဟု သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့သည်။
-
Saturday 2018-01-13
ဧရာဝတီမြစ်မြေနုကျွန်း ခွဲဝေချထားမှုနှင့်ပတ်သက်၍ တရားစွဲဆိုထားသော မန္တလေး တိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ငါန်းမြှာကျေးရွာနေတောင်သူ ၁၇ ဦးကို ဇန်န၀ါရီ ၁၂ ရက်တွင် မြို့ နယ်တရားရုံးက ထောင်ဒဏ် ခြောက်လအမိန့်ချမှတ်ခဲ့သည်။
-
Saturday 2018-01-13
မွန်ပြည်နယ် ပေါင် မြို့မရဲစခန်းရှိ နယ်ထိန်းခေါင်း ဆောင် ရဲအုပ်တစ်ဦး လိုင်စင်မဲ့ ကား မောင်းနှင်မှုဖြင့် ကရင်ပြည် နယ်တွင် ဖမ်းဆီးအရေးယူခံရ ကြောင်း ပေါင်မြို့နယ်မှူး ရဲမှူး အေးဆွေက ပြောသည်။
-
Saturday 2018-01-13
တရားလွှတ်တော်ရှေ့ နေ ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ် သက်ပြီး လက်နက်အမှုမှ တရား လိုပြသက်သေတစ်ဦးကို စစ်ဆေးရာတွင် ရှေ့နေမလာ၍ စွပ်စွဲခံရသူ အောင်ဝင်းဇော်ကိုယ်တိုင် သက်သေကို ပြန်လှန်စစ်မေးခဲ့သည်။
-
Saturday 2018-01-13
လာမည့် ၂၀၂၃ တွင် ရန်ကုန်မှ မန္တလေးသို့ အချိန်ရှစ် နာရီဖြင့် သွားရောက်နိုင်ရန် ရထားလမ်းများအဆင့်မြှင့်တင် ပေးမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက ပြောသည်။
-
Saturday 2018-01-13
ဂျပန်အစိုးရသည် ဘင်္ဂ လားဒေ့ရှ်သို့ ထွက်ပြေးခဲ့သော ဒုက္ခသည်များ ပြန်လည်လက်ခံ ရေး မြန်မာအစိုးရကို အရေးပေါ် အကူအညီ ကန်ဒေါ်လာ သုံးသန်း (ဂျပန်ယန်း သန်း ၃၃၀) ကို ပေး အပ်ရန် ဆုံးဖြတ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကယမန်နေ့က သတင်းထုတ်ပြန် သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာတာရို ကိုနိုတို့ ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် ယင်းသို့ကူညီရန် သဘောတူခဲ့သည်။
-
Saturday 2018-01-13
နယူးယောက်− အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် အခြေစိုက် သော ဂျာနယ်လစ်များကို အကာ အကွယ်ပေးရေးကော်မတီ (CPJ)အဖွဲ့က စာနယ်ဇင်းလွတ်လပ်ခွင့် ကို တိုက်ခိုက်ခဲ့သော ခေါင်း ဆောင်များအား အသိအမှတ်ပြု ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စာနယ်ဇင်းလွတ်လပ်ခွင့် အကြီး မားဆံ
-
ကျန်းမာရေးအခြေအ နေကြောင့် တာဝန်ကျေပွန်အောင် မစွမ်းဆောင်နိုင်မည်ကို စိုးရိမ်၍ ရာထူးမှ နုတ်ထွက်ခွင့်ပြုရန် ကိုယ်တိုင် တင်ပြတောင်းဆိုခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တာဝန် နှင့် ပါတီဗဟိုအလုပ်အမှုဆောင် တာဝန်များ ဆက်လက်ထမ်း ဆောင်မည်ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ်ရာထူး မှ နုတ်ထွက်ခဲ့သူမန်းဂျော်နီက ပြောကြားသည်။
ရာထူးမှ နုတ်ထွက်မှုနှင့် ပတ်သက်၍ ဇန်န၀ါရီ ၁၂ ရက် က ပုသိမ်မြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ မီဒီယာများအား ရှင်းလင်းစဉ် ၎င်းက ထိုသို့ပြော ကြားခြင်းဖြစ်သည်။
၂၀၁၆ နှင့် ၂၀၁၇ အတွင်း မတော်တဆဖြစ်ရပ်နှင့် ယာဉ် တိုက်မှုတို့ကြောင့် ခွဲစိတ်ကုသခဲ့ရ သည့်အပြင် မျက်စိနှစ်ဖက်စလုံး ကိုလည်း ခွဲစိတ်ထား၍လက်ရှိ တွင် အမြင်အာရုံအားနည်းနေ ကြောင်း မန်းဂျော်နီက ရှင်းပြ သည်။
-
ဆန်စပါးဆိုင်ရာ အ သေးစား၊ အလတ်စားစက်မှုလုပ် ငန်း(SME) ၁၀ မျိုးကို ဆန်စပါး အသင်းချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီး ဌာနပူးပေါင်းကာ ပထမဆုံးအ ကြိမ် ချေးငွေထုတ်ပေးမည်ဖြစ် ကြောင်း ဇန်နဝါရီ ၁၂ ရက်တွင် အသင်းချုပ်က ထုတ်ပြန်ခဲ့သည်။
-
Saturday 2018-01-13
ပဋိပက္ခဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသများသို့ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဖြန့်ဖြူးနိုင်ရန် ကျပ်ဘီလီယံ ၃၀ ကျော် ကုန်ကျမည်ဖြစ်ပြီး ယခုဘဏ္ဍာနှစ်တွင် ဘတ်ဂျက် ကျပ်လေးဘီလီယံကျော် ခွင့်ပြုထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်အား တာဝန်မှ အနားပေးလိုက်သည်ဟု ကောလာ ဟလထွက်ပေါ်နေမှုကို မဟုတ်မှန်ကြောင်း ဗဟိုအလုပ်အမှုဆောင်အချို့နှင့် ပါတီနှင့် နီးစပ်သူများက ဇန်နဝါရီ ၁၂ ရက်တွင် အတည်ပြုပြောကြားသည်။
-
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လုပ်ငန်းစဉ်အရ ဆောင်ရွက်ရမည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် လူထုတွေ့ဆုံပွဲများ ကန့်သတ်ပိတ်ပင်ခံရခြင်းများနှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းအဖြေရှာပြီးမှသာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဆက်လက် ကျင်းပရန်ဆုံးဖြတ်ကြောင်း NCA လက်မှတ်ထိုးရှစ်ဖွဲ့၏ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးမှ ယမန်နေ့က ကြေညာချက်ထုတ်ပြန် လိုက်သည်။
-
မောင်တောမြို့နယ် အင်းဒင်ကျေးရွာ သတ်ဖြတ်မှုနှင့် ပတ်သက်၍ တပ်မတော်က စိစစ်အရေးယူမည်ဆိုခြင်းမှာ နိုင်ငံအတွက် ခြေလှမ်းသစ်တစ်ခု ရှေ့သို့လှမ်းလိုက်ခြင်းဟုမြင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
-
ဖြူးမြို့အနီး ပဲခူးရိုးမအတွင်း ဗဟိုပြု၍ ဇန်နဝါရီ ၁၂ ရက် နံနက်အစောပိုင်း လှုပ်ခတ် ခဲ့သောငလျင်သည် အဖျက်စွမ်းအားကြီးသည့် ဇောက်တိမ်ငလျင်အမျိုးအစားဖြစ်ပြီး မြို့ကြီးများ အနီး မလှုပ်ရှားခဲ့သည်မှာ ကံကောင်းကြောင်း ဘူမိဗေဒပညာရှင်များက ပြောသည်။
-
Saturday 2018-01-13
ကျန်းမာရေးကြောင့် အနားယူနေသော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီနာယက သူရဦးတင်ဦး ရွှေဂုံတိုင်ရှိ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဌာနချုပ်သို့ ဇန်နဝါရီ ၁၂ ရက် တွင် ဘီးတပ်ကုလားထိုင်ဖြင့် ရုံး တက်ရောက်ခဲ့သည်။
-
Saturday 2018-01-13
ညီညွတ်သော တိုင်း ရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် အဖွဲ့ အစည်းများအကြား ညီညွတ်မှု မပျက်ရေး အလေးထားဆောင် ရွက်ရန် UNFC ဥက္ကဋ္ဌ နိုင်ဟံသာ က တိုက်တွန်းသည်။
-
အသင်းတွင် ၎င်း၏အနာ ဂတ်နှင့်ပတ်သက်၍ ဘာမဆိုဖြစ် နိုင်သည်ဟု ချယ်လ်ဆီးနည်းပြ အန်တိုနီယိုကွန်တီက ပြောကြား သည်။
-
စပိန်ကိုပါဒယ်ရေး ကွာတားဖိုင်နယ် ပွဲစဉ်များတွင် ဒါဘီ ပွဲနှစ်ပွဲ ပါဝင်ပြီး ဘာစီလိုနာက အက်စ်ပန်ညိုနှင့် ကစားရမည်ဖြစ် ကာ ရီးရဲလ်မက်ဒရစ်က လီဟာ နက်စ်ကို ရင်ဆိုင်ရမည်ဖြစ်သည်။
-
Saturday 2018-01-13
ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) တပ် ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားတစ်ဦး အသတ်ခံရမှုအပေါ် ရှုတ်ချ ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ ငါးဦးကို လွိုင်ကော်မြို့နယ်တရားရုံးက ထောင်ဒဏ်ရက် ၂၀ ပြစ်ဒဏ် ချမှတ်ခဲ့သည်။
-
Saturday 2018-01-13
မြန်မာလိဂ်ကလပ် ဧရာ ၀တီယူနိုက်တက်အသင်းကို ၂၀၁၈ ဘောလုံးရာသီအတွက် ဧရာမြန်မာအာမခံကုမ္ပဏီ (AMI) က ကျပ် သိန်းတစ်ထောင်ပံ့ပိုးမည် ဖြစ်သည်။ပြည်တွင်းရှိ လူငယ်ကစားသမားများ ဘောလုံးကစားနည်းတွင် စိတ်ပါဝင်စားလာပြီး မြန်မာလိဂ်ပြိုင်ပွဲ၌ ဧရာဝတီအသင်း အောင်မြင်မှုရရှိကာ အာရှပြိုင်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန်ရည်ရွယ်၍ ထောက်ပံ့ခြင်းဖြစ်ကြောင်း ဇန်န၀ါရီ ၁၂ ရက်က ရန်ကုန်မြို့ Goal ဟိုတယ်၌ ပြုလုပ်သည့် စပွန်ဆာပေးအပ်ပွဲအခမ်းအနားတွင် ဧရာမြန်မာအာမခံကုမ္ပဏီ ဒါရိုက်တာ ဦးမျိုးမင်းသူက ပြောသည်။
-
တချို့ကတော့ ထမင်းတစ်နပ်လျှော့ဖို့ ××× ပြောကြတယ်×× × တချို့က တော့ ဟင်းတစ်ခွက် လျှော့ဖို့ ပြောကြတယ်××× အခု ဆိုတို့မှာ စားသောက်ရေးတွေ အဆင်မပြေဘူး ××× ဒီအတိုင်းသာ ပွားလို့နေရင် ဒုက္ခပဲ ကွာ ××× အချိန်တန်ပြီ ဒီပြောပေါက်မျိုးကို ××× ပြောင်းလဲချိန် ပေါ့ကွာ
-
Saturday 2018-01-13
မြန်မာလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁) ဒုတိယရက်တွင် လက်ရှိချန်ပီ ယံရှမ်းယူနိုက်တက်နှင့် ဇွဲကပင် အသင်းတို့ အနိုင်၊အရှုံးမပေါ်ဘဲ ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သည်။
-
Saturday 2018-01-13
ကာဂျစ္စတန်နှင့် မြန်မာ အသင်းတို့ အာရှဖလားခြေစစ်ပွဲ ပြန်ကန်ပွဲကစားမည့် နိုင်ငံကို နှစ်ဖက် ဘောလုံးအဖွဲ့ချုပ် ညှိနှိုင်းမှု အဆင်မပြေသဖြင့် အေ အက်ဖ်စီက ဝင်ရောက်ဆုံးဖြတ် ပေးဖွယ်ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောသည်။
-
သရုပ်ဆောင်ရဲတိုက်၏ ပထမဆုံး ဗီဒီယိုဇာတ်ကား ‘မှန်’ ကို ဘိုဘိုရုပ်ရှင်ဗီဒီယိုထုတ်လုပ် ရေးနှင့်အတူ ယနေ့ ဇန်နဝါရီ ၁၃ ရက်တွင် စတင်၍ ရန်ကုန်၌ ရိုက်ကူးမည်ဖြစ်သည်။
-
Saturday 2018-01-13
ထိုင်းလိဂ်-၁ ကလပ် ပရာဂျပ်အသင်းသို့ ပြောင်းရွှေ့ ကစားရန် အကြိုသဘောတူညီမှု ရရှိထားကြောင်း ရတနာပုံကွင်း လယ်ကစားသမားဟောင်း နန္ဒ လင်းကျော်ချစ်က ပြောသည်။
-
ဇာတ်ကားများ ရိုက်ကူး မှုများလာသည်နှင့်အမျှ သရုပ် ဆောင်ပညာကို ရိုက်ကွင်းပေါ် တွင် တွေ့ဆုံရသည့် မိမိ၏စီနီယာ များထံမှ ပြန်လည်သင်ယူလိုပြီး သရုပ်ဆောင်မှု၌ မိမိကိုယ်ကိုယ် အားမရသေးကြောင်း အလှမယ် ထက်ထက်ထွန်းက ပြောသည်။
-
ဝေဖန်သူ များရွေးချယ်သည့်ဆု(သို့မဟုတ်) (၂၃)ကြိမ်မြောက် Critics’Choice Award အကောင်းဆုံးဆုလေးဆု ကို Big Little Lies ဇာတ်ကားက ရရှိပြီး အကောင်းဆုံးမင်းသမီးဆု ကို နီကိုးလ်ကစ်ဒ်မန်းက ရရှိခဲ့ သည်။
-
မြန်မာအိုင်ဒေါ Season−3 တွင် ဒိုင်အဖြစ် ပါဝင်မည့် မြန်မာပြည်သိန်းတန်သည် အမေရိကန် နိုင်ငံမှ နာမည်ကြီးဖက်ရှင် အမှတ် တံဆိပ်များ ဝယ်ယူခဲ့ကြောင်း ဒေါက်တာနုနန္ဒာသန်းက ပြော သည်။
-
အခြေခံပညာပထမတန်း ကို စာမေးပွဲမစစ်ဆေးဘဲ တစ်ဦး မကျန် အတန်းတင်ပေးမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောသည်။