No.1576 Monday, September 25, 2017

Issue Date: 
Monday, September 25, 2017
Myanmar Date: 
၁၃၇၉ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၅ ရက် (တနင်္လာ၊ စက်တင်ဘာ ၂၅ ၊ ၂၀၁၇)
Publication: 
7Day Daily

List of stories

  • Monday 2017-09-25
    ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများကို လေးစားလိုက်နာသည့် အနေဖြင့် မြောက်ကိုရီးယားနှင့် ကုန်သွယ်မှုကို တရုတ်က စတင် ကန့်သတ် လျှော့ချခဲ့ကြောင်း သိရသည်။
  • Monday 2017-09-25
    သမ္မတ ဒေါ်နယ်လ်ထရမ့် လက်ထက်တွင် ပထမဆုံး အကြိမ်အဖြစ် အမေရိကန်က လစ်ဗျားရှိ အိုင်အက်စ် စစ်သွေးကြွများကို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
  • Monday 2017-09-25
    အတိုက်အခံ အမျိုးသားရေး ဝါဒီများ ပိုမိုအင်အားကောင်းလာသည့်တိုင် ဂျာမနီ ရွေးကောက်ပွဲတွင် အန်ဂျလာ မာကယ်လ်က ဆက်လက် အောင်ပွဲခံခဲ့ကြောင်း သိရသည်။
  • Monday 2017-09-25
     ပြည်တွင်းစက်သုံးဆီ ဈေး ဆက်တက်နေပြီး ၂ နှစ်အ တွင်း အမြင့်ဆုံးဈေးသို့ ရောက်ရှိ လာသည်။
  • Monday 2017-09-25
     ကျောက်စိမ်းထွက်ရှိရာ ဒေသဖြစ်သည့် ခန္တီးမြို့နယ် နန်စီ ပွန်ကျေးရွာတွင် ကျေးရွာအုပ်ချုပ် ရေးမှူးအပါအ၀င် ဒေသခံ ၁၁ ဦး ကို တရားမ၀င်ကျောက်စိမ်း ရောင်းဝယ်မှုဖြင့် အရေးယူပြီး နောက် တစ်နိုင်တစ်ပိုင် ကျောက် စိမ်း တူးဖော်ရောင်းဝယ်ခွင့်ပေး ရန်နှင့် လူထုကို အကာအကွယ် ပေးနိုင်မည့် ကျောက်မျက်ဥပဒေ အမြန်ဆုံးပြဋ္ဌာန်းပေးရန် ရှမ်းစာ ပေနှင့် ယဉ်ကျေးမှုကော်မတီက စက်တင်ဘာ ၂၂ ရက်၌ တောင်းဆိုသည်။
  • Monday 2017-09-25
    မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ရှိ မန္တလေး- မြို့ သာစက်မှုဥယျာဉ် မြို့တော် စီမံကိန်းတွင် ဧက ၃၀၀ ကျော်ရှိမည့် မြို့ပြစီမံကိန်းသစ်တစ်ခုကို တရုတ်နိုင်ငံက ကန်ဒေါ်လာသန်း၃၉၀ရင်း နှီးမြှုပ်နှံမည်ဖြစ်ကြောင်း မန္တလေး မြို့သာ စက်မှုဥယျာဉ်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလီမိတက်(MMID) ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်က ပြောကြားသည်။
  • Monday 2017-09-25
    အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံမတိုင်မီ လူငယ် ပါတီဝင်များ စုဆောင်းနေရာပြည် နယ်များထက် တိုင်းဒေသကြီးများ တွင် လူငယ်ပါတီဝင်အင်အား ပိုမိုအားကောင်းမည်ဟု ခန့်မှန်းထား ကြောင်း ဒုတိယအကြိမ် လူငယ် ညီလာခံ ကျင်းပရေး ဗဟိုကော်မ ရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောသည်။
  • Monday 2017-09-25
    ရခိုင်ပြည်နယ်အရေး တွင် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အ စည်းများက လွဲမှားသော ရပ် တည်ချက်များနှင့် မလျော်ဩဇာ သုံးကာ ပြည်တွင်းရေးစွက်ဖက်လို သူများသည် မြန်မာတစ်နိုင်ငံလုံး နှင့် တစ်မျိုးသားလုံးကို ခြိမ်းခြောက်မှု အန္တရာယ်ဖြစ်ကြောင်း အပါအဝင် အချက်ခြောက်ချက်ပါသော သဘောထားရပ်တည်ချက်ကို တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီ (၂၉) နှစ်မြောက် အခမ်းအနား၌ ထုတ်ပြန်သည်။
  • Monday 2017-09-25
     နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ နယ်တွင် လူငယ်နှင့်ငြိမ်းချမ်းရေး စကားဝိုင်းနှင့် ငြိမ်းချမ်းရေးဂီတ ဖျော်ဖြေပွဲကို စက်တင်ဘာ ၂၄ ရက်က ပထမဆုံးအကြိမ် ပြုလုပ် ခဲ့သည်။
  • Monday 2017-09-25
    ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ် (၃၀) နှစ်သည် ဂျီရိုနာကို သုံးဂိုးပြတ်အနိုင်ရသော ပွဲတွင် ဘာစီလိုနာအသင်းအ တွက် လိဂ်ပွဲ ၁၀၀ ပြည့်မြောက်ခဲ့ ပြီး တတိယမြောက်ဂိုး သွင်းယူ နိုင်ခဲ့သည်။
  • Monday 2017-09-25
    အာဆာ(ARSA) အကြမ်း ဖက်သမားများ၏ တိုက်ခိုက်ခြင်း ခံရပြီး ပျောက်ဆုံးနေသော မောင် တောမြို့နယ်မှ ဟိန္ဒူဘာသာဝင် ၁၀၀ ခန့်အနက် ၂၈ ဦး၏ ရုပ်အလောင်းကို ဟိန္ဒူဘာသာဝင်အချို့၏ ဖော်ထုတ်ချက်အရ မြေ ကျင်းနှစ်ကျင်းအတွင်း မြှုပ်နှံထား သည့်အနေအထားဖြင့် လုံခြုံရေး အဖွဲ့က စက်တင်ဘာ ၂၄ ရက်၌ ရှာဖွေတွေ့ရှိခဲ့သည်။ မောင်တောမြို့နယ် ရဲဘော် ကျား (ဒေသအခေါ် ရဲကျော်ကျ ကျေးရွာ) နှင့် တမန်းသားကျေးရွာ မှ ဟိန္ဒူဘာသာဝင် ၁၀၀ ခန့်သည် သြဂုတ် ၂၅ ရက်က ဖြစ်ပွားသည့် မောင်တောဒေသ ဒုတိယအကြိမ် အကြမ်းဖက် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်တွင် ပျောက်ဆုံးနေခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ရောက်ရှိနေသော မောင် တောမြို့နယ် ဒေသခံ ဟိန္ဒူဘာ သာဝင်တစ်ဦးက အကြမ်းဖက် တိုက်ခိုက်ခံရစဉ် စစ်တွေမြို့သို့ ထွက်ပြေး တိမ်းရှောင်လာသော မောင်တောလေးမိုင်မှ ဦးနီမောလ် (ဟိန္ဒူဘာသာဝင်ကူညီရေးခေါင်း ဆောင်)ထံသို့ ဖုန်းဖြင့် ဆက် သွယ်ကာ သြဂုတ် ၂၅ ရက်က ARSA အစွန်းရောက် အကြမ်း ဖက်သမား ၃၀၀ ခန့်သည် ရဲဘော် ကျားကျေးရွာရှိ အမျိုးသား၊ အမျိုး သမီး ၁၀၀ ဦးခန့်ကို ဖမ်းဆီးခေါ် ဆောင်သွားကြောင်းနှင့် ရွာ၏အ နောက်ဘက် မီတာ ၁၀၀၀ ခန့်အ ကွာသို့ ရောက်ရှိစဉ် အမျိုးသား၊ အမျိုးသမီးများကို သတ်ဖြတ်ကာ အမျိုးသမီးရှစ်ဦးကို အစ္စလာမ် ဘာသာသို့ ဝင်ခိုင်းပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင်သွား သည်ဟု အသိပေးခဲ့ကြောင်း စက် တင်ဘာ ၂၄ ရက်တွင် အစိုးရက သတင်းထုတ်ပြန်သည်။
  • Monday 2017-09-25
    ရီးရဲလ်ကလူငယ်တိုက်စစ်မှူး အက်ဆန်စီယို၏ စာချုပ်ကို ၂၀၂၃ ဇွန်လအထိ သက်တမ်းတိုးကာ ၎င်း၏ စာချုပ်ဖျက်သိမ်းကြေးကို ယူရို သန်း ၅၀၀ အထိ သတ်မှတ်မည်ဖြစ်ပြီး ဒေါ့မွန်နှင့် ပွဲအပြီးလာမည့် သီတင်းပတ်တွင် တရားဝင်ကြေညာမည်ဖြစ်သည်။  
  • Monday 2017-09-25
    ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်အား ထောက်ခံပွဲကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပြီး နှစ်ပေါင်းများစွာ ဖြစ်ပေါ်လာသည့် ပြဿနာများကို ဖြေရှင်းရန် ၂ နှစ်သား အစိုးရ ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းပေါ်တင်ပေးခြင်းသည် တရားမျှတမှုမရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေးက ပြောကြားသည်။ ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစု ကြည်အား ထောက်ခံပွဲကို ရန်ကုန်မြို့တွင် စက်တင်ဘာ၂၄ ရက် ညနေက ပထမဆုံးအကြိမ် ပြုလုပ်ပြီး လူဦးရေတစ်ထောင်ခန့် တက်ရောက်ခဲ့သည်။ ယင်းပွဲသို့ အနုပညာရှင်အချို့၊ စာပေပညာရှင်နှင့် နိုင်ငံရေးသမားများ တက်ရောက်ခဲ့သည်။
  • Monday 2017-09-25
    ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍ မှာတော့ မိသားစုဒရာမာ ဇာတ် ကားလေးကို  ညွှန်းလိုက်ပါတယ်။
  • Monday 2017-09-25
    ဘင်္ဂါလီ အရေးကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်ပြောင်းလဲ လာသည်။ ကမ္ဘာ့အမြင်ကို ပုံဖော်နိုင်သော နိုင်ငံတကာမီဒီယာနှင့် လူမှုကွန်ရက်မီဒီယာတို့ ကြောင့်ပင် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများက စစ်အာဏာရှင်အစိုးရများ လက်ထက်တွင် သနားစရာနိုင်ငံသားများဟု ရှုမြင်ခံရသော မြန်မာ နိုင်ငံသားများမှာ ယခုအခါ လူ့အခွင့်အရေးအလေးမထားသူများ၊ အကြင်နာတရားနှင့် စာနာမှုခေါင်းပါးသူ၊ အစွန်းရောက်သူများဟု ရှုမြင်ခံလာရသည်။ ဒီမိုက ရေစီ၏မီးရှူးတန်ဆောင်၊ အာရှတိုက်မှ မင်ဒဲလ်လားဟု ချီးကျူးအသိအမှတ်ပြုခံရသော ဒေါ်အောင်ဆန်းစု ကြည်ကိုလည်း ဘင်္ဂါလီအရေးတွင် လူနည်းစုဘင်္ဂါလီများအတွက် စာနာစကားပင်မပြောနိုင်သူ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဘင်္ဂါလီသိန်းချီ ထွက်ပြေးမှုတွင် အဓိကတာဝန်ရှိသူအဖြစ် ဝေဖန်မှုများအပြင်းအထန် ခံနေရ၏။
  •  ပန်းပဲလုပ်ငန်းအဓိကလုပ်ကိုင်သော ပျော်ဘွယ်မြို့နယ် မင်းလမ်းရွာတွင် တောင်သူသုံးပစ္စည်း များကလွဲ၍ ဓားစူး၊ ဓားမြှောင်၊ ငှက်ကြီးတောင်ဓားများ ထုတ်လုပ်ရောင်းချမှု ခေတ္တရပ်ဆိုင်းထားရန် ဒေသအာဏာပိုင်များက ညွှန်ကြားထားသည်။
  • ဇွဲရဲဝင့် နယူးယောက်− ဘင်္ဂါလီအရေးကို ချဉ်းကပ်ရှုမြင်ရာတွင် အစွန်းရောက်ဝါဒီများ၏ လှည့်ကွက်ကို လျှော့မတွက်ရန် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ ကို စင်ကာပူက တိုက်တွန်းသတိပေးသည်။
  •  နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မကြာသေးမီက ရခိုင်အရေးနှင့် ပတ်သက်၍ ပြောကြားခဲ့သော မိန့်ခွန်းကို လုံခြုံရေးတပ်ဖွဲ့ဝင် များ၊ ဒေသခံခေါင်းဆောင်များနှင့် နိုင်ငံသား အားလုံးက အကောင် အထည်ဖော်ပေးရန် အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြား ရေးဝန်ကြီး ပက်ထရစ်မာဖီက တိုက်တွန်းသည်။ အမေရိကန် အရှေ့တောင် အာရှဆိုင်ရာ ဒုတိယလက် ထောက် နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီသည် စက်တင်ဘာ ၁၉ ရက်က နေပြည်တော်၌ ပြောကြားသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို တက်ရောက်နား ထောင်ခဲ့ပြီး ၎င်း၏သုံးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး စက်တင်ဘာ ၂၂ ရက်တွင် ပြည်ပသတင်းမီဒီယာများက အဖွဲ့လိုက်  ဖုန်းဆက်မေးမြန်းမှု၌ ၎င်းက ယင်းသို့တိုက်တွန်းခြင်းဖြစ်သည်။
  • ဘင်္ဂလားဒေ့ရှ်အစိုးရက လုံခြုံရေး စိုးရိမ်ရသောကြောင့် ဘင်္ဂါလီဒုက္ခသည်များကို မိုဘိုင်း ဖုန်းဆင်းမ်ကတ်များ ရောင်းချခြင်း မပြုရန် ဆက်သွယ်ရေးကုမ္ပဏီ မျာကို တားမြစ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မိုဘိုင်း ဖုန်းကုမ္ပဏီလေးခုသည် ယခုတား မြစ်မှုအသက်ဝင်နေဆဲကာလအ တွင်း မြန်မာနိုင်ငံမှထွက်ပြေးလာ သည့် ဘင်္ဂါလီဒုက္ခသည် ၄၃,၀၀၀ ခန့် ကို ဆင်းမ်ကတ်ရောင်းချပါက ဒဏ်ရိုက်ခံရမည်ဟု သတိပေး ထားသည်။ သတ်မှတ်ထားသော ကာလ အတွင်း ဘင်္ဂါလီများ ဆင်းမ်ကတ် ၀ယ်ယူခွင့်မရှိဟု ဘင်္ဂလားဒေ့ရှ် ဆက်သွယ်ရေးဝန်ကြီးဌာန အ ကြီးတန်းအရာရှိ အီနာယတ်ဟို စိန်က အေအက်ဖ်ပီသတင်းဌာန အား စက်တင်ဘာ ၂၄ ရက်က ပြောကြားသည်။
  • ယခုဘောလုံးရာသီတွင် ဂိုးရရန် ရုန်းကန်နေရသော တိုက်စစ်လက်တွဲဖော် ဟီဂူအင်အနေ ဖြင့် စိတ်အေးအေးထားပြီး ဂိုးသွင်းနိုင်မည်ဟု ယုံကြည်စိတ်ချထား ရန် လိုအပ်ကြောင်း အသင်းဖော် ပေါ်လိုဒိုင်ဘာလာက အားပေး စကားပြောကြားသည်။ ဂျူဗင်တပ်သည် ရာသီအစ စီးရီးအေ ခြောက်ပွဲစလုံး အနိုင် ရထားပြီး စနေနေ့က တိုရီနိုကို ၄-၀ ဂိုးဖြင့် နိုင်သော ပွဲတွင် ဒိုင်ဘာလာက နှစ်ဂိုးသွင်းယူခဲ့သည်။
  •  ၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ၏ရခိုင်နှင့် ကချင်ပြည်နယ်သို့ အရေးပေါ်ကူညီထောက်ပံ့မှုခရီး စဉ်အတွင်း ဒေသဆိုင်ရာအခြေအ နေများနှင့်ပတ်သက်၍ တွေ့ရှိ ချက်များကို နိုင်ငံတော်အတိုင်ပင် ခံရုံးနှင့် သမ္မတရုံးတို့ထံ ပေးပို့ထားကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင် မီက ပြောသည်။  ပေးပို့တင်ပြချက်များတွင် ငြိမ်းချမ်းရေးအတွက် အဖွဲ့အ စည်းအသီးသီး၏ လုပ်ဆောင် ချက်များ၊ လူထုနေထိုင်စား သောက်ရမှုအခြေအနေနှင့် လို အပ်ချက်များပါဝင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင်များက ပြောသည်။
  •  စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ချင်းတွင်းနှင့် မြစ်သာမြစ် ရေ စိုးရိမ်ရေမှတ်အောက် ပြန် လည်ကျဆင်းခဲ့ပြီး မြန်မာနိုင်ငံ အောက်ပိုင်းဒေသရှိ ဧရာဝတီနှင့် ငဝန်မြစ်ရေ မြင့်တက်လာသဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှု ဦးစီးဌာနက ရေဘေးသတိပေး ချက် ထုတ်ပြန်ထားသည်။ ချင်းတွင်းနှင့် မြစ်သာမြစ် ရေ စိုးရိမ်ရေမှတ်ကျော်လွန်၍ စစ်ကိုင်းတိုင်းဒေသကြီး ကလေး နှင့် ကလေးဝမြို့တွင် လူဦးရေ တစ် သောင်းကျော် ရေဘေးသင့်ခဲ့ သည်။ ယင်းမြစ်နှစ်မြစ်မှ ရေများ ဧရာဝတီမြစ်အတွင်း စီးဝင်ပြီး ဧရာဝတီတိုင်းဒေသကြီး ဟ င်္သာတနှင့် ဇလွန်မြို့တို့တွင် စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေကြောင်း မိုးဇလဌာနက သတင်းထုတ်ပြန် ထားသည်။ ဧရာဝတီမြစ်နှင့် ထိစပ်နေသော ငဝန်မြစ်သည် ငါး သိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ သုံးလက်မခန့်ကျော် လွန်နေပြီး နောက်သုံးရက်အတွင်း စိုးရိမ်ရေ မှတ်အထက်ကျော်လွန် နေနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားသည်။
  • Monday 2017-09-25
    မန္တလေးမြို့တွင် ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့နိုင်ငံ တကာစိန်ခေါ်ပွဲ အဓိကတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည့် သပြေညို နှင့် ထိုင်းလက်ဝှေ့သမား နာရူရိ တို့ပွဲတွင် အနိုင်အရှုံးမပေါ်ဘဲ သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့ သည်။
  • Monday 2017-09-25
     မြန်မာလိဂ်ပွဲစဉ်(၁၉) ပထမရက်တွင် ဇွဲကပင်အသင်း က ချင်းယူနိုက်တက်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ရှမ်းနှင့် ရန်ကုန်အသင်းတို့ အနိုင်၊ အရှုံး မပေါ်ဘဲ ဂိုးမရှိသရေဖြင့်သာ ပြီး ဆုံးခဲ့သည်။
  • Monday 2017-09-25
     မြန်မာလိဂ်ကလပ် GFA အသင်းသည် လိဂ်ပြိုင်ပွဲမှ နုတ် ထွက်ရန် စာတင်ထားကြောင်း မြန်မာလိဂ်ပြိုင်ပွဲ ကျင်းပရေးတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
  • Monday 2017-09-25
    အာရှ ယူ-၁၆ ခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲတွင် ရင်ဆိုင်ရမည့် အိမ်ရှင်မြန်မာအသင်းနှင့်ပွဲသည် ခက်ခဲမည်ဟု တရုတ်အသင်းနည်း ပြချုပ် လီဂျန်ဝေက ပြောသည်။
  • Monday 2017-09-25
    မွန်ပြည်နယ်ပညာ ရေးအသုံးစရိတ်အတွက် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ကျပ်သန်း ၅,၈၀၀ ကျော် ရရှိထားကြောင်း မွန်ပြည်နယ် ပညာရေးဦးစီးဌာန ပြည်နယ်ပညာရေးဦးစီးမှူးဦးမျိုး တင်အောင်က ပြောသည်။
  • Monday 2017-09-25
    အာဆာ(ARSA) အကြမ်းဖက်သမားများက မောင် တောခရိုင်ရှိ ရဲစခန်း ၃၀ ကျော်ကိုစီးနင်းတိုက်ခိုက်ပြီးနောက် ဖြစ်ပွားခဲ့သည့် မီးလောင်မှုများကို စာရင်းကောက်ယူရေး အဖွဲ့ငါးဖွဲ့က ကွင်းဆင်း ကောက်ယူနေကြောင်း ကွင်းဆင်းအဖွဲ့ဝင်များက ပြောသည်။ 
  • Monday 2017-09-25
    ဗိုလ်ချုပ်ကြေးရုပ် တည်ရှိရာ အောင်လံမြို့ အောင် မာလာပန်းခြံအတွင်း ကလေးငယ် များ ဆော့ကစားနိုင်ရန် ကျပ်သိန်း သုံးဆယ်ကျော် သုံးစွဲကာ အားက စားပစ္စည်းများ  တပ်ဆင်နေ ကြောင်း ဗိုလ်ချုပ်ကြေးရုပ်ဖြစ် မြောက်ရေးကော်မတီ အတွင်း ရေးမှူး ဦးသန်းဌေးက ပြောသည်။
  • Monday 2017-09-25
    မကွေးတိုင်းဒေသကြီး တွင် သဘာဝဘေးအန္တရာယ်ကျ ရောက်လာပါက အမြန်ဆုံးကူညီ ဆောင်ရွက်နိုင်ရန် စနစ်တကျ စီမံဆောင်ရွက်နေကြောင်း မကွေး တိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောသည်။

Pages