အတွဲ (၁၆)၊ အမှတ် (၂၄)

Issue Date: 
Wednesday, August 23, 2017
Myanmar Date: 
၁၃၇၉ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက်၊ ဗုဒ္ဓဟူး၊ (သြဂုတ် ၂၃၊ ၂၀၁၇)
Publication: 
7Day News

List of stories

  • Wednesday 2017-08-23
    ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးမစ္စတာငုယဉ်ဖူးကျောင့်သည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် လာရောက်မည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ဩဂုတ် ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။
  • Wednesday 2017-08-23
    မြေပဲဆန်ဈေးနှုန်းအတက်အကျကြောင့် မြေပဲစိုက်တောင်သူများ နစ်နာနေသဖြင့် မြေပဲစိုက်တောင်သူများနှင့် အကျိုးတူကန်ထရိုက်စိုက်ပျိုးရန် စတင်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးခင်စိုးက ပြောသည်။ယခုနှစ်မေလတွင် မြင်းခြံမြို့နယ် လက်ဝဲကျေးရွာရှိ မြေဧက၄၉ ဒသမ ၅ ဧကပေါ်၌ တိုင်ပေနည်းပညာဖြင့် စမ်းသပ်စိုက်ပျိုးခဲ့ ကြောင်း ဦးခင်စိုးက ပြောသည်။
  • Wednesday 2017-08-23
    ဂျပန်တက္ကသိုလ် ၂၄ ခု၊ ဂျပန် ဘာသာစကားသင်တန်းကျောင်း ခြောက်ခုနှင့် ဂျပန်ကုမ္ပဏီ ခုနစ်ခု ပါဝင်ပြသမည့် ဂျပန်ပညာရေးပွဲ တော်ကို ဩဂုတ် ၂၆ ရက်တွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ကျင်းပမည်ဟု အိုကာရာမ တက္က သိုလ်ပညာရေးစင်တာက သတင်း ထုတ်ပြန်သည်။
  • Wednesday 2017-08-23
    တက္ကသိုလ်တက်ရန် အခက်အခဲ ရှိသူများအနေဖြင့် နိုင်ငံတော်က ပေးအပ်မည့် တက္ကသိုလ်ပညာ သင်ထောက်ပံ့ကြေး ဆုများကို သြဂုတ် ၁၉ ရက်တွင် စတင် လျှောက်ထားနိုင်ပြီဟု အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာအောင် အောင်မင်းက ပြောသည်။
  • Wednesday 2017-08-23
    ပုဂ္ဂလိက အေဂျင်စီများကို တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သမားစေလွှတ်မှု ခွင့်ပြုပေးနိုင်ဦးမည်မဟုတ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။ ကိုရီးယားနိုင်ငံသို့ ပုဂ္ဂလိကအေဂျင်စီအချို့က အလုပ်သမားစေလွှတ်ခွင့်ပြုရန် တင်ပြမှုကြောင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ခွင့်ပြုနိုင်ရန် စဉ်းစားနေ ကြောင်း ကနဦးထုတ်ဖော်ပြော ကြားမှုများ ရှိခဲ့သည်။ သို့သော် လက်ရှိတွင် အစိုးရ ပြည်ပအလုပ် အကိုင်ရှာဖွေရေးအေဂျင်စီအစီအစဉ်ဖြင့်သာဆက်လက် စေလွှတ်ခွင့်ပေးမည်ဟု ဦးဝင်းရှိန်ကဆို သည်။
  • Wednesday 2017-08-23
    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရန် တောင်းဆိုထားကြောင်း  မွန်ပြည်သစ်ပါတီ (NMSP) ပြောရေးဆိုခွင့်ရှိသူ နိုင် အောင်မငေးက ပြောကြားသည်။
  • Wednesday 2017-08-23
    ပြီးခဲ့သည့် တစ်ပတ်အတွင်း ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ် တော်တို့၌ မေးမြန်းခဲ့သော မေး ခွန်း၊ တင်သွင်းခဲ့သောအဆိုနှင့် လုပ်ဆောင်ချက်များထဲမှ ထူးခြား သည့် အကြောင်းအရာများကို သတင်းကောက်နုတ်ချက်အဖြစ် 7Day News က ဖော်ပြလိုက်ပါသည်။
  • Wednesday 2017-08-23
    ဆိုက်ကားနင်းကာရှာဖွေကျွေးမွေးနေသော ခင်ပွန်းသည် ကားတိုက်ခံရပြီးကွယ်လွန်ခဲ့၍ အဆင်မပြေဖြစ်နေသည့် ကလေးတစ်ဦး၏မိခင် အောက်ပိုင်းသေနေသောအမျိုးသမီးအတွက် အလှူရှင်များ ပေါ်ပေါက်ခဲ့သည်။
  • Wednesday 2017-08-23
    မုန့်ဟင်းခါးသည် နံနံပင်ကအစ အကြော်အဆုံး အဆာပလာများ နည်းနည်းစီထည့်လိုက်သောအခါ မြန်မာတို့၏ နံနက်စာသင်္ကေတ ဖြစ်လာသည့် ငါးများများ ဟင်း ရည်တစ်ခွက်သာဖြစ်သည်။ မုန့် ဟင်းခါးသည် မြန်မာကို ကမ္ဘာကြီး နှင့် ပြန်လည်မိတ်ဆက်ပေးမည့် မြန်မာ၏ တရားဝင်အထိမ်းအမှတ် တစ်ခုနှင့် ချက်ချင်းလူကြိုက်များ မည့် စားဖွယ်ဖြစ်သည်ဟု ပြည်တော်ပြန် ငယ်ရွယ်သူလုပ်ငန်းရှင် တစ်ဦးကမြင်သည်။  ‘‘လန်ဒန်ကို သွားကြည့်၊ နယူးယောက်ကို သွားကြည့် လူတွေက မြန်မာအကြောင်း ပိုပြော လာနေကြပြီ’’ ရန်ကုန်မြို့က လူစည်ကား သော ရန်ကုန်တီးဟောက်စ် စား သောက်ဆိုင်၏အပေါ်ထပ်၌ တွေ့ဆုံမေးမြန်းရာမှာ ဆိုင်ပိုင်ရှင် ကိုထက်မြက်ဦးက သူ၏ မုန့်ဟင်းခါးဒီပလိုမေစီကို ခင်းကျင်းပြသည်။ သူက အင်္ဂလန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ နေထိုင်ကြီးပြင်းခဲ့သူဖြစ်သည်။
  • Wednesday 2017-08-23
    (တစ်) ယခုနှစ်အတွင်း ပါရဂူဘွဲ့ရ အင်္ဂလိပ်စာပညာရှင်တစ်ဦး ကွယ် လွန်အနိစ္စရောက်သွားခဲ့ရသည့် သတင်းကို သတင်းစာ စာမျက်နှာ များပေါ်မှာရော၊ On Line ပေါ်မှာ ရော၊ လူတစ်ယောက်နှင့်တစ် ယောက် အာလာပသလ္လာပစကား စမြည် ပြောကြားမှုများပေါ်မှာရော ကျွန်တော် တွေ့သိမြင်ကြားခဲ့ပြီးဖြစ်ပါသည်။ ပညာတတ်၊ ပညာရှင်တစ်ဦး ကွယ်လွန်ခြင်းဖြစ်သည့်အတွက် နှမြောမိသည်က အမှန်ပဲဖြစ်ပါသည်။ သို့သော် ရင်းရင်းနှီးနှီးကြီး မဟုတ်လှသည့်အတွက် စိတ်ထဲ၌ ထိထိခိုက်ခိုက်ကြီးတော့ကား မဟုတ်လှပါ။ သို့ဖြင့် ထုံးစံအတိုင်းကွယ် လွန်အနိစ္စရောက်ကြောင်း သတင်းတို့ ပလူပျံအောင် ထွက်ပေါ်လာပြီးသည့်နောက် သတင်းစာမျက်နှာ များပေါ်တွင် ဝမ်းနည်းကြေကွဲ ကြောင်း လူမှုရေးကြော်ငြာတို့က ဆက်တိုက်ကြီးဆိုသလိုပင် ပါဝင် လာကြပါတော့သည်။ တောင် ဖတ်၊ မြောက်ဖတ် လျှောက်ဖတ် နေမိရင်းက တစ်နေရာကိုရောက် တော့ ကျွန်တော့်စိတ်ထဲ ထိထိ ခိုက်ခိုက်ကလေး ဖြစ်သွားပါသည်။
  • Wednesday 2017-08-23
    ကျွန်တော့် အိမ်ခေါင်းရင်းဘက် လမ်းတစ်ဖက်ခြမ်းတွင် ဘောလုံးကွင်း တစ်ဝက်စာမျှ ကျယ်သော ကွက်လပ်ကြီးတစ်ခုရှိ၏။ နဂိုက ထိုနေရာသည် ကျူပင်တွေ၊ မြက် သုံးမြှောင့်ပင်တွေ ထူထပ်လှသော ဖုန်းဆိုးတောကြီးဖြစ်၏။ ဘုရားပိုင်မြေနေရာဖြစ်၍ မည်သူကမျှမရှင်းမလင်း၊ ဖုန်းဆိုးတောကြီး ဖြစ်နေသည်မှာ ကျွန်တော်တို့ငယ် စဉ် ကတည်းက ဖြစ်၏။ ပြီးခဲ့သည့် နွေရာသီကတော့ ဘုရားဂေါပက လူကြီးတွေက ဖုန်းဆိုးတောကြီး ကို ရှင်းကာ မြေကြီးများဖို့လိုက် သဖြင့် ဘောလုံးကွင်းတစ်ဝက်စာ မျှ ကျယ်သော ကွင်းပြင်ကြီးဖြစ် သွားတော့၏။ နောင်တော့ ဤနေ ရာကို ဘာလုပ်မည်မသိသော် လည်း ယခုလောလောဆယ်တော့ ဤနေရာသည်ကစားကွင်းတစ်ခု ဖြစ်နေလေပြီ။ ရပ်ကွက်တွင်းရှိ အားနေသော ကလေး၊ လူကြီးအ ပေါင်းတို့သည် မိုးရွာရွာ၊ နေပူပူ ညနေစောင်းသည်နှင့် ဤနေရာသို့ သောင်းသောင်းဖြဖြ ရောက်လာ ကြလျက် အော်ဟစ်ဆူညံစွာကစားကြ လေတော့သည်။ ကလေးတွေက ကျောင်းအားရက်မှ ရောက်လာကြသော်လည်း လူကြီးတွေက အချိန် မှန်သည်။ မိုးစုံးစုံးချုပ်လို့ တစ်ယောက်နှင့်တစ်ယောက် မမြင်ရတော့မှပဲ ကစားပွဲသိမ်းကြလေတော့၏။
  • Wednesday 2017-08-23
    တောင်သူလယ်သမားများနှင့် မွေးမြူရေးလုပ်ငန်းရှင်များအတွက် အာမခံဝန်ဆောင်မှုစနစ် စတင် နိုင်ရန် သက်ဆိုင်ရာကဏ္ဍစုံမှ ပါ ဝင်သည့်လုပ်ငန်း ကော်မတီတစ် ရပ် ဖွဲ့စည်းမည်ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်း ရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
  • Wednesday 2017-08-23
    ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာ ဘေးသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အပေါ် ထောက်ခံမှု သည် မည်သည့်အချိန်ကမျှ မယိမ်းယိုင်ခဲ့ပေ။ နှစ်ဦးသားတွေ့ဆုံရန် ကြိုးစားခဲ့သလို တယ်လီဖုန်းဖြင့် လည်း ပုံမှန်ဆက်သွယ်စကားပြော ဆိုခဲ့သည်။ သမ္မတထရန့်၏ ပြည် တွင်းနိုင်ငံရေးပြဿနာများအပေါ် ဝေဖန်မှတ်ချက်ပေးခြင်း မရှိသော၊ ရှားပါးသော ကမ္ဘာ့ခေါင်းဆောင် အချို့အနက် တစ်ဦးဖြစ်သည်။
  • Wednesday 2017-08-23
    ‘ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိမှ အကွက်ကလေးတစ်ကွက်ကို သတိရမိသည်။ 
  • Wednesday 2017-08-23
    ဒီနှစ်ထဲမှာ အထူးသဖြင့် အခုလို မိုးတွင်း ကာလအတွင်း ရန်ကုန်မြို့ရဲ့ နေရာအတော်များများမှာ မြင် တွေ့ရတဲ့ ကြော်ငြာဆိုင်းဘုတ် တွေက ရန်ကုန်မြို့ရဲ့ ဖက်ရှင်တစ် ခုလိုတောင် ဖြစ်နေကြမလား တော့မသိ။ တခြားတိုင်းနဲ့ပြည်နယ် တွေမှာတော့ ဘယ်သို့ရှိမယ်မသိ ပေမယ့် ရန်ကုန်မှာတော့ ဒီကြော် ငြာက တစ်နေ့တခြားများများလာ ပြီး ရေပန်းစားနေသလိုဖြစ်နေတာ တော့ အမှန်ပါပဲ။ ရန်ကုန်မှာ ဘယ်သွားသွား၊ ဘယ်လာလာ ဒီကြော်ငြာမျိုးတွေ ပဲ မြင်တွေ့နေရတာ မြို့နယ်တိုင်း လိုလိုမှာပါ။ သင်္ဃန်းကျွန်း၊ တောင် ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာ ကေတ၊ အင်းစိန်၊ ရန်ကင်း၊ ကမာ ရွတ် စတဲ့မြို့နယ် အသီးသီးတွေ မှာ မြင်တွေ့နေရတာပါပဲ။ အိမ် ရောင်းမည်၊ တိုက်ခန်းရောင်းမည် ဆိုတဲ့ ကြော်ငြာထားတာတွေကို တွေ့တွေ့နေရတာ အရင်နှစ်တွေ ထက်စာရင် ဒီနှစ်မှာ ပိုပြီးများလာ ကြသလိုပါပဲ။
  • Wednesday 2017-08-23
    ဂျပန်နှင့် တရုတ်အခြေစိုက် ဘဏ်နှစ်ခုက မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ရန် လျာထားသော ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံများသို့ ရင်းနှီးမြှုပ်နှံငွေ ထုတ်ချေးရန် ပြင်ဆင်နေကြောင်း Gre-enpeace Southeast Asia အဖွဲ့ကပြောသည်။
  • Wednesday 2017-08-23
    ဒိန်းမတ်အစိုးရ၏ ထောက်ပံ့ ကူညီမှုဖြင့် ဝမ်းပိုက်ကြိုးဝိုင်းနှင့် မြေပုံမြို့နယ်အတွင်း လစ်လပ်နေ သည့် ဒီရေတောပျက်များကို ရွေး ချယ်ကာ ဒီရေတောဧက ၅၀၀ ကျော် စိုက်ပျိုးမည်ဟု ရမ်းဗြဲမြို့ နယ် သစ်တောဦးစီးမှူးဦးဝင်းစည် သူမောင်က ပြောသည်။
  • Wednesday 2017-08-23
    ဒီမိုကရေစီ နိုင်ငံတစ်ခုကို တည်ထောင်ရာမှာ ပထမဦးဆုံး ပြည်သူတို့ လွတ်လပ်စွာ ရွေးချယ် တင်မြှောက်တဲ့ အစိုးရရှိရပါမယ်။ အဲဒီအစိုးရဟာ ဥပဒေပြုရေး၊ အုပ် ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုတဲ့ ခက်မသုံးဖြာကို ဒီမိုကရေစီနည်း ကျ ပြောင်းလဲထူထောင်ရသလို ပြည်သူတစ်ဦးချင်းဟာလည်း မိမိတို့ရဲ့ ကာယကံမှု၊ ဝစီကံမှု၊ မနော ကံမှုဆိုတဲ့ ခက်မသုံးဖြာကို ဒီမိုကရေစီလူမှုဘဝနဲ့ညီအောင် ပြောင်းလဲ ဖော်ဆောင်ကြဖို့ လိုအပ်ပါ တယ်။ ဒီမိုကရေစီ နိုင်ငံတစ်ခုမှာ ပြည်သူတိုင်းဟာ လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ စုဝေး ခွင့်၊ စီတန်းလှည့်လည်ခွင့်၊ စာပေယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို ထိန်းသိမ်းခွင့်၊ လွတ်လပ်စွာ အ သက်မွေးခွင့်နဲ့ လွတ်လပ်စွာ ယုံ ကြည်ကိုးကွယ်ခွင့် စတဲ့ဒီမိုကရေစီ အခွင့်အရေးများကို ရရှိကြပါတယ်။ ဒါပေမဲ့ အဲဒီလွတ်လပ်မှုအခွင့်အရေးများကို စည်းနဲ့ကမ်းနဲ့ အသုံးပြုရတာဖြစ်ပြီး စည်းမဲ့ကမ်း မဲ့ အသုံးပြုရတာမဟုတ်ဘူးဆိုတာ ကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က အလေးအနက်ပြောကြားခဲ့တာကို မမေ့ကြစေချင်ပါဘူး။ တစ်ဦးတစ် ယောက်ရဲ့ လွတ်လပ်စွာ ဆောင် ရွက်မှုဟာ အခြားသူတစ်ဦး (သို့ မဟုတ်) လူအများရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေမှုမရှိအောင် ထိန်းသိမ်း ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။
  • Wednesday 2017-08-23
    ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး နှင့်ပညာပေးလုပ်ဆောင်နေသည့် ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ပညာပေးမော်တော်ကို အများပြည်သူ ကြည့်ရှုနိုင်ရန် ဩဂုတ် ၂၀ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။
  • Wednesday 2017-08-23
    ပြည်တွင်းသို့ လာရာက်လည်ပတ် သော နိုင်ငံခြားသားခရီးသွားဧည့် သည်များထံမှ ခရီးသွားကဏ္ဍဖွံ့ ဖြိုးရေးရန်ပုံငွေ (Tourism Deve-lopment Fund )ကောက်ခံမည့်အ စီအစဉ်ကို ၂၀၁၈ ဇန်နဝါရီတွင် စတင်နိုင်ရန် မျှော်မှန်းထားသော်လည်း ကောက်ခံမည့်ပုံစံကို အတည်ပြုနိုင်ရန် ဆွေးနွေးနေဆဲဖြစ် ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ် ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။ 
  • Wednesday 2017-08-23
    အာဆီယံဒေသအတွင်း အသန့် ရှင်းဆုံး ခရီးသွားမြို့များနှင့် စဉ် ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေ သော မြို့များအဖြစ် မြန်မာနိုင်ငံမှ မြို့ငါးခုအား ရွေးချယ်ကာ အာဆီယံခရီးသွားဖိုရမ်(ATF)တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောသည်။ 
  • Wednesday 2017-08-23
    အရင်ကတော့ ဇွန်၊ ဇူလိုင်မှာ ဆေးတွေထုတ်ပေးပေမယ့် အခု သြဂုတ်အထိ ဆေးတွေမရှိဘူး။ အခုလို ပြဿနာတက်လာတော့မှ မြို့နယ်က ဆေးတွေ လာထုတ်ခိုင်းတယ်’’။ ယခုရက်ပိုင်းအတွင်း ဖေ့စ်ဘွတ်ခ်တိုက်ရိုက်ထုတ်လွှင့်မှုဖြင့် နာမည်ကျော်ခဲ့သော ချပ် သင်းတိုက်နယ်ဆေးရုံ၏ စောင့် ရှောက်ရေးအဖွဲ့ဝင် ဦးထွန်းငွေ ပြောပြသည့် ဆေးဝါးအခက်အခဲ အကြောင်းဖြစ်သည်။  ချပ်သင်းတိုက်နယ်ဆေးရုံတွင် ဆေးဝါးပြတ်လပ်နေသည်မှာ နှစ်လခန့်ရှိပြီဖြစ်၍ တိုင်းကျန်းမာရေးဦးစီးဌာနသို့ တင်ပြထားသော်လည်း ယခုအချိန်အထိ ရောက်ရှိမလာသေးပေ။ ထို့ကြောင့် ဆေးရုံတွင် ရှိသည့်ဆေးဝါးများဖြင့်သာ လူနာများကို အခမဲ့ဆေးကုသပေးနေရပြီး မရှိသောဆေးဝါးများအတွက် လူနာထံမှ စရိတ်စိုက်ထုတ်ကာ ဝယ်ယူခြင်းဖြင့် ဆေးဝါးလိုအပ်ချက်ကို ဖြေရှင်းနေရသည်မှာ ရက်အတန်ကြာပြီဖြစ်သည်။
  • Wednesday 2017-08-23
    ၁၉၄၇ က ဖြစ်ပွားခဲ့တဲ့ အိန္ဒိယက ပါကစ္စတန်ခွဲထွက်မှု ကြောင့် လူသားတို့ရဲ့ ရာဇဝင်မှာ အကြီးမားဆုံး လူထုရွှေ့ပြောင်းမှု တွေထဲက တစ်ခုဖြစ်ပေါ်ခဲ့ပါ တယ်။ ဗြိတိသျှရှေ့နေဆိုင်ရေးလ် ရက်ဒ်ကလစ်ဖ်က လက်ရှိအိန္ဒိယ- ပါကစ္စတန်နယ်နိမိတ်စည်းကို သီ တင်းပတ်ငါးပတ်အတွင်းမှာပဲ ရေးဆွဲခဲ့ပါတယ်။ ဘာသာရေးကွဲပြားမှု နဲ့ ပတ်သက်လို့ လူပေါင်း သန်း ၄၀၀ လောက်ရဲ့ ဘဝတွေဟာ တကွဲတပြားစီ ဖြစ်ခဲ့ရပါတယ်။ လူ့အသိုက်အဝန်းတွေအားလုံးနဲ့ မိသားစုတစ်ခုချင်းစီတွေဟာ ရေ ပက်မဝင်တဲ့ နိုင်ငံနယ်နိမိတ်တွေ ထဲမှာ တကွဲတပြားစီဖြစ်သွားခဲ့ ရပါတယ်။
  • Wednesday 2017-08-23
    ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ မြောက်ဖျားပိုင်းမှ စတင်မြစ်ဖျားခံ၍ အရှည်လျားဆုံးစီးဆင်းနေသည့် မြစ်တစ်စင်းဖြစ်သည်။ ထိုမြစ်၏ ကျောအလျားပေါ်တွင် စက်တပ်လှေငယ်များ၊ တရုတ်နီအင်ဂျင်တပ် ပဲ့ထောင်ယာဉ်များ၊ မော်တော်များ၊ ကုန်တင်သင်္ဘောကြီးများသည် မြစ်၏အထက်၊ အောက်ကို အစုန်၊ အဆန် မောင်းနှင်နေသည့် သင်္ဘောကြီးများ၏ ခုတ်မောင်းသံ မှာ ဧရာဝတီ၏ မရိုးနိုင်သောသံစဉ် တစ်ခုနှယ်ပင်။ ၂၀၁၇ သြဂုတ် ၁၄ ရက်တွင်တော့ ဧရာဝတီမြစ်ပြင်၌ ထူးခြားသည့် အင်ဂျင်ခုတ်မောင်းသံကို ကြားခဲ့ကြရသည်။ ကုန်းပေါ်တွင်စီးသည့် တရုတ်ဆိုင်ကယ်စက်သံကို ဧရာဝတီမြစ်ပြင်၌ကြား လိုက်ရခြင်းဖြစ်သည်။ ထိုအသံက ဧရာဝတီမြစ် ကျောရိုးမကြီး၏ အလယ်တွင် တည်ရှိသည့် မကွေးတိုင်းဒေသ ကြီး မင်းဘူးမြို့နယ်ရှိ မြစ်ကမ်းဘေး မေးတင်ထားသော ရွာသာရွာလေးဆီမှဖြစ်သည်။
  • Wednesday 2017-08-23
    လင်ချွမ်းသည် တိုင်ပေစီးပွား ရေးပညာရှင်နှင့် နိုင်ငံရေးသမား ဖြစ်ပြီး လက်ရှိတိုင်ပေဝန်ကြီးချုပ်ဖြစ်သည်။ ယင်းမတိုင်မီက လီချွမ်းသည် ဘတ်ဂျက်နှင့် စာရင်းအင်းဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးတာဝန် များ ထမ်းဆောင်ခဲ့သည်။
  • Wednesday 2017-08-23
    ပြည်တွင်းမှာ လူမှုကွန်ရက်စာမျက်နှာကို အသုံးပြုမှုတွင်ကျယ်လာတာနဲ့အမျှ အနုပညာရှင်တွေကလည်း အရင်ကစာနယ်ဇင်းမီဒီယာတွေနဲ့သာပရိသတ်ကိုထိတွေ့ ဆက်ဆံရာကနေ ၎င်းတို့ကိုယ်တိုင်အသုံးပြုတဲ့ လူမှုကွန်ရက်စာမျက်နှာဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်တို့ကိုသုံးပြီး ပရိသတ်နဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံလာကြပါတယ်။ တချို့က လူမှုကွန်ရက်အကောင့်သုံးစွဲသလို တချို့ကလည်း ဖေ့စ်ဘွတ်ခ်ပေ့ခ်ျတွေကနေတစ်ဆင့် ၎င်းတို့ရဲ့အနုပညာလှုပ်ရှားမှုအပြင် မိသားစုကိစ္စတွေ၊ အားလပ်ရက်အပန်းဖြေခရီးထွက်ခြင်းမျိုးလို ကိုယ်ရေးကိုယ်တာ အကြောင်းအရာလေးတွေကိုပါ ပရိသတ်ကိုမျှဝေလာတာတွေ ရှိပါတယ်။  အဲဒီထဲကမှ ပြည်တွင်းလူမှုကွန်ရက်သုံးစွဲသူတွေအနေနဲ့ လက်မလွတ်တမ်း Follow လုပ်ထားသင့်တဲ့ အနုပညာရှင်များထဲမှခုနစ်ဦးကို တင်ပြလိုက်ပါတယ်။
  • Wednesday 2017-08-23
    ဘောလုံးပြိုင်ပွဲတစ်ခုမှာ ထူးထူးခြားခြား ထင်ထင်ရှားရှား ခြေစွမ်းမျိုးနဲ့ လူကောင်းတွေ ထွက်ပေါ်လာတတ်တာ ဓမ္မတာပါ။ ဆီးဂိမ်းဘောလုံးပြိုင်ပွဲမှာ အောင်သူဟာ မြန်မာအသင်းအတွက် အကောင်းဆုံး ကစားနေသူ ဖြစ်ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည် အချက်အလက်တွေက အထင်ကြီးစရာပါပဲ။ မလေးရှားနဲ့ အုပ်စုအပိတ်ပွဲစဉ်မတိုင်ခင်အထိ သုံးပွဲမှာ လေးဂိုးသွင်းယူခဲ့ပါတယ်။ မြန်မာအသင်း အုပ်စု(A)မှာ ပွဲကျန် တစ်ပွဲအလိုကတည်းက အကြို ဗိုလ်လုပွဲလက်မှတ် သေချာသွား ရာမှာ ဒီတိုက်စစ်မှူးလေးဟာ အ ဓိကအကျဆုံး အကြောင်းရင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အသက်(၂၁)နှစ်အရွယ် က စားသမားလေးဟာ မြန်မာအသင်းရဲ့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် စင်ကာပူကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ရာ မှာ နှစ်ဂိုးစလုံး သွင်းယူခဲ့ပါတယ်။ လာအိုကို ၃-၁ ဂိုးနဲ့ နိုင်တဲ့ပွဲမှာလည်း အသင်းအတွက် အဖွင့်ဂိုးကို ရယူပေးခဲ့ပြန်တယ်။ ဘရူနိုင်းကို ဂိုးဒါဇင်ဝက်သွင်းပြီး ချေမှုန်းရာမှာလည်း မြန်မာအသင်းအတွက် ဗွေဆော်ဦးဂိုးကို ရယူ ပေးနိုင်ခဲ့တယ်။ လက် တွေ့ကျကျ ပြောရ ရင် မြန်မာ အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ဘက် သုံးသင်းစလုံးဟာ အခက်ခဲဆုံး စိန်ခေါ်မှုတွေတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ သုံးပွဲဆက်တိုက် ခြေ စွမ်းပြ ဂိုးသွင်းနိုင်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းကတော့ အောင်သူအ တွက် တကယ့်ကို အရေးပါနေပါ တယ်။
  • Wednesday 2017-08-23
    ခေတ်သစ် လက်ဝှေ့ကြိုးဝိုင်းမှာ ပရိသတ် စိတ်ဝင်စားမှုအမြင့်ဆုံး တိုက်ပွဲတစ်ခုအဖြစ် ဖလွိုက် မေဝယ်သာနဲ့ ကော်နာမက်ဂရီဂေါ်တို့ ဩဂုတ် ၂၇ ရက် နံနက်ပိုင်းမှာ ယှဉ်ပြိုင်ထိုးသတ်ကြတော့မှာ ဖြစ်ပါတယ်။
  • Wednesday 2017-08-23
    ဥရောပနိုင်ငံ အချို့ တွင် ဖြစ်ပေါ်ခဲ့ဖူး သည့် အကြမ်းဖက် တိုက်ခိုက်မှုပုံစံသစ်ကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း စပိန်နိုင်ငံ ဘာစီလိုနာမြို့၌ ထပ်မံကြုံတွေ့ခဲ့ရသည်။ အစွန်းရောက်အကြမ်း ဖက်ဝါဒီများအနေဖြင့် အပြစ်မဲ့ ပြည်သူအများအပြားကို သတ် ဖြတ်ရန်အတွက် သေနတ်များ၊ ပေါက်ကွဲစေတတ်သည့် ဗုံးလက် နက်များ မလိုအပ်တော့ချေ။ ဘာစီလိုနာမြို့ရှိ လူစည်ကားရာ လက်စ်ရမ်ဘလာစ်မြို့တွင် ပေါ်ပေါက်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုသည် ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ ဆွီဒင်နှင့် ဥရောပ နိုင်ငံအချို့တွင် ကြုံခဲ့ဖူးသည့်နည်းတူ ကားတစ်စီး ကို အသုံးချသွားခြင်း ဖြစ်သည်။
  • Wednesday 2017-08-23
    ဂိမ်းပြိုင်ပွဲဝင် မြန်မာ Squash ကစားသမားများလိုက်ပါလာသည့်ယာဉ်သည် ဩဂုတ် ၂၁ ရက် နံနက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့လမ်းပေါ်တွင် မတော်တဆဖြစ်ခဲ့ပြီးနောက် ဝေဖန်မှု ဆက်တိုက်ရင်ဆိုင်နေရသည့် အိမ်ရှင်မလေးရှားနိုင်ငံအတွက် ပိုမိုဖိအားများလာသည်။  ယာဉ်မတော်တဆဖြစ်မှုကြောင့် ဒူးတွင်ဒဏ်ရာပြင်းထန်ခဲ့သည့် မြန်မာ Squash ကစားသမားနှစ်ဦးအနက် အိအိပြုံးသည် ဆက်လက်ပြိုင်ပွဲဝင်နိုင်တော့မည် မဟုတ်ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်က ပြောသည်။

Pages