အတွဲ (၁၆)၊ အမှတ် (၆)

Issue Date: 
Tuesday, April 11, 2017
Myanmar Date: 
၁၃၇၈ ခုနှစ်၊တန်ခူးလပြည့်ကျော် ၁ ရက်၊ ဗုဒ္ဓဟူး ၊(ဧပြီ ၁၂၊ ၂၀၁၇)
Publication: 
7Day News

List of stories

  • Tuesday 2017-04-11
    ပြဿနာဖြစ်နေတဲ့ နေရာသစ်တွေဆီကို ရက် ၆၀ အတွင်း မှာ ချထားနိုင်တဲ့ ကုလသမဂ္ဂငြိမ်း ချမ်းမှု ထိန်းသိမ်းရေးရှေ့တန်း တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂ နှစ်လောက် ကဆိုရင် အခုလိုအခြေအနေမျိုး ဖြစ်လာမယ်လို့ မျှော်လင့်ဖို့ မဖြစ် နိုင်ခဲ့ပါဘူး။ ကုလသမဂ္ဂသတင်းဌာနနဲ့ နောက်ဆုံးပြုလုပ်တဲ့ တွေ့ဆုံမေး မြန်းမှုမှာ ရာထူးက ထွက်တော့ မယ့် ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်း သိမ်းရေးတပ်ဖွဲ့အကြီးအကဲ ဟာဗေးလက်ဆောက DPKO ဌာန ဟာ သိပ်မကြာခင်နှစ်တွေကထက် ပိုပြီး ထိရောက်မှုရှိလာပြီးတော့ ကမ္ဘာတစ်ဝန်းဆောင်ရွက်နေတဲ့ အသက်ကယ်ဝန်ဆောင်မှုတွေရဲ့ အရည်အသွေးလျော့ကျမသွားဘူး လို့ဆိုပါတယ်။
  • Tuesday 2017-04-11
    အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးကိုင်တွယ်ရာတွင် အကန့်အသတ်များရှိနေပြီး လုပ်ဆောင်နိုင်သည့်အရာ အနည်းငယ်သာရှိကြောင်း အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်က ယနေ့ (ဧပြီ ၁၁)ရက် NRPC ၌ ပြောကြားခဲ့သည်။ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ဦးသောင်းထွန်းသည် ရခိုင်ပြည်နယ်ရှိ လတ်တလောဖြစ်ပေါ်တိုးတက်မှုအခြေအနေများအား နိုင်ငံတကာသံတမန်များကို ရှင်းလင်းပြောကြားသည့်တွေ့ဆုံပွဲတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
  • Tuesday 2017-04-11
    သင်္ကြန်ကာလတွင် နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရန် အစီအစဉ်များပြု လုပ်ထားသည့် မန္တလေးကျုံး တောင်ဘက်လမ်းလျှောက်သင်္ကြန်၌ ခရီးသွားဧည့်သည်များ၏ လုံခြုံရေးနှင့် လိုအပ်သည့် အကူအညီ များ ဆောင်ရွက်ပေးရန် ကမ္ဘာလှည့် ခရီးသွားလုံခြုံရေး ရဲတပ်ဖွဲ့ များ တိုးချဲ့နေရာချပေးမည် ဖြစ် သည်။ ‘‘မန္တလေးကျုံးတောင်ဘက် ကို လမ်းလျှောက်သင်္ကြန်ဆိုတာ  လေးစီစဉ်ထားပါတယ်။ အဲဒီနေရာမှာ နိုင်ငံခြားသားဧည့်သည်တွေ လာကြမှာ ဖြစ်တဲ့အတွက် ပုံမှန် တာဝန်ထမ်းဆောင်နေကြ နေရာ တွေအပြင် အဲဒီနေရာအတွက် အရာရှိတစ်ဦး ဦးစီးပြီးတော့ ကမ္ဘာ လှည့်ခရီးသွားလုံခြုံရေးရဲတပ်ဖွဲ့ ငါးဦးလောက် တာဝန်ယူပြီး ဆောင်ရွက်သွားဖို့ စီစဉ်ထားပါ တယ်’’ဟု ကမ္ဘာလှည့်ခရီးသွားလုံ ခြုံရေးရဲတပ်ဖွဲ့ (မန္တလေး)မှ ဒုရဲမှူးလှမြင့်က ပြောသည်။
  • Tuesday 2017-04-11
    သင်္ကြန်ကာလ ပြည်တွင်း ခရီးစဉ်များထဲ၌ အွန်လိုင်းမှ ဟို တယ်အခန်း ကြိုတင်မှာယူမှု (ဘွတ်ကင်) ပြုလုပ်မှုများထဲ၌ ဘားအံခရီးစဉ်သည် အများဆုံး အဖြစ်ရပ်တည်နေကြောင်း ပြင်သစ်အခြေစိုက် အွန်လိုင်းဟိုတယ် ဘွတ်ကင်ဝန်ဆောင်မှု ၀က်ဘ် ဆိုက် Jovago က သတင်းထုတ် ပြန်သည်။
  • Tuesday 2017-04-11
    ရှမ်းပြည်နယ် တောင်ပိုင်း ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ပင်းတယမြို့သို့ လာရောက်လည် ပတ်သော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို ယခုလကစ၍ ဇုန်ဝင်ကြေးကို ငါးဒေါ်လာအထိ တိုးမြှင့်ကောက်ခံသွားရန် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနက တရားဝင်ထုတ်ပြန်သည်။
  • Tuesday 2017-04-11
    ဖရန့်ဝေါလ်တာ စတိန်းမီ ယာသည် ဂျာမနီနိုင်ငံ၏ သမ္မတ ဖြစ်ပြီး ၂၀၁၇ မတ်လ ၁၉ ရက်က စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းမတိုင်မီက စတိန်းမီယာသည် ၂၀၀၅ မှ ၂၀၀၉ အထိနှင့် ၂၀၁၃ မှ ၂၀၁၇ အထိ ဂျာမနီနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူခဲ့ သည်။
  • Tuesday 2017-04-11
    သင်္ကြန်ပွဲတော်ဆင်နွှဲအပြီး မြန်မာနှစ်သစ်ကူး အခါသမယနှစ်ဆန်းတစ်ရက်ရောက်သည်နှင့် အလေးအနက်ထားပြုလေ့ရှိသည်မှာ ဇီဝတဒါန ကုသိုလ်ပြုခြင်းပင် ဖြစ်သည်။ နှစ်ဦးဇီဝိတဒါနအဖြစ် ငါး၊ လိပ်များလွှတ်ခြင်း၊ နွားများဘေးမဲ့ ပေးခြင်းနှင့်အတူ ငှက်များကို ဘေးမဲ့လွှတ်ခြင်းကလည်း အစဉ်အလာ သဖွယ်ပါဝင်နေသည်။ ယင်းအနက် ငှက်လွှတ်သည် ဆိုရာ၌ သတိပြုရမည့်အချက်မှာ ငှက်များသည် ငါးများ၊ နွားများကဲ့သို့ မွေးမြူထားသည့် သတ္တ၀ါများ မဟုတ်ဘဲ တောထဲ၊ လယ်ကွင်း များထဲတွင် သဘာဝအတိုင်း နေ ထိုင်ကျက်စားနေသည်ကို ဖမ်းဆီး ရောင်းချခြင်းဖြစ်၍ ယင်းနေ့အ တွက် ကြိုတင်ကာ ငှက်များပိုမို ဖမ်းဆီးခံနေရပြီ ဖြစ်သည်။
  • ၁၉၁၇ ဧပြီ ၁၃ ရက်တွင် မွေးဖွားခဲ့သော စာရေး ဆရာ၊ သတင်းစာဆရာမကြီး ဂျာနယ်ကျော်မမလေး သည် ယခုဧပြီ ၁၃ ရက်၌ နှစ် ၁၀၀ ပြည့်မြောက်မည် ဖြစ်သည်။ ထို့ကြောင့် ယခုနှစ်သည် ဂျာနယ်ကျော်မမ လေး၏ နှစ် ၁၀၀ ပြည့်ဖြစ်ပြီး ၎င်း၏ မိသားစုက မကြာသေးမီက ရန်ကုန်သူနာပြုတက္ကသိုလ်ခန်းမ၌ ရာပြည့်ပွဲကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
  • Tuesday 2017-04-11
    အရှေ့အလယ်ပိုင်းတွင် အိုင်အက်စ်အဖွဲ့က နယ်မြေများ ဆုံးရှုံးပြီး အခြေပျက်လာခြင်းနှင့်အတူ အိုင်အက်စ်တိုက်ခိုက်ရေးသမားအချို့သည် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းသို့ ပြောင်းရွှေ့အခြေချလာနိုင်ပြီး ဒေသတွင်း၌ တိုက်ခိုက်မှုများ စီစဉ်လာနိုင်သည်ဟု လုံခြုံရေး ကျွမ်းကျင်ပညာရှင်များက သတိ ပေးနေသည်။ အိုင်အက်စ်အဖွဲ့ကို လိုလားသော အစွန်းရောက်များသည် ဖိလစ်ပိုင်တောင်ပိုင်းစခန်းများကိုအသုံးချ၍ ဖိလစ်ပိုင်မြို့တော် မနီလာနှင့် ဒေသတွင်းမြို့တော် မင်ဒါနာအိုတို့ကို တိုက်ခိုက်လာ နိုင်သည်။ သို့မဟုတ်ပါကလည်း  ဒေသတွင်း အခြားနေရာများကို တိုက်ခိုက်ရန် ကလာပ်စည်းများ  ထားရှိလေ့ကျင့်ပေးနိုင်သည်ဟု သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ အခြေစိုက် နိုင်ငံတကာမူဝါဒဆိုင်ရာ လိုဝီအင်စတီကျု့ဒ်မှ အကြမ်း ဖက်ဝါဒရေးရာကျွမ်းကျင်သူ မစ္စစ်ဆစ်ဒနီဂျုံးစ်က အိုင်အက်စ်ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ မကြာသေးမီက ထုတ်ပြန်ခဲ့သော စာတမ်းတစ်ရပ်တွင် ပြောကြား သည်။
  • Tuesday 2017-04-11
    ‘ခဏနေရင် ပြန်လာခဲ့ပါမယ်’၊ ‘မီးလေးခဏလောက်မှိတ်ပေးပါဦး’ စသည့်စကားလုံးများဖြင့်  မြန်မာအိုင်ဒေါ၏အစီအစဉ်တင်ဆက်သူ ကျော်ထက်အောင်ကို ပြီးခဲ့သည့်နှစ် မြန်မာအိုင်ဒေါ Season 1 ကတည်းကပင် ပရိသတ်များ သတိပြုမိခဲ့သည်။ လက်ရှိတွင် ကျော်ထက်အောင်က ကျော်ထက်ဟူသည့်အမည်ဖြင့်  ဇာတ်ကားများလည်း ရိုက်ကူးနေပြီဖြစ်သောကြောင့် အိုင်ဒေါနှင့်ပတ်သတ်သည့်အကြောင်းအရာများအပါအဝင် ၎င်း၏အနုပညာလှုပ်ရှားမှုများအကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။
  • Tuesday 2017-04-11
    စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ် နှံမှုများ တိုးမြှင့်ဝင်ရောက်လာရန် အစိုးရက ပြင်ဆင်ဆောင်ရွက်နေ ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။ အစိုးရက ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မည့်ကဏ္ဍတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆက်စပ်သောဝန်ဆောင်မှုလုပ်ငန်းများပါဝင်ပြီး ယင်းကဏ္ဍ၌ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည်ဆိုပါက ၀င်ငွေခွန်အပါအ၀င် အခြားအခွန်များပါ ကင်းလွတ်ခွင့်ပြုကြောင်း ၎င်းကဆိုသည်။
  • Tuesday 2017-04-11
    မြန်မာနိုင်ငံ၌ ပထမဆုံးစတင်မည့် အီလက်ထရွန်နစ် ထီ(E-Lottery)စနစ်သစ် ဖွင့်လှစ်လုပ်ကိုင်မည့် ကုမ္ပဏီကို ယခုနှစ်အတွင်း တင်ဒါခေါ်ယူရွေးချယ်မည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် အီလက်ထရွန်နစ် ထီကို တင်ဒါအောင်မြင်သော ကုမ္ပဏီနှင့် ယခုနှစ်ကုန်ပိုင်း၌ စတင်လုပ်ဆောင်ရန် မျှော်မှန်းထားပြီး ရှေ့ပြေးလုပ်ငန်းများကို လပိုင်းအတွင်းစတင်မည်ဟု ၎င်းက ပြောသည်။
  • Tuesday 2017-04-11
    ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများတွင် တစ်နှစ်လျှင် ကုန်သေတ္တာငါးသိန်းကျော်သာ ၀န်ဆောင်မှုပေးနိုင်နေရာမှ ကုန်သေတ္တာတစ်သန်းအထိ ၀န်ဆောင်မှုပေးရန် လုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဆိပ်ကမ်းများ၏ အရည်အ သွေးမြင့်တက်လာသည်နှင့် ကုန်သေတ္တာဝန်ဆောင်မှုအပိုင်းတွင် လျင်မြန်လာပါက ကုန်သေတ္တာတစ်သန်းအထိ ၀န်ဆောင်မှုပေး ရန်လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦး မြင့်သောင်းက ပြောသည်။
  • Tuesday 2017-04-11
    ယခုနှစ် သင်္ကြန်ကာလ တွင် မြို့တိုင်း၌ မဏ္ဍပ်နည်းသော ကြောင့် ရန်ကုန်မြို့တွင်သာ ဖျော် ဖြေမည်ဟု အမေများအဖွဲ့ခေါင်း ဆောင် မင်းသမီးကြီး ဒေါ်နွဲ့နွဲ့စန်းက ပြောသည်။
  • Tuesday 2017-04-11
    ပြောင်းလဲချိန်တန်ပြီဟူသော ကြွေးကြော်သံဖြင့်ပြီးခဲ့သည့် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲ၌ အနိုင်ရခဲ့သည့် ဒီမိုကရေစီအင်အားစုများ၏ အစိုးရအဖွဲ့ နိုင်ငံ့တာဝန်ယူခဲ့သည်မှာ တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ။ ပထမဦးဆုံး တစ်နှစ်သက်တမ်းပြည့်ချိန်တွင် အချိန်အခါနှင့်လျော်ညီစွာ ‘ပြည်သူနှင့်အတူ’ဟူသော အသံထွက်ပေါ်လာသည်။ ယခင်က ကြွေးကြော်ခဲ့သည့် ‘ပြောင်းလဲချိန်တန်ပြီ’ဆိုရုံတင်မဟုတ်တော့ဘဲ ‘ပြည်သူနှင့် အတူ’ဟူသော မျှော်မှန်းချက်၊ ရည်ရွယ်ချက်များ ထပ်မံပေါ်ထွက်လာခဲ့သည်။ပြည်သူများ၏ စိတ်ကူးစိတ်သန်းများ အရောင်တောက်လာနိုင်၏။ မျှော်လင့်ချက်များ အသက်ရှင်လာနိုင်၏။ လက်ရှိအစိုးရအဖွဲ့ နိုင်ငံရေး အကျပ်အတည်းကာလ၊ အတိုက်အခံအဖြစ် ဖြတ်သန်းနေရသည့် အချိန်ကတည်းက ပြည်သူအများစုသည် မိမိနိုင်ငံ၊ မိမိတို့ဘဝ အခြေအနေများကို ပြောင်းလဲနေသော ကမ္ဘာ့စီးပွားရေး၊ နိုင်ငံရေး အခြေအနေများနှင့်အတူ ဟန် ချက်ညီစွာ လိုက်ပါပြောင်းလဲနိုင် ရန်လိုနေပြီဖြစ်ကြောင်း ကောင်းစွာသဘောပေါက်ခဲ့ကြပြီးဖြစ်ရာ ပြောင်းလဲလိုသော နှစ်နှစ်ကာကာစိတ်ထားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အင်န်အယ်လ်ဒီပါတီကို မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်။
  • Tuesday 2017-04-11
    မန္တလေးမြို့တွင် ဖျော်ဖြေ မည့် ကျော်သူပရဟိတကွန်ရက်အ ဖွဲ့၏  ချိတ်သံချပ်အဖွဲ့၌ စက် စက်ယိုကျေးရွာမှ သျှောင်ပေစူး ကလေးငယ်များလည်း ပါဝင်ဖျော် ဖြေမည်ဖြစ်ကြောင်း ကျော်သူက ပြောသည်။
  • (တစ်) ရန်ကုန်မြို့တွင်းက လူစည်ကားသည့် မီးပွိုင့်တချို့တွင် အရောင်းသွက် စာအုပ်တချို့ကို မိတ္တူကူးကာ စာအုပ်အဖြစ်ချုပ် လုပ်ရောင်းချသူ တချို့ကို မကြာခဏတွေ့ရလေ့ရှိပါသည်။  မြို့ကြီး ပြကြီးတို့၏ စာအုပ်ဆိုင်များ၌ လည်း ထိုထိုဤဤသော ထိပ်တန်းစာအုပ်များစွာကို မိတ္တူပွားကာ သင့်တင့်လျောက်ပတ်သော နှုန်းထားများဖြင့်ရောင်းချပေးနေသည် ကို ကိုယ်တိုင်ပင်လျှင် ဝင်ရောက် ဝယ်ယူအားပေးသည်အထိ နီးနီးစပ်စပ် ရှိပါသည်။ အခြေအနေ အကြောင်းတရားပေါင်း များစွာကြောင့် ဤသို့ ထွက်ပေါ်နေရသည်ကို နားလည်သော်လည်း တစ်ခါကမူ အနောက်ကမ္ဘာက လူတစ်ယောက်နှင့် ဥရောပကလူတစ်ယောက်တို့ကို ဤကိစ္စမေးကြည့်ဖူးပါသည်။ သူတို့ကမ္ဘာကြီး လည်ပတ်နေရာက ချက်ချင်းရပ်သွားသည်နှင့် ကြုံလိုက်ရသည့်အလား အံ့အာသရဲ ဖြစ်သွားပါသည်။ ထိုသို့ လုပ်ကိုင်ဆောင်ရွက်ဖို့ ဆိုသည်ကို သူတို့ဆီကလူတွေ စိတ်မကူးကြ၊ စိတ်မကူးမိကြ၊စိတ် ကူးလေ့လည်းမရှိကြ၍ ဖြစ်ပါ သည်။ ကျွန်တော်တို့ဆီ၌ အသံကလေးတွေ ညံနေသည့် ခိုးကူးအခွေကိစ္စကိုလည်း ကျွန်တော်မေးကြည့်ဖူးပါသည်။ ရုပ်ရှင်သီချင်းစသည်ဖြင့် လူကြိုက်များသည့်အခွေတို့ကို ပြန်ကူး၍ မရောင်းကြဘူးလားဆိုသည့် မေးခွန်းပဲဖြစ်ပါသည်။ အမေးခံရသည့် သူတို့၏ မျက်နှာများက အံ့အံ့သြသြမျက်နှာကြီးများ။ ဘယ်လိုအတွေးတွေပါလိမ့်၊ ဘယ်လိုစိတ်ကူးတွေပါလိမ့်ဟူသည့် အသွင်အပြင်။ ဟုတ်ပါသည်။ သူတို့၌ ထိုစိတ်ကူးမျိုး ကူးလေ့မရှိပါ။ သူတို့ ကမ္ဘာ၌ ထိုစိတ်ကူးမျိုး ကူးမိလာအောင် လေ့ကျင့်မပေး။
  • Tuesday 2017-04-11
    မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ကွင်းလယ်ကစားသမား မေသူကျော်သည် အာရှဖလား ခြေစစ်ပွဲ အီရန်နှင့်ပွဲတွင် ရရှိ သော ဒူးဒဏ်ရာကြောင့် ခွဲစိတ်ကု သမှုခံယူရမည်ဖြစ်ပြီး တစ်နှစ် ကျော်အနားယူရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Tuesday 2017-04-11
    သိပ်မကြာတော့သည့် ဇွန်လ ဆိုလျှင် ၂၀၁၇-၁၈ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေ ဖွင့်ပေတော့မည်။ ကျောင်းတွင်း စစ်အတန်းများဖြစ်ကြသည့် ၅၊ ၆၊ ၇ တန်းကျောင်းသားတွေ ကျောင်းမဖွင့်မီ လွတ်လပ်ပေါ့ပါး စွာဆော့ကစားသူကစား၊ မိဘတို့၏ ဆန္ဒအရ ဘာသင်တန်း ညာသင်တန်းတက်သူတက်နှင့် ရှိနေကြချိန်တွင် အစိုးရစစ်အတန်းများဖြစ်သော ၈၊ ၁၀ နှင့် အစိုးရစစ်မဟုတ်သော်လည်း ၁၀ တန်း၏ အခြေခံ ဖြစ်သော ၉ တန်းကျောင်းသား ကလေးများတို့ ကျောင်းမဖွင့်မီကတည်းက ကျောင်းစာနှင့် နပမ်းလုံးနေရလေပြီ။ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းဟုခေါ်သည့် ၁၀ တန်းသည် အခြေခံပညာရေး၏ နောက်ဆုံးအတန်းဖြစ်သည်။ လက်ရှိကျင့်သုံးနေသော မြန်မာနိုင်ငံ၏ ပညာရေးစနစ်အရ ကျောင်းသားတစ်ယောက်၏ အနာဂတ်ကို အဆုံးအဖြတ်ပေး မည့် အတန်းလည်း ဖြစ်၏။ တက္ကသိုလ်ဝင်ခွင့်ကို တက္ကသိုလ်ဝင် တန်း ရမှတ်အနည်းအများဖြင့် ဆုံးဖြတ်နေဆဲဖြစ်ရာ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များတွင် တက်ခွင့်ရဖို့၊ တက္ကသိုလ်ဝင်တန်းတွင် အ မှတ်များများရဖို့ လိုပါသည်။ ဤ သို့ဖြင့် မိဘနှင့် ကျောင်းသားသည် တက္ကသိုလ်ဝင်တန်းတွင် အမှတ်များများရရေးအတွက် ဆရာများကို အားကိုး၍ မရတော့သောအခါ အပြင်ကျူရှင်များကို အားကိုးလာပါတော့သည်။ ၁၉၉၅ နောက်ပိုင်တွင် ကျူရှင်ကျောင်းတွေ အားကောင်းမောင်းသန်ပေါ်ထွက်လာခဲ့၏။
  • Tuesday 2017-04-11
    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအား ကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပမည့် ၂၀၁၇-၁၈ တိုင်း ဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများကို မေလတွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Tuesday 2017-04-11
    စင်ကာပူကလပ် ဟုမ်းယူနိုက်တက် အသင်းကိုပထမအကျော့ အိမ်ကွင်းတွင် အနိုင်ရရှိထားသော်လည်း ဒုတိယအကျော့အဝေးကွင်း၌ ခက်ခဲမည်ဖြစ်ကြောင်း ရတနာပုံအသင်း နည်းပြချုပ်ရီနီက ပြောကြားသည်။
  • Tuesday 2017-04-11
    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ ကျောင်းသားအားကစားပွဲတော်ကို သုံးနှစ်တစ် ကြိမ်ကျင်းပရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
  • Tuesday 2017-04-11
    လရောင်အောက်မှာ အကာအကွယ် ကင်းမဲ့ပြီးပင်ကို သဘာဝအတိုင်း ပြောင်လက်နေတဲ့ ကတ္တရာလမ်းမကြီးကို စာရေးဆရာကြီး ဒဂုန်တာရာ (ကွယ်လွန်) က ‘ဝတ်လစ်စားလစ်လမ်းမကြီး’လို့ သုံးစွဲခေါ်ဝေါ်ခဲ့ပါတယ်။ စကားလုံးအ သစ်အဆန်းတွေ တီထွင်သုံးစွဲတတ်တဲ့ ဆရာကြီးဒဂုန်တာရာရဲ့ စကားလုံးများစွာအနက် လွန်ခဲ့တဲ့ နှစ် ၆၀ ဝန်းကျင်က စတင်ပြီး အလွန်ရေပန်းစားခဲ့တဲ့ ‘ဝတ်လစ်စားလစ်လမ်းမကြီး’ဆိုတဲ့ စကားလုံးဟာ ယနေ့ခေတ်ကာလမှာ ရန်ကုန်မြို့ လမ်းမကြီးများအတွက် အံဝင်ခွင်ကျအရှိဆုံးပါပဲ။ လမ်းက ဝတ်လစ်စားလစ်ဖြစ်နေတဲ့အပေါ် ဝတ်လစ်စားလစ်မိန်းမသားများကိုပါ ရက်ဆက်တွေ့မြင်နေရပြီး ဝတ်လစ်စားလစ်အပေါ် ဝတ်လစ် စားလစ်ဆင်တဲ့ ပါဖောမန့်ကြောင့်  အဓိပ္ပာယ်က ပိုပြီးပီပြင်သွားပါ တော့တယ်။ လမ်းမပေါ်မှာ အဝတ်ဗလာ ကျင်းတဲ့သူတွေဟာ ၂၀၁၇ ခုနှစ် မတ်လကုန်နှင့်စပြီး လဆန်းကာလ ရက်သတ္တတစ်ပတ်အတွင်းမှာ သုံးဦးအထိ ရှိလာပါတယ်။ ပထမတစ်ဦးက မတ်လ ၂၈ ရက်နေ့မှာ ပေါ်ပေါက်တာဖြစ်ပါတယ်။ အ နော်ရထာလမ်းမကြီးပေါ်မှာ လင် မယားစကားများ ရန်ဖြစ်တယ်။ လင်ဖြစ်သူကို ရဲကဖမ်းရကောင်း လားဆိုပြီး ဝတ်လစ်စားလစ်ဆန္ဒ ထုတ်ဖော်ပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီနည်းလမ်းကို ပြည်ပမှ တင်သွင်းပြီး ပုံတူကူးယူသလားလို့ စဉ်းစားစရာရှိပါတယ်။ မတ်လအတွင်း အမေရိကန်နိုင်ငံရဲ့ လမ်းမကြီးတစ်ခုပေါ်မှာ ယာဉ်စည်းကမ်း ဖောက်ဖျက်လို့ ရဲကဖမ်းဆီးတဲ့အခါ အဝတ်တွေချွတ်ပြီး ဆန္ဒတွေ ထုတ်ဖော်တဲ့ ဖြစ်စဉ်နဲ့ တစ်ပုံစံ တည်းလို့ ဆိုနိုင်ပါတယ်။ ဒါဟာ ကမ္ဘာကြီးက ရွာတစ်ရွာဖြစ်လာတဲ့ အိုင်တီခေတ်ရဲ့ အကျိုးသက် ရောက်မှုလို့လည်း ဆိုနိုင်ပါတယ်။ ဒုတိယတစ်ဦးက မတ်လ ၃၁ ရက် နေ့မှာပါလာတဲ့ ကလေးနှစ်ဦးကို လမ်းဘေးမှာ ထားခဲ့ပြီး အဝတ် ဗလာကျင်းလို့ ၁၀ မိုင်ကုန်း ပြည်လမ်းမပေါ် လျှောက်သွားခြင်းဖြစ်ပါတယ်။ တတိယတစ်ဦးက ဧပြီလ ၁ ရက်နေ့မှာ ရွှေပြည်သာ အမှတ် (၄)လမ်းမပေါ် အောက်ပိုင်း ဗလာကျင်းပြီး လမ်းလျှောက်သွား ပြန်ပါတယ်။ ဒုတိယနှင့် တတိယအမျိုးသမီးများဟာ စိတ်ကျန်းမာ ရေးချို့ယွင်းနေသူများဖြစ်ကြောင်း သိရှိခဲ့ပါတယ်။
  • Tuesday 2017-04-11
    ပြီးခဲ့သည့် သီတင်း ပတ်ကုန်တွင် ရုရှား စစ်သင်္ဘောတစ်စီးသည် မြေထဲပင်လယ်အရှေ့ဘက်ကမ်းခြေဒေသသို့ ချင်းနင်းဝင်ရောက်လာသည်။ ထိုသင်္ဘော သည် ယင်းဒေသရှိ အမေရိကန် ဖျက်သင်္ဘောများထံ ဦးတည်ပြီးခုတ်မောင်းခဲ့သည်။ ထိုလုပ်ရပ်က ဆီးရီးယား လေတပ်စခန်းတစ်ခုကို အမေရိကန်က ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်ရပ်နောက်ပိုင်း စစ်အေးတိုက်ပွဲကာလ ပြိုင်ဘက် ဟောင်း နှစ်နိုင်ငံရေတပ်များ ပထမဆုံးအကြိမ် ယှဉ်ပြိုင်အင်အားပြ သည့် သဘောလည်း ဖြစ်လာခဲ့ သည်။ 
  • Tuesday 2017-04-11
    ပြုံးရွှင်ရယ်မောနေကြသော ကချင်အမျိုးသမီးခြောက်ဦး၏ ရှေ့တွင် ကချင်ရိုးရာလွယ်အိတ်ကိုလွယ်ကာ ရိုးရာခေါင်းပေါင်း၊ စလွယ်ဓားတို့ ၀တ်ဆင်ထားသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံသည် သမိုင်းဝင် ဓာတ်ပုံတစ်ပုံ ဖြစ်ခဲ့ပါသည်။ ဗြိတိသျှလက်အောက်မှ အတူတကွ လွတ်လပ်ရေးရယူရန် ကချင်ပြည်နယ်သို့ စည်းရုံးရေး သွားရောက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆ ခရီးစဉ်အ တွင်း ရိုက်ကူးခဲ့သည့် ဓာတ်ပုံဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းအပါ အ၀င် ယင်းဓာတ်ပုံထဲရှိ ပုဂ္ဂိုလ်အများစုသည် ကွယ်လွန်သွားကြပြီဖြစ်သော်လည်း တစ်ဦးတစ် ယောက်ကတော့ သက်ရှိထင်ရှား ကျန်ရစ်နေပါသည်။
  • Tuesday 2017-04-11
    အသားညိုညို မျက်နှာထား ခပ်တည်တည်နဲ့ လူငယ်တစ် ယောက်ဟာ အရွယ်နဲ့ မလိုက် အောင် တည်ငြိမ်ရင်း အထက်ပါစကားကိုပြောလာတယ်။ ဘောင်း ဘီတိုနဲ့ စပို့ရှပ်နဲ့ လွတ်လွတ်လပ် လပ် ဝတ်ဆင်ထားပေမယ့် သူ့ပုံစံက တည်တည်ကြည်ကြည် လေး လေးနက်နက်လေး ဖြစ်နေတယ်။ သူ့ကိုမြင်လိုက်တာနဲ့ မြန်မာပြည် သူပြည်သား တော်တော်များများ စိတ်ထဲမှာ တစ်ယောက်ယောက်နဲ့ များ တူနေသလား တွေးမိကြမှာအမှန်ပါ။ ဟုတ်ပါတယ်။ သူဟာအများထင်ထားသလို မြန်မာနိုင်ငံ ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနဲ့ ရုပ်ချင်းဆင်တဲ့၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရဲ့ ခေါင်းဆောင်မင်းသား ကျော် ကျော်မျိုးပါပဲ။
  • Tuesday 2017-04-11
    မြန်မာတို့၏ နောက်ဆုံးမင်းနေပြည် ဖြစ်ခဲ့သည့် မန္တလေးမြို့တွင် နှစ်ကူးသင်္ကြန်ပွဲကို ခေတ်အဆက်ဆက် စည်ကားစွာကျင်းပခဲ့သည်။ ခေတ်ပြောင်း၊ စနစ်ပြောင်းအရ မန္တလေးသင်္ကြန်ပွဲတော်ကျင်းပပုံနှင့် အနှစ်သာရများလည်း အပြောင်းအလဲများရှိခဲ့သည်။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်သည် ၂၀၁၇ မြန်မာ့ရိုးရာနှစ်ကူးအတာသင်္ကြန်ပွဲကို အပြောင်းအလဲများပြုလုပ်ကျင်းပရန် ကြိုးစားခဲ့သည်။ အစိုးရသစ်လက်ထက် မန္တလေးသင်္ကြန်ပွဲတော်ကျင်းပပုံအပြောင်းအလဲပြုလုပ်မည့် အစီအစဉ်များနှင့် ပတ်သက်၍ သင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီတွင် ပါဝင်သည့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် (ခ) ဦး ကျော်ရင်မြင့်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
  • Tuesday 2017-04-11
    ပြည်သူလူထု ရွေးကောက်တင်မြှောက်သော အစိုးရ၏ တစ်နှစ်တာ စွမ်းဆောင်ရည်အပေါ် ပြည်သူ များ၏ သဘောထားများကို 7Day News ဂျာနယ်က စစ်တမ်းငယ်တစ်ခု ကောက်ယူခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ၂၂ ဦးထဲမှ ပြည်သူလူထု ကြိုက်နှစ်သက်ဆုံး စွမ်းဆောင်ရည်ရှိသည့် ၀န်ကြီးငါးဦးနှင့် မနှစ်သက်ဆုံး ၀န်ကြီးငါးဦးကို စိတ်ကြိုက်ရွေးချယ်စေခဲ့သည်။ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များထဲမှ စွမ်းဆောင်ရည်အကြိုက်ဆုံးငါးဦးနှင့် မကြိုက်ဆုံးငါးဦးကို ရွေးချယ်စေခဲ့ပါသည်။ ဒေသအနှံ့တွင် နေထိုင်သော ပြည်သူများကို လူကိုယ်တိုင်၊ ဖုန်းဖြင့်၊ အွန်လိုင်းမှတစ်ဆင့် ကျပန်းဆက်သွယ်မေးမြန်းရာ ပြည်သူ ၁၄၄ ဦး၏ ဖြေဆိုမှုများ ရရှိခဲ့သည်။ သို့ဖြစ်ရာ အဖြေများကို စုစည်းတွက်ချက်ထားသည့် 7Day News ဂျာနယ်၏ စစ်တမ်းငယ်ကို စာဖတ်ပရိသတ်နှင့် အစိုးရအဖွဲ့ သိရှိရန် ဖော်ပြလိုက်ပါသည်။ ယခုစစ်တမ်းငယ်ကို ဖြေဆိုသူ ၁၀၀ ကျော်သာရှိပြီး နိုင်ငံတစ်ဝန်း ဖြန့်ကြက်မေးမြန်းထားသော စစ်တမ်းမဟုတ်သဖြင့် အဖြေအားလုံးသည် ပြည်သူများကို ကိုယ်စားပြုနိုင်မည် မဟုတ်သော်လည်း ပြည်သူအချို့၏ သဘောထားများ အစိုးရသိရှိရန် ဖော်ပြခြင်းဖြစ်ပါသည်။
  • Tuesday 2017-04-11
    သင်္ကြန်ရက်များ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ သင်္ကြန်ပွဲတော်ဆင်နွှဲကြမည့် လူငယ်များ၏ ပြောင်းလဲလာသည့် အပြင်အဆင်နှင့် ဖက်ရှင်များကလည်း ပိုမိုအရောင်အသွေးစုံလာသည်။ သင်္ကြန်ရက်များကို နည်းလမ်းအသွယ်သွယ်နှင့် ပါဝင်ဆင် နွှဲကြမည့်သူများအတွက် အထူး ဈေးနှုန်းများဖြင့် ရောင်းချပေးသည့် ဈေးဆိုင်ခန်းများနှင့် ဈေးရောင်းပွဲတော်များမှာလည်း ကြိတ်ကြိတ်တိုး စည်ကားနေကြပြီဖြစ် သည်။ ယခုနှစ်သင်္ကြန်တွင် လူငယ်များကြား ရေပန်းစားမည့် ဖက်ရှင် ဒီဇိုင်းများ၊ ခေတ်မီသင်္ကြန်မိတ် ကပ်အပြင်အဆင်များနှင့် ဆံပင် အပြင်အဆင်များလည်း ထွက်ပေါ်လာပြီဖြစ်ကာ နှစ်စဉ်မဏ္ဍပ်ကြီးငယ်များဖြင့် အချက်အချာကျသော လမ်းမကြီးအချို့တွင် ဆင်နွှဲ လေ့ရှိသော ရန်ကုန်သင်္ကြန်သည် ယခုနှစ်တွင်တော့ ဖျော်ဖြေရေးကွင်းပြင်ကျယ်ကြီးများတွင် Elec-tro Dance Music (EDM) နှင့် DJ ဖျော်ဖြေပွဲများပုံစံကျင်းပရန် စိုင်းပြင်းနေရာ EDM ပွဲများသို့ သွားကြမည့် ဖက်ရှင်ပုံစံများကို အွန်လိုင်းစာမျက်နှာများတွင် ကြော်ငြာထားသည်ကို တွေ့ရသည်။
  • Tuesday 2017-04-11
    ၎င်း၏ လူမှုကွန်ရက်စာမျက် နှာ Facebook တွင် တက်နေသည့် သတင်းအများစုက စိတ်မချမ်းသာစရာ သတင်းတွေဖြစ်နေသည်။ မန္တလေးမြို့၏ လမ်းများထက်တွင် ညဥ့်ဦးပိုင်းနဲ့ညဥ့်နက်ချိန်တို့၌ မိန်းကလေးအများစုနှင့် ယောက်ျား လေးအချို့အား ဓားထောက်၍ ပစ္စည်းများ၊ ဆိုင်ကယ်များ ခြိမ်းခြောက် လုယက်သည့် သတင်းများကို နေ့စဉ်နီးပါး ဖတ်နေရခြင်း ဖြစ်သည်။

Pages