No.1367 Friday, February 17, 2017

Issue Date: 
Friday, February 17, 2017
Myanmar Date: 
၁၃၇၈ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် (သောကြာ၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၁၇)
Publication: 
7Day Daily

List of stories

  • Friday 2017-02-17
    မျိုးသုဉ်းပျောက်ကွယ်ခဲ့ပြီဖြစ်သည့် ရေခဲခေတ် အမွေးရှည် မမ်မတ်သ် ဆင်ကြီးများကို တကျော့ပြန် ဖန်တီးနိုင်ရန် အမေရိကန် ပညာရှင်များက မျှော်လင့်နေကြောင်း သိရသည်။ အဆိုပါ ဆင်ကြီးများသည် သမိုင်းမတင်မီ နှစ်များကတည်းက မျိုးသုဉ်းခဲ့ပြီး ဖြစ်သော်လည်း ၎င်းတို့ ရှင်သန်နေထိုင်ခဲ့ရာ ဒေသများသည် အအေးလွန်ကဲသောကြောင့် ရုပ်ကြွင်းများကို အခြေအနေ ကောင်းမွန်စွာ တွေ့မြင်ရလေ့ ရှိသည်။ သုတေသီများက အဆိုပါ ရုပ်ကြွင်းများမှ မမ်မတ်သ်ဆင် DNAများကို ရယူကာ ယနေ့ခေတ် ဆင်များ၏ Stem Cellနှင့် ပေါင်းစပ်ပြီး ပြန်လည် အသက်သွင်းနိုင်ရန် မျှော်လင့်နေခြင်း ဖြစ်သည်။
  • Friday 2017-02-17
    ရုရှားနှင့် စစ်ရေးအရ ပူးပေါင်းရန် အစီအစဉ် မရှိဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မ်မက်တစ်က NATO မဟာမိတ် အဖွဲ့ဝင်များကို အသိပေး ပြောကြားသွားခဲ့သည်။
  • Friday 2017-02-17
    ဩစတြေးလျ နိုင်ငံတွင် ရေလှောင်ကန် သန့်ရှင်းရေးလုပ်ရာမှ အဆိပ်သင့် ဓာတ်ငွေ့များ ရှူရှိုက်မိပြီး လူသုံးဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ နယူးဆောက်သ်ဝေးလ်စ် ပြည်နယ် ရဲတပ်ဖွဲ့က သေဆုံးသူများမှာ မိသားစု တစ်ခုတည်းမှ အသက် ၆၀ ကျော် အရွယ်ရှိ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဖြစ်ကြကြောင်း ဆိုသည်။ ယခုဖြစ်ရပ်တွင် လူသတ်မှုကဲ့သို့ ရာဇဝတ်ကြောင်း ဆက်နွှယ်မှုမျိုး မရှိနိုင်ဘဲ ရေလှောင်ကန်အတွင်းရှိ ကာဘွန်မိုနော့ဆိုက် ဓာတ်ငွေ့များ ရှူမိပြီး အဆိပ်သင့်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကနဦးအဆင့် ယူဆထားသည်။ သို့သော် အသေးစိတ် စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်သွားဦးမည် ဖြစ်သည်။
  • Friday 2017-02-17
    ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှုပြုလုပ်ခဲ့သည်ဆိုကာ မြောင်းမြမြို့နယ် ကဝက် ကျေးရွာအခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးကို အသက် (၂၃)နှစ် အရွယ် ကျောင်းသားဟောင်းက ဖေဖော်ဝါရီ ၁၆ ရက်တွင် မြောင်း မြမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။
  • Friday 2017-02-17
    သုံးနှစ်ကြာပျောက်ဆုံးaနသော ဆယ်ကျော်သက်က ယားတိုင်းရင်းသူတစ်ဦးကို ပြန်လည်တွေ့ရှိရေး နယ်စပ်ထွက်ပေါက်ဂိတ်များနှင့် လူစည်ကားရာနေရာများတွင် ၎င်း၏ ဓာတ်ပုံကို ချိတ်ဆွဲကြော်ငြာထားကာ ရှာဖွေနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ကယားပြည်နယ်၊ ဖရူဆိုမြို့ နယ်၊ မိုဆိုကျေးရွာအုပ်စု၊ ဒေါကူရယ်ရွာနေ အသက် (၁၀)နှစ်အရွယ်မဘယ်နာဒဲတာသည် ရန်ကုန် မြို့တွင် အိမ်အကူလုပ်ရန် ၂၀၁၄ က ဒေသခံအမျိုးသမီးတစ်ဦးက ခေါ်ဆောင်သွားပြီး ယင်းအချိန် ကတည်းက ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း ဖရူဆိုမြို့နယ်ရဲစခန်း မှ ရဲအရာရှိတစ်ဦးက ပြောသည်။
  • Friday 2017-02-17
     မြန်မာစက်မှုဆိပ်ကမ်းတွင် ဖမ်းဆီးရမိသည့် တရားမဝင်သစ်များကို ဝယ်ယူမည့်နိုင်ငံသည် တရုတ်နိုင်ငံဖြစ်ကြောင်း မြန်မာဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိသည်။ ‘‘တင်ပို့မယ့် နိုင်ငံကို တရုတ် နိုင်ငံ ရှန်ဟိုင်းလို့ ရေးသားထားပါတယ်။ တရုတ်ကို ဒီက တိုက်ရိုက်ပို့တာမရှိပါဘူး။ စင်ကာပူကပဲ သွားတာပါ’’ဟု မြန်မာစက်မှုဆိပ်ကမ်း MIP လက်ထောက်အထွေ ထွေမန်နေဂျာ ဦးခင်မောင်ဇော်က ပြောသည်။
  •  ၂၀၁၇ မြန်မာလိဂ်ပွဲစဉ် (၆) တွင် အသင်းကြီးများဖြစ်သည့် ရှမ်းယူနိုက်တက်နှင့် ဧရာဝတီ အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေ သည်။
  •  မြန်မာ့လက်ရွေးစင် အ မျိုးသားဖူဆယ်အသင်း နည်းပြ ချုပ်ရာထူးအတွက် အီရန်နိုင်ငံ သားနည်းပြနှင့် ဆွေးနွေးနေ ကြောင်းသတင်းရရှိသည်။
  •  ၂၀၁၇ မြန်မာလိဂ်ပွဲစဉ် (၅) ရှမ်းနှင့်ရတနာပုံအသင်းတို့ ပွဲ အပြီးတွင် သတင်းစာရှင်းလင်းပွဲ သို့ တက်ရောက်ရန် ပျက်ကွက် သည့် ရတနာပုံအသင်းနည်းပြ ချုပ် ရီနီကို မူလချမှတ်သည့် တစ်ပွဲပယ်နှင့် ဒဏ်ငွေကျပ်တစ် သိန်းပြစ်ဒဏ်အနက် တစ်ပွဲပယ် ပြစ်ဒဏ်ကို ပယ်ဖျက်ခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေးက သတင်း ထုတ်ပြန်သည်။
  •  နေပြည်တော်နှင့်ပွဲတွင် ရန်ကုန်ယူနိုက်တက်ကွင်းလယ် ကစားသမား ငြိမ်းချမ်းအောင် သည် ယခင်ဒူးဒဏ်ရာဟောင်းကို ပြန်လည်ထိခိုက်မိသောကြောင့် အခြေအနေကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း ရန်ကုန်အသင်း မန် နေဂျာဦးမြင့်သိန်းက ပြောကြား သည်။
  •  နယ်စပ်မှ တင်သွင်း သော တိရစ္ဆာန်အရှင်များတွင် ကူး စက်ရောဂါပိုးရှိ၊မရှိ စမ်းသပ်စစ် ဆေးဆောင်ရွက်နိုင်မှု မရှိသေး ကြောင်း ပြည်ပပို့ကုန်နှင့် အရည် အသွေးစစ်ဆေးရေးဌာနခွဲ (FIQC)ဒုညွှန်ကြားရေးမှူး ဦးသက်နိုင်ကပြောသည်။
  •  နှစ်နိုင်ငံတပ်မတော်နှစ် ရပ်အကြား စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ကို တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့် တရုတ်နိုင်ငံ ကာကွယ် ရေးဆိုင်ရာ သိပ္ပံနည်းပညာနှင့် စက်မှုလုပ်ငန်းစီမံရေးရာဌာန အင်ဂျင်နီယာချုပ်တို့ ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိသည်။
  •  နိုင်ငံသားစိစစ်ရေးလုပ် ငန်းစဉ်များကို ရခိုင်ပြည်နယ်အ တွင်း ဆောင်ရွက်ရာတွင် နိုင်ငံ သားနှင့် နိုင်ငံသားပြုခွင့်ရသူစုစု ပေါင်း ၁၆၂ ဦးအား ၂၀၁၆ အတွင်း သတ်မှတ်ကတ်ပြားများထုတ်ပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။
  • စစ်တွေနှင့် ဘူးသီးတောင်အကျဉ်းထောင်တို့ တွင် လူ့အခွင့်အရေးချိုးဖောက်မှု မရှိသော်လည်း ပြုပြင်ပြောင်း လဲရန် လိုအပ်သည့် အဓိက အချက်သုံးချက်ကို သမ္မတရုံးသို့ တင်ပြထားသည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ သတင်းရရှိသည်။
  • ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ လူငယ်အချစ်ဇာတ်ကားလေးကို ညွှန်းလိုက်ပါတယ်။
  • (တစ်) တစ်ရက် ကျွန်တော် မန္တလေးက ပြန်လာတော့ ရန်ကုန်လေဆိပ်အ ထွက် လူသွားစင်္ကြံတစ်နေရာမှာ တက္ကစီငှားဖို့ ကြိုးစားပါတယ်။ တက္ကစီတွေ အဆင်သင့်ရှိမနေ တာကြောင့် တစ်လမ်းလုံးကို မိုး ထားတဲ့ ဆင်ဝင်ကြီးအောက်က နေ လမ်းကို ဖြတ်ကူးကာ ဟိုမှာ ဘက်လမ်းနှုတ်ခမ်းသားနားမှာ ရပ်ထားတဲ့ တက္ကစီကလေးသုံး လေးစီးရှိရာဆီ လျှောက်သွားကာ ကားငှားဖို့ ကြိုးစားပေမယ့် အဲ သည့်ကားဆရာတွေက ဝန် ဆောင်မှုပေးနေတဲ့ Taxi Service Station ကလေးရှိရာဆီ သွားငှားဖို့ လမ်းညွှန်တာကြောင့် ပြန်လှည့် လျှောက်လာခဲ့ကာ တက္ကစီငှားဖို့ ဝန်ဆောင်မှုပေးနေတဲ့ လူငယ်ကို ကားကိစ္စပြောရပါတယ်။
  • ပဲခူးတိုင်းဒေသကြီး ပန်း တောင်းမြို့နယ်ရွာသာယာကျေး ရွာအုပ်စု ရွာသစ်ကျေးရွာနယ် နိမိတ်အတွင်းသို့ ဝင်ရောက်ပြီး ကျောက်စရစ်ထုတ်လုပ်ငန်း လုပ် ကိုင်နေခြင်းများကို ဒေသခံများ က ကန့်ကွက်ထားကြောင်း သတင်းရရှိသည်။
  •  ဟုမ္မလင်းမြို့နယ်ပေါ် တွင် ဖေဖော်ဝါရီ ၈ ရက်က ဖမ်း ဆီးရမိသော ရှားပါးမျိုးစိတ်အင်း ကျားပေါက်ကို လာရောက်အပ်နှံ သော ဒေသခံ ခြောက်ဦးအား စစ် ကိုင်းတိုင်းဒေသကြီး သစ်တောဦး စီးရုံးက ၀န်ထမ်းများ၏ သစ်ဖမ်း ဆီးရမိသော ဆုကြေးငွေများဖြင့် ချီးမြှင့်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
  •  မွန်ပြည်နယ် ရေးမြို့ ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေး ရုံးကို အစိုးရတပ်မတော်နှင့် ရဲ တပ်ဖွဲ့တို့ ပူးပေါင်းပြီး ၀င်ရောက် စစ်ဆေးခဲ့သည်ဟု အဆိုပါ ဆက် ဆံရေးရုံးမှ သတင်းရရှိသည်။
  •  မုံရွာမြို့ အိုးဘိုထောင်ရပ် ကွက်ရှိ အမှတ်(၁)သစ်ပါးလွှာ စက်ရုံတွင် ကုန်ကြမ်းသစ်ရှားပါးမှု ကြောင့်ဟုဆိုကာ ဖေဖော်ဝါရီ ၁၅ ရက်က အလုပ်မှ ထုတ်ပယ်ခံရသူ ၂၀ ဦးကို ပြန်လည်ခန့်ထားရေး စက်ရုံဝန်ထမ်းများက တောင်းဆို ခဲ့ကြသည်။
  • ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ထိန်းချုပ်နိုင် ရန် ရေနယ်နိမိတ်လုံခြုံရေးအ တွက် ပင်လယ်ကမ်းရိုးတန်းတစ် လျှောက် ပင်လယ်ဝနှင့် မြစ်တွင်း လုံခြုံရေးကို တပ်မတော်(ရေ)က ငါးမန်းတိုက်ရေယာဉ်များ၊ အ မြန်သွားတိုက်ရေယာဉ်များ၊ ရော် ဘာဘုတ်များဖြင့် လှည့်ကင်းပတ် ကင်းများပြုလုပ်ကာ လုံခြုံရေးအ ပြည့်အ၀ ဆောင်ရွက်ပေးနေ ကြောင်း ပြည်ထဲရေးဒုဝန်ကြီးဗိုလ် ချုပ်အောင်စိုးက ပြောသည်။
  •  ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်အမှုဖွင့်ခံရပြီး အာမခံ မရသူအများစုသည် သြဇာအာဏာရှိသူများနှင့် ဖြစ်သော အမှုများကြောင့်ဖြစ်သည် ဟု မြန်မာမီဒီယာရှေ့နေများ ကွန်ရက် ဥက္ကဋ္ဌ ဦးအောင်စိုးဦးက ပြောသည်။
  •  သစ်တောနယ်မြေအ တွင်း လုပ်ကိုင်ခွင့်ပြုထားသော ပုဂ္ဂလိကစိုက်ခင်း ဧက ၁၀ သိန်း ကျော်ရှိသည့်အနက် စာချုပ်ပါ စည်းကမ်းဖောက်ဖျက်မှုနှင့် ဧက ငါးသိန်းကျော်ကို ပြန်လည်သိမ်းယူခဲ့ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။
  • အ၀လွန်ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် ဆီးချိုရော ဂါ၊ သွေးတိုးခြင်းနှင့် အခြားသော ရှုပ်ထွေးမှုများဖြစ်ပေါ်နိုင်သည့် အန္တရာယ်များကို လျှော့ချရန် လေ့ကျင့်ခန်းလုပ်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်နိုင်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။
  • ဒီတစ်ပတ်တော့ 7Day ပရိ သတ်တွေကို အပြောင်းအလဲဖြစ် သွားအောင် အညာမြေ မုံရွာမြို့ က အပန်းဖြေစရာနေရာလေးတစ် ခုကို ညွှန်းပေးချင်ပါတယ်။ ပွင့် လင်းရာသီမို့ အခုလို အချိန်အခါ မှာ အညာဘုရားဖူးခရီးစဉ်တွေ အသွားအလာ များကြပါတယ်။ တကယ်လို့များ အညာမြေ မုံရွာ မြို့ကို ဘုရားဖူးခရီးသွားကြတဲ့အ ခါ လည်ပတ်စရာနေရာလေးတစ် ခုအဖြစ် နေရာလေးတစ်ခုကို ညွှန်း ပေးချင်လို့ပါ။ အဲဒီနေရာလေးက တော့ အညာမြေပူပူမှာ မျက်စိ အေးစရာ ထန်းဇလုပ်ချောင်းနဲ့ အပန်းဖြေစခန်းလေးပါပဲ။ ထန်းဇလုပ်အပန်းဖြေစခန်း ကို သွားမယ်ဆိုရင် မုံရွာကနေ မုံရွာ-အရာတော်-ရွှေဘိုလမ်းအ တိုင်း ကျောက္ကာမြောက်ရွာကို သွားရမှာပါ။ ထန်းဇလုပ်အပန်း ဖြေစခန်းဟာ မုံရွာကိုရောက်ရင် မသွားမဖြစ်သွားရမယ့် ကျောက္ကာ ရွှေဂူနီဘုရားနဲ့ မနီးမဝေးမှာ တည်ရှိပါတယ်။ မုံရွာ-ရွှေဘို-အရာ တော်လမ်းတစ်လျှောက် တမာပင်တန်းတွေအောက်ကနေ ဖြတ်သန်းသွားရမှာဖြစ်တဲ့အတွက် အညာမြေရဲ့ တမာရနံ့ကို တစ်ဝကြီးရှူရှိုက်ရမှာပါ။ ၉ မိုင်နဲ့ ၆ ဖာလုံသွားပြီးရင်တော့ ကျောက္ကာမြောက်ရွာကို ရောက်ပါမယ်။ ရွာ ကိုရောက်ပြီဆိုရင် လမ်းညာဘက် ကျောက္ကာမြောက်ရွာရဲ့ ဘောလုံးကွင်းကို တွေ့ရမှာပါ။ အဲဒီဘောလုံးကွင်းရဲ့ဘေးမှာတော့ ထန်းဇလုပ်ကို လမ်းညွှန်ထားတဲ့ ဆိုင်းဘုတ်ရှိပါတယ်။ အဲဒီလမ်းလေးအတိုင်း တစ်မိုင်ကျော်ကျော်လောက် ဆက်ဝင်လာခဲ့မယ်ဆိုရင်တော့ ထန်းဇလုပ်ကို ရောက်ပါပြီ။
  • အားလပ်ရက်မှာ အပန်းဖြေဥယျာဉ်တွေသွားပြီး အပန်းဖြေလိုသူတွေအတွက် အခမဲ့ဖျော်ဖြေရေးအစီအစဉ်တွေရှိတဲ့ နေရာတွေကို စုစည်းဖော်ပြလိုက်ပါတယ်။ ပြည်သူ့ဥယျာဉ်မှာတော့  ရာသီဥတုအခြေအနေအပေါ် မူ တည်ပြီး ညနေတိုင်းမှာ ရေပန်းရုပ်ရှင်ကိုပြသပေးမှာ ဖြစ်ပြီး စနေနေ့ မှာတော့ မြန်မာ့ရိုးရာအကအစီအစဉ်တွေနဲ့ ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။ ဦးဥတ္တမပန်းခြံ Happy World ကလေးကစားကွင်းမှာတော့စနေ၊ တနင်္ဂနွေအားလပ်ရက်တွေမှာမျက်လှည်တင်ဆက်မှုတွေ၊အကအဖွဲ့တွေရဲ့ တင်ဆက်မှုတွေကို မနက် ၁၁ နာရီကနေစပြီး အခမဲ့ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။
  • ဒီတစ်ပတ်တော့ ပရိသတ် တွေအတွက် အမေရိကန်-သြစ တြေးလျ-ဒိန်းမတ်သရီးဒီအန်နီ မေးရှင်းစူပါဟီးရိုးဇာတ်ကားဖြစ် တဲ့ The Lego Batman ရုပ်ရှင် လေးအကြောင်း ဖော်ပြလိုက်ပါတယ်။ ဒီဇာတ်ကားလေးက ရောင်စုံပလတ်စတစ်တုံးလေးတွေဆက်ပြီး ကစားရတဲ့ လီဂိုရုပ် လေးတွေကို အထူးပြုလုပ်ချက် သုံးပြီး တင်ဆက်ထားတဲ့ ဇာတ် ကားဖြစ်ပြီး ၂၀၁၄ တုန်းကလည်း The Lego Movie ဆိုပြီး ထွက်ခဲ့ပါသေးတယ်။   အခုဇာတ်လမ်းကလည်း Batman ရုပ်ရှင်တွေသဘောကျ တဲ့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ဇာတ်လမ်းအကြောင်း အရာဖြစ်တဲ့ ဂျိုကာတို့၊ ရော်ဘင်တို့ရဲ့ ဇာတ် လမ်းတွေကို လီဂိုရုပ်လေးတွေနဲ့ အမြင်တစ်မျိုးကြည့်ရမှာ ဖြစ်ပါ တယ်။
  • ဒီတစ်ပတ် အားလပ်ရက်မှာ ဖတ်စရာအဖြစ် တစ်ပတ်နဲ့တစ် ပတ် အပြောင်းအလဲလည်းဖြစ် အောင် မတူထူးခြားတဲ့စာအုပ်ကို ညွှန်းဆိုဖော်ပြလိုက်ပါတယ်။ ဒီ စာအုပ်ကတော့ MRTV-4 မဟာ ဗောဓိလိုင်းမှာ ထုတ်လွှင့်ခဲ့တဲ့ ဆရာတော် ဓမ္မဒူတ ဒေါက်တာ အရှင်ပညိဿရနဲ့ အမေး၊အဖြေ ကဏ္ဍတွေကို စုစည်းထားတဲ့ စာ အုပ်ပဲဖြစ်ပါတယ်။ ရုပ်သံလိုင်း မှာ ၁၅ မိနစ်စာ ထုတ်လွှင့်ခဲ့တဲ့ အမေး၊အဖြေကဏ္ဍကို ကြည့်ရှု နားထောင်ဖူးသူတွေလည်း နည်း မယ်မထင်ပါဘူး။ ရုပ်သံမှာ ထုတ် လွှင့်တုန်းက ဖြေဆိုခဲ့တဲ့ ဆရာ တော်ရဲ့ လေးနက်တဲ့ အသိအ မြင်တရားတွေကို တစ်ပါတည်း အာရုံထဲစွဲငြိနိုင်သူ တချို့ရှိပေ မယ့် အများစုကတော့ ရင်ထဲ၊ နှလုံးသားထဲ ခိုင်ကျည်ဖို့ရာ မ လွယ်ပါဘူး။ ဘာကြောင့်လဲဆို ရင် လေးနက်တဲ့ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေကို ဆရာတော် က ပြန်လည်ဖြေဆိုခဲ့ရာမှာ တချို့ အကြောင်းတွေဟာ ဆင်ခြင်နှလုံး သွင်းပြီး ပြန်လည်စဉ်းစားမှသာ အဓိပ္ပာယ် ပေါ်လွင်နိုင်တာ ကြောင့် ယခုလို စာအုပ်အဖြစ်  တပေါင်းတစည်းတည်း ဖတ်ရ တာက ပိုပြီးပြည့်စုံစေမှာပါ။
  • မူးယစ်ဆေးဝါးမှု၊ နာကျင်စေမှုပုဒ်မများဖြင့်တိမ်းရှောင်နေသည့် တရားခံပြေးကိုရဲတပ်ဖွဲ့က တောင်ဒဂုံမြို့နယ် (၂၄)ရပ်ကွက်တွင် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးသော်လည်း ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းရရှိသည်။ တောင်ဒဂုံမြို့နယ် (၂၄)ရပ်ကွက် လှော်ကားလမ်းမပေါ်ရှိ ကားဝပ်ရှော့တစ်ခုတွင် ဖေဖော်ဝါရီ ၁၆ရက် ညနေ ၆နာရီခန့်က ပါဂျဲရိုးခဲရောင်ယာဉ်ဖြင့် ရောက်ရှိလာသည့် တရားခံပြေး နဂါးလေး (ခေါ်) အောင်နိုင်မြင့်ကို ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးကြောင်း ရပ်ကွက်အတွင်းနေထိုင် သူတစ်ဦးက ဆိုသည်။
  •  လွှတ်တော်နှစ်ရပ်  သဘောထားကွဲလွဲသည့် နိုင်ငံ သားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ် လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေး ရေးဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ ဆက်လက်တင်ပြ ၍ အဆုံးအဖြတ်ခံယူမည်ဖြစ် ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။ ဖေဖော်ဝါရီ ၁၆ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်သို့အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့လာ သည့် ယင်းဥပဒေကြမ်းအပေါ် ပြည်သူ့လွှတ်တော်က သုံးချက် သာ သဘောတူပြီး ကျန်ခုနစ်ချက်က သဘောထားကွဲလွဲခဲ့သည်။

Pages