အတွဲ (၁၅)၊ အမှတ် (၄၄)

Issue Date: 
Tuesday, January 10, 2017
Myanmar Date: 
၁၃၇၈ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ ဗုဒ္ဓဟူး (ဇန်နဝါရီ ၁၁၊ ၂၀၁၆)
Publication: 
7Day News

List of stories

  • Wednesday 2017-01-11
    ၂၀၁၆ တွင် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်တစ်ခုဖြစ်သည့် တာချီလိတ်နယ်စပ် ဝင်ထွက် ပေါက်မှ တစ်ဆင့် လာရောက် လည်ပတ်သည့် နိုင်ငံခြားသားခရီး သွားဧည့်သည် နှစ်သိန်းကျော် ရှိကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
  • Wednesday 2017-01-11
    ချင်းပြည်နယ် ကန်ပက်လက်မြို့ရှိ ခေါနုစုမ်တောင်ကို အခြေပြု၍ နိုင်ငံခြားသားခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နိုင်မည့် ရပ်ရွာလူထုအခြေပြု ခရီးစဉ်သစ်တစ်ခုကို အဆိုပါတောင်အနီး ဆော်လောင်းကျေးရွာတွင် ဇန်န၀ါ ရီ ပထမပတ်အတွင်းက တရားဝင် ဖွင့်လှစ်ပေးခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ ‘‘ချင်းပြည်နယ်က ၂၀၁၇ ထဲ မှာ ပထမဆုံးဖွင့်လှစ်လိုက်တဲ့ ရပ်ရွာလူထုအခြေပြုခရီးစဉ်တစ်ခု ဖြစ်သလို ခုနစ်ခုမြောက်ခရီးစဉ် ဒေသအသစ်လည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်သစ်ကနေ ချင်းပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး အတွက် အထောက်အကူပြုစေမှာလည်း ဖြစ်ပါတယ်’’ဟု ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြော သည်။
  • Wednesday 2017-01-11
    မြန်မာ့ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာစေရေး ဈေးကွက်မြှင့်တင်မှု အဖြစ် မြန်မာနိုင်ငံနှင့်ပတ်သက်သည့်ခရီးသွားပြပွဲကို စင်ကာပူ နိုင်ငံ၌ လေးရက်ကြာသွားရောက် ပြသမည်ဟု သတင်းရရှိသည်။ စင်ကာပူနိုင်ငံတွင်ဇန်န၀ါရီ ၁၉ မှ ၂၂ ရက်အထိ ပြုလုပ်မည် ဖြစ်ကာ မြန်မာ့ခရီးသွားလုပ်ငန်း ပွဲတော် Myanmar Tourism Festival အမည်ဖြင့် ပြုလုပ်မည် ဖြစ်သည်။
  • Wednesday 2017-01-11
    မစ္စစ်မာဆိုမီအီဘတီခါကို ၁၉၆၀ စက်တင်ဘာ ၂၁ ရက်က တီဟီရန်မြို့မှာ ဖွားမြင်ခဲ့ပါတယ်။ သူဟာ ၁၉၇၉ က အမေရိကန်သံရုံးကို သိမ်းပိုက်ပြီး ဓားစာခံတွေ ဖမ်းဆီးထားခဲ့တဲ့ ကျောင်းသား တွေရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးဖြစ်ခဲ့ပါတယ်။ သူဟာ ကိုယ် ခံအားစနစ်နဲ့ဆိုင်တဲ့ ပညာရပ်မှာ ဒေါက်တာဘွဲ့ရရှိထားပါတယ်။ အီဘတီခါဟာ အီရန်နိုင်ငံရဲ့ ပထ မဆုံးအမျိုးသမီးဒုသမ္မတဖြစ်ပါ တယ်။ သူ့ကို ကုလသမဂ္ဂသဘာဝ ပတ်ဝန်းကျင် စီမံကိန်းအဖွဲ့က ၂၀၀၆ အတွက် ကမ္ဘာမြေရဲ့ ချန် ပီယံ ခုနစ်ယောက်တည်းက တစ် ယောက်အဖြစ် သတ်မှတ်ခဲ့ပါ တယ်။
  • Wednesday 2017-01-11
    နှစ်သစ်ကူး နေ့တွင် တရုတ်အစိုးရ၏ ထုတ်ပြန်ချက်တစ်ရပ်က တစ်ကမ္ဘာလုံးကို အံ့သြစေခဲ့သည်။ တိရစ္ဆာန်များ၏ သင်္ချိုင်းဟု တင်စားခေါ်ဝေါ်နေသော တရုတ်နိုင်ငံက ဆင်စွယ်ဝယ်ယူမှုကို ၂၀၁၇ နှစ်ကုန်၌ ပိတ်ပင်တားမြစ်တော့မည်ဆိုသည့် ထုတ်ပြန်ချက်ဖြစ်သည်။ တရုတ်အစိုးရ၏ ထုတ်ပြန်ချက်သည် တစ်ကမ္ဘာလုံးတွင် ကျက်စားနေသည့် ဆင်တို့၏ အနာဂတ်အတွက် သမိုင်းဝင်သော ပြောင်းလဲမှုတစ်ခုဖြစ်သည်ဟု ကမ္ဘာတစ်လွှားရှိ သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းသူများက တင်စားပြောဆိုနေသည်။
  • Wednesday 2017-01-11
    ဒင် အိုလီဗာဘာရိုးသည် ဘီ လိဇ်လူမျိုးနိုင်ငံရေးသမား တစ်ဦး ဖြစ်ပြီး ဘီလိဇ်နိုင်ငံဝန်ကြီးချုပ်အ ဖြစ် ၂၀၀၈ ကစ၍ တာဝန်ယူထား သည်။ ယူနိုက်တက်ဒီမိုကရက် တစ်ပါတီ (UDP)၏ ခေါင်းဆောင် လည်းဖြစ်သည်။
  • Wednesday 2017-01-11
    ကုန်းဘောင်မင်းဆက် ဘိုးတော်ဘုရားလက်ထက်တွင် အမရပူရမှတစ်ဆင့် အင်းဝရွှေနန်းတော်သို့ ရောက်ခဲ့ဖူးသော အင်္ဂလိပ်သံတမန် မိုက်ကယ်ဆိုင်းစ်(Michael Symes) ၏ ကိုယ်တွေ့မှတ်တမ်းစာအုပ်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ရာကျော်က မှတ်တမ်းဖြစ်၍ သမိုင်းတန်ဖိုးကြီးမားသော စာအုပ်ဖြစ်ပြီး စာရေးသူ အောင်မြင့်စိန် (ထားဝယ်)က အင်္ဂလိပ်မှ မြန်မာဘာသာသို့ ပြန်ဆိုထားသည်။
  • Wednesday 2017-01-11
    အကြမ်းဖက်ခန့်မှန်းချက်အရဆိုရင် ဇန်န၀ါရီ ၅ ရက်က အမေရိကန်နိုင်ငံသား ၇၅,၀၀၀ လောက် အလုပ်က ထုတ်ပယ်ခံခဲ့ရတယ်။ ဒါမှမဟုတ် အလုပ်ပြုတ်သွားခဲ့ပါတယ်။ အဲဒီထဲက အလုပ်သမား တချို့ အလုပ်သစ်ပြန်ရှာတွေ့ကြပါလိမ့်မယ်။ ဒါပေမဲ့လည်း အများစုကတော့ ၀င်ငွေနည်းတဲ့ အလုပ်တွေဆီရောက်သွားကြပါလိမ့်မယ်။ တချို့ဆိုရင်တော့ လ ပေါင်းများစွာ (ဒါမှမဟုတ်) နှစ်နဲ့ ချီပြီးတော့ အလုပ်လက်မဲ့ဖြစ်နေ နိုင်ပါတယ်။ ဒါဟာ မင်းအတွက် ဆိုးရွားတယ်လို့ ထင်ရပြီး ဘယ်လိုစီးပွား ရေးဂယက်တွေ ရိုက်ခတ်သွားတာလဲလို့ မေးမယ်ဆိုရင်တော့ အဖြေက ဘယ်လိုစီးပွားရေးဂယက်မှ မရှိဘူးလို့ ဖြေရမှာပါ။ တကယ် တော့ ဇန်န၀ါရီ ၅ ရက်ဆိုတာ အလုပ်ဈေးကွက်မှာ ထူးခြားမှုမရှိတဲ့ ပုံမှန်နေ့တစ်နေ့ပါပဲ။
  • Wednesday 2017-01-11
    ဟစ်ဟော့ပ်လောက၏ ဒုတိယမျိုးဆက်တွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် ကြက်ဖသည် ဂီတလောကနှင့် နှစ်အနည်းငယ်ကြာ အဆက်ပြတ်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင်မူ ရုပ်ရှင်ဇာတ်ကားများ ဆက်တိုက်ရိုက်ကူးနေသည်။ လတ်တလောတွင် ထွန်းထွန်း၊ ညီထွဋ်ခေါင်၊ နန်းမြတ်ဖြိုးသင်း၊ ဆုမြတ်နိုးဦးတို့နှင့်အတူ ‘အိမ်ကြက်’ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်နေသည့် ကြက်ဖကို သရုပ်ဆောင်အဖြစ် ဇာတ်ကားများရိုက်ကူးဖြစ်သည့် အကြောင်းအရာများ အပါအဝင် ၎င်း၏အနုပညာလှုပ်ရှားမှုများအကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။
  • Wednesday 2017-01-11
    ပုဏ္ဏားကျွန်းစက်မှုဇုန် အကောင်အထည်ဖော်ရန် ကျောက်ဖြူ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီနှင့် နားလည်မှုစာချွန်လွှာ ချုပ်ဆိုထားမှု သက်တမ်းကုန်သွားသော်လည်း ကုမ္ပဏီက  တောင်းပန်ထားခြင်းကြောင့် ပြည်နယ်အစိုးရက အချိန်ထပ်မံစောင့်ဆိုင်းနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းရရှိသည်။
  • Wednesday 2017-01-11
    ထူးခြားသော ဇာတ်ရုပ်အသွင် သစ်ဖြင့် ပါဝင်သရုပ်ဆောင်ထားသည့် မြန်မာရုပ်သံဇာတ်လမ်းတွဲသစ်ကို လာမည့် ဖေဖော်ဝါရီတွင် ပရိသတ်များ တွေ့မြင်ရမည်ဟုသရုပ်ဆောင်   အောင်မင်းခန့်က ပြောသည်။
  • Wednesday 2017-01-11
    အစိုးရသစ်လက်ထက် ပထမဆုံးတည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို ၂၀၁၇ ဧပြီတွင် နေပြည်တော်၌ စတင်တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
  • Wednesday 2017-01-11
    စိတ်ဓာတ်နှင့် စည်းကမ်းသည် အမြဲဒွန်တွဲလျက်ရှိသည်။ စည်းကမ်းကို စိတ်ဓာတ်ဖြင့်စောင့် ထိန်းရ၏။ စိတ်ဓာတ်ကောင်းမှ စည်းကမ်းကောင်းသူဖြစ်နိုင်၏။ စိတ်ဓာတ်မကောင်းလျှင် စည်းကမ်းကောင်းသူမဖြစ်နိုင်ပေ။ ထို့ ကြောင့် စည်းကမ်းကောင်းသော လူမျိုးဖြစ်ရန် စိတ်ဓာတ်သည်အခရာကျပေသည်။ ကျွန်တော့်ကို သည်ဆောင်းပါးရေးဖြစ်အောင် တွန်းအားပေးခဲ့သည်မှာ Happy New Year ည အလွန်နံနက်ခင်းမြင်ကွင်းတစ်ခု ဖြစ်သည်။ စိတ်နှင့်ရေးနေသည်မှာ ထိုစဉ်ကတည်းကဖြစ်ပြီး လက်ကမူ ယခုမှ ချရေးဖြစ်ခြင်းဖြစ်၏။ ကျွန်တော့်အိမ်က မြို့စွန်ရပ်ကွက်တစ်ခု၏ အတွင်းပိုင်းကျကျ လမ်း ကျဉ်းကလေးထဲမှာ ရှိ၏။ ထို့ကြောင့် မြို့ထဲကိုထွက်ချင်လျှင် လမ်းကျဉ်းကလေးကနေ လမ်းမကြီးရောက်အောင် ဦးစွာထွက်ရသည်။ လမ်းမကြီးရောက်မှ ဆိုက်ကားတို့၊ ဆိုင်ကယ်ကယ်ရီတို့ ငှားစီး၍ရပါသည်။ ထိုနေ့ (ဇန်နဝါရီ ၁ ရက်နေ့)က နံနက်စောစော ၇ နာရီခွဲလောက် အလုပ်သွားဖို့ လမ်းမကြီးဆီထွက်တော့ လမ်းထိပ်မှာ တစ်ပိုင်းတစ်စ မီးကျွမ်းထားသည့် အမှိုက်ပုံကြီးက လမ်းဝကို တည့်တည့်ကြီး ပိတ်နေသည်။ ဘေးပတ်ဝန်းကျင်မှာလည်း အုန်းလက်ခြောက်များ၊ သစ်ကိုင်းခြောက်များက ပွစာကျဲနေ၏။ ကျွန်တော့်ဆိုင်ကယ်ကို လမ်းဘေးရေမြောင်းစပ်ကပ်ပြီး ဘီးလိမ့်ရုံဖြည်းဖြည်းချင်း မောင်းထွက်ရ၏။ ဆိုက်ကားတို့၊ ကားတို့ကတော့ရပ်ကွက်ထဲကို ဘယ်လိုမှဝင်မရသည့် အခြေအနေဖြစ်သည်။ ညက Happy New Year မှာ သောက်ကြ၊စားကြ၊ မီးပုံပွဲလုပ်ပြီး ကကြ၊ ခုန်ကြ။ ပြီးတော့ မူးမူးနှင့် အမှိုက်တွေကိုမရှင်းမလင်းဘဲ သည်အတိုင်းပစ်ထားခဲ့ကြခြင်းဖြစ်၏။
  • Wednesday 2017-01-11
    ထူးချွန်သော အားကစားသမား ကောင်းများ ပေါ်ထွက်လာစေရန် အားကစားနှင့် ပညာရေး ပေါင်း စပ်သင်ကြားမှုအဖြစ် အားကာ သိပ္ပံလွိုင်ကော်နှင့် မုံရွာကျောင်း နှစ်ခုကို ၂၀၁၇-၁၈ ပညာသင် နှစ်အမီ ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Wednesday 2017-01-11
    MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံလုပွဲတွင် လက်ရှိချန်ပီယံ ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ် ကို အနိုင်ယူမည်ဟု ကချင်တိုင်း ရင်းသား အောင်လအန်ဆန်က ကြုံးဝါးပြောကြားသည်။
  • Wednesday 2017-01-11
    အာရှဘောလုံးအဖွဲ့ချုပ်(AFC) ၏ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီသည် ၂၀၁၆ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲအတွင်း ဆိုးသွမ်း ဖြစ်ရပ်များအတွက် ပြစ်ဒဏ်များ ချမှတ်ရာ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်တို့ ဒဏ်ငွေပြစ်ဒဏ်များ အသီးသီး ချမှတ်ခံခဲ့ရပြီး မြန်မာအသင်းနည်းပြ ဂတ်ဖရိုင်းဒရစ်က ဒဏ်ငွေကန် ဒေါ်လာ ၁,၀၀၀ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ် ခံခဲ့ရသည်။
  • Wednesday 2017-01-11
    (တစ်) စာပေဟောပြောပွဲ ခရီးစဉ်များကို နှင်ကြရလေသည့်အခါ ကျွန်တော်တို့ စီး၍ရတတ်သမျှသော ယာဉ်များကိုစီးကာ နှင်ကြရမြဲဖြစ်ပါသည်။ ကား၊ ရထား၊ သင်္ဘော၊ လေယာဉ် စသည်ဖြင့်။ ကားစီးကြရသည့်အခါ အများသုံး အဝေးပြေးကားကြီးများဖြင့် ခရီး နှင်ရသည်များရှိသကဲ့သို့ သီးသန့်ကားကလေးများငှားကာ လွတ်လွတ်လပ်လပ်သွားကြလာကြရသည့်အခါများလည်း ရှိပါသည်။ ကျွန်တော့်တွင် ကျွန်တော် သွားလေရာရာသို့ လိုက်ပါပို့ဆောင်ပေးသည့် ကားဆရာလေးတစ်ယောက်ရှိပါသည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်အကြေအ ညာဝဲယာဒေသအနှံ့အပြားသို့ သူ့ကားကလေးက ပို့ဆောင်ပေးပါသည်။ ကျွန်တော်မှသာ မဟုတ်ပါ။ ကျွန်တော်နှင့် တစ်နွယ်ငင်တစ်စင်ပါဖြစ်ကြသည့် ဆရာ ချစ်ဦးညိုတို့၊ ဆရာမိုးလေဝသ ဒေါက်တာဦးထွန်းလွင်တို့၊ မောင်စိန်ဝင်း (ပုတီးကုန်း)တို့၊ ကိုအော်ပီကျယ်တို့၊ အကြည်တော်တို့၊ အရိုးတို့၊ ကိုညီမင်းညိုတို့၊ ဆရာမဂျူးတို့၊ အစ်မကြီး စမ်းစမ်းနွဲ့ (သာယာဝတီ)တို့၊ ဒေါ်သန်းမြင့်အောင်တို့၊ မနုနုရည် (အင်းဝ)တို့ စသည်စသည်ဖြင့် စာရေးဆရာတော် တော်များများက သူ့ကားကလေး နှင့် ရင်းနှီးပါသည်။
  • Wednesday 2017-01-11
    ၂၀၁၇ ဇန်န၀ါရီလဆန်းကစတင်ကာ မြန်မာနိုင်ငံဒေသအချို့ကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄ နှင့် ၅ အထက်ရှိ ငလျင်များမကြာခဏ လှုပ်ခတ်လာသည်။ အင်အားပြင်းထန်အဆင့်မဟုတ်ခဲ့၍ ထိခိုက်ပျက်စီးမှုမရှိခဲ့သော်လည်း ငလျင်မကြာခဏ လှုပ်ခတ်နေ၍ ဒေသခံများအပြင် မြို့ကြီးများတွင် နေထိုင်သူများပါ စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံ သည် လှုပ်ရှားမှုရှိနေသော ပြတ်ရွေ့များပေါ်၌ရှိနေပြီး ယင်းပြတ်ရွေ့များအကြောင်းနှင့် ငလျင် အန္တရာယ်ကြိုတင်သတိပြုနိုင်ရန် ဘူမိဗေဒပညာရှင် ဒေါက်တာ ကျော်ထွန်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို 7Day News ဂျာနယ် စာဖတ်ပရိသတ်များဖတ်ရှုရန် ဖော်ပြလိုက်ပါသည်။
  • Wednesday 2017-01-11
    အိမ်နီးချင်းနိုင်ငံများ ဖြစ် ကြပြီး ကမ္ဘာပေါ် တွင် လူဦးရေ အ များဆုံးနိုင်ငံများလည်း ဖြစ်ကြသည်။ အသစ်လွင်ဆုံး စူပါပါဝါနိုင်ငံနှစ်ခုလည်း ဖြစ်ပြန်သည်။ ယခုအခါတွင်မူ အိန္ဒိယနှင့် တရုတ်တို့၏ ဘက်ပေါင်းစုံမှ ပြိုင်ဆိုင်မှု သည် နောက်ထပ်အဆင့်တစ်ခုကို တက်လှမ်းလာခဲ့ပြီဖြစ်သည်။
  • Wednesday 2017-01-11
    လက်ရှိ အစိုးရကာလအတွင်း ပြည်သူ့ဝန်ထမ်း လစ်လပ်နေရာများအတွက် အလုပ်ခေါ်စာများ မကြာခဏတွေ့ရသည်။ ဦးစီးအရာရှိအဆင့်ဝန်ထမ်း ၁၀၀ ကျော်ကို လိုအပ်လျက်ရှိသောဝန်ကြီးဌာနများက ပြည်ထောင်စုရာထူးဝန် အဖွဲ့မှတစ်ဆင့် ခေါ်ယူထားတာ တွေ့သည်။ အထူးစုံစမ်းရေးဦးစီးဌာနက စုံစမ်းရေးမှူးများ ခေါ်တာ တွေ့သည်။ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာနက ၀န်ထမ်း ၃၀၀ ကျော်ခေါ်တာတွေ့မိသည်။ စီမံကိန်းဦးစီးဌာနက ခေါ်တာတွေ့ရသည်။ စက်မှုလက်မှုသိပ္ပံနှင့် စက်မှုအထက်တန်းကျောင်းများအတွက် နည်းပြ၊ သရုပ်ပြ ၇၀၀ ကျော် ခေါ်တာတွေ့ရသည်။ ဒါတောင် မိမိသတိမထားမိလိုက်သော အလုပ်ခေါ်စာများ ကျန်ရှိပေလိမ့်မည်။ မိမိတို့ဝန်းကျင်တွင် ၀န်ထမ်းအလုပ်ကို အားကျသူများရှိသကဲ့သို့ သဘောမတွေ့ဘဲ ၀န်ထမ်းမလုပ်လိုသူများလည်းတွေ့ရသည်။ များသောအားဖြင့်ကတော့ မည်သည့်ဌာနမှ လစ်လပ်ဝန်ထမ်းခေါ်သည်ဖြစ်စေ လျှောက်ထားသူများ စွာတွေ့ရတတ်သည်။
  • Wednesday 2017-01-11
    မဟာရန်ကုန်မြို့ပြစီမံကိန်းမဟာဗျူဟာ ၂၀၄၀ ကို အစိုးရသစ်လက်ထက်မှာ ပြန်လည်ပြုပြင်ရေးဆွဲခိုင်းကြောင်း သိရှိရပါတယ်။ ယခင်အစိုးရလက်ထက်က မြို့သစ်ခုနစ်မြို့တည်ဆောက်ရန် အစီအစဉ်များ ပါဝင်ခဲ့တဲ့စီမံကိန်းတစ်ရပ်ဖြစ်ပြီး ယခုလို ပြန်လည်စိစစ် ရေးဆွဲစေခြင်းဟာ အလွန်ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ စီမံကိန်းတို့ မည်သည်ဘက်ပေါင်းစုံမှ အထပ်ထပ်စစ်ဆေးလေ ပိုကောင်းလေပါပဲ။ အနာဂတ်ကာလမှာ ဖြစ်ပေါ်ရင်ဆိုင်ရမယ့် လူ့ပယောဂ၊ သဘာဝဘေး အန္တရာယ်ပယောဂ၊ ငွေကြေး ပယောဂတွေကို ကြိုတင်မျှော်မှန်း ရေးဆွဲရတာ လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။ လူအများပါဝင်ရေးဆွဲထားတဲ့ စီမံကိန်းတစ်ရပ်ကို မဆိုထားနဲ့ စာရေးသူတို့ လူတစ်ဦးချင်းအနေ နဲ့ ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်ဇယားတစ်ခု ရေးဆွဲတာပင် မလွယ်ကူပါဘူး။ လုပ်ချင်တာတွေ သိပ်များပြီး တကယ် တမ်းမလုပ်နိုင်တာ၊ မလုပ်ဖြစ်တာ၊ လုပ်လို့မရတာတွေနဲ့ အများကြီး ကြုံတွေ့ရပါတယ်။ ကျောင်းသားဘဝက စာကြည့်စားပွဲရှေ့မှာ စာကျက်ရမယ့်အချိန်ဇယားကို နှစ်စကပင် ရေးဆွဲဖော်ပြထားတာ မှတ်မိပါသေးတယ်။ ဇယားကို ကြည့်ပြီး အဖေနဲ့အမေက ‘‘ဒါမှ ငါ့သား။ ဒီနှစ်တော့ စာမေးပွဲကို အလွယ်လေးနဲ့ အောင်မှာ’’လို့ အားပေးကြပါတယ်။ လက်တွေ့မှာတော့ အချိန်ဇယားဟာ အချိန်များစွာ နံရံမှာ အထီးကျန်ခဲ့တာများပြီး စာမေးပွဲကြီးနီးမှ နေ့မအိပ် ညမအိပ် အသေအလဲဖတ်ရ၊ ကျက်ရတော့တာပါပဲ။ ဒီနေရာမှာ ကနေဒါနိုင်ငံက စိတ်ပညာရှင် Roger Buehler ရဲ့ သုတေသနတွေ့ရှိချက်တစ်ရပ်ကို ဖော်ပြလိုပါတယ်။ သူဟာ စာတမ်းတင်ကြရမယ့် နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်း သားတစ်ဦးချင်းကို စာတမ်းပြုစုရမယ့် လုပ်ငန်းအတိုင်းအတာနဲ့ မိမိတို့ စွမ်းရည်ကို ချင့်ချိန်ပြီး အမှန်တကယ်ပြီးစီးမည့် နေ့ရက်နဲ့ ဆိုးရွားသော အခက်အခဲများ ကြုံရခြင်းကြောင့် နောက်အကျဆုံးပြီးစီးမည့် နေ့ရက်ဆိုပြီး နှစ်မျိုးခွဲတင် ပြခိုင်းပါတယ်။ အဲဒီနောက် စာတမ်းပြုစုကြတဲ့အခါ ၃၀ ရာခိုင်နှုန်းသော ကျောင်းသားများသာလျှင် အမှန်တကယ်ပြီးစီးပါမယ်ဆိုတဲ့ နေ့ရက်မှာ ပြီးစီးကြောင်း သိရှိ ရပါတယ်။ ပျမ်းမျှအားဖြင့် ၅၀ ရာခိုင်နှုန်းသော ကျောင်းသားတွေသာ မိမိစီစဉ်ထားတဲ့အတိုင်း ပြီးစီးလေ့ရှိပြီး ကျန်ကျောင်းသားတွေ ဟာ ဆိုးရွားသော အခက်အခဲများ ကြောင့် နောက်အကျဆုံးဖြစ်မယ် လို့ ခန့်မှန်းတဲ့ရက်ထက် ရက်သတ္တတစ်ပတ် ပိုပြီးနောက်ကျခဲ့သေးတာ တွေ့ရှိရကြောင်း သိရပါတယ်။
  • ရန်ကုန်- တိုက်ပွဲများပြန်လည်ဖြစ် ပွားခဲ့မှုကြောင့် ဇိုင်းအောင်စစ် ဘေးဒုက္ခသည်စခန်းမှ စစ်ဘေး ရှောင်များသည် ဘေးလွတ်ကင်းရာနေရာများသို့ ထပ်မံတိမ်းရှောင် နေရကြောင်း သတင်းရရှိသည်။ တရုတ်နယ်စပ်ဇိုင်းအောင် ယာယီစခန်းမှ စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော်မှာ ပြီးခဲ့သည့်ဒီ ဇင်ဘာနှောင်းပိုင်းက တပ်မတော် နှင့် ကေအိုင်အေကြား ဖြစ်ပွား သည့် တိုက်ပွဲများကြောင့် အနီး ဝန်းကျင်ရှိ ခေါင်ရှောင်စခန်းအပါ အဝင် ဘေးလွတ်ကင်းရာဒေသ များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရ သည်။ 
  • အခြေခံပညာကျောင်းများတွင် စာမေးပွဲရလဒ်များကို အမှတ်ဖြင့် ထုတ်ပြန်ရာမှ အေ၊ ဘီ၊ စီ၊ ဒီ အဆင့်သတ်မှတ်ချက်ဖြင့် ပြောင်း လဲထုတ်ပြန်မှုသည် ကျောင်းသား များကို ဖိအားလျော့ကျစေခဲ့ ကြောင်း ကျောင်းသားများနှင့် ဆရာ၊ ဆရာမများက ပြောသည်။ ဒီချုပ်အစိုးရသစ်လက်ထက် တွင် အခြေခံပညာစာမေးပွဲရလဒ် များကို အဆင့်သတ်မှတ်ချက်ဖြင့်  ထုတ်ပြန်ရန် ညွှန်ကြားမှုသည် ပညာရေးပြောင်းလဲတိုးတက်မှုအ တွက် သက်ရောက်မှုမရှိသော် လည်း ကျောင်းသားနှင့် ဆရာများ အတွက် ဖိအားလျော့ကျစေသည် ဟု ဆိုသည်။
  • အများပိုင်ဘတ်စ်ကားပြေးဆွဲမည့် ရန်ကုန်မြို့ပြအများပြည်သူသယ် ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက် (YUPT)က ယာဉ်မောင်း ၇၀၀ ခန့် ခေါ်ယူခန့်အပ်မည်ဟု သတင်းရရှိ သည်။ 
  • အစိုးရကိုယ်စားလှယ် အဖွဲ့နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင် အဖွဲ့ (MNDAA)၊ ရခိုင်လက်နက် ကိုင်အဖွဲ့ (AA)တို့ ပါဝင်သည့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ တို့ တွေ့ဆုံရန် ညှိနှိုင်းမှုရပ်တန့်နေ ကြောင်း သတင်းရရှိသည်။
  • တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော်ရှန်နှင့် မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) ဥက္ကဋ္ဌဟောင်း ဦးအောင်မင်းတို့ နေပြည်တော်တွင် တွေ့ဆုံကြောင်း သတင်းရရှိသည်။
  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များတိုင်ကြားစာဌာနသို့ တိုင်စာ ၁၂၃ စောင်အထိ ရောက်ရှိနေပြီး ယင်းတို့အနက် မှားယွင်းရောက်ရှိလာ သည့် တိုင်စာ ၄၀ ခန့်ရှိကြောင်း သတင်းရရှိသည်။ လူထုနှင့် အများဆုံးထိတွေ့ ရသည့် တိုင်းဒေသကြီးနှင့် ပြည် နယ် လွှတ်တော်ကိုယ်စားလှယ် များ အများဆုံး တိုင်ကြားခံရ ကြောင်း တိုင်ကြားစာများဌာန တာဝန်ခံ ဒေါက်တာမျိုးညွန့်က ပြောသည်။
  • မြန်မာနိုင်ငံတွင် အခြေအနေဆိုး ရွားသည့် ပြင်းထန်ဆေးယဉ်ပါး တီဘီဖြစ်ပွားသူ ၃၀ ဦးခန့်ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းရရှိသည်။ ပြင်းထန်ဆေးယဉ်ပါးတီဘီ ရောဂါ(XDR-TB) ဆိုသည်မှာ ဆေးယဉ်ပါးတီဘီထက် ထပ်ဆင့် ဆိုးရွားသည့် အခြေအနေဆိုး သော တီဘီရောဂါဖြစ်ပြီး ကုသ ရာတွင် အောင်မြင်မှုနည်းပါးသည့် ရောဂါတစ်ခုဖြစ်သည်။ ၂၀၀၇ မှ ၂၀၁၆ အထိ အဆိုပါပြင်းထန် ဆေးယဉ်ပါးလူနာ ၃၀ ဦးရှိနေ ကြောင်း ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာန စာရင်းမှတ်တမ်း များ၌ ဖော်ပြထားသည်။
  • ကိုယ်ဝန်ဆောင်သေဆုံးမှုလျှော့ချ နိုင်ရေးယခုနှစ်အတွင်း ကိုယ်ဝန်ဆောင်မိခင် ခုနစ်သိန်းခန့်အားကျန်း မာရေးစောင့်ရှောက်မှုပညာပေးစာအုပ်များနှင့် အန္တရာယ်ကင်းစွာမွေးဖွားနိုင်ရန် ဆေးအိတ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖြန့်ဝေထားကြောင်း သတင်းရရှိသည်။
  • ‘‘ရန်ကုန်မှာ ပုဂ္ဂလိက ပြေးဆွဲနေသော ယာဉ်လိုင်းတွေရော၊ ဦးပိုင်တို့ တခြားတခြားသော ကုမ္ပဏီနာမည်တွေနဲ့ ၀င်ပြီး အမည်အမျိုးမျိုး၊ အသင်းအမျိုးမျိုး ၃၀၀ကျော်အားလုံးကို ဇန်န၀ါရီ ၁၅ရက်ညမှာ အပြီးသတ်ရပ်ဆိုင်း လိုက်ပြီဖြစ်ပါတယ်။ ၁၅ ရက်ညဟာ အခုပြေးဆွဲနေတဲ့ ယာဉ်နံပါတ်တွေရဲ့ နောက်ဆုံးပဲဖြစ်ပါတယ်’’ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဇန်န၀ါရီ ၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက် ခြင်းဖြစ်သည်။ ၂၀၁၆ တွင် အစိုးရသစ်စတင် တာဝန်ယူစဉ်ကာလကတည်းက အပြောင်းအလဲများ ပြုလုပ်ပြီး နာမည်ကြီးလာခဲ့သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ၂၀၁၇ တွင်ရန်ကုန်မြို့၌ ဘတ်စ်ကားပို့ ဆောင်ရေးစနစ် ပြောင်းလဲခြင်းဖြင့် ဖွင့်လှစ်ရန် ကြိုးစားလာခြင်း လည်းဖြစ်သည်။

Pages