No.1323 Wednesday, January 4, 2017

Issue Date: 
Wednesday, January 4, 2017
Myanmar Date: 
၁၃၇၈ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် (ဗုဒ္ဓဟူး၊ ဇန်နဝါရီ ၄၊ ၂၀၁၇)
Publication: 
7Day Daily

List of stories

  • ‘‘လွတ်လပ်ပြီ-လွတ်လပ်ပြီ - တို့ပြည်လွတ်လပ်ပြီ’’ဆိုကာ မြန်မာတိုင်းပြည်တ၀ှမ်းလုံးတွင် ယနေ့ပျော်ပွဲရွှင်ပွဲ အမျိုးမျိုးကျင်းပ ကြလိမ့်မည်။ ဦးအောင်ဆန်းနှင့် အပေါင်းပါဝန်ကြီးများကို ရက်စက်စွာ လူမသမာတို့က သတ်ဖြတ်၍ တတိုင်းတပြည်လုံး ယူကြုံးမရ ၀မ်းနည်းပက်လက်ရှိ သ ဖြင့် ယနေ့တိုင် ဦးအောင်ဆန်းတို့ ၏ အလောင်းမှာ မြေမကျရသေး ပါလျက် မည်သည့်အတွက် ဤမျှ လောက် တတိုင်းပြည်လုံး အလံ တော်ကို တိုင်ဝက်မှ တိုင်ထိပ်သို့ လွှင့်တင်၍ ၀မ်းနည်းရာမှ ၀မ်း သာလျက်ရှိကြပါသနည်း။ အ ကြောင်းထူးကားရှိ၏။ ထိုအ ကြောင်းကားမည်သည်ပါနည်း။
  • Wednesday 2017-01-04
    အဂတိ လိုက်စားမှု စွဲချက်အတွက် ရုံးတင်စစ်ဆေး ခံရသည့် ပထမဆုံး တရားခွင်သို့ တောင်ကိုရီးယား သမ္မတ ပါ့ခ်ဂွမ်ဟေး လာရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။
  • Wednesday 2017-01-04
    ရန်ကုန်တိုင်းဒေသကြီး တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ပင်မ စီမံကိန်း (Master Plan) ကို ၀န် ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ဦး ဆောင်မှုဖြင့် မြန်မာနိုင်ငံ ကုန် သည်စက်မှု အသင်းချုပ် (UMFCCI) အောက်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ေ
  • Wednesday 2017-01-04
    ဧရာဝတီလင်းပိုင် ထိန်း သိမ်းရေး ဧရိယာ နယ်မြေတွင် တရားမဝင် ရွှေမျောလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်မှု ရှိနေသည် ဟု ဒေသခံများထံမှ သတင်းရရှိသည်။
  • ထားဝယ်အထူးစီးပွား ရေးဇုန် ပြန်လည်စတင်မှုပထမအ ဆင့်အဖြစ် လမ်းပန်းဆက်သွယ် ရေးတည်ဆောက်ရန် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီနှင့် ယင်းစီမံကိန်းစတင် အကောင်အထည် ဖော်ခဲ့သည့် အီတာလျံ-ထိုင်းကုမ္ပဏီတို့ ဇန်န ၀ါရီ ၅ ရက်တွင် ပြန်လည်ဆွေး နွေးမည်ဟု သတင်းရရှိသည်။
  • Wednesday 2017-01-04
    ရန်ကုန်မြို့၏ ဒုတိယ မြောက်ညဈေးတန်း (၅၂ လမ်း ညဈေးတန်း)ကို ဇန်န၀ါရီ ဒုတိယ ပတ်တွင် ဖွင့်လှစ်ရန် ဆောင်ရွက် နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
  • အစိုးရဌာနများနှင့် ပုဂ္ဂ လိကလုပ်ငန်းများ၊ အဖွဲ့အစည်း များက ကုန်ပစ္စည်းများ အရောင်း အ၀ယ်ပြုလုပ်ရာတွင် ငွေပေးချေ မှု၌ နိုင်ငံခြားငွေကို အသုံးပြုနေ သဖြင့် မြန်မာကျပ်ငွေတစ်မျိုး တည်းသာ အသုံးပြုရေးညှိနှိုင်း ဆောင်ရွက်ရန် ဗဟိုဘဏ်က ထပ်မံစာထုတ်ပြန်ခဲ့သည်။
  • Wednesday 2017-01-04
    -ဒီကနေ့ရုပ်ရှင်အကြိုကဏ္ဍ မှာတော့ ဘောလိဝုဒ်အတ္တုပ္ပတ္ထိ အားကစားဒရာမာ ဇာတ်ကား သစ်အကြောင်း ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါ တယ်။
  •  ဒေသအများစုအချိန်အ ခါမဟုတ် မိုးရွာနေချိန် ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေ သော လေဖိအားနည်းရပ်ဝန်းအား ကောင်းလာကာ မုန်တိုင်းငယ်ဖြစ် လာနိုင်ကြောင်း မိုးလေ၀သနှင့် ဇ လဗေဒညွှန်ကြားမှုဦးစီးဌာနမှ သ တင်းရရှိသည်။
  • ပြည်ပမှ ပုဂ္ဂလိကနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ မြန်မာ နိုင်ငံတွင် ဘိုးဘွားရိပ်သာ တည်ထောင် ဖွင့်လှစ်ခြင်းနှင့် သက်ကြီးရွယ်အိုကြည့်ရှု စောင့်ရှောက်ရေးလုပ်ငန်းများ  လုပ်ကိုင် လိုပါက လူမှုဝန်ထမ်း ဦးစီးဌာနသို့ လျှောက်ထားနိုင်ကြောင်း သတင်းရရှိ သည်။
  • လာမည့် ကြားဖြတ်ရွေးကောက်ပွဲ တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဒေါ် အောင်ဆန်းစုကြည်ပါဝင် မဲဆွယ်ပေးနိုင်ခြင်းမရှိ၍ အားလျော့နည်းနိုင်သည်ဟု ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။
  • အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့် တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ်(NCA)လက်မှတ်မထိုး ရသေးသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များဖြင့် စုဖွဲ့ထား သည့် UNFC၏ ကိုယ်စားလှယ်အ ဖွဲ့တို့ NCAဆိုင်ရာကိစ္စများအ လွတ်သဘောဆွေးနွေးရန် အပြ
  • ၂၀၁၇ ဇန်န၀ါရီ ၁ ရက် ည၆ နာရီတွင် ပဲခူးမြို့ မယင်းကျေးရွာနှင့် ပြည်တော်အေးကျေးရွာအ ကြား ရန်ကုန်-မန္တလေးကားလမ်း တွင် ရပ်တန့်ထားသည့် ကုန်တင် ယာဉ်ကို ဘုရားဖူးယာဉ်က ၀င် တိုက်မိခဲ့၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦးသေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။
  • လာမည့်ကြား ဖြတ်ရွေးကောက်ပွဲကာလတွင် ပယ်မဲလျော့နည်းစေရန်အတွက် တံဆိပ်တုံးထုမဲပေးခြင်းနှင့် ကြို တင်မဲပေးသည့်စနစ်ကို ပြောင်း လဲကျင့်သုံးသတ်မှတ်လိုက်သည် ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သတင်းရရှိသည်။
  • ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး ငြိမ်းချမ်း ရေးရရန် အဓိကလိုအပ်နေသည် ဟု ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ ၀င် ဦးအောင်စိုးက ပြောသည်။
  •  ရန်ကုန်တိုင်းဒေသကြီး အတွင်း အများပြည်သူသယ်ယူပို့ ဆောင်ရေးယာဉ်လိုင်းများပြေးဆွဲ ရမည့် ယာဉ်လမ်းကြောင်း ၅၇ ခု ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဇန်နဝါရီ ၃ ရက်တွင် ထုတ်ပြန်ခဲ့ပြီး သက်ဆိုင်ရာယာဉ်လိုင်း ကုမ္ပဏီများက ပြေးဆွဲလိုသည့် လမ်းကြောင်းများကို
  • ယမန်နေ့က ကစား သော ပရီးမီးယားလိဂ်ပွဲတွင် မန် စီးတီးအသင်းက ဘန်လေကို ၂-၁ ဂိုးဖြင့် အနိုင်ရသော်လည်း မန်စီးတီးနည်းပြ ဂွါဒီယိုလာမှာ စိတ်ကသိကအောက် ဖြစ်နေပြီး မိမိ၏ နည်းပြအလုပ် အဆုံးသတ် ခါနီးပြီဟုပင် ပြောကြားသည်။
  • ဘီဘာအိုနှင့် ကိုပါ ဒယ်ရေးပွဲမတိုင်မီ ဘာစီလိုနာအ သင်းက ၎င်းတို့၏ တောင့်တင်း သော တိုက်စစ်အတွဲကို လေ့ကျင့် ရေးကွင်းသို့ ပြန်လည်ကြိုဆို လက်ခံလိုက်သည်။
  •  မြဝတီမြို့တွင် အသက် (၆၂) နှစ်ရှိ အမျိုးသမီးကြီးတစ်ဦး အား အမျိုးသားတစ်ဦးက နေအိမ် ပေါ်တက်၍ သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
  •  လတ်တလောဖြစ်ပေါ် နေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)အ ဖွဲ့ဝင်များ ဖမ်းဆီးခံထားရသည့် ကိစ္စနှင့်ပတ်သက်၍ နည်းလမ်းရှာ ရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့ရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင် များ တွေ့ဆုံဆွေးနွေးမည်ဟု သတင်းရရှိသည်။
  • တွန်းဇံ၊ တီးတိန်နှင့် ဟားခါးမြို့များကို မြို့အင်္ဂါရပ် နှင့်အညီ ပြန်လည်ပြင်ဆင်ရန် ချင်းပြည်နယ်အစိုးရအဖွဲ့က လုပ် ငန်းရှင်သုံးဦးအား ရွေးချယ်ခဲ့ ကြောင်း သတင်းရရှိသည်။
  •  မလိခမြစ်အတွင်း လူ ၂၆ ဦး တင်ဆောင်လာသော စက် လှေတစ်စီး တိမ်းမှောက်ကာ လူ တစ်ဦးသေဆုံးပြီး လေးဦးပျောက် ဆုံးနေကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ပူတာအိုမြို့နယ်ကို ဖြတ် သန်းစီးဆင်းသော မလိခမြစ်နှင့် မူလာရှီးဒီချောင်းဆုံရာနေရာတွင်  ဇန်နဝါရီ ၂ ရက်ညနေက စက် လှေတစ်စီးတိမ်းမှောက်ခဲ့ပြီး အ သက်လေးလအရွယ် ကလေးငယ် တစ်ဦးသေဆုံးကာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးသုံးဦး ပျောက်ဆုံးနေကြောင်း ကချင် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦးက ပြောသည်။
  •  ရေနံဓာတ်ငွေ့ရည်ဆ လင်ဒါအိုးရောင်းချသည့် ပုဂ္ဂလိကအရောင်းဆိုင်များကို စနစ်တကျ ကြီးကြပ်နိုင်ရန် ၂၀၁၆ ဇွန်လမှ ဒီဇင်ဘာလကုန်အထိ ယာယီလိုင် စင်များ ချထားပေးခဲ့ပြီး သတ်မှတ်စည်းကမ်းချက်နှင့် ကိုက်ညီသည့် အရောင်းဆိုင်များကို ၂၀၁၇ အတွက် အမြဲတမ်းလိုင်စင်များစတင် ထုတ်ပေးနေကြောင်း သတင်းရရှိ သည်။ ‘‘ရန်ကုန်၊ မန္တလေး၊ မုံရွာစတဲ့ နေရာတွေမှာ လိုင်စင်တွေချထား ပေးနေပြီ။ အခုက လုပ်ငန်းမပြီး ပြတ်သေးတဲ့အတွက် အခုအချိန် အထိ လိုင်စင် ဘယ်လောက်ချ ထားပေးပြီးပြီလဲဆိုတာ မသိရ သေးဘူး’’ဟု လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ လက်ထောက်အ တွင်းဝန် ဒေါ်ခင်ခင်အေးက ပြော သည်။ လိုင်စင်ထုတ်ပေးရာတွင် လည်း ဖြည့်တင်းပြီး ရေနံဓာတ် ငွေ့ရည်အိုးများကို သိုလှောင်ရုံ များဖြင့် သိုလှောင်ဖြန့်ဖြူးခြင်းအ တွက် (ဃ)လိုင်စင်ဟူ၍လည်း ကောင်း၊ ဖြည့်တင်းပြီး ရေနံဓာတ် ငွေ့ရည်အိုးများကို တိုက်ခန်း၊ ဆိုင်ခန်းများဖြင့် သိုလှောင်ဖြန့် ဖြူးခြင်းလုပ်ငန်းကို (င)လိုင်စင် ဟူ၍လည်းကောင်း သတ်မှတ်ကာ စိစစ်ထုတ်ပေးခြင်းဖြစ်သည်။
  •  ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ်တွင် စတင်ဖွင့်လှစ်လိုက် သည့် ရတနာနှင်းဆီအဆင့်မြင့် အိမ်ရာမှ အခန်းထက်ဝက်ကျော် ကို ရက်ပိုင်းအတွင်း ရောင်းချနိုင် ခဲ့ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။ အခန်းများ ရောင်းချနေ သည့် ရတနာနှင်းဆီအိမ်ရာစီမံ ကိန်းသည် ဒီဇင်ဘာ ၂၄ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင် အခမ်းအနားဖြင့် တက် ရောက်ဖွင့်လှစ်ခဲ့သည့် အိမ်ရာစီမံကိန်းဖြစ်သည်။ တစ်ခန်းလျှင် ကျပ်သိန်း ၆၀၀ နှင့် ကျပ်သိန်း ၁,၂၀၀ သတ် မှတ်ရောင်းချထားသည့် ရတနာ နှင်းဆီအိမ်ရာစီမံကိန်းမှာ အခန်း ပေါင်း ၂၇၀ ကျော် ရောင်းချရန် စီစဉ်ထားရာ ၁၀ ရက်အတွင်း (ဇန်န၀ါရီ ၃ ရက်အထိ) အခန်း ပေါင်း ၁၃၀ ကျော်ရောင်းချပြီး ဖြစ်သည်ဟု အိမ်ရာစီမံကိန်း အရောင်းပြခန်းမှအဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။
  •  မောင်တောခရိုင်မှ ဌာနဆိုင်ရာဝန်ထမ်းများအား သုံးလ အတွက် လစာ နှစ်ဆခံစားခွင့် ပေးမည်ဟု သတင်းထုတ်ပြန်ထား သော်လည်း ရဲတပ်ဖွဲ့အပါအ၀င် ဌာနအချို့သတ်မှတ်လစာမရရှိ သေးကြောင်း သတင်းရှိသည်။  မောင်တောခရိုင်အတွင်း တာဝန်ကျနေသော ဌာနဆိုင်ရာ ၀န်ထမ်းများအား အထူးကိစ္စတစ် ရပ်ဖြစ် ၂၀၁၆ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာသုံးလအတွက် လစာနှစ်ဆခံစားခွင့်ပေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၆ နိုဝင်ဘာ ၁၁ ရက်၌ သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။ သို့သော် ဒီဇင်ဘာလကုန်သည်အထိ  ယင်းသုံးလစာအတွက် လစာနှစ်ဆမရကြောင်း မောင်တောခရိုင်မှ ရဲတပ်ဖွဲ့ဝင်အချို့က ပြောကြားသည်။ ‘‘မရသေးပါဘူး။ ကြားပေ မယ့် အခုအချိန်အထိ လူကြီးတွေ က ချပြတာ (ပေးတာ)မရှိသေး ဘူး။ အခုထိ ပုံမှန်လစာပဲရသေး တာပါ’’ဟု မောင်တောခရိုင်ဒေသ တွင် တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ် ဦးက ပြောသည်။ လစာ ၁၆၀,၀၀၀ကျပ်ရသော အဆိုပါရဲတပ်ဖွဲ့ဝင် က ဒီဇင်ဘာအထိ ပုံမှန်လစာ အတိုင်းသာရရှိခဲ့ကြောင်း ပြော သည်။ မောင်တောခရိုင်အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန် ကျဝန်ထမ်းတစ်ဦးကလည်း ဒေသ တွင်းဌာနဆိုင်ရာအချို့ လစာနှစ် ဆမရသေးဟု သိထားကြောင်း ပြောသည်။
  •  ရွှေဆိုင်းများ ကပ် လှူပူဇော်မှုကြောင့် ရှေးမူလက်ရာ ပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော ကျောက်တော် မြို့နယ်ရှိ မဟာမုနိဆင်းတုတော်မှ ရွှေဆိုင်းများကို ပညာရှင်များနှင့် စနစ်တကျခွာယူထိန်းသိမ်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ယင်းသို့ မဟာမုနိဆင်းတု တော်မှ ရွှေဆိုင်းများခွာယူကာ စနစ်တကျထိန်းသိမ်းနိုင်ရန် ဇန်န၀ါရီ ၂ ရက်က အစည်းအဝေးပြုလုပ်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင်တစ်ဦးက   ပြောသည်။  အဆိုပါ  အစည်းအဝေးသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၀န်ကြီး ဦးကျော်အေးသိန်းနှင့် ဘုရားဂေါပကများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့သည်ဟု သိရသည်။
  •  ဖွံ့ဖြိုးတိုးတက်မှုအနည်း ဆုံးစာရင်းတွင် ပထမနေရာ၌ ရှိ နေသောချင်းပြည်နယ် တိုးတက် ဖွံ့ဖြိုးရေးအတွက် အဖြေရှာမည့် ပြည်နယ်အဆင့်ဖွံ့ဖြိုးရေးဖိုရမ် တစ်ခုကို လာမည့်ဖေဖော်ဝါရီ လဆန်းတွင် ပြုလုပ်မည်ဟု ချင်း ပြည်နယ်အစိုးရအဖွဲ့မှ သတင်း ရရှိသည်။ ‘‘ပြီးခဲ့တဲ့နှစ်က လုပ်ဆောင် ခဲ့တဲ့ လုပ်ငန်းတွေ ပြန်လည်သုံး သပ်မယ်။ ပြီးတော့ ရှေ့ဆက်လုပ် ရမယ့် လုပ်ငန်းတွေ စီမံချက်ချ မယ်။ ပြီးတော့ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်တွေကိုတင်သွင်း မယ်’’ဟု ချင်းပြည်နယ်စည်ပင်၊ လျှပ်စစ်၊ စက်မှုနှင့် ဟိုတယ်ခရီး သွားဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် ကပြောကြားသည်။ ထောပတ်၊ ကော်ဖီနှင့်စပျစ် ကိုအခြေခံသော အသေးစား၊ အ လတ်စားစီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန် ချင်းပြည်နယ် အ စိုးရအဖွဲ့က မျှော်မှန်းထားသည် ဟု၎င်းကပြောသည်။
  •  မွန်ပြည်နယ်တွင် ၂၀၁၆ အတွင်း ယာဉ်မတော်တဆ မှုကြောင့် သေဆုံးသူ ၃၀၀ ကျော် ရှိကြောင်း အမှတ်(၁၂)ယာဉ်ထိန်း ရဲဒုတပ်ဖွဲ့မှူးရုံး(မွန်)မှ သတင်းရရှိ သည်။ တစ်ပြည်နယ်လုံးတွင် ဆိုင် ကယ်တိုက်မှု ၄၁၆ မှု၊ ကား မတော်တဆမှု ၃၇၈ မှုဖြစ်ပွား ခဲ့ရာ စုစုပေါင်း ယာဉ်မတော်တဆ မှု ၇၉၄ မှုရှိပြီး ထိခိုက်ဒဏ်ရာရရှိ သူ ၁,၂၈၉ ဦးနှင့် သေဆုံးသူ ၃၁၇ ဦးရှိခဲ့သည်။ ‘‘မနှစ်က ယာဉ်တိုက်မှုနဲ့ ယှဉ်ရင်တော့ ဒီနှစ်ယာဉ်တိုက်မှုက ပိုများတယ်။ ယာဉ်မောင်းတဲ့သူ တွေက ယာဉ်စည်းကမ်းလိုက်နာ မှုမရှိရင် တစ်နေ့နဲ့တစ်နေ့ ယာဉ် တိုက်မှုက တိုးလာမှာပါ။ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းကို တစ်ဦးချင်းစီ လိုက်နာကျင့်သုံးမှ ယာဉ်တိုက်မှုလျော့နည်းလာမယ်။ မွန်ပြည်နယ်မှာဆိုရင် သထုံခရိုင် မှာ ယာဉ်တိုက်မှုဖြစ်တာ ပိုများ တယ်။ တစ်နိုင်ငံလုံးနဲ့ယှဉ်ရင် တော့ မွန်ပြည်နယ်ကအဆင့် ရှစ်ပဲရှိ တယ်’’ဟု အမှတ်(၁၂) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့မှူးရုံး(မွန်)မှ (ဦးစီး)ဒုရဲမှူးဌေးဆွေက ပြောသည်။
  • စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း သာသနာပိုင်ယာဉ်နှင့်ပရဟိ တယာဉ်အများစုမှာ လိုင်စင်မဲ့ ယာဉ်များဖြစ်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သန့်နိုင်က ပြော သည်။ ဇန်နဝါရီ ၃ ရက်က ကျင်းပ ခဲ့သော ဒုတိယအကြိမ် စစ်ကိုင်း တိုင်းဒေသကြီးလွှတ်တော်အရေး ပေါ်အစည်းအဝေးတွင် မြင်းမူမြို့ နယ် မဲဆန္ဒနယ်အမှတ်(၂)တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဒေါ်နီလာလွင်၏မေးမြန်း ချက်ကို ဗိုလ်မှူးကြီး ကျော်သန့် နိုင်က ယင်းကဲ့သို့ ပြန်လည်ဖြေ ကြားခဲ့ခြင်းဖြစ်သည်။
  •  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT)သည် ဆင်းမ် ကတ်ဖြန့်ချိရေး ကိုယ်စားလှယ် များကို ဆင်းမ်ကတ်ရောင်းချပေး သည့်အတွက် ဝန်ဆောင်ခအနေ ဖြင့် ပထမဦးဆုံးတစ်ကြိမ် (လိုင်း ဖွင့်ခေါ်ဆိုခြင်း)ခေါ်ဆိုလိုက်သည့် အခါ ၂၀၀ ကျပ် ပြန်လည်ပေးအပ်ခြင်းကိုရုတ်တရက် ရပ်ဆိုင်းလိုက်၍ ကိုယ်စားလှယ်များအရှုံးနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။  ‘‘ကြိုတင်အကြောင်းကြား ခြင်းမရှိဘဲ ကတ်တစ်ကတ်ရဲ့ဝန် ဆောင်ခကို ၂၀၀ ကျပ်ပေးနေရာ က ချက်ချင်းရပ်လိုက်တော့ ကျွန် တော်တို့ ကတ်တွေအများကြီး ဈေးကွက်ထဲ ဖြန့်ထားတဲ့သူတွေ အများကြီးနစ်နာသွားတယ်’’ဟု ဆင်းမ်ကတ်ဖြန့်ချိရေးကိုယ်စား လှယ် ကိုအောင်ညီက ပြောသည်။မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း၏ဆင်းမ်ကတ်ဖြန့်ချိရေးပုံစံ သည် တစ်ကတ်ဝယ်ယူလျှင် တစ် ကတ်အလကားပေးသည့်စနစ် ဖြစ်သည့်အတွက် ဆင်းမ်ကတ် တစ်ခုချင်းစီ၏  မူရင်းဈေးနှုန်း သည် ၅၀၀ ကျပ်ကျသင့်ကြောင်း၊ ဆင်းမ်ကတ်မှတ်ပုံတင်၍ ပထမ ဦးဆုံးဖုန်းခေါ်ဆိုလိုက်သည့်အခါ မူရင်းဖြန့်ချိသည့်ကိုယ်စားလှယ် ထံသို့ ဖုန်းဘီလ်အဖြစ် ပြန်လည် ရောင်းချနိုင်သော e Load ဘီလ် ၂၀၀ ကျပ်ကို ပြန်လည်ပေးအပ် လေ့ရှိကြောင်း စုံစမ်းသိရှိရသည်။

Pages