အတွဲ (၁၅)၊ အမှတ် (၄၃)

Issue Date: 
Tuesday, January 3, 2017
Myanmar Date: 
၁၃၇၈ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက်၊ ဗုဒ္ဓဟူး၊ (ဇန်နဝါရီ ၄၊ ၂၀၁၇)
Publication: 
7Day Daily

List of stories

  • အရှေ့တောင်အာရှဒေသမှ လူ ငယ် ၁၀ ဦးနှင့် သြစတြေးလျနိုင်ငံမှ လူငယ် ငါးဦးကို ရွေးချယ်၍ သြစ တြေးလျ နိုင်ငံတွင် ကာလတိုပညာ သင်ယူနိုင်မည့် အစီအစဉ်အတွက် ဇန်န၀ါရီ ၁၁ ရက်နောက်ဆုံး လျှောက်ထားနိုင်သည်။
  • အခြေခံပညာကျောင်းများတွင် ကျင်းပသော ပညာရေးစုံညီပွဲ တော်၌ ဉာဏစွမ်းရည်နှင့် ကာယ စွမ်းရည်ဆုများ ချီးမြှင့်ရန် အခြေခံ ပညာဦးစီးဌာနက ကျပ်သန်း ၁,၁၉၀ ကျော်ကို ရန်ပုံငွေခွဲဝေပေး ခဲ့ကြောင်း သတင်းရရှိသည်။
  • ၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲ ၀င်ရောက်ဖြေဆိုရန် စာရင်းပေး သွင်းသော ထိုင်း-မြန်မာနယ်စပ်မှ ရွှေ့ပြောင်း ကျောင်းသားအရေအ တွက် လျော့ကျခဲ့ကြောင်း မြန်မာ နိုင်ငံ စာစစ်ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယခင်နှစ်တက္ကသိုလ်ဝင်စာ မေးပွဲတွင် ရွှေ့ပြောင်း မြန်မာ ကျောင်းသား ၁၆၀ ခန့်ဝင်ရောက် ဖြေဆိုခဲ့သော်လည်း လာမည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆို ရန် စာရင်းပေးသွင်းထားသော ကျောင်းသား ၁၀၀ ကျော်သာ ရှိ သည်ဟု သိရသည်။
  • ပြည်ထောင်စုစိတ်ဓာတ်
  • အများပိုင်ယာဉ်လိုင်းများတွင် လိုင် စင်အနက်ကိုင်ဆောင်သူများပါ မောင်းနှင်နိုင်မည့် ယာဉ်မောင်းလိုင် စင်သတ်မှတ်ချက်ဖြေလျှော့ပေး လိုက်ခြင်းကြောင့် ယာဉ်မောင်းများ အတွက် အလုပ်အကိုင်အခွင့်အ လမ်း ပိုမိုရရှိလာစေသည်ဟု ယာဉ် ပိုင်ရှင်အချို့ကပြောသည်။
  • မိုးကုတ်မြို့ ဆားတောင် ကျေးရွာရှိ ရတနာရှင် ကျောက် မျက်တူးဖော်ရေးကုမ္ပဏီလုပ်ငန်း ခွင်တွင် ဒီဇင်ဘာ ၃၀ ရက် ညနေ က ကျောက်တွင်းတစ်တွင်းပြိုကျ ပြီး လုပ်သားခြောက်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။ မြေ အောက် ပေအနက်တစ်ထောင် ကျော်တွင် မြေပြိုကျခြင်းဖြစ်ပြီးေ
  • နိုင်ငံတော်သမ္မတ အိမ်တော်တွင် ကျင်းပမည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဧည့်ခံပွဲသို့ ရဲတပ်ဖွဲ့ဝင် ၂၁ ဦးကို ၎င်းတို့၏ မိသားစုဝင်တစ်ဦးစီနှင့်အတူ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း သတင်းရရှိသည်။
  • စက်ခလုတ်ဖြင့် ဆန္ဒမဲပေးနိုင်သည့်စနစ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လွှတ်တော်များ၌ တပ်ဆင်အသုံးပြုရန် ဆွေးနွေးမှု များ ပြုလုပ်နေကြောင်း နည်းပညာဆိုင်ရာ ၀န်ဆောင်မှုများ ပေးနေသော Ever Glory ကုမ္ပဏီထံမှ သိရသည်။ Ever Glory ကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ စက်ခလုတ်ဖြင့် ဆန္ဒမဲပေးနိုင်သည့် နည်းပညာကို တပ်ဆင်ခဲ့သည့် ကုမ္ပဏီဖြစ်ပြီး လက်ရှိအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်နှင့် ကရင်ပြည်နယ် လွှတ်တော်တို့တွင် တပ်ဆင်အသုံးပြုရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
  • ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့် စတင်မည့်ကာလကို ဇန်န၀ါရီ ၃၀ ရက်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က သတ်မှတ်ထားရာ ယခုလကုန် ကစ၍ မဲဆွယ်စည်းရုံးနိုင်မည်ဖြစ် သည်။
  • အစိုးရသစ်လက်ထက် ရက် ၁၀၀ စီမံချက်အတွင်း စတင်အကောင် အထည်ဖော်ခဲ့သည့် သတင်းအ ချက်အလက်နှင့် စုံစမ်းရေးစင်တာ များကို ပြည်သူများ သဘောကျ လက်ခံ၍ ခုတင် ၁၀၀ ဆံ့ ဆေးရုံများအထိပါ တိုးချဲ့ဖွင့်လှစ်လိုက် ပြီဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး လက်ထောက်ညွှန် ကြားရေးမှူး ဦးထွန်းလင်း (ဆေး လူမှု)က ပြောသည်။
  • Wednesday 2017-01-04
    ကချင်ပြည်နယ်အတွင်းမငြိမ်သက်မှုများ ကြောင့် ဟူးကောင်းနယ်မြေ၌ နိုင်ငံတကာထိန်းသိမ်းရေးအဖွဲ့များနှင့် ဆောင်ရွက်နေသော ကျားထိန်းသိမ်းရေးလုပ်ငန်းများ ရပ်နားထားရသည်မှာ ငါးနှစ်ရှိပြီဖြစ်သည်။ ကျားအပါအ၀င် အခြားဇီဝမျိုးစိတ်များအတွက် ထိရောက်သော ထိန်းသိမ်းရေးလုပ်ငန်းများ ပြန်လည် စတင်ရန် အခြေအနေမှာ ယခုအချိန်ထိ မှုန်ဝါးနေဆဲဖြစ်သည်။ ၂၀၁၁ ဇွန်လကတည်းက ဖြစ်ပွားသည့် တစ်ကျော့ပြန်  စစ် ပွဲများကြောင့် ကချင်ပြည်နယ် အနောက်မြောက်ပိုင်း ဟူးကောင်း ချိုင့်ဝှမ်း ဘေးမဲ့တောအတွင်းပိုင်း နယ်မြေများသို့ ကျားထိန်းသိမ်းရေးလုပ်ငန်းများ ၀င်ရောက် ဆောင်ရွက်ခြင်းကို ၂၀၁၂ ကတည်းက ယခုအချိန်ထိ ရပ်နားထားရသည်။ ထို့ကြောင့် ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေဖြစ် သော ဟူးကောင်းဒေသရှိကျားများ အပါအ၀င် အခြားရှားပါး တောရိုင်းတိရစ္ဆာန်နှင့် ဇီဝမျိုးစိတ်များ၏ အသက်ရှင်ရပ်တည်မှု ခြိမ်း ခြောက်ခံနေရပြီး ထိန်းသိမ်းရေး လုပ်ငန်းများအတွက် အဓိက စိန်ခေါ်မှုတစ်ခု ဖြစ်လာနေသည်။
  • Wednesday 2017-01-04
    မြိတ်ကျွန်းစုဒေသကို မြန်မာနိုင်ငံ၏ ထင်ရှားသော ခရီးစဉ်ဒေသတစ်ခုအဖြစ် ဆောင်ရွက်ရန် ခရီးသွားလုပ်ငန်းရှင်များ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်မည့် ကော်မတီဖွဲ့စည်း ခဲ့ကြောင်း သတင်းရရှိသည်။
  • Wednesday 2017-01-04
    ‘‘၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းပြီးတက်လာတဲ့ ဗိုလ်နေ၀င်းအစိုးရကလည်း ငြိမ်းချမ်းရေးတကယ် လိုချင်တာမဟုတ်ဘဲ ပြည်သူလူထုကို ငြိမ်းချမ်းရေးမျက်လှည့်ပြပွဲလုပ်ဖို့ပဲ ဇောကပ်နေခဲ့တာကြောင့် ငြိမ်းချမ်းရေးနဲ့ ဝေးသထက်ဝေးပြီး သူပုန်တွေကို အပြုတ်တိုက်ရေးထိုးစစ်တွေ များသထက်များအောင်လုပ် ရင်း တိုင်းပြည်မွဲလာတော့ ၁၉၈၈ မှာ ပြည်သူတွေရဲ့ ချဲလင်း (စိန်ခေါ်)သံတွေကြားကနေ နောက်တစ်ဆင့် ဆုတ်သွားခဲ့တယ်။ ကတုတ်ကျင်းထဲက စစ်တပ်ကို ပြန်ထွက်ခိုင်းပြီး တတိယအကြိမ် အာဏာသိမ်းစစ်အစိုးရကို မွေးထုတ်လိုက်တယ်။ န၀တ၊ နအဖစစ်အစိုးရ လက်ထက်မှာလည်း ငြိမ်းချမ်းရေးထက် အပစ်အခတ်ရပ်စဲရေး (Ceasefire) လုပ်ပြီး နိုင်ငံရေးအရ ရေရှည်အာဏာဆုပ်ကိုင်ထားနိုင်ရေးအတွက်ပဲ ဇောင်းပေးထားခဲ့တယ်။ ပြီးတော့ အာဏာကို ကြာကြာထိန်းချုပ်ထားပြီး စစ်တပ်က ရေရှည်မှာ အာဏာဗဟိုချက်နေရာမှာ ရှိနေအောင်လို့ ၂၀၀၈၊ ဖွဲ့စည်းပုံကို ရေးဆွဲခဲ့တယ်။ ခုတော့ စစ်တပ်က နိုင်ငံရေးမှာ လွှမ်းမိုးကြီးစိုး ခွင့်ရယူထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံယန္တရားကြီးက အရှိန်ကောင်းကောင်းနဲ့ လည်ပတ်နေပါပြီ’’
  • Wednesday 2017-01-04
    ၂၀၁၆ တွင် ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည် ၁၀၀,၀၀၀ ကျော် လာရောက်လည်ပတ်ပြီး ယမန်နှစ်ထက် ၃၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန (ငွေ ဆောင်)မှ သတင်းရရှိသည်။
  • Wednesday 2017-01-04
    ပုဂံဒေသတွင် ဘုရားများပေါ် တက်ရောက်ကာ နေဝင်ချိန်ကြည့်ရှုနိုင် မည့် နေရာသစ်များ ဖန်တီးရန် ကွင်းဆင်းလေ့လာမှုများ ပြုလုပ် မည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သတင်းရရှိသည်။
  • Wednesday 2017-01-04
    လူအများစု၏ တွေးခေါ်မှုအရဆိုလျှင် ၂၀၁၆ သည်ဆိုးရွားသော နှစ်တစ်နှစ်ဖြစ်သည်။ နိုင်ငံအများအပြား တွင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ ဆီးရီးယားပဋိပက္ခကြောင့် လူပေါင်းထောင်ပေါင်းများစွာ သေကျေပျက်စီးခဲ့သည်။ တူရကီနိုင်ငံတွင် အသေခံဗုံးခွဲမှု များနှင့် မအောင်မြင်သော အာဏာသိမ်းမှု ဖြစ်ခဲ့သည်။ နိုင်ငံပေါင်း ၇၀ ကျော်တွင် လွတ်လပ်မှုကျဆင်းခြင်းများ ကြုံခဲ့ရသည်။ နိုင်ငံရေးငလျင်များဖြစ်သော အီးယူမှ ဗြိတိန်ခွဲထွက်ခြင်းနှင့် အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရန့် အောင်ပွဲခံခြင်းများ ကြုံခဲ့ရသည်။ ဇီကာဗိုင်းရပ်စ်မှာ နိုင်ငံတကာကျန်းမာရေး အရေးပေါ်အခြေအနေဖြစ်ခဲ့ပြီး ၂၀၁၆ သည် ကမ္ဘာပေါ်တွင် အပူနွေးဆုံးနှစ်လည်း ဖြစ်နိုင်ပါသည်။ သဘောထားထင်မြင်ချက် စာမျက်နှာများကို ဖတ်ကြည့်လျှင် ကမ္ဘာကြီးတစ်ခုလုံးမှာ အဖြစ်အပျက်တစ်ခုချင်းစီအား ကျော်လွန်သော ကပ်ဘေးတစ်ခုရင်ဆိုင်နေရသည်ဟု ထင်မြင်နိုင်သည်။ လူအများကြားတွင်လည်း စိတ်ဝမ်းကွဲမှုများ ပိုများလာသည်ဟု ထင်ရသည်။
  • Wednesday 2017-01-04
    အာရပ်စော်ဘွားများပြည်ထောင် စု(UAE)နိုင်ငံရဲ့ ဖက်ဒရယ်အမျိုးသားကောင်စီဥက္ကဋ္ဌ အမ်မာလ်အယ်လ်ကူဘိုင်ဆီဟာ အာရပ်ကမ္ဘာမှာ သြဇာအကြီးဆုံး အမျိုး သမီးတွေထဲက တစ်ယောက်ဖြစ်ပြီး ဒီဒေသရဲ့ ပထမဆုံး အမျိုး သမီး လွှတ်တော်ခေါင်းဆောင်ဖြစ်ပါတယ်။
  • Wednesday 2017-01-04
    ဟံသာဝတီလေဆိပ်စီမံကိန်း စတင်ရန် ပြင်ဆင်မှုနှင့် ဒေါ်လာ၊ ရွှေ၊ ကား ဈေးကွက်များ ခိုင်မာမှုအားနည်းလာခြင်းကြောင့် အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံမှုအနည်းငယ် ပြန်လည်ပြုလုပ်လာသည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။ ရန်ကုန် အိမ်ခြံမြေဈေးကွက်သည် ၂ နှစ်ကျော်အတွင်း အရောင်းအဝယ် အေးစက်ခဲ့ပြီးနောက် ၂၀၁၆ နှစ်ကုန်တွင် အရောင်းအဝယ်အချို့ ပြန်ရှိလာသည်ဟု အိမ်ခြံမြေအကျိုးဆောင်များက ပြောကြားသည်။
  • Wednesday 2017-01-04
    တစ်ဂျာနီသီယန်သည် အိုင်ဗရီကို့စ် စီးပွားရေးလုပ်ငန်းရှင်တစ် ဦးဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံရှိ နိုင်ငံ စုံဘဏ္ဍာရေးလုပ်ငန်းကုမ္ပဏီအုပ် စု Credit Suisse ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သည်။
  • Wednesday 2017-01-04
    မြန်မာနှင့် ထိုင်း ပူးပေါင်းရိုက်ကူး ထားသည့် ‘တီတီနှင့် ဒိုးနပ်’ရုပ်ရှင် ဇာတ်ကားကို ဇန်နဝါရီ ၆ ရက်ကစ၍ ရုံတင်ပြသမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Wednesday 2017-01-04
    ‘‘လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်ဟာ စည်းမဲ့ကမ်းမဲ့သဘောမျိုးမဟုတ်ဘူး။ စည်းနဲ့ကမ်းနဲ့ သဘောမျိုးသာ ဖြစ်တယ်။ စည်းနဲ့ကမ်းနဲ့ရှိ မှသာလျှင် လွတ်လပ်ရေးဆိုတာ ဖြစ်နိုင်တယ်’’။ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့တဲ့ မိန့်ခွန်းထဲက စကားတချို့ဖြစ်ပါတယ်။ ၁၉၄၇ ဇွန်လ ၁၃ ရက်က ရန်ကုန်မြို့ မြို့တော်ခန်းမမှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကြီးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီမိန့်ခွန်းထဲမှာ လွတ်လပ်ရေးနဲ့ပတ်သက်ပြီး ပြောဆိုထားချက်များစွာပါဝင်ခဲ့ပါတယ်။ လွတ်လပ်ရေးအပေါ်ထားရှိရမယ့် စိတ်နေသဘောထား၊ လွတ်လပ်ရေးကို မြဲမြံအောင်ကျင့်ကြံရမယ့်အခြေအ နေ၊ လွတ်လပ်ရေးရဲ့တန်ဖိုး၊ လွတ်လပ်ရေးရဲ့ အရသာစတဲ့ သတိပေးမှု၊ သွန်သင်မှု၊ ဆော်သြမှုများစွာ ပါဝင်ပါတယ်။
  • Wednesday 2017-01-04
    ပြည်ပတွင် ခေတ္တအခြေချနေထိုင် ဖြစ်သော်လည်း လုံးချင်းဝတ္ထုများ အဆက်မပြတ်ရေးသားလျက်ရှိပြီး စာဖတ်ပရိသတ်များနှင့် အဆက် မပြတ်ထိတွေ့နေသူက စာရေး ဆရာ မလွန်းထားထား (ဆေးတက္ကသိုလ်)ပင်ဖြစ်သည်။ ခင်ပွန်းဖြစ် သူရှိရာ ဗြိတိန်သို့ လိုက်ပါနေထိုင် ပြီး နှစ်စဉ် ဒီဇင်ဘာရောက်တိုင်း မြန်မာနိုင်ငံသို့ ပြန်လာလေ့ရှိသည့် စာရေးသူနှင့် ဒီဇင်ဘာ ၃၁ ရက်က ၎င်း၏ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးမည့် ‘ကြယ်’ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးပွဲတွင် တွေ့ဆုံမေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ လတ်တလော ၎င်း၏ ခင်ပွန်းသည် နှင့်ပတ်သက်၍ မေးမြန်းမှုများကိုမူ ဖြေဆိုခြင်းမရှိဘဲ သီးသန့်သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပရိသတ် ထံ အသိပေးမည်ဟု ၎င်းက ပြော သည်။
  • Wednesday 2017-01-04
    ဥရောပကလပ်အသင်း ဘောလုံး ပြိုင်ပွဲတွေရဲ့ စိတ်ဝင်စားစရာ အ ကောင်းဆုံး အခိုက်အတန့်တစ်ခု တစ်ကျော့ပြန် ရောက်ရှိလာပါပြီ။ နှစ်သစ်ကူးကာလနဲ့အတူဇန်နဝါရီ ဈေးကွက် အပြောင်းအရွှေ့ သတင်းတွေကို ဘောလုံး ပရိသတ် တွေက စိတ်ဝင်တစားစောင့်ကြည့် နေလေ့ရှိပါတယ်။ အခု ဇန်နဝါရီ မှာတော့ ပီအက်စ်ဂျီနဲ့ မန်စီးတီးလို အသင်းတွေက ဂျူလီယန်ဒရိုက် ဆလာနဲ့  ဂါဘရီရယ်လ် ဂျီးဆက်စ် တို့လို လူသိများတဲ့ ကစားသမား ကောင်းတွေကို မြန်မြန်ဆန်ဆန် ခေါ်ယူထားပြီးဖြစ်ပါတယ်။ သာ မန်အားဖြင့် ရာသီဝက်ဈေးကွက် မှာ အသင်းကြီးတော်တော်များများ က ပါဝင်လှုပ်ရှားလေ့မရှိပေမယ့် အခုဇန်နဝါရီဈေးကွက်မှာတော့ အသင်းပြောင်းဖို့ အခြေအနေရှိနေ တဲ့ နာမည်ကြီး ကစားသမား ခုနစ် ယောက်ကို စုစည်းဖော်ပြလိုက် ပါတယ်။
  • Wednesday 2017-01-04
    (တစ်) မြန်မာနိုင်ငံသားတို့ စည်းကမ်းမရှိပုံများနှင့်ပတ်သက်သည့် ကာတွန်းကလေးတစ်ကွက်ကို ယခုထိတိုင် စိတ်ထဲ၌ စွဲနေပါသည်။ ကာတွန်းထဲမှာက မီးပွိုင့်က လေးတစ်ခုပါပါသည်။ နီနေသည့် မီးပွိုင့်ကလေး။ ထို့နောက်မှာက မော်တော်ကားတစ်စီး။ ဘတ်စ်ကား။ ဘတ်စ်ကားက မီးနီကို ဒ ရောသောပါးဖြတ်မောင်းချသွား နေသည့်ပုံ။ ထို့နောက်ကားပေါ်က ဆင်းရန် ဟန်ပြင်နေသည့် ခရီးသည်တစ်ယောက်။ ထိုခရီးသည် မကျေမနပ်နှင့် တိုင်းထွာဆဲဆိုကာ ပြော နေသည့် စကားတစ်ခွန်းကို ကာတွန်းဆရာက ဖော်ပြပေးထားပါသည်။  ‘‘မီးပွိုင့် နီနေတဲ့အချိန်မှာ ကားပေါ်က ခုန်ဆင်းမလို့ လုပ်ထားတာကို မအေပေးကားသမားက ဖြတ်မောင်းသွားရတယ်လို့ကွာ တောက်...’’ဟူ၍။
  • Wednesday 2017-01-04
    ငါးကြိမ်မြောက် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ တွင် ပြည်တွင်း၊ ပြည်ပ ကစား သမား ရှစ်ထောင်ခန့်ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး လေးနှစ်ဆက် ချန်ပီယံ ကင်ညာနိုင်ငံသား ဂျိုးဆက်လည်း ပါဝင်မည် ဖြစ်ကြောင်း  သတင်းရရှိသည်။
  • Wednesday 2017-01-04
    မြန်မာ့လက်ရွေးစင်ယူ-၁၈ ဘောလုံးအသင်းနှင့် မြန်မာလိဂ်ကလပ် ဆောက်သမ်း မြန်မာအသင်းတို့ မော်လမြိုင်မြို့တွင်  ခြေစမ်းပွဲကစားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။
  • Wednesday 2017-01-04
    မြန်မာ့လက်ရွေးစင်အသင်းများ၌ ရွေးချယ်ခံထားရသည့် ဘောလုံး သမားများကို မိခင်ကလပ်အသင်း များက တာဝန်ယူပို့ဆောင်ပေး ခြင်းမရှိပါက ပြစ်ဒဏ်ချမှတ်အ ရေးယူရန် စီစဉ်ထားကြောင်း မြန်မာလိဂ်ပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ သတင်းရရှိသည်။
  • Wednesday 2017-01-04
    နှစ်သစ်တစ်ခု ကူးပြောင်း လာခြင်းနှင့် အတူကုလသမဂ္ဂ အဖွဲ့ကြီးသည်လည်း ခေါင်းဆောင်မှု အသစ်နှင့် ရှေ့ဆက်တော့မည် ဖြစ်သည်။ ဘန်ကီမွန်း၏ ဆယ်စု နှစ်တစ်ခုကြာ ဦးဆောင်မှု အပြီး တွင် အန်တိုနီယို ဂူတာရက်စ်က ကုလသမဂ္ဂ၏ အတွင်းရေးမှူးချုပ် ရာထူးကို ဆက်ခံခဲ့သည်။ ဇန်နဝါရီ ၁ ရက်တွင် ကုလသမဂ္ဂ အကြီး အကဲအနေဖြင့် ပထမဆုံးမိန့်ခွန်း ကို ပြောကြားခဲ့ချိန်၌ ၂၀၁၇ ၌ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆောင် ကြဉ်းရန် ၎င်းကို အားလုံးက ဝိုင်း ဝန်းကူညီ ကြိုးပမ်းပေးကြရေး ဂူ တာရက်စ်က တိုက်တွန်းခဲ့သည်။
  • Wednesday 2017-01-04
    ယခု ၂၀၁၇ ခုနှစ်တွင် ကျရောက်သည့် (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့သည် ပြည်သူရွေးချယ်တင်မြှောက်သော၊ အင်န်အယ်လ်ဒီအစိုးရလက်ထက် ပထမဆုံးကြုံတွေ့ရသော လွတ်လပ်ရေးနေ့ ဖြစ်သည်။ ကျွန်တော့်အသက် (၅၀) ကျော်အတွင်း ဖြတ်သန်းခဲ့ရသည့် လွတ်လပ်ရေးနေ့များသည် တစ်ပါတီအာဏာရှင်အစိုးရ၊ စစ်အာဏာရှင်အစိုးရ၊ စစ်ယူနီဖောင်းမှ အရပ်ဝတ်ပြောင်းသော အစိုးရများလက်ထက်ကြုံတွေ့ခဲ့ရသော လွတ်လပ်ရေးနေ့များဖြစ်သည်။ ထို့ကြောင့် လွတ်လပ်ရေးနေ့ဟု ဆိုသည့်တိုင် ရင်ထဲမှာ ထူးထူးခြားခြား မခံစားမိခဲ့။ ယခုနှစ်တွင်မူ ပြည်သူ့အစိုးရလက်ထက် ပထမ ဆုံးကြုံရမည့် လွတ်လပ်ရေးနေ့ ဟုစိတ်အသိကရှိနေ၍လား မသိ။ လွန်ခဲ့သည့် တစ်လလောက်ကတည်းက ကြိုတင်၍ မျှော်မောနေမိသည်။ စိတ်ရောကိုယ်ပါ တကယ့်လွတ်လပ်ခြင်း၏ အရသာကိုခံစား ချင်နေမိသည်။ ၁၉၄၈ ခုနှစ် ဇန်န၀ါရီ  ၄ ရက်က အိုးစည်၊ ဗုံ၊ မောင်း အကအခုန်များဖြင့် ပျော်ရွှင်ခဲ့ကြသည့် မြန်မာပြည်သူများလို ပျော်ရွှင်ချင်မိသည်။ ထိုမှဆက်၍ နောက်ရက်များအထိ တစိမ့်စိမ့် တွေးရင်းကြည်နူးနေချင်မိသည်။ သို့သော် ၁၉၄၈ မတ်လ ၂၈ ရက်မှစကာ တငွေ့ငွေ့တောက်လောင်နေသော ပြည်တွင်းစစ်မီး၏ စိတ်ညစ်ညူးဖွယ်အရသာ၊ ၁၉၆၂ မတ်လ ၂ ရက်မှစကာ ကြုံခဲ့ရသောလူနှင့်လူချင်းအာဏာနှင့် ဖိနှိပ်ခံရသော နေ့ရက်များကိုကား ပြန်လည်မဆုံတွေ့ချင်တော့ပါပေ။
  • Wednesday 2017-01-04
    အခုအိမ်ရာတွေမှာဆိုရင် တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြင့်ဆိုပြီး ခွဲထားပါတယ်။ အများအထင် တန်ဖိုးဆိုတာကတော့ ငွေရေးကြေးရေးအရ ခွဲခြားထားတယ်လို့ ထင်မှတ်စရာပါ။ တန်ဖိုးဆိုတာက ကျွန်မတို့ ပြည်သူများအတွက် ကိုယ်နေတဲ့အိမ်ရာများ လုံ ခြုံတယ်ဆိုတဲ့ စိတ်ချမှုကို ဆိုလိုတာပါ။ လုံခြုံတယ်ဆိုရာမှာ ပတ်ဝန်းကျင်လုံခြုံရေးအပြင် အဆောက်အအုံလုံခြုံရေးလည်း ပါဝင်ပါတယ်။ ရှိသင့်ရှိထိုက်တဲ့ အဆောက်အအုံလုံခြုံရေးဆိုင်ရာ စံချိန်စံညွှန်းများနဲ့ ကိုက်ညီတာကို ဆိုလိုပါတယ်’’ စာရေးသူသည် အထက်ပါ စကားကို စတင်ကြားလိုက်ရသည် နှင့် အလွန်အံ့ဩပြီး ဆံပင်များထောင်ထလာသလို ခံစားလိုက်ရ၏။ ဤနေရာ၊ ဤအခမ်းအနား၌ ဤမျှလေးနက်သော၊ ဤမျှ အဓိပ္ပာယ်ကျယ်ဝန်းသောစကားကို ကြားရလိမ့်မည်ဟု ကြိုတင်၍ မထင်မှတ်ခဲ့မိသည်မှာ အမှန်ဖြစ်၏။ အဖိုးတန်လှသော စကားများဖြစ်သဖြင့် အာရုံစူးစိုက်မှုအရှိန်ကို ပိုမိုမြှင့်တင်ပြီး စိတ်တည်ငြိမ်စွာဖြင့် နားထောင်နေမိ၏။ ပဲခူးမြစ်ကို ဖြတ်တိုက်လာသော နံနက်ခင်း လေနုအေးများက တညင်းညင်း တသုန်သုန်ရှိနေ၏။

Pages