No.896 Saturday, October 24, 2015

Issue Date: 
Saturday, October 24, 2015
Myanmar Date: 
၁၃၇၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက် (စနေ၊ အောက်တိုဘာ ၂၄၊ ၂၀၁၅)
Publication: 
7Day Daily

List of stories

  • ၁။ ဥက္ကဋ္ဌ - ဦးမြသန်း။ ၂။ ပါတီဝင်အရေအတွက် - သုံးသောင်းခန့်။
  • အင်ဒိုနီးရှားတွင် တောမီးများ လောင်ကျွမ်းမှုကြောင့် လူနေဧရိယာများကို လေထုညစ်ညမ်းမှုများ ဆိုးဆိုးရွားရွား သက်ရောက်ထိခိုက်လာပါက စစ်တပ်အကူအညီဖြင့် ရွှေ့ပြောင်းမှုများ ပြုလုပ်ပေးရန် အင်ဒိုနီးရှားအာဏာပိုင်များက စီစဉ်နေကြောင်း သတင်းရရှိသည်။
  • အီသီယိုးပီးယား လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစ်စီးသည် အင်ဂျင်ပိုင်း ပြဿနာအချို့နှင့် ကြုံရသည့်နောက် အတ္တလန္တိတ်သမုဒ္ဒရာပေါ်တွင် နောက်ကြောင်းပြန်လှည့်ကာ အိုင်ယာလန်နိုင်ငံ၌ ဆင်းသက်ခဲ့ရကြောင်း သတင်းရရှိသည်။
  • မက္ကဆီကိုသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့် ပက်ထရစ်ရှာ ဟာရီကိန်း မုန်တိုင်းကြီးသည် ပြင်းအားအဆင့် လျော့ကျသွားသော်လည်း အကြီးအကျယ် အန္တရာယ် ပေးနိုင်စွမ်း ရှိနေဆဲဟု မိုးလေဝသ ပညာရှင်များက သတိပေး ပြောကြားခဲ့သည်။
  •  ရွေးကောက်ပွဲ ကာလတွင် လုံခြုံရေးတာဝန်ထမ်း ဆောင်ရမည့် အထူးရဲတပ်ဖွဲ့ဝင် များကို တာဝန်ထမ်းဆောင်ချိန် တစ်လပြီးဆုံးသွားပါက တပ်ဖွဲ့ ဝင်များ၏ ဆန္ဒအပေါ်မူတည်၍ အမြဲတမ်းရဲတပ်ဖွဲ့ဝင်များအဖြစ် ဆက်လက်ခန့်အပ်ထားမည်ဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်က ပြော သည်။
  • ဒီရက်ပိုင်းကြုံတွေ့ရ တဲ့ အကြောင်းအရာတွေက အလွဲရယ်နဲ့အချော်ချော်လို့ပြောစမှတ် ပြုရ လောက်အောင်ပဲဖြစ်ပါတယ်။ အဲဒီလို အလွဲအချော်တွေနဲ့ မတော်မတည့်တာတွေ ပြောဆိုလုပ်ကိုင်မှုပြုကြတဲ့အထဲမှာ လာမယ့် ရွေး
  • ဗျို့ အယ်ဒီတာ . . .
  • ကျွန်တော်တို့ မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၀ ကျော်ကြာ  နိုင်ငံ့ခေါင်းဆောင်တွေကို လွတ်လွတ်လပ် လပ် ရွေးချယ်ခွင့်မရခဲ့တဲ့ အခြေ အနေကနေ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ မျိုးဆက်နှစ်ဆက် လောက်မရခဲ့တဲ့ အခွင့်အရေးကြီး ကို ရရှိပါတော့မယ်။ ပြီးခဲ့တဲ့ နိုင်ငံ ရေးသမိုင်းတစ်လျှောက်မှာ ခေါင်းဆောင်ဆိုတာကို ခေါင်းဆောင် ချင်တဲ့သူတွေကကိုယ့်ကိုယ်ကိုယ် ရွေးချယ်ခဲ့ကြတာများပါတယ်။ ယခုတစ်ခါတော့ ခေါင်းဆောင်ကို နောက်လိုက်တွေက ရွေးချယ် တော့မှာမို့ ဘယ်လိုခေါင်းဆောင် မျိုး ရွေးသင့်သလဲဆိုတာ စဉ်းစား ဆုံးဖြတ်ရပါတော့မယ်။
  • တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် လက်မှတ်ရေးထိုးခြင်း ကြိုဆိုထောက်ခံပွဲကို တောင်ကြီး မြို့ရှိ တိုင်းရင်းသားအဖွဲ့အစည်း ခုနစ်ဖွဲ့စုပေါင်း၍ အောက်တိုဘာ ၂၃ ရက်က တောင်ကြီးမြို့ကျောက် တိုင်ကွင်းရှိ မိုးလုံလေလုံခန်းမ တွင် ကျင်းပခဲ့ကြောင်းသတင်းရရှိ သည်။
  •  ဗြိတိန် တေးရေး၊ တေး ဆိုအဒဲလ်သည် ပရိသတ်များ အထူးမျှော်လင့်စောင့်စားနေ သော ၎င်း၏တေးအယ်လ်ဘမ် သစ်ထွက်ရှိမည့် နေ့ရက်၊ ယင်း အယ်လ်ဘမ်၌ပါဝင်သောတေး သီချင်းစာရင်းနှင့် တေးအယ်လ် ဘမ်ကာဗာပုံတို့ကို အောက်တို ဘာ ၂၂ ရက်က Instagram စာ မျက်နှာ၌ ဖော်ပြခဲ့သည်။
  • တောင်ကိုရီးယားသရုပ် ဆောင်မင်းသား ဂျန်ဂွန်ဆော့ သည့် မတူကွဲပြားသောဇာတ်ကား များကို စဉ်းစားသုံးသပ်နေသော် လည်း ၎င်း၏အနုပညာလှုပ်ရှားမှု များပြန်လည်စတင်မည့်နေ့ရက် နှင့် အခြေအနေအသေးစိတ်များ ကို   အတည်မပြုရသေးကြောင်း ဂျန်ဂွန်ဆော့၏အေဂျင်စီက အောက်တိုဘာ ၂၂ ရက်တွင်
  •  နိုင်ငံတကာတွင် ဖြန့်ချိ မည့် အယ်လ်ဘမ်အတွက် အင်္ဂလိပ်သီချင်းလေးပုဒ်ကို ဆွီဒင်၌ အသံသွင်းခဲ့ကြောင်း အားတီ က ပြောသည်။
  •  မြန်မာနိုင်ငံတွင် ဖျော် ဖြေပွဲပြုလုပ်ရန် ရောက်ရှိလာသည့် Redfooက ရေဘေးပြန်လည် ထူ ထောင်ရေးအတွက် ၎င်း၏အနု ပညာကြေးထဲမှ ကျပ်သိန်းငါးဆယ် လှူဒါန်းခဲ့သည်။
  • လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါ်မိကွန်ချမ်းသည် မွန်အမျိုးသားပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ နိုင်သက်လွင်၏ သမီးဖြစ်သည်။ သို့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲတွင် မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
  • ၂၀၁၅ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲနေ့၌    မဲပေးရန် မန္တလေးမြို့ရှိ အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးရုံ၊ မန်းမြန်မာဈေးနှင့် ရတနာပုံဈေးတို့ကို တစ်ရက်ပိတ်ခွင့်ပြုမည်ဖြစ်ကြောင်း မန္တလေးတိုင်း စည်ပင်သာယာရေးကော်မတီဈေးနှင
  • အောက်တိုဘာ ၂၅ ရက်မှာ တစ်ကမ္ဘာလုံးက ဘောလုံးဝါသ နာအိုးတွေရဲ့ အာရုံကို သိမ်းသွင်း ညှို့ယူမယ့် မန်ချက်စတာ ဒါဘီ ပွဲစဉ်ကို ယှဉ်ပြိုင်ကစားမှာ ဖြစ် ပါတယ်။ မန်ချက်စတာစီးတီးအ နေနဲ့ မြို့ခံပြိုင်ဘက် မန်ချက်စ တာ ယူနိုက်တက်ကို အစဉ်အ လာပိုင်းမှာ ဘယ်လိုမှ မယှဉ်နိုင် ပေမယ့် အသင်းပိုင်ရှင် အပြောင်း အလဲနဲ့အတူ နောက်ပိုင်းနှစ်တွေ မှာ အောင်မြင်မှုတွေ ရယူလာ ခဲ့ပြီး မန်ချက်စတာ ဒါဘီကလည်း ပိုပြီး အားပြိုင်မှု ပြင်းထန်လာ တယ်။ လက်ရှိ ရာသီမှာလည်း နှစ် သင်းစလုံး ပုံစံကောင်းတွေ ပြသ နေကြတာကြောင့် အိုးလ်ထရက် ဖို့ဒ်မှာ တွေ့ဆုံမယ့် အားပြိုင်မှု ဟာ အကြိတ်အနယ် ရှိလာမှာ သေချာပါတယ်။ ယူနိုက်တက်ကို ဒေးဗစ်မို ရက်စ် တာဝန်ယူခဲ့ချိန်မှာ အသင်း ရဲ့ အနေအထားဆိုးဆိုးရွားရွား နိမ့်ပါးသွားခဲ့ပေမယ့် လူးဝစ်ဗန် ဂါးလ်လက်ထက် ပြီးခဲ့တဲ့ ဘော လုံးရာသီမှာတော့ တည်ငြိမ်မှု တွေ ပြန်ရရှိလာတယ်။ မနှစ်က တွေ့ဆုံမှု မှတ်တမ်းအရတော့ ယူနိုက်တက်ဟာ အဝေးကွင်းမှာ ၁-၀ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် အိမ် ကွင်းမှာတော့ ၄-၂ ဂိုးနဲ့ အောင်ပွဲ ခံခဲ့ပါတယ်။ လက်ရှိအနေအ ထားမှာတော့ စီးတီးဟာ မနှစ်က ထက် လူအင်အား ပိုတောင့်တင်း လာပြီး ယူနိုက်တက်ကတော့ ပိုပြီး ဟန်ချက်ညီလာတာကို တွေ့ရပါ တယ်။ နှစ်သင်းစလုံး မတူညီတဲ့ ရှုထောင့်ကနေ တိုးတက်မှုတွေ ဖြစ်ပေါ်လာသလို အမှတ်ပေး ဇယားထိပ်ပိုင်းမှာလည်း အပြိုင် ရပ်တည်နေတဲ့အတွက် အောက် တိုဘာ ၂၅ ရက် တွေ့ဆုံမှုဟာ အ ခုနှစ်ပိုင်းတွေအတွင်း အကောင်းဆုံးမန်ချက်စတာဒါဘီပွဲစဉ်တစ်ခုဖြစ်လာမယ်လို့ ယုံကြည်ရပါတယ်။
  •  မန္တလေးတွင် တရုတ် နိုင်ငံမှ တရားမ၀င်အေးခဲကြက် သားများ ပြန်လည်ဝင်ရောက်နေ ကြောင်း မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထင်ကပြော သည်။
  • လီဗာပူးအသင်း၏ မန် နေဂျာအဖြစ် အိမ်ကွင်းပွဲကိုင် တွယ်ရခြင်းကို နှစ်သက်သဘော ကျသည်ဟု ဂျာဂန်ကလော့ပ်က ပြောကြားပြီး ယူရိုပါလိဂ် ရူဘင် ကာဇန်နှင့် တစ်ဂိုးစီသရေကျ သော ပွဲတွင် မိမိအသင်းမှာ နိုင်ပွဲ အတွက် အဆုံးအဖြတ် ၂ ရာခိုင် နှုန်းလိုနေသေးသည်ဟု ၀န်ခံ လိုက်သည်
  • ယနေ့ညကိုလုံးနှင့် ကစားမည့် အိမ်ကွင်းပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်မှ အာဂျန်ရော်ဘင်ပါဝင်လာဖွယ်ရှိသည်။
  • ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေကို ရေးဆွဲခဲ့သူများသည် ကိုယ့်ကျိုးစွန့်ခဲ့သူများဖြစ်ပြီး မိမိ တို့လက်ထဲတွင် ကိုင်စွဲထားသည့် အာဏာကိုစွန့်လွှတ်ရန် ရေးဆွဲခဲ့ ကြခြင်းဖြစ်သည်ဟု ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ လက်ရှိအမျိုး သားလွှ
  • ဟံသာဝတီဂေါက်ကွင်း နှင့် ဆက်စပ်ဧရိယာများကို ငါး နှစ်သက်တမ်းဖြင့် ငှားရမ်းရန် လေလံတင်ခဲ့ရာ လုပ်ငန်းရှင်တစ်ဦးက တစ်နှစ်လျှင်  ကျပ်သိန်းတစ်သောင်းကျော်ဖြင့် လေလံအောင်သွားကြောင်း သတင်းရရှိသည်။ ‘‘၂၀၁၆ ဇန်န၀ါရီမှာ စာချုပ်စချုပ်ပါမယ်။ တစ်နှစ်ငှားရမ်းခ သိန်း တစ်သောင်းတစ်ရာနဲ့ တစ်နှစ်ချင်းစီစာချုပ်ချုပ်ဆိုသွားမှာပါ။ငါးနှစ်တိတိပါ’’ဟု ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။ လေလံအောင်သွားသည့် အဆိုပါလူပုဂ္ဂိုလ်၏ အမည်ကိုမူ ထုတ်ဖော်ပြောဆိုသွားခြင်းမရှိ ပေ။ အဆိုပါလေလံပွဲတွင် လုပ်ငန်းရှင် ၁၆ ဦးထက်မနည်း လေလံဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဂေါက်သီးရိုက်ဝါသနာရှင် လူတစ်ဦးကအမြင့်ဆုံးဈေးပေးကာ ရရှိသွားခြင်း ဖြစ်သည်ဟုဆိုသည်။    တစ်နှစ်လျှင် ကျပ်သိန်းတစ်သောင်းနှုန်းဖြင့် ငါးနှစ်စာချုပ်ချုပ်ဆိုမည်ဖြစ်ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ က ကျပ်သိန်းပေါင်း ငါးသောင်းငါးထောင်ရရှိမည် ဖြစ်သည်။
  •  ပြည်ပရောက် မဲ ဆန္ဒရှင်များ ကြိုတင်မဲပေးရာတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည် မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၌ အဓိကတာဝန်ရှိ ကြောင်း ဥက္ကဋ္ဌ ဦးတင်အေးက ၀န်ခံပြောကြားသည်။ ‘‘နိုင်ငံပြင်ပရောက် မဲဆန္ဒ ရှင်များ အဆင်ပြေစွာ ကြိုတင်မဲ ဆန္ဒပေးနိုင်ရေး ကြိုတင်ပြင်ဆင် ကြိုးစားဆောင်ရွက်ခဲ့သော်လည်း အတွေ့အကြုံနှင့် အချိန်ကန့် သတ်ချက်များကြောင့် ချို့ယွင်းရ ခြင်း ဖြစ်ပါတယ်’’ဟု ဦးတင်အေး က ပြည်ပရောက် မြန်မာများမဲ ပေးရာတွင် အခက်အခဲဖြစ်ပေါ် ခဲ့ခြင်း၏ အကြောင်းရင်းကို ပြော သည်။ အောက်တိုဘာ ၂၃ ရက်က နေပြည်တော်ရှိ Kanpanski ဟို တယ်တွင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲစောင့်ကြည့်လေ့ လာမည့် နိုင်ငံအသီးသီးမှ စောင့် ကြည့်လေ့လာရေး အဖွဲ့အစည်း များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ ခြင်း ဖြစ်သည်။
  • Saturday 2015-10-24
  • လှိုင်တက္ကသိုလ်နယ်မြေ ရှိ ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်း ကျောင်း (TTC) တွင် အောက်တို ဘာလပတ်စာမေးပွဲဒုတိယနေ့၌ ပဉ္စမတန်းအတွက် ပထ၀ီဝင် ဘာ သာရပ်မေးခွန်းတွင် မသင်ကြားရ သေးသည့် သင်ခန်းစာများ ပါဝင် သောကြောင့် မေးခွန်းကို ပြန်လည်ပြင်ဆင်ပေးခဲ့ရကြောင်း သတင်း ရရှိသည်။ အောက်တိုဘာလပတ်စာ မေးပွဲ ဒုတိယနေ့ အောက်တိုဘာ ၂၂ ရက်တွင် ပဉ္စမတန်းအတွက် ပထ၀ီဝင်ဘာသာရပ်ကို မေးမြန်းရာတွင် မသင်ကြားရသေးသည့် သင်ခန်းစာများ ပါဝင်နေခြင်းကြောင့် ပထ၀ီဝင်ဘာသာရပ်မေးခွန်းစာရွက်ကို လက်ရေးမူဖြင့် ရေးသား၍ မိတ္တူဖြင့် ပြန်လည်ဝေမျှပြီး ပြင်ဆင်မေးမြန်းခဲ့ကြောင်း အဆိုပါကျောင်းမှ ကျောင်းသားမိဘများထံမှ သိရသည်။ ‘‘အရင်တုန်းက သင်္ချာနဲ့ သိပ္ပံတွဲပြီး ဖြေနေရတာကို အခု နှစ်လရှိပြီ။ သိပ္ပံတွေ အကျများ တယ်ဆိုပြီးတော့ သင်္ချာနဲ့  ပထ၀ီ ၀င်ကို တွဲဖြေရတယ်။ ဒုတိယနေ့ ပထ၀ီဝင်မေးခွန်းကို ဝေတော့ မသင်ရသေးတဲ့ စာတွေပါနေလို့ ပြန်သိမ်းပြီး နောက်မှလက်ရေးနဲ့ ရေးထားတဲ့ မေးခွန်းကို ဝေပြီး ဖြေရတယ်။ ၁၁ နာရီ ၁၅ မိနစ်မှာ ပုံ မှန်ကျောင်းလွှတ်တာကို ၁၂ နာရီ လောက်မှ ပြန်လွှတ်ပေးတယ်’’ဟု အဆိုပါကျောင်းမှ ပဉ္စမတန်း ကျောင်းသားမိဘတစ်ဦးကပြော သည်။ မေးခွန်းပြန်လည်ပြင်ဆင် ပေးရမှုကြောင့် စာမေးပွဲဖြေဆို ချိန် တူညီသည့် တတိယတန်းနှင့် ပဉ္စမတန်းကျောင်းသူ၊ ကျောင်း သားများသည် စာမေးပွဲဖြေဆို ချိန်နောက်ကျခဲ့ပြီး နေ့လယ် ၁၂ နာရီခန့်မှ ဖြေဆိုပြီးစီးခဲ့ကြောင်း အဆိုပါကျောင်းမှ ကျောင်းသား မိဘအချို့က ပြောကြားသည်။
  • ၂၀၁၄ သန်းခေါင် စာရင်းတွင် ထုတ်ပြန်ရန် ကျန်ရှိ နေသည့် လူမျိုးစု၊ ဘာသာနှင့် အလုပ်အကိုင်အချက်အလက် များကို ရွေးကောက်ပွဲ နောက်ပိုင်း ယခုနှစ်ကုန်ပိုင်းတွင် ထုတ်ပြန် နိုင်မည်ဖြစ်ကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာညီညီက ပြောသည်။
  • နေပြည်တော်ဝန်ကြီးဌာနအချို့မှ ၀န်ထမ်းများကို ပြည်ခိုင်ဖြိုးပါတီအား မဲပေး ရန် စာသားပါရှိသည့် အိတ်ဆောင်ပြက္ခဒိန်များကို အမည်မသိလူအချို့က လိုက်လံ ဖြန့်ဝေမှုများရှိနေကြောင်း သတင်းရရှိသည်။
  • ဘောလုံးအားကစား၏ အကြီးကျယ်ဆုံး ဘောလုံးသမားတစ်ဦး နှင့် သြဇာအကြီးဆုံး နည်းပြတစ်ဦးဖြစ်သော ဂျိုဟန်ခရိုယက်ဖ်မှာ အဆုတ်ကင်ဆာရှိနေကြောင်း တွေ့ရှိခဲ့သည်ဟု ၎င်း၏ တရားဝင် ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
  • မန်စီးတီး၏ အီတီဟတ်ကွင်းသို့ လာရောက်သော  တရုတ် သမ္မတ စီကျင်းပင် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့နှင့် ဆယ်လ်ဖီဓာတ်ပုံရိုက်ပြီး အဂူရိုက ဗြိတိန်-တရုတ်ဆက်ဆံရေးတွင် တတ်နိုင်သလောက် ပါဝင်ကူညီလိုက်သည်။
  • လာမည့်လတွင် ဘာ နေဗျူးကွင်း၌ ကစားမည့် ရီးရဲလ် နှင့် ဘာကာတို့၏ ကလက်စီကို ပွဲစဉ်တွင် ရီးရဲလ်ကို မျက်နှာသာ ပေးရန် လက်ထောက်ဒိုင်တစ်ဦး ပြောကြားခံရသည်ဟူသော စွပ်စွဲ ချက်အကြောင်း သိရှိသမျှကို ပြောကြားရန် စပိန်နိုင်ငံ၏ ထိပ် တန်းအားကစား အရာရှိက စပိန် ဘောလုံးအဖွဲ့ချုပ်အား တောင်း ဆိုလိုက်သည်။
  • ကြာသပတေးညက ယူရိုပါ လိဂ်ပွဲစဉ်တွင် နည်းပြဂျာဂင်က လော့ပ်၏ လီဗာပူးမှာ ရူဘင်ကာဇန်ကို တစ်ဂိုးစီသရေကျခဲ့ပြီး ဆဲလ်တစ်နှင့် စပါးတို့မှာ အရှုံးများနှင့် ရင်ဆိုင်ခဲ့ရသည်။

Pages