Interview

  • Mon 22 May 2017 - 00:34
    အရွယ်မရောက်သေးသူ ကလေးငယ်များအပါ အ၀င် စိတ်ကျန်းမာရေးမကောင်းသူ ဝေဒနာရှင် အမျိုးသမီးများ၊ အရွယ်ရောက်အမျိုးသမီး များ အဓမ္မပြုကျင့်ခံရခြင်း၊  အခွင့်အရေးယူစော်ကား ခံရခြင်းစသည့် အကြောင်းအမျိုးမျိုးကြောင့်မလိုလားအပ်သော ကိုယ်ဝန်ဆောင်ရခြင်းမျိုး ကြုံတွေ့လာပါက တာဝန်ယူမွေးဖွားရန် သင့်၊ မသင့်နှင့် မျိုးဆက်ပွား
  • Wed 17 May 2017 - 11:34
    အဓိပတိမာကယ်ရဲ့ ခရစ် ယာန်ဒီမိုကရက်ပါတီဝင် တစ် ယောက်ဖြစ်တဲ့ ဂျာမန်ဘဏ္ဍာရေး ဝန်ကြီး ဝုဖ်ဂန်းရှော်ဘယ်က ပြင် သစ်ရွေးကောက်ခံသမ္မတ အီမယ် နျူရယ်မက်ကရွန်အဆိုပြုထားတဲ့ ပြုပြင်ပြောင်းလဲမှုဟာ လောလောဆယ် လက်တွေ့မကျသေးဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ဥရောပ မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုများလာ တာ မြင်ချင်တယ်လို့လည်း သူက ဆိုပါတယ်။
  • Wed 17 May 2017 - 11:22
    အမေရိကန်ပြည်ထောင်စုတွင် ဂီတပညာသင်ယူရင်း နေထိုင်လျက်ရှိသည့် အဆိုတော်မဒီက ယခုနှစ်သင်္ကြန်ကာလမတိုင်မီ မြန်မာနိုင်ငံသို့လာရောက်ခဲ့သည်။ သူ့သီချင်းသံများ လွှမ်းမိုးဆဲ ပြည်တွင်းဂီတလောကတွင် မဒီ၏ တစ်ကျော့ပြန်ဂီတလှုပ်ရှားမှုများ၊ မဒီ့လက်ရာကိုမျှော်နေသူများအတွက် သတင်းကောင်းတစ်ခုပင်။ မဒီ ၏ ဂီတအပေါ် မျှော်လင့်ချက်၊ ခံယူချက်၊ ရှေ့ဆက်ဖန်တီးမည့် အနုပညာများ၊ ပြည်တွင်း ဂီတလောကအတွက် အကြံပေးချက်တို့ကို အမေရိကန်ပြည်ထောင်စုတွင်နေထိုင်သည့် မဒီကို အီးမေးလ်မှတစ်ဆင့် ဆက်သွယ် မေးမြန်းချက်များအား ဖော်ပြလိုက်ပါသည်။
  • Wed 10 May 2017 - 13:02
    အဆိုတော်လင်းလင်းနဲ့ အဆိုတော်သရုပ်ဆောင် ချစ်သုဝေရဲ့ အမြွှာသမီးနှစ်ဦးဟာ ပြီးခဲ့တဲ့ သင်္ကြန်ကာလအပြီးမှာပဲ သုံးလ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ လတ်တလောမှာ လူမှုကွန်ရက်စာ မျက်နှာတွေမှာလည်း သူတင် လိုက်သမျှ သမီးနှစ်ဦးနဲ့ ချစ်သုဝေ ရဲ့  ပုံတိုင်းဟာ အားပေးချစ်ခင် မှုကို ရရှိထားတာပါ။ မိခင်ဘ၀ကို ကြုံတွေ့ရချိန်မှာ တစ်ပြိုင်နက် တည်း အမြွှာသမီးနှစ်ဦးကို ပိုင် ဆိုင်လိုက်ရတဲ့ ချစ်သုဝေအနေနဲ့ ပြောင်းလဲသွားတဲ့ ဘ၀အချိန် ဇယားတွေ၊ ဖြတ်သန်းမှုတွေနဲ့ နေ့ စဉ်မိခင်ဘ၀လှုပ်ရှားမှုတွေနဲ့ ပတ် သက်လို့ 7Day News ဂျာနယ်က သီးသန့်တွေ့ဆုံမေးမြန်းခွင့်ရခဲ့ တာတွေကို ကောက်နုတ်ဖော်ပြ လိုက်ပါတယ်။
  • Mon 08 May 2017 - 22:07
    သံတွဲအုပ်ချုပ်သူတို့က စိုက်ပျိုးရေးကို ဦးစားပေးမှုနည်းလာပြီး လယ်မြေကို လုပ်ငန်းရှင်ကြီးများလက်တွင်းထည့်ခဲ့ကြတဲ့အတွက် နိုင်ငံရဲ့ လူများစုအခက်ကြုံနေ ရတယ်လို့ ရခိုင်ပြည်နယ်လွှတ် တော်မှ ကိုယ်စားလှယ်တစ်ဦးက ပြောလိုက်ပါတယ်။ သံတွဲမြို့နယ် မဲဆန္ဒနယ် (၂)မှ ဦးနိုင်ကြွေအေးကို ငါးဖမ်းလုပ် ငန်းဖြစ်ထွန်းတဲ့ ဂျိတ္တောရပ်ကွက် က သူ့ရဲ့နေအိမ်မှာသွားရောက် တွေ့ဆုံပြီး ဒေသတွင်း အခြေအ နေများအကြောင်း မေးမြန်းထား ပါတယ်။
  • Sun 07 May 2017 - 23:42
    ယခုရက်ပိုင်းအတွင်း သမ္မတဦးထင်ကျော်ကျန်းမာရေးမကောင်း၍ နုတ်ထွက်စာတင်ထားခြင်း၊ ၎င်း၏နေရာတွင် သူရဦးရွှေမန်းအားခန့်အပ် မည်ဆိုခြင်း၊ ပြည်တွင်းဘဏ်များပြိုလဲတော့မည်ဆိုခြင်းစသည့် ကောလာဟလသတင်းများ ထွက်ပေါ်လာသဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံရုံး က ယင်းကောလာဟလများ မဟုတ်မှန်ကြောင်းနှင့် ကောလာဟလဖန်တီးသူများကို အရေးယူ
  • Wed 03 May 2017 - 11:51
    မြန်မာနိုင်ငံတွင်စီးပွားရေးရင်းနှီး မြှုပ်နှံလိုသူများ ရှိသော်လည်း အဓိကလိုအပ်ချက်ဖြစ်သည့်လျှပ်စစ်ဓာတ်အားပြဿနာကို ဖြေရှင်းနိုင် ခြင်းမရှိသဖြင့် အခွင့်ရေးကောင်း များ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ သမ္မတဟောင်းဦးသိန်းစိန်လက် ထက်တွင် နိုင်ငံအတွင်းလျှပ်စစ် ပြဿနာအဖြေရှာရေးအတွက် နိုင်ငံတကာ၏ထောက်ပံ့ကူညီမှု များရယူခဲ့၍ ချေးငွေများထုတ်ချေးကာ ရင်းနှီးမြှုပ်နှံမှုများဖိတ် ခေါ်ခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင်လျှပ် စစ်ဓာတ်အားသည် အဓိကဖြစ် လာ၍ လျှပ်စစ်ဓာတ်အား ထုတ် လုပ်ရေးစီမံကိန်းသည် ကျောက်မီး သွေးစီမံကိန်းများဖြစ်လာခြင်းနှင့် နွေရာသီလျှပ်စစ်ဓာတ်အားပြတ် တောက်လာခြင်းတို့ကြောင့် လျှပ် စစ်ဓာတ်အားပြဿနာသည်လူ စိတ်ဝင်စားမှု အများဆုံးဖြစ်လာခဲ့ သည်။ မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ် အားပြဿနာဖြေရှင်းရေးအတွက် မြန်မာနိုင်ငံတွင်ရှိနေသော ပြန် ပြည့်မြဲစွမ်းအင်အရင်းအမြစ်များ နှင့် ပတ်သက်၍ လေ့လာသုတေသ နပြုလုပ်နေသူကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအ ဖွဲ့ (WWF) မှစွမ်းအင်မန်နေဂျာ ကိုရွှန်းစိုဦးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
  • Wed 03 May 2017 - 11:26
    မေလ ၁၉ ရက်မှာ အီရန် နိုင်ငံသားတွေဟာ သူတို့ရဲ့ သမ္မတသစ်ကို ရွေးကောက်တင်မြှောက် ကြမှာဖြစ်ပါတယ်။ သမ္မတ ဟောင်း မာမွတ်အာမက်ဒီနီဂျက် က သူ့ရဲ့ တတိယသက်တမ်းဖြစ် လာမယ့် ရာထူးအတွက် သူဝင် ပြိုင်မယ်လို့ ကြေညာထားပါ တယ်။
  • Mon 01 May 2017 - 00:08
    အစိုးရအကူးအပြောင်းကာလအတွင်း မကွေးတိုင်းတွင် ကုန်းလက် ယက်တွင်းလုပ်ငန်းများမှ ကောက်ခံခဲ့သည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများထဲမှ ကျပ်ခုနစ်ဘီလီယံကျော် ပျောက်ဆုံးမှုအနက် ၀န်ကြီးချုပ်ဟောင်းဦးဘုန်းမော်ရွှေက ကျပ်သန်းသုံးထောင်ကျော်ကို  မကွေးတိုင်းအစိုးရသို့ ပြန်ပေးမည်ဟု အကြောင်းပြန်ခဲ့သည်။
  • Wed 26 Apr 2017 - 12:24
    အစိုးရအကျင့်ပျက်ခြစားမှု ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ပြီး နောက်မှာ ရုရှားနိုင်ငံရဲ့ အထင် ရှားဆုံးအတိုက်အခံခေါင်းဆောင် အလက်စီနာဗယ်လ်နီဟာ ထောင် က လွတ်လာခဲ့ပါတယ်။ တွေ့ဆုံ မေးမြန်းမှု ပြုလုပ်ခဲ့ရာမှာ သူက ရုရှားနိုင်ငံအတွက် ပူတင်ရဲ့ အနာဂတ်အစီအစဉ်တွေ၊ တက်ကြွ လှုပ်ရှားသူတွေရဲ့ မျိုးဆက်သစ် တွေအကြောင်းနဲ့ အရင်က ဆန္ဒပြ ပွဲတွေ ဘာကြောင့်မအောင်မြင် ဖြစ်ခဲ့ရတယ်ဆိုတာတွေနဲ့ ပတ်သက်လို့ ပြောဆိုထားပါတယ်။
  • Wed 26 Apr 2017 - 12:12
    ဧပြီလဆန်းတွင် HIVပိုး ကူးစက်ခံကလေးငယ်များထံသွား ရောက်လှူဒါန်းသည့် သရုပ် ဆောင်မေပန်းချီ၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့ပြီး ဝေဒနာရှင်  ကလေးငယ်များနှင့် ရင်းရင်းနှီးနှီး   တွေ့ဆုံနေသည့် ဓာတ်ပုံများကြောင့် ပရိသတ်များ က ၎င်း၏လုပ်ရပ်အပေါ် ချီးကျူး ခဲ့သည်။ ဗီလိန်ဇာတ်ရုပ်များတွင် သရုပ်ဆောင်မှုကြောင့် တစ်စစ ပရိသတ်သတိထားမှုရရှိလာခဲ့ပြီး ပိန်မှလှသည်ဟု ယူဆသော လက်ရှိ ခေတ်ရေစီးကြောင်း၌ ပြည့်တင်းသည့် ခန္ဓာကိုယ်ကြောင့် လည်း သရုပ်ဆောင် မင်းသမီးများ အကြား ထင်ပေါ်လာသူတစ်ဦးဖြစ် သည်။ ထို့ကြောင့် သရုပ်ဆောင် မေပန်းချီကို   အနုပညာလှုပ် ရှားမှုများအကြောင်း အပါအဝင် ပရဟိတနှင့် ပတ်သက်၍ ၎င်း၏ ခံ ယူချက်များအကြောင်း တွေ့ဆုံ မေးမြန်းခဲ့ပါသည်။  
  • Tue 25 Apr 2017 - 16:41
    ရာသီဥတုပြောင်းလဲမှုနှင့် ဖောက်ပြန်နေမှုကြောင့် နောက်ဆက်တွဲသဘာဝဘေးများကို ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း သိသိသာသာ ခံစားလာနေရသည်။ မြန်မာနိုင်ငံသည် သဘာဝဘေးနှိပ်စက်မှုကြောင့် ဒေသတွင်း အာရှနိုင်ငံများထက် မလျော့သော ထိခိုက်ဆုံးရှုံးမှုများရင် ဆိုင်လာရသည်။ ယခုလို မိုးဦးကာလနှင့်မိုးတွင်းကာလ၌ ဖြစ်တတ်သော မုန်တိုင်းများနှင့် နေရာကွက်မိုးကြီးခြင်း၊ လေပြင်းကျခြင်းဖြစ်စဉ်များ ကြောင့် ၂၀၁၆အတွင်း လူဦးရေ ရာချီသေဆုံးခဲ့သလို ယခုကာလတွင် လည်း လူဆယ်ဦးထက်မနည်း သေဆုံးကာ အိမ်ခြေတစ်ထောင် ကျော် ပျက်စီးခဲ့ပြီးဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးဦးစီးဌာန စာရင်းများအရ သိရသည်။ ရာသီဥတုပြောင်းလဲမှုနှင့် ဖောက်ပြန်မှုက ခြိမ်းခြောက်နေ သော်လည်း အစိုးရ၏ မိုးလေဝသသတင်းထုတ်ပြန်ချက်များသည် လိုအပ် ချက်များရှိနေကြောင်း လူထုက ဝေဖန်မှုများရှိနေသည်။ လက်ရှိအချိန်တွင် ရာသီဥတုသတင်းများအား ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ၊ ဖုန်း မက်ဆေ့ခ်ျ၊ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စသည်တို့မှတစ်ဆင့် ထုတ်ပြန်ပေး နေသော မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က အစိုးရဌာနဖြစ်သည့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထက် ပို၍ တိကျသော မိုးလေဝသ ခန့်မှန်းချက်များ ထုတ်ပြန်ပေးနေနိုင်သည်။ ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် ဖုန်းအသုံးပြုမှုများသော ယနေ့ခေတ်တွင် ဒေါက်တာ ထွန်း လွင်၏တိကျထိရောက်သော ခန့်မှန်းချက်များကြောင့် လူထုအနေဖြင့် သဘာဝဘေးအန္တရာယ်ကြို တင်ကာကွယ်ရေးအပိုင်း ပိုမို ဆောင်ရွက်လာ နိုင်သည်ကို အထင်အရှားတွေ့နေရသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှု ဦးစီးဌာနမှ လွန်ခဲ့သော ရှစ်နှစ်ခန့်က အငြိမ်းစားယူခဲ့ပြီး ယခုအခါ ပညာရှင်အနေဖြင့် လူထု၏ယုံကြည်အားကိုးမှုရထားသည့် ဒေါက်တာ ထွန်းလွင်ကို 7Day News ဂျာနယ်က တွေ့ဆုံကာ ပညာရပ်ဆိုင်ရာမိုးလေဝသခန့်မှန်းချက်များနှင့်အနာဂတ်ကာလတွင် ဖြစ်နိုင်သော ရာသီ ဥတု အခြေအနေများကို မေးမြန်းထားပါသည်။ 
  • Sun 23 Apr 2017 - 22:51
    ယခုနှစ်တွင် ပထမဆုံးမုန်တိုင်းအဖြစ် သင်္ကြန်ကာလအတွင်း မာရသာမုန်တိုင်း မြန်မာနိုင်ငံသို့ ၀င်ရောက်တိုက်ခတ်ခဲ့ပြီး မုန်တိုင်း၏ သက်ရောက်မှုကို တစ်နိုင်ငံလုံးနီးပါး ခံစားခဲ့ကြရသည်။ မိုးများရွာသွန်းခဲ့ခြင်းကြောင့် သင်္ကြန်ပွဲဆင်နွှဲသူများလည်း အခက်တွေ့ခဲ့ကြရပြီး ရာသီဥတု နှင့် သဘာဝဘေးဒဏ်ကို ရှောင်မလွှဲသာ ခံစားခဲ
  • Tue 11 Apr 2017 - 13:32
    ပြဿနာဖြစ်နေတဲ့ နေရာသစ်တွေဆီကို ရက် ၆၀ အတွင်း မှာ ချထားနိုင်တဲ့ ကုလသမဂ္ဂငြိမ်း ချမ်းမှု ထိန်းသိမ်းရေးရှေ့တန်း တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂ နှစ်လောက် ကဆိုရင် အခုလိုအခြေအနေမျိုး ဖြစ်လာမယ်လို့ မျှော်လင့်ဖို့ မဖြစ် နိုင်ခဲ့ပါဘူး။ ကုလသမဂ္ဂသတင်းဌာနနဲ့ နောက်ဆုံးပြုလုပ်တဲ့ တွေ့ဆုံမေး မြန်းမှုမှာ ရာထူးက ထွက်တော့ မယ့် ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်း သိမ်းရေးတပ်ဖွဲ့အကြီးအကဲ ဟာဗေးလက်ဆောက DPKO ဌာန ဟာ သိပ်မကြာခင်နှစ်တွေကထက် ပိုပြီး ထိရောက်မှုရှိလာပြီးတော့ ကမ္ဘာတစ်ဝန်းဆောင်ရွက်နေတဲ့ အသက်ကယ်ဝန်ဆောင်မှုတွေရဲ့ အရည်အသွေးလျော့ကျမသွားဘူး လို့ဆိုပါတယ်။
  • Tue 11 Apr 2017 - 12:10
    ‘ခဏနေရင် ပြန်လာခဲ့ပါမယ်’၊ ‘မီးလေးခဏလောက်မှိတ်ပေးပါဦး’ စသည့်စကားလုံးများဖြင့်  မြန်မာအိုင်ဒေါ၏အစီအစဉ်တင်ဆက်သူ ကျော်ထက်အောင်ကို ပြီးခဲ့သည့်နှစ် မြန်မာအိုင်ဒေါ Season 1 ကတည်းကပင် ပရိသတ်များ သတိပြုမိခဲ့သည်။ လက်ရှိတွင် ကျော်ထက်အောင်က ကျော်ထက်ဟူသည့်အမည်ဖြင့်  ဇာတ်ကားများလည်း ရိုက်ကူးနေပြီဖြစ်သောကြောင့် အိုင်ဒေါနှင့်ပတ်သတ်သည့်အကြောင်းအရာများအပါအဝင် ၎င်း၏အနုပညာလှုပ်ရှားမှုများအကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။
  • Tue 11 Apr 2017 - 10:57
    မြန်မာတို့၏ နောက်ဆုံးမင်းနေပြည် ဖြစ်ခဲ့သည့် မန္တလေးမြို့တွင် နှစ်ကူးသင်္ကြန်ပွဲကို ခေတ်အဆက်ဆက် စည်ကားစွာကျင်းပခဲ့သည်။ ခေတ်ပြောင်း၊ စနစ်ပြောင်းအရ မန္တလေးသင်္ကြန်ပွဲတော်ကျင်းပပုံနှင့် အနှစ်သာရများလည်း အပြောင်းအလဲများရှိခဲ့သည်။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်သည် ၂၀၁၇ မြန်မာ့ရိုးရာနှစ်ကူးအတာသင်္ကြန်ပွဲကို အပြောင်းအလဲများပြုလုပ်ကျင်းပရန် ကြိုးစားခဲ့သည်။ အစိုးရသစ်လက်ထက် မန္တလေးသင်္ကြန်ပွဲတော်ကျင်းပပုံအပြောင်းအလဲပြုလုပ်မည့် အစီအစဉ်များနှင့် ပတ်သက်၍ သင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီတွင် ပါဝင်သည့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် (ခ) ဦး ကျော်ရင်မြင့်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
  • Sun 09 Apr 2017 - 21:59
    သင်္ကြန်တွင်း နယ်ဝေးခရီးသွား မည့်သူများ၊ နေရပ်ပြန်မည့်သူများ အခက်အခဲမရှိစေရန် တာဝန်ရှိသူများက လက်မှတ်ခနှုန်းထားများကို ပုံမှန်ဈေးအတိုင်းသာ ရောင်းချရန်နှင့် မှောင်ခိုရောင်းချခြင်းမရှိရန် စီစဉ်ဆောင်ရွက်ထားကြောင်း ပြောကြားသော်လည်း သင်္ကြန်တွင်း နေရပ်ပြန်သူများ နှစ်သစ်ကူးပိတ်ရက်များ နီးကပ်လာလေ၊ လက်မှတ်ရရ
  • Fri 07 Apr 2017 - 21:57
    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် BBC သတင်းဌာနမှ သတင်းထောက်Fergal Keane တို့ တွေ့ဆုံမေးမြန်းမှု (အင်္ဂလိပ်ဘာသာ) ကို မြန်မာဘာသာဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်ဆိုချက်ကို စာဖတ်ပရိသတ်များ ဖတ်ရှုနိုင်ရန် ဖော်ပြလိုက်ပါသည်။
  • Wed 05 Apr 2017 - 12:42
    ၂၀၁၀ တွင် ပြဋ္ဌာန်းထားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး  ဥပဒေအရ မည်သည့်စီမံကိန်းမဆို မစတင်ခင်ကတည်းက သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှုပတ်ဝန်းကျင်ထိခိုက်မှုများပြု လုပ်ရပြီး အဆိုပါစစ်တမ်းများအား စိစစ်ကာ စီမံကိန်းများခွင့်ပြုပေး ခြင်းဖြစ်သည်။ လူထုအကြား သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းစစ်တမ်းများ ပြုလုပ်ရမည်၊ တောင်းဆိုရမည်ဆိုသည့် အသိပျံ့နှံ့နေသော်လည်း စီမံကိန်းများကို ထိန်း ကျောင်းမည့် သဘာဝပတ်ဝန်း ကျင်စီမံခန့်ခွဲအစီအစဉ်များအား လူထုအကြား ကျယ်ပြန့်မှုမရှိသေးသဖြင့် Environment Manage-ment Plan(EMP) နှင့်ပတ်သက် ပြီး သဘာဝပတ်ဝန်းကျင်အကြံပေးလုပ်ကိုင်နေသူ ကိုဘိုဘိုဟန် နှင့်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
  • Wed 05 Apr 2017 - 12:42
    ပိုလန်နိုင်ငံဟာ ယဉ်ကျေးမှု တွေနဲ့ လူမျိုးရေးတွေ ရောနှောမှု အတွင်းမှာ ပျက်စီးသွားနိုင်တဲ့ အန္တရာယ်ရှိပြီး စက်ဘီးစီးသူတွေနဲ့ သက်သတ်လွတ်စားသူတွေရှိတဲ့ ကမ္ဘာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်ဆို တဲ့ ပြောဆိုမှုတွေကြောင့် ပိုလန် နိုင်ငံခြားရေးဝန်ကြီး ၀ီတိုးဒ်ဝါဇက် ကော့စကီး (၅၉)နှစ်ဟာ နာမည် ဆိုးနဲ့ ကျော်ကြားဖို့ ဖြစ်လာခဲ့ပါ တယ်။ ပြီးတော့ ၀ါဆောမှာရှိတဲ့ ကွန်ဆာဗေးတစ်အစိုးရအဖွဲ့မှာ သူတာဝန်ထမ်းဆောင် ခဲ့တဲ့ နှစ်အတွင်း သူဟာ သံတမန်ရေးလုံးဝ မရှိတော့ဘူးဖြစ်လာစေခဲ့ပါတယ်။  ဥရောပကောင်စီဥက္ကဋ္ဌရာထူးနေ ရာအတွက် ပိုလန်ဝန်ကြီးချုပ် ဟောင်း ဒေါ်နယ်တက်ခ်ကို ပိုလန် နိုင်ငံက ကန့်ကွက်မဲပေးတဲ့ အီးယူရဲ့ တစ်ခုတည်းသော အဖွဲ့ဝင် နိုင်ငံဖြစ်လာပြီး နောက်တစ်ပတ် အကြာမှာ သမိုင်းဆိုင်ရာဒေါက် တာဘွဲ့ရ ၀ါဇက်ကော့စကီးကို ဂျာမနီသတင်းဌာန SPIEGEL သတင်းဌာနက မေးမြန်းဖို့ ခွင့် တောင်းခဲ့ပါတယ်။

Pages

Subscribe to Interview