International

  • Sun 22 Apr 2018 - 20:23
     ယခုသီတင်းပတ်ကုန် တွင် ရီးရဲလ်မက်ဒရစ် အနားရရှိ ခြင်းသည် ဧပြီ ၂၅ ရက်ည ချန်ပီ  ယံလိဂ် ဆီမီးဖိုင်နယ်ပွဲအတွက် ကြီးမားသော အသာစီးရရှိမှုဖြစ် သည်ဟု ဘိုင်ယန်မြူးနစ်နည်းပြ ဟိုင်းနက်စ်က မယူဆပေ။ ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ် ပြီးသော ဘိုင်ယန်မြူးနစ်သည် ယမန်နေ့က ဟန်နိုဗာကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ရီးရဲလ်နှင့်ပွဲအတွက် ကြိုတင်ပြင်ဆင်ခဲ့ပြီး ဟန်းမဲလ်၊ ကင်းမစ်ခ်ျ၊ လီဝမ်ဒေါ့စကီးနှင့် ရီဘာရီတို့ကဲ့သို့ အဓိက ကစားသမားများကို အနားပေးခဲ့သည်။
  • Sun 22 Apr 2018 - 20:22
    ဆီဗီလာကို ငါးဂိုးပြတ် အနိုင်ရသည့်ပွဲတွင် တစ်ဂိုးသွင်း ယူသည့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲ ငါးပွဲ၌ ဂိုးသွင်းယူနိုင် သည့် ဒုတိယမြောက်ကစားသ မား ဖြစ်လာသည်။ ဘာကာသည် ကိုပါဒယ်ရေးဖလားကို အကြိမ်(၃၀)မြောက် စံချိန်တင်ရရှိခဲ့ခြင်း ဖြစ်သလို နောက်ဆုံး ၁၀ နှစ်အတွင်း ခြောက်ကြိမ် သိမ်းပိုက်ခြင်းဖြစ်သည်။
  • Tue 10 Apr 2018 - 12:04
    မော်စကိုနဲ့ ဝါရှင်တန်တို့ကြားက ဆက်ဆံရေးဟာ ဘယ်အဆင့်မှာ ရှိလဲ။ ဆီးရီးယားပြဿနာကို ဖြေ ရှင်းရေးအတွက် ရုရှား၊ အီရန်နဲ့ တူရကီတို့ရဲ့ ပူးပေါင်းဆောင်ရွက် မှုဟာ ဘယ်ဆီကို ဦးတည်သွား မလဲ။ ပြီးတော့ ရုရှားဟာ အန္တ ရာယ်တစ်ခုလို့ ဥရောပသမဂ္ဂက မြင်ဖို့ အကြောင်းရှိလား။ အဲဒီအ ကြောင်းအရာတွေနဲ့ တခြားမေး မြန်းစရာတွေနဲ့ပတ်သက်ပြီး ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ် ရော့ကို Euronews သတင်းဌာန က တွေ့ဆုံဆွေးနွေးထားပါတယ်။  
  • Tue 10 Apr 2018 - 11:56
    မာတင်ဗစ်ကာရာသည် ပီရူး အင်ဂျင်နီယာနှင့် နိုင်ငံရေးသမား ဖြစ်ပြီး လက်ရှိ ပီရူးသမ္မတဖြစ် သည်။ ဗစ်ကာရာသည် ယခင်က မိုကူရွာပြည်နယ် အုပ်ချုပ်ရေး မှူး၊ ပီရူးသယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး၊ ကနေဒါ နိုင်ငံဆိုင်ရာ ပီရူးသံအမတ်ကြီး အ ဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
  • Tue 10 Apr 2018 - 11:55
    ဝါရှင်တန်ပို့စ်၊ စီအင်န်အင်န် နှင့် အခြားသတင်းအဖွဲ့အစည်း များကို သမ္မတဒေါ်နယ်ထရန့်၏ တိုက်ခိုက်မှုသည် သမ္မတက ဒေါ သပြေလျော့စေရန် ရူးရူးမိုက်မိုက် နှင့် လုပ်ဆောင်သော၊ သို့သော်  နောက်ဆုံးတွင် ထိခိုက်မှုမရှိသော လုပ်ဆောင်မှုများအနက် တစ်ခု ဖြစ်သည်ဟု ရီပက်ဘလေကန် လွှတ်တော်အမတ်များ အပါအဝင် လူအများက ပြောကြားသည်။ သူ တို့မှားသည်။
  • Tue 10 Apr 2018 - 11:09
    လက်ရှိရာသီကို အတောက် ပဆုံးခြေစွမ်းတွေနဲ့ ဖြတ်သန်းပြနေ တဲ့ မန်စီးတီးဟာ ပြီးခဲ့တဲ့ သီတင်း တစ်ပတ်မှာတော့ ပထမဆုံးအဖြစ် နှစ်ပွဲဆက်တိုက်  ရှုံးနိမ့်ခဲ့ပါတယ်။ ပြီးတော့နှစ်ပွဲစလုံးကလည်း အရေးပါတဲ့ ပွဲစဉ်တွေပါ။ ဥရောပနဲ့ ပြည်တွင်းပွဲစဉ်တွေကို အိမ်ကွင်း ရော အဝေးကွင်းမှာပါ အရေးနိမ့်ခဲ့ တာဖြစ်ပါတယ်။ ပိုပြီးစိတ်ပျက် စရာကောင်းတာက နှစ်ပွဲစလုံး မန်စီးတီးအနေနဲ့ သွင်းဂိုးသုံးဂိုးစီ အထိခွင့်ပြုခဲ့ရတာပါပဲ။
  • Tue 10 Apr 2018 - 11:06
    ဆော်ဒီအာရေးဗီးယား အိမ်ရှေ့စံ မင်း သား မိုဟာမက် ဘင်ဆယ်လ်မန်ကို လက်တွေ့ ကျသည့် ပြုပြင်ပြောင်းလဲရေး ဝါဒီအဖြစ် နိုင်ငံတကာက ချီးကျူးသည်။ ငယ်ရွယ်သော် လည်း ထက်မြက်ပြီး လုပ်ရဲကိုင်ရဲ ရှိသည့် မင်းသားကလည်း ချီး ကျူးမှုများနှင့် အမှန်တကယ် ထိုက်တန်သည့် ပြုပြင်ပြောင်းလဲမှု များကို လက်တွေ့လုပ်ဆောင်ပြခဲ့ သူဖြစ်သည်။ သို့သော် ၎င်း၏ စီမံ ဆောင်ရွက်မှုများကို နှစ်သက်သူများရှိသလို အတိုက်အခံပြုလို သည့် အင်အားစုများ ပေါ်ပေါက် လာနိုင်သည်ကိုလည်း မျက်ကွယ် ပြုထား၍မရချေ။
  • Wed 04 Apr 2018 - 12:24
    ပီတာပယ်လီဂရီနီသည် ဆလိုဗက် နိုင်ငံရေးသမားဖြစ်ပြီး ဂျာနယ်လစ် ဂျန်ကူရှက် အသတ်ခံရပြီးနောက် နုတ်ထွက်ခဲ့သော ရောဘတ်ဖီကို ၏နေရာကို ဆက်ခံ၍ ဆလိုဗက် ကီးယားနိုင်ငံ ဝန်ကြီးချုပ်ဖြစ်လာ ခဲ့သည်။
  • Wed 04 Apr 2018 - 12:23
    ဥရောပရဲ့ ဘုံငွေကြေးစနစ်ကို ပြုပြင်ပြောင်းလဲတာနဲ့ ကြုံလာရန် လတ်တလောမှာ ဂျာမနီနဲ့ ပြင် သစ်ကိုပဲ အားလုံးက မြင်နေကြပါ တယ်။ ဒါပေမဲ့ နယ်သာလန်ဝန် ကြီးချုပ် မက်ခ်ရပ်တီ (၅၁)နှစ်က နယ်သာလန်နိုင်ငံကို လျစ်လျူမရှု ထားသင့်ဘူးလို့ ပြောပါတယ်။  
  • Wed 04 Apr 2018 - 12:19
    အမေရိကန်နှင့် မက္ကဆီကို အစိုးရ သည် လူဝင်မှုကြီးကြပ်ရေး၊ ကုန် သွယ်ရေးနှင့်ပတ်သက်၍ တစ်ဖက် နှင့်တစ်ဖက် အကဲစမ်းနေသော် လည်း ပင်လယ်ပြင်တွင် မူးယစ် ဆေးဝါးတိုက်ဖျက်ရေးအတွက်မူ ပူးပေါင်းဆောင်ရွက်နေသည်။
  • Wed 04 Apr 2018 - 12:03
    အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နှင့် မျက်နှာချင်း ဆိုင်တွေ့ဆုံမည့် နိုင်ငံရေးကစား ပွဲ၌ ယခုအခါ စီကျင်းပင်သည် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်အတွက် အရေးအကြီး ဆုံး နိုင်ဖဲတစ်ချပ် ဖြစ်လာသည်။
  • Mon 02 Apr 2018 - 00:08
     ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဆုများ ပေါင်းစည်းရေးပွဲတွင် ဗြိ တိန်လက်ဝှေ့သမား အန်သိုနီဂျို ရွှာက ဂျိုးဆက်ပါကာကို ၁၂ ချီ အပြည့် ထိုးသတ်ခဲ့ရပြီး အမှတ် ဖြင့် အနိုင်ရရှိခဲ့သည်။ အမှတ်ပေးဒိုင်လူကြီးသုံးဦး စလုံးက ၁၁၈-၁၁၀၊ ၁၁၈-၁၁၀၊ ၁၁၉-၁၀၉ ဖြင့် ဂျိုရွှာကို တညီတညွတ်တည်း အနိုင်ပေးခဲ့သည်။
  • Wed 28 Mar 2018 - 13:55
    သမ္မတဒေါ်နယ်ထရန့်ရဲ့ ၂၀၁၆ မဲဆွယ်ရေးအဖွဲ့နဲ့ အဆက်အ သွယ်ရှိတဲ့ အချက်အလက် စုဆောင်းရေး လုပ်ငန်းတစ်ခုဖြစ် တဲ့ Cambridge Analytica ဟာ ဖေ့စ်ဘွတ်ခ်ကမသိဘဲနဲ့ ဖေ့စ် ဘွတ်ခ်သုံးစွဲသူ သန်း ၅၀ ရဲ့ သတင်း အချက်အလက်တွေဆီကို ဝင်ရောက်ခဲ့တယ်ဆိုတဲ့ သတင်း ထွက်လာပြီး ရက်ပိုင်းအကြာမှာ စီအင်န်အင်န်သတင်းဌာနက ဖေ့စ်ဘွတ်ခ်တည်ထောင်သူ အမှု ဆောင်အရာရှိချုပ် မာ့ခ်ဇူကာ ဘက်နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
  • Wed 28 Mar 2018 - 13:43
    မာတာမီလာဆိုင်ရီလ်ရာမာဖိုဆာ သည် တောင်အာဖရိက နိုင်ငံရေး သမားဖြစ်ပြီး ဇူးမားနုတ်ထွက်ခဲ့ပြီး နောက် တောင်အာဖရိက၏ လက် ရှိနှင့် ပဉ္စမသမ္မတ ဖြစ်လာသည်။
  • Wed 28 Mar 2018 - 13:41
    နှစ်ပေါင်းတစ်ထောင်ခန့် ကြာမြင့် ပြီးနောက် အရောင်မှိန်သွားသော မြင့်မြတ်သည့် ရောမအင်ပါယာ သည် မြင့်မြတ်မှုလည်းမရှိ၊ ရောမ လည်းမဆန်၊ အင်ပါယာလည်း မဟုတ်ဟု ပြင်သစ်တွေးခေါ်ပညာ ရှင်နှင့် စာရေးဆရာ ဗော်လ်တဲ ယားက ပြောခဲ့သည်။ ယခုအခါ နှစ်ပေါင်း ၂၅၀ ခန့်တွင် ကြုံတွေ့ရသည့်ပြဿနာသည် ဗော်လ်တဲ ယား၏ စကားအတိုင်းပြောရလျှင် ကမ္ဘာ့လစ်ဘရယ် တည်ငြိမ်မှု သည် လစ်ဘရယ်လည်းမကျ၊ တစ် ကမ္ဘာလုံးလည်း မပြန့်၊ တည်ငြိမ်မှုလည်းမရှိဖြစ်သည်။
  • Wed 28 Mar 2018 - 12:41
    တရုတ်လွှတ်တော်က အခြေခံဥပဒေပါ သမ္မတများ၏ ရာ ထူးသက်တမ်း ကန့်သတ်ချက်ကို တရားဝင် ဖယ်ရှားလိုက်ပြီဖြစ် သည်။ ထို့ကြောင့် သမ္မတ စီကျင်းပင်အနေဖြင့် နိုင်ငံကို ရာသက်ပန် ဦးဆောင်ခွင့်ရနိုင်သည့် သဘော မျိုး သက်ရောက်လာသည်။ ယင်းအခြေအနေက တိုင်ပေအတွက် မျက်ခုံးလှုပ်စရာ ခြိမ်းခြောက်မှုအသွင်ကိုလည်း ဆောင်လာ သည်။
  • Sun 25 Mar 2018 - 23:05
     ချန်ပီယံလိဂ်ဖလား ၂ နှစ်ဆက်တိုက် ရထားသော ရီးရဲလ် နှင့် ယှဉ်ပြိုင်ရမည့် ကွာတားဖိုင် နယ် ပထမအကျော့တွင် ဂျူဗင် တပ်၌ ကြယ်ပွင့်ကစားသမား ထက်ဝက်ခန့် ပါဝင်နိုင်ခြေမရှိဖြစ်နေသည်။ ဂျူဗင်တပ်နည်းပြ အယ်လီ ဂရီ၏ ရီးရဲလ်ကို ရင်ဆိုင်မည့် အ စီအစဉ်သည် ကြံစည်ထားသကဲ့ သို့ ဖြစ်မလာဘဲ အဓိက ကစား သမားများ ဒဏ်ရာပြဿနာကြုံ တွေ့နေသည်။
  • Sun 25 Mar 2018 - 23:04
    လာမည့်နွေရာသီတွင် အသင်းကို ကြီးကြီးမားမားပြောင်း လဲပြင်ဆင်မည်ဟု မန်ယူနည်း ပြ မော်ရင်ဟိုက ပြောကြားပြီး နောက် ထိပ်တန်းကစားသမားနှစ် ဦး ဝယ်ယူရေး ပြင်သစ်ကွင်းလယ် လူ ပေါ့ဂ်ဘာကို ထုတ်ရောင်းရန် ပြင်ဆင်နေကြောင်း The Mirror သတင်းက ဖော်ပြသည်။ ပေါ်တူဂီနိုင်ငံသား မော်ရင် ဟိုက ပေါ့ဂ်ဘာကို ယူရိုသန်း ၂၃၀ ဖြင့် ရောင်းရန်စီစဉ်နေပြီး ၎င်းကို ရောင်းရသောငွေဖြင့် ရီးရဲလ် နောက်ခံလူ ရာဖေးလ်ဗာရိန်းနှင့် ကွင်းလယ်လူ တိုနီခရုစ်တို့ကို ဝယ်ယူရန် ပြင်ဆင်နေကြောင်း သတင်းကဆိုသည်။
  • Wed 21 Mar 2018 - 14:49
    တရုတ်ရဲ့ ပါဝါအားကောင်း လာချိန်နဲ့ တိုက်ဆိုင် စွာပဲ ဆယ်စုနှစ်တွေနဲ့ချီ တည်ရှိခဲ့တဲ့ အမေရိကန်ရဲ့ အာရှဒေသ လွှမ်းမိုးမှုဟာ တတိတိ ကျဆင်းစပြုလာပါတယ်။ ဒီကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံရဲ့ ပြိုင်ဆိုင်မှုဟာ အာရှတိုက်ရဲ့ အနာဂတ်ကို ဖွင့်ဆို သတ်မှတ်ပေးလာနိုင်ပါတယ်။
  • Wed 21 Mar 2018 - 14:00
    ၂၀၁၈ ဟာ ဆယ်စုနှစ်တစ်ခုနီးပါး ဘဏ္ဍာရေးနဲ့ နိုင်ငံရေးမတည်ငြိမ် မှုဖြစ်ခဲ့တဲ့အခြေအနေကို ယူရိုဇုန် က နောက်ဆုံး နောက်ချန်ထားခဲ့ မယ့် နှစ်တစ်နှစ်ဖြစ်မလား။ ဒီမေး ခွန်းကို မှန်းဆဖြေရမယ်ဆိုရင် ရှေ့ နောက်ကွဲလွဲနေပါတယ်။ ပြီးခဲ့တဲ့ ရှစ်နှစ်တာမှာ ဥရောပသားတွေဟာ အကောင်းမြင်တဲ့အမြင်ကို လက် ခံလာခဲ့ကြပြီး နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က အရမ်း မကောင်းမြင်တဲ့ သဘောမရှိပေ မယ့်လည်း ဥရောပရဲ့ စီးပွားရေး မျှော်လင့်ချက်တွေကို လက်တွေ့ ပိုဆန်တဲ့ ချဉ်းကပ်မှု ဆက်လုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒီပုံစံဟာ ၂၀၁၈ အတွက် လာမယ့်ပုံပေါ်ပါ တယ်။ IMF က ယူရိုဇုန်ပြဿနာ အဆုံးသတ်ရေးနဲ့ပတ်သက်လို့ ထူးထူးကဲကဲအောင်ပွဲခံတာကို ရှောင်ပြီး ထွက်ပေါ်လာနိုင်တဲ့ ပြုပြင်ပြောင်းလဲရေး စိန်ခေါ်မှုတွေ အပြင် နိုင်ငံရေးနဲ့ အပြင်ဘက် အန္တရာယ်တွေနဲ့ပတ်သက်လို့ သတိပေးထားပါတယ်။ ဥရောပ ခေါင်းဆောင်တွေက နှစ်တွေအ တော်ကြာ စီးပွားရေးလှိုင်းထန်ခဲ့ ပြီးနောက်မှာ ငွေကြေးသမဂ္ဂအ တွက် နောက်ထပ်အခြေအနေနဲ့ ပတ်သက်ပြီး တောက်ပတဲ့အမြင် မျိုးကို ထိန်းသိမ်းနေကြပါတယ်။

Pages

Subscribe to International