Health

  • Fri 22 Aug 2014 - 20:08
    မြန်မာနိုင်ငံ၌ ဖြစ်ပွားပြီးသည့် H5N9 တုပ်ကွေးနှင့် မဖြစ်ပေါ်သေးသည့် H7N9 ကြက်ငှက်တုပ်ကွေးရောဂါကို ကာကွယ်ရန်အတွက် ဒုတိယအကြိမ် အသိပညာဖလှယ်ခြင်းစီမံချက် (prevent myanmar project) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းစီမံချက်လုပ်ဆောင်နေသည့် မြန်မာနိုင်ငံဆိုင်ရာညှိနှိုင်းရေးမှူး ဒေါက်တာဝါ၀ါဟန်ကဆိုသည်။
  • Fri 22 Aug 2014 - 20:07
    ကိုယ်ဝန်ဆောင်မိခင် ၁၀ ဦးလျှင် ၇ ဦးကျော်မှာ သွေးအားနည်းရောဂါ ခံစားနေရသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားအာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထင်လင်းကဆိုသည်။
  • Thu 21 Aug 2014 - 22:43
    ကိုယ်အလေးချိန်လျင်မြန်စွာလျှော့ချပစ်မည်ဆိုပါက ကျန်းမာရေးအတွက် ပြင်းထန်သောဆိုးကျိုးများဖြစ်စေနိုင်သည်။ ကိုယ်ခန္ဓာဆိုင်ရာဘေးအန္တရာယ်များကိုထည့်မတွက်လျှင်ပင် ကိုယ်အလေးချိန်လျင်မြန်စွာလျှော့ချပစ်ခြင်းမှာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုနှင့် စိတ်ဓာတ်ကျခြင်းတို့ကို ဖြစ်စေနိုင်သည်။
  • Sun 17 Aug 2014 - 22:23
    စိတ်အားငယ်သလိုခံစားရသည်(သို့မဟုတ်) မပျော်မရွှင်ခံစားရသည့်နေ့ရက်များ ကျွန်တော်တို့အားလုံးတွင်ရှိတတ်ကြသည်။ စိတ်ပျော်ရွှင်သူများသည် ပိုမိုကျန်းမာသူများဖြစ်ကြောင်း လေ့လာမှုများက ဖော်ပြသည်။ စိတ်ပျော်ရွှင်စေမည့်နည်းလမ်းများကို ဖော်ပြပေးလိုက်ပါသည်။ ရယ်စရာတစ်ခုခုကြည့်ပါ
  • Sun 17 Aug 2014 - 19:40
    မြန်မာနိုင်ငံတွင် နှစ်စဉ်ငါးနှစ်အောက်ကလေးငယ် ၅၃ ရာခိုင်နှုန်း သေဆုံးလျက်ရှိရာ သေဆုံးသည့် ကလေးငယ်များသည် မည်သည့်ရောဂါကြောင့် သေဆုံးစေကာမူ အာဟာရချို့တဲ့မှုသည် အဓိကအကြောင်းရင်းခံဖြစ်နေသည်။
  • Sat 16 Aug 2014 - 22:32
    ခရီးသွားခြင်းသည် အကောင်းဆုံး လေ့လာသင်ယူမှုဖြစ်သည်။ ခရီးသွားခြင်းဖြင့် ဘ၀ပုံစံကို မည်သို့၊ မည်သည့်အတွက်ကြောင့် ပြောင်းလဲစေသနည်းဆိုသည့်အကြောင်းရင်းများစွာအနက် အနည်းအကျဉ်းကို ဖော်ပြပေးလိုက်ပါသည်။
  • Fri 15 Aug 2014 - 22:31
    ကိုယ်အလေးချိန် ပိုများနေသူများ (သို့မဟုတ်) အ၀လွန်နေသူများအနေဖြင့် ကင်ဆာရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်ပိုများကြောင်း Lancet ဆေးပညာဂျာနယ်တွင် ဖော်ပြသည့် လေ့လာမှုတစ်ရပ်အရ သိရသည်။
  • Thu 14 Aug 2014 - 22:55
    ကြက်ဥအကာတွင် ပါဝင်သော ကယ်လိုရီထက် အနှစ်တွင် ကယ်လိုရီ သုံးဆပိုများပြီး အဆီ ၅ ဂရမ်နှင့် အစားအစာဆိုင်ရာ ကိုလက်စထရော ၂၁၀ ဂရမ်ပါဝင်သည်။ ကြက်ဥအနှစ်တွင် လူတိန်းနှင့် ဇီယာဇန်သင်းဟု ခေါ်သည့်ဒြပ်ပေါင်းနှစ်မျိုးကြွယ်ဝစွာပါဝင်သည်။ ယင်းဒြပ်ပေါင်းနှစ်မျိုးလုံးမှာ အမြင်အာရုံပိုကောင်းအောင် ကူညီပေးနိုင်ပြီး အသက်(၅၀) နောက်ပိုင်းမျက်စိကွယ်ခြင်း ဖြစ်စေသည့် အဓိကအကြောင်းအရာများအနက် တစ်ခုဖြစ်သော မျက်စိရောဂါ(Macular Degeneration) နှင့် ဆက်စပ်သည့် အန္တရာယ်များကိုလည်း လျော့ကျစေနိုင်သည်။
  • Wed 13 Aug 2014 - 22:33
    ကျွန်ုပ်တို့အနေဖြင့် ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုံးလုံးမလုပ်ရမည့်အချိန်များရှိပါသည်။ ထိုကဲ့သို့ လေ့ကျင့်ခန်းလုပ်ခြင်းရပ်လိုက်ရသည့်အချိန်မျိုးတွင် အပျင်းထူသည်ဟူ၍ မိမိကိုယ်ကိုယ်အပြစ်မတင်ပါနှင့်။
  • Sun 10 Aug 2014 - 22:07
    ပါရီ− အသက်အရွယ်ကြီးရင့်သူ အချို့စိတ်ဓာတ်ကျခြင်းကို ကုသရာတွင် ဦးနှောက်အားကောင်းစေသည့် ကွန်ပျူတာဂိမ်းများ ကစားခိုင်းခြင်းမှာ ဆေးဝါးများဖြင့် ကုသသကဲ့သို့ပင်ထိရောက်ပြီးပို၍ပင် ကောင်းသော နည်းလမ်းတစ်ခုဖြစ်နိုင်သည်ဟု လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။ စိတ်ဓာတ်ကျခြင်းကိုဆေးများနှင့်ကုသ၍မရသူ  အသက်(၆၀)နှစ်မှ (၈၉)နှစ်အထိရှိသူများ ဦးနှောက်ကျန်းမာရေးတိုးတက်စေရန် တီထွင်ရေးဆွဲထားသည့် ကွန်ပျူတာဂိမ်းများကို  သီတင်းလေးပတ်ကြာကစားခိုင်းပြီးနောက် စိတ်ဓာတ်ကျခြင်း လျော့ပါးလာ ကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။
  • Sat 09 Aug 2014 - 16:04
    သွေးလွန်တုပ်ကွေးရောဂါ ခံစားနေရသည့် ကလေးငယ်များအား ပါရာစီတမောမှလွဲ၍ အခြားအဖျားကျဆေးများ မတိုက်သင့်ကြောင်း ရန်ကင်းကလေးဆေးရုံကြီး၊ အထူးကြပ်မတ်ဆောင် တာဝန်ခံ ပါမောက္ခဒေါက်တာကျော်ဇင်ဝေက အကြံပြုပြောကြားသည်။
  • Fri 08 Aug 2014 - 20:27
    ‘‘ကျွန်တော့်ကို ဒီအန္တရာယ်တွေကို သိရှိလက်ခံပါတယ်ဆိုပြီး လက်မှတ်ထိုးခိုင်းနေတယ်။ ဒီနှလုံးခုန်စက်တပ်ဖို့ ခွဲစိတ်ရင် ပိုးဝင်နိုင်တယ်တဲ့ဗျာ။ မေ့ဆေးနဲ့ မတည့်တာမျိုး ဖြစ်နိုင်တယ်တဲ့။ စက်တပ်ထားတဲ့နေရာမှာ ရောင်ရမ်းညိုမည်းပြီး သွေးထွက်တာကလည်း ဖြစ်နိုင်တယ်တဲ့။ သွေးကြောလည်း ထိခိုက်နိုင်ပြီး အဆုတ်က အလုပ်မလုပ်တော့ဘဲ ပျက်သွားနိုင်တယ်တဲ့။ နှလုံးကြွက်သားမှာ အပေါက်ဖြစ်ပြီး အရေးပေါ်ကုသဖို့ လိုတာလည်း ဖြစ်နိုင်တယ်တဲ့ဗျာ။ ဒီလောက်အန္တရာယ်ကြီးတာ အဲဒါကို ကျွန်တော်လက်မှတ်မထိုးနိုင်ဘူး။ မခွဲချင်ဘူးဗျာ။ ဒါတွေဖြစ်လာရင် ဘယ်လိုလုပ်မလဲ။ အဲဒါပြောပေးပါ’’
  • Wed 06 Aug 2014 - 22:39
    ကြက်သွန်ဖြူတွင်ပါဝင်သော ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားများကာကွယ်နိုင်သော အာနိသင်များသည် ကိုယ်ခံအားကိုတိုးမြှင့်ပေးနိုင်ပြီး ကျန်းမာလန်းဆန်းစေနိုင်သည်။ ကြက်သွန်ဖြူဖြင့်ဖော်စပ်ထားသော ဆေးဝါးများ ကို သာမန်အအေးမိတုပ်ကွေးရောဂါများကာကွယ်ရန် ဆရာဝန်များ အသုံးပြုသည်။ အနံ့အသက်အလွန်မထွက်ဘဲ ကြက်သွန်ဖြူစားနိုင်သော နည်းလမ်းများကိုဖော်ပြလိုက်ပါသည်။
  • Tue 05 Aug 2014 - 17:24
    ကျန်းမာရေးအသုံးစရိတ်တိုးရသဖြင့် ယခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ၌ စီမံချက်ရှစ်ချက်ခုဖြင့်  လုပ်ငန်းများတိုးမြှင့်သွားမည်ဖြစ်ကြောင်းကျန်းမာရေးဝန်ကြီးဌာနမှ  သတင်းရရှိသည်။ ‘‘ဒီနှစ်အတွက်ကို ထောက်ပံ့ ပစ္စည်းတွေရော၊ ဆေးဝါးအတွက် ပါ တိုးမြှင့်ပြီး လုပ်ထားပါတယ်။ လှုပ်ရှားရေး စီမံချက်တွေလည်း တိုးထားတယ်။ ပြီးတော့ ဒီနှစ်က ဦးစားပေးအနေနဲ့ ပထမပတ်မှာ မိခင်နို့ကို စနစ်တကျ တိုက်ပေး ရေးဆိုတာကို ထည့်သွင်းထား တယ်’’ ဟု ကျန်းမာရေးဝန်ကြီး ဌာန၊ အမျိုးသား အာဟာရဖွံ့ဖြိုး ရေးနှင့် သုတေသနဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာထင် လင်းက ဆိုသည်။
  • Sat 02 Aug 2014 - 17:54
    မြန်မာနိုင်ငံ၌ အရက်ဆိုင်အရေအတွက်များ တိုးပွားလာခြင်းနှင့် အရက်တုများ သောက်သုံးရခြင်း၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ် အသည်းကင်ဆာဖြစ်ပွားနှုန်း မြင့်တက်လာ၍ သေဆုံးနှုန်း များပြားလာရခြင်းဖြစ်သည်ဟု အသည်းရောဂါကုဆရာဝန်ကြီးများက ဆိုသည်။
  • Sat 02 Aug 2014 - 17:52
    ကယားပြည်နယ်နှင့် ချင်းပြည်နယ်တွင် ဆေးရုံများ နည်းပါးနေသေးသည့်အတွက် ကျန်းမာရေးဝန်ထမ်းများ ဦးစားပေးစေလွှတ်နေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
  • Sat 02 Aug 2014 - 17:50
    ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးလိပ်မသောက်ရ သတ်မှတ်ထားသော နေရာများတွင် ရာနှုန်းပြည့်ဆေးလိပ်ကင်းစင်သော စံပြမြို့နယ်များဖြစ်လာစေရန် ယခုနှစ်အတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Fri 01 Aug 2014 - 23:16
    အနောက်အာဖရိကတွင် အီဘိုလာဗိုင်းရပ်စ်အကြီးကျယ် ဆုံး ပျံ့နှံ့နေသောကြောင့် ယင်းရောဂါပိုး နိုင်ငံတကာသို့ ပျံ့နှံလာနိုင်သည် ဆိုသော စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။ အီဘိုလာဗိုင်းရပ်စ်ကို ကာကွယ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) နှင့် အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC)တို့၏ လမ်းညွှန်ချက်များကို ဖော်ပြပေးလိုက်သည်။  
  • Sun 27 Jul 2014 - 23:17
    ဝိုင်နီကို အစာချေဖျက်မှု အထောက်အကူပြုစေရန် သော်လည်းကောင်း စွမ်းအင်ကုန်ဆုံးခြင်းနှင့် ဝမ်းလျှောခြင်းတို့အပြင်အခြားသောနာမကျန်းဖြစ်မှုများစွာအတွက် ကုသရန်သော်လည်းကောင်း ကျန်းမာရေးနှင့် ဆက်စပ်ပြဿနာအမျိုးမျိုးအတွက် သောက်သုံးရန် ကျန်းမာရေးကျွမ်းကျင်သူများက လမ်းညွှန်လေ့ရှိသည်။
  • Sat 26 Jul 2014 - 15:17
    လက်သမားများ အကာအကွယ်မပါဘဲ လွှဖြတ်ခြင်း၊ ရွေပေါ်ထိုးခြင်းများ ပြုလုပ်ပါက အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ရောဂါများဝင်ရောက်ခြင်းနှင့် မျက်စိရောဂါများဖြစ်ပွားနိုင်ကြောင်း ဆရာဝန်ကြီးအချို့က သတိပေးပြောကြားသည်။

Pages

Subscribe to Health