Health

  • Thu 20 Oct 2016 - 20:18
    ကိုယ်ဝန်ဆောင်ရန်ကြိုးစားနေပါက ကျန်းမာရေးနှင့်ညီသော လူနေမှုဘ၀ပုံစံရှိရန် အလွန်အရေးကြီးသည်ဟု သုတေသီများက သက်သေပြထားပြီးဖြစ်သည်။ ကိုယ်ကာယကြံ့ခိုင်မှုရှိခြင်းကြောင့်စွမ်းအင်ပမာဏကို ပြန်လည်အားဖြည့်စေနိုင်ပြီး သက်လုံအား ကောင်းလာရန် အထောက်အကူပြုသောကြောင့် ကြံ့ခိုင်မှုပြည့်ဝရန် လုံးဝအရေးကြီးသည်။
  • Wed 19 Oct 2016 - 21:18
     အမျိုးအစား-၂ ဆီးချိုရောဂါရှင်များ အစာစားပြီးနောက် လမ်းလျှောက်ပေးခြင်းသည် အခြားသောအချိန်များတွင် လေ့ကျင့်ခန်း လုပ်ခြင်းထက် သွေးထဲရှိ သကြားဓာတ်ကို ပိုလျော့ပါးစေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။
  • Wed 19 Oct 2016 - 10:15
    ကင်ဆာဝေဒနာရှင်များ၏ ကျန်ရှိနေသော နောက်ဆုံးအချိန်တိုအတွင်း သက်သောင့်သက်သာနှင့် ဂုဏ်သိက္ခာရှိရှိ ဘ၀နိဂုံးချုပ်နိုင်ရန် လိုအပ်သော ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများကို အစိုးရနှင့် ပုဂ္ဂလိကပိုင်းက ပူးပေါင်းလုပ်ဆောင်နေကြောင်း သတင်းရရှိသည်။ ကင်ဆာရောဂါဝေဒနာကြီးမားစွာခံစားနေရသော လူနာနှင့် လူနာကိုပြုစုစောင့်ရှောက်သူ မိသားစုဝင်များအတွက် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြေရှင်းပေးခြင်း၊ စိတ်ဓာတ်ခွန် အား မြှင့်တင်ပေးခြင်း၊ ရောဂါပြင်းထန်နာကျင်မှုအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ညွှန်ကြားချက်နှင့်အညီ ကုသပေးခြင်းစသည့် ဘက်စုံထောက်ကူပြု ကုသ၀န်ဆောင်မှု (Palliative Care Service) များ ပေးနေသည်ဟု သိရသည်။
  • Wed 19 Oct 2016 - 10:10
    ဆယ်ကျော်သက်နှင့် လူငယ်လူရွယ်များကို မျိုးဆက်ပွားဆိုင် ရာအသိပညာပေးခြင်းအပြင် ဆေးဝါးကုသမှုပါ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် မျိုးဆက်ပွားဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ လှမြတ်သွေးဣန္ဒြာက ပြောသည်။ ‘‘မျိုးဆက်ပွားနဲ့ ပတ်သက်ပြီးတော့ အသိပညာပေးတာတွေ ရော၊ ဆေးကုပေးတာတွေရော အရှိန်အဟုန်မြှင့်လုပ်သွားမယ်။ ဆယ်ကျော်သက်တွေအတွက် စိတ်တိုင်းကျကျန်းမာရေးစောင့်ရှောက်မှုဖြစ်လာဖို့ပါ။ ကျန်းမာရေးဝန် ထမ်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ဥပမာ- အမျိုးသမီးငယ်လေးတွေ အဖြူဆင်းတာတွေကအစ ကုသပေးမယ်’’ဟု ၎င်းက ပြောသည်။
  • Wed 19 Oct 2016 - 10:06
    အဆိပ်သင့်လူနာ (Poision Case) များတွင် အသက်(၂၀)မှ (၃၀) ကြား အမျိုးသမီးလူနာအများဆုံး ဖြစ်နေကြောင်း ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးမှ ဆေးလူမှုဆက်ဆံရေးမှူး ဦးဇော်မင်းထွန်းက ပြောသည်။ လူနာအများစုသည် ပါရာစီ တမော၊ ဘာမီတွန်၊ ဒိုင်ယာစီပင်ကဲ့သို့ ဆေးဝါးများကို တလွဲအသုံးပြုပြီး အဆိပ်သင့်လူနာအဖြစ် ရောက်ရှိလာကာ အဆိပ်သင့်ဓာတုဗေဒဆေးရည်များ အသုံးပြုပြီး ကြံစည်ခြင်းများလည်းရှိကြောင်း ယင်းလူနာများကို နှစ်သိမ့်ဆွေးနွေးပေးနေသည့် ဦးဇော်မင်းထွန်းက ပြောသည်။
  • Tue 18 Oct 2016 - 19:43
     အမေရိကန်ဆရာဝန်ကြီး များက မွေးရာပါ နှုတ်ခမ်းကွဲ၊ အာ ခေါင်ကွဲ ကလေးငယ်များအား ဝိတိုရိယဆေးရုံတွင် ၁၀ ရက်တိုင် အခမဲ့ ခွဲစိတ်ကုသပေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။ ရန်ကုန်၊ မန္တလေးအပါအဝင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန် ပြည်နယ်၊ ရခိုင်၊ စစ်ကိုင်း၊ ကချင်၊နေပြည်တော်နှင့် ချင်းပြည်နယ်တို့ မှ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင် ကွဲကလေးငယ်များအား အောက် တိုဘာ ၁၈ ရက်မှ ၂၈ ရက်အထိ အခမဲ့ခွဲစိတ်ကုသမှုပေးမည်ဖြစ် ကြောင်း ဝိတိုရိယဆေးရုံကြီးမှ အမှုဆောင်အရာရှိချုပ် ဒေါက် တာအေးအေးစန်းက ပြောသည်။ ‘‘ကလေးငယ်တစ်ရာကျော် ကို အခမဲ့ခွဲပေးသွားမှာပါ။ နယ် ဝေးကနေ ရောက်လာတဲ့ လူနာနဲ့ လူနာရှင်တွေအတွက်လည်း တည်းခိုဖို့နေရာတွေရော၊ စား စရိတ်တွေရောပဲ အကုန်အခမဲ့ ပါ။ နှစ်တိုင်းလုပ်ပေးဖို့ရှိတယ်။ စမ်းသပ်ချင်တယ်ဆိုရင်လည်း လက်ခံပေးတယ်’’ဟု ၎င်းက ပြော သည်။
  • Mon 17 Oct 2016 - 21:38
    မိဘများ ကွာရှင်းပြတ်စဲခြင်း (သို့မဟုတ်) သေဆုံးခြင်းကြောင့် ကလေးများ ဆယ်ကျော်သက်အရွယ်သို့မရောက်မီ ဆေးလိပ်နှင့် အရက် စတင်သောက်သုံးနိုင်သည့် အန္တရာယ်ပိုများကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။ မိဘများမရှိခြင်းနှင့် ကလေးများ ဆေးလိပ်နှင့်အရက် ဆောလျင်စွာ သောက်သုံးမှုကြား ဆက်စပ်မှုသည် မိဘအုပ်ထိန်းမှုလျော့ကျသွားခြင်း၊ ကိုယ့်သဘောဖြင့်ဆေးဝါးသုံးစွဲခြင်း၊ ကျန်းမာရေးနှင့်မညီညွတ်သော အပြုအမူများ ပြုလုပ်ခြင်းမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သည်ဟု သုတေသီများကပြောသည်။
  • Sun 16 Oct 2016 - 21:29
    ခန္ဓာကိုယ်ညွှန်းကိန်း (BMI)မြင့်မားခြင်းနှင့် အမျိုးအစား-၂ ဆီးချိုရောဂါရှိခြင်းတို့ကြောင့် အသည်းကင်ဆာရောဂါဖြစ်ပွားမှု ပိုများခြင်း ဆက်စပ်မှုရှိကြောင်း Cancer Research ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှုတစ်ခုအရ သိရသည်။ ခါးနားတစ်ဝိုက်အတိုင်းအတာကြီးမားနေခြင်း၊ ခန္ဓာကိုယ်ညွှန်း ကိန်းမြင့်မားခြင်းမှာ လူတစ်ယောက်၏ အရပ်အမြင့်ကိုလိုက်၍ ရှိသင့်သော ကိုယ်အလေးချိန်ထက် ပိုများနေသော အခြေအနေကို ဆိုလိုသည်။
  • Sat 15 Oct 2016 - 22:34
    အရက်သောက်ခြင်းကြောင့် ပန်းနာရင်ကျပ်ရောဂါကို ပိုမိုဆိုး ရွားစေနိုင်ကြောင်း သြစတြေးလျသုတေသီများ၏ လေ့လာမှုအရ သိရသည်။ အချို့သော အရက်ပါသည့် သောက်စရာများတွင် Sulfites နှင့် Histamines ဟု ခေါ်သော ပါဝင်ပစ္စည်းနှစ်မျိုးကြောင့် ဓာတ်မ တည့်မှုဖြစ်စေနိုင်သည်။ Sulfites သည် ၀ိုင်နှင့်ဘီယာထုတ်လုပ်ရာ တွင် အဓိကသုံးသော တာရှည်ခံပစ္စည်း ဖြစ်သော်လည်း အခြားသော အစားအစာပုံစံများတွင် ယင်းတာရှည်ခံစေသောပစ္စည်း ပါဝင်သည်။ ပန်းနာရင်ကျပ်ရောဂါရှိသူများသည် Sulfites ၏ အစွမ်း သတ္တိများကို မခံနိုင်ဖြစ်လေ့ရှိသည်။
  • Fri 14 Oct 2016 - 21:14
    အစားအစာကို အလွန်အကျူး စားသောက်ခြင်းကြောင့် ကျန်း မာရေးပြဿနာ အများအပြားဖြစ်ပေါ်လာနိုင်သည်ဟု ကျွမ်းကျင် သူများက ပြောကြားသည်။ အလွန်အကျူး စားသောက်ခြင်းဆိုသည်မှာ အစားအသောက် နှင့်ပတ်သက်၍ ထိန်းမနိုင်သိမ်းမရ ခံစားနေရပြီး စားသောက်မှု ရပ် တန့်နိုင်စွမ်းမရှိသော အခြေအနေကို ဆိုလိုသည်။
  • Thu 13 Oct 2016 - 22:42
    အနံ့အသက်လည်းကင်းသလို အရသာလည်းရှိတဲ့ မာလကာသီး ကို ကြိတ်ခြေအရည်ညှစ်ပြီး သဘာဝအတိုင်း သောက်တာဟာ ကျန်းမာရေးကောင်းကျိုးများ တယ်လို့ သုတေသနတွေက ဆို ထားတာမို့ သိထားရအောင်လို့ မျှဝေပေးလိုက်ပါတယ်။
  • Thu 13 Oct 2016 - 22:42
    ရုတ်တရက် နှလုံးတိုက်ခိုက် ခံရခြင်း (Heart Attack)ကြောင့် သေဆုံးမှုတွေများလာတဲ့နောက် အမေရိကန် နှလုံးအဖွဲ့အစည်းက ပြုလုပ်ထား စစ်တမ်းအရ နှလုံး တိုက်ခိုက်မခံရရင် တစ်လ လောက်အလိုမှာ ပြတတ်တဲ့ရော ဂါလက္ခဏာတွေ ကြိုတင်သိထား နိုင်အောင်လို့ ဖော်ပြပေးလိုက်ပါ တယ်။
  • Thu 13 Oct 2016 - 21:27
    ကိုယ်ဝန်ဆောင်ချိန်အတွင်း စိတ်ဓာတ်ကျခြင်းကြောင့် မိခင် နှင့်ကလေး နှစ်ဦးစလုံးကို ထိခိုက်စေနိုင်သည်။ ကိုယ်ဝန်ဆောင်ချိန်အတွင်း ဟော်မုန်းပြောင်းလဲမှုများကြောင့် အမျိုးသမီးများ စိတ်ခံစားချက်ဆိုင်ရာ အပြောင်းအလဲများနိုင်ပြီး ယင်းအခြေအနေက စိတ်ဓာတ်ကျခြင်းကို ဖြေရှင်းရန် ခက်ခဲလာစေသည်။
  • Wed 12 Oct 2016 - 21:05
    ဆယ်ကျော်သက်အရွယ်တွင် ဆေးခြောက်အသုံးပြုမှုကြောင့် ထိခိုက်ပျက်စီးမှု ပိုဖြစ်နိုင်ကြောင်း ကနေဒါနိုင်ငံ အနောက်ပိုင်း တက္ကသိုလ်မှ သုတေသီများ၏ လေ့လာမှုတစ်ခုက ဖော်ပြသည်။ ဆေးခြောက်ကို စောစောအသုံးပြုခြင်းကြောင့် စဉ်းစားတွေး တောမှုဆိုင်ရာ မှတ်ဉာဏ်လုပ်ဆောင်ချက် မူမမှန်ဖြစ်မှုနှင့် ဉာဏ် ရည်နည်းပါးနိုင်မှုအန္တရာယ် မြင့်မားကြောင်း သုတေသီများ လေ့လာ တွေ့ရှိခဲ့သည်။
  • Wed 12 Oct 2016 - 11:08
    အများယူဆထားသော ပုံစံများနှင့် ကွဲပြားစွာပင် ဝင်ငွေနည်းပါးသော မိသားစုမှ ဖခင်အများစုသည် ၎င်း တို့၏ ကလေးများ အရေးကိစ္စများ အပေါ် စိတ်ဝင်စားပြီး ပါဝင်ပတ် သက်မှုရှိကြသည်ဟု လေ့လာမှု အသစ်တစ်ရပ်က ဖော်ပြသည်။
  • Wed 12 Oct 2016 - 11:07
    မြန်မာနိုင်ငံတွင် ကင်ဆာဝေဒနာ သည်များ၏ နာကျင်မှုဝေဒနာကို သက်သာစေသော ဖော်ဖင်းဆေး ၀ါးအသုံးပြုမှုသည် အရှေ့တောင် အာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးပြီး အနီအဆင့် သာရှိကြောင်း Asean Pain Society ဥက္ကဋ္ဌပါမောက္ခ ဒေါက်တာ မြင့်သောင်းက ဆိုသည်။
  • Wed 12 Oct 2016 - 11:06
    လှိုင်သာယာမြို့နယ်တွင် ကုသ ပေးခြင်းပါဝင်သည့် ပြည်သူလူထုအခြေပြုစိတ်ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Wed 12 Oct 2016 - 11:05
    ခွေးကိုက်ခံရသည့်ဒဏ်ရာကို ဆပ်ပြာနှင့်ရေအသုံးပြု၍ ဆေးကြောခြင်းသည် ခွေးရူးပြန်ရောဂါမဖြစ်ပွားစေရန် ၄၀ ရာခိုင်နှုန်းကာကွယ်နိုင်ကြောင်း ရန်ကုန်ဆေးတက္ကသိုလ်(၂)ဆေးပညာဌာနမှ ပါမောက္ခဒေါက်တာ နန်းဖြူဖြူအောင်က ပြောသည်။ ‘‘ခွေးကိုက်ခံရတဲ့အနာကို ဆေးရုံမရောက်ခင်မှာ ကိုယ့်ဘာသာကိုယ်လုပ်နိုင်ပါတယ်။ ဆပ် ပြာနဲ့ရေရှိရင်ပြီးပါတယ်။ ၄၀ ရာခိုင်နှုန်းလောက်က ခွေးရူးရောဂါမ ဖြစ်အောင်ကာကွယ်နိုင်တယ်’’ဟု ၎င်းက ပြောသည်။ ကျန်းမာရေးဌာနသို့ မ ရောက်မီ အကိုက်ခံထားရသည့် ဒဏ်ရာကို ဆပ်ပြာနှင့်ရေဖြင့် ၁၅ မိနစ်ခန့် သန့်စင်အောင် ဆေး ကြောပေးခြင်း၊ထို့နောက် အရက် ပြန် (သို့မဟုတ်) Tincture Iodine ဆေးရည်ဖြင့် ဆေးကြောခြင်းနှင့် အနာကိုချုပ်ရန် လိုအပ်ပါက ပဋိဇီဝအား အမြန်တက်စေသော ဆေး အင်မျူနိုဂလိုဘလင် (Immunoglobulin) ထိုးပြီး နာရီ အနည်းငယ်ကြာမှသာ ချုပ်ခြင်းတို့ ပြုလုပ်ပေးရမည်ဖြစ်သည်။
  • Wed 12 Oct 2016 - 10:34
    လူ့အသိုင်းအ၀ိုင်းအတွင်း စိတ်ရောဂါရှိသည်ဆိုသည့်အသံကြားပါက သင်၏ မျက်စိထဲတွင် စိတ်မနှံ့သူ၊ လမ်းပေါ်၌ ထင်သလို လျှောက်သွားနေသူ၊ တစ်ခါတစ်ရံ ပတ်ဝန်းကျင်အား အနှောင့်အယှက်ပေးတတ်သူနှင့် စိတ်ရောဂါကုဆေးရုံ၌ သံတိုင်များ၏နောက်ကွယ်တွင် ပိတ်လှောင်ခံထားရသူ တစ်ဦးဦးကိုသာ ပြေးမြင်တတ်ကြမည်ဖြစ်သည်။ သို့သော် အထက်ပါလက္ခဏာများရှိသည့် စိတ်ရောဂါမျိုးသည် လူတစ်ရာလျှင်တစ်ဦးနှုန်းသာဖြစ်တတ်သော ရောဂါမျိုးဖြစ်ပြီးမသိသာ၊ မမြင်သာသော အခြားစိတ်ရောဂါအမျိုးအစားဖြစ်ပွားသူများသည်ကို သိသူနည်းပါးသည်။ ၎င်းတို့သည်  အထက်ပါလက္ခဏာများမပြကြသဖြင့် လူများကမသိရှိကြခြင်းပင်။
  • Mon 10 Oct 2016 - 21:51
    ကမ္ဘာလုံးဆိုင်ရာ ခန့်မှန်းချက်တစ်ခုအရ ကလေးငယ်များကိုယ် အလေးချိန် ပိုများနေသော လက်ရှိအခြေအနေကို မည်သည့်ကြား ၀င်ဖြေရှင်းရေးမူဝါဒကမျှ ထိထိရောက်ရောက်ပြောင်းလဲမပစ်နိုင်ပါ က ၂၀၂၅ တွင် အသက် (၅)နှစ်မှ (၁၇)နှစ်အရွယ် ကလေးငယ် ၂၆၈ သန်းအထိ ကိုယ်အလေးချိန် ပိုများလာမည်ဖြစ်ကြောင်း သု တေသီများက ပြောကြားသည်။

Pages

Subscribe to Health