Health

  • Thu 05 Jan 2017 - 21:18
    ကလေးငယ်၏ လက်ချောင်းများနှင့် လက်များ၏ လှုပ်ရှားမှု နှေးကွေးနေခြင်း၊ အခြားလူများနှင့် ဆက်ဆံနိုင်စွမ်းနှင့် အပြန်အလှန်ဆက်ဆံမှုစွမ်းရည်အပြင် ပြဿနာဖြေရှင်းနိုင်သည့် စွမ်းရည်များ နှောင့်နှေးကြန့်ကြာနေခြင်းမှာ မိဘများအ၀လွန်ခြင်းကြောင့်ဖြစ်သည်ဟု သုတေသီများက ပြောသည်။ ကျန်းမာရေးနှင့် ဆက်စပ်သော ပြဿနာများအပြင် အ၀လွန်မိခင်များမှ မွေးလာသော ကလေးများသည် သေးငယ်သောကြွက်သားများလှုပ်ရှားမှုကို ထိန်းသိမ်းနိုင်သော စွမ်းရည်စမ်းသပ်မှုတွင် ကျရှုံးရန် ၇၀ ရာခိုင်နှုန်းပိုများကြောင်း လေ့လာမှုကဖော်ပြသည်။
  • Wed 04 Jan 2017 - 22:07
    ကိုယ်ဝန်သက်တမ်း တတိယသုံးလပတ်အတွင်း အိုမီဂါ-၃ ဖက်တီးအက်စစ်များ ဖြည့်စွက်သောက်သုံးသော မိခင်လောင်းများ သည် ၎င်းတို့ကလေး အသက် (၅) နှစ်အရွယ်တွင် ပန်းနာရင်ကျပ် ရောဂါဖြစ်နိုင်သည့် အန္တရာယ်ကို လျော့ကျစေနိုင်ကြောင်း လေ့လာ မှုတစ်ခုက ဖော်ပြသည်။ ကိုယ်ဝန်သက်တမ်း တတိယသုံးလပတ်အတွင်း အိုမီဂါ-၃ ဖြည့်စွက်အားဆေး ၂ ဒသမ ၄ ဂရမ်စီ ပုံမှန်သောက်သုံးခြင်းဖြင့် ၎င်း တို့ မွေးလာသော ကလေးငယ်များတွင် ပန်းနာရောဂါ ဖြစ်ပွားနိုင် သည့် အန္တရာယ်ကို ၃၁ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ကြောင်း New England Journal of Medicine ဂျာနယ်တွင် ဖော်ပြထား သော လေ့လာမှုအရ သိရသည်။
  • Wed 04 Jan 2017 - 14:19
    မိခင်သေဆုံး နှုန်းကျဆင်းရေးအပါအဝင် ဆယ်ကျော်သက်မျိုးဆက်ပွားစောင့်ရှောက်မှုအစီအစဉ်များ ကို ရေရှည်စီမံကိန်းရေးဆွဲ၍ ဆောင်ရွက်နေကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းရရှိသည်။ ထိုကဲ့သို့ ဆောင်ရွက်ရခြင်း သည် မြန်မာနိုင်ငံတွင် မိခင်သေဆုံးနှုန်း ကျဆင်းစေရန်နှင့် သားပျက် သားလျှောဖြစ်ပွားနှုန်းကျဆင်းစေ ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြည်သူ့ကျန်းမာရေးဌာန၊ မိခင်နှင့် မျိုးဆက်ပွားဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာလှမြတ်သွေးဣန္ဒြာက ပြောသည်။
  • Wed 04 Jan 2017 - 12:00
    ရန်ကုန်တိုင်းအတွင်း တီဘီနှင့် ဆေးယဉ်ပါးရောဂါရှာဖွေရေးစက်၁၂ လုံးဖြင့် လူနာများကို ရောဂါအခမဲ့ရှာဖွေဖော်ထုတ် ကုသပေးမည်ဟု သတင်းရရှိသည်။ တစ်နိုင်ငံလုံးတွင်  ရန်ကုန်တိုင်းသည် လူဦးရေထူထပ်ခြင်းနှင့် ရွှေ့ပြောင်းသွားလာမှုများပြားခြင်းတို့ကြောင့် တီဘီရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ပွားနေသကဲ့သို့ ဆေးယဉ်ပါး တီဘီဖြစ်ပွားမှုမှာလည်း အခြားတိုင်းနှင့် ပြည်နယ်များတွင် ၅ ရာခိုင်နှုန်းသာရှိနေသော်လည်း  ရန်ကုန်တိုင်းတွင် ၁၁ ရာခိုင်နှုန်းထိရှိနေသည်။ ထို့ကြောင့် ယခုကဲ့သို့ စက်များတပ်ဆင်၍ ရောဂါရှာဖွေမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တီဘီရောဂါကုဆရာဝန်ကြီးဒေါက်တာ ဇော်မြင့်က ပြောသည်။
  • Wed 04 Jan 2017 - 11:58
    အသက်ရှည်သူဦးရေများလာသဖြင့် သတိမေ့ရောဂါများ ပိုမိုဖြစ်ပွားလာကြောင်း ရန်ကုန်မြို့ရှိ စိတ်ရောဂါကုဆရာဝန်ကြီးများထံမှ သိရှိရသည်။ ‘‘လူတွေ အသက်ရှည်လာ တယ်။ ဥပမာ အသက် (၆၀) မတိုင်ခင် သေသွားမယ်ဆိုရင် နဂိုဒီရောဂါရဲ့ ဗီဇပါလည်း ဒီရောဂါ မရှိဘူး။ သူက အသက် (၆၀)၊ (၇၀)၊ (၁၀၀) နေလိုက်ရင် အဲဒီလို ဖြစ်လာမှာကိုး။ အသက်ပိုကြီးလာ လေလေ အဲဒီရောဂါတွေက ပိုများ လာလေလေပေါ့’’ဟု စိတ်ရောဂါ ကုဆရာဝန်ကြီး ပါမောက္ခဦးတင် ဦးက ပြောသည်။
  • Tue 03 Jan 2017 - 00:52
    ငါအရက်သမားတစ်ဦးဖြစ်နေပြီလားဆိုသော မေးခွန်းကို သင့် ကိုယ်သင်မေးမြန်းဖူးပါသလား၊ သင်တစ်ဦးတည်းမဟုတ်ခြင်းမှာ သေချာသလောက်ဖြစ်နိုင်ပါသည်။ တစ်ညလျှင် ဘီယာပျော့ပျော့ တစ်ခွက်သောက်လေ့ရှိသူများအပြင် သောက်ခဲလှသူများနှင့် မင်္ဂလာဆောင် (သို့မဟုတ်) မိတ်ဆွေများနှင့်စု၍ အလွန်အကျွံသောက်လေ့ ရှိသူများလည်း ယင်းမေးခွန်းနှင့်ပတ်သက်၍ သိရှိလိုကြသည်။ ယင်း အုပ်စုများထဲက တစ်စုံတစ်ဦးသည် အရက်သမားဖြစ်သွားနိုင်သည် (သို့မဟုတ်) မဖြစ်နိုင်ပေ။
  • Sun 01 Jan 2017 - 23:33
    ခန္ဓာကိုယ်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုသို့ သွေးစီး ဆင်းမှု ရပ်တန့်သွားပါက လေဖြတ်နိုင်သည်။ လေဖြတ်သူတစ်ဦး၏ ဦးနှောက်ဆဲလ်များ အလုပ်လုပ်ရန် လိုအပ်သော အောက်ဆီဂျင်ဓာတ်ကို မရရှိဖြစ်နိုင်သောကြောင့် ဦး နှောက်ပျက်စီးမှုဖြစ်ပေါ်နိုင်သည်။
  • Sat 31 Dec 2016 - 23:53
    ကိုယ်ဝန်ဆောင်ချိန်အတွင်း ဆေးလိပ်သောက်သော အမျိုးသမီးများသည် ဆေးလိပ်မသောက်သော အမျိုးသမီးများထက် ကျောက်ကပ်ပျက်စီးသည့် ကလေး မွေးဖွားနိုင်ခြေ ပိုများကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။ ကိုယ်ဝန်ဆောင်ချိန်ဆေးလိပ်သောက်ခြင်းကြောင့် လမစေ့ဘဲ မွေးခြင်း၊ ကိုယ်အလေးချိန်လျော့သော ကလေးများ မွေးဖွားခြင်းနှင့် မွေးဖွားချိန် ချွတ်ယွင်းမှုများ ဖြစ်ပေါ်ခြင်းတို့နှင့် ဆက်စပ်နေသည်။ လက်ရှိလေ့လာမှုအရ ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်သောက်ခြင်း ကြောင့် ရင်သွေး၏ ခန္ဓာကိုယ် အင်္ဂါများ ပျက်စီးနိုင်ပြီး အထူးသဖြင့် ကျောက်ကပ်ပျက်စီးနိုင်ကြောင်း သိရသည်။
  • Fri 30 Dec 2016 - 23:05
    ခန္ဓာကိုယ်ဇီဝဖြစ်စဉ် အားကောင်းစေရန် လိုအပ်သော အာ ဟာရဓာတ်များကို လုံလုံလောက်လောက် စားသောက်ရန် လို သည်။ ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ် အများအပြားရှိပြီး ကယ်လ်စီယမ်သည် အရိုးများ သန်မာရေးအ တွက် အရေးကြီးကာ အိုမီဂါ-၃ ဖက်တီးအက်စစ်မှာ အလုံးစုံကျန်း မာရေးအတွက် အရေးကြီးသော အာဟာရဓာတ်ဖြစ်သည်။
  • Thu 29 Dec 2016 - 23:26
    အရွယ်တင်နုပျိုချင်နေတဲ့ခေတ်မှာ ရှိရင်းစွဲအသက်ထက် ပိုပြီးရင့်နေ၊ အရွယ်ကျနေတာမျိုးဟာ အစား အသောက်တွေနဲ့လည်း ဆိုင်တာမို့ ဘာတွေစားရင် အိုမင်းရင့်ရော်မှု စောစေသလဲဆိုတာ လေ့လာ ကြည့်ရအောင်ပါ။
  • Thu 29 Dec 2016 - 23:25
    လိမ္မော်ရောင်ရှိပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ ဗီတာမင်အေ ကြွယ်ဝတဲ့ ဖရုံသီးဟာ အမြင်အာရုံကောင်းစေခြင်း၊ အသားအရေ ကောင်းစေခြင်းတွေနဲ့ ပြည့်စုံစေပါတယ်။ ဟင်းလျာအဖြစ် စားသောက်ဖို့သာမက အလှအပအတွက်ပါ ဘယ်လိုသုံးစွဲသင့်တယ်ဆိုတာ ဖော်ပြပေးချင်ပါ တယ်။
  • Thu 29 Dec 2016 - 21:28
    အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ဒူးနာသည့် ဒဏ်ကို လူအများခံစားရလေ့ရှိသည်။ ဟားဗတ်ဆေးတက္ကသိုလ်မှ သုတေသီ များ၏ ဖော်ပြချက်အရ လူတစ်ဦးလမ်းလျှောက်ချိန်တွင် ဒူးကို အား ပြုမှုသည် ခန္ဓာကိုယ်အလေးချိန်၏ တစ်ဆခွဲအထိရှိကြောင်း သိရ သည်။ ဥပမာပေါင် ၁၄၀ လေးသော အမျိုးသမီးတစ်ဦးသည် ခြေလှမ်းတိုင်းတွင် ၎င်း၏ ဒူးအပေါ်ဖိအား ပေါင် ၂၁၀ အထိ သက်ရောက်စေသည်။ လှေကားအတက်အဆင်းပြုလုပ်ရာတွင် ခန္ဓာကိုယ်အလေးချိန် ၏ နှစ်ဆမှ သုံးဆအထိ ဒူးကို အားပြုရသည်။ ယင်းကဲ့သို့အားပြုရ များသောကြောင့် ဒူးနာကျင်မှုနှင့် ကြုံတွေ့ရခြင်းမှာ အံ့သြစရာကိစ္စမဟုတ်ပေ။ အရိုးအဆစ်များ ကျန်းမာရေးအတွက် ဦးစွာပထမကျန်းမာရေး နှင့်ညီညွတ်သော ကိုယ်အလေးချိန်ကိုထိန်းထားရန်လိုသည်။ခန္ဓာကိုယ် အလေးချိန်ပိုလာသည်နှင့် ဒူးများအပေါ် ဖိအားပိုများလာ မည်ဖြစ်သည်။
  • Wed 28 Dec 2016 - 21:07
    အပန်းဖြေ ဆေးခြောက်သုံးစွဲခြင်းကို တရားဝင်ခွင့်ပြု လိုက်သော ပြည်နယ်များသည် ဆေးခြောက်က အန္တရာယ်ကင်း သည်ဟု ဆယ်ကျော်သက်များအား သတင်းစကား ပါးနေခြင်းဖြစ်သည်ဟု လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။ ၀ါရှင်တန်နှင့် ကော်လိုရာဒိုပြည်နယ်တို့တွင် ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ပြုပြီး နောက်ပိုင်း ယင်းပြည်နယ်မှ ဆယ်ကျော် သက်များသည် ဆေးခြောက်ကြောင့် ကျန်းမာရေး ထိခိုက်နိုင်သည် ဟု ယူဆမှုနည်းလာကြောင်း သုတေသီများက ဖော်ပြသည်။
  • Wed 28 Dec 2016 - 10:48
    မြောက်ဥက္ကလာပမြို့နယ်အတွင်း ဇီကာဗိုင်းရပ်စ်ရောဂါဖြစ်ပွားသည့် လူနာတွေ့ရှိသည်ဟူသော သတင်း မဟုတ်မှန်ကြောင်း နေပြည်တော်ပြည်သူ့ကျန်းမာရေး  ဦးစီးဌာနဒုတိယ  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ  သန်းထွန်းအောင်က ပြောသည်။
  • Wed 28 Dec 2016 - 10:47
    ရန်ကုန်မြို့ရှိ   လူဦးရေခြောက်သန်းကျော်တွင်  နှစ်သောင်းခွဲခန့်သည်တီဘီရောဂါပိုး ကူးစက်ခံထားရ သည်ကို သိပါသလား။ တိုင်းနှင့် ပြည်နယ်အားလုံးရှိ တီဘီရောဂါ ဖြစ်ပွားသူ စုစုပေါင်းလူနာဦးရေ၏ ငါးပုံတစ်ပုံခန့်က ရန်ကုန်တွင်ရှိနေ သည်။ ယင်းပမာဏသည် တိုင်းနှင့်ပြည်နယ်အသီးသီး၏ ဖြစ်ပွားမှု နှုန်းထက် ပိုမိုမြင့်မားနေကာ မြန်မာ နိုင်ငံတွင် ခြိမ်းခြောက်နေသော ဆေးယဉ်ပါး (ဆေးမတိုးသော) တီဘီဖြစ်ပွားနှုန်းမှာလည်း အခြား တိုင်းနှင့် ပြည်နယ်များနှင့် နှိုင်းယှဉ် လျှင် ရန်ကုန်တိုင်းက ဖြစ်ပွားနှုန်း နှစ်ဆခန့် ပိုမိုများပြားနေသည်။
  • Wed 28 Dec 2016 - 09:11
    မြန်မာပြည် အနောက်ပိုင်းရှိ လူ့အဖွဲ့အစည်း နှစ်ခုကြား ကွာဟမှုက မြန်မာသိ၊ ကမ္ဘာသိဖြစ်လာသည်။ ရခိုင်ပြည်နယ်ဟု ဆိုလိုက်သည်နှင့် သမိုင်းနှင့်ချီသည့် ထိလွယ်ရှလွယ် ပြဿနာများနှင့် အကြမ်းဖက်မှု၊ မယုံကြည်မှု သံသယများကသာ ထင်ထင်ရှားရှားရှိနေသည်။ ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးက မည်မျှခက်ခဲမည်ဆိုသည်ကို လုံခြုံရေးတာဝန် ထမ်းဆောင်သူများ၏ အသက်အန္တရာယ်ပင် ခြိမ်းခြောက်ထိပါးခံခဲ့ရသည့် အခြေအနေက သက်သေပြနေ၏။ ထို့ကြောင့်လည်း လူ့အဖွဲ့အစည်းနှစ်ခုကြား အပြန်အလှန် မေတ္တာတရားကို မြင်ရသည့်အကြောင်းအရာမျိုး ပြည်တွင်းမှာရော ပြည်ပမှာပါ မတွေ့ရပေ။
  • Wed 28 Dec 2016 - 09:01
    အနောက်တိုင်းဆေးဝါး ရောနှောပါဝင်နေသည့် အနန္တသုခဆီးချို၊ သွေးချိုကျဆေးကို စင်ကာပူနိုင်ငံတွင်နေထိုင်သော အသက် (၆၀)နှစ် အရွယ် အမျိုးသမီးတစ်ဦးသုံးစွဲမိရာမှ ဆေး၏ ဘေးထွက်ဆိုးကျိုးကြောင့် ဆေးရုံ၌ နှစ်ပတ်ခန့်ကြာကုသမှုခံယူခဲ့ရသည်။ ယင်းတိုင်းရင်းဆေး၌ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးရသော ဆီးချိုဆေး (Glibencl -amide) ပါဝင်ကြောင်း စင်ကာပူနိုင်ငံ ကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့က တွေ့ရှိခဲ့သည်။ ယင်းဆေးပါဝင်မှုသည် သွေးတွင်းသကြားဓာတ်အလွန် နိမ့်ကျသွားစေခြင်း၊ သွေးကစဥ့်ကလျား ရောဂါဖြစ်ပွားခြင်း အစရှိသည့်ဆိုးကျိုးများ ဖြစ်စေနိုင်သောကြောင့် သုံးစွဲခြင်းမပြုရန် စင်ကာပူကျန်းမာရေး သိပ္ပံအာဏာပိုင်အဖွဲ့က သတိပေးထားသည်။
  • Mon 26 Dec 2016 - 21:22
    Bipolar Disorder ခေါ် စိတ်အတက်အကျမြန်ခြင်းသည် ကြီး ကောင်ဝင်စအရွယ်တွင် စတင်ဖြစ်ပေါ်လေ့ရှိပြီး တစ်သက်လုံးဖြစ် ပေါ်နိုင်သည်။ ဖြစ်ပွားရသည့်အကြောင်းရင်းကို မသိရသော်လည်း မျိုးရိုးလိုက်ဖြစ်တတ်ကြောင်း အထောက်အထားအချို့တွေ့ရသည်။
  • Sun 25 Dec 2016 - 22:06
    Menorrhagia ဟုခေါ်သော ဓမ္မတာလာချိန်သွေးအလွန်အ ကျွံဆင်းခြင်းသည် အမျိုးသမီးတစ်ဦး၏ သာမန်လုပ်ငန်းများကို အနှောင့်အယှက်ဖြစ်ပြီး နှစ်စဉ် အမေရိကန်နိုင်ငံရှိ အမျိုးသမီးပေါင်း သန်း ၁၀၀ ကျော်အထိ ကြုံတွေ့နေကြရသည်။ ယင်းကဲ့သို့ ဓမ္မတာလာချိန်တွင် သွေးအလွန်အကျွံဆင်းခြင်း ကြောင့် သွေးအားနည်းနိုင်ပြီး မောပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခန်းခြင်းနှင့် အသက်ရှူရခက်ခဲခြင်းတို့ ကြုံတွေ့နိုင်သည်။ ယင်းအခြေအနေ၏ ရှုပ်ထွေးမှုများတွင် သံဓာတ်ချို့တဲ့သော သွေးအားနည်းခြင်းနှင့် ပြင်းထန်သောနာကျင်မှုဝေဒနာ ခံစားရခြင်းတို့ပါဝင်သည်။
  • Sat 24 Dec 2016 - 21:42
    ခဲဓာတ်သည် ပတ်ဝန်းကျင်တွင် သဘာဝအလျောက် ဖြစ်ပေါ်လေ့ရှိ သော်လည်း များပြားသောပမာဏကြောင့် လူ့ခန္ဓာကိုယ်အင်္ဂါ အား လုံးနီးပါးကို အန္တရာယ်ဖြစ်စေနိုင်သည်။ အမေရိကန် အစားအစာနှင့်ဆေးဝါးစီမံကွပ်ကဲရေးအဖွဲ့(FDA) က နှုတ်ခမ်းနီများနှင့် မျက်တောင်ဆိုးဆေးများမှနေ၍ ခေါင်းလျှော် ရည်များအထိ အလှပြင်ပစ္စည်းများတွင် အသုံးပြုထားသော ခဲဓာတ် ပါဝင်မှုပမာဏကို ထိန်းချုပ်ရန်စီစဉ်နေသည်။

Pages

Subscribe to Health