Health

  • Wed 15 Mar 2017 - 22:47
    ဆံပင်ဆေးဆိုးခြင်း (သို့မဟုတ်) ဟော်မုန်းပါဝင်သော သန္ဓေ တားဆေးများ သုံးခြင်းကြောင့် ရင်သားကင်ဆာရောဂါ ဖြစ်ပွားနိုင် ခြေ မြင့်မားသဖြင့် အမျိုးသမီးများ သတိပြုသင့်သည်ဟု သုတေသီ များက ပြောသည်။ ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီတက္ကသိုလ်ရှိ သုတေသီများက ဟော်မုန်းပါဝင်သော သန္ဓေတားဆေးများသုံးခြင်း၊ ဆံပင်ဆိုးဆေး များ အသုံးပြုခြင်းတို့ကြောင့် ရင်သားကင်ဆာရောဂါဖြစ်ပွားမှုကြား ဆက်စပ်ပုံကိုလေ့လာခဲ့ကြသည်။
  • Wed 15 Mar 2017 - 12:34
    ဆီးချိုရောဂါမဖြစ်ပွားစေရန် အချိုဓာတ်ပါဝင်မှုများသော အစားအစာများကို အခွန်မြှင့်တင် ကောက်ခံရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အကြံပြုပြောကြားသည်။
  • Mon 13 Mar 2017 - 22:23
    ကင်ဆာရောဂါသည် ကမ္ဘာတစ်ဝန်း အသက်သေဆုံးမှုအဖြစ် စေနိုင်ဆုံးရောဂါများအနက် တစ်ခုဖြစ်ပြီး ကင်ဆာရောဂါသည် အ ရေအတွက်မှာလည်း  ပိုများလာမည်ဟု မျှော်လင့်ရသည်။ ကင်ဆာရောဂါအတွက် ကုသနည်းအများအပြားရှိသော်လည်း ကုသနည်းအများစုသည် အဆိပ်အတောက်ဖြစ်စေကာ ပြင်းထန် သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေသည်။ ကင်ဆာဆဲလ်များကြီးထွားလာမှုအပေါ် သဘာဝအတိုင်းဖြစ် သော ဗီတာမင်စီ၏ အကျိုးသက်ရောက်မှုကို သုတေသီများက လေ့ လာထားသည်။
  • Sun 12 Mar 2017 - 23:40
    ဆံကေသာဆုံးရှုံးခြင်းကြောင့် ဆံပင်ပေါက်စေရန် (သို့မဟုတ်) ဆီးကျိတ်ရောင်ခြင်းတို့အတွက် ဆေးဝါးသုံးစွဲရသော အမျိုးသားများ သည် လိင်မှုပြဿနာများကြုံတွေ့နိုင်ပြီး ယင်းဆေးဝါးများ အသုံးပြုမှု ရပ်တန့်လိုက်ပြီးနောက်မှာပင် ယင်းပြဿနာများ ကြာမြင့်စွာ ကြုံတွေ့ရနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။ Proscar နှင့် Propecia ဟုခေါ်သော ဆံသားဆုံးရှုံးမှုအတွက် သုံးစွဲရသည့် ဆေးဝါးများနှင့် Avodert ဟုခေါ်သော ဆေးဝါးများ တွင်ပါဝင်သော ဓာတ်များကြောင့် အမျိုးသားများ လိင်အင်္ဂါသန်စွမ်း မှုဆိုင်ရာ ပြဿနာများ ကြုံတွေ့နိုင်သည်။ ယင်းအန္တရာယ်သည် ဆေးဝါးအသုံးပြုမှုများတွင် ပိုမိုမြင့်မားကြောင်း သုတေသီများက ပြောသည်။
  • Sat 11 Mar 2017 - 22:43
    အ၀လွန်ခြင်းကို ပြင်းထန်သော ကျန်းမာရေးပြဿနာတစ်ခုဟု မှတ်ယူလေ့မရှိသော်လည်း ယင်းမှာ အ၀လွန်သူများ ကြုံတွေ့နေရ သည့် လူနေမှုဘ၀ပုံစံဆိုင်ရာ ရောဂါများနှင့် ကျန်းမာရေး ရှုပ်ထွေးမှု များဖြစ်ရသည့် အဓိကအကြောင်းရင်းဖြစ်သည်။ ယနေ့ခေတ် ကြုံတွေ့နေရသော လူနေမှုဘ၀ပုံစံဆိုင်ရာရောဂါ များသည် အ၀လွန်ခြင်းကြောင့်ဖြစ်နိုင်သည်။ ယင်းရောဂါများ တွင် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးနှင့် ကိုလက်စထရောမြင့် မားခြင်း၊ အိပ်မရဖြစ်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ သည်းခြေအိတ် ရောဂါ၊ အဆစ်အမြစ်များ နာကျင်သောရောဂါ၊ ကင်ဆာရောဂါအ မျိုးမျိုး၊ စိတ်ပိုင်းဆိုင်ရာပြဿနာတို့ ပါဝင်သည်။ အဆိုးဆုံးမှာ အ၀ လွန်ခြင်းကြောင့် ကျောက်ကပ်များကို တိုက်ရိုက် (သို့မဟုတ်) သွယ် ၀ိုက်၍ ထိခိုက်ပျက်စီးစေနိုင်သည်။
  • Fri 10 Mar 2017 - 23:11
    ဆယ်ကျော်သက်အရွယ်များကြား စာမေးပွဲဖိအားနှင့် စွမ်း ဆောင်မှုကောင်းလိုသော ဖိအားများသည် စိတ်ဓာတ်ကျခြင်းနှင့် ကိုယ့်ကိုယ်ကိုယ်သတ်သေရန် စိတ်တိမ်းညွတ်ခြင်းများဖြစ်ပေါ်စေ သည့် အဓိကအကြောင်းရင်းများအနက် တစ်ခုဖြစ်ကြောင်း လေ့ လာမှုတစ်ရပ်အရ သိရသည်။ စိတ်ဓာတ်ကျခြင်းနှင့် စိတ်ဖိစီးခြင်းတို့သည် အရွယ်ရောက်ပြီးသူများသာ ကြုံတွေ့ရသော ပြဿနာများအဖြစ် အများက မှတ်ယူလေ့ရှိပြီး ကလေးများနှင့်မဆက်စပ်ဟု ထင်မှတ်ထားသည်။ သို့သော် လေ့လာမှုများအရ ကလေးများလည်း စိတ်ဓာတ်ကျနိုင်သောကြောင့် မိဘများအနေဖြင့် အလေးထားဖြေရှင်းရန် လိုအပ်ကြောင်း  သုတေသီများကပြောသည်။ အသက်(၆)နှစ်အရွယ်ထိငယ်သော ကလေးများပင် စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် မိဘများသည် ခါးသီးသော အမှန်တရားကို ရင်ဆိုင်ဖြေရှင်းရန်လိုသည်။
  • Thu 09 Mar 2017 - 23:41
    မီးဖိုချောင်ထဲက မရှိမဖြစ် တဲ့အရာတွေထဲမှာ အသားငါး၊ ဟင်းသီးဟင်းရွက်နဲ့ မုန့်တွေ၊ အသီးတွေ တင်လှီးတဲ့ စဉ်းတီတုံး တွေပါဝင်ပြီး အဲဒီပစ္စည်းနဲ့ပတ် သက်လို့ သိဖို့လိုတာလေးတွေကို မျှဝေပေးလိုက်ပါတယ်။
  • Thu 09 Mar 2017 - 23:40
    မနက်အိပ်ရာထချိန်မှာ လန်းဆန်း တက်ကြွနေမယ့်အစား ပင်ပန်းနွမ်းနယ်ပြီး မျက်စိတွေမဖွင့်ချင် လောက်အောင်    ဖြစ်ရတဲ့အ ကြောင်းရင်းတချို့ကို သိထားရ အောင်လို့ ဖော်ပြပေးလိုက်ပါ တယ်။
  • Thu 09 Mar 2017 - 21:20
    လွန်ခဲ့သော နှစ်ပေါင်း ၃၀ က ကမ္ဘာတစ်ဝန်း ကိုယ်အလေးချိန် ပိုများသော၊ အ၀လွန်သော အရွယ်ရောက်ပြီးသူ အရေအတွက်ပို များလာခဲ့သော်လည်း ပိုနေသော ကိုယ်အလေးချိန်ကို လျှော့ချရန် ကြိုးစားသူ နည်းပါးကြောင်း JAMA ဂျာနယ်တွင် ဖော်ပြထားသည့် လေ့လာမှုတစ်ခုအရ သိရသည်။ အမေရိကန်နိုင်ငံတွင် အရွယ်ရောက်ပြီးသူ သုံးပုံ နှစ်ပုံသည် သာမန်ထက်ကိုယ်အလေးချိန်ပိုများပြီး အ၀လွန်ဖြစ်နေကြသဖြင့် ၎င်းတို့သည် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုရောဂါနှင့် အခြားသော ပြင်းထန်သည့် ရောဂါများဖြစ်ပွားနိုင်သည့် အန္တရာယ်ပိုများသည်။
  • Wed 08 Mar 2017 - 21:52
    အနီရောင်ဝိုင်နှင့် သစ်သီးအချို့တွင် ပါဝင်သော ဒြပ်ပေါင်း တစ်မျိုးက အာရုံကြောများအား အသက်အရွယ်အိုမင်းရင့်ရော်ခြင်း ၏ မလိုလားအပ်သောထိခိုက်မှုများ အန္တရာယ်မှ ကာကွယ်နိုင်သည် ဟု လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။
  • Tue 07 Mar 2017 - 02:09
    ဆယ်ကျော်သက်အရွယ်နှင့် ကြီးကောင်ဝင်စအရွယ်တို့တွင် ကျန်းမာရေးနှင့်မညီသော စားသောက်မှုများကြောင့် အမျိုးသမီးများ သွေးမဆုံးမီ ရင်သားကင်ဆာဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားကြောင်း သုတေသနပြုချက်အသစ်တစ်ရပ်က ဖော်ပြသည်။
  • Sun 05 Mar 2017 - 23:47
    အများပြည်သူနေရာများတွင် ဆေးလိပ်သောက်ခြင်းကို တားမြစ်ပါက ကျန်းမာရေးဆိုးကျိုးများဖြစ်ပေါ်စေသော တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူမိခြင်းများ လျော့ကျစေရေး ထိရောက်သော တားမြစ်မှု ဖြစ်လာနိုင်ကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။ ယခုလေ့လာမှုက ဆေးလိပ်ငွေ့ကင်းစင်ရေး မူဝါဒများ၏ အ ကျိုးသက်ရောက်မှုကို ထောက်ပြထားသည်။
  • Sat 04 Mar 2017 - 22:15
    အထိုင်များလွန်းခြင်းကြောင့် နှလုံးနှင့်ခါးတစ်ဝိုက်အတွက် အခြေအနေဆိုးများ ဖြစ်ပေါ်စေကြောင်း လေ့လာမှုအသစ်တစ်ရပ် က ဖော်ပြသည်။ စားပွဲများဖြင့်ထိုင်၍ အလုပ်လုပ်ရသူများသည် ခါးအတိုင်း အတာ ပိုကြီးမားပြီး နှလုံးရောဂါဖြစ်ပွားနိုင်သည့်အန္တရာယ် မြင့်မားကြောင်း ဝါဝစ်တက္ကသိုလ်ရှိ သုတေသီများက လေ့လာတွေ့ ရှိခဲ့သည်။
  • Fri 03 Mar 2017 - 22:44
    အစာအိမ် အက်စစ်ဓာတ် လျော့ပါးစေသော ဆေးများကို အချိန် ကြာမြင့်စွာ သောက်သုံးခြင်းကြောင့် ကျောက်ကပ်ပျက်စီးခြင်း အပါအ၀င် ပြင်းထန်သော ကျောက်ကပ်ပြဿနာများ ဖြစ်ပွားနိုင်ကြောင်း အမေရိကန်သုတေသီများက သတိပေးထားသည်။ ရင်ပူရင်ဆာဖြစ်ခြင်းအတွက် အသုံးပြုရသောဆေးများကို အချိန်ကြာမြင့်စွာ သုံးစွဲခြင်းကြောင့် ပြင်းထန်သော ကျောက်ကပ်ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။ အစာမကြေဖြစ်ခြင်းကြောင့် အစာပြွန်ထဲသို့ အစာအိမ်မှ အက်စစ်ဓာတ်များ ပြန်ထွက်လာသည့် အခါ ရင်ဘတ်ပိုင်းပူလောင်ခြင်း အခြေအနေကို ရင်ပူရင်ဆာဖြစ် သည်ဟုခေါ်သည်။
  • Fri 03 Mar 2017 - 00:05
    လူအများစုသည် ၀မ်းချုပ်ခြင်းနှင့် ၀မ်းလျှောခြင်းတို့ကဲ့သို့ ၀မ်း ဗိုက်ပြဿနာများနှင့် ရင်းနှီးပြီးသားဖြစ်သည်။ ထို့အပြင် တစ်သက်တာတွင် တစ်ကြိမ်နှုန်းအစာအဆိပ်ဖြစ်ခြင်း (သို့မဟုတ်) အစာအိမ် ရောဂါပိုးဝင်ခြင်းကဲ့သို့ မသက်သာသော အတွေ့အကြုံနှင့်လည်း ကြုံတွေ့ကောင်းကြုံတွေ့ရမည်ဖြစ်သည်။ အူအတက်ပေါက်ခြင်းသည် များစွာကြုံခဲလှသော အခြေအနေ ဖြစ်ပြီး  ၅ ရာခိုင်နှုန်းလောက်သာ အူအတက်ပေါက်ခြင်းဖြစ်ပေါ် လေ့ရှိသည်။ အကယ်၍ ယင်း ၅ ရာခိုင်နှုန်းထဲတွင် ပါဝင်နေပါက တတ်နိုင်သမျှ အမြန်ဆုံးဆေးကုသမှုခံယူရန်လိုပြီး သို့မဟုတ် ပါက အသက်အန္တရာယ်ကြုံနိုင်သည်။
  • Wed 01 Mar 2017 - 23:15
    ကိုယ်ဝန်ဆောင်ပြီးနောက်ပိုင်း ကိုယ်အလေးချိန် ဆက်လက် မြင့်တက်နေခြင်းမှာ ကိုယ်ဝန်ဆောင်ရခြင်း သက်သက်ကြောင့် မဟုတ်ဘဲ မီးဖွားပြီးနောက် ရွေးချယ်သော လူနေမှုဘ၀ပုံစံများ ကြောင့်ဖြစ်ကြောင်း သုတေသီများကပြောသည်။ မိခင်များသည် ၎င်းတို့ ကလေးစားမကုန်သော အစားအ သောက်များကို စားပစ်ခြင်းနှင့် အချိန်အကြာကြီး ထိုင်ခြင်းတို့ ကြောင့် ကိုယ်အလေးချိန် ပိုများလာခြင်းဖြစ်ကြောင်း သုတေသီများကပြောသည်။
  • Tue 28 Feb 2017 - 18:49
     မြန်မာနိုင်ငံအစားအ သောက်နှင့် ဆေးဝါးကွပ်ကဲမှု ဗဟိုဌာန (FDA)၏ အဏုဇီဝဓာတ်ခွဲခန်းသည် ဇွန်လတွင် ကမ္ဘာ့အသိ အမှတ်ပြုဖြစ်လာတော့မည်ဟု FDA ညွှန်ကြားရေးမှူးချုပ် ဒေါက် တာ သန်းထွဋ်က ပြောသည်။ FDA သည် ဓာတ်ခွဲခန်းများ ကို အဆင့်မြှင့်တင်ပြုပြင်ပြီး နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရရှိရန် ၂၀၁၄ က စတင် ဆောင်ရွက်ခဲ့ကာ  နိုင်ငံတကာပညာရှင်များထံမှ အကူအညီများရယူ ၍ စီမံကိန်းများရေးဆွဲ ပြီး ၂၀၁၇ ၌ အသိအမှတ်ပြုမှု ရရှိရန် ဆောင်ရွက်ခဲ့သည်။
  • Tue 28 Feb 2017 - 00:37
    ကလေးများသည် မွေးဖွားပြီးနောက် ပထမရက် ၁,၀၀၀ အတွင်း အရွယ်ရောက်ပြီးသူများထက် အာဟာရဓာတ်ငါးဆပိုလိုအပ်ပြီး အ ကယ်၍ မရရှိပါက ပြန်မကောင်းနိုင်သော စဉ်းစားတွေးခေါ်မှုဆိုင် ရာ ဉာဏ်ရည်ထိခိုက်မှုဆီ ဦးတည်သွားနိုင်ကြောင်း ဆရာဝန်များက ပြောကြားသည်။ သံဓာတ်သည် ကလေးငယ်များ အရေးတကြီးလိုအပ်သော အာဟာရဓာတ်များအနက် တစ်ခုဖြစ်ပြီး သွေးနီဥများ ထုတ်လုပ်ရန်သာ မဟုတ်ဘဲ ဦးနှောက်ဖွံ့ဖြိုးရန် အရေးကြီးသော အာဟာရဓာတ်ဖြစ် သည်။
  • Sun 26 Feb 2017 - 22:05
    Thorax ဂျာနယ်တွင် ယခုသီတင်းပတ်အတွင်း ဖော်ပြထား သည့် လေ့လာမှုတစ်ခု၌ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ ပမာဏများပြားစွာ စားသုံးခြင်းနှင့် အဆုတ်ကျန်းမာရေးတို့ကြား ဆက်စပ်မှုရှိကြောင်း ဖော်ပြထားကာ ယင်းအစားအစာများ စားသုံးခြင်းဖြင့် ယခင်ကနှင့် လက်ရှိဆေးလိပ်သောက်သူများတွင် ပြင်းထန်သော အဆုတ်လမ်းကြောင်းပိတ်ဆို့ရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ် လျော့ပါးစေကြောင်း ဖော်ပြထားသည်။ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ စားသုံးခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများကို ယခင်ကလေ့လာမှုများစွာတွင်လည်း ဖော်ပြထားသည်။
  • Sun 26 Feb 2017 - 22:02
    တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ငါးပိထဲတွင် ဆိုးဆေး ပါဝင်မှုပမာဏကို ၁၀ ရာခိုင်နှုန်းအောက်လျှော့ချမည်ဖြစ်ပြီး ဆိုးဆေးအသုံးပြုသော ကြိတ်စက်များကိုလည်း မကြာမီလိုင်စင်ပိတ်သိမ်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။  ငါးပိထဲတွင် ဆိုးဆေးပါဝင်မှုပမာဏသည် ၆၉ ဒသမ ၉  ရာခိုင်နှုန်းရှိသဖြင့် ယင်းကို ၂ နှစ်စီမံချက်ဖြင် ၁၀ ရာခိုင်နှုန်းအောက်ထိ လျှော့ချမည်ဖြစ်သည်။ ထို့အပြင် ဓာတုဆိုးဆေးအသုံးပြုသော ငါးပိကြိတ်စက်များ တွေ့ရှိပါက လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ပြည့်ဖြိုးကပြောသည်။

Pages

Subscribe to Health