Entertainment

ခေါင်းဆောင်မင်းသမီးဖြစ်လာတဲ့ ပိုပို

ရိုက်ကွင်းမှာတွေ့ရတဲ့ပိုပို (ဓာတ်ပုံ-ပိုပိုဖေ့ဘွတ်ခ်)

 ခေါင်းဆောင်မင်းသမီး အဖြစ် ပထမဆုံးရိုက်ကူးသော ဗီ ဒီယိုဇာတ်ကားတွင် Psycho (စိတ္တဇ)ဖြစ်နေသည့် မိန်းကလေး တစ်ဦးဇာတ်ရုပ်ဖြင့် သရုပ်ဆောင် ထားကြောင်း ပိုပိုကပြောသည်။

‘‘ပုံမှန်အပျော်အချစ်ဇာတ် လမ်းမျိုးမဟုတ်ဘဲ ဆိုက်ကိုဖြစ် နေတဲ့ပုံစံဆိုတော့ မျက်လုံးအက် တင်တွေက လုပ်ရတာခက်ပါ တယ်။ ဒါရိုက်တာကရပြီဆိုတဲ့အ ထိ ခဏခဏတော့ပြန်ရိုက်ပေးရ တယ်’’ ဟု၎င်းကပြောသည်။

ဒါရိုက်တာကျော်နှင်းဆီ ရိုက်ကူးသည့် ‘ဒိုင်ယာရီအသစ် အချစ်ကဆိုက်ကို’ ဇာတ်ကားတွင် မင်းသားထူးခြားနှင့်အတူ သရုပ် ဆောင်ပိုပိုက ခေါင်းဆောင်မင်း သမီးအဖြစ် ပါဝင်သရုပ်ဆောင် ထားသည်။

အဆိုပါဇာတ်ကားအတွက် အ၀တ်အစားအစုံ ၂၀ ကျော်ပြင် ဆင်ခဲ့ရပြီး ဖက်ရှင်ပိုင်းကိုသေချာ စဉ်းစား၍ ပြင်ဆင်ခဲ့ကြောင်း ၎င်းကဆိုသည်။

‘‘မြန်မာအင်္ကျီဝတ်တဲ့အချိန် မှာတော့ အခက်အခဲဖြစ်တယ်။ ကျောင်းမှာသွားရိုက်တာတွေ လည်း ပါတော့လက်ရှည်တွေဝတ် ရတယ်။ တက်တူးတွေပေါ်လို့မရ ဘူး။ အဲဒီတော့ ရွေးချယ်ရနည်း နည်းခက်တယ်။ အပြင်ပိုင်းမှာက တော့ ကိုယ်ကြိုက်တဲ့ဖက်ရှင်အ မိုက်စားတွေဝတ်ထားတယ်’’ ဟု ပိုပိုကပြောသည်။

ခေါင်းဆောင်အဖြစ်ရိုက်ကူး ရန် ဗီဒီယိုဇာတ်ကားတစ်ကား ထပ်မံလက်ခံထားပြီး ပါဝင်သရုပ် ဆောင်ရမည့် ဇာတ်ရုပ်သည် ပရိ သတ်များအံ့ဩမည့် ဇာတ်ရုပ် ဖြစ်မည်ဟု ၎င်းကပြောသည်။

လတ်တလောရုံတင်နေ သည့် ‘ကြောက် ကြောက် ကြောက်’ ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခြင်းကို ပရိသတ် အများစုက အပြုသဘောဆောင် သည့် မှတ်ချက်များပေးကြောင်း ၎င်းကဆိုသည်။

‘‘ဂီတကိုတော့ ပိုဦးစားပေး ဖြစ်မှာပါ။ အခုတောင် Piano (စန္ဒရား) ကောင်းကောင်းပြန် သင်နေတယ်။ လုပ်စရာတွေက တော့ အများကြီးရှိသေးတယ်။ နောက်ဇာတ်ကားမရိုက်ခင်မေ မြို့မှာ ဗီစီဒီရိုက်မယ်’’ ဟုရှေ့ ဆက်မည့်အနုပညာခရီးနှင့်ပတ် သက်၍ ပြောသည်။

ထို့အပြင် ၎င်းထံသီချင်းအပ် ထားသူများကို ရေးပေးရန် အ ကြွေးများရှိနေသည်ဟု ဆိုသည်။

‘‘ယောက်ျားလေးအဆို တော်တွေများတယ်။ ကိုစွမ်းဇာ နည်ကလည်း အပ်ထားတယ်။ မအားတော့ရေးမပေးနိုင်ဘူးဖြစ် နေတာ။ ဒီရက်ပိုင်းအတွင်းတော့ ရေးပေးဖြစ်တာ ကိုRဇာနည်တစ် ယောက်ပဲရေးပေးဖြစ်တယ်။ ကို မနောကိုလည်း ရေးပေးရဦးမယ်’’ ဟု ပိုပိုကပြောသည်။

နောက်ဆုံးထွက်ရှိထား သည့် ၎င်း၏စတုတ္ထမြောက် တစ်ကိုယ်တော် ‘Masterpiece’တေးစီးရီးလည်း အခြေအနေကောင်းပြီး အွန်လိုင်းမှ အိမ်အရောက်ပို့ စနစ်ဖြင့် ရောင်းချရာ အားပေးမှု များကြောင်း ၎င်းကဆိုသည်။

အင်စတာဂရမ်မှာ ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ စန္ဒီမြင့်လွင်ဓာတ်ပုံ

လွန်ခဲ့သည့်နှစ်ရက်ခန့် က လူမှုကွန်ရက်အင်စတာဂရမ် တွင် အဆိုတော်စန္ဒီမြင့်လွင်သည် ချစ်သူနှင့်အတူစားသောက်ဆိုင် တစ်ဆိုင်၌ ကြည်ကြည်နူးနူး မုန့် စားနေသည့်ပုံနှင့်အတူ Miss U ဟုရေးသားထားသည့်စာသားကို တင်ထားခဲ့သည်။

လွန်ခဲ့သည့်တစ်လခန့်က ၎င်း၏အချစ်ရေးနှင့်ပတ်သက်၍ 7Day Daily သတင်းစာကမေး မြန်းစဉ် ချစ်သူရှိပြီဖြစ်သော်လည်း အနုပညာအလုပ်ထဲတွင် စိတ် ရောကိုယ်ပါ  မြှုပ်နှံထားသဖြင့် အိမ်ထောင်ပြုသည့် အရွယ်သို့ ရောက်သော်လည်း ဘယ်အရာမျှ ကြိုပြော၍မရသဖြင့် မပြုဖြစ် သေးကောင်း စန္ဒီမြင့်လွင်က ဖြေ ကြားခဲ့သည်။

‘‘အချစ်ရေး၊အိမ်ထောင်ရေး ကတော့ ကံပါသလောက်ပေါ့။ ဖြစ်ချင်လည်းဖြစ်သွားမယ်။ ပြော လို့တော့မရသေးပါဘူး။ လက်ရှိ အချစ်ရေးကလည်း အဆင်ပြေပါ တယ်။ ချစ်သူလည်းရှိပါတယ်။ ချစ်သူကတော့ အပြင်ကပါ။ ချစ် သူသက်တမ်းကိုတော့ ဒီးဒီသိပ် အတိအကျ မပြောချင်သေးပါ ဘူး။ သေချာပြီဆိုပြောပါ့မယ်’’ ဟု ၎င်းကပြောသည်။

စန္ဒီမြင့်လွင် အသုံးပြုသည့် အင်စတာဂရမ်၌ ချစ်သူနှင့်နှစ်ဦး တည်းပုံကို ဩဂုတ် ၁၅ ရက်က တင်ခဲ့ပြီး ယခင်ကထိုသို့ နှစ် ယောက်တည်းပုံတင်ခြင်းမရှိဘဲ ၎င်း၏ချစ်သူအပါအ၀င် အခြား သော မိတ်ဆွေသူငယ်ချင်းများ နှင့်သာ တွဲဖက်၍အဖွဲ့လိုက်ပုံတင် ခြင်းများရှိခဲ့သည်။

ဩဂုတ် ၁၂ ရက်တွင် ကျ ရောက်သော ၎င်း၏မွေးနေ့၌ ‘Long Way 2 Go’ သီချင်း တစ်ပုဒ်ကို ပရိသတ်များအတွက် မွေးနေ့အမှတ်တရအဖြစ် အွန် လိုင်းပေါ် တင်ပေးခဲ့သည်။

လက်ရှိတွင် ညီမဖြစ်သူစိုး ပြည့်သဇင်နှင့်အတူ ကိတ်မုန့်ဖုတ် ပညာရပ် သင်ကြားနေပြီး ငါးခွေ မြောက်တေးအယ်လ်ဘမ်ကို ပြင် ဆင်နေကြောင်း စန္ဒီမြင့်လွင်က ပြောသည်။

တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်ဦးမယ့် တင်ဇာမော်

 ယခုနှစ် မွေးနေ့တွင် ဖြန့်ချိခဲ့သော Seven အခွေအမှတ်တရအဖြစ် အောက်တိုဘာ၌ အဆိုပါ အခွေအမည်ဖြင့် တစ် ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်ရန် အစီအစဉ်ရှိကြောင်း တင်ဇာမော် က ပြောသည်။

‘‘အစ်မ စက်တင်ဘာလဆန်း လောက် ပြန်ရောက်မယ်။ ပွဲက အောက်တိုဘာလဆန်းဆိုတော့ တစ်လကျော်ကျန်ပါတယ်။ တစ် လအတွင်း ပြင်စရာ၊ ဆင်စရာ တွေပြင်မယ်၊ ဆင်မယ်’’ဟု ၎င်း၏ မိသားစုရှိရာ လန်ဒန်မြို့သို့ ရောက်ရှိနေသော တင်ဇာမော်က ပြော သည်။

အဆိုပါ     ဖျော်ဖြေပွဲကို အောက်တိုဘာ ၇ ရက်တွင် ပြု လုပ်ရန်စီစဉ်ထားသည်။

‘‘ဒီအခွေ (Seven)ထဲက သီချင်းတွေ အတတ်နိုင်ဆုံး ပရိ သတ်ကိုဆိုပြဖို့၊ ပရိသတ်လည်း နားထောင်ဖို့ အဆင်ပြေဆုံးဖြစ် မယ့် သီချင်းမျိုးရွေးပြီးဆိုရမလား၊ အကုန်လုံးပဲဆိုရမလားဆိုတာ တစ်လအတွင်းမှာ သီချင်းတွေကို တိုက်ကြည့်ပြီး Band နဲ့ တိုင်ပင် မယ်၊ ညှိနှိုင်းမယ်’’ဟု တင်ဇာမော် က ပြောသည်။

ယခုတစ်ခေါက် မြန်မာပြည် အပြန်ခရီးစဉ်၌ ခင်ပွန်းဖြစ်သူ အားလပ်ရက်ရရှိပါက သမီးနှင့် အတူ တစ်ပတ်ခန့်လိုက်ပါရန် အစီအစဉ်ရှိသော်လည်း လက်ရှိတွင် မသေချာသေးကြောင်း ၎င်းက ဆိုသည်။

Seven တစ်ကိုယ်တော်စီးရီးအခွေကို အဆိုတော်တင်ဇာမော်က ပြီးခဲ့သည့်   ဖေဖော်ဝါရီအတွင်း ကျရောက်ခဲ့သည့် မွေးနေ့တွင် ဖြန့်ချိခဲ့သည်။

အဆိုပါအခွေတွင် အွန်လိုင်း၌ ဖြန့်ချိခဲ့သည့် ‘ဧည့်သည်’၊ ‘ကိုယ့်မွေးနေ့’ စသည့်သီချင်းများအပါ အဝင် စုစုပေါင်း သီချင်း ၁၀ ပုဒ် ပါဝင်ပြီး ပရိသတ်အားပေးမှုရရှိ ခဲ့သည်။

ချစ်သူကို အံ့အားသင့်ဖွယ် အစီအစဉ်နဲ့ ရုတ်တရက်လက်ထပ်ခွင့်တောင်းတဲ့ လင်းနစ်

ကိုးနှစ်ကျော်ကြာ လက် တွဲခဲ့သည့် ချစ်သူထံ ရုတ်တရက် အမှတ်မထင် လက်ထပ်ခွင့် တောင်းခံခဲ့ကြောင်း အဆိုတော် လင်းနစ်က ပြောသည်။

‘‘စင်ပေါ်မှာ သီချင်းတက်ဆို တော့ နောက်ဆုံးသီချင်းမှာ သူနဲ့ ကျွန်တော်ဆိုနေကျ သီချင်းလေး 'Let is be me' ကို ဆိုမယ်ဆိုပြီး သူ့ကိုခေါ်တာ။ သူကကြောက်ပြီး မလာဘူး။ ဒါပေမဲ့ သူငယ်ချင်း တွေကိုပြောထားတာ အဲဒီအချိန် ကျရင် တွန်းတင်လိုက်လို့။ အဲဒီ သီချင်းအလယ်ပိုဒ်မှာပဲ Surprise လုပ်လိုက်တာ’’ဟု လင်းနစ်က ပြောသည်။

လင်းနစ်သည် ဩဂုတ် ၁၅ ရက်ညက Yangon Yangon Bar တွင် ချစ်သူထံ လက်ထပ်ခွင့် တောင်းခံခဲ့ပြီး သူငယ်ချင်းများက မေတ္တာဖြင့် ပါဝင်ကူညီခဲ့သည်။

လက်ထပ်ခွင့်တောင်းသည့် ဗီဒီယိုဖိုင်ကို လင်းနစ်က ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် Live လွှင့်ခဲ့ခြင်း ကြောင့် ပရိသတ်များအပါအဝင် မိတ်ဆွေများက ချစ်သူနှစ်ဦးအ တွက် ဆုတောင်းစကားများ ရေး သားခဲ့သည်။

‘‘ကျွန်တော်တို့က အရင်က တည်းက ပြောထားတာ မင်္ဂလာ အကြီးအကျယ်ဆောင်ဖို့မရှိဘူး။ သူ့အမေဆုံးသွားတဲ့နောက်မှာ မင်္ဂလာမဆောင်ချင်ဘူး။ အမေ့ ကို သတိရပြီး ငိုမိမှာစိုးလို့လို့ပြော ထားတော့ မင်္ဂလာဆွမ်းကျွေး လောက်ပဲ လုပ်ဖြစ်မယ်’’ဟု လင်း နစ်က မင်္ဂလာအစီအစဉ်နှင့်ပတ် သက်၍ ပြောသည်။

လတ်တလောတွင် ယခင်က ထွက်ရှိထားသည့် တစ်ကိုယ် တော်အခွေများမှ ပရိသတ်အား ပေးမှုရရှိသည့် သီချင်းများနှင့် သီချင်းအသစ်များပါဝင်မည့် တစ် ကိုယ်တော်စီးရီးအခွေအသစ်တစ် ခွေစီစဉ်နေကြောင်း ၎င်းက ဆို သည်။

‘‘အခွေနာမည်ကိုတော့ ‘ဒူ ဘီးဒူးဒို’လို့ နာမည်ပေးထားတယ်။ ‘ဒီဇင်ဘာည’တို့၊ ‘နေညိုရင်’တို့ ပြန်ပါဖို့ရှိတယ်။ Music Video တွေတော့ ရိုက်ပြီးနေပြီ။ တစ်ပုဒ် ချင်း အွန်လိုင်းကနေ တင်သွားဖို့ ရှိတယ်’’ဟု လင်းနစ်က ပြော သည်။

လိုချင်တဲ့ ဇာတ်ရုပ်ရဖို့ ၁၅ ပေါင်ဝိတ်ချခဲ့တဲ့ နေတိုး

 Rose Rider ဇာတ်ကား ရိုက်ကူးရန် လိုအပ်သော ခန္ဓာ ကိုယ်အချိုးအစားရောက်အောင် Gym ကစားခဲ့သဖြင့် ၁၅ ပေါင်ကျသွားကြောင်း သရုပ်ဆောင် အ ကယ်ဒမီနေတိုးက ပြောသည်။

‘‘ဒီကားမရိုက်ခင်ကတည်း က ခန္ဓာကိုယ်အတွက်ကို ထိန်း သိမ်းဖို့ ရည်ရွယ်ချက်ကရှိတယ်။ ဒီကားရိုက်ဖို့ဖြစ်လာတော့ အရင် ကထက်ပိုပြီး အားကစားလုပ်ဖြစ် တာပေါ့။ အဓိကဆော့ဖြစ်တာက တော့ ဗိုက်နေရာရယ်၊ ရင်ဘတ် နေရာရယ်၊ လက်မောင်းရယ်၊ ပေါင်ရယ်ကို အဓိက Balance ဖြစ်အောင်၊ ကိုယ်ရည်စစ်သွားအောင် ဆော့ဖြစ်တယ်’’ဟု ဆိုသည်။

ခန္ဓာကိုယ်ကို ကျစ်ကျစ်လျစ် လျစ်ဖြစ်ရန် ဦးစားပေးကစားခဲ့ပြီး လက်ရှိတွင် ၎င်း၏ ခန္ဓာကိုယ်အ လေးချိန် ပေါင် ၁၅၀ ကျော်ရှိ ကြောင်း သိရသည်။

‘‘နေပြည်တော်မှာ Rose Rider ကား ရိုက်တာ လေးရက် မြောက်ရှိပြီ။ ရိုက်ကူးရေးကတော့ အဆင်ပြေတယ်။ ဒါပေမဲ့ မိုးနည်း နည်းရှိတဲ့အတွက် တချို့အခန်း လေးတွေ မပြတ်တာကျန်သေး တယ်။ ဒီမှာ သုံးလေးရက်တော့ ရိုက်ပြီးရင် နေပြည်တော်မှာပြတ် ပြီ။ နေပြည်တော်ပြီးရင် ပြင်ဦး လွင်ကို သွားရိုက်ဖို့ရှိပါတယ်’’ဟု နေတိုးက နှင်းဆီအဖွဲ့နှင့် ဒါရိုက် တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးနေသော ‘Rose Rider’ ဇာတ်ကားအကြောင်းပြောသည်။

ယင်းဇာတ်ကားကို ရန်ကုန်၊နေပြည်တော်၊ ပြင်ဦးလွင်၊ ပုဂံ၊ ကျိုက်ထီးရိုးနှင့် ရှမ်းပြည်နယ် ဘက်သို့ သွားရောက်ရိုက်ကူးရန် ရှိပြီး ရိုက်ကူးရန် ရက် ၅၀ ပေးထားသည်ဟု နေတိုးက ပြောသည်။

စက်တင်ဘာအတွင်း (၃၆) နှစ်ပြည့် မွေးနေ့ရှိသော်လည်း မည်သည့်အစီအစဉ်မျှ မရှိသေးသလိုအချစ်ရေးနှင့်ပတ်သက်၍လည်း ‘‘တစ်ယောက်တည်းပါပဲ’’   ဟု နေတိုးက ပြောကြားသည်။

အမေရိကန်မှာ တစ်လကြာ ဖျော်ဖြေရေးခရီးရောက်နေတဲ့ ရတနာမိုင်

ရခိုင်အသင်း၏ ပရဟိတ ရန်ပုံငွေ မိတ်ဆုံစားပွဲသို့ တက် ရောက်ရန်အပါအဝင် ဖျော်ဖြေပွဲ များအတွက် အမေရိကန်ပြည် ထောင်စုသို့ တစ်လကြာသွား ရောက်ခြင်းဖြစ်ကြောင်း အဆို တော် ရတနာမိုင်က ပြောသည်။

‘‘အခု ဖို့တ်ဝိန်းကနေ ဝါရှင် တန်ဒီစီကိုသွားနေပါပြီ။ မနေ့က မစ်ဂျီဂန်မှာဆိုတယ်။ ဒီနေ့ကျ တော့ ဝါရှင်တန်ဒီစီကို အလည် အပတ်သွားကြတယ်။ နောက် ဆန်ဖရန်စစ္စကိုရယ်၊ လော့စ်အန် ဂျလိစ်ရယ်ဆိုဖို့ရှိသေးတယ်။ ဒီ နေ့က အလည်အပတ်အနေနဲ့ လိုက်ပို့ပေးလို့ သွားဖြစ်တာပါ’’ ဟု ၎င်းက ပြောသည်။

ယခုခရီးစဉ်တွင် မိုင်၊ ရခိုင် အဆိုတော်နှင့် ဂီတစာဆို ဦးသန်း မောင်၊ ကိုစိန်လင်းနှင့် နန်းခင်ခင် ဇံတို့လည်း ပါဝင်သည်ဟု ဆိုသည်။ ‘‘ကိုစိန်လင်းနဲ့ဆိုထားတဲ့ ရေမြေခြားသီချင်းလေးလည်း ဒီမှာ အမ်တီဗီရိုက်ဖို့ရှိတယ်။ ‘သူသိ စေ’ဗီစီဒီက အဆိုကတ်လေးတွေ လည်း ရိုက်လာဖို့ရှိပါတယ်’’ဟု ၎င်းက ပြောသည်။

မရောက်ဖူးသည့် နေရာ ဒေသဖြစ်၍ ၎င်းအတွက် စိတ်ခံစားချက်အသစ်များ ဖြစ်ပေါ်နေ သည်ဟု ဆိုသည်။

‘‘အမေရိကပွဲကတော့ ဒီပွဲ က ပထမဆုံးပါပဲ။ တခြားနိုင်ငံ တွေအနေနဲ့က ဂျပန်၊ စင်ကာပူ၊ မလေးရှားတို့မှာ သွားဆိုဖူးပါ တယ်။ ဒီနှစ်ထဲမှာ အခုသွားတဲ့ အမေရိကခရီးစဉ်က ပထမဆုံးပါ ပဲ။ အရှေ့မှာတော့ မသွားဖြစ်ပါ ဘူး’’ဟု ရတနာမိုင်က ပြောသည်။

ရတနာမိုင်သည် အမေရိ ကသို့ ဩဂုတ် ၁၀ ရက်တွင် စတင်သွားရောက်ခဲ့ပြီး စက်တင် ဘာ ၅ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

တောင်ကိုရီးယားရုပ်ရှင်ပွဲတော်ရောက် ‘ငဘ’ရုပ်ရှင်

KBS စတူဒီယိုတွင် ကိုရီးယားရုပ်ရှင်မင်းသားနှင့်အတူတွေ့ရသည့် ကျော်သူ

တောင်ကိုရီးယားနိုင်ငံ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရုပ်ရှင်ပွဲတော်တွင် ‘ငဘ’ရုပ်ရှင် ဇာတ်ကား ပြသလျက်ရှိရာ ပရိ သတ်အားပေးမှုရရှိနေကြောင်း ယင်းဇာတ်ကား၏ အဓိကသရုပ် ဆောင် ကျော်သူက ၎င်း၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ရေးသား ထားသည်။

‘‘ငဘ ရုပ်ရှင်ဇာတ်ကားကို ယနေ့ တောင်ကိုရီးယားနိုင်ငံ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရုပ်ရှင်ပွဲတော်ကျင်းပရာ အင်ဂျွန်း နှင့် ဟွာဆောင်းမြို့တို့တွင် ကိုရီး ယားစာတန်းထိုး၍ ပြသခဲ့ရာ ကြည့်ရှုသူအပေါင်း နှစ်ခြိုက်အား ပေးခဲ့ပြီး မြန်မာပြည်သူလူထုလူ ငယ်များ၏ ချီးမြှင့်သော အကယ် ဒမီဆုအား ရရှိခဲ့ပါသည်’’ဟု ‘ငဘ’ တောင်ကိုရီးယားမှာ အ ကယ်ဒမီရပြီခေါင်းစဉ်ဖြင့် ဩဂုတ်၁၃ ရက်တွင် ၎င်းက ရေးသားထား ခြင်းဖြစ်သည်။

ထို့အပြင် တောင်ကိုရီးယား နိုင်ငံ KBS သတင်းဌာနကလည်း ရုပ်ရှင်အကြောင်းအပါအဝင် ပရ ဟိတလုပ်ငန်းများအကြောင်း ၎င်းထံ လာရောက်မေးမြန်းခဲ့သည် ဟု ဆက်လက်ရေးသားထား သည်။

‘ငဘ’ရုပ်ရှင်ကို လာရောက် အားပေးသည့် ပရိသတ်များနှင့် အင်ချွန်းမြို့တွင် တွေ့ဆုံခဲ့သော် လည်း ဟွာဆောင်းမြို့တွင် လာ ရောက်အားပေးသည့် ပရိသတ် များကို ၎င်း၏ ကျန်းမာရေးအခြေ အနေအရ မတွေ့ဆုံနိုင်သည့်အ ပေါ် တောင်းပန်ကြောင်းလည်း ကျော်သူက ပြောကြားထားသည်။

ဩဂုတ် ၁၅ ရက်တွင် ‘ငဘ’ ရုပ်ရှင်ဇာတ်ကားကို ဆိုးလ်မြို့၌ ရုပ်ရှင်ပွဲတော်ပိတ်ပွဲအနေဖြင့် ပြသမည်ဖြစ်ပြီး လာရောက်အား ပေးရန် ကျော်သူက ဖိတ်ခေါ်ထား သည်။

ကျော်သူနှင့် ‘ငဘ’ရုပ်ရှင် ဇာတ်ကားထုတ်လုပ်သူတို့ ရုပ်ရှင်ပွဲတော်တက်ရောက်ရန် ဩဂုတ် ၁၀ ရက်က ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသည်။

‘ငဘ’ရုပ်ရှင်ဇာတ်ကား သည် ဖိနှိပ်ခံ လယ်သမားများ၏ ဘဝအကြောင်း ရိုက်ကူးထားပြီး ကျော်သူ၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာနှင့် အေးမြတ်သူတို့ အဓိက ပါဝင်သရုပ်ဆောင်ထားကာ ဒါ ရိုက်တာ ခင်စောမျိုး (အဖေ့ပညာ)က ရိုက်ကူးပုံဖော်ထားသည်။

ကျော်သူသည် နှလုံးသွေး ကြောပိတ်ရောဂါကြောင့် ဇွန်လ အတွင်းက ဘန်ကောက်မြို့ရှိ Bumrungrad ဆေးရုံတွင် နှလုံး သွေးကြောများ အစားထိုးလဲ လှယ်ကုသမှုခံယူခဲ့ရသည်။

နှစ်ယောက်တည်း အပန်းဖြေခရီး ထွက်နေတဲ့ နိုင်းနိုင်းတို့ဇနီးမောင်နှံ

သရုပ်ဆောင်နိုင်းနိုင်း သည်ဇနီးစန္ဒီချိုနှင့်အတူ အမေရိ ကန်ပြည်ထောင်စု အရီဇိုးနား ပြည်နယ်သို့ သွားရောက်လည် ပတ်နေကြောင်း ဩဂုတ် ၉ ရက် တွင် စန္ဒီချို၏လူမှုကွန်ရက်စာ မျက်နှာ၌ ရေးသားထားသည်။

‘‘ကျွန်မတို့ရဲ့ ချစ်ခြင်းတွေ ဟိုးအရင်ကလို အသစ်ပြန်ဖြစ် လာပါပြီ။ ကိုးနှစ်အတွင်းမှာ နှစ် ယောက်တည်း လွတ်လွတ်လပ် လပ်သွားရတဲ့ ပထမဦးဆုံးခရီး လေးပါ။ အသက်ရှူမှားလောက် တဲ့ ရှုခင်းတွေရယ်၊ အရမ်းမိုက်တဲ့ စွန့်စားခန်းတွေကို ချစ်တဲ့ ယောက်ျားနဲ့အတူ ဖြတ်သန်းရ တာ သိပ်ကိုသဘောကျမိတယ်။ ကလေးတွေကော ဘယ်မှာလဲလို့ မေးတဲ့မိတ်ဆွေတွေအတွက် စိတ် မပူပါနဲ့လို့ပြောချင်ပါတယ်။ သူ တို့အဘိုးအဘွားရဲ့ ကြည့်ရှုစောင့် ရှောက်မှုအောက်မှာ စိတ်ချလက် ချရှိနေပါတယ်’’ ဟု ရေးသားထား သည်။

နိုင်းနိုင်းသည် ဇူလိုင် ၂၀ ရက်ကတည်းက ဇနီးနှင့် သား သမီးများရှိရာ  နယူးယောက်မြို့သို့ ရောက်ရှိနေပြီး စက်တင်ဘာလ ဆန်းတွင် ရန်ကုန်သို့ ပြန်လာမည် ဟု ၎င်း၏ ညီမသရုပ်ဆောင်ဖူးဖူး က ပြောသည်။

နိုင်းနိုင်းတို့ဇနီးမောင်နှံသည် ၂၀၀၈ တွင် လက်ထပ်ခဲ့ကာ အိမ်ထောင်သက်ကိုးနှစ်ရှိပြီဖြစ် ပြီး သားတစ်ဦး၊ သမီးသုံးဦးနှင့် ပျော်ရွှင်စရာကောင်းသော မိသား စုဘ၀ကို ပိုင်ဆိုင်ထား၍ ပရိသတ် များအားကျရသည့် စုံတွဲဖြစ်

သည်။

(၂၉) နှစ်ပြည့် ဝတ်မှုံရွှေရည်ရဲ့ မွေးနေ့ ဖြတ်သန်းမှု

 သြဂုတ် ၁၀ ရက်တွင် ပြည့်မြောက်ခဲ့သည့် (၂၉) နှစ်ပြည့်မွေး နေ့ဖြတ်သန်းမှုကို အကယ်ဒမီ သရုပ်ဆောင် ဝတ်မှုံရွှေရည်က ယခုကဲ့သို့ ပြောသည်။

‘‘ဒီနေ့ကစ် အောင်ဇမ္ဗူတော ရ-မှော်ဘီက ဆရာတော်ဆီသွား ပြီး တော့ နေ့ဆွမ်းကပ်တယ်။ ဘု ရားတည်ဖို့ အလှူငွေ ၂၄ သိန်းကို ရေစက်ချလှူဒါန်းခဲ့တယ်။ ဒီနေ့ အလှူသွားလုပ်တဲ့အတွက် ကား ရိုက်နားထားတယ်။ မိသားစုနဲ့ပဲ နေဖြစ်တယ်’’ ဟု ၎င်းကပြော သည်။

‘Birthday Wish လုပ်ပေး ကြသူများနှင့်  အလှူလုပ်ပေး ကြသည့် We Love အဖွဲ့ဝင်ပရိ သတ်များ အားလုံးကို ကျေးဇူး တင်ကြောင်းနှင့် ဆုတောင်းပေး ကြသည့် ပရိသတ်များ စိတ်ချမ်း သာပြီး လိုအင်ဆန္ဒအားလုံးပြည့် ပါစေ’ဟု မှော်ဘီမှအပြန်တွင် ကားပေါ်၌ ဝတ်မှုံရွှေရည်က Live လွှင့်၍ ဆုတောင်းပေးခဲ့သည်။

‘‘ဒီနေ့ ရန်ကုန်နဲ့မန္တလေးက We Love တွေပေါင်းပြီး တွံတေးမှာ အလှူပေါင်းလုပ်ပေးကြတယ်။ အဲဒီအတွက် ကျေးဇူးတင်ပါ တယ်။ ဒီနေ့မိသားစုနဲ့ ဆွမ်းကပ် တာဖြစ်လို့ We Love တွေဆီမ သွားဖြစ်တာပါ။ အလှူငွေထည့် ပြီး ကစ်အတွက်အလှူလုပ်ပေး ကြတဲ့ ကစ်ရဲ့ ချစ်ရတဲ့ ပရိသတ် တွေကို ကျေးဇူးအများကြီးတင်ပါ တယ်’’ ဟု ဝတ်မှုံရွှေရည်က ပြောသည်။မွေးနေ့၌ ၎င်းကိုတွေ့မြင်လိုသူများအတွက် ဖေ့စ်ဘွတ်ခ်တွင်Live လွှင့်ခြင်းဖြစ်ကြောင်း ဝတ်မှုံ ရွှေရည်က ပြောသည်။

‘‘ဒီနေ့လည်း မနက်အစော ကြီး အမှတ်တရအနေနဲ့ ကစ်ကို မင်းသမီးမဖြစ်သေးခင်ကတည်း က ဓာတ်ပုံရိုက်နေတဲ့ အချိန်က တည်းကနေ အားပေးလာခဲ့တဲ့ ညီမလေး မိန်မိန်းက Birthday Present လာပေးတယ်။ ကစ်ကို ဘယ်သူမှတောင် မသိသေးတဲ့အ ချိန်ကနေ အခုချိန်ထိအားပေးခဲ့တဲ့ ညီမလေးက နှစ်တိုင်းမွေးနေ့လက် ဆောင်ကို မနက်အစောကြီးလည်း  လာပေးတယ်။ ညလည်းလာပေး တယ်။ မနက်ဝေလီဝေလင်း ၁ နာရီ၊ ၂ နာရီလည်းလာပေးတယ်။ အဲဒါကတော့ အမှတ်တရပါပဲ’’ ဟု (၂၉) နှစ်ပြည့် မွေးနေ့ နံနက်ခင်း အမှတ်တရကို ပြောသည်။

နှစ်စဉ် ပရိသတ်များနှင့် မွေး နေ့ဖြတ်သန်းမှု အမှတ်တရများ ရှိခဲ့သော်လည်း ယခုနှစ်၌ အတူ မရှိရသဖြင့် စိတ်မကောင်းဟု ဆိုသည်။

လက်ရှိတွင် ကြော်ငြာများ ရိုက်ကူးရန် လက်ခံထားပြီး သြ ဂုတ်နောက်ပိုင်း၌ ဒါရိုက်တာ ကြည်ဖြူသျှင်ရိုက်ကူးမည့် ဇာတိ မြေဇာတ်ကားအတွက် ဂျပန်သို့ သွားရောက်မည်ဖြစ်သည်။

အဆိုတော်ခိုင်ထူး ဆေးကုသမှုခံယူရန် ဘန်ကောက်သို့ထွက်ခွာ

အဆိုတော်ခိုင်ထူးသည် ဘန်ကောက်မြို့တွင် ဆေးကုသမှု ခံယူရန် သြဂုတ် ၅ ရက်ညနေက မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ကြောင်း ၎င်းနှင့်ရင်းနှီးသည့် မိတ်ဆွေတစ် ဦးက ပြောသည်။ 

‘‘ဘန်ကောက်မှာ သွားကုရင် ပိုပြီး ကောင်းမယ်ထင်လို့ မိသားစု ဆန္ဒအရ သွားရာက်ကုသတာပါ။ အခုကတော့ ရောဂါအခြေအနေ ကို ပြန်ပြီး စစ်ဆေးနေတဲ့အဆင့်ပဲ ရှိပါသေးတယ်’’ဟု ၎င်းက ပြော သည်။ 

အဆိုတော်ခိုင်ထူးသည် ဇူ လိုင် ၃၁ ရက်တွင် ရန်ကုန်ဆေးရုံ ကြီး၌ ဆေးကုသမှုခံယူခဲ့ပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန် ကြောင်း၊ ထိုစဉ်က ၎င်းနှင့်အတူရှိ ခဲ့သည့် အဆိုတော် ဂျေမောင် မောင်က ဖြေကြားသည်။ 

‘‘အဓိက ကတော့ အသားဝါ တာနဲ့ သွေးအန်လို့ ဆေးရုံပို့ခဲ့တာ ပါ။ ဆေးရုံကြီးက အထူးကြပ်မတ် ကုသဆောင်အရေးပေါ်လူနာဌာ နက တာဝန်ကျဆရာဝန်တွေ၊ သူ နာပြုတွေကလည်း လိုတာမှန်သ မျှကူညီပေးပါတယ်’’ဟု အဆို တော်ခိုင်ထူး၏မိတ်ဆွေက ပြော ကြားသည်။ 

ထို့ပြင် ၎င်း၏အနုပညာ ညီ အစ်ကိုတစ်ဦးဖြစ်သည့်ဆောင်းဦး လှိုင်ကလည်း အဆိုတော်ခိုင်ထူး အတွက် ဆုတောင်းစကားနှင့်အ တူ ဗီဒီယိုဖိုင်တစ်ခုကို ၎င်း၏ဖေ့စ် ဘွတ်ခ်စာမျက်နှာက တစ်ဆင့် မျှဝေထားခဲ့သည်။ 

‘‘ကိုခိုင်ထူးအတွက် ဒီနေ့ မနက်ပဲ ကျွန်တော်နိုင်သလောက် ငွေတချို့ကူညီပေးခဲ့ပါတယ်။ သူ့ အခြေအနေအရ ဘန်ကောက်ကို ယနေ့ညနေပိုင်းမှာ ခေါ်ဆောင် သွားပြီး ဆေးကုသဖို့ရှိတယ်လို့ သိရပါတယ်။ ကိုခိုင်ထူးကိုချစ်ခင် လေးစားသူတွေဟာ တတ်နိုင်သ လောက် ဝိုင်းဝန်းကူညီကြလိမ့် မယ်လို့ ယုံကြည်မိပါတယ်’’ဟု သြဂုတ် ၅ ရက်တွင် ဆောင်းဦး လှိုင်က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက် နှာတွင် ရေးသားခဲ့သည်။ 

ထို့ပြင် အဆိုတော်ခိုင်ထူး၏ မိတ်ဆွေများနှင့် ပရိသတ်များက လည်း ကျန်းမာရေး ပြန်လည် ကောင်းမွန်လာစေရန် ဆုတောင်း ပေးနေကြသည်။ 

‘‘အဘိုးလေး ကိုခိုင်ထူး Bangkok က Samithejav ဆေးရုံမှာ ခံစားနေရတဲ့ ဝေဒနာတွေသက်သာအောင် ကုသမှုခံယူနေတဲ့အကြောင်းကို ပရိသတ်များနဲ့ ပါဝင်ကူညီလှူဒါန်းကြတဲ့ မိတ်ဆွေညီအစ်ကိုမောင်နှမများအား အသိပေးအပ်ပါတယ်။ ရေရှည်ကုသနိုင်ဖို့ အခုချိန်မှာ ငွေအားများများလိုအပ်ပါတယ်။  ဒါကြောင့် တတ်နိုင်သမျှလေးတွေ ကူညီနိုင်ဖို့ နှိုးဆော်ပါတယ်ခင်ဗျာ’’ဟု ဥက္ကာဦးသာကလည်း ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။ ခိုင်ထူးသည် ပြီးခဲ့သည့်နှစ်က အဆိုတော်ဂျေမောင်မောင်နှင့်အတူ 60-64 အမည်ဖြင့် ဖျော်ဖြေပွဲပြုလုပ်ခဲ့သည်။ 

စင်တင်မင်းသမီးသစ်ငါးဦးကို ပွဲထုတ်မိတ်ဆက်လိုက်တဲ့ နှင်းဆီအဖွဲ့

ခင်သစ္စာ ၊ နှင်းသန့်ဝတီ ၊ ဇွန်လေးဖြူ ၊ ဆုအမရာလင်း နှင့် အယ်မလီဘို တို့ကိုတွေ့ရစဉ် (ဓာတ်ပုံ − ဇွဲဉာဏ်)

နှင်းဆီအဖွဲ့က စင်တင် မည့် မင်းသမီးငါးဦးအနက် Rose Rider ဇာတ်ကားတွင် နှင်းဆီအ ဖွဲ့သားများနှင့် တွဲဖက်ရိုက်ကူးရ မည့် မင်းသမီးသစ်ကို ဩဂုတ် ၆ ရက်၌ မိတ်ဆက်ခဲ့သည်။

နှင်းဆီအဖွဲ့က စင်တင်ရိုက် ကူးမည့် မင်းသမီးအသစ်ငါးဦးအ ဖြစ် ခင်သစ္စာ၊ နှင်းသန့်ဝတီ၊ ဇွန်လေးဖြူ၊ ဆုအမရာလင်းနှင့် အယ် မလီဘိုတို့ကို ရွေးချယ်ခဲ့ပြီး Rose Rider ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရမည့် မင်းသမီးအဖြစ် ဇွန်လေးဖြူကို ရွေးချယ်ခဲ့ခြင်းဖြစ် သည်။

‘‘သူ့ဆီမှာ ချစ်စဖွယ်ကောင်း တဲ့ အပြုအမူရှိရမယ်။ Sexy ဖြစ် တာမျိုးကို မလိုချင်ဘူး။ Cute ဖြစ် တာမျိုးကိုပဲ လိုချင်တယ်’’ဟု ဒါ ရိုက်တာမောင်မျိုးမင်း (ရင်တွင်း ဖြစ်)က Rose Rider ရုပ်ရှင်ဇာတ် ကားအတွက် မင်းသမီးအသစ် ရွေးချယ်မှုနှင့်ပတ်သက်၍ ပြော သည်။

Rose Rider ဇာတ်ကားအ တွက် မင်းသမီးအသစ်ခေါ်ယူခဲ့ ရာ လျှောက်ထားသူ သုံးထောင် ကျော်ရှိပြီး ၎င်းတို့အနက်မှ လူတစ်ရာရွေးချယ်၍ လူတွေ့စစ်ဆေးမှုများ အဆင့်ဆင့်ပြုလုပ်ကာ အထက်ပါမင်းသမီးငါးဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

‘‘ရင်ခုန်ပါတယ်။ အစ်ကို တွေ အကုန်လုံးက ဝါရင့်သရုပ် ဆောင်တွေ၊ ညီမက အခုမှ အ သစ်ပဲဆိုတော့ သရုပ်ဆောင်ပိုင်း မှာ အရမ်းကွာနေမှာစိုးရိမ်တယ်’’ ဟု Rose Rider တွင် ပါဝင်သရုပ် ဆောင်ရန် ရွေးချယ်ခံရသည့် ဇွန်လေးဖြူက ပြောသည်။

ကျန်စင်တင်မင်းသမီးအ သစ်များကိုလည်း နှင်းဆီအဖွဲ့ကမင်းသားများနှင့်တွဲဖက်၍ ဇာတ် ကားများ ရိုက်ကူးရန် အစီအစဉ်ရှိ ကြောင်း ဒါရိုက်တာမောင်မျိုးမင်း က ပြောသည်။နှင်းဆီအဖွဲ့ (၁၀) နှစ်ပြည့် အမှတ်တရအနေဖြင့် နှင်းဆီအဖွဲ့သားအားလုံး ပါဝင်ရိုက်ကူးမည့် Rose Rider (နှင်းဆီစီးချင်း) ရုပ်ရှင်ဇာတ်ကားကို ဩဂုတ် ၁၂ ရက်၌ စတင်ရိုက်ကူးမည်ဖြစ်ပြီး နေပြည်တော်နှင့် ပြင်ဦးလွင်တို့သို့ သွားရောက်ရိုက်ကူးမည်ဟု ၎င်းက ပြောသည်။

ယင်းဇာတ်ကားတွင် နှင်းဆီ အဖွဲ့သားများဖြစ်သည့် မင်းမော် ကွန်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေးတို့နှင့်အတူ ဇင်ဝိုင်း၊ နေမျိုးအောင်၊ ခင်လှိုင်နှင့် ဒိန်းဒေါင်တို့လည်း ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။

ရွေးချယ်ခံရသည့် မင်းသမီးငါးဦးသည် အနုပညာလောကတွင် လှုပ်ရှားမှုမပြုလုပ်ဖူးသည့် မျက်နှာသစ် သရုပ်ဆောင်များဖြစ်ပြီး ၎င်းတို့ကို ရွေးချယ်ပြီးချိန်တွင် 3H Art Academy ၌ နှစ်လသင်တန်းပေးခဲ့ကြောင်း ဒါရိုက်တာမောင်မျိုးမင်းက  ပြောသည်။ မင်းသမီးသစ်များ စင်တင်ခြင်းကို ယခင်က နာမည်ကြီးမင်း

သားများနှင့် ဒါရိုက်တာဝိုင်းတို့ပူးပေါင်း၍ အနုပညာပျိုးခင်းအ မည်ဖြင့် ပြုလုပ်ခဲ့ဖူးသည်။

ချစ်သူက မြန်မာ့ယဉ်ကျေးမှုကို စိတ်ဝင်စားသည့် နိုင်ငံခြားသားတစ်ဦးဟု ပက်ထရစ်ရှာဆို

နိုင်ငံခြားသားတစ်ဦးဖြစ် သော်လည်း မြန်မာ့ယဉ်ကျေးမှုကိုစိတ်ဝင်စားသူဖြစ်ကြောင်း သရုပ်ဆောင် ပက်ထရစ်ရှာက ၎င်း၏ချစ်သူနှင့်ပတ်သက်၍ ပြောသည်။

‘‘သူက Europian ဆိုပေမယ့် သူ့မိဘတွေက တကယ်ကိုစည်းကမ်းကြီးတဲ့၊ ယဉ်ကျေးတဲ့အသိုင်းအ၀ိုင်းက လာတာ။  ကိုယ့်ကို တောင် တစ်ခါတလေကျရင် ပြန်ဆုံးမတယ်။ အရမ်းချစ်ဖို့ကောင်းတာတစ်ခုက ဘုရားသွား ရင် မြန်မာလိုဝတ်သွားတယ်။ တစ်ခါတလေ ကိုယ်ဝတ်ချင်တဲ့ ပုံဝတ်သွားရင်တောင် သူကမြန်မာလို အပြည့်ဝတ်သွားတယ်။ ဒီအလေ့အထ လေးလုပ်တာကို သဘောကျတယ်’’ဟု ပက်ထရစ်ရှာက ၎င်း၏ချစ်သူအကြောင်းကို ပြောသည်။

နိုင်ငံခြားသားတစ်ဦးကို ချစ် သူထားခြင်းသည် မြန်မာလူမျိုး များအနေဖြင့် လက်ခံရန်ခက်ခဲ သည့် ကိစ္စတစ်ခုဖြစ်သည်ကို နားလည်သော်လည်း ၎င်း၏ချစ် သူအကြောင်းကို မသိသော ကြောင့် ဝေဖန်ကြခြင်းဖြစ်သည် ဟု ၎င်းကဆိုသည်။

‘‘ပရိသတ်တွေလည်း သိပါ တယ်။ ညီမကရည်းစားတွေ မထားဘူး။ ကိုယ့်ဟာကိုယ်တစ် ယောက်တည်းနေတယ်။ ဒါပေမဲ့ ညီမရွေးချယ်လိုက်တဲ့ ချစ်သူက လည်း ညီမအပေါ်တကယ်ကောင်း တဲ့သူကိုပဲ ရွေးချယ်တာပါ။ တ ကယ်ကိုယဉ်ကျေးတယ်။ ကိုယ့် ထက်တောင် ယဉ်ကျေးတယ်’’ ဟု ၎င်း၏ချစ်သူနှင့်ပတ်သက်၍ ပြောသည်။ ပက်ထရစ်ရှာက ၎င်း၏ချစ်သူနှင့်အတူ အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာဆရာတော်ကို ၀ါဆို သင်္ကန်းကပ်လှူသည့်အကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက Instagram တွင် တင်ခဲ့သည်။

လတ်တလောအနုပညာ လှုပ်ရှားမှုအနေဖြင့် ရုပ်ရှင်ဇာတ် ကားများနှင့် ကြော်ငြာများ ရိုက် ကူးရန်ရှိပြီး သြဂုတ်အတွင်းရုံတင် ပြသမည့် ရာဇ၀င်ရိုင်းသူများ ရုပ် ရှင်ဇာတ်ကားနှင့်ပတ်သက်၍ ရင် ခုန်နေကြောင်း ၎င်းကဆိုသည်။

ဥရောပကို မိသားစုနဲ့ အလည်အပတ်သွားနေတဲ့ သက်မွန်မြင့်

သရုပ်ဆောင်သက်မွန် မြင့်သည် ခင်ပွန်း၊ သားဖြစ်သူနှင့် အတူ ဥရောပသို့ အပန်းဖြေခရီး သွားရောက်နေကြောင်း သတင်း ရရှိသည်။

ဇူလိုင် ၂၀ ရက်တွင် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ကို လည်ပတ်ပြီးစီး၍ ဇူလိုင် ၂၁ ရက်၌ ပြင်သစ်နိုင်ငံသို့ထပ်မံလည်ပတ်မည်ဟု ဆိုသည်။ ‘‘ကလေးတစ်ဖက်နဲ့ မရောက်ဖူးတဲ့နိုင်ငံကို သွားရတာလည်း စွန့်စားမှုတစ်ခုပါပဲ။ ပင်ပန်း ပေမယ့် ဒါမိသားစုဘ၀ပျော်ပါ တယ်။ အငယ်လေးကို လွမ်းရ တာတော့ ပြောမပြတတ်အောင် ပါပဲ’’ ဟု သက်မွန်မြင့်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေး သားခဲ့သည်။

သားအကြီး အားချစ်တစ်ဦး သာပါပြီး သမီးငယ်လေး လ၀န်း မှာ ရန်ကုန်တွင်ကျန်ရစ်ခဲ့သည်။

‘‘ည ၁၀ နာရီကို မမှောင်သေးတဲ့ အမ်စတာဒမ်ရယ် မြန်မာ နိုင်ငံမှာဆို မနက် ၃ နာရီသိပ်အိပ် လို့ ကောင်းတဲ့ အချိန်ပေါ့ကွာ။ မနည်းပြူးထားရတဲ့ မျက်လုံးကို ယောက်ျားဖျော်ပေးတဲ့ ကာဖီကို သောက်ပြီး အတင်းဖွင့် ပစ္စည်း ထည့်လိုက်ဦးမယ်ကွာ။ နက်ဖြန် ပြင်သစ်သို့’’ဟု ရေးသားထား သည်။ သက်မွန်မြင့်မိသားစု၏ ဥရောပခရီးစဉ်သည် ဇူလိုင် ၁၇ ရက်ညက ရန်ကုန်မှ ထွက်ခွာသွားပြီး နှစ်ပတ်ခန့်ကြာမြင့်မည်ဟု သိရသည်။

ဒွေးရေးဆွဲခဲ့သော ပန်းချီကားများနှင့် အဝတ်အစားများ လေလံတင်ရောင်းချရာ ကျပ် ၄၂ သိန်းရရှိ

ဒွေးကွယ်လွန်ခြင်း (၁၀) နှစ်ပြည့်အမှတ်တရပွဲ ကျင်းပ

 ဒွေးကွယ်လွန်ခြင်း (၁၀) နှစ်ပြည့် အမှတ်တရပွဲအဖြစ် ဒွေး ကိုယ်တိုင်ရေးဆွဲခဲ့သည့် ဖယောင်းပန်းချီကားများအပါအဝင် အဝတ် အစားများ  လေလံတင်ရောင်း ချရာ ကျပ် ၄၂ သိန်းရရှိခဲ့သည်။

အဆိုပါပွဲတွင် ဒွေးကိုယ် တိုင်ရေးဆွဲခဲ့သည့် ဖယောင်းပန်း ချီကား ၁၀ ကားအပါအဝင် ကုတ် အင်္ကျီနှစ်ထည်နှင့် ဘောင်းဘီနှစ် ထည်ကို လေလံတင်ရောင်းချခဲ့ ပြီး စုစုပေါင်း ကျပ် ၂၅ သိန်းကျော် ရရှိပြီး အခြားအဝတ်အစားအ သုံးအဆောင်များ ရောင်းချသည့် ငွေနှင့် စုစုပေါင်း ကျပ် ၄၂ သိန်း ရရှိခဲ့ခြင်းဖြစ်သည်။

ပန်းချီကားများကို လေလံ တင်ရောင်းချရာတွင် ငွေကျပ် ခုနစ်သောင်းမှ ခုနစ်သိန်းအထိ ဈေးအပြိုင်ပေး၍ ဝယ်ယူသူများရှိ ခဲ့ပြီး ပရိသတ်များအပါအဝင် အနုပညာမောင်နှမများက ဝယ်ယူခဲ့ သည်။ထို့အပြင် ဒွေး မကွယ်လွန်မီ  ညက ဝတ်ဆင်ခဲ့သည်ဆိုသည့် ဘောင်းဘီတိုတစ်ထည်ကို ဒွေး၏ ပရိသတ်တစ်ဦးက ငွေကျပ် ငါး သောင်းပေး၍ ဝယ်ယူခဲ့သည်။

အဆိုပါ အမှတ်တရပွဲကို ဇူလိုင် ၂၁ ရက်တွင် လှည်းတန်း စင်တာ၌ ပြုလုပ်ခဲ့ပြီး ဒွေး၏ ဇနီးမမိုးမိုးနှင့်အတူ ဗိုက်တာကတ်အား ဆေးနှင့် Mandalay Enterna-tainment တို့က ပူးပေါင်းပြုလုပ် ခြင်းဖြစ်သည်။

ယင်းပွဲတွင် ဒွေး၏ ဇနီးမမိုးမိုးအပါအဝင် ဒါရိုက်တာအောင်ကို လတ်၊ သားညီ၊ ညိုမင်းလွင်တို့က ဒွေးအတွက် အမှတ်တရစကား များ ပြောကြားခဲ့ပြီး မမိုမိုးက ဒွေးကို ယနေ့အထိ အားပေးနေ သည့် ပရိသတ်များကို ကျေးဇူး တင်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဖျော်ဖြေရေးအစီ အစဉ်များအနေဖြင့် မျိုးကျော့ မြိုင်၊ ဇွဲနိုင်ဝင်းနှင့် ကော်နီတို့က ရွှေသံစဉ်ဂီတအဖွဲ့နှင့် သီချင်းများ သီဆိုဖျော်ဖြေပေးခဲ့သည်။

ယင်းပွဲမှ ရရှိလာသည့် ငွေ များကို မြောက်ဥက္ကလာ ဝေဘာ ဂီရပ်တွင် ဒွေး လှူဒါန်းခဲ့သည့် ရေတွင်း၊ ရေကန်၊ ရေချိုးကန်၊ သောက်သုံးကန်၊ အဝတ်လျှော် ကန် စသည်တို့ကို ပြန်လည်ပြုပြင် လှူဒါန်းမည်ဖြစ်ကြောင်း ဒွေး၏ ဇနီး မမိုးမိုးက ပြောသည်။

သရုပ်ဆောင်  ဒွေးသည် ၂၀၀၇ ဇူလိုင် ၁၁ ရက်တွင် ကွယ် လွန်ခဲ့ပြီး ကွယ်လွန်သည်မှာ (၁၀) နှစ်ကျော်ကြာမြင့်ခဲ့သော်လည်း ပရိသတ်များကို ယနေ့အချိန်ထိ လွှမ်းမိုးထားနိုင်ဆဲ သရုပ်ဆောင် တစ်ဦးဖြစ်သည်။

မျက်စိအဝေးမှုန်လို့် ရမ်းသန်းပြီး သရုပ်ဆောင်နေရတယ်ဆိုတဲ့ အလင်းရောင်

မျက်စိအဝေးမှုန်နေ သော်လည်း     ယခုအချိန်အထိ မျက်မှန်ပုံမှန်မတပ်ဖြစ်ကြောင်း သရုပ်ဆောင် အလင်းရောင်က ပြောသည်။

‘‘ခုနစ်တန်းအရွယ်လောက် ကတည်းက ပါဝါ ၂၅၊ ၅၀ နဲ့မျက် မှန်တပ်ရတယ်။ အသက်နည်း နည်းကြီးလာတော့ ပါဝါ ၁၅၀ ဖြစ်သွားတယ်။ အခုနောက်ပိုင်းဖုန်း သုံးတော့ ပါဝါပိုတက်လာပြီး ၃၀၀၊ ၃၅၀ ဖြစ်သွားတယ်။ သရုပ်ဆောင်ရင်လည်း မှုန်မှုန်ဝါးဝါးကို ရမ်းသန်းပြီး သရုပ်ဆောင်ရ တယ်’’ ဟု ၎င်းကဆိုသည်။

ကျန်အချိန်တွင် မျက်မှန်မ တပ်ဖြစ်ဘဲ ကားမောင်းသည့် အချိန်မှသာ မျက်မှန်တပ်ဖြစ်သ ဖြင့် ရှုတင်၌တစ်ခါတစ်ရံ အခက် အခဲဖြစ်ရသည်ဟုဆိုသည်။

‘‘မနက်မိုးလင်းတာနဲ့အိပ်ရာ ထပြီးရင် ပါဝါသမားတွေတော် တော်များများသိမှာပါ။ တစ်လော ကလုံးကို ကြည်ကြည်လင်လင် မြင်နေရတယ်။ ဒါပေမဲ့ ရှုတင်ကျ တော့မှ မျက်မှန်ချွတ်လိုက်ပြီး သ ရုပ်ဆောင်တဲ့အခါ မမြင်ရဘဲဝါး သွားပြီ။ အဲဒီအတိုင်းပဲမြင်နေဖို့ ကအချိန်တော်တော်ပြန်ယူရ တယ်လေ။ အခုကအမြဲတမ်းဝိုး တိုးဝါးတားဆိုတော့ ပိုအဆင်ပြေ တယ်။ မျက်မှန်ပုံမှန်စွဲတပ်ရင်းက ချွတ်လိုက်တဲ့အချိန်ကျရင် မျက် လုံးကြောင်သွားမှာစိုးလို့ မတပ် ဖြစ်တာပါ’’ ဟု အလင်းရောင်က ပြောသည်။

ယခင်ကမျက်ကပ်မှန်တပ် သော်လည်း ပိုးဝင်သွားသဖြင့် ဆက်မတပ်ဖြစ်ဘဲ ပါဝါတိုး၊မတိုး ကို ခြောက်လတစ်ကြိမ်၊ တစ်နှစ် တစ်ကြိမ် ဆေးခန်းပြဖြစ်သည်ဟု ၎င်းကဆိုသည်။

‘‘အစက လေဆာပစ်မယ်ဆို ပြီး ဆရာဝန်နဲ့တိုင်ပင်သေးတယ်။ ဒါပေမဲ့ ပါဝါ ၇၀၀ လောက်ရှိမှ ပစ်ရတာတန်တယ်ဆိုတော့အခု ကပါဝါနည်းသေးတဲ့အတွက် ဒီအ တိုင်းပဲထားထားပါတယ်’’ ဟု အ လင်းရောင်ကပြောသည်။

လက်ရှိတွင် မန္တလေး၌ ‘နောင်တွင်ဥဒါန်းတည်စေသ တည်း’ ဇာတ်ကားရိုက်ကူးနေပြီး သြ ဂုတ်တွင်ကြော်ငြာများ ဆက် တိုက်ရိုက်ကူးရန် လက်ခံထား သည့် အလင်းရောင်က ကိုးလပိုင်း ၌ ဒါရိုက်တာပြည်ဟိန်းသီဟနှင့် အတူ ပြင်ဦးလွင်၌ ရုပ်ရှင်ကား တစ်ကားရိုက်ကူးရန်ရှိသည်ဟု  ဆိုသည်။

၎င်း၏ပထမဦးဆုံးအယ်လ် ဘမ်ဖြစ်သည့် Oh! My Crush အခွေကို မြူးဇစ်ဗီဒီယို ရှစ်ပုဒ် ရိုက်ကူးထားပြီး လက်ကျန်သီချင်း များ ဆက်ရိုက်ပြီးသည်နှင့်အမ် တီဗီအမြန်ဆုံးထွက်ရန်ရှိကြောင်း အလင်းရောင်ကပြောသည်။

ရဲလေးနဲ့ ဂျိုကာ YLJK ဖေ့စ်ဘွတ်ခ်စာမျက်နှာ စတင်မိတ်ဆက်

လူမှုကွန်ရက်စာမျက် နှာတွင် ဟာသဗီဒီယိုဖိုင်များ ဖော်ပြလေ့ရှိသည့် ရဲလေးနှင့် ဂျိုကာတို့က ၎င်းတို့၏ YLJK Entertain-ment ကို ဇူလိုင် ၂၀ ရက်တွင် စတင်ဖွင့်ခဲ့သည်။

‘‘ကျွန်တော်တို့ ညီအစ်ကိုနှစ် ယောက်ရဲ့ YLJK ဆိုတာနဲ့ အရင်ကတည်းက ဖေ့စ်ဘွတ်ခ်မှာ တင် တင်နေတာ။ အခုတော့ ပေ့ခ်ျ အနေနဲ့ ဖွင့်ပြီး တင်ဆက်ပေးသွား မယ့် သဘောပါ’’ဟု ဂျိုကာက ပြောသည်။

အဆိုပါစာမျက်နှာတွင် ဟာသဗီဒီယိုဖိုင်များအပါအဝင် အနုပညာလှုပ်ရှားမှုအစီအစဉ်များကို လည်း ဖော်ပြပေးရန် အစီအစဉ် ရှိကြောင်း ၎င်းကပြောသည်။

‘‘တင်ဆက်မှုမျိုးစုံပေါ့။ နှစ် ယောက်တွဲတွေလည်းပါမယ်၊ တစ်ယောက်ချင်းလည်း ပါမယ်။ ပရိသတ်စိတ်ဝင်စားဖို့ကောင်း မယ့် အရာလေးတွေလည်း တင် သွားမယ်။ ကိုရဲရဲ့ အမ်တီဗီတွေ လည်းပါမယ်’’ဟု ဂျိုကာကပြော ကြားသည်။

ပေ့ခ်ျစဖွင့်သည့် ပထမနေ့ တွင် Like လုပ်သူ တစ်သောင်း ကျော်ရှိပြီး ပလက်ဖောင်းဆိုသည့် ဟာသဗီဒီယိုဖိုင်ကို ဖော်ပြခဲ့သည်။

အဆိုပါဖေ့စ်ဘွတ်ခ်နှင့်အ တူ You Tube တွင်လည်း YLJK အမည်ဖြင့် ဗီဒီယိုဖိုင်များ ဖော်ပြပေးမည်ဟု ဂျိုကာက ပြောသည်။

ဂျိုကာသည် ၎င်း၏ ကိုယ် ပိုင်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဟာသဗီဒီယိုများ ဖော်ပြလေ့ရှိပြီး ပရိသတ်အားပေးမှုရရှိထားသူ ဖြစ်သည်။

အာဇာနည်နေ့တွင် အနုပညာရှင်အချို့ ပရဟိတဖြင့်ကူညီ

ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် နှစ် (၇၀)ပြည့် နှစ်ပတ်လည်နေ့၌ အာဇာနည်ကုန်းအပါအဝင် အထိမ်းအမှတ်နေရာများ၌ အာဇာနည် ခေါင်းဆောင်ကြီးများကို လာရောက်ဂါရဝပြုကြရာ တတ်အားသရွေ့ပါဝင်အားပေးခဲ့သော အနုပညာရှင်အချို့၏ အာဇာနည်နေ့ဖြတ်သန်းမှု အကြောင်းကို စုစည်းဖော်ပြလိုက်ပါသည်။

ထွန်းကိုကို

နာရေးကူညီမှုအသင်း (ရန်ကုန်) ဦးကျော်သူတို့ဆီကပဲ K Ambu-lance အဖွဲ့နဲ့အတူသွားပြီး Medical Cover လုပ်ပေးဖြစ်တာပါ။ အာဇာ နည်ကုန်းအတွင်းစည်းမှာရှိတဲ့နေရာမှာ အထိုင်ချပြီး လာပြီးဂါရဝပြုတဲ့ မိဘပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးတဲ့အနေနဲ့ နေပေးတာ ပါ။ လူနာတော့ တော်တော်များတယ်။ ဂိတ်မဖွင့်ခင်ကတည်းက တိုးပြီး တန်းစီထားတာဖြစ်တဲ့အတွက် တချို့ဆိုရင် အရမ်းမောကြတယ်။ တချို့ လူကြီးတွေဆိုရင် လူအုပ်ကြားမှာ အသက်ရှူမဝတာတို့၊ မူးလဲတာတို့ အဲ ဒါမျိုးတွေလည်း ကြုံခဲ့ရတယ်။ တချို့တွေဆို ဆီးချိုတွေတက်ပြီး မူးလဲ တာတွေရှိတော့ Ambulance နဲ့ ဆေးရုံကြီးကို ပို့ပေးရတာတွေရှိတယ်။ အရင်နှစ်တွေကတော့ နာရေးကူညီမှုအသင်း ကျော်သူကွန်ရက်နဲ့ အမှိုက် ကောက်တဲ့အစီအစဉ်မှာပါဖြစ်တယ်။ အာဇာနည်ကုန်းပတ်ချာလည်မှာ အမှိုက်လိုက်ကောက်ရတာ။ ဒီနှစ်တော့ အတွင်းစည်းမှာ တာဝန်ကျနေ တာဆိုတော့ မပါဖြစ်ဘူး။

နန်းခင်ဇေယျာ

ဒီနှစ်ကတော့ အာဇာနည်ခေါင်းဆောင်တွေကို အလေးပြုရင်းနဲ့ ဗိုလ်ချုပ်ပြတိုက်နားကိုသွားတာ။ အဲဒီမှာ အရမ်းကြိတ်ကြိတ်တိုး။ များ သောအားဖြင့် ကျောင်းသားတွေဆိုတော့ ကလေးတွေက အားနည်းပြီး အသက်ရှူမဝဖြစ်ကြတယ်။ လူတော်တော်များပြီး မိုးတွေလည်းရွာတော့ နန်းခင်ကိုယ်တိုင်ကအစ အသက်ရှူမဝဖြစ်တယ်။ အဲဒီမှာ ကူညီပေးဖြစ် တယ်။ နာရေးကူညီမှုအသင်း ရန်ကုန်နဲ့ကတော့ အတူအမှိုက်ကောက် တယ်။ ဒီနှစ်နဲ့ဆိုရင် လေးနှစ်ဆက်တိုက်ရှိပြီ။

အေးမြတ်သူ

အေးမြတ်သူ ပြီးခဲ့တဲ့နှစ်ကစပြီး ကိုဝေတို့နဲ့အတူ လုပ်အားပေးအ နေနဲ့ သွားခဲ့တယ်။ ကိုယ်ရတဲ့ အချိန်လေးမှာ ကိုယ်နိုင်သလောက်လေး သွားပြီး ကူညီဖြစ်တာပါ။ အေးမြတ်သူတို့က ကြက်ခြေနီအသင်းဝင်ဆို တော့ ဆေးအကူပေါ့။ လူတွေတအားကျပ်တဲ့အခါ ဝင်ရှင်းပေးရတာမျိုး၊ ကလေးပျောက်တဲ့အခါ ရှာပေးရတာမျိုး တကယ်လိုအပ်တဲ့ အကူအညီ လေးတွေပေးဖြစ်တယ်။ ကြက်ခြေနီအရန်ဆေးအကူပေါ့။ ဒီနေ့ အာဇာ နည်ကုန်းနဲ့ ဗိုလ်ချုပ်ပြတိုက် နှစ်နေရာရောက်ခဲ့ပါတယ်။ ဒီနှစ်က အရင် နှစ်ကထက် အနုပညာရှင်တွေ ပိုတွေ့ရတယ်။ ကိုယ်နဲ့အတူတူ တခြားအနု ပညာရှင်တွေလည်း တစ်နှစ်ထက်တစ်နှစ် ပိုပြီးလုပ်ဆောင်လာကြတဲ့အ တွက်  ပိုပြီးဝမ်းသာသလို ကိုယ်လည်း ပိုပြီးလုပ်ချင်စိတ်ဖြစ်တယ်။ ဒီနှစ် မှာ ထူးခြားတာတစ်ခုက ဂါရဝလာပြုတဲ့ လူတွေအကုန်လုံး ပြီးခဲ့တဲ့နှစ် ထက်စာရင် သက်သောင့်သက်သာ ပိုရှိတယ်လို့ ခံစားရတယ်။ ပြီးခဲ့တဲ့ နှစ်က အရမ်းတိုးဝှေ့ကြတယ်။ ရုန်းရင်းဆန်ခတ်နဲ့ မူးကြ၊ မော်ကြ၊ လဲကြ တယ်။ ဒီနှစ်မှာတော့ အကုန်လုံး မနှစ်ကထက် ပိုစည်းကမ်းရှိပြီး စနစ် တကျ တန်းစီလာကြတဲ့အတွက် အဲဒီလောက်ကြီး အလုပ်မရှုပ်တော့ဘူး။

ဝေဠုကျော်

ကြက်ခြေနီအသင်းအနေနဲ့က အာဇာနည်ကုန်း၊ ဗိုလ်ချုပ်ပြတိုက်နဲ့ ဝန်ကြီးများရုံးရော သုံးခုစလုံးမှာ ရှိနေတယ်။ ကျွန်တော်တို့အနေနဲ့က တော့ အာဇာနည်ကုန်းနဲ့ ဗိုလ်ချုပ်ပြတိုက်နှစ်နေရာကိုရောက်ခဲ့တယ်။ အဓိကကတော့ ဆေးဂျူတီပေါ့။ ဒီနှစ်နဲ့ဆို အဲဒီလိုမျိုး ကူညီဆောင်ရွက် ပေးတာ လေးနှစ်နီးပါးရှိပြီ။ နောက်နှစ်တွေမှာလည်း အမြဲတမ်းဆောင် ရွက်သွားပါမယ်။ ဒါက ကျွန်တော့်ဝါသနာ။ လူတိုင်းက ဝါသနာတစ်ခုမှာ ထုံကြတယ်။ ကျွန်တော်က ငယ်ငယ်ကတည်းက ကြက်ခြေနီကလာတာ ဆိုတော့ ကိုယ့်ဝါသနာနဲ့ ကိုယ်နိုင်တာ ကိုယ်လုပ်ပေးတာပါပဲ။ ကျွန်တော်လည်း နိုင်သလောက်လုပ်တာပါ။ မနိုင်တဲ့အချိန် ဥပမာ ကျွန်တော့်ရဲ့ ကျန်းမာရေးကအစ လုပ်နိုင်ကိုင်နိုင်တဲ့ နောက်ဆုံးအချိန်ထိ ကျွန်တော် ကြိုးစားသွားမယ်။ မလုပ်နိုင်တော့ဘူးဆိုတော့လည်း မတတ်နိုင်ဘူးပေါ့ နော်။ ကျွန်တော်တို့ အများအတွက် လုပ်သင့်လို့၊ လုပ်ပေးနိုင်လို့ သွား လုပ်ပေးနေတာပါ။ ဒါပါပဲ။

‘ည’ ရုပ်ရှင်က ပရိသတ်စိတ်မပျက်စေရဘူးလို့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးဆို

 ‘ည’ ရုပ်ရှင်ကိုအသစ်များ နှင့် ဖန်တီးထားသော်လည်း လာ ရောက်ကြည့်ရှုသည့်ပရိသတ်များ စိတ်မပျက်စေရန် အာမခံကြောင်း ဒါရိုက်တာထူးပိုင်ဇော်ဦးက ပြော သည်။

‘‘သရုပ်ဆောင်အသစ်တွေ အပြင် ရုပ်ရှင်ပေါ်မှာ မမြင်ရတဲ့ နောက်ကွယ်က ပညာရှင်တွေ အားလုံး Cinematographer တွေ၊ မိတ်ကပ်တွေ၊ Music တွေ ဇာတ်လမ်း၊ဇာတ်ညွှန်းဒါရိုက်တာ တည်းဖြတ်အသံပိုင်းဆိုင်ရာ အား လုံးက အသစ်တွေပဲဖြစ်တယ်။ ဒါ ပေမဲ့ ကျွန်တော်တို့အသစ်တွေက သေချာပြင်ဆင်မှုလုပ်ထားပြီးမှ ရုပ်ရှင်လောကကိုဝင်လာတဲ့ အ သစ်တွေဖြစ်တဲ့အတွက် အားပေး ပါ။ အသစ်တွေဖန်တီးထားတဲ့ ရုပ်ရှင်ကားကို ကြည့်ပြီးရင်လည်း လုံးဝစိတ်မပျက်စေရဘူးလို့ ကတိ ပေးပါတယ်။ အာမလည်းခံပါ တယ်’’ဟု ၎င်းကပြောသည်။

‘ည’ ရုပ်ရှင်ဇာတ်ကားကို မျက်နှာသစ်သရုပ်ဆောင်များရွေး ချယ်၍ ရိုက်ကူးခြင်းဖြစ်ပြီး ပြင် ဆင်ချိန်နှင့် ရိုက်ကူးချိန်  တစ်နှစ် ကျော်ကြာမြင့်ခဲ့ကြောင်း ဒါရိုက် တာထူးပိုင်ဇော်ဦးကဆိုသည်။

‘‘အဓိကကတော့ ကျွန်တော် က ဘယ်သူနဲ့မှမတူအောင် ဘယ် လိုမျိုးအသစ်အဆန်းထွင်လိုက် မယ်ဆိုပြီးတော့ လုပ်တာတော့မ ဟုတ်ဘူး။ ကျွန်တော်ယုံကြည် ထားတဲ့ အနုပညာခံယူချက်နဲ့ပဲ ဇာတ်လမ်းဖန်တီးတာရော၊ ရိုက် ကူးတာတွေရော အဆင့်တိုင်းကို လုပ်သွားတယ်။ အဲဒီအတွက်တ ကယ်ထွက်လာတဲ့အချိန်မှာတော့ မြန်မာရုပ်ရှင်လာကမှာရှိနေတဲ့ ပုံ စံတွေနဲ့ နည်းနည်းတော့ ကွဲထွက် မယ်ထင်တယ်’’ ဟု ၎င်းကပြော သည်။

‘ည’ ရုပ်ရှင်ဇာတ်ကားတွင် အဓိကသရုပ်ဆောင်များအဖြစ် ချမ်းမင်းရဲထွဋ်၊ အောင်ရဲထိုက်၊ ရပ်ဆဲလ်၊ ငြိမ်းသော်၊ နက်ရှိုင်း ကို၊ နန်းထရေစီ၊ မိုးယသော်၊ မေ ဆူးသော်၊ နန်းခေးမိုနှင့်မြတ်နိုး အေးတို့က ပါဝင်သရုပ်ဆောင် ထားပြီး ဇူလိုင်လကုန်တွင် ရန်ကုန် မန္တလေးအပါအဝင် တစ်နိုင်ငံလုံး ရှိ ရုပ်ရှင်ရုံများ၌ရုံတင်ပြသမည် ဖြစ်သည်။

‘‘ရိုက်ကူးတဲ့အချိန်တုန်းက ဈေးကွက်ဝင်ခြင်း၊ မဝင်ခြင်းကို စဉ်းစားပြီး  ရိုက်ကူးထားခြင်းမ ဟုတ်ပေမယ့် ပရိသတ်အားပေးမှု ကိုအများကြီး မျှော်လင့်ပါတယ်’’ ဟု ထူးပိုင်ဇော်ဦးကပြောသည်။

‘ည’ ရုပ်ရှင်သည် မြန်မာနိုင် ငံတွင် ရိုက်ကူးမှုနည်းသည့် Psychological Thriller Drama ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ဇာတ် လမ်းသည်လည်း ၎င်း၏ကိုယ်ပိုင် ဇာတ်လမ်းစစ်စစ်ဖြစ်ကြောင်း ဆို သည်။

ထို့အပြင် ယင်းရုပ်ရှင်၌ သ ရုပ်ဆောင်များ၏ နာမည်အရင်း အတိုင်း အသုံးပြုသည့် အကြောင်း နှင့်ပတ်သက်၍ ဒါရိုက်တာထူးပိုင် ဇော်ဦးက ‘‘ဇာတ်လမ်းလမ်းအရ နာမည်တွေက အရေးကြီးတဲ့ အ ခန်းကဏ္ဍကလည်း မပါဘူး။ သ ရုပ်ဆောင်အသစ်တွေဖြစ်တဲ့အ ခါမှာ ပရိသတ်တွဲပြီးမှတ်မိသွား အောင် ဇာတ်လမ်းထဲမှာ နာမည် တစ်မျိုး၊ အပြင်မှာနာမည်တစ်မျိုး ဆိုလည်း အဆင်မပြေဘူး။ သရုပ် ဆောင်အသစ်တွေတင်တဲ့အချိန် မှာ နေရာတစ်နေရာ ရပါစေဆိုတဲ့ ရည်ရွယ်ချက်လည်းပါပါတယ်’’ ဟု ၎င်းကပြောသည်။

ထူးပိုင်ဇော်ဦးသည် Music Video ဒါရိုက်တာအနေဖြင့် ပရိ သတ်အားပေးမှုရရှိထားသူ ဖြစ်ပြီး ‘ည’ ရုပ်ရှင်သည် ဒါရိုက်တာအ နေဖြင့် ပထမဆုံးရိုက်ကူးထား ခြင်းဖြစ်သည်။

တစ်ဦးပုံစံ တစ်ဦးကြည့်ပြီး သရုပ်ဆောင်ကြတဲ့ မြင့်မြတ်နဲ့ ဖွေးဖွေး

 မြင့်မြတ်နှင့် ဖွေးဖွေးတို့ စိတ်နှင့် ခန္ဓာကိုယ်ချင်းလွဲသွားသူ များအဖြစ် သရုပ်ဆောင်ထား သည့် ‘ဘုန်းကညာနှစ်ပါး’ရုပ်ရှင် ဇာတ်ကားကို ဇူလိုင် ၂၁ ရက်တွင် ရုံတင်ပြသမည်ဖြစ်ကြောင်း  သ တင်းရရှိသည်။

‘‘ဇာတ်လမ်းပုံစံအရတော့ ကျွန်တော်က   ကျောက်ပန်း တောင်းသား    ဖွန်ကြောင်တယ် ပေါ့။ နောက်ပြီး ဖွေးဖွေးနဲ့ ကား ပေါ်မှာတွေ့တော့လည်း တောက် လျှောက်ဖွန်ကြောင်တယ်။ ပြီး တော့ ကားအက်ဆီးဒင့်ဖြစ်ပြီး ဝိညာဉ်ချင်းချိန်းသွားတယ်ပေါ့’’ ဟု ယင်းဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ထားသည့် မြင့်မြတ် က ပြောသည်။

‘ဘုန်းကညာနှစ်ပါး’ရုပ်ရှင် ဇာတ်ကား၏ နမူနာဗီဒီယိုဖိုင်ကို ဇူလိုင် ၅ ရက်တွင် အဆိုပါဇာတ် ကားအမည်ဖြင့် ဖေ့စ်ဘွတ်ခ်စာ မျက်နှာ၌   တင်ခဲ့ရာ   ခုနစ်ရက် အတွင်း ကြည့်ရှုသူ လေးသန်းခွဲ ကျော်ရှိခဲ့သည်။

‘‘ကိုမြင့်မြတ်ပရိသတ်တွေ ကလည်း အများကြီး၊ ကိုယ်ကိုယ် တိုင်ကတော့ ကိုမြင့်မြတ် ပရိသတ်ဆိုတော့ စမ်းကြည့်ချင်တယ်။ နည်းနည်းတော့ အန္တရာယ်များ တယ်။ မိန်းကလေးအနေနဲ့ တွေး မယ်ဆိုရင်တော့ ပုဆိုးကြီး ကွင်း သိုင်းရတာက သရုပ်ပျက်တာ ပေါ့။ ဒါပေမဲ့ ကာရိုက်တာအရဆို ရင်တော့ သရုပ်မပျက်ဘူး။ မိန်း ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ယောက်ျားလေးရောက်လာ ရင်ဖြစ်မယ့် အက်တင်တွေပဲ ဖွေး လုပ်ထားပါတယ်’’ဟု ယင်းဇာတ် ကားနှင့်ပတ်သက်၍ ဖွေးဖွေးက ပြောသည်။

စိတ်နှင့် ခန္ဓာလွဲသွားသည့် ပုံစံ သရုပ်ဆောင်ရခြင်းဖြစ်သော ကြောင့် တစ်ယောက်သရုပ် ဆောင်သည့်အချိန်တွင် တစ် ယောက်က ကြည့်ထားပြီး တစ် ယောက်နှင့်တစ်ယောက် ညှိနှိုင်း ၍ ရိုက်ကူးခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ယင်းဇာတ်ကားနှင့်  ပတ် သက်၍ အားပေးသူများပြားခဲ့ သလို ဇာတ်ဝင်ခန်းအချို့နှင့်ပတ် သက်ပြီး ဝေဖန်မှုများလည်းရှိခဲ့ရာ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ‘‘လူတစ်ကိုယ်စိတ်တစ်မျိုးဆို တော့ သူတို့လည်း သူတို့မြင်တဲ့ ဘက်ကနေ ပြောတာ။ ဦးတို့က လည်း ရည်ရွယ်ပြီး ရိုက်ကူးတာ မဟုတ်ဘူး’’ဟု ပြောသည်။

အသားလုံးနဲ့ရေအိတ်ကို ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ ခိုင်နှင်းဝေ

ဓာတ်ပုံ−စိုင်းဇော်

 သွေးလုံး သားလုံး (Myoma) ရောဂါကြောင့် ဇူလိုင် ၈ ရက်က ရွှေဂုံတိုင်အထူးကုဆေး ရုံရှိ Women Centre သို့တက် ရောက်ခဲ့ပြီး ဇူလိုင် ၉ ရက်နံနက်၌ ခွဲစိတ်မှုခံယူခဲ့ကြောင်း   သရုပ်ဆောင် ခိုင်နှင်းဝေကပြောသည်။

‘‘၂၀၁၆ ဆယ်လပိုင်းတုန်း က အစ်မနေသိပ်မကောင်းတဲ့အ တွက် Medical Check Up ကို SSC မှာလုပ်ခဲ့တယ်။ အဲဒီတုန်း က ဗိုက်ထဲမှာအလုံးတွေ့တယ်။ သေးသေးလေးပဲ 4 cm ပဲရှိ တယ်။ တချို့ဆိုသားအိမ်ထဲမှာ ဖြစ်ကြတယ်။ ရာသီလာရင်များ တာတို့၊ အရမ်းကိုက်တာတို့၊ သူ များတွေဆိုမလာတော့တာမျိုး ဖြစ်တယ်လေ။ အစ်မကဘာမှမ ဖြစ်ဘူး။ အားလုံးပုံမှန်ပဲဆိုတော့ ဒီအတိုင်းထားလိုက်တယ်။ နောက်တစ်ခါ စိတ်မသန့်တော့ ထပ်ရိုက်ကြည့်တယ်။ အဲဒီမှာ 7cm ဖြစ်သွားတယ်။ အစကရှေ့ လ ၂၀ ရက်နောက်ပိုင်းခွဲမလို့ လုပ်ခဲ့ပြီး ကားရိုက်တွေဝင်လို့ အ ခုမှပဲခွဲထုတ်ဖြစ်လိုက်တယ်။ အစ် မတစ်ခုကံကောင်းတာက သား အိမ်ထဲမှာမဟုတ်ဘူး။ သားအိမ် ထဲမှာဆို တချို့အရမ်းကြီးရင်သား အိမ်ပါထုတ်ပစ်လိုက်ရတာမျိုး ဖြစ်တတ်တယ်။ အထဲမှာခွဲထုတ် လိုက်တော့ အလုံးကြီးကပွားနေ တယ်။ အလုံကြီးတစ်လုံးက 7cm ကနေ 9.2 cm ဖြစ်နေတယ်။ အဲ ဒါအပြင် အလုံးသေးတစ်လုံးရယ် နောက်ရေအိတ်ပါ တည်နေ တယ်။ အဲဒါတွေအကုန်လုံးကို ခွဲ ထုတ်ပစ်လိုက်တယ်’’ ဟု ခိုင်နှင်း ဝေက  ခွဲစိတ်ကုသမှု ခံယူသည့် အကြောင်းကို ပြောကြားသည်။

      ရေအိတ်သည်မကြာခဏပြန် တည်တတ်သဖြင့် ကျန်းမာရေး စစ်ဆေးမှုကို ပုံမှန်ပြုလုပ်ရန်လို အပ်ကြောင်းနှင့် အနာကျက်၍ သက်သာပါက ဆေးရုံမှဆင်းမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

နေမကောင်းဖြစ်ခဲသည့် ခိုင် နှင်းဝေသည် လွန်ခဲ့သည့် ၁၅ နှစ် ခန့်က တိုက်ဖွိုက်ဖြစ်ပြီး အူအ တက်ရောင်ရာက အူအတက်တစ် ကြိမ် ခွဲစိတ်မှုခံယူဖူးပြီး ဆေးရုံ နှစ်လခန့် တက်ခဲ့ရကာ ယခုခွဲ စိတ်မှုသည်     ဒုတိယအကြိမ် မြောက် ခွဲစိတ်မှုဖြစ်ကြောင်း ထပ် ဆင့်ပြောသည်။

Pages

Subscribe to Entertainment