Regional

ပြည်တက္ကသိုလ် ကာယဗလနှင့် အမျိုးသမီး ကာယကြံ့ခိုင်မှု ပြိုင်ပွဲ ကျင်းပ

ပြိုင်ပွဲဝင် ပြည်တက္ကသိုလ်ကျောင်းသူအချို့ (ဓာတ်ပုံ − ဇော်မင်းထိုက်)

 ပြည်တက္ကသိုလ်တွင် ကာ ယဗလနှင့် အမျိုးသမီးကာယကြံ့ ခိုင်မှု ပြိုင်ပွဲကို သြဂုတ် ၁၇ ရက်က ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို ပြည်တက္က သိုလ်၏ ၂၀၁၆-၁၇ ပညာသင်နှစ်အတွက် ရည်ရွယ်ပြီး သဘာဝအ လှဖန်တီးရှင် (ENAT) ကုမ္ပဏီက ကြီးမှူးကျင်းပခြင်းဖြစ်ကြောင်း ပြည်တက္ကသိုလ်  အနုပညာအ သင်း ဒုဥက္ကဋ္ဌ ဒေါက်တာပုံပုံက ပြောကြားသည်။

‘‘ကျောင်းသား၊ ကျောင်းသူ တွေ ကျန်းမာပြီး ကာယကြံ့ခိုင်ဖို့ ရယ်၊ စိတ်ဓာတ်တွေဖွံ့ဖြိုးဖို့အ တွက် ရယ်ရည်ရွယ်ပြီး ကျင်းပတာ ဖြစ်တယ်။ ပျော်ရွှင်စွာဝင်ရောက် ယှဉ်ပြိုင်တာကိုလည်း တွေ့ရတယ်’’ဟု ၎င်းကဆိုသည်။

ပြိုင်ပွဲတွင် ကာယဗလပြိုင်ပွဲ ၌ ကျောင်းသား ရှစ်ဦးဝင်ရောက် ယှဉ်ပြိုင်ပြီး ပထမဆုကို အင်္ဂ လိပ်စာ အထူးပြု ကျောင်းသား မောင်ထွန်းထက်လင်းက   ရရှိ သည်။ အမျိုးသမီးကာယကြံ့ခိုင် မှုပြိုင်ပွဲတွင် ကျောင်းသူ ၁၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ပထမဆု ကို ဓာတုဗေဒအထူးပြုကျောင်းသူ မစွမ်းရည်ကြယ်စင်က ရခဲ့သည်။

ဖမ်းဝရမ်းထုတ်ထားသော သံဃာနှစ်ပါးနှင့် လူလေးဦးကို နှစ်ပတ်ကြာအထိ ဖမ်းမမိသေးဟုဆို

မန္တလေးတွင် သြဂုတ်၎ရက်က သပိတ်စခန်းဖွင့်လှစ်ထားစဉ် (ဓာတ်ပုံ−စည်သူလင်း)

အစိုးရဖြုတ်ချပေးရေး သပိတ်စခန်းဖွင့်လှစ်တောင်းဆိုမှု တွင် ပါဝင်သူများအနက် ဖမ်းဝ ရမ်းထုတ်ထားသည့်   သံဃာနှစ်ပါး နှင့် လူလေးဦးကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မန္တလေးခရိုင်ရဲ တပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင် က ပြောသည်။

သံဃာတော်များနှင့် အမျိုး သားရေးလှုပ်ရှားသူဟု ဆိုသူများ က အစိုးရဖြတ်ချပေးရေး သပိတ်စခန်းဖွင့်လှစ်ခဲ့မှုတွင် ဦးဆောင် ပါဝင်သူများကို   နိုင်ငံတော်အ ကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် ဝရမ်းထုတ်ထားခြင်းဖြစ် သည်။ ၎င်းတို့အနက် သံဃာ ခြောက်ပါးကို သြဂုတ် ၅ ရက်က သပိတ်စခန်းဖျက်သိမ်းစဉ် ဖမ်းမိ ခဲ့ကာ ဦးကျော်မျိုးရွှေကို သြဂုတ် ၇ ရက်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။

သို့သော် သြဂုတ် ၁၇ ရက် အထိ ဦးဆောင်သူ မြင့်ဦးအပါအ ဝင် လူလေးဦးနှင့် သံဃာနှစ်ပါး လွတ်မြောက်နေသေးကြောင်း ဒုရဲမှူးကြီး မျိုးအောင်က ပြောသည်။

‘‘သူတို့နေထိုင်တဲ့လိပ်စာရဲ့ နေအိမ်တွေကို လိုက်ရှာတဲ့အခါ မှာ အိမ်တွေကို သော့ပိတ်ပြီး တိမ်းရှောင်နေတယ်။ သူတို့နေတဲ့ လိပ်စာမှာမနေဘဲ တခြားနေရာ တွေမှာ ပြောင်းနေတယ်ဆိုတာ လည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ခရိုင်၊မြို့နယ်ရဲအချင်းချင်းတော့ ချိတ် ဆက်ဆောင်ရွက်နေပါတယ်’’ဟု ဒုရဲမှူးကြီး မျိုးအောင်က ဆိုသည်။လတ်တလောတွင် ထွက်ပြေးတိမ်းရှောင်နေသည့် သံဃာနှစ်ပါးအမည်သည် ဦးဣန္ဒောဘာသ(ရခိုင်ဘုန်းကြီး)၊ (မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ၊ သာသနာဝင်အမှတ် ၉/ပကသ(သ) ၀၀၂၁၀၀၊ ဓမ္မသုခကျောင်း နှမ်းကြဲကျေးရွာ ပုသိမ်ကြီးမြို့နယ် မန္တလေးမြို့) နှင့် ဦးစန္ဒာသီရိ သာသနာဝင်အမှတ် ၉/မဟမ(သ) ၀၀၁၂၉၁၊ မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂဓမ္မသုခ ကျောင်း နှမ်းကြဲကျေးရွာ ပုသိမ်ကြီးမြို့နယ် မန္တလေးမြို့)တို့ ဖြစ်သည်။

လူလေးဦးသည် ချမ်းမြသာ စည်မြို့နယ် ထွန်တုံးရပ်ကွက် တွင် နေထိုင်သည့် ဦးမြင့်ဦးနှင့် ဦးခင်မောင်ကြည်၊ မဟာအောင် မြေမြို့နယ်တွင် နေထိုင်သည့် ဒေါ်ချောစုဝင်းနှင့် ဦးတင်ဇော်ကို တို့ ထွက်ပြေးတိမ်းရှောင်နေ ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သပိတ်စခန်းတွင် ပါဝင်ခဲ့ သည့် သံဃာရှစ်ပါးကို ခရိုင်သာ သနာရေးဦးစီးမှူးက တရားလိုပြု လုပ်၍ တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ပြီး ဦးမြင့်ဦးပါ ငါးဦးကို ခရိုင်အထွေထွေအုပ်ချုပ်ရေး မှူးက တရားလိုပြုလုပ်ကာ ပုဒ်မ ၅၀၅(ခ) ဖြင့် စွဲဆိုထားသည်။ ဝရမ်းဖြင့် ဖမ်းဆီးရမိထားသူများ ကို သြဂုတ် ၉ ရက်က ချမ်းမြသာ စည်မြို့နယ် တရားရုံးတွင် ပထမ အကြိမ် ရုံးထုတ်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ်သာ သနာ ၂၅၀၀ ဗိမာန်တော်ရှေ့တွင် ဖွင့်လှစ်ခဲ့သည့် သပိတ်စခန်းကို သြဂုတ် ၅ ရက် နံနက် ၂ နာရီခန့် က မန္တလေးတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးက ဦးဆောင်၍ အရပ်ဝတ် ရဲတပ်ဖွဲ့အင်အား ၇၀ ခန့်ဖြင့် ရှင်းလင်းဖယ်ရှားခဲ့သည်။

‘တိုင်းရင်းသားအရေးလျစ် လျူ၍ ကုလားအရေးဦးစားပေး သည့် အစိုးရအလိုမရှိ၊ အမျိုးဘာ သာ သာသနာကို နှိမ့်ချသည့် အစိုး ရအလိုမရှိ၊ အာဏာယူပြီး တိုင်း ပြည်အကျိုး မကာကွယ်နိုင်သည့် အစိုးရ အလိုမရှိ၊ စီမံခန့်ခွဲမှု မကျွမ်းကျင်သူများအား နေရာ ပေးသည့် အစိုးရအလိုမရှိ၊ တိုင်း ပြည်အကျိုးစီးပွား ဖျက်ဆီးနေ သော အစိုးရအလိုမရှိ၊ ဘင်္ဂါလီကို ဘင်္ဂါလီဟု မခေါ်ရဲသည့်အစိုးရ ဖြုတ်ချရေး၊ အာဏာရှင်အစိုးရ နုတ်ထွက်ပေးရေး’ စသည့်ကြွေး ကြော်သံများဖြင့် သံဃာတော်များ နှင့် အမျိုးသားရေးတက်ကြွလှုပ် ရှားသူများက သပိတ်စခန်းဖွင့် တောင်းဆိုခြင်းဖြစ်သည်။

ဗန်းမော်-ကသာ မီးရထားလမ်းစီမံကိန်းကြောင့် နစ်နာဆုံးရှုံးခဲ့သော တောင်သူများအား လျော်ကြေးပေးမည်

ဗန်းမော်-ကသာ မီးရထားလမ်းပိုင်းကို မြင်တွေ့ရစဉ် (ဓာတ်ပုံ −ညီညီထွန်း(ကသာ))

 ဗန်းမော်-ကသာ မီးရထား လမ်းစီမံကိန်းကြောင့် နစ်နာဆုံး ရှုံးခဲ့သော တောင်သူများအားလျော်ကြေးပေးမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးကမ်ဇာမုံက ပြော သည်။

သြဂုတ် ၁၇ ရက်က ကျင်းပ သော ဒုတိယအကြိမ် စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော်အ စည်းအဝေးတွင် ကသာမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသ  ကြီးလွှတ်တော်ကိုယ်စားလှယ် ဦး ညီညီထွန်း၏ မေးခွန်းကို ဦးကမ် ဇာမုံက ပြန်လည်ဖြေကြားသည်။

နစ်နာဆုံးရှုံးခဲ့သည့် မြေဧရိ ယာဧက သုံးရာခန့်အတွက် သီးနှံ ထောက်ပံ့ကြေးနှင့် မြေယာ ထောက်ပံ့ကြေးများကို ၂၀၁၂ လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၊ ခရိုင်လယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ တိုင်းဒေ သကြီး လယ်ယာမြေစီမံခန့်ခွဲမှုအ ဖွဲ့တို့က တွက်ချက်ပေးမည်ဟု ဝန်ကြီးကဆိုသည်။

‘‘ဗဟိုလယ်ယာမြေ စီမံခန့်ခွဲ မှု အဖွဲ့၏ အတည်ပြုချက်ရရှိပါ က သက်ဆိုင်ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (မီးရ ထားစီမံကိန်း) မှ နစ်နာသော တောင်သူများအား လျော်ကြေး ငွေများ ပေးအပ်မည်ဖြစ်ပါတယ်’’ ဟု ဦးကမ်ဇာမုံက ပြောသည်။

ဗန်းမော်-ကသာ မီးရထား လမ်းကို ၂၀၀၆-၀၇ ဘဏ္ဍာနှစ် တွင် စတင်ဖောက်လုပ်ရာ မီးရ ထားလမ်းစီမံကိန်းကြောင့် ကသာ မြို့နယ်အတွင်း စုစုပေါင်းကျေး ရွာအုပ်စု ခြောက်စုမှ တောင်သူ ၁၈၇ ဦး၏ မြေဧက ၃၀၃ ဒသမ ၂၀ သိမ်းဆည်းခံခဲ့ရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးမှတ်တမ်းများအရ သိရ သည်။

မန္တလေး၌ ထိန်းသိမ်းထားသည့် တောင်းရမ်းသူ ကလေးငယ်များအပါအဝင် ၄၃ ဦးကို မိသားစုထံအပ်နှံ

လမ်းပေါ်၌ တောင်းရမ်းသူများကို ထိန်းသိမ်းထားစဉ် (ဓာတ်ပုံ− Ye Lwin Linn FB)

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ထိန်းသိမ်းခဲ့သည့်  လမ်းပေါ်တွင် တောင်းရမ်းသူ ၆၂ ဦးအနက် ၄၃ ဦးကို လူမှုဝန်ထမ်းဦးစီးဌာနက မိသားစုများထံ ပြန်လည်အပ်နှံ ပေးခဲ့ကြောင်း တိုင်းလူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦး ကျော်ဝင်းက ပြောသည်။

မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီသန့်ရှင်း ရေးဌာန၊ စည်ပင်သာယာရဲတပ် ဖွဲ့နှင့် ကလေးသူငယ်ရဲတပ်ဖွဲ့များ ပူးပေါင်းကာ သြဂုတ် ၁၁ ရက်မှ ၁၅ ရက်အထိ လမ်းပေါ်တွင် တောင်းရမ်းသည့်ကလေး ၄၀ ဦး၊ သက်ကြီးရွယ်အို နှစ်ဦး၊ အမျိုး သမီး ၁၉ ဦးနှင့် မသန်စွမ်းတစ်ဦး တို့ကို ထိန်းသိမ်းခဲ့သည်။

အဆိုပါထိန်းသိမ်းထားသူ များအနက်  ကလေး ၂၅ ဦး၊ အမျိုးသမီး ၁၅ ဦး၊ သက်ကြီးရွယ် အိုနှစ်ဦးနှင့် မသန်စွမ်းတစ်ဦးတို့ ကို မိသားစုများ၏ခံဝန်ဖြင့် ပြန် လည်အပ်နှံခဲ့ကြောင်း ဦးကျော် ဝင်းက ပြောသည်။

လူမှုဝန်ထမ်းဦးစီးဌာနအနေ ဖြင့် ၂၀၁၅ မှစတင်ဘာ ရန်ကုန် နှင့်မန္တလေးမြို့များတွင် လမ်းပေါ် နေကလေးများ လျော့နည်းပ ပျောက်ရေးစီမံချက်ကို အစီအစဉ် လေးရပ်ချမှတ်ကာ ဆောင်ရွက် နေသည်။ ယင်းအစီအစဉ်များ သည် ကြိုတင်ကာကွယ်ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ ပြန် လည်ပေါင်းစည်းခြင်းနှင့် ပြန် လည်ထူထောင်ခြင်း၊ အရေးယူ အပြစ်ပေးခြင်းတို့ဖြစ်ကြောင်း ဦးကျော်ဝင်းက ဆိုသည်။

‘‘ပထမအဆင့် ကြိုတင်ကာ ကွယ်ခြင်းလုပ်ငန်းအဖြစ် မန္တလေးမြို့မှာ ရှိတဲ့ မြို့နယ်ခုနစ်ခုထဲက ခြောက်ခုမှာ စစ်တမ်းတွေ ကောက်ယူခဲ့ပါတယ်။ နောက်ပြီး အလုပ်ရုံဆွေးနွေးပွဲနှစ်ကြိမ်လုပ်ခဲ့တယ်။ အခုက ပညာပေးကာလ ပြီးဆုံး သွားပြီဖြစ်တဲ့အတွက် နောက်အ စီအစဉ်တွေဖြစ်တဲ့ ကာကွယ် စောင့်ရှောက်ခြင်း၊ ပြန်လည်ပေါင်းစည်းခြင်းနဲ့ အပြစ်ပေးအ ရေးယူတာတွေ တန်းလာတဲ့သ ဘောပါ’’ဟု ဦးကျော်ဝင်းက ပြော သည်။

လမ်းပေါ်တွင် တောင်းရမ်း သူများကို မိသားစုထံ ပြန်လည် အပ်နှံပေးခြင်းနှင့် ပတ်သက်၍ မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီသန့်ရှင်းရေးဌာန ဌာနခွဲမှူး ဦးစိုးတင့်အောင်က ‘‘ပထမအကြိမ်မှာတော့ ဥပဒေကို မသိလို့ဆိုတာကို လက်ခံတယ်။ ဒါကြောင့် မိသားစုကို ခံဝန်ထိုးပြီး ပြန်အပ်ခဲ့တယ်။ ဒုတိယအကြိမ် မှာတော့ မရတော့ဘူး။ ကလေး ဆိုရင် လူမှုဝန်ထမ်းမှာထားပြီး ပြန်မလွှတ်တော့ဘူး။ အုပ်ထိန်းသူ တွေကို တရားဥပဒေနဲ့ အရေးယူ မယ်’’ဟု ဆိုသည်။

ကလေးများအား တောင်းရမ်းစေခိုင်းသည့်   အုပ်ထိန်းသူခြောက်ဦးကို   ချမ်းမြသာစည်တရားရုံးနှင့် ချမ်းအေးသာစံတရားရုံးများတွင် လူမှုဝန်ထမ်းဦးစီးဌာန က တရားလိုပြုလုပ်ကာ ကလေးသူငယ် ဥပဒေ ၆၆(ဂ)ဖြင့် တရားစွဲဆိုခဲ့ပြီး တရားရုံးက ထောင်ဒဏ်ခြောက်လချမှတ်ခဲ့သည်။

လူမှုဝန်ထမ်းဦးစီးဌာနအနေ ဖြင့် ယင်းအုပ်ထိန်းသူများ ထောင် ကျနေစဉ်ကာလအတွင်း သွား ရောက်အားပေးခြင်း၊ ပညာပေး ခြင်းများ       ပြုလုပ်မည်ဖြစ်ပြီး ထောင်မှလွတ်လာသည့် အချိန် တွင် ၎င်းတို့ကို အသက်မွေးဝမ်း ကျောင်းပညာများ သင်ကြားပေး ခြင်း၊ ဘဝရပ်တည်ချက်အတွက် ထောက်ပံ့ခြင်းများ ပြုလုပ်ပေး မည်ဖြစ်ကြောင်း ဦးကျော်ဝင်းက ပြောသည်။

လမ်းပေါ်နေ ကလေးများ လျော့နည်းပပျောက်ရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးအပိုင်းမှ ပူး ပေါင်းပါဝင်မှုနှင့် စိတ်ဝင်စားမှု အားနည်းနေကြောင်း ဦးကျော် ဝင်းက ဆက်လက် ပြောကြား သည်။

မန္တလေးမြို့လမ်းများပေါ် တွင် တောင်းရမ်းသူများ ပပျောက် စေရေး    သက်ဆိုင်သည့်ဌာန ဆိုင်ရာအားလုံး   ပါဝင်လာပါက တစ်လအတွင်း ပပျောက်အောင် ဆောင်ရွက်နိုင်သည်ဟု ဦးစိုးတင့် အောင်က ဆိုသည်။

မကွေးတက္ကသိုလ် စာကြည့်တိုက်သို့ ကျပ်၂၇ သိန်း ကျော်ဖိုးရှိ စာအုပ်များ ကျောင်းသားများလှူဒါန်း

မကွေးတက္ကသိုလ်စာကြည့်တိုက်သို့ လှူဒါန်းသည့်စာအုပ်များကို ကြည့်ရှုနေစဉ် (ဓာတ်ပုံ − မိုးကျော်)

မကွေးတက္ကသိုလ် စာကြည့်တိုက်အတွက် ကျောင်းသား၊ ကျောင်းသူများကစုပေါင်း၍ ကျပ် ၂၇ သိန်းကျော် တန်ဖိုးရှိ စာအုပ်များ ဝယ်ယူလှူဒါန်းခဲ့သည်။

ယင်းကဲ့သို့ စာအုပ်များလှူ ဒါန်းနိုင်ရန် မကွေးတက္ကသိုလ် ကျောင်းရှိ အထူးပြုဘာသာရပ် အသီးသီးမှ (EC) အမှုဆောင်များ မှတစ်ဆင့် ကျောင်းသူ၊ ကျောင်း သားများကို နှိုးဆော်ပြီး ကျောင်း သူ၊ ကျောင်းသားများ၏ အလှူ ငွေဖြင့် ယခုကဲ့သို့ လှူဒါန်းနိုင်ခဲ့ကြောင်း မကွေး တက္ကသိုလ် ကျောင်းသား ကိုချမ်းမြေ့ကိုကိုက ပြောသည်။

 ‘‘ပိုက်ဆံ ထည့်ဝင်တာရှိ သလို စာအုပ်တွေလှူတာလည်း ရှိပါတယ်။ ဒီအလှူငွေတွေနဲ့ ကျွန်တော်တို့ စာအုပ်တွေဝယ်ပြီး စာ ကြည့်တိုက်ကို လွှဲအပ်ပေးနိုင်ခဲ့ပါ ပြီ’’ဟု ၎င်းက ဆိုသည်။

မကွေးတက္ကသိုလ် စာကြည့် တိုက်တွင် ထပ်မံဖြည့်စွက်ရန်လို အပ်သည့် စာအုပ် ၉၅၀ ကို လွှဲအပ်လှူဒါန်းခဲ့ကြောင်း စာအုပ်ဝယ်ယူ ရေးတာဝန်ခံ မကွေးတက္ကသိုလ် ကျောင်းသား ကိုမိုးဇော်က ပြော သည်။‘‘ကျောင်းသားတွေက စာ ကြည့်တိုက်မှာ စာဖတ်လာကြပါ ပြီ။ စာဖတ်လာတော့ ကျွန်တော် တို့ တက္ကသိုလ်စာကြည့်တိုက်မှာ ကိုယ်ကဖတ်ချင်ပေမယ့် မရှိသေး တဲ့ စာအုပ်တွေရှိလာတယ်။ အဲဒါ ကြောင့် စာအုပ်တွေလှူဒါန်းဖို့ဖြစ် လာတယ်။ စာအုပ်တွေဝယ်ဖို့ ရွေးချယ်တဲ့နေရာမှာလည်း ကျောင်း သားတွေရဲ့ လိုအပ်တဲ့စာအုပ် အ ကြံပြုမှုတွေကို ကောက်ခံပြီးဝယ် ခဲ့တာပါ’’ဟု ၎င်းက ဆိုသည်။

မကွေးတက္ကသိုလ်စာကြည့် တိုက်သည် ယခင်က စာအုပ်စုံ လင်စွာရှိသည့် စာကြည့်တိုက်ဖြစ် သည်။ သို့သော် နောက်ပိုင်းတွင် ထပ်မံထွက်ရှိလာသည့် စာအုပ် များကို ဖြည့်စွက်ခြင်းများ မပြုလုပ်နိုင်ခဲ့ဘဲ စာအုပ်များလည်း ဆုံးရှုံးမှုများရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ စာအုပ်များ ပြန်လည်ဖြည့်တင်းလှူဒါန်းမှုအပေါ် ဝမ်းသာကြောင်း ကျောင်းသားများက ပြောကြားသည်။

ရခိုင်တွင် ကျပ်သိန်းတစ်ထောင်ခန့်တန်ဖိုးရှိ WY စိတ်ကြွရူးသွပ်ဆေးပြား လေးသိန်းကျော် ဖမ်းမိ

မောင်တော-ဘူးသီးတောင်ကားလမ်းဘေးလိုဏ်ဂူငယ်အတွင်းမှ တွေ့ရှိသော စိတ်ကြွရူးသွပ်ဆေးပြားများ (ဓာတ်ပုံ − Myanmar State Counsellor Office)

 မောင်တော-ဘူးသီးတောင်ကားလမ်းရှိ လိုဏ် ဂူငယ်တစ်ခုအတွင်း ကျပ်သန်း ၉၅၀ ကျော်တန်ဖိုးရှိ WY စိတ် ကြွရူးသွပ်ဆေးပြား လေးသိန်း ခုနစ်သောင်းကျော်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ ကြောင်း မောင်တောမြို့နယ် ရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

မောင်တော-ဘူးသီးတောင် ကားလမ်းတွင် သြဂုတ် ၁၄ ရက် က အနက်ရောင်ကားတစ်စီးဖြင့် လူနှစ်ဦးသည် လမ်းဘေးလျှို မြောင်အနီးဝန်းကျင်ရှိ ချုံပုတ် များတွင် ပစ္စည်းများသိုဝှက်နေ ကြောင်း သတင်းရရှိ၍ လမ်းလုံခြုံ ရေးဆောင်ရွက်နေသော လုံခြုံ ရေးတပ်ဖွဲ့ဝင်များက သွားရောက် ရှာဖွေကာ ပုဆိုး၊ ဆာလာအိတ် များဖြင့် ထုပ်ထားသည့် စိတ်ကြွ ရူးသွပ်ဆေးပြားများကို တွေ့ရှိခဲ့ ကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။

စိတ်ကြွရူးသွပ်ဆေးပြားများ တွေ့ရှိခဲ့သော်လည်း တရားခံများ ကိုမူ ဖမ်းမိခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ဘဇာနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဥပဒေပုဒ်မ ၁၉(က) ဖြင့် အရေးယူဆောင်ရွက်နေပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရ မိရေး ဆောင်ရွက်နေသည်။

မောင်တော-ဘူးသီးတောင် ကားလမ်းသည် မူးယစ်ဆေးဝါး ကုန်သွယ်မှုအတွက် အဓိကလမ်း ကြောင်းတစ်ခုဖြစ်နေပြီး အဆိုပါ လမ်းပေါ်တွင် သွားလာနေသည့် ယာဉ်များကို စစ်ဆေးနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်က ပြောကြား သည်။ ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ဇန်နဝါရီမှ ဇူလိုင်အထိ ခုနစ်လအတွင်း WY စိတ်ကြွရူး သွပ်ဆေးပြား ကာလတန်ဖိုး ကျပ် ၁၂ ဒသမ ၇,၃၈၆  ဘီလီယံကျော် ဖမ်းဆီးရမိကြောင်း ရခိုင်ပြည် နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိ သည်။

နည်းပညာတက္ကသိုလ် (မန္တလေး)တွင် ပြုလုပ်နေသော ဖဲကြိုးပြာကမ်ပိန်း တစ်လကျော်အထိ ပြေလည်မှုမရသေး

ဖဲကြိုးပြာလှုပ်ရှားမှုတွင်ပါဝင်သော နည်းပညာတက္ကသိုလ် (မန္တလေး)မှ ဆရာ၊ဆရာမများ (ဓာတ်ပုံ−ဖြိုးဖြိုးဇော်)

နည်းပညာတက္ကသိုလ် များမှ ဆရာ၊ ဆရာမများသည် ရာထူးတိုးမညီမျှမှုနှင့်ပတ်သက်၍ ဖဲကြိုးပြာကမ်ပိန်း ပြုလုပ်နေရာ ပညာရေးဝန်ကြီးဌာနက ခိုင်မာ သည့် ရာထူးတိုးမူဝါဒနှင့် နစ်နာမှုများကို ဖြေရှင်းပေးနိုင် သည့်အချိန်ထိ ဆက်လက်ဆောင် ရွက်မည်ဖြစ်ကြောင်း နည်းပညာ တက္ကသိုလ် (မန္တလေး)မှ ဆရာ၊ ဆရာမများက ပြောသည်။

နည်းပညာတက္ကသိုလ်များ မှ ဆရာ၊ ဆရာမများသည် ရာထူး တိုးမညီမျှမှုနှင့်ပတ်သက်၍ ရင် ဘတ်တွင် အပြာရောင်ဖဲကြိုးများ တပ်ဆင်ကာ ငြိမ်းချမ်းစွာ တောင်း ဆိုခြင်းကို ဇူလိုင်နောက်ဆုံး ပတ်ကစတင်ခဲ့ကာ ယခု သြဂုတ် ၁၄ ရက်အထိ ပညာရေး ဝန်ကြီးဌာနက ပြေလည်အောင် ဖြေရှင်းပေးခြင်း မရှိသေးကြောင်း ဆရာ၊ ဆရာမများထံမှသိရသည်။

နည်းပညာတက္ကသိုလ် ဆရာ၊ ဆရာမများသည် ရာထူး တိုးရေး ၂၀၁၅ မှ ၂၀၁၇ မတ်လ အထိ လေးကြိမ်တိုင် တောင်းဆို ခဲ့ပြီးနောက် ပညာရေးဝန်ကြီးဌာန က ၂၀၁၇ ဇူလိုင် ၅ ရက် ထုတ် ပြန်ချက်အရ ရာထူးတိုးမြှင့်ရန် ရေးဖြေဖြေဆိုရမည်ဟု ထုတ်ပြန် ခဲ့သည်။

‘‘အခု ရေးဖြေဖြေရမယ်ဆို တဲ့ မူဝါဒမထွက်ခင်ကတည်းက ကျွန်မတို့ လေးကြိမ်တိုင် တင်ပြ ခဲ့ပြီးပါပြီ။ ကျွန်မတို့ အရင် စီနီ ယာတွေဆိုရင် ဒီလိုရေးဖြေမဖြေခဲ့ ရပါဘူး။ တိကျသေချာတဲ့မူဝါဒကို လက်ခံပါတယ်။ ဒါပေမဲ့ နောက် မှ ထုတ်ပြန်လိုက်တဲ့ ရေးဖြေစာ မေးပွဲပေါ်မှာ မူတည်ပြီး ဆုံးဖြတ် မှာကတော့ ကျွန်မတို့နဲ့ မဆိုင်ပါ ဘူး။ ဒါကိုလည်း လက်မခံနိုင်ပါ ဘူး’’ဟု မန္တလေး နည်းပညာတက္က သိုလ် သရုပ်ပြဌာနမှ ဆရာမ ဒေါ်ယဉ်ဝေလွင်က ပြောသည်။

လုပ်သက်ငါးနှစ်၊ ခြောက် နှစ်နှင့် ခုနစ်နှစ်အထိရှိသော ဆရာ၊ ဆရာမများသည် သရုပ်ပြ မှ လက်ထောက်ကထိကသို့ ရာ ထူးတိုးမြှင့်ရန် ပညာရေးဝန်ကြီး ဌာနက ဖြေဆိုခိုင်းသည့် ရာထူး တိုးစာမေးပွဲကို လက်မခံနိုင် ကြောင်း သရုပ်ပြဌာနမှ ဆရာ၊ ဆရာမများ ကပြောသည်။

‘‘ကျွန်မဆိုရင် လုပ်သက် ခုနစ်နှစ်ရှိပြီ။ သရုပ်ပြစလုပ်တုန်း က ရာထူးတိုးကို ၂ နှစ်လို့ပြော တယ်။ နောက်တော့ သုံးနှစ်၊ လေးနှစ်ဆိုပြီး တိုးတိုးလာတယ်။ သေချာတိကျခိုင်မာတဲ့ မူဝါဒမရှိ ဘူးဖြစ်နေတယ်။ ရေးဖြေစာမေးပွဲ က ကျွန်မတို့ အကျုံးမဝင်ပါဘူး။ ကျွန်မတို့က ရေးဖြေ မဖြေရဘဲ တိုးရမယ့်သူတွေပါ’’ဟု ဆရာမ ဒေါ်ဆွေမွန်ဦးက ပြောသည်။

နည်းပညာတက္ကသိုလ် (မန္တ လေး) တွင် ရာထူးတိုးမြှင့်ရန် စာ ရင်းကောက်ထားသည့် ဆရာ၊ ဆရာမ ၈၅ ဦးရှိပြီး အခြားအဆင့် မြင့်ပညာရေးဦးစီးဌာနတို့တွင် ရာထူးတိုးသော်လည်း နည်းပညာ တက္ကသိုလ်မှ ဆရာ၊ဆရာမအချို့ ကျန်နေသေးကြောင်း ဒေါ်ဆွေ မွန်ဦးက ပြောသည်။

‘‘ဖဲကြိုးပြာကမ်ပိန်းက မရပ် သေးပါဘူး။ အခုထိရှိနေတုန်းပါ ပဲ။ နစ်နာနေတဲ့ ဝန်ထမ်းတွေ အတွက် ခိုင်မာတဲ့ မူဝါဒတစ်ခုရဖို့ ဆက်လက်တောင်းဆိုနေဦးမှာ ပါ။ ဒီလိုခိုင်မာတဲ့ မူဝါဒနဲ့ နစ်နာမှု တွေ ဖြေရှင်းပေးနိုင်တဲ့အချိန်ထိ ဆက်လက် လုပ်ဆောင်သွားမှာ ပါ’’ဟု ဆရာမ ဒေါ်ယဉ်ဝေလွင်က ပြောသည်။

အဆိုပါတက္ကသိုလ်တွင် သြဂုတ် ၁၄ ရက် နံနက် ၉ နာရီခွဲ က ဆရာ၊ ဆရာမ ၃၀ ခန့်သည် ပညာရေးဝန်ကြီးဌာနက ချမှတ် ပေးသည့် ရာထူးတိုးမညီမျှမှုနှင့် ရေးဖြေစာမေးပွဲ ဖြေဆိုခိုင်းမှု အပေါ် ပြေလည်မှုရရှိသည့်အချိန် ထိ ဖဲကြိုးပြာလှုပ်ရှားမှု ပြုလုပ် မည်ဖြစ်ကြောင်း သတင်းစာရှင်း လင်းပွဲ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် သြဂုတ် ၃ ရက် က ပြည်ထောင်စုဝန်ကြီး၊ ဒုဝန် ကြီး အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ နည်း ပညာဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များဖြင့် တွေ့ဆုံဆွေးနွေးစဉ် သရုပ်ပြ၊ နည်းပြနှင့် အဆင့်တူရာထူးများမှ လက်ထောက်ကထိကနှင့် အဆင့် တူရာထူးများသို့ တိုးမြှင့်ရန် လစ် လပ်နေရာ ၂,၁၈၂ နေရာရှိပြီး တိုး မြှင့်ပေးရမည့်ဦးရေသည် ၁,၈၉၆ ဦးသာရှိ၍ သတ်မှတ်ချက်အတိုင်း လစ်လပ်နေရာအပြည့် ခန့်ထား ပေးရန်ရှိကြောင်း၊ ကထိကနှင့် အဆင့်တူရာထူးများသို့ ရာထူး တိုးမြှင့်ပေးရန် ကျန်ရှိသော ဝန်ထမ်းများကို ဆက်လက်စိစစ် တိုးမြှင့်ပေးရန် သဘောတူညီခဲ့ ကြောင်း နည်းပညာဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ်က သတင်း ထုတ်ပြန်ထားသည်။

လယ်ယာမြေများ ဆုံးရှုံးသည်ဆိုပြီး အသက် (၉၀)အရွယ် အဘိုးအိုတစ်ဦး ဆန္ဒထုတ်ဖော်

တောင်တွင်းကြီးမြို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးရုံးရှေ့တွင် ဆန္ဒထုတ်ဖော်နေသော အဘိုးအို (ဓာတ်ပုံ − ဗိုလ်ပြည့် )

၎င်း၏ ဘိုးဘွားပိုင်မြေ များ ဆုံးရှုံးသဖြင့် လယ်မြေပြန် လည်ပိုင်ဆိုင်ခွင့်ရှိရေး အသက် (၉၀)အရွယ် အဘိုးအိုတစ်ဦးက တောင်တွင်းကြီးမြို့တွင် ဩဂုတ်

၁၄ ရက်၌ တစ်ကိုယ်တော်ဆန္ဒ ထုတ်ဖော်ခဲ့သည်။

တောင်တွင်းကြီး မြို့နယ် ချောင်းနက်အရှေ့စု ကျေးရွာမှ အသက် (၉၀)အရွယ် ဦးစံသိန်း က ဘိုးဘွားပိုင်မြေကို သားသမီး များသာ ပိုင်ဆိုင်ခွင့်ရှိသည်။ သီး စားသမားများသည် လယ်ယာမြေ လုပ်ကိုင်ခွင့်သာရှိသည်။ ပိုင်ဆိုင် ခွင့်မရှိ စသည့်စာများ ရေးသား ထားသည့် ဆိုင်းဘုတ်တစ်ခုကို ကိုယ်တွင်ချိတ်ဆွဲကာ တောင်တွင်းကြီး မြို့တွင်းတစ်လျှောက် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။

ယင်းမြေယာပြဿနာများ သည် ဦးနေဝင်း၏ မဆလအစိုးရ လက်ထက်က ဖြစ်ပွားခဲ့ပြီး ပြီးခဲ့ သည့် ၂၀၁၄-၁၅ ပုံစံ (၇) ထုတ် ပေးသည့်ကာလကလည်း ၎င်းအနေဖြင့် ကန့်ကွက်၍ရကြောင်း မသိရှိခဲ့၍ ကန့်ကွက်ခြင်း မရှိ ခဲ့ကြောင်း အဘိုး ဦးစံသိန်းက ပြောသည်။

‘‘လယ်လုပ်သူ လယ်ပိုင်ရ မယ်ဆိုတဲ့စကားကြောင့် သီးစား ယူသူတွေက သီးစားခမပေးတော့ ပါဘူး။ ဒါကြောင့် အခွန်လည်း မဆောင်ခဲ့ဘူး။ ပုံစံ (၇)ထုတ်ပေး တုန်းကလည်း ကန့်ကွက်ရတယ် ဆိုတဲ့အကြောင်း မသိလို့ မကန့် ကွက်ခဲ့ရဘူး။ အခုအစိုးရက နာယကဂုဏ်နဲ့ညီတဲ့ အစိုးရဖြစ်မယ်လို့ထင်လို့ ဆန္ဒပြတာပါ’’ဟု ၎င်းက ပြောသည်။

တရားဝင်ခွင့်ပြုချက် ရယူ ကာ ဆန္ဒဖော်ထုတ်ခဲ့ပြီး လယ်ယာမြေ ဥပဒေပါ အချို့အချက်များ သည် မတရားသောအချက်များ ဖြစ်သည်။ ပုံစံ (၇)သည် ကျေး ရွာအုပ်ချုပ်ရေးမှူးအတွက် ဖြစ် သည်။ ပုံစံ (၇)သည် မြေတိုင်း စာရေးအတွက်ဖြစ်သည်။ ပုံစံ (၇) သည် ရပ်ကျေးစာရေးအ တွက်ဖြစ်သည် စသည့်စာသား များ ပါဝင်သော လက်ကမ်းစာ ရွက်များကို ဝေငှခဲ့သည်။

 အထက်ပါကိစ္စနှင့် ပတ် သက်၍ တောင်တွင်းကြီးမြို့နယ် မြေစာရင်းဌာနသို့  ဖုန်းခေါ်ဆို သော်လည်း ဆက်သွယ်၍မရခဲ့ ပေ။ အဆိုပါ မြေယာမှုခင်းများ သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် ဖြစ်ပွားခဲ့ပြီး ဆန္ဒထုတ်ဖော်သူအနေဖြင့် မြေယာလုပ်ပိုင်ခွင့်ရှိကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိ ကြောင်း ချောင်းနက်အရှေ့စုမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

မွန်ပြည်နယ်အစိုးရနှင့် လွှတ်တော်ကို မျက်မမြင်တစ်ဦး တစ်ကိုယ်တော်ဆန္ဒပြ

တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်နေသည့် မျက်မမြင် ဦးဝင်းကိုမျိုး (ဓာတ်ပုံ − သန္တာလှိုင်)

 ကမ္ဘာ့အဆင့်မီမွန် တို့ပြည်စာတမ်းတစ်ခုကို ပြည် နယ်အစိုးရအဖွဲ့နှင့် လွှတ်တော် သို့ တင်ပြသော်လည်း ယနေ့အ ချိန်အထိ အကောင်အထည်ဖော် ခြင်းမရှိသေးဟုဆိုကာ မော်လ မြိုင်မြို့တွင် ဩဂုတ် ၁၄ ရက်က မျက်မမြင်တစ်ဦးတစ်ကိုယ်တော် ဆန္ဒပြခဲ့သည်။

အဆိုပါစာတမ်းကို မွန်ပြည် နယ်ဖွံ့ဖြိုးရန် ရည်ရွယ်၍ ၂၀၁၃ ကစတင်ရေးသားခဲ့ပြီး ၂၀၁၆ တွင် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်သို့ အ ကောင်အထည်ဖော်ဆောင်ရွက် ပေးရန် တင်ပြခဲ့သော်လည်း ယခုအချိန်ထိ အကောင်အထည် ဖော်ဆောင်ခြင်းမရှိသဖြင့် တစ် ကိုယ်တော် ဆန္ဒပြခြင်းဖြစ် ကြောင်း ဆန္ဒဖော်ထုတ်သူဦးဝင်း ကိုမျိုးက ပြောသည်။

‘‘၀န်ကြီးချုပ်ဦးမင်းမင်းဦး လက်ထက်တုန်းက တင်ပြထား တယ်။ ၀န်ကြီးချုပ်အသစ်ဒေါက် တာအေးဇံလက်ထက်မှာ ကျွန် တော့်ကို ပြန်ခေါ်တွေ့တာ။ အခု ထိစာတမ်းထဲမှာပါတဲ့အချက် တွေကို အကောင်အထည်ဖော် ပေးတာမရှိသေးဘူး။ လွှတ်တော် က ပြီးခဲ့တဲ့တစ်လကတော့ ခေါ် တွေ့သေးတယ်။ အခုထိ ဘာမှ မထူးဘူး။ ကျွန်တော်ကမျက်မမြင် တစ်ဦးဖြစ်လို့ အရေးယူမှုတွေ မလုပ်ဘူး၊ အသိအမှတ် မပြုဘူး လို့ထင်တယ်။  ဒါကြောင့် တစ် ကိုယ်တော်ဆန္ဒပြတယ်’’ ဟု ၎င်း ကပြောသည်။

ထိုစာတမ်းကို ဆက်လက် ဆောင်ရွက်ပေးခြင်း မရှိပါက နေပြည်တော်အထိ တစ်ကိုယ် တော် ဆန္ဒပြမည်ဖြစ်ကြောင်း စာတမ်းတွင် အခန်း ၁၀ ခန်းပါ ၀င်ပြီး မွန်ပြည်နယ်နေ ပြည်သူ လူထုများ လူမှုစီးပွားရေးဘ၀ ကမ္ဘာ့အဆင့်မီတိုးတက်ရန် ရည် ရွယ်၍ စာတမ်းပြုစုထားခြင်းဖြစ် ကြောင်း ဦးဝင်းကိုမျိုးက ဆက် လက်ပြောကြားသည်။

‘‘စာတမ်းရေးသားတဲ့သူတွေ ကို အန်တီသိတယ်။ အစိုးရဘက် က အလုပ်မအားသေးလို့ အ ကောင်အထည်မဖော်သေးတာ ဖြစ်မယ်။ အန်တီတို့က သူပို့ထား တဲ့ စာတမ်းကိုဖတ်မိသေးတယ်။ လွှတ်တော်အဖွဲ့တွေပြန်ဆွေးနွေး ပြီး အစည်းအဝေးထိုင်သွားမယ်။ သူမျက်မမြင်တစ်ဦးဖြစ်လို့ သူ့စာ တမ်းကို အကောင်အထည်ဖော် မပေးတာမဟုတ်ပါဘူး’’ ဟု မွန် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဒေါ် တင်အိက ပြောသည်။

ထိုစာတမ်းတွင် မွန်ဒေသ တစ်ခုလုံးစိုက်ပျိုးရေး၊မွေးမြူရေး၊ရေလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေး၊ ထုတ်ကုန်ထုတ်လုပ်ခြင်း၊ ခရီးသွားလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်း အစရှိသည့် ကဏ္ဍအားလုံးအ တွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများရရှိစေရန် နည်းဗျူဟာများရေးဆွဲထားကြောင်း စာတမ်းရေးသားသူ ဦးဝင်းကိုမျိုးက ဆိုသည်။

ဦးဝင်းကိုမျိုးသည် မော်လ မြိုင်တက္ကသိုလ်မှ သင်္ချာဘွဲ့ရရှိ ထားပြီး ပြင်သစ်နှင့်အင်္ဂလိပ်ဘာ သာပြန် ဧည့်လမ်းညွှန်အဖြစ်လုပ် ကိုင်ကာစက်ရုံတစ်ရုံတွင် မန်နေ ဂျင်းဒါ​ရိုက်တာအဖြစ် တာဝန် ယူစဉ် ရောဂါတစ်ခုကြောင့် ၂၀၁၃ ၌ မျက်စိကွယ်ခဲ့ခြင်းဖြစ် သည်။ လက်ရှိတွင် အ၀တ်လျှော် လုပ်ငန်းနှင့် လုပ်ငန်းခွင်အင်္ဂလိပ် စာသင်ကြားခြင်းတို့ဖြင့် ရပ်တည် နေသည်။

ပြည်နည်းပညာ တက္ကသိုလ်တွင် သတင်းအချက်အလက် နည်းပညာပြပွဲကျင်းပ

ပြည်နည်းပညာ တက္ကသိုလ်တွင် သတင်းအချက်အလက် နည်းပညာပြပွဲကျင်းပနေစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)

 ပြည်နည်းပညာ တက္က သိုလ် သတင်းအချက်အလက် နည်းပညာဌာန (Information Technology) ကျောင်းသားများ ဖန်တီးပြုလုပ်သည့်   သတင်းအချက်အလက် နည်းပညာများ (Project Show) ကို သြဂုတ် ၁၀ ရက်က ပြသခဲ့သည်။

အဆိုပါ ပြပွဲတွင်ကျောင်းသား ၄၁ ဦးဖန်တီးထားသည့် စီမံကိန်း ၁၂ ခုပါဝင်ပြသခဲ့ကြောင်း သိရသည်။

 ‘‘သတင်းအချက်အလက် နည်းပညာဌာနရဲ့ ခြေလှမ်းတစ် ခုပါ။ ကျောင်းသား၊ ကျောင်းသူ တွေဟာ စာတွေ့နဲ့ လက်တွေ့ကို ပေါင်းစပ်ပြီး မိမိတို့ရဲ့ ဖန်တီးနိုင် မှုတွေကို ယုံကြည်ချက်အပြည့်နဲ့ ပြည်သူတွေရှေ့မှာ ချပြနိုင်စေဖို့ ရည်ရွယ်ဆောင်ရွက်ခဲ့တာပါ’’ဟု သတင်းအချက်အလက် နည်း ပညာဌာန ဌာနမှူးတစ်ဦးက ပြောကြားသည်။

ပြပွဲတွင် အတားအဆီးများ ကို ရှောင်ကွင်းသွားလာနိုင်သည့် ရိုဘော့စက်ရုပ်နည်းပညာ၊ ရွေးကောက်ပွဲများတွင် စက်ခလုတ် နှိပ်မဲပေးနိုင်သည့် နည်းပညာ၊ အလိုအလျောက်မီးငြှိမ်းနိုင်သည့် စနစ်နှင့် ပျူမြို့ဟောင်းများ အ ကြောင်း ဖော်ပြထားသည့် ၀က်ဘ်ဆိုက်များပါဝင်ပြသခဲ့သည်။

ထို့အပြင် Android Proje-ct,JavaProject,ServerProject နှင့် Webpage Attack Prevention ကို Arduinon Project များဖြင့် ၀န်းရံပြသခဲ့ရာ နည်းပညာတက္က သိုလ်ကျောင်းသား၊ ကျောင်းသူ များ၊ ပုဂ္ဂလိက စာသင်ကျောင်း များမှ ကျောင်းသား၊ ကျောင်းသူ များနှင့် စိတ်ပါဝင်စားသူ ဒေသ ခံများ တက်ရောက်လေ့လာခဲ့ သည်။ ‘‘ကျွန်တော်တို့တွေက တ ခြားသော နယ်ပယ်အဖွဲ့အစည်း တွေနဲ့ ဆက်စပ်မှုသိပ်မရှိဘူး။ အခု လိုမျိုး ပရောဂျက်ပြပွဲတွေလုပ် ပြီး ချပြလို့ပဲ ရတယ်။ စိတ်ဝင်စားရင် ကျောင်းပြင်ပနယ်ပယ်မှာ လည်း အကောင်အထည်ဖော်  လုပ် ဆောင်လို့ ရပါတယ်’’ဟု သတင်း အချက်အလက်နည်းပညာ (Pro-ject) ဖန်တီးရာတွင်ပါဝင်သည့် ကျောင်းသားမောင်ဇော်ရဲက ပြောကြားသည်။

မိတ္ထီလာတွင် ဖော်မယ်လင်ပါဝင်သော ပဲသွေးထုတ်လုပ်သည့် စက်ရုံတစ်ရုံကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းအရေးယူ

မိတ္ထီလာခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှုကော်မတီဝင်များ ပဲသွေးထုတ်လုပ်သည့် စက်ရုံများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးနေစဉ် (ဓာတ်ပုံ−ဒေါက်တာကျော်သန်းရွှေ)

မိတ္ထီလာမြို့တွင် ဖော် မယ်လင်ပါဝင်သည့် ပဲသွေးများ ထုတ်လုပ်ရောင်းချသည့် စက်ရုံတစ်ရုံကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းအရေးယူခဲ့ကြောင်း မိတ္ထီလာခရိုင် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါက်တာ ကျော်သန်းရွှေက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက် က မိတ္ထီလာဈေးတွင် ဈေးကွက် နမူနာကောက်ယူရာမှ အမှတ်တံ ဆိပ်မပါရှိသည့် ပဲသွေးနှင့်ပဲပြား များ၌ ဖော်မယ်လင်ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ထုတ်လုပ်ရောင်းချသည့် စက်ရုံများကို စုံစမ်းဖော်ထုတ်ကာ သြဂုတ် ၉ ရက်က ရှောင်တခင်စစ်ဆေးခဲ့ကြောင်း ၎င်းက ပြောသည်။

‘‘ပဲပြားနဲ့ ပဲသွေးထုတ်လုပ် တဲ့ စက်ရုံသုံးရုံကို စုံစမ်းပြီး ရှောင်တခင်သွားစစ်တဲ့အခါမှာ ပဲပြားထုတ်လုပ်တဲ့ စက်ရုံနှစ်ရုံကထုတ်တဲ့ ပဲပြားတွေမှာ ဖော်မယ်လင် ပါဝင်တာ မတွေ့ရပေမယ့် ပဲသွေးထုတ်တဲ့စက်ရုံမှာတော့ ဖော်မယ်လင်သုံးတာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်’’ဟု ဒေါက်တာကျော်သန်းရွှေက ပြောသည်။

ပဲပြားထုတ်လုပ်သည့် စက် ရုံနှစ်ရုံရှိ ပဲပြားများတွင် ဖော်မယ် လင်ပါဝင်မှု မတွေ့ရှိသော်လည်း သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိခြင်းများ စစ်ဆေးတွေ့ရှိသောကြောင့် သြဂုတ် ၁၀ ရက်၌ ပဲပြား၊ ပဲသွေးထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် ရောင်းချသူများကို ခေါ်ယူ  အသိပညာပေးခဲ့ကြောင်း ၎င်းကဆို သည်။

ပဲသွေးများတွင် စားသုံးရန် မသင့်သည့် ဖော်မယ်လင်အသုံးပြု ထုတ်လုပ်နေသည့် ယင်းစက်ရုံကို လက်ရှိတွင် စည်ပင်သာယာရေးအဖွဲ့က စည်ပင်ဥပဒေအရ ရက်အကန့်အသတ်မရှိ ပိတ်သိမ်း အရေးယူထားပြီး စီမံခန့်ခွဲမှုဥပဒေ များဖြင့် ဆက်လက်အရေးယူရန်ရှိကြောင်း ဒေါက်တာ ကျော်သန်းရွှေက ပြောသည်။

ဖော်မယ်လင်ကို ပဲပြားနှင့်ပဲသွေးများ နယ်သို့ပို့သည့်အခါရက်ကြာရှည်ခံရန်အတွက် ဖျန်းခြင်း၊ စိမ်ခြင်းများ ပြုလုပ်ပြီး ဖော်မလင် အသုံးပြုခြင်းကြောင့် ဗိုက် အောင့်ခြင်း၊ အော့အန်ခြင်း၊ သတိမေ့ခြင်း၊ အသက်သေဆုံးသည်အထိ ဖြစ်ပေါ်နိုင်ပြီး ရေရှည်တွင် ကျောက်ကပ်ပျက်စီးခြင်း၊ အသည်းခြောက်၊ အသည်းကင်ဆာ၊ ကိုယ်ဝန်ဆောင်များတွင် သန္ဓေသားထိခိုက်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မန္တလေးတိုင်းဒေ ကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော်က ပြောသည်။

ဖော်မယ်လင်ကို သေဆုံးပြီး သော ရုပ်အလောင်းများ  ကြာ ရှည်အထားခံရန်လည်းကောင်း၊ ပိုးထည်များ၊ အထပ်ပြားထုတ်လုပ်မှုများတွင်လည်းကောင်း အသုံးပြုပြီး အစားအသောက်များ၌ လုံးဝအသုံးပြုခွင့်မရှိကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လတတိယ ပတ်အတွင်းက မန္တလေးမြို့တွင် စားသုံးရန်မသင့်သည့် ဖော်မယ်လင်ပါဝင်သော ပဲပြားများကို ဈေးများ၌ ရောင်းချနေသည်ကို စစ် ဆေးတွေ့ရှိခဲ့ပြီး ထုတ်လုပ်သည့် စက်ရုံနှစ်ရုံကို ရက်အကန့်အ သတ်မရှိ ပိတ်သိမ်းအရေးယူခဲ့ သည်။

မုံရွာညဈေးတန်းတွင် ဆိုင်ကယ်များဖြင့် ၀င်ရောက်ဈေးဝယ်ခွင့်ပြုမည်

နေ့စဉ် ညနေ ၄ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်နေသော မုံရွာလမ်းလျှောက် ညဈေးတန်းသို့ လာရောက်သူများ (ဓာတ်ပုံ − မျိုးမင်းဦး)

 မုံရွာမြို့ရုံးကြီးလမ်းပေါ်ရှိ လမ်းလျှောက်ညဈေးတန်းတွင် ဆိုင်ကယ်များဖြင့် ၀င်ရောက်ဈေး ၀ယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း မုံ ရွာမြို့နယ် စည်ပင်သာယာရေး  ကော်မတီဥက္ကဋ္ဌဦးကျော်မျိုးဝင်း က ပြောသည်။

ညဈေးတန်းတွင် ၀ယ်ယူ စားသောက်သူများ သွားလာရေး အဆင်ပြေရန် ဩဂုတ် ၁၀ ရက် ညကစတင်ကာ ဆိုင်ကယ်များ ၀င်ထွက်သွားလာ၍ ဈေးဝယ်ယူ ခွင့်ပြုမည်ဖြစ်ကြောင်း ဦးကျော် မျိုးဝင်းက ဆိုသည်။

‘‘ဈေးသည်များနဲ့ လူထုရဲ့ တောင်းဆိုမှုအရ ညဈေးတန်းမှာ ဆိုင်ကယ်တွေ ၀င်ခွင့်ပြုတာပါ။ ညဈေးတန်းမှာ ဆိုင်ကယ်တွေ စည်းကမ်းတကျရပ်ဖို့ စည်ပင်က စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ တွေထားရှိမယ်။ လူထုကလည်း စည်းကမ်းရှိဖို့တော့လိုတယ်။ မူး ပြီးဝင်တာတွေ၊ ဆိုင်ကယ်ထောင် စီးတာတွေ လုပ်လို့တိုက်ကုန်ရင် ခက်ကုန်မှာစိုးလို့ စည်းကမ်းထိန်း သိမ်းရေးအဖွဲ့တွေ ထားရှိမှာပါ’’ ဟု ဦးကျော်မျိုးဝင်းက ပြော သည်။

 မုံရွာ ညဈေးတန်းလမ်း လျှောက် စားသောက်ဈေးဝယ် တန်းကို ယခုနှစ်ဇွန်လ ၂၀ ရက်က ရုံးကြီးလမ်းရှိ မြစန္ဒာရုပ်ရှင်ရုံ လမ်းထောင့်မှ ဆက်သွယ်ရေးရုံး ကွေ့နေရာသို့ပြောင်းရွှေ့ ဖွင့် လှစ်ခြင်းဖြစ်သည်။ ညဈေး ဆိုင်ခန်း ၄၅၀ ရှိပြီး နေ့စဉ် ညနေ ၄ နာရီမှ ည ၁၀ နာရီအထိ ရုံးကြီးလမ်းသလ္လာဝတီလမ်းထိပ် မှ ရုံးကြီးလမ်းဘူတာလမ်းဆုံအ ထိ မော်တော်ယာဉ်သွားလာမှုကို ယာယီလမ်းပိတ်၍ ရောင်းချ ပေးနေခြင်းဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

‘‘လက်ရှိဖွင့်နေတဲ့ ညဈေး တန်းမှာ ဈေးဝယ်သွားမယ်ဆိုရင် ဆိုင်ကယ်တွေ အထဲဝင်မရတော့ အပြင်မှာ အပ်ခဲ့ရတယ်။ အဲဒီ တော့ ဆိုင်ကယ်အပ်ခပေးရတာ ပေါ့။ အခုဆိုင်ကယ်တွေ ၀င်ခွင့် ပေးလိုက်တယ်ဆိုတော့ ဈေးဆိုင် ရှေ့အထိ ကိုယ့်ဆိုင်ကယ်ကို မျက်စိရှေ့မှာထားလို့ပျောက်မှာ မစိုးရိမ်ရတော့ဘူး။ ဆိုင်ကယ် အပ်ခလည်း မကုန်တော့ဘူးပေါ့’’ ဟု မုံရွာမြို့ဒေသခံ စီးပွားရေးလုပ် ငန်းရှင်တစ်ဦးက ပြောသည်။

မုံရွာတွင် တနင်္ဂနွေ အလှမွေးငါးဈေးတန်း စတင်ဖွင့်လှစ်

ဖွင့်လှစ်ထားသော အလှမွေးငါးဈေးတန်းသို့ လာရောက်သူများ (ဓာတ်ပုံ − ဟိန်းဇော်အောင်)

မုံရွာမြို့ ကန်သာယာရေ ကန်အနီးတွင် အပတ်စဉ်တနင်္ဂနွေ နေ့တိုင်းရောင်းချမည့် အလှမွေး ငါးဈေးတန်းကို ဩဂုတ် ၆ ရက် တွင် စတင်ဖွင့်လှစ်ခဲ့သည်။

မုံရွာမြို့ပေါ်ရှိ အလှမွေးငါး ၀ါသနာရှင်များဖေ့စ်ဘွတ်ခ်တွင် စုပေါင်းပြီး ရန်ကုန်၊မန္တလေးမြို့ကြီးများကဲ့သို့ အလှမွေးငါးဈေးတန်းဖွင့်လှစ်ရောင်းချနိုင်ရန်စီစဉ်ခြင်းဖြစ်ကြောင်း ဦးဆောင်သူကိုဟိန်းဇော်အောင်က  ပြောကြားသည်။

အလှမွေးငါးဈေးတန်းတွင် အလှမွေးငါးရောင်းရချမည့်သူ ရှစ်ဦးခန့်ရှိပြီး အပတ်စဉ်တနင်္ဂနွေ နေ့တိုင်း နံနက်ခင်းများ၌ ဖွင့်လှစ်ရောင်းချမည်ဖြစ်သည်။

သို့သော် တနင်္ဂနွေအလှမွေး ငါးဈေးတန်း စတင်ဖွင့်လှစ်သည့် ဩဂုတ် ၆ ရက်တွင် အလှမွေး ငါးဝါသနာရှင်တစ်ဦးတည်းက စတင်မိတ်ဆက်ရောင်းချခဲ့သည်။

အဆိုပါ အလှမွေးငါးဈေး တန်းတွင် အော်ရင်တာ၊ မော်လီ၊ ဆိုတေးစသည့် ဖန်စီအလှမွေးငါး အများဆုံးရောင်းချမည်ဖြစ်ပြီး ဟွန်း၊ ဒစ်စကတ်၊ Lucky Fish စသည့် အလှမွေးငါး အနည်းငယ် ပါဝင်ရောင်းချမည်ဖြစ်ကြောင်း အလှမွေးငါး ဈေးတန်းဖြစ်မြောက် ရေးအဖွဲ့မှ သိရသည်။

မုံရွာတွင် ကျပ်သိန်းခြောက်ဆယ်ကျော် တန်ဖိုးရှိ ရွှေထည်နှင့်ငွေများ ခိုးယူသူကို ဖမ်းမိ

မုံရွာမြို့နယ် သက္ကယ်ချင်းကျေးရွာ နေအိမ်တစ်ခုမှ ခိုးယူသွားသော ရွှေထည်ပစ္စည်းနှင့် ငွေစက္ကူများကို သိမ်းဆည်းရမိစဉ်

မုံရွာမြို့နယ် သက္ကယ်ချင်း ကျေးရွာရှိ နေအိမ်တစ်အိမ်မှ ကျပ် သိန်းခြောက်ဆယ်ကျော်တန်ဖိုးရှိ ရွှေထည်နှင့်ငွေများ ခိုးယူခဲ့သူကို ဖမ်းဆီးမိခဲ့ကြောင်း မုံရွာမြို့ မြို့မရဲစခန်းမှ သတင်းရရှိသည်။

ရွှေထည် ၅ကျပ် ခွဲသား ၇ ရွေး (ကာလတန်ဖိုး လေးဆယ့်ကိုးသိန်း လေးသောင်း)နှင့် ငွေ ၁၂ သိန်းခန့်တို့ကို သြဂုတ် ၅ ရက် ညနေက ခိုးယူခံရပြီး သြဂုတ် ၆ ရက် နံနက်တွင်  ရွှေထည်နှင့်ငွေများ ခိုးယူသူကို စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိခဲ့ ကြောင်း မုံရွာမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူး ကျင်စိန်ကပြောသည်။

       ‘‘ခိုးယူခံရတဲ့အိမ်ကိုဝင်ထွက် ဖူးတဲ့သူ မသင်္ကာတဲ့သူကို စစ်ဆေး ခဲ့တာက ဖမ်းဆီးရမိတယ်။ မနေ့ (သြဂုတ် ၅ ရက်) ညနေ ၅ နာရီ ဝန်းကျင် ခိုးယူခံရတဲ့အိမ်မှာ လူ မရှိဘူး။ လူမရှိတဲ့အိမ်မှာ သူ့ကို တွေ့လိုက်တယ်ဆိုတော့ သံသယ ဖြစ်သွားတာပေါ့။ အိမ်ထဲဝင်တာ တော့ ဘယ်သူမှ မတွေ့ဘူး။ အိမ် ကို ဝင်ဖူးတဲ့သူဖြစ်တယ်။ အိမ် မှာသော့တွေ ဖျက်ဆီးထားတာ မရှိ ဘူး။ အိမ်ကို သော့ဖွင့်ဝင်တယ်။ သေတ္တာထဲမှာ သော့ဖွင့်ပြီးတော့ ယူသွားတယ်။ သူတို့အိမ်ကသော့ နဲ့ ဖွင့်သွားတာဆိုတော့ အိမ်က သော့ထားတဲ့နေရာ သိတာကဒီလူ ပဲ။ အဲဒါနဲ့ သံသယရှိပြီး စစ်ဆေး လိုက်တဲ့အခါ ပေါ်သွားတယ်’’ ဟု ဒုရဲမှူးကျင်စိန်က ရှင်းပြသည်။

အိမ်ရှင် အမျိုးသားသည် ယာခင်းအတွင်း အလုပ်လုပ်နေပြီး အမျိုးသမီးသည် ကျေးရွာအတွင်း ဈေးရောင်းနေစဉ် သမီးက နေအိမ် အတွင်း အခန်းတံခါးများ ပွင့်နေ သည်ကို လာရောက်ပြောကြား သဖြင့် နေအိမ်သို့လိုက်လံစစ်ဆေး ကြည့်ရှုခဲ့ရာမှ ခိုးယူခံရသည်ကို သိရကြောင်း ရဲမှတ်တမ်းမှ သိရသည်။

      နေအိမ်ရှိ သံသေတ္တာအတွင်း သိမ်းဆည်းထားရှိသော ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေလက်ကောက်ခုနစ်ကွင်း၊ ရွှေဆွဲပြား တစ်ပြား၊ ရွှေဟန်းချိန်းတစ်ခု၊ ရွှေလက်စွပ်တစ်ကွင်း၊ ရွှေဆံဖိတစ်ချောင်း၊ ရွှေနားကပ်တစ်ဖက်စုစုပေါင်း ရွှေထည် ပစ္စည်းတန်ဖိုး လေးဆယ့်ကိုးသိန်း လေးသောင်းကျပ်နှင့် ငွေ ၁၂  သိန်းခန့်တို့ ပျောက်ဆုံးနေသည်ကို တွေ့ရှိကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

နေအိမ်ဝန်းကျင်ကို လိုက်လံစုံစမ်းကြည့်ရာ မိသားစုသဖွယ် ဝင်ထွက်သွားလာ နေထိုင် စားသောက်၍ နေအိမ်အခန်း တံခါးသော့များ မြောက်ဘက် အခန်းပြတင်း တံခါးပေါက်အနီးတွင် ထားရှိသည်ကို သိရှိသော ရေစကြိုမြို့နယ် ပေါက်တော ကျေးရွာနေ အသက် (၃၁) နှစ်အရွယ် အမျိုးသားသည် သြဂုတ် ၅ ရက် ညနေက ၎င်းနေအိမ်သို့ ဆိုင်ကယ် ဖြင့် ရောက်ရှိလာပြီး မိနစ် ၂၀ ခန့် အကြာတွင် ပြန်လည် ထွက်ခွာခဲ့ကြောင်း အိမ်နီးချင်းများက ပြောပြ၍ နေအိမ်ပိုင်ရှင်များက သိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

      ရွှေထည်နှင့်ငွေများ ဝင်ရောက်ခိုးယူသူ အမျိုးသားကို မုံရွာမြို့ မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၈၀ အရ အမှုဖွင့်စစ်ဆေး နေကြောင်း သတင်းရရှိသည်။

တောင်သမန်အင်း ကန်ပေါင်ပေါ်မှ ပြုတ်ကျ၍ ရေနစ်သေဆုံး

တောင်သမန်အင်းရေတက်ချိန်မြင်ကွင်း

 မိုးဆက်တိုက်ရွာသွန်း မှုကြောင့် ရေတိုးနေသော တောင် သမန်အင်း၏ ကန်ပေါင်ပေါ်တွင် လမ်းလျှောက်နေသည့် အမျိုး သားတစ်ဦး အင်းအတွင်းသို့ ပြုတ်ကျ၍ ရေနစ်သေဆုံးမှုဖြစ် ပွားခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ အမရပူရမြို့ နယ်ရှိ တောင်သမန်အင်းကန် ပေါင်ပေါ်တွင် ဇူလိုင် ၂၂ ရက် မွန်းလွဲ ၃ နာရီက အသက် (၂၀)အရွယ်   အမျိုးသားတစ်ဦးသည် အရက်မူးပြီး ရေအနက် ၁၃ ပေခန့်ရှိ အင်းအတွင်း သို့  ပြုတ်ကျ ရာမှ ရေနစ်သေဆုံးခဲ့ကြောင်း တောင်သမန်ငှက်လှေအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။

‘‘ဒီအချိန်က ရေတိုးနေတယ်။ ကောင်လေးကလည်း အရက် သောက်ထားတယ်။ ဘေးမှာလူ တွေရှိပေမယ့် ကူးတတ်တယ်ထင် ပြီး ကြည့်နေရင်းပေါ်မလာမှ ရေ နစ်သွားတယ်လို့ သိကြတာ’’ဟု ဦးစိုးဝင်းက ပြောသည်။

မိုးရွာသွန်းမှုကြောင့် တောင် သမန်အင်းရေ မြင့်တက်လာပြီး ဇူလိုင် ၂၃ ရက် နေ့လယ်ပိုင်းတွင် ရေအနည်းငယ်ပြန်ကျကာ ဦးပိန် တံတားအောက် ၆ ပေနှင့် ၈ ပေတို့၌သာ ရေရှိတော့ကြောင်း ငှက်လှေအသင်းဥက္ကဋ္ဌက ပြော သည်။

ရေနစ်သေဆုံးသည့် အမျိုး သားကို အမရပူရမြို့နယ် ဆေးရုံသို့ပို့ဆောင်ပြီး ရင်ခွဲစစ်ဆေးခဲ့ရာ အဆုတ်ထဲရေ၀င်၍ ရေနစ်သေ ဆုံးခြင်းဖြစ်ကာ ရဲစခန်းတွင် သေမှုသေခင်းဖွင့်၍ အမှုဖွင့်စစ်ဆေး နေသည်။

အဆိုပါနေ့တွင် အောင်မြေ သာစံမြို့နယ်ရှိ အသက် (၁၇)နှစ်  လူငယ်နှစ်ဦးနှင့် (၁၅)နှစ်အရွယ် လူငယ်တစ်ဦးတို့ ဧရာဝတီမြစ်အ တွင်းသို့ ရေဆင်းကူးခဲ့ရာ (၁၇) နှစ် အရွယ်လူငယ်နှစ်ဦး ရေနစ် ခဲ့သည်။

မြစ်အတွင်း ရေနစ်ပျောက် ဆုံး၍ ရေငုပ်ကျွမ်းကျင်သူများ ဖြင့် ၀ိုင်းဝန်းရှာဖွေခဲ့ရာ မြစ်ကမ်း စပ်  ပေ ၂၀ နှင့် ၃၀ အကွာတွင် ၎င်းတို့ကို ဒဏ်ရာတစ်စုံတစ်ရာ မတွေ့ဘဲ သေဆုံးနေသည်ကို    တွေ့ရှိခဲ့ကြောင်း အမှတ် (၇) နယ်မြေရဲ တပ်ဖွဲ့စခန်းမှ သိရသည်။

အိုးဘိုအကျဉ်းထောင်တွင် လာမည့်ပညာသင်နှစ်ကစ၍ အခြေခံပညာကျောင်းခွဲ ဖွင့်လှစ်မည်

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သည့် အကျဉ်းသားများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပနေစဉ် (ဓာတ်ပုံ−ဖြိုးဖြိုးဇော်)

မန္တလေး အိုးဘိုအကျဉ်း ထောင်တွင် ကျခံနေသည့် အ ကျဉ်းသား/သူများ ပညာဆက် လက်သင်ကြားနိုင်ရေး လာမည့် ၂၀၁၈-၁၉ ပညာသင်နှစ်ကစတင်၍ အထက်တန်းကျောင်းခွဲ ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းကျခံနေသူအချို့သည် ပညာရေးတစ်ပိုင်းတစ်စဖြင့် ရောက်ရှိလာပြီး ပညာဆက်လက် သင်ကြားနိုင်ရေး ကျောင်းခွဲဖွင့် လှစ်ရန် လျှောက်ထားခဲ့ရာ လာ မည့်ပညာသင်နှစ်၌  ခွင့်ပြုမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး ပညာရေးမှူးရုံး ဒုတိယညွှန် ကြားရေးမှူး ဦးခင်မောင်မြင့်က ပြောသည်။

‘‘အကျဉ်းထောင်ကနေ တက္ကသိုလ်ဝင်စာမေးပွဲကို ထူးထူး ချွန်ချွန်နဲ့ အောင်မြင်တာတွေ လည်းရှိတယ်။ လာမယ့်နှစ်ကျမှ ပဲ ကျောင်းခွဲအနေနဲ့ ကျလာတော့ မယ်’’ဟု ၎င်းက ပြောသည်။

      အကျဉ်းဦးစီးဌာနက ကျောင်း ခွဲဖွင့်လှစ်ခွင့်လျှောက်ထားမှုကို ယခုအချိန်တွင် ခွင့်မပြုနိုင်သေး သော်လည်း လတ်တလော စာ မေးပွဲဖြေဆိုနိုင်ရန် အောင်မြေ သာစံမြို့နယ်ရှိ အခြေခံပညာအ ထက်တန်းကျောင်း အမှတ် (၂၅) ၏ တန်းခွဲအဖြစ် ထားရှိမည်ဖြစ် ကြောင်း တိုင်းပညာရေးမှူးရုံးမှ သိရသည်။

၂၀၁၇-၁၈ ပညာသင်နှစ်အ တွက် မန္တလေးအိုးဘိုအကျဉ်း ထောင်မှ အလယ်တန်း၊ အထက် တန်းအဆင့် ပညာသင်ကြားနေ သူများပြားနေ၍ လိုအပ်သည့် နှစ်ထပ် စာသင်ဆောင်နှင့် တစ် ထပ် စာသင်ဆောင်ကို ဆောက် လုပ်နေကြောင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဦးက ပြောသည်။

အကျဉ်းထောင်ကို ပညာ တစ်ပိုင်းတစ်စနဲ့ ရောက်ရှိလာတဲ့ အကျဉ်းသားတွေကို ပညာရေးအ ခွင့်အလမ်းများရရှိအောင် စီမံ ဆောင်ရွက်နေပါတယ်’’ဟု ဦးသိန်းဦးက ပြောသည်။

အိုးဘိုအကျဉ်းထောင်တွင် စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူ များကို အကျဉ်းကျနေသည့် ပညာတတ်အချို့က ပြန်လည်သင်ကြား ပေးမှု၊ ပြင်ပဆရာမများကလည်း လာရောက်     သင်ကြားပေးမှုရှိ ကြောင်း သိရသည်။

၂၀၁၇-၁၈ ယခု ပညာသင် နှစ်တွင် အကျဉ်းထောင်တွင်းမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို ရန် တက်ရောက်နေသူ ၅၂ ဦး၊ ပဉ္စမတန်းမှ နဝမတန်း အထိ ၃၅ ဦး စုစုပေါင်း ၈၇ ဦးရှိသည်။

ပဉ္စမတန်းနှင့် နမဝတန်း တက်ရောက်နေသူများသည် အ သက်မပြည့်သေးသည့်သူများ မဟုတ်ဘဲ အကြောင်းကြောင်း ကြောင့် ပညာဆက်လက်မသင် ကြားနိုင်သည့် သူများကို ပြန်လည် သင်ကြားပေးကြောင်း အိုးဘိုအ ကျဉ်းထောင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်းက ပြော သည်။

ပညာသင်ကြားနေသူအများ စုသည် မူးယစ်ဆေးဝါးအမှုဖြင့် ပြစ်ဒဏ်ကျခံနေသူများဖြစ် ကြောင်း သိရသည်။

မန္တလေးတွင် ကျပ်သိန်းနှစ်ထောင်ကျော်တန်ဖိုးရှိ သက်တမ်းလွန်ဆေးဝါးနှင့် စားသောက်ကုန်၊ အလှကုန်များ မီးရှို့ဖျက်ဆီး

မီးရှို့ဖျက်ဆီးမည့် သက်တမ်းလွန်ဆေးဝါးများ၊ အလှကုန်များနှင့် စားသောက်ကုန်များကို တွေ့ရစဉ်။ (ဓာတ်ပုံ− Soe Tint Aung)

ကျပ်သိန်းနှစ်ထောင် ကျော် တန်ဖိုးရှိ သက်တမ်းလွန် ဆေးဝါးများ၊ စားသောက်ကုန်များ နှင့် အလှကုန်များကို ဇူလိုင် ၂၁ ရက်က မန္တလေးမြို့ အေးရိပ်ငြိမ် သုသာန်တွင် မီးရှို့ဖျက်ဆီးခဲ့ သည်။

ဆေးဝါးကုမ္ပဏီသုံးခုနှင့် ပုဂ္ဂ လိကဆေးရုံတစ်ရုံမှ သက်တမ်း လွန်ဆေးဝါးများ အဓိကပါဝင်ပြီး စားသုံးရန်မသင့်သည့် စား သောက်ကုန်များ၊ အလှကုန်များ အနည်းငယ်ပါဝင်ကာ ကျပ် ၂,၀၃၇ သိန်းကျော် တန်ဖိုးရှိ ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ သန့်ရှင်း ရေးဌာန ဌာနခွဲမှူးဒေါက်တာခင် မောင်ဦးက ပြောသည်။

‘‘ဒီပစ္စည်းတွေက သိမ်း ဆည်းထားတဲ့ ပစ္စည်းတွေမဟုတ် ပါဘူး။ သက်တမ်းကုန်သွားလို့ လာရောက်အပ်နှံတာတွေကို တ ရားဝင်ဖျက်ဆီးတာပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ဆေး ကုမ္ပဏီတွေ၊ မြို့နယ်အသီးသီးက ဆေးဆိုင်တွေကို သက်တမ်းလွန် တဲ့ဆေးဝါးတွေကို ပြည်သူလူထု လက်ထဲမရောက်ဖို့ပူးပေါင်းပြီး ဖျက်ဆီးပေးပါလို့ လှုံ့ဆော်ထား တယ်။ သက်တမ်းလွန်ဆေးဝါး တွေကို ပြည်သူလူထုက Expire Date (သက်တမ်းကုန်ဆုံးရက်) ကို မကြည့်တတ်ဘူးလေ’’ ဟု ဒေါက်တာခင်မောင်ဦးက ပြော သည်။ ဆေးဝါးကုမ္ပဏီနှင့် ပုဂ္ဂလိ က ဆေးရုံများမှ သက်တမ်းလွန် ဆေးဝါးများကို စာရင်းစစ်ကာ တင်ပြရကြောင်း၊ ယင်းတင်ပြလာ သည့်ဆေးဝါးများကို တရားဝင် တင်သွင်းလာသည့်ဆေးဝါးများ ဖြစ်ကြောင်း FDA  ထောက်ခံ ချက်ရရှိမှ မြို့တော်စည်ပင်သာ ယာရေးကော်မတီက အခမဲ့မီးရှို့ ဖျက်ဆီးပေးခြင်းဖြစ်ကြောင်း ၎င်း က ဆက်လက်ပြောသည်။

ယင်းကဲ့သို့ မီးရှို့ဖျက်ဆီးမှု စုစုပေါင်း (၂၄) ကြိမ်ရှိပြီး ယခုနှစ်အတွင်း ဒုတိယအကြိမ် မြောက်ဖြစ်ကြောင်း၊ ပထမအ ကြိမ်တွင် သက်တမ်းလွန်ဆေးဝါး များ၊ စားသောက်ကုန်များနှင့် အ လှကုန်ပစ္စည်းစုစုပေါင်း ကျပ် သိန်းငါးထောင်ကျော်ဖိုး    မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သန့်ရှင်းရေး ဌာနမှတ်တမ်းများအရ သိရ သည်။

 

မော်လမြိုင် ဘိလပ်မြေစက်ရုံတွင် ကျောက်မီးသွေးသုံး လျှပ်စစ်စွမ်းအင်ဖြင့် လည်ပတ်နေ၍ ဒေသခံများ ဒုတိယအကြိမ်ဆန္ဒထုတ်ဖော်

မော်လမြိုင်တွင် ဇူလိုင် ၂၀ ရက်က ဒေသခံများ ဆန္ဒဖော်ထုတ်နေစဉ် (ဓာတ်ပုံ − သန္တာလှိုင်)

 မော်လမြိုင် ဘိလပ် မြေစက်ရုံတွင် ကျောက်မီးသွေး အသုံးပြုပြီး စက်ရုံလည်ပတ်နေ ခြင်းကြောင့် ဒေသအတွင်း ကျောက်မီးသွေးဆိုးကျိုးများ ခံစားနေရသည်ဆိုကာ ဇူလိုင် ၂၀ ရက်က မော်လမြိုင်မြို့တွင် ဒေသခံ ၁,၅၀၀ ကျော်က ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ခဲ့သည်။

ဆန္ဒပြပွဲတွင် ကျိုက်မရော ဒေသခံများအပြင် ရေးနှင့် မော်လမြိုင်မြို့နယ်ရှိ ဒေသခံများ၊ မွန် ရဟန်းများ၊ မွန်နိုင်ငံရေးပါတီမှ ပုဂ္ဂိုလ်များ ပါဝင်သည်။

ထိုစက်ရုံတွင် ကျောက်မီး သွေးဖြင့် လည်ပတ်ခြင်းကြောင့် ဒေသတွင်း ဆိုးကျိုးများ ခံစားနေရ ၍ ဒေသခံများက ကန့်ကွက်ဆန္ဒ ပြနေသော်လည်း ဆက်လက် လည်ပတ်ခြင်း၊ မွန်ပြည်နယ်တွင် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ တိုးချဲ့လာမည့် အလားအလာရှိသဖြင့် ယခုကဲ့သို့ ဆန္ဒပြခြင်းဖြစ်ကြောင်း ဆန္ဒပြသည့် အဖွဲ့ ခေါင်းဆောင် ကိုနိုင်ရဲဇော်က ဆိုသည်။

‘‘ပျားတောင်ဒေသမှာ ဒီဘိ လပ်မြေစက်ရုံကို ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက ကျောက်မီး သွေးနဲ့ ဆက်လည်ပတ်နေတယ်။ ကျွန်တော်တို့ တိုင်းရင်းသားဒေသ တွေမှာ ကျောက်မီးသွေး ဓာတ် အားပေးစက်ရုံ တိုးချဲ့လာမယ့် အ ရိပ်အယောင် ကျွန်တော်တို့ မြင်နေရတယ်။ ဒါကို ကြိုတင်ဟန့် တားစေတဲ့ ရည်ရွယ်ချက်နဲ့ ဒီလိုဆန္ဒပြရတာဖြစ်တယ်’’ဟု ကိုနိုင်ရဲဇော်က ပြောသည်။

ကျောက်မီးသွေးဖြင့် လည် ပတ်နေခြင်းကြောင့် ဒေသတွင်းရေများ ပျက်စီးခြင်း၊ စပါးများ အ ထွက်နည်းခြင်း၊ အခြားသီးနှံများ အထွက်နည်းခြင်း၊ လယ်မြေများ ပျက်စီးခြင်းနှင့် သက်ကြီးရွယ်အို များ အသက်ရှူလမ်းကြောင်းနှင့် ဆိုင်သည့် ရောဂါများ ဖြစ်ပွားနေ ကြောင်း ဆန္ဒပြရာတွင် ပါဝင် သည့် ကိုအောင်ကျော်ရှင်က ပြောကြားသည်။

 ‘‘မော်လမြိုင် ဘိလပ်မြေ စက်ရုံ အနီးအနားရွာတွေက လူ တွေက နေမကောင်းခဏခဏဖြစ် နေတယ်။ ချောင်းဆိုးနေကြတယ်။ ဒါကြောင့် ကျောက်မီးသွေး ဆိုး ကျိုးလို့ပဲ ကျွန်တော်မြင်တယ်။ သောက်သုံးရေတွေကိုလည်း ကာ ကွယ်မှုတွေ လုပ်ထားရတယ်’’ဟု ကိုအောင်ကျော်ရှင်က ပြောကြားသည်။

မော်လမြိုင် ဘိလပ်မြေစက် ရုံကို ဒေသခံပြည်သူလူထုက ကန့် ကွက်နေသော်လည်း လက်ရှိတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားဖြင့် ၂၀၁၇ ဧပြီ ၁ ရက်ကစပြီး တစ်နေ့လျှင် ဘိလပ်မြေ တန်ချိန် ၅,၀၀၀ ဖြင့် စီးပွားဖြစ် ထုတ်လုပ်လည်ပတ်နေခြင်းဖြစ်သည်။

        ဘိလပ်မြေစက်ရုံတွင်ကျောက်မီးသွေး လောင်စာ အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုကြောင့် ပတ်ဝန်းကျင်နှင့် ပြည်သူများ ထိခိုက်မှုမရှိစေရန် စက်ရုံလည်ပတ်နေမှုကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဇွန်လ ၂၄ ရက်တွင် လာရောက်စစ်ဆေးပြီး တစ်လတစ်ကြိမ် စစ်ဆေးရန် ပြည်နယ်အစိုးရအဖွဲ့ထံ ညွှန်ကြားခဲ့သည်။

ဘိလပ်မြေစက်ရုံလည်ပတ် ရန် လျှပ်စစ်ဓာတ်အား ၄၉ မဂ္ဂါ ဝပ်ကို ကျောက်မီးသွေးနှင့် ဇီဝစွန့် ပစ်ပစ္စည်းများမှ ၄၀ မဂ္ဂါဝပ်၊ စက် ရုံ စွန့်ပစ်ပစ္စည်းများမှ ၉ မဂ္ဂါဝပ် ကို ထုတ်ယူမည်ဖြစ်ကြောင်း၊ ကျောက်မီးသွေး အန္တရာယ် မရှိ ကြောင်း ဒေသခံများကို ရှင်းလင်း မည်ဖြစ်ပြီး ပြည်ထောင်စုမှ ခွင့်ပြု ချက်ကြောင့် တည်ဆောက်ခွင့်ရရှိ ထားကြောင်း မော်လမြိုင်ဘိလပ် မြေစက်ရုံမှ အလုပ်သမားဘက် ဆိုင်ရာ မန်နေဂျာ (ထိုင်းနိုင်ငံသား) ထဝမ်မဖုန်ဖင်က ဆိုထား သည်။

မော်လမြိုင် ဘိလပ်မြေစက် ရုံသည် MCL အမည်ဖြင့် ၂၀၁၃ ကမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော် မရှင်ခွင့်ပြုချက်အရ Pacific Link Cement Industries Ltd နှင့် Saim Cement Limited (SCG)တို့ ပူးပေါင်းထားသည့် စက်ရုံဖြစ် ပြီး ထိုစက်ရုံတည်ဆောက်ရန် ကန်ဒေါ်လာသန်း ၄၀၀ ရင်းနှီးမြှုပ်နှံထားသည်ဟု ကုမ္ပဏီ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၇ ဖေဖော်ဝါရီ ၁၈ ရက် က မော်လမြိုင် ဘိလပ်မြေစက်ရုံ (MCL) လည်ပတ်ရန် ကျောက်မီး သွေးဖြင့် အသုံးပြုနေခြင်းကို အလိုမရှိကြောင်း ဒေသခံ ၂,၀၀၀ ကျော်က ကျိုက်မရောမြို့နယ်တွင် ဆန္ဒ ထုတ်ဖော်ခဲ့သည်။

ဧရာဝတီမြစ်ရေတက်လာ၍ ဆောက်လုပ်ပြီးစ ဆည်မြောင်းလက်တံနှင့် ရေထိန်းတံခါးများပျက်စီး

မြစ်ရေ၀င်ရောက်မှုကြောင့် ပျက်စီးသွားသည့် မြစ်ဆည်မြောင်းလက်တံနှင့် ရေထိန်းတံခါးကိုတွေ့ရစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)

 ဧရာဝတီမြစ်ရေတက်လာ ခြင်းကြောင့် ရွှေတောင်မြို့နယ် တွင် ဆောက်လုပ်ပြီးခါစ ကျပ်သိန်းနှစ်ထောင်ကျော် အကုန်ကျခံ တည်ဆောက်ထားသည့် ဆည် မြောင်းလက်တံနှင့် ရေထိန်းတံခါး များ ပျက်စီးသွားခဲ့သည်။

ဆည်မြောင်းလက်တံနှင့် ရေထိန်းတံခါးကို ရွှေတောင်မြို့နယ် အင်းပျော့အင်းအတွင်းရှိ ရေများ ကို ဧရာဝတီမြစ်အတွင်းသို့ ထုတ် ရန်နှင့် ရေသွင်းစပါးများ ဆော လျင်စွာ စိုက်ပျိုးနိုင်ရန် ရည်ရွယ် ၍ ၂၀၁၆-၁၇ ပြည်ထောင်စု အစိုးရ ဘတ်ဂျက်ငွေ ကျပ်သိန်းနှစ် ထောင့်သုံးရာငါးဆယ်ကုန်ကျခဲ့ကြောင်း ရွှေတောင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးညွန့်ဝေက ပြောသည်။

‘‘ဆည်မြောင်းလက်တံနဲ့ ရေ ထိန်းတံခါးက အခုမိုးဦးကျကာလကပဲ ပြီးခဲ့တာ။ လုပ်ငန်းစာရင်းစစ် တော့ မဝင်ရသေးဘူး။ မြစ်ကမ်း ပါးထက်နိမ့်ပြီး တည်ဆောက်ခဲ့ တော့ မြစ်ရေတက်တဲ့အခါမှာ မြစ်ရေပြန်ဝင်လာပြီး တိုက်စားပျက် စီးသွားတယ်။ မတည်ဆောက်ခင် ကတည်းက ရေမြေအခြေအနေ ကို ကွင်းဆင်းလေ့လာသင့်တယ်။ တာဝန်ယူရတဲ့ဌာနရဲ့ မြစ်ကမ်း ပါး မြစ်ရေကြီးမယ့်အခြေအနေကို မမြင်ဘဲ တည်ဆောက်ခဲ့လို့ နစ် နာဆုံးရှုံးမှုတွေ ဖြစ်သွားတယ်။ ရေကျပြီး မိုးကုန်မှပဲ မြစ်ကမ်းပါး နဲ့အညီ ပြန်လည်တည်ဆောက် ပေးမယ်လို့ ဆည်မြောင်းဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်’’ ဟု ဦးညွန့်ဝေက ပြောသည်။

ဇူလိုင် ၁၈ ရက်ကစတင်ကာ မြစ်ရေတက် တိုက်စားခြင်း ကြောင့် ဆည်မြောင်းလက်တံနှင့် ရေထိန်းတံခါးများ စတင်ပျက်စီးခြင်း၊ မြစ်ရေဝင်ရောက်ခြင်း ကြောင့် စိုက်ခင်းများ ပျက်စီးခြင်း၊ လယ်ယာမြေဧက ၁၀၀ ကျော် ရေနစ်မြုပ်ခြင်းနှင့် ကျေးရွာအိမ် ခြေ ၆၀ ခန့် ရေနစ်မြုပ်ခြင်းဖြစ်ပေါ်နေကြောင်း လက်ပံပုကျေးရွာဒေသခံများက ပြောသည်။

တောင်သူတွေရဲ့ နစ်နာမှုအခြေအနေတွေကို လွှတ်တော်ကိုယ်စားလှယ်တွေထံ ပြောပြထားပါတယ်’’ဟု လက်ပံပုကျေးရွာဒေသခံ ဦးရဲတင့်ကပြောသည်။

ဒေသခံများ သွားလာမှု အ ဆင်ပြေရန် ဆည်မြောင်းပေါင်နှစ် ခုကို ဆက်သွယ်ထားသည့် ကားဗက်တံတားပေါင်များကို ချက် ချင်းပြုပြင်တည်ဆောက်ပေးထား ပြီး ဆည်မြောင်းဘေးရှိ စိုက်ခင်း များ ပျက်စီးသွားသည့် တောင်သူ များကို နစ်နာကြေး ပေးနိုင်ရန် စီစဉ်နေကြောင်း  ဦးညွန့်ဝေကပြောသည်။ အထက်ပါ ကိစ္စများနှင့်ပတ်သက်၍ ရွှေတောင်မြို့နယ် ဆည်မြောင်းအင်ဂျင်နီယာမှူး ဦးသိန်းထွန်းအောင်ထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ဖုန်းပိတ်ထားသဖြင့် အဆက်သွယ်မရခဲ့ပေ။

ရတနာပုံညဈေးတွင် အစားအသောက်များ ဈေးနှုန်းသင့်တင့်စွာ ရောင်းရန် ညှိနှိုင်းထားဟုဆို

ယနေ့ဖွင့်လှစ်သည့် ရတနာပုံညဈေးဆိုင်ခန်းများကို အဝေးကတွေ့ရစဉ်

 ဇူလိုင် ၂၁ ရက် (ယနေ့) တွင် Grand Opening အဖြစ် စတင်ဖွင့်လှစ်မည့် မန္တလေး တောင်ခြေရှိ Yadanarpon Night Market တွင်ရောင်းချမည့် အစားအသောက်များကို သင့်တင့်မျှတသည့်ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန် ဆိုင်ပိုင်ရှင်များနှင့် ညှိနှိုင်းထားကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၃ မှ ၂၅ ရက်အထိ Soft Opening အနေဖြင့် BKK Night Market ဖြင့်ဖွင့်လှစ်ခဲ့သည့် ယင်းညဈေးတွင် ရောင်းချသည့် အစားအသောက်များနှင့် ကုန် ပစ္စည်းများသည် ပုံမှန်ဈေးနှုန်း ထက်ကြီးမြင့်နေခြင်းကြောင့် မန္တ လေးမြို့ခံများကဝေဖန်မှုများရှိခဲ့သည်။

‘‘ညဈေးမှာရောင်းချမယ့် ဆိုင်တွေကိုတော့ သင့်တင့်မျှတ တဲ့ဈေးနှုန်းတွေနဲ့ ရောင်းချဖို့အ တွက် ဆိုင်ရှင်တွေနဲ့ ညှိနှိုင်းထားပါ တယ်။ ညဈေးကိုလာတဲ့သူတွေ ဆိုင်ကယ်အပ်ဖို့အတွက်လည်း သင့်တင့်တဲ့ နှုန်းထားတစ်ခုနဲ့ဝင်း ထဲမှာ စီစဉ်ထားပါတယ်’’ ဟု Myanmar DaYi ကုမ္ပဏီအထွေ ထွေမန်နေဂျာ ဦးတည်ကြည် အောင်ကပြောသည်။

ဇူလိုင် ၂၁ ရက်မှ ၂၃ ရက် အထိ ကျင်းပမည့်ဖွင့်ပွဲတွင်တေး သံရှင်များ၏ ဖျော်ဖြေမှုများ၊ မြန်မာ့ရိုးရာရုပ်သေးပြပွဲများပါ ဝင်မည်ဖြစ်ပြီး ဆိုင်ခန်း ၁၀၀ ကျော်ဖွင့်လှစ်ရောင်းချမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။

‘‘တေးသံရှင်တွေ? ဖျော်ဖြေ ပွဲတွေနဲ့ Grand Opening အနေနဲ့ ကတော့ သုံးရက်ပေါ့။ သုံးရက် ပြီးတဲ့နောက်မှာ ညဈေးကိုနေ့စဉ် ပုံမှန်ဖွင့်လှစ်သွားပါမယ်’’ ဟု ဦးတည်ကြည်အောင်ကဆိုသည်။

Yadanarpon Night Market တွင်အစားအသောက်၊ အဝတ်အထည်၊ လတ်ဝတ်ရတ နာရောင်းချမည့်ဈေးဆိုင်ခန်းများ ပါဝင်ပြီး လာရောက်လည်ပတ် သည့် ပြည်တွင်း၊ပြည်ပဧည့်သည် များအတွက် ရှေးခေတ်မြန်မာဝတ် စုံများ၊ တိုင်းရင်းသားရိုးရာဝတ်စုံ များဖြင့် အမှတ်တရဓာတ်ပုံရိုက် ကူးနိုင်မည့် အစီအစဉ်များ၊ က လေးများအတွက် ရေကူးကန်နှင့် ကစားကွင်းများ      စီစဉ်ထား ကြောင်း Myanmar DaYi ကုမ္ပဏီမှသိရသည်။

Yadanarpon Night Market ကို မန္တလေးမြို့စည်ပင်သာ ယာရေးကော်မတီထံမှ Myanmar DaYi ကုမ္ပဏီက BOT လုပ်ခွင့် ရပြီး ကျပ်သိန်း ၁၁,၀၀၀ ခန့်ရင်းနှီး မြှုပ်နှံ တည်ဆောက်ထားခြင်းဖြစ် သည်။

Pages

Subscribe to Regional