Feature

  • Fri 17 Nov 2017 - 22:33
    ‘အရှေ့ကျောင်းသား သူ တောင်းစား၊ လယ်ပေါ်ကျောင်း သား အကောင်းစား၊ ကျောက်မီး သွေးမို့မည်းသကို၊ တို့ကျောင်း သားမို့ ရဲသကို ဟေ့ လာ မောင် ရို့ ဝါး’ဟု အားရပါးရ ဆူညံစွာ အော်ဟစ်ပြေးလွှားလာကြသော ကလေးတစ်စုသည်ကား လယ် ပေါ် ဘုန်းကြီးကျောင်းသား ကလေးများ ဖြစ်ကြသည်။ ယင်း တို့ကျောဘက် တင်းချ လယ်တစ် ကွက်လောက်အကွာတွင် ချည
  • Fri 17 Nov 2017 - 19:35
    ရခိုင်ပြည်နယ်မင်းပြားမြို့နယ်ကျေးလက်ဒေသနေအိမ်အများအပြားတွင် အိမ်သာမရှိကြ သည့် အဓိက အကြောင်းရင်းများထဲတွင် ဆင်းရဲနွမ်းပါးမှုက ထိပ်ဆုံးမှပါဝင်ကြောင်း မကြာသေးခင်က တွေ့ဆုံခဲ့သည့် ဒေသခံများက ပြောသည်။
  • Thu 16 Nov 2017 - 10:40
    ခွေးကိုက်ခံရပြီး နှစ်အတန်ကြာမှ ခွေးရူး ပြန်ရောဂါလက္ခဏာ ပြကာ အသက်ပင်ပေးလိုက်ရသည့်ဖြစ်ရပ်များစွာရှိသည်ကိုသင်သိပါသလား။ ယင်းဖြစ်ရပ်များသည် ဆေးပညာတိုးတက်ထွန်းကားနေပြီး ကျန်းမာရေးအသိ ပညာယခင်ကထက် တိုးတက်ရရှိ နေသော လက်ရှိကာလအထိ အမှန်တကယ်ပင် ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ခွေးကိုက်ခံရသည်ကို ပေါ့ဆ၍ မေ့မေ့လျော့လျော့နေလာခဲ့ပြီး တစ်နှစ်ကျော်ကြာမှ ခွေးရူးပြန် ရောဂါလက္ခဏာပြ၍ သေဆုံးရသည့် လူနာကို နယ်ဆေးရုံတစ်ခုတွင် လက်ထောက်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က ကြုံ တွေ့ခဲ့ဖူးကြောင်း လက်ရှိမြောက်ဥက္ကလာပဆေးရုံ နား၊နှာခေါင်းလည်ချောင်းဒုတိယနှစ်(ဘွဲ့လွန်) တက်နေသူ ဆရာဝန်စိမ်းမိုးစက်က ဆိုသည်။
  • Wed 15 Nov 2017 - 11:38
    လွန်ခဲ့သည့် ခုနစ်နှစ် နိုဝင် ဘာ ၁၄ ရက်က ထုတ်ဝေခဲ့သော နိုင်ငံပိုင်ကြေးမုံ သတင်းစာမျက်နှာဖုံးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်းကြေညာချက်ကို မျက်နှာပြည့်ဖော်ပြခဲ့သည်။၂၀၁၀ ရွေးကောက်ပွဲအနိုင်ရလဒ်များကိုပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဝင်များ၏ အမည်များ က လွှမ်းမိုးထားသည်။ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုသမိုင်းဝင်ဖြစ်စဉ်အဖြစ်၂၀၁၀ ရွေးကောက်ပွဲရလဒ်များကို စစ် အစိုးရက ကြေညာနေခြင်းဖြစ် သည်။ အဆိုပါသတင်းစာ၏အ တွင်းဘက် စာမျက်နှာမှာတစ်ခု၌ သတင်းတစ်ပုဒ် မထင်မရှားပါ လာသည်။
  • Wed 15 Nov 2017 - 11:22
    နိုဝင်ဘာ ၁၂ ရက်နံနက် ၁၀ နာရီစွန်းစွန်းတွင် သာကေတမြို့နယ် အမှတ်(၆) အရှေ့ရပ်ကွက်ရှိ အနန္တသုခဓမ္မာရုံအတွင်းသို့ ရပ်ကွက်သူ၊ ရပ်ကွက်သား ၃၀၀ခန့် စုဝေးရောက်ရှိနေသည်။ ၎င်းတို့သည် ရပ်ကွက်အုပ် ချုပ်ရေးမှူးရွေးကောက်ပွဲအတွက် ကနဦးပြုလုပ်သည့် ကြီးကြပ်ရေးမှူးငါးဦးရွေးချယ်ရာ၌ ဆန္ဒပြုမဲပေးရန် ရောက်ရှိနေခြင်းဖြစ်သည်။ လွန်ခဲ့သည့် ၂ နှစ်ခန့် (၂၀၁၆ဇန်နဝါရီ)ကလည်း ယင်းနေရာ တွင်ပင် ယခုကဲ့သို့ လာရောက်မဲ ပေးခဲ့ကြရသေးသည်။ ‘‘ဒီတစ်ခေါက်က အရင်ထက်တော့ လူတွေ စိတ်ဝင်စားပုံရ တယ်။ မဲပေးခွင့်ရှိသူ အိမ်ထောင် စု ၉၀၀ ကျော်ကို ဖိတ်ထားတာမှာ ၃၀၀ လောက် တက်လာတယ်’’ဟု အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်နိုင်ကဆိုသည်။ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲကို သမ္မတဦးထင်ကျော် အစိုးရတာဝန် လွှဲပြောင်းမယူခင် နှစ်လခန့် (၂၀၁၆ ဇန်နဝါရီ)က ပြုလုပ်ထားပြီးဖြစ်သော်လည်း ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ တတိယအ ကြိမ် ပြင်ဆင်ချက်အရ ပြန်လည် ရွေးချယ်ရန် ပြင်ဆင်နေခြင်းဖြစ် သည်။
  • Wed 15 Nov 2017 - 11:08
    ရထားပေါ်မှ ဖိနပ်တစ်ဖက် ပြုတ်ကျသွားသည့် ဂန္ဒီသည် ကျန်ဖိနပ်တစ်ဖက်ကို ကျသွားသည့် နေရာသို့ လွှင့်ပစ်လိုက်သည်။ ‘‘ခင်ဗျားဘာလုပ်လိုက်တာလဲ’’ဟု ဘေးကလူတွေ မေးသည့်အခါ‘‘ကောက်ရတဲ့သူက ဖိနပ်တစ်ရန် ရသွားတာပေါ့’’ဟု ဂန္ဒီက ပြန်ပြောလိုက်သည်။ ယင်းမှာဖေ့စ်ဘွတ်ခ်မပေါ်မီက မြန်မာတို့ စံပြထားသည့် ဂန္ဒီပုံပြင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်ကို တွင်တွင်ကျယ်ကျယ်သုံးလာပြီးနောက် ယခုလပိုင်းအတွင်း မြန်မာတို့သိသည့် ဂန္ဒီပုံပြင် ပြောင်းလဲသွားသည်။ ဂန္ဒီဟုဆိုလိုက်လျှင် ‘မသိဘူးချစ်တယ်’နှင့် တွဲမြင်ပြီး ပြုံးစိစိဖြစ်သွားကြသည်။ လတ်တလော ခေတ်စားနေသည့် လူမှုကွန်ရက်၏ ဘေးထွက် ဆိုးကျိုးတစ်ခုသည် အိန္ဒိယနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး ဂန္ဒီပုံကို အသုံးပြု၍ နောက်ပြောင်နေခြင်းပင်ဖြစ်သည်။
  • Wed 15 Nov 2017 - 10:44
    ဆောင်းဦးကာလဖြစ်သည့် နိုဝင်ဘာ ၉ ရက်၏ ညနေခင်းတစ်ခုဝယ် မြန်မာပြည်အထက်ပိုင်း မိတ္ထီလာခရိုင် သာစည်မြို့နယ်ရှိ မီးရထားဌာနပိုင် ဓမ္မာရုံအတွင်း ဒေသခံများနှင့် စည်ကားနေသည်။ မကြာခင် ကျင်းပတော့မည့် အမျိုးသမီးတစ်ယောက်အား ဂုဏ်ပြုမည့်ပွဲတစ်ခုကို အားရ၀မ်းသာစွာ ဂုဏ်ပြုလို၍ လူတစ်ရာကျော်မျှ ရောက်ရှိနေခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ အလေးအမြတ်ထားရာ ဓမ္မာရုံတစ်ခုအတွင်း ဂုဏ်ပြုခံရမည့် အမျိုးသမီးကတော့ ထိုဓမ္မာရုံအတွင်း ရောက်ဖူးခြင်းမရှိပေ။ ထိုဓမ္မာရုံမှမဟုတ်။ ဗုဒ္ဓဘာသာဝင်တို့၏ အလေးအမြတ်ထားရာ မည်သည့်ဓမ္မာရုံမျှ ထိုအမျိုးသမီး ရောက်ခဲ့ဖူးခြင်းမရှိ၍ နေရာမှား ပြီး သာစည်မြို့ပေါ် မျက်စိလည် နေခဲ့သည်။ တကယ်တမ်း ရောက်လာ တော့ ထိုအမျိုးသမီး မျက်စိလည်ရသည့် အကြောင်းရင်းကို သိခဲ့ရသည်။ ထိုအမျိုးသမီးသည် မျက်လုံးမျက်ဆန် မည်းနက်နက်။ အသားအရည် ညိုတိုတိုဖြင့် မြန်မာ မွတ်စလင်အမျိုးသမီးတစ်ဦး ဖြစ် နေ၍ ဗုဒ္ဓဘာသာဝင်တို့၏ ဓမ္မာရုံကို ရှာရခက်နေခြင်းဖြစ်သည်။ သို့သော် လာရောက်အားပေးဂုဏ် ပြုကြမည့် ဗုဒ္ဓဘာသာဝင်အများစုကတော့ ထိုအမျိုးသမီးကို လေးစားအားကျနေသည့် မျက်လုံးပေါင်းများစွာဖြင့် ချစ်ခင်စွာ ငေးကြည့်နေခဲ့ကြသည်။
  • Wed 15 Nov 2017 - 10:30
    ကြည်လင်အေးမြနေသော ရေအလျဉ်စီးဆင်းနေသည့် စမ်းချောင်းလေးအတွင်း ဒေါ်အောင်ဆန်းစု ကြည် အချစ်တော် ခွေးလေး တိုက်ချီဒို ပြေးဆင်းသွားပြီး ရေထဲတွင် ပြေးလွှားဆော့ကစားနေသည်။ တစ်ကိုယ်လုံး အညိုရင့်ရောင်ရှိပြီး ခြေထောက်နှင့် ရင်ဘတ် အဖြူ ကွက်ကျားခွေးလေး တိုက်ချီဒို ရေကစားနေသည်ကို ချောင်းစပ်က နေ သခင်ဖြစ်သူ ဒေါ်အောင်ဆ န်းစုကြည် ပြုံး၍ ကြည့်နေသည်။ အညာ၏ အိုအေစစ်ဟု တင် စားထားသည့် ပုပ္ပားတောင်၏ တောင်ခြေအနီးတွင် စမ်းချောင်း လေးက ပတ်ခွေစီးဆင်းနေသည်။ တိုက်ချီဒိုလေး ရေကစားနေသည် မှာ အချိန်အနည်းငယ်ကြာပြီး နောက် ကုန်းပေါ်သို့ ပြန်တက်လာရန် သခင်က လှမ်းခေါ်သော်လည်း ချက်ချင်းတက်မလာဘဲ ပေကပ်နေကာ ရေဆက်လက်ကစားလို သည့် အမူအရာပြသည်။ တိုက်ချီဒို၏ ယင်းအမူအရာကို မြင်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် လည်း  ပြုံးပျော်ရွှင်မြူးနေသည်။ ထို့နောက် သူက ဆုံးဖြတ်ချက်တစ်ခု ချခဲ့သည်။
  • Tue 14 Nov 2017 - 19:07
    မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ လွှမ်းမိုးမှုတွေ ရှိနေတာ ငြင်းပယ်လို့ မရနိုင်ပါဘူး။ တရုတ်ဟာ မြန်မာနိုင်ငံရဲ့ အရေးအကြီးဆုံး ကုန် သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်နေသလို ပြီးခဲ့တဲ့ ဆယ်စုနှစ် သုံးခုအတွင်းမှာ အကြီးမားဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ရာ အရင်းအမြစ်လည်း ဖြစ်နေခဲ့ပါတယ်။ မြန်မာနဲ့ တရုတ်တို့ အပြန်အလှန် ကုန်သွယ်မှုတန်ဖိုးဟာ အခု ဘဏ္ဍာရေးနှစ်ရဲ့ ပထမ ခြောက်လတာ အတွင်းမှာတင် ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံထိ ရောက်ရှိခဲ့ပြီးပါပြီ။ မြန်မာဘက် က စိုက်ပျိုးရေးနဲ့ မွေးမြူရေးဆိုင် ရာ ထုတ်ကုန်တွေ၊ ဓာတ်သတ္တု တွေ အဓိက တင်ပို့နေပြီး တရုတ်ဆီက စက်ပစ္စည်းတွေ၊ အီလက် ထရွန်နစ်ကိရိယာတွေနဲ့ တခြားသော လူသုံးကုန်တွေ ပြန်လည် တင်သွင်းနေပါတယ်။ အပြန်အလှန် ကုန်သွယ်မှုတန်ဖိုးတွေကို နှိုင်းယှဉ်ကြည့်ရင် တရုတ်က အပြတ်အသတ် အသာရနေတာမျိုး တော့ မဟုတ်ပါဘူး။ တရုတ်ကိုမြန်မာရဲ့ ပို့ကုန်တွေ စုစုပေါင်း တန်ဖိုးဟာ ဒေါ်လာ ၂ ဒသမ ၅ သန်းနီးပါးရှိခဲ့ပြီး တရုတ်ပစ္စည်းတွေ တင်သွင်းမှုတန်ဖိုးကတော့ ဒေါ်လာ သုံးဘီလီယံလောက်ထိ များပြားမယ်လို့ ခန့်မှန်းရပါတယ်။
  • Fri 10 Nov 2017 - 22:43
    မမြစိန်ကွယ်လွန်အနိစ္စ ရောက်ရခြင်းတွင် ကျွန်တော့်ပ ယောဂမကင်းပေ။ ကွယ်လွန်စက ကိုယ်ချစ်မြတ်နိုးသော ဇနီးတစ် ယောက်နှင့် ကွေကွင်းရခြင်း ဒုက္ခ တစ်ခုသာ ဖြစ်ခဲ့၏။ သို့သော် သူ၏ရိုးရိုးသားသားရေးသားထားခဲ့ သော စာတမ်းရှည်ကို ဖတ်ရချိန် တွင်မူ ကျွန်တော့်စိတ်များသည် ဘယ်သောအခါမှ မတည်ငြိမ်ခဲ့ပါ ပေ။
  • Wed 08 Nov 2017 - 16:02
    ယခုတစ်ပတ်လွှတ်တော်အစည်းအဝေးများတွင် ဘဏ္ဍာနှစ်သတ်မှတ်မှုပုံစံပြောင်းလဲမှုကို အတည်ပြုခြင်း၊ ၂၀၁၇-၁၈ဘဏ္ဍာနှစ်အတွက် အစိုးရအဖွဲ့ကတောင်းခံထားသည့် ဖြည့်စွက်ခွင့်ပြုငွေများအနက် ကျပ်သန်းခြောက်သောင်းကျော်ကို ဖြတ်တောက်ရန် တင်ပြခြင်းတို့က ထင်ရှားသည်။
  • Wed 08 Nov 2017 - 15:45
    အချိန်အားဖြင့် ညဥ့် ၁၂နာရီခန့်ရှိပြီဖြစ်သော်လည်း ဒေါက်တာ ထွန်းအေးသိန်းတစ်ယောက် စစ်တွေဆေးရုံကြီး၏ အရေးပေါ်ဌာနတွင် လူနာခြောက်ဦးခန့်ကို တာဝန်ယူ၍ ကုသပေးနေသည်။ ထိုအချိန်တွင် လူနာတစ်ဦးအပါအ၀င် အရက်သေစာသောက်စားထားသော လူ ၂၀ ခန့် ရောက်လာကာ ၎င်းတို့လူနာကို ကုသပေးရန်ပြောဆိုသည်။ အရင် ရောက်ရှိနေသည့် လူနာများအား ကုသပေးနေသဖြင့် အချိန်မပေး နိုင်သည်ကို နားလည်မှုမပေးဘဲ အဆိုပါ လူနာနှင့် လိုက်ပါလာသူများက ဆဲဆိုရမ်းကားခဲ့သည်။
  • Wed 08 Nov 2017 - 12:15
    ‘‘သူ့ဗိုက်ကို ခွမကျော်နဲ့၊ ငရဲ ကြီးတတ်တယ်’’ ‘‘ဘာဖြစ်လို့လဲကွ’’ ‘‘သူ့ဗိုက်ထဲမှာ ဌာပနာတွေ ရှိလို့’’ ဘုရားလှူသည့် ပိုက်ဆံခိုး စားသူများကို ရည်ညွှန်းသည့် လူရွှင်တော်များ၏ နာမည်ကြီးပြက်လုံးတစ်ခုဖြစ်သည်။ ‘ဘုရားအလှူငွေတွေ ပွင့်လင်းမြင်သာမှုရှိသင့်ပြီလား’ ဟူသည့်မေးခွန်းကို ကျိုက်ထီးရိုးစေ တီတော်၏ ၂ နှစ်အတွင်းရရှိခဲ့သည့် အလှူငွေကိန်းဂဏန်းနှစ်ခု  အဖြေပေးသည်။ ၂ နှစ်အတွင်း ငွေကြေးကွာဟမှုက ကျပ်သန်း လေးထောင်ကျော် ရှိနေ၍ဖြစ်သည်။
  • Wed 08 Nov 2017 - 12:06
    နှစ်ပေါင်း ၇၀ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သော ပြည်တွင်းလက်နက်ကိုင်ပဋိ ပက္ခများအကြား အစဉ်အမြဲမေးခွန်းထုတ်ခံရသည့်အချက်တစ်ခုရှိသည်။ တည်ဆဲဥပဒေများက လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာဒေသရှိ ဒေသခံတိုင်းရင်းသားများ၏ အသက်၊ အိုးအိမ်၊စည်းစိမ်နှင့် ဂုဏ်သိက္ခာတို့ကို မည်မျှအကာအကွယ်ပေးနိုင်စွမ်းရှိသည်ဟူသည့်အချက်ပင်ဖြစ်သည်။ လက်ရှိအချိန်အထိ အဆိုပါမေးခွန်းအတွက်  လက်တွေ့အဖြေပေးနိုင် သည့်ဖြစ်စဉ်မတွေ့ရသေးဟု လေ့လာသူများက ဆိုသည်။ ထို့အတူ တိုင်းရင်းသားဒေသ များတွင် ဖြစ်ပွားခဲ့သည့် လက်နက် ကိုင်တပ်ဖွဲ့များ၏ ဥပဒေပြင်ပ ကျူးလွန်မှု ဖြစ်စဉ်များကလည်း နှစ်ဖက်ယုံကြည်မှုတည်ဆောက် နေသည့် ငြိမ်းချိမ်းရေးလုပ်ငန်းစဉ် အပေါ် ထိခိုက်နိုင်ကြောင်း သုံး သပ်သည်။
  • Wed 08 Nov 2017 - 11:56
    ကရင်ပြည်နယ် ဘားအံမြို့နယ် လှာကာအခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်းပြဆရာမသုံးဦးကို ပညာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက်တွင် အလယ်တန်းပြရာထူးသို့ လျှော့ချခဲ့သည်။ ဒသမတန်းကျောင်းသားများအား သင်ထောက်ကူစာအုပ်များ ပြင်ပမှ ၀ယ်ယူရောင်းချခဲ့သည်ဟူသည့် တိုင်ကြားချက်ကြောင့် စုံစမ်းစစ်ဆေး၍အပြစ်ပေးအရေးယူခြင်းဖြစ်သည်။
  • Wed 08 Nov 2017 - 11:36
    မန္တလေးကနေ ပြင်ဦးလွင်အတက် အနီးစခန်းမှာ စာကြည့်တိုက်လေး တစ်ခုရှိပါတယ်။ နေရာတိတိကျကျ ပြောရမယ်ဆိုရင် ရပ်ကွက်ကြီး (၁၇) အနီးစခန်းကျေးရွာမှာ ဖွင့်ထားတာပါ။ မန္တလေးကနေလာရင် အနီးစခန်းရောက်လို့ လမ်းညာဘက်ခြမ်းက နှီးဘုရားကြီးဆီ သွားတဲ့လမ်းအတိုင်း တစ်မိနစ်လောက်ဝင်လိုက်တာနဲ့ စာကြည့်တိုက်လေးဆီ ရောက်သွားမှာပါ။ အဲဒီစာကြည့်တိုက်လေးက ရိုးရိုးသာမန် စာကြည့်တိုက်တစ်ခုတော့ မဟုတ်ပါဘူး။ စာကြည့်တိုက် ရေရှည်ရပ်တည်နိုင်ဖို့ ကော်ဖီဆိုင်လေးဖွင့်ပြီး ကျားကန်ရပ်တည်နေရတဲ့ ကော်ဖီဆိုင်စာကြည့်တိုက်လေး ဖြစ်နေလို့ပါပဲ။
  • Wed 08 Nov 2017 - 11:23
    သောကြာနေ့ ညနေမျိုးဆိုလျှင် ကိုထက်ရှိုင်းတစ်ယောက် အလုပ်မှပြန်ရန် ပိုမိုစိတ်အားထက်သန်နေသည်။ အသက် (၂၄) နှစ်အရွယ်ရှိပြီဖြစ်ပြီး ဆေးကုမ္ပဏီတစ်ခုမှ အရောင်းဝန်ထမ်းဖြစ်သော သူက ယခုလိုသောကြာ ညမျိုးတွင် တစ်ပတ်တာ ပင်ပန်း သမျှ ဖြေဖျောက်ရန် သူငယ်ချင်းများနှင့် အချိန်းအချက်လုပ်ထားပြီးဖြစ်သည်။ ‘‘သောကြာနေ့ည ပြီးရင် စနေ၊ တနင်္ဂနွေပိတ်ရက်ရတော့ စိတ်လွတ်ကိုယ်လွတ်နေလို့ရတယ်။ အလုပ်ကိစ္စတွေခဏမေ့ လို့ရသွားတယ်။ ဒီလိုညမှာဆို မိုးလင်းတဲ့အထိအပြင်မှာ နေဖြစ်ကြတာများတယ်’’ဟု သူက ဆိုသည်။ TGIF ဟု အလွယ်ခေါ်ကြ သည့် သောကြာညများတွင် မိတ်ဆွေ၊ သူငယ်ချင်းများနှင့် စိတ်လက်အပန်းဖြေခြင်း ဓလေ့တစ်ခုလူငယ်တွေကြား ရေပန်းစား လာသည်မှာ လွန်ခဲ့သောနှစ်အ နည်းငယ်က ဖြစ်သည်။
  • Wed 08 Nov 2017 - 10:42
    မြန်မာ့သမိုင်းဝင်နေ့စွဲများထဲက တစ်ရက်အဖြစ် မှတ်တမ်းတင်ခံခဲ့ရသော နိုဝင်ဘာ ၈ ရက်က ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်ခဲ့ပြီဖြစ်သည်။ လွန်ခဲ့သည့် ၂ နှစ် ၂၀၁၅ ခုနှစ်နိုဝင်ဘာ ၈ ရက်တွင် ဒီချုပ်၏ ‘ပြောင်းလဲချိန်တန်ပြီ’ ဟူသော ကြွေးကြော်သံကို မင်ပြာစွန်းသော လက်သန်းများက တစ်ခဲနက်ထောက်ခံခဲ့ကြသည်။ ထိုသို့ထောက်ခံမှုကြောင့်ပင် ဖိနှိပ်မှုအောက်တွင် နှစ်ပေါင်း ၂၅ နှစ်ကြာရုန်းကန်ခဲ့ရသော အတိုက်အခံပါတီသည် အာဏာရပါတီအဖြစ် နိုင်ငံ့တာဝန်များကို ရယူနိုင်ခဲ့သည်။ တစ်ပါတီအာဏာရှင်စနစ်နှင့် စစ်အုပ်ချုပ်ရေးကာလ များကို ၂၀၁၀ ရွေးကောက်ပွဲက ချုပ်ငြိမ်းစေခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲသည်သာ မြန်မာ့ဒီမိုကရေစီအောင်မြင်မှု၏ မှတ်တိုင်တစ်ခုဟု ကမ္ဘာကပင်အသိအ မှတ်ပြုခဲ့ရသည်။ ထို့ကြောင့် နိုဝင်ဘာ ၈ ရက်သည် နှစ်ပေါင်း ၅၀ ကျော်အတွင်း အစိုးရတစ်ရပ်ကို ပြည်သူလူထုကိုယ်တိုင်မဲပေးရွေးချယ်နိုင်ခဲ့ သော နေ့ရက်တစ်ရက်အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့သည်။ ထိုသမိုင်းဝင်နေ့စွဲနှင့်အတူ မြန်မာပြည်သူများ၏မျှော်လင့်ချက်များစွာကိုပါ လွတ်လပ်စွာပျံသန်းခွင့်ရသော အခိုက်အတန့်ဖြစ်၏။
  • Wed 08 Nov 2017 - 10:34
    ဒီရက်ပိုင်းတွေမှာ နိုင်ငံတကာမှာ၊ မီဒီယာသတင်းစာမျက်နှာများမှာ၊ သံတမန်အစည်းအဝေးများမှာ မြန်မာနိုင်ငံရဲ့နာမည်ဟာ အကြီးအကျယ်မကောင်းသတင်းနဲ့ ကျော်စောနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဟိုးအရင်နှစ်များဆီက အရှေ့တောင်အာရှက စီးပွားရေးအကောင်းဆုံးနိုင်ငံ၊ ဒီမိုကရေစီစံပြ နိုင်ငံဆိုပြီး အကျော်ကြားဆုံးဖြစ်ခဲ့လေသမျှ အခုတော့ မြန်မာဆိုရင် လူမျိုးတုံးသတ်တာ၊ နှိပ်စက်တာနဲ့တွဲပြီး မြင်ကြတဲ့၊ ကြမ်းကြုတ်တဲ့ နိုင်ငံတစ်ခုလို နေ့ချင်းညချင်းဖြစ်သွားရပါတယ်။ ဒီမိုကရေစီသူရဲကောင်းလို့ ကမ္ဘာမှာထင်ရှားကျော်ကြားတဲ့ မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ခမျာလည်း ဘင်္ဂါလီလူမျိုးများဘက်ကနေ မရပ်တည်ဘဲ မြန်မာပြည်က လူမျိုးအများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေဘက်က ရပ်တည်ခဲ့တဲ့အတွက် နိုင်ငံတကာက အပြစ်တင်တာကို ခံယူနေရပါတယ်။ ဒီလိုဖြစ်ရတာကို ဘယ်မြန်မာနိုင်ငံသားမှ မကြိုက်ပါဘူး။ ဒါပေမဲ့ တကယ်ဖြစ်နေတာကိုတော့ လက်ခံရတာပေါ့။
  • Tue 07 Nov 2017 - 19:21
    လက်ရှိ အစိုးရအနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သ ဘောတူစာချုပ်(NCA)တွင် လက် မှတ်မထိုးရသေးသည့်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ ထပ် မံပါဝင်လာရေးအတွက် ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် ညှိနှိုင်းလာသည်မှာ တစ်နှစ်ခွဲ ကျော်ကြာခဲ့ပြီဖြစ်သည်။ UNFC အဖွဲ့ဝင်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ NCA လက်မှတ်ထိုး ရေးအတွက် အစိုးရ၏ငြိမ်းချမ်း ရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံ ရေးဆိုင်ရာဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(DPN)တို့ သည် တစ်နှစ်ခွဲအတွင်း တရားဝင် ဆွေးနွေးပွဲခုနစ်ကြိမ်ပြုလုပ်ထား သည်။ ငြိမ်းချမ်းရေးကော်မရှင် နှင့် DPN တို့၏ရှစ်ကြိမ်မြောက် ဆွေးနွေးပွဲကို ယနေ့(နိုဝင်ဘာ ၈ ရက်)တွင် ရန်ကုန်မြို့၌ ပြုလုပ် မည်ဖြစ်ရာ DPN ၏ဒုတိယအဖွဲ့ ခေါင်းဆောင် နိုင်အောင်မငေးနှင့် ဆွေးနွေးပွဲမတိုင်မီ ဆက်သွယ် မေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။

Pages

Subscribe to Feature