Environment

  • Wed 02 Aug 2017 - 12:37
    တစ်ကမ္ဘာလုံးတွင် ကျားကျန်ရှိတော့သည့် နိုင်ငံ မှာ ၁၃ နိုင်ငံသာရှိပြီး ကောင်ရေ ၃,၀၀၀ ကျော်သာ ကျန်ရှိတော့မည်ဟု ခန့်မှန်းထားသည်။ မြန်မာနိုင်ငံသည် ကျားကောင်ရေ နည်းပါးစွာ ကျန်ရှိသည့် စာရင်း တွင် ပါဝင်နေပြီး ခန့်မှန်း ၈၅ ကောင်ရှိမည်ဟု ထုတ်ပြန်ထား သည်။ ယင်းစာရင်းမှာ လွန်ခဲ့သည့် ၂၀၁၀ ကတည်းက ခန့်မှန်းတွက် ချက်ထားခြင်းဖြစ်ပြီး လက်ရှိအ ချိန်ထိ နိုင်ငံတွင် ကျားကောင်ရေ မည်မျှကျက်စားနေသည်ကို ထုတ် ပြန်နိုင်ခြင်း မရှိသေးပေ။ လက်ရှိ တွင် ကျားထိန်းသိမ်းရေးနယ်မြေ အချို့၌ နယ်မြေမတည်ငြိမ်မှုများ ကြောင့် လုပ်ငန်းများ ပြန်လည်မစ တင်နိုင်ခြင်း၊ ကျားအစိတ်အပိုင်း များ တရားမဝင် ရောင်းဝယ်ဖောက် ကားမှုကြောင့် ဖမ်းဆီးသတ်ဖြတ် ခံနေရခြင်း စသည့် အခက်အခဲ များလည်း ရှိနေသေးသည်ဟု ထိန်း သိမ်းရေး လုပ်ဆောင်သူများက ဆိုသည်။ ယင်းအတွက် ကျားထိန်းသိမ်းရေး ဆောင်ရွက်နေသော သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံအစီအစဉ်(WCS)မှ Landscape Coordinator For Northern Forest Complex (Ka-chin) ဦးလှနိုင်နှင့် မေးမြန်းခဲ့သည်မှ ကောက်နုတ်ဖော်ပြလိုက်ပါ သည်။
  • Wed 26 Jul 2017 - 12:11
    ငွေကြေးချမ်းသာ ကြွယ်ဝမှုမရှိသော်လည်း ဒေါက်တာ ရာဇာမင်းတစ်ယောက် လုပ်ချင်သည့်သုတေသနလုပ်ငန်းများ လုပ်ခွင့်ရနေသဖြင့် နေပျော်နေသည်။ ‘‘ဒါတွေလုပ်ချင်လို့ပဲ ဒီလောကထဲ ရောက်လာတာပါ။ ပိုင်ပိုင် နိုင်နိုင်လုပ်ဖို့အတွက်လည်း ဂျာမနီမှာ အပင်မျိုးရိုးဗီဇနဲ့ပတ်သက်တဲ့ မာစတာဘွဲ့ယူခဲ့ပါတယ်’’ဟု ဒေါက်တာရာဇာမင်းက ပြောကြား သည်။ သူ့အိပ်မက်များ အကောင်အထည်ဖော်ရန် သစ်တောတက္ကသိုလ် ကျောင်းဆရာဘဝနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ လွန်ခဲ့သော ၁၇ နှစ် (၂၀၀၀ ပြည့်နှစ်)က ရောက်ရှိခဲ့သည်။ လက်ရှိတွင် ဒေါက်တာရာဇာမင်းသည် သစ်တောမျိုးရိုးဗီဇ နှင့် ဇီဝနည်းပညာဌာန၌ လုပ်ကိုင် နေသူဖြစ်ပြီး သုတေသနစာတမ်း စိစစ်ရွေးချယ်ရေးအဖွဲ့တွင် ပါဝင်သူလည်းဖြစ်သည်။ ထို့အပြင် သုတေသနလုပ်ငန်းများကိုလည်း ဦးဆောင်လုပ်ကိုင်နေသည်။
  • Wed 19 Jul 2017 - 12:40
    ရွှေတိဂုံစေတီတော် ကဲ့သို့သော အထင်ကရနေရာများတွင်သာမက လူစည်ကားရာပန်းခြံများ၊ကန်များ၊ ကားဂိတ်၊ ရထားဂိတ်များနှင့် လမ်းဘေးပလက်ဖောင်းများ၌ စွန့် ပစ်အမှိုက်များဖြင့် ရှုပ်ပွနေသည့် မြင်ကွင်းများက သမားရိုးကျ ပင် ဖြစ်လာသည်။ 
  • Wed 19 Jul 2017 - 11:53
    ရှိစုမဲ့စုငွေကို စုဆောင်းကာ တည်ဆောက်ထားသော သစ်သားအိမ်ကြီးကို ဘဝတူ ကျေးရွာသား များ အကူအညီဖြင့် နေ့ချင်းပြီး ဖြို ချလိုက်ရပြီးနောက် ဦးလှငွေတစ် ယောက် မိသားစုရှေ့ရေးကို တွေး ကာ စိတ်ပျက်လက်ပျက်ဖြစ်နေ သည်။ ဒေသထွက် သစ်ရိုင်းများဖြင့် ၂၀၁၆ စက်တင်ဘာက အသစ်တည်ဆောက်ထားသော လတ်လတ်ဆတ်ဆတ် ခြေတံရှည်အိမ်ကြီးကို သက်တမ်း (၁) နှစ် မပြည့်မီမှာပင် ဦးလှငွေကိုယ်တိုင် ဦး ဆောင်ကာ ဖျက်ချလိုက်ရခြင်းဖြစ် သည်။ အိမ်တိုင်များနှင့် သစ်တို သစ်စများ၊ အနည်းငယ်သာရှိ သော အိမ်တွင်းပရိဘောဂများနှင့် လယ်ယာသုံးပစ္စည်းများကို ဆွေမျိုးတစ်ဦး၏ အိမ်ဘေးတွင် စုပုံထားရကာ ၎င်းနှင့်အတူ မိသားစုဝင်များအားလုံး ဆွေမျိုးများ အိမ်၌ ခိုကပ်နေရသည်။ လယ်ယာသုံး ကျွဲနှင့်နွားများအတွက် ထားစရာ နေရာမရှိ၍ ရေထဲသို့ သစ်ကိုင်း များကိုခုတ်ချကာ ယင်းသစ်ကိုင်းများကိုစုစည်း၍ ကျွဲနှင့်နွား အိမ် မွေးတိရစ္ဆာန်များကို တင်ထားရသည်။
  • Mon 17 Jul 2017 - 22:39
     ဒလမြို့နယ်တွင် နိုင်ငံ ခြားသားအမျိုးသမီးနှစ်ဦးထံမှ ဒေါ်လာငွေခြိမ်းခြောက်တောင်း ယူခဲ့သူ အမျိုးသား ခုနစ်ဦးအနက်ငါးဦးကို ဖမ်းဆီးရမိထားကြောင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့မှ  ဒုရဲမှူးမြင့်ဇော်က ပြောသည်။
  • Wed 12 Jul 2017 - 12:44
    "တောထဲက သစ်ပင်ပဲ ဖြစ်ဖြစ်၊ လမ်းဘေးမှာ ပေါက်နေတဲ့အပင်ပဲဖြစ်ဖြစ် သစ်ပင်လို့ဆိုတာနဲ့ ကာဗွန်စုပ်ယူတာ၊ ရေထိန်းသိမ်းပေးတာတော့ အတူတူပဲ။ ကျွန်တော်တို့က အပူပိုင်းဒေသမှာ နေတဲ့အတွက် ပိုလို့တောင် ထိန်းသိမ်းရဦးမယ်’’ဟု မကွေးမြို့မှ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူကိုမြတ်သူစိုးကပြောသည်။ 
  • Thu 06 Jul 2017 - 21:37
    ၂၃ ကောင်ခန့်သာကျန်ရှိ သည့် မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော ကြိုးကြာခေါင်းနီငှက်သိုက် ငါးခု ကို အင်းတော်ကြီးကန်တွင် တွေ့ ရှိကြောင်း နိုင်ငံတကာပန်းမန်ထိန်းသိမ်းရေးအဖွဲ့ FFI က သတင်းထုတ်ပြန်သည်။
  • Wed 05 Jul 2017 - 12:27
    မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသည့် တောဘဲမန်ဒါလီ ၁၀ ကောင်ကို ထမံသီတောရိုင်းတိရစ္ဆာန်ဘေး မဲ့တောတွင် ဇွန်လ ၁၇ ရက်က တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း သား ငှက်တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ (WCS)က ထုတ်ပြန်သည်။
  • Wed 05 Jul 2017 - 12:18
    မြန်မာ့ဒေသမျိုးရင်း ရှားပါး မျိုးစိတ်ရွှေသမင်များကျက်စားရာ ရှိမ္မကားဘေးမဲ့တောကို တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအဖြစ် ဖွဲ့ စည်းမည်ဟု စစ်ကိုင်းတိုင်းဒေသ ကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။
  • Wed 28 Jun 2017 - 11:20
    မိုးတဖြောက်ဖြောက်ရွာချိန် ဇွန်လကစ၍ မိုးတွင်းကာလပတ်လုံး နိုင်ငံအနှံ့အပြားတွင် တခမ်းတနား ပြုလုပ်သည်မှာ မိုးရာသီလူထုသစ်ပင်စိုက်ပျိုးပွဲများပင်ဖြစ်သည်။
  • Sat 24 Jun 2017 - 23:17
    မန္တလေးတိုင်းဒေသ ကြီးအတွင်း ဘိလပ်မြေစက်ရုံများ မှ ထွက်ရှိသည့် မီးခိုးငွေ့များက အနီးပတ်ဝန်းကျင်ဒေသများသို့ သက်ရောက်မှုရှိ၊ မရှိ လေထုစစ်ဆေးတိုင်းတာမှုများ ပြုလုပ်နေ ကြောင်း မန္တလေးတိုင်းသဘာဝ ပတ်ဝန်းကျင်ဦးစီးဌာနမှ သတင်း ရရှိသည်။
  • Wed 21 Jun 2017 - 11:54
    မြန်မာနိုင်ငံ၌ ရပ်ရွာအခြေပြုခရီးစဉ်များကို ဒေသအများစုတွင် အကောင်အထည်ဖော်ထားပြီး ဖြစ်သော်လည်း ခရီးသွားဒေသနှင့်  ထွက်ကုန်များအကြောင်း ဈေးကွက်မြှင့်တင်ရာတွင် အခက်အခဲများရှိနေဆဲဖြစ်ကြောင်း ပြည်တွင်းပြည်ပပညာရှင်များနှင့်အရပ်ဘက်အဖွဲ့အစည်းများပူးပေါင်းပြုလုပ်သည့် ရပ်ရွာလူထုနှင့် ခရီးသွားလုပ်ငန်းအလုပ်ရုံဆွေးနွေးပွဲတွင် သတင်းထုတ်ပြန်သည်။
  • Wed 21 Jun 2017 - 11:52
    ပဲခူးရိုးမရှိ သဘာဝရှုခင်း များနှင့် ဆင်စခန်းမှ ဆင်များ၏ နေထိုင်ပုံများကို လေ့လာနိုင်ရန် Bago Yoma Eco-Resort အမည်ဖြင့် သဘာဝအခြေခံ (Eco Tour-ism) ခရီးစဉ်ကို ဇူလိုင်လကုန်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။
  • Wed 21 Jun 2017 - 11:48
    ရာသီသီဥတု ပြောင်းလဲမှု ဆိုင်ရာ ပါရီသဘောတူညီချက်မှ အမေရိကန် နုတ်ထွက်သည့်သတင်းသည် ဇွန်လ ၁ ရက်တွင် ကမ္ဘာအနှံ့ပျံ့နှံ့ခဲ့သည်။ ထိုသို့ နုတ်ထွက်ခြင်းသည် အမေရိကန်အနေဖြင့် ကုလ သမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင် ရာ ကွန်ဗင်းရှင်းအဖွဲ့ (UNFCCC)က စိုက်ထူထားသည့် အစိမ်းရောင် ရန်ပုံငွေအဖွဲ့သို့ ပေးရမည့် ရန်ပုံ ငွေကို ပေးဆောင်ရန် ငြင်းဆန် လိုက်သည့်သဘော ဖြစ်သည်။ UNFCCC က ချမှတ်ထား သည့် သစ်တောပြုန်းတီးမှုနှင့် ကာ ဗွန်လျှော့ချခြင်း ပါရီသဘောတူညီ ချက်ကို မြန်မာနိုင်ငံက အကောင် အထည်ဖော်နေမှုသည် လမ်းခု လတ်သို့ ရောက်နေသော်လည်း လတ်တလောတွင် သက်ရောက်မှု မရှိသေးပေ။ ‘‘တစ်ကမ္ဘာလုံး သဘောတူ ညီချက်နဲ့ မောင်းနှင်နေတဲ့ UN Green Climate Fund တကယ် ဖြစ်လာမလား၊ မဖြစ်လာဘူးလားဆိုတာ စဉ်းစားစရာဖြစ်လာတယ်’’ ဟု UNFCCC ၏ ချမှတ်မှုများကို မြန်မာနိုင်ငံ ကိုယ်စားပြု အ ကောင်အထည်ဖော်နေသည့် သစ် တောသုတေသနဌာနမှ ညွှန်ကြား ရေးမှူး ဒေါက်တာသောင်းနိုင်ဦး က ပြောသည်။
  • Wed 14 Jun 2017 - 12:21
    လူအများအပန်းဖြေရာ နေရာ၊ ချစ်ခြင်း သင်္ကေတ အင်းလျားကန်၏ ကြည်နူးစရာမြင်ကွင်း အလှအပများက ရေသန့်ဘူးခွံ၊ ပလတ်စ တစ်အမှိုက်များနှင့် ပနံမရစွာ မြင်တွေ့နေရသည်။
  • Sat 10 Jun 2017 - 23:11
    မိုးတွင်းကာလတွင် နိုင်ငံခြားသားဧည့်သည်များ လာရောက်လည်ပတ်မှု နည်းပါး၍ ပန်းချီကားဈေးကွက် အရောင်း အဝယ်အေးနေကြောင်း စုံစမ်း သိရသည်။ 
  • Thu 08 Jun 2017 - 23:49
    ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်းဖြစ် ပေါ်နေပြီး ဇွန်လ ၈ ရက်ကစ၍ တစ် ပတ်အတွင်း မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။
  • Wed 07 Jun 2017 - 12:53
    ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ ဖုန်ကန်ရာဇီ အမျိုးသားဥယျာဉ်နှင့် ထမံသီဘေးမဲ့တောများတွင် သစ်ပင်၊ ပန်းမန် သုတေသန လုပ်ငန်းများကို ငါးနှစ်တာဆောင်ရွက်ရန် အမေရိကန်အခြေစိုက် နယူးယောက် အမျိုးသားဥယျာဉ်နှင့် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ မေလ ၂၃ ရက်ကနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ နယူးယောက် အမျိုးသား ဥယျာဉ်မှ ပညာရှင်များ၊ မြန်မာပညာရှင်များနှင့် ဌာနမှ ကျွမ်းကျင်သူများ ပူးပေါင်းကာ သစ်ခွနှင့် ပန်းမန်များကို မှတ်တမ်းတင်ခြင်း၊ အရွက်၊ အသီးများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းတင်ခြင်း စသည့်သုတေသနလုပ်ငန်းများ ပြုလုပ်မည်ဖြစ်သည်။ သုတေသနပြုလုပ်ရာတွင် သစ်တောသုတေသနဌာနမှ သုတေသနတာဝန်ခံ ဒေါက်တာ မူမူအောင်နှင့် မြန်မာနိုင်ငံ ပန်းဝါသနာရှင်အသင်းမှ ဒေါက်တာစော လွင်၊ ဒေါက်တာသက်ယုနွယ်၊ ဒေါ်ပန်းခက်ခက်တို့ ပါဝင်မည် ဖြစ်ရာ မြန်မာနိုင်ငံ ပန်းဝါသနာရှင် အသင်းဥက္ကဋ္ဌလည်းဖြစ်သူ အဆို ပါစီမံကိန်းတွင် ပညာရှင်အဖြစ်လိုက်ပါမည့် သစ်ခွနှင့် ပန်းမန် ပညာရှင် ဒေါက်တာစောလွင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
  • Mon 05 Jun 2017 - 21:20
     နှစ်နိုင်ငံအစိုးရအကြား မြေပြင်နယ်နိမိတ်တိုင်းတာမှုများ မပြုလုပ်ရသေးသောကြောင့် ယခုနှစ် ကန့်ကရာချန်သဘာဝနယ်မြေ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရောက်မှုကို ထိုင်းအစိုးရဘက်ကရပ်ဆိုင်းခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောသည်။ ကန့်ကရာချန် သဘာဝနယ် မြေရှိရာဒေသသည် မြန်မာ-ထိုင်းအစိုးရအကြား အငြင်းပွားနေဆဲ ဒေသဖြစ်ပြီး ထိုင်းအစိုးရဘက်က ယူနက်စကိုစာရင်းဝင်ရောက်ရန် ကြိုးပမ်းခဲ့သော ဒေသဖြစ်သည်။
  • Mon 05 Jun 2017 - 21:17
     ဇွန်လ ၅ ရက်တွင် ကျ ရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အဖြစ် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် သို့ ၀င်ကြေးအခမဲ့ဖြင့် ၀င်ရောက်လည်ပတ်ခွင့်ပြုခဲ့သည်ဟု သတင်းရရှိသည်။  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့ အထိမ်းအမှတ်အ ဖြစ် တိရစ္ဆာန်ဥယျာဉ်သို့ လာ ရောက်သူများကို ယင်းနေ့တစ်နေ့ တာဝင်ကြေးအခမဲ့ဖြင့် လည်ပတ်ခွင့်ပြုခဲ့ကြောင်း ရန်ကုန် တိရစ္ဆာန်ဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က ပြောသည်။

Pages

Subscribe to Environment