Entertainment

  • Thu 14 Dec 2017 - 22:58
    အဆိုတော်မာမာအေး ၏(၇၅)နှစ်ပြည့်မွေးနေ့ အထိမ်းအ မှတ် စိန်ရတုအဉ္ဇလီ ဖျော်ဖြေပွဲ တွင် လာမည့် နှစ်၌ ထွက်မည့် တစ်ကိုယ်တော်ခွေသစ်မှ ငြိမ်း ချမ်းရေးသီချင်းတစ်ပုဒ်ကို တေး သရုပ်ဖော်ဖျော်ဖြေခဲ့သည်။ အဆိုပါဖျော်ဖြေပွဲကို ဒီဇင်ဘာ ၁၃ ရက်က အမျိုးသားကဇာတ်ရုံတွင် ကျင်းပသည်။
  • Thu 14 Dec 2017 - 22:16
    ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာတော့ အချစ်ဆုံးသူငယ် ချင်းက သစ္စာဖောက်ခံရတာကြောင့် သေဆုံးခဲ့တဲ့ မိန်းကလေးက  အဖြစ်မှန်ကိုသိဖို့ ကြိုးစားတဲ့အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို ညွှန်းလိုက်ပါတယ်။
  • Wed 13 Dec 2017 - 22:31
     ပရိသတ်အားပေးမှုရရှိ နေသည့် ခေါင်းလျှော်ရည်ကြော် ငြာရိုက်ပြီးချိန်တွင် နှာစေး၊ ချောင်းဆိုး အအေးမိဝေဒနာ  ခံစားနေ ရကြောင်း အကယ်ဒမီကျော်သူက ကြော်ငြာရိုက်ကူးရေး  အမှတ် တရကို ပြောသည်။
  • Wed 13 Dec 2017 - 22:31
     နှစ် ၃၀ အတွင်း ပထမ ဆုံး  ပြန်လည်ပြုလုပ်သည့် ရုပ်ရှင်ညီလာခံကို ဒီဇင်ဘာ ၁၂ ရက် နံနက်က ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံ၌   ကျင်းပရာ   အနု ပညာရှင်လောကသားများ တက် တက်ကြွကြွနှင့် စုံညီစွာ တက် ရောက်သည့်အပေါ် အလွန်ကျေ နပ်ကျေးဇူးတင်ကြောင်း ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြားသည်။
  • Wed 13 Dec 2017 - 22:29
    ဒီနေ့ ရုပ်ရှင်အကြိုကဏ္ဍလေးမှာ တော့ ဒီဇင်ဘာ ၁၅ ရက်မှာ ရုံတင်ပြသတော့မယ့် သရီးဒီအန်နီမေး ရှင်းဇာတ်ကားလေးအကြောင်း ဖော်ပြလိုက်ပါတယ်။
  • Wed 13 Dec 2017 - 15:40
    ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးအပြီး ၁၉၉၀ ပြည့်လွန်ကစ၍ ၂၀၀၀ ပြည့်နှစ်အတွင်း ထွက်ရှိခဲ့သော မဂ္ဂဇင်းများတွင် ပါဝင်သည့် ၀တ္ထုတိုအချို့သည် သမားရိုးကျရေးဟန်ပုံစံမှ ခွဲထွက်လာကြ သည်။ ဟန်သစ်၊ ရနံ့သစ်အစရှိသော မဂ္ဂဇင်းအချို့ တွင် ထိုဝတ္ထုမျိုး မကြာခဏပါလာကြောင်း စာဖတ် သူများ သတိပြုမိလာသည်။ ယင်းတွင် ပိုင်စိုးဝေ၊ နေမျိုး၊ သစ္စာနီ၊ ကိုဆွေ စသည့် ၀တ္ထုတိုဆရာများ၏ ၀တ္ထုများသည် ပုံမှန်ဖော်ပြနေသောဝတ္ထုများနှင့်မတူ တစ်မျိုးတစ်ဘာသာ ခွဲထွက်လာပါသည်။ သစ္စာနီမှ အပ ပိုင်စိုးဝေနှင့် နေမျိုးတို့သည် မန္တလေးအခြေစိုက် ၀တ္ထုတိုဆရာများဖြစ်ပြီး ကိုဆွေသည် ပြည်မြို့ဇာတိ သားဖြစ်သည်။ ၎င်းတို့၏၀တ္ထုများကို သမားရိုးကျပုံစံမှ ခွဲထွက်သည်ဆိုရခြင်းမှာ ထိုအချိန်က ရေးလေ့ရှိ သော မြန်မာ့ဝတ္ထုတိုအများစုနှင့် ပုံသဏ္ဌာန်ကွဲလွဲနေပြီး ဇာတ်အိမ်ဇာတ်ကွက် ပါချင်ပါမည်။ မပါချင် မပါ၊ လွတ်လွတ်လပ်လပ်ကြီး ရေးဖွဲ့ကြသောကြောင့် ဖြစ်သည်။ သို့ရာတွင် ထိုဝတ္ထုတိုများ၌ သင်္ကေတ၊ နိမိတ်ပုံနှင့် ပြကွက်ချည်းသက်သက် ဖော်ညွှန်းသော ရေးဖွဲ့မှုများမြင်ရပြီး ထိုရေးဟန်များကိုလည်း လူ ငယ်စာသမားများက တဖြည်းဖြည်းနှစ်ခြိုက်သဘော တွေ့လာသည်။ 
  • Wed 13 Dec 2017 - 15:14
    စာရေးဆရာမ လွန်းထားထား၏ ‘တိတ်ဆိတ်နက်ရှိုင်းသော သက် သေ’ ဝတ္ထုကို ဒါရိုက်တာဝိုင်း ပုံဖော်ရိုက်ကူးထားသည့် ‘ဘီလူးမ၊ သရဲမနှင့် မိန်းမပျို(3Girls)’ အ မည်ရှိ  ရုပ်ရှင်ဇာတ်ကား  ဒီဇင် ဘာ ၁၅ ရက်တွင် စတင်ရုံတင်ပြသတော့မည်ဖြစ်သည်။ ဇာတ် ကား၏ အမည်အတိုင်း မင်းသမီး သုံးဦး၏ အားပြိုင်မှုများကို ယင်း ဇာတ်ကား၌ မြင်တွေ့ရမည်ဖြစ်ပြီး အချစ်ဆုံးသူငယ်ချင်း၏ သစ္စာ ဖောက်ခံရကာ  သေဆုံးခဲ့ သောကြောင့် ဝိညာဉ်ဘဝဖြင့် ၎င်း ကြုံခဲ့ရသည့် အကြောင်းအရာများ ကို အမှန်အတိုင်းသိစေရန် ကြိုး စားခဲ့သူ မိုးစက်ချိုအဖြစ် အိချောပို၊အဆိုပါမိန်းကလေးကို ကူညီ၍ ဖြစ်ရပ်မှန်များ ပေါ်လာစေရန် ကြိုး စားခဲ့သည့် စာရေးဆရာမ ရွှေရုပ်သွင်အဖြစ် ပိုင်ဖြိုးသုနှင့် သူငယ် ချင်းကို သစ္စာဖောက်၍ ၎င်းလိုချင် သည့်အရာကို ရအောင်ယူသည့် ခေါင်ပွင့်လွှာအဖြစ် ဖွေးဖွေးတို့က ပါဝင်သရုပ်ဆောင်ထားသည်။ ထို့ ကြောင့် ယင်းဇာတ်ကား၏ ဒါရိုက် တာဝိုင်းနှင့် အဓိကသရုပ်ဆောင် များကို ရုပ်ရှင်ရိုက်ကူးစဉ် ကြုံတွေ့ခဲ့သည့် အခက်အခဲ၊ ဇာတ်ရုပ်ရွေး ချယ် သရုပ်ဆောင်မှုတို့နှင့်ပတ် သက်၍ မေးမြန်းချက်များကို စုစည်းဖော်ပြလိုက်ပါသည်။
  • Wed 13 Dec 2017 - 12:12
    ယမန်နှစ်က ထွက်ရှိသည့် ‘အကယ်၍များ’ တေးအယ်လ်ဘမ်အား အခွေထွက်ပြီးနောက်ပိုင်းတွင် စိတ်ကျေနပ်မှု အပြည့်အဝ မရှိသောကြောင့် အခွေသစ်အဖြစ် ပြန်လည်ဆန်းသစ်   ဖန်တီးနေ ကြောင်း Lil'z က ပြောသည်။
  • Wed 13 Dec 2017 - 12:11
    ယခင်က ဇာတ်ကားရိုက်ကူးမှုအပိုင်းတွင်   သရုပ်ဆောင်အဖြစ် သာမကဘဲ ကင်မရာပိုင်းဆိုင်ရာ ပါ ပါဝင်လေ့ရှိပြီး ယခုနောက်ပိုင်း သရုပ်ဆောင်သီးသန့်အဖြစ်သာ ရပ်တည်နေကြောင်း နေမင်းက ပြောသည်။
  • Tue 12 Dec 2017 - 20:49
     ရှမ်းပြည်နယ်မြောက် ပိုင်း နမ္မတူမြို့နယ်၌ တိုက်ပွဲဖြစ် ပွားမှုကြောင့် မြို့ပေါ်သို့ တိမ်း ရှောင်နေသည့် ဆရာ၊ ဆရာမ ၃၀ဦးသည် ဒီဇင်ဘာ ၁၁ ရက်တွင် ၎င်းတို့တာဝန်ကျရာ ကျေးရွာများသို့ ပြန်ပြီဖြစ်ကြောင်း     နမ္မတူစစ် ရှောင်ကူညီကယ်ဆယ်ရေးကော် မတီ အတွင်းရေးမှူး ဦးအောင် ဆန်းမြင့်က ပြောသည်။
  • Mon 11 Dec 2017 - 23:25
     တောင်ကိုရီးယား ကေ ပေါ့ပ်အဆိုတော် G-Dragon သည် ကန်ဒေါ်လာ ရှစ်သန်းခန့် တန်ဖိုးရှိ အဆောက်အအုံတစ်ခု ဝယ်ယူခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၃၀ ရက်တွင် G-Dragon သည် ဆိုးလ်မြို့ချောင်ဒမ်ဒေသရှိ မြေညီထပ်တစ်ထပ်ပါ ခြောက်ထပ် အဆောက်အအုံ တစ်ခု ဝယ်ယူခဲ့ကြောင်း Korea Economic Daily သတင်း ဌာနက ဖော်ပြသည်။
  • Mon 11 Dec 2017 - 23:25
     သရီးဒီဟာသဂီတ ကာတွန်းကား ‘Coco’ သည် ယခု သီတင်းပတ်တွင် အမေရိကန်၌ ရုံတင်ဝင်ငွေ အများဆုံးဇာတ်ကား စာရင်းတွင် ထိပ်ဆုံးက ရပ်တည် ခဲ့သည်။
  • Mon 11 Dec 2017 - 23:24
     လာမည့် ဇန်နဝါရီအ တွင်း 99 ဟု အမည်ရှိ တစ်ကိုယ်တော် ဒုတိယတေးအယ်လ်ဘမ် ထွက်မည်ဖြစ်ကြောင်း အဆိုတော်X-Box က ပြောသည်။
  • Mon 11 Dec 2017 - 23:22
    စာရေးဆရာ ချစ်ဦးညို ၏ နာမည်ကြီးဝတ္ထု  ‘လင်္ကာဒီပ ချစ်သူ’ကို နာမည်ကြီး သရုပ်ဆောင်များ  ပါဝင်၍  စင်တင်ပြ ဇာတ်အဖြစ်  မန္တလေးမြို့တွင် ဇန်နဝါရီလကုန်၌ တင်ဆက်မည် ဖြစ်သည်။
  • Mon 11 Dec 2017 - 22:25
    ဒီနေ့တော့ အဆင့်မြင့်အထူးပြု လုပ်ချက်တွေနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ အန်နီမေးရှင်း ဇာတ်ကားလေး ပရိသတ်တွေ အတွက် ဖော်ပြလိုက်ပါတယ်။
  • Sun 10 Dec 2017 - 22:45
     အမေရိကန်ပြည်ထောင် စုတွင် နေထိုင်နေသော အဆို တော် ပိုးဒါလီသိန်းတန်သည် မြန်မာနိုင်ငံသို့ ပြန်လာ၍ အနုပညာအလုပ်များ လုပ်ကိုင်ရန် အစီအစဉ်မရှိသေးသော်လည်း လက်ရှိ ၎င်း၏ နေထိုင်မှုပုံစံနှင့် ဖက်ရှင်များကို လူမှုကွန်ရက်စာ မျက်နှာကတစ်ဆင့် မျှဝေပေးဖြစ် ကြောင်း ပြောသည်။
  • Sun 10 Dec 2017 - 22:45
    အမေရိကန်မင်း သမီး ဂျနီဖာအင်န်နစ္စတန်က မိမိ သည် ဟင်းကောင်းကောင်းမချက် တတ်ကြောင်း ပြောသည်။ အသက် (၄၈) နှစ်အရွယ် ဂျနီဖာအင်န်နစ္စတန်က     ဟင်း ကောင်းကောင်းတစ်ခွက် ဖန်တီး ချက်ပြုတ်လိုသော်လည်း အလုပ် များသောကြောင့် ဟင်းချက်သင် ရန်အချိန်မရကြောင်း ပြောသည်။
  • Sun 10 Dec 2017 - 22:45
     ဆောင်းဂျွန်ကီနှင့် ဆောင်း ဟေကိုတို့ ဇနီးမောင်နှံသည် ဆိုးလ်မြို့၌ ကျင်းပသည့် IU ၏ ဂီတဖျော်ဖြေပွဲသို့ သွားရောက်အားပေး ကြည့်ရှုခဲ့သည်။ ဒီဇင်ဘာ ၉ ရက်က ဆိုးလ် မြို့၌ ကျင်းပသော IU ၏ ဂီတဖျော်ဖြေပွဲသို့ မကြာမီက လက်ထပ်ခဲ့ သော နာမည်ကျော်အနုပညာရှင် ဇနီးမောင်နှံနှစ်ဦး လာရောက် ကြည့်ရှုခဲ့သည်။
  • Sun 10 Dec 2017 - 22:44
     တစ်နှစ်ခွဲအချိန်ယူကာ ပြင်ဆင်ခဲ့ရသည့် MOEZY Thanaka Mask (သနပ်ခါးမျက် နှာဖုံး)ကို ဒီဇင်ဘာ ၁၀ ရက်တွင် စတင်ရောင်းချခဲ့ကြောင်း အလှ မယ် မိုးစက်ဝိုင်က ပြောသည်။
  • Sat 09 Dec 2017 - 23:04
    ဒီနေ့ ရုပ်ရှင်အကြိုကဏ္ဍလေးမှာတော့ ပေါ့ပေါ့ပါးပါး လေးကြည့်ရမယ့် ပန်ဂျပ်အချစ်ဟာသဇာတ်ကားလေး ခံစား ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။

Pages

Subscribe to Entertainment