Entertainment

  • Fri 10 Feb 2017 - 23:31
    အဆိုတော် လေဒီ ဂါဂါသည် ၎င်း၏အနုပညာလုပ် ငန်းဆိုင်ရာ ကိုယ်စားလှယ် ခရစ္စ တီနာကာရီနိုနှင့် တွဲနေကြသည် ဟု သတင်းများက ဖော်ပြသည်။
  • Fri 10 Feb 2017 - 23:30
    နာမည်ကျော်တောင်ကို ရီးယားမင်းသား လီဂျွန်ကီကို အမေရိကန်ရုပ်ရှင်လောကသို့ ၀င်ရောက်ခြင်းအတွက် ဂုဏ်ယူ ကြောင်း ၎င်း၏ပရိသတ်များက ‘The Hollywood Reporter’ မဂ္ဂဇင်း၏ ကြော်ငြာစာမျက်နှာ တစ်ခုလုံး၌ ထည့်သွင်းကြော်ငြာ ခဲ့သည်။
  • Fri 10 Feb 2017 - 23:30
    ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးခဲ့သော ‘ဘန် ကောက်မှ မန္တလေးသို့’ ရုပ်ရှင် ဇာတ်ကားသည် ထိုင်းနိုင်ငံ၏ အကယ်ဒမီဆန်ခါတင်စာရင်း တွင် အကောင်းဆုံးမင်းသားဆု၊ ဇာတ်ပို့ဆုအပါအဝင် ဆုငါးဆုအတွက် အမည်စာရင်းတင်သွင်းခံ ထားရကြောင်း ဇာတ်ကားရိုက် ကူးသူ ဒါရိုက်တာ Chartchai Ketnust က ပြောသည်။
  • Thu 09 Feb 2017 - 23:07
    Girls' Generation အဖွဲ့ဝင် ဆိုဟွန်က တစ်ကိုယ်တော်ပွဲဦး ထွက် အယ်လ်ဘမ်အတွက် ပရိုမိုးရှင်းပြုလုပ်သော အဖိုးတန် ကာလကို ၎င်းအနေဖြင့် မေ့နိုင် မည်မဟုတ်ကြောင်း ပြောခဲ့ သည်။ ဆိုဟွန်၏ ပထမဆုံးတစ် ကိုယ်တော်အယ်လ်ဘမ် Don't Say No ကို ဇန်န၀ါရီ ၁၇ ရက် တွင် ဖြန့်ချိခဲ့သည်။
  • Thu 09 Feb 2017 - 23:07
    ပေါ့စတားဂျပ်စတင် ဘီဘာသည် ‘PPAP’သီချင်းဖြင့် You Tube တွင် နာမည်ကြီးလာ သော ဂျပန်ဟာသသရုပ်ဆောင် ပီကိုတာရိုနှင့် ကြော်ငြာတစ်ခုတွင်  ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရ သည်။ ဂျပန်ဆက်သွယ်ရေးနှင့် အင်တာနက်ကုမ္ပဏီတစ်ခုဖြစ် သော Softbank ၏ ကြော်ငြာ ရိုက်ကူးရေးတွင် ၎င်းတို့နှစ်ဦးပါ ၀င်ခဲ့ကြသည်။
  • Thu 09 Feb 2017 - 23:06
     Wanted အဖွဲ့၏ ပထမ ဆုံးအဖွဲ့လိုက် သီးသန့်ဖျော်ဖြေ ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်ည တွင် ပြုလုပ်မည်ဖြစ်ပြီး သီချင်း အပုဒ် ၃၀ ခန့် ပါဝင်မည်ဟု ဖော်ကာကပြောကြားသည်။
  • Thu 09 Feb 2017 - 23:06
    ချစ်သူရည်းစားမရှိသူ များအတွက် ရည်ရွယ်၍ တီးဝိုင်း အဖွဲ့ရှစ်ဖွဲ့ပါဝင်မည့် ဖျော်ဖြေပွဲ ကို Forever Alone အမည်ဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ကိုမြတ်ကောင်းက ပြောသည်။
  • Thu 09 Feb 2017 - 00:15
     တောင်ကိုရီးယားနာမည်ကျော်မင်းသမီး လီဟိုရီက အင် စတာဂရမ်မှတစ်ဆင့် ၎င်း၏ ပရိသတ်များကို မထင်မှတ်ဘဲ ဆက် သွယ်ခဲ့ပြီး ၎င်း၏အသက်နှင့် ကလေးယူမည့်အစီအစဉ်များကို ပြောကြားလိုက်သည်။
  • Thu 09 Feb 2017 - 00:14
    ဂန္ထဝင်ဂီတ အနုပညာ ရှင် ဂီတမှူး စန္ဒရားကွန်းဇော်သည်ဖေဖော်ဝါရီ  ၈ ရက် နံနက်ကရန်ကုန်မြို့ အမှတ် (၂) စစ်ဆေးရုံတွင် လည်ချောင်းကင်ဆာရောဂါ ဖြင့် ကွယ်လွန်ကြောင်း ၎င်း၏ ဇနီး တက္ကသိုလ်လဲ့လဲ့က  ပြော ကြားသည်။
  • Thu 09 Feb 2017 - 00:14
     ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးရေးစပ်သည့် သီချင်းများပါဝင်သော ‘ကွီးတို့သင်္ကြန်’ တေးစီးရီးကို ဖေဖော်ဝါရီ ၇ ရက်တွင် စတင်ဖြန့်ချိခဲ့သည်။
  • Wed 08 Feb 2017 - 11:43
    ကယန်းအလှရုပ်ရှင်ကို ရိုက်ကူးပုံ ဖော်ခဲ့သည့် ဒါရိုက်တာ အောင်ကို လတ်က ယခုအခါ မြန်မာ- ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရေးအဖြစ် ရိုက်ကူးထားသော ‘နှလုံးသားထဲက သိစေချင်တဲ့ မြန်မာပြည်ခရီးစဉ်’ မှတ်တမ်း ရုပ်ရှင် ဇာတ်ကားတွင် နောက်ခံဂီတပိုင်းဆိုင်ရာကို တာဝန်ယူဖန်တီးထားသည်။ ၎င်းရိုက်ကူးခဲ့သော ‘ကယန်းအလှ’ရုပ်ရှင်သည် နိုင်ငံတကာတွင် အသိအမှတ်ပြုထူးချွန်ဆုအချို့ရရှိပြီး ပြည်တွင်းတွင်လည်း အနုပညာအရ အောင်မြင် ခဲ့သော ရုပ်ရှင်ကားကြီး တစ်ကားဖြစ်သည်။ ရုပ်ရှင်ကားဖန်တီးမှုများကို လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာများ၌ ဝေဖန်ပြောကြားမှုများရှိရာ ယင်းအပေါ်တွင် ပညာရှင်တစ်ဦးအနေဖြင့် ဒါရိုက်တာ အောင်ကိုလတ်၏ သုံးသပ်ပြောကြားမှုများကို ယခုတွေ့ ဆုံမေးမြန်းခန်းတွင် ဖတ်ရှုရပါမည်။  
  • Wed 08 Feb 2017 - 11:37
    တတိယတစ်ကိုယ်တော်အခွေ ‘အိမ့်ချစ်ဟုခေါ်သည်’တေးစီးရီး ဖြန့်ချိသည့်နေ့တွင် Mini Concert နှင့် Emily အမည်နှင့် အမျိုးသမီး အသုံးအဆောင်များ ထုတ်လုပ် ရောင်းချမည့် ၎င်း၏ ကိုယ်ပိုင် အမှတ်တံဆိပ်ကိုလည်း မိတ်ဆက် ပေးမည်ဖြစ်ကြောင်း အိမ့်ချစ်ကဆိုသည်။
  • Wed 08 Feb 2017 - 11:34
    ရန်ကုန်မြို့တွင် ယခု ဖေဖော်ဝါရီ အတွင်း အမျိုးသားအဆိုတော်များ ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲများ အပါအဝင် ကြည့်ရှုစရာ ဖျော်ဖြေ ပွဲများစွာရှိနေကြောင်း သတင်းရရှိ သည်။
  • Wed 08 Feb 2017 - 11:30
    ပညာရေးနှင့် ပတ်သက်သည့် ဆောင်းပါးများကို အားစိုက်ရေးသားတတ်သူ မင်းသန်းထိုက်၏ ဒုတိယမြောက်ဆောင်းပါးများ စုစည်းမှုစာအုပ်ထွက်ရှိလာသည်။ စာရေးသူသည် ပညာရေးဝန်ထမ်းဖြစ်ခဲ့၍ လည်းပညာရေးနှင့်ပတ်သက်၍ သူဖြတ်သန်းခဲ့ရာ ပတ်ဝန်းကျင်ကို ကြည့်ရှုအကဲဖြတ်ရာတွင် ပိုမိုစေ့စပ်လှသည်။ စေတနာများဖြင့် ထုံမွမ်းထားသော အကြံပြုချက်များကလည်း ပညာရေးလောကအတွက် လိုအပ်ချက်ကို တစ်ထောင့်တစ်နေရာက ဖြည့်ဆည်းပေးသလိုရှိနေသည်။
  • Tue 07 Feb 2017 - 00:31
     SISTAR အဖွဲ့ဝင် ဆိုယူ နှင့် EXO အဖွဲ့ဝင် ဘီဟွန်တို့သည် စုံတွဲအထူးသီချင်းတစ်ပုဒ်ဖြန့်ချိ မည်ဖြစ်သည်။ အဆိုပါသီချင်းအတွက် ၎င်းတို့နှစ်ဦးက အသံသွင်းခဲ့ပြီး ဖေ ဖော်ဝါရီလလယ်တွင် ဖြန့်ချိမည် ဖြစ်သည်။ ယင်းမှာ Starship X အနု ပညာကုမ္ပဏီ၏ ၂၀၁၇ တွင် ပထ မဆုံးစုံတွဲသီချင်းထုတ်ဝေမှုဖြစ် သည်။
  • Tue 07 Feb 2017 - 00:31
     နာမည်ကျော် အ ဆိုတော် လေဒီဂါဂါက ၎င်း၏ ကမ္ဘာ့လှည့်ဂီတခရီးစဉ်ကို ကြေ ညာလိုက်သည်။ ဖေဖော်ဝါရီ ၅ ရက်တွင် ကြီးကျယ်ခမ်းနားသော Super Bowlဂီတပွဲဖျော်ဖြေပြီး မကြာမီ ၎င်း၏တွစ်တာစာမျက်နှာတွင် ထိုဂီတ ခရီးစဉ်ကို ကြေညာခဲ့ခြင်းဖြစ် သည်။
  • Tue 07 Feb 2017 - 00:31
     ‘ကံစေရာ’သီချင်းသည် ၎င်း၏ ဘဝအစစ်အမှန်ကို ပုံဖော် ထားပြီး ယင်းသီချင်းကိုကြည့်ကာ ပရိသတ်များ ဝမ်းနည်းခဲ့ရ၍ တောင်းပန်ကြောင်း လူရွှင်တော် သရုပ်ဆောင် ကြာစိက ပြော သည်။
  • Tue 07 Feb 2017 - 00:30
     အဆိုတော် မွန်းအောင် ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်ခဲ့ ရာ ပရိသတ်များသာမက နိုင်ငံ ရေးအသိုင်းအဝိုင်းရှိ ၎င်း၏ မိတ် ဆွေများလည်း လာရောက်အား ပေးခဲ့ကြသည်။ အဆိုပါ ဖျော်ဖြေပွဲကို ရန် ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ ပြု လုပ်ခဲ့ပြီး အစီအစဉ်ကို နှစ်ပိုင်းခွဲ ကျင်းပခဲ့သည်။
  • Sun 05 Feb 2017 - 23:06
     ၂၀၀၀ ပြည့်နှစ်ဝန်းကျင် က အောင်မြင်ခဲ့သော ဂီတ အဖွဲ့များ ပါဝင်သည့် Back toMillennium ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၄ ရက်က ပြည်သူ့ရင်ပြင်၌ပြုလုပ်ရာ ပရိသတ်အားပေးမှု များပြားပြီး အောင်မြင်သည့် ဖျော် ဖြေပွဲဖြစ်ခဲ့သည်။ အဆိုပါ ဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံ၏ ဟစ်ဟော့ပ်ပထမ မျိုးဆက်ဖြစ်သည့် Acid အဖွဲ့နှင့် အတူ 102.7 FM၊ Theory၊ Too Big၊ Examplez၊ Teens၊ Kook၊ No နှင့် Witch အဖွဲ့တို့ ပါဝင် ဖျော်ဖြေခဲ့ကြသည်။ အဖွဲ့တစ်ဖွဲ့ စီအလိုက် သီချင်းလေးပုဒ်မှ ခြောက်ပုဒ်အထိ အသီးသီးဖျော် ဖြေပေးခဲ့ပြီး ပရိသတ်များက လည်း ၎င်းတို့သီဆိုသည့် သီချင်း များကို လိုက်ပါသီဆိုအားပေးခဲ့ သည်။ ယင်းဖျော်ဖြေပွဲတွင် ပါဝင် သည့် အဖွဲ့များသည် ဖျော်ဖြေပွဲ စင်မြင့်နှင့် ဝေးကွာနေသည့် အဖွဲ့ များဖြစ်သောကြောင့် ဖျော်ဖြေပွဲ ကျင်းပမည်ဆိုသည့် အချိန်က တည်းက ပရိသတ်စိတ်ဝင်စားမှု များပြားပြီး ပွဲကျင်းပရာ နေရာအပြည့်ပရိသတ်များကလာရောက်အားပေးခဲ့သည်။
  • Sun 05 Feb 2017 - 23:06
    ဖေဖော်ဝါရီ ၄ ရက်က လော့စ်အန်ဂျလိစ်မြို့၌ ကျင်းပသော ကလေးများအ ကြိုက် The Lego Batman Movieရုပ်ရှင်ကားပြပွဲသို့ အမေရိကန် အဆိုတော် မာရီယာကာရေး သည် (၅)နှစ်အရွယ် အမြွှာလေး များဖြစ်ကြသော သားလေး မိုရို ကန်ကန်နွန်၊ သမီးလေး မိုရိုနီကန် နွန်တို့နှင့်အတူ တက်ရောက်လာ ခဲ့သည်။ ထိုရုပ်ရှင်ပြပွဲအခမ်းအနား တွင် သမီးလေး မိုရိုနီက ချစ်စဖွယ်ပန်းပွင့်လေးများဖြင့် ပုံဖော်ထား သော ဂါဝန်ကို ၀တ်ဆင်လာပြီး သားလေး မိုရိုကန်က အနက် ရောင်နှင့် အဖြူရောင်အနောက် တိုင်းဝတ်စုံကို ၀တ်ဆင်ကာ မိခင်မာရီယာကာရေးနှင့် သားအမိ သုံးဦးအတူ တက်ရောက်လာခဲ့ သည်။

Pages

Subscribe to Entertainment