Entertainment
  • Thu 06 Nov 2014 - 00:31
     Super Junior အဖွဲ့မှ အဖွဲ့ဝင်နောက်တစ်ဦးကို စစ်တပ် ထဲပို့ရန်အချိန်ကျလာပြီဖြစ်သည်။ ရှင်ဒေါင်းက ယခုလကုန်တွင် စစ်ရေးတာဝန်ထမ်းဆောင်မည်ဟု အတည်ပြုလိုက်သည်။
  • Thu 06 Nov 2014 - 00:31
     မျက်နှာသစ် သရုပ် ဆောင်တစ်ဦးဖြစ်သည့် မော်ဒယ် သရုပ်ဆောင် နန်းစုဦးနှင့် သရုပ် ဆောင်အောင်ရဲလင်းတို့ ချစ် ကြိုက်နေသည်ဟူသော သတင်း မှာ ကောလာဟလတစ်ခုသာ ဖြစ်ကြောင်း သရုပ်ဆောင် နန်းစုဦးက ဆိုသည်။
  • Thu 06 Nov 2014 - 00:27
     ရွှေအက်ဖ်အမ်ပွဲတွင် ယူ ရေနီယမ် အကအဖွဲ့နှင့် သီချင်း တစ်ပုဒ်ဖျော်ဖြေခဲ့သော ၀ါဆိုမိုး ဦးက သရုပ်ဆောင်နှင့် ဂီတနှစ်ဖက်စလုံးကိုမျှ၍ အနုပညာလှုပ် ရှားမှုများ ဆက်လက်ပြုလုပ်သွား မည်ဟု ပြောသည်။
  • Tue 04 Nov 2014 - 17:24
    အကယ်ဒမီပေးပွဲကျင်း ပမည့်နေရာ ရွှေ့ပြောင်းမည်ဟု သတင်းများထွက်ပေါ်နေသော် လည်း  ယခင်စီစဉ်ထားသည့် Myanmar Event Park ၌ပင် ပြု လုပ်သွားမည်ဖြစ်ကြောင်း ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက အတည်ပြုပြောကြားသည်။ အကယ်ဒမီပေးပွဲကျင်းပ မည့် ကိစ္စများနှင့် ပတ်သက်၍ ပြင်ပတွင်ပြောကြားနေသော အ ကြောင်းအရာများအား ဟုတ်မှန် သည်ဟု ထင်သွားမည်စိုးသော ကြောင့် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၃ ရက်၌ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဆုပေးပွဲအစီအစဉ်များကို အတိအကျသတင်းမထုတ်ပြန်နိုင် သေးသော်လည်း ပွဲကျင်းပမည့် နေရာနှင့် နေ့ရက်ကိုမူ အောက်တို ဘာ ၃၀ ရက်တွင်ပြုလုပ်သည့် အစည်းအဝေး၌ အတည်ပြုဆုံး ဖြတ်ခဲ့ကြောင်း ဦးလူမင်းက ပြော သည်။ ‘‘နေ့ရက်က ၂၇ ရက် ဒီဇင် ဘာ။ နေရာက MEP ဆိုတာကို အောက်တိုဘာ ၃၀ ရက်မှာလုပ်တဲ့အစည်းအဝေးမှာ နောက်ဆုံးအ ကြိမ်အတည်ပြုဆုံးဖြတ်ခဲ့ပါ တယ်’’ဟု ဦးလူမင်းက ပြောသည်။  ပွဲကျင်းပမည့်နေရာမှာ ယာဉ်ကြောကျပ်မှုများဖြစ်နိုင် သော်လည်း ယင်းကိစ္စကို ရန်ကုန် တိုင်းအစိုးရအဖွဲ့ဘက်က အကူအညီပေးမည်ဖြစ်ပြီး ၎င်းတို့အနေ ဖြင့်လည်း သွားရောက်လေ့လာ ပြီးဖြစ်ကြောင်း ပြောသည်။
  • Mon 03 Nov 2014 - 23:31
    အမေရိကန်အဆို တော်ကြီး စတီဗီဝင်းဒါး၏ အတူ နေချစ်သူသည် လက်ရှိတွင် သုံး မြွှာပူးကိုယ်ဝန်ကို လွယ်ထားရ သောကြောင့် စတီဗီဝင်းဒါးသည် အသက် (၆၄) နှစ်အရွယ်၌ သုံး မြွှာပူးကလေးအဖေ ဖြစ်ဦးမည်ဟု The New York Post သတင်းစာ က ဖော်ပြသည်။
  • Mon 03 Nov 2014 - 23:31
    တောင်ကိုရီးယားသရုပ် ဆောင်မင်းသား ယူယွန်းဆော့ သည် KBS ရုပ်သံလိုင်း၏ ဒရာမာ ဇာတ်လမ်းတွဲသစ်ဖြစ်သော Blood ဇာတ်လမ်းတွဲ၌ သွေးစုပ်ဖုတ် ကောင်ဆရာဝန်တစ်ဦးအဖြစ် သ ရုပ်ဆောင်ရန် ကမ်းလှမ်းခံထား ရသည်။
  • Mon 03 Nov 2014 - 23:30
     ယူ-၁၉ ဂုဏ်ပြုဖျော်ဖြေ ပွဲအတွက် တင်ဆက်ခဲ့သော လူ ကျွံဘောပြဇာတ်မှာ ပြင်ဆင်ချိန်နည်းခဲ့သော်လည်း ပရိသတ်အားပေးမှုရရှိကာ အောင်မြင်မှုရရှိခဲ့ သည်။
  • Mon 03 Nov 2014 - 23:29
     မိုးရာသီဂီတဆုပေးပွဲနှင့် ရွှေအက်ဖ်အမ်ဆုပေးပွဲမှရရှိ သည့်ဆုများတွင်ပါဝင်သော ရွှေ တန်ဖိုးနှင့်ညီမျှသည့် ငွေကျပ်သိန်းနှစ်ဆယ်ကို နိုဝင်ဘာ ၂ ရက်က ဆည်းဆာရိပ်ဘိုးဘွားရိပ်သာသို့ လှူဒါန်းခဲ့ကြောင်း စိုင်းစိုင်းခမ်း လှိုင်ကပြောသည်။
  • Mon 03 Nov 2014 - 00:20
     ပြီးခဲ့သည့် မတ်လကတည်းက  သီးခြားစီအိမ် ခွဲနေကြသည့် အမေရိကန်သရုပ် ဆောင်မင်းသမီးဂွင်းနက်သ်ပယ် ထရိုးနှင့် အဆိုတော်ခရစ်မာတင် တို့ ဇနီးမောင်နှံသည် မကြာမီပြန် လည်ပေါင်းထုပ်ကြလိမ့်မည်ဟု ၎င်းတို့နှင့် ရင်းနှီးသူအချို့ကပြော သည်။
  • Mon 03 Nov 2014 - 00:19
    (၅)ကြိမ်မြောက် ရွှေ အက်ဖ်အမ်ရေဒီယိုနှစ်ပတ်လည် ဖျော်ဖြေပွဲနှင့် ဆုပေးပွဲအခမ်းအ နားကို ပြုလုပ်ခဲ့ရာ အဆိုတော် ပိုပိုက ‘‘ချစ်ဖူးခဲ့သမျှ’’သီချင်းဖြင့် ဆု နှစ်ဆုရရှိခဲ့သည်။
  • Mon 03 Nov 2014 - 00:19
     ကြော်ငြာမင်းသမီး အဖြစ် ပရိသတ်ကသတ်မှတ်ထား သည့် သရုပ်ဆောင်ဝတ်မှုံရွှေ ရည်က ၂၀၁၃ ခုနှစ်အတွက်ပေး အပ်မည့်အကယ်ဒမီစာရင်းဝင် နင်စေရင်ရုပ်ရှင်သည် ဘဝတွင် အပင်ပန်းဆုံး   ရုပ်ရှင်ကားတစ် ကားဖြစ်ခဲ့သည်ဟုဆိုသည်။
  • Sun 02 Nov 2014 - 14:23
    အလှမယ်နှင့် မောင်များစွာ မွေးထုတ်ပေးနေသည့် Miss  Golden Land Myanmar အဖွဲ့အစည်းမှ မစ္စတာအာရှ မြန်မာ ၂၀၁၄ ကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင် မစ္စတာအင်တာနေရှင်နယ် ၂၀၁၄ ပြိုင်ပွဲကို နိုဝင်ဘာပထမပတ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Sat 01 Nov 2014 - 23:44
    တောင်ကိုရီးယား သရုပ် ဆောင်မင်းသမီး ယွန်းအွန်ဟေး သည် ဖွင့်လှစ်ထားသည်မှာ တစ် လခန့်သာရှိသေးသော ၎င်း၏ အွန်လိုင်းပရိသတ်နှင့် တွေ့ဆုံရ သည့်တရားဝင်ဝက်ဘ်ဆိုက်ကို ပိတ်သိမ်းလိုက်သည်။
  • Sat 01 Nov 2014 - 23:43
     တေးသီချင်း အမ်တီဗီ များတွင် ပရိသတ်သတိပြုမိသည့် မော်ဒယ်သရုပ်ဆောင် ပန်းပန် သည် ဇာတ်ကားတစ်ကားတွင် ဂျပန်သရဲမလေးအဖြစ် ပါဝင် သရုပ်ဆောင်ထားကြောင်း သိရ သည်။
  • Sat 01 Nov 2014 - 23:42
    အမေရိကန် အဆိုတော် ကေတီပယ်ရီသည် ရွှေကမ္ဘာလုံးဆုရ သရုပ်ဆောင် မင်းသမီး ကိတ်ဟက်ဆင်၏ နှစ် စဉ်ကျင်းပသော ဟဲလိုးဝင်းပါတီ ပွဲသို့ Cheetos မုန့်ပုံသဏ္ဌာန် ၀တ်စုံဝတ်၍ တက်ရောက်ခဲ့ပြီး Cheetos မုန့်ကို မည်မျှကြိုက်နှစ် သက်ကြောင်း ထပ်မံဖော်ပြလိုက် သည်။
  • Sat 01 Nov 2014 - 23:41
  • Fri 31 Oct 2014 - 23:01
    ဆိုးလ်- တောင်ကိုရီးယားပေါ့ပ် အဆိုရှင်များအဖွဲ့ Super Junior သည် အောက်တိုဘာ ၂၉ နှင့် ၃၀ ရက်များတွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ Super Junior World Tour ဖျော်ဖြေပွဲပြုလုပ်ခဲ့ရာ ယင်းဖျော်ဖြေပွဲသို့ ပရိသတ် ၁၁၀,၀၀၀ကျော်လာရောက်အားပေးခဲ့သည်ဟုသိရ သည်။ Super Junior အဖွဲ့သည် တိုကျိုမြို့ Tokyo Dome ၌ တစ် ကိုယ်တော်ဖျော်ဖြေပွဲများပြုလုပ် လာသည်မှာ သုံးနှစ်ရှိသွားပြီဖြစ် သည်။ ၎င်းတို့သည် နှစ်ရက်တာ ဖျော်ဖြေပွဲအတွင်း သီချင်းအပုဒ် ရေ ၃၂ ပုဒ်ဖျော်ဖြေခဲ့ကြသည်။
  • Fri 31 Oct 2014 - 23:00
     တေးသီချင်းသီဆိုမှုကို သရုပ်ဆောင်လောက် ၀ါသနာ မပါသော်လည်း အမှတ်တရအနေဖြင့် သီချင်းခွေတစ်ခွေထုတ်ဖြစ် မည်ဖြစ်ကြောင်း ကောင်းပြည့်က ပြောသည်။
  • Fri 31 Oct 2014 - 22:57
     နယ်ပရိသတ်အားပေးမှု ရရှိသည့် ဖိုက်တင်မင်းသား ဂျွန် ဂိုသည် ဦးနှောက်အမြှေးရောင် ရောဂါဖြင့် အောက်တိုဘာ ၃၁ ရက်နံနက်က ကွယ်လွန်သွား ကြောင်း သတင်းရရှိသည်။
  • Fri 31 Oct 2014 - 22:55
    လန်ဒန်- ဟောလိဝုဒ်သရုပ်ဆောင် များဖြစ်သော လင်ဆေးလိုဟန်နှင့် တွမ်ခရုဇ်တို့ ချစ်ကြိုက်နေကြ သည်ဟူသော သတင်းများမှာ အမှန်မဟုတ်ကြောင်း လင်ဆေးလိုဟန်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် များက ဗြိတိန် Mail Online သတင်းသို့ ပြောကြားခဲ့သည်။ လင်ဆေးလိုဟန်နှင့် တွမ် ခရုဇ်တို့သည် အောက်တိုဘာ ၇ ရက်တွင် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ ရှိ Chiltern Firehouse စား သောက်ဆိုင်၌ စတင်ဆုံ၍ ဖုန်း နံပါတ်များဖလှယ်ခဲ့ကြောင်းနှင့် ယင်းနောက်တွင် ၎င်းတို့သည် တိတ်တဆိတ်ဆုံတွေ့ခဲ့ကြ ကြောင်း ဗြိတိန် OK! မဂ္ဂဇင်းက ယခုသီတင်းပတ်အစောပိုင်းတွင် ဖော်ပြခဲ့သည်။
Pages
Subscribe to Entertainment