Education


Sponsored By Samsung

စာဆက်တိုက်ကျက်ရချိန် စိတ်တင်းကျပ်မှုတွေကို လျှော့ချနိုင်မယ့် အလွယ်ဆုံးနည်းလမ်း ၇ ခု

Wed 20 Sep 2017 - 01:05

စာကျက်ခြင်းဟာ ကျောင်းသူကျောင်းသားတွေအတွက် ရှောင်လွှဲလို့မရတဲ့ တာဝန်တစ်ခုပါ။ ဒီတာဝန်ကို စိတ်ထက်ထက်သန်သန် ဖြည့်ဆည်းသူနဲ့ ပျင်းပျင်းရိရိ ကိုင်တွယ်နေသူပဲ ကွာပါလိမ့်မယ်။ သေချာတာကတော့ ကျောင်းသားဘဝမှာ စာကျက်ရတယ်ဆိုတာက မဖြစ်မနေလုပ်ရတဲ့ တာဝန်တစ်ခုပါပဲ။


  • Wed 09 Nov 2016 - 12:47
    IELTS စာမေးပွဲဖြေဆို ရန် စာရင်းသွင်းထားသည့် ကျောင်းသူ၊ ကျောင်းသားများ အတွက် IELTS ပြင်ဆင်ခြင်းဆိုင် ရာ အခမဲ့ ကာလတိုသင်တန်းများ ကို ယခုနိုဝင်ဘာကစတင်၍ ၂၀၁၇ မတ်လအထိ ဖွင့်လှစ်သင်ကြား မည်ဖြစ်ကြောင်း ဗြိတိသျှကောင် စီမှ သတင်းရရှိသည်။ ယခုလကစ၍ ဒီဇင်ဘာ ၃၁ ရက်အထိ IELTS (သို့)IELTS UKVI စာမေးပွဲကို ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်း သူ၊ ကျောင်းသားများအား အတွေ့အကြုံရှိ ကျွမ်းကျင်ဆရာများက IELTS အချိန်တိုမွမ်းမံ သင်တန်းကို အချိန်သုံးနာရီကြာ အခမဲ့သင်ကြားပေးမည်ဖြစ်သည်။
  • Tue 01 Nov 2016 - 16:40
    ‘‘ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အမှတ်ပေးစနစ်နဲ့ လူတွေဘဝကို ဆုံးဖြတ်ပေးတာမျိုးက ဖြစ်ခဲ့တာလည်း များနေပြီ။ ပညာရေးစနစ်က လူကို သတ်ခဲ့တာများပြီ။ စာမေးပွဲစနစ်က သူတို့ကို သတ်တယ်။ အမှတ်ပေးစည်းမျဉ်းဆိုတဲ့ စကားလုံးနဲ့ သူတို့ သတ်တယ်။ ၏၊ သည် မရွေး ဖြေနိုင်တယ်ဆိုရင် ဘယ်လောက်အမှတ်ရတယ် ဆိုတဲ့ စံနှုန်းနဲ့ သွားနေသရွေ့
  • Sun 30 Oct 2016 - 21:55
    အစိုးရနည်းပညာကော လိပ်နှင့် အစိုးရစက်မှုလက်မှု သိပ္ပံ များတွင် ၂၀၁၆-၁၇ ပညာသင် နှစ် AGTI ပထမနှစ်သင်တန်း လျှောက်လွှာများကို နိုဝင်ဘာ ၁၀ ရက် နောက်ဆုံးလျှောက်ထားရမည်ဖြစ်ကြောင်း   နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။ အဆိုပါ ပထမနှစ်သင်တန်း များကို လျှောက်ထားသူများသည် တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံ တွဲနှင့် ၀ိပ္ပံဘာသာတွဲဖြင့် အောင် မြင်သူများနှင့် အစိုးရနည်းပညာအ ထက်တန်းကျောင်းများမှ အောင် မြင်သူများ လျှောက်ထားနိုင်သည်။
  • Wed 26 Oct 2016 - 10:33
    ‘‘စာမေးပွဲမှာ မတွန့်ပါနဲ့၊ မကွန့်ပါနဲ့၊ မညွန့်ပါနဲ့။ လိုတိုရှင်း မေးပေးပါလို့ မှာချင်ပါတယ်’’ ဟု ပညာရေးအကြံပေးပညာရှင်အဖွဲ့နာယက ဦးသန်းဦးက စတုတ္ထတန်းနှင့် အဋ္ဌမတန်း မေးခွန်းပြုစုမည့် ဆရာ၊ ဆရာမများအား မှာကြားသည်။ ယခုပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့အထက(၂) စမ်းချောင်းတွင် ကျင်းပခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ စတုတ္ထတန်းနှင့်အဋ္ဌမတန်းမေးခွန်း ပြုစုမည့် ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီးများနှင့် ဆရာ၊ ဆရာမများအား ဦးသန်းဦးက မှာကြားခြင်းဖြစ်သည်။
  • Sun 23 Oct 2016 - 22:41
     ပညာရေးမြှင့်တင်ရာ တွက် လက်တွေ့လုပ်ဆောင်နေ သည့် ဆရာ၊ ဆရာမများ၏ လူမှုစီးပွားဘ၀အခြေအနေမြှင့်တင်နိုင် ရေး အစိုးရ၊ လွှတ်တော်နှင့် နိုင်ငံသူ၊နိုင်ငံသားအားလုံး ပူးပေါင်းကူညီဆောင်ရွက်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ပြုလုပ်သည့် ကမ္ဘာ့ဆရာများနေ့အ ထိမ်းအမှတ်ပွဲ၌ တိုက်တွန်းချက် ထုတ်ပြန်သည်။  မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်၏ ကမ္ဘာ့ဆရာများနေ့ အထိမ်းအ မှတ်ပွဲကို အောက်တိုဘာ ၂၂ ရက်တွင် မုံရွာ မြို့၊ မြို့တော်ခန်းမ၌ကျင်းပခဲ့ပြီး ထုတ်ပြန်သည့်ကြေ ညာချက်တွင် အထက်ပါအတိုင်းဖော်ပြထားသည်။ မြန်မာနိုင်ငံရှိ၊ ဆရာ၊ဆရာမ များ၏ လက်ရှိလူမှုစီးပွားဘ၀အ ခြေအနေသည် အလွန်နိမ့်ကျ လျက်ရှိသည်ကို တွေ့မြင်ရပြီး ဆရာ၊ ဆရာမများ၏ လူမှုစီးပွားဘ၀မြင့်မားရေးနှင့် တန်ဖိုးရှိရှိနေထိုင်နိုင်ရေးသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ တာဝန်ပင်ဖြစ်၍ အားလုံးဝိုင်းဝန်းမြှင့်တင်ပေး ကြရန် အရေးကြီးကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ရေးသားထား သည်။
  • Wed 19 Oct 2016 - 10:46
    ကိန်းဘရစ်ခ်ျတက္ကသိုလ်မှ စစ်ဆေးသော TKT စာမေးပွဲဖြေဆိုရန် ပြင်ဆင်သည့်သင်တန်းနှင့် Young Learners (YL) Module သင်တန်းကို အောက်တိုဘာအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ဗြိတိသျှကောင်စီမှ သတင်းရရှိသည်။  Cambridge Teaching Knowledge Test(TKT) အတွက် ပြင်ဆင်သည့်သင်တန်းတွင် ဗြိတိသျှ ကောင်စီ၏သင်တန်းနည်းပြဆရာများက ကိန်းဘရစ်ခ်ျတက္ကသိုလ်မှ စစ်ဆေးသော TKT စာမေးပွဲဖြေဆိုနိုင်ရန် သင်ကြားမည်ဖြစ် ပြီး Cambridge TKT ၏နောက်ဆက်တွဲအထူးပြုသင်တန်းတစ်ခု ဖြစ်သည့် TKT(YL) သည် အသက် (၆)နှစ်မှ (၁၂)နှစ်အတွင်းရှိ သင်ယူသူများအတွက် သင်ကြားနည်းများကို အဓိကထားသင်ကြားပေးမည် ဖြစ်ကြောင်း ဗြိတိသျှကောင်စီမှ သိရသည်။
  • Wed 19 Oct 2016 - 10:38
    အမေရိကန်နိုင်ငံမှ Peace Corps စေတနာ့ဝန်ထမ်းခြောက်ဦးသည် မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းခြောက်ကျောင်းတွင် အောက်တိုဘာ ၁၇ ရက်က စတင်၍ ယခုပညာသင်နှစ် ကုန်အထိ အင်္ဂလိပ်စာသင်ကြားရေးတာဝန်ထမ်းဆောင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် စတင်ဆောင်ရွက်မည့် Peace Corps အစီအစဉ်များနှင့် ပတ်သက်၍ Peace Corps Myanmar မှ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ မစ္စမော်ရာဂျေဖလ်တန် နှင့် သွားရောက် တွေ့ဆုံမေးမြန်းခဲ့ မှုများမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။
  • Tue 18 Oct 2016 - 19:48
     ယခုနှစ် ပညာသင်နှစ် တွင် ကျောင်းပြင်ပစစ်စာမေးပွဲ စနစ်ဖြင့် စစ်ဆေးမည့် စတုတ္ထ တန်းနှင့် အဋ္ဌမတန်းစာမေးပွဲ မေး ခွန်းများကို မတွန့်၊ မကွန့်၊ မညွန့် ပဲ လိုတိုရှင်းစစ်မေးသွားရန် ပညာ ရေးအကြံပေးပညာရှင်အဖွဲ့ နာယက ဦးသန်းဦးက မေးခွန်းပြုစုမည့်ဆရာ၊ ဆရာမများအားမှာကြားခဲ့သည်။  ယခုပညာသင်နှစ် အခြေခံ ပညာမူလတန်းနှင့် အလယ်တန်း အဆင့် စာမေးပွဲဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့၊ အထက (၂) စမ်းချောင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။       ‘‘အလုပ်ရုံဆွေးနွေးပွဲမှာ ပညာရေးတက္ကသိုလ်က ဆရာ ကြီး၊ ဆရာမကြီးတွေ ဦးဆောင် ပြီးတော့ သေသေချာချာလုပ်ပေး ကြပါ။ စာမေးပွဲမှာ မတွန့်ပါနဲ့၊ မကွန့်ပါနဲ့၊ မညွန့်ဘဲ လိုတိုရှင်း မေးပေးပါလို့ မှာချင်ပါတယ်’’ဟု ဆရာကြီး ဦးသန်းဦးက ဆရာ၊ ဆရာမများအား မှာကြားခဲ့သည်။
  • Fri 14 Oct 2016 - 23:12
    မိတ်ကပ်ခင်စန်းဝင်း၏ ဘဝအကြောင်းကို အခြေခံ၍ ဇာတ်လမ်းတွဲရိုက်ကူးထားသည့် ‘မကြီးစန်းနှင့် သူ၏ချစ်သူများ’ ဇာတ်ကားကို အောက်တိုဘာ နောက်ဆုံးပတ်တွင် ဖြန့်ချိပေး မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
  • Wed 12 Oct 2016 - 11:23
    ‘‘မူအရက ကျောင်းအဆင့်တွေတိုးတော့ ဆရာတွေလိုတယ်၊ အဲဒါကို အပြင်မှာရှိနေတဲ့ မဟာဘွဲ့ရတွေကို ခန့်တဲ့သဘောပါ၊ လိုနေတဲ့ ဆရာအင်အားကို ဖြည့်တဲ့သဘောပါ၊ ကန်ထရိုက်က တစ်နှစ်၊ ၂ နှစ် အဲဒီလိုခန့်တယ်၊ နိုင်ငံတကာမှာလည်း ကန်ထရိုက်နဲ့ ခန့်တာတွေရှိတယ်’’ဟု ပညာရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲက ပြောသည်။ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၆-၁၇ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ အထက်တန်းကျောင်းခွဲအဖြစ် အဆင့်တိုးမြှင့်ပေးသည့် အခြေခံပညာကျောင်း ၃၁၉ ကျောင်းအတွက် လိုအပ်သော အထက်တန်းပြ ဆရာ၊ ဆရာမများကို ကန်ထ ရိုက်စနစ်ဖြင့် ဖြည့်ဆည်းပေးရန် အောက်တိုဘာ ၃ ရက်က ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၌ ပြောကြားခဲ့သည်။ အဆင့်တိုးမြှင့်ထားသည့် အထက်တန်းကျောင်းခွဲများတွင် ကျောင်းတစ်ကျောင်းလျှင် အထက်တန်းပြ ဆရာ၊ ဆရာမ ခုနစ်ဦးနှုန်းဖြင့် ခန့်ထားရန် လိုအပ်သောကြောင့် ၂၀၁၇ မတ်လအထိ အထက်တန်းပြဆရာရာထူးအတွက် ကန်ထရိုက်စနစ်ဖြင့် ခေါ်ယူရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
  • Wed 05 Oct 2016 - 09:53
    စင်ကာပူအမျိုးသားတက္ကသိုလ် National University ofSingapore (NUS) ၏ ဘွဲ့လွန် အိုင်တီဒီပလိုမာသင်တန်းများကို စင်ကာပူအစိုးရထောက်ပံ့ကြေးဖြင့် လျှောက်ထား၍ တက်ရောက်နိုင်ကြောင်း သတင်းရရှိသည်။
  • Wed 05 Oct 2016 - 09:50
    ယခုနှစ်အတွင်း လျှောက်ထားနိုင်မည့် ပညာရေးလမ်းကြောင်းနှင့် ပညာသင်ဆုများအကြောင်း ဆွေးနွေးမည့် Global Education Pathway 2017 ကို မန္တလေးနှင့် ရန်ကုန်မြို့တို့တွင် အောက်တိုဘာ ၁၅ရက်နှင့် ၂၂ ရက်၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Wed 05 Oct 2016 - 09:11
    ‘‘အဓိကက ကလေးတွေကို တကယ်စာတတ်စေချင်တယ်။ အခုက စာမေးပွဲအမှတ်က အဓိကဖြစ်နေတယ်။ စာမေးပွဲအမှတ်က အဓိကကို ပြောင်းပြီး ကလေး တကယ်စာတတ်အောင် ဒီနှစ်ကုစားမှုက တခြားနိုင်ငံတွေမှာ Support Learning လို့ခေါ်တယ်။ သူ့ကို အားနည်းတဲ့ဘာသာကို ပိုသင်ပေးလိုက်တာပေါ့။ နိုဝင်ဘာလက စပြီးတော့ ကြိုသွားတော့မယ်’’ဟု ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦးက ပြောသည်။ အခြေခံပညာကျောင်းများတွင် အောက်တိုဘာအတွင်း ကျင်းပမည့် ပထမနှစ်ဝက်ဆုံး စာမေးပွဲအပြီး၌ ကျရှုံးသည့် ကျောင်းသူ၊ ကျောင်းသားများအား နိုဝင်ဘာလကစတင်ကာ အားနည်းခဲ့သည့် ဘာသာရပ်များကို အချိန်ပိုခေါ်ယူ၍ ပြန်လည်သင်ကြားပေးရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။
  • Fri 30 Sep 2016 - 22:01
     နိုင်ငံတကာဆရာများ အဖွဲ့ချုပ်(EI)သို့ အဖွဲ့ဝင်အဖြစ် ၀င်ရောက်ရန် မြန်မာနိုင်ငံလုံးဆိုင် ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် လျှောက်လွှာကို ရန်ကုန်မြို့ ချက် ထရီယံဟိုတယ်တွင် စက်တင်ဘာ ၂၉ ရက်က လက်မှတ်ရေးထိုးပေး အပ်ပြီး EI အဖွဲ့ အထွေထွေအ တွင်းရေးမှူးက လက်ခံခဲ့သည်။ ‘‘EI က အရင်ဆရာသမဂ္ဂ မှာလည်း တွေ့ဖြစ်တယ်။ အခု ဆရာများအဖွဲ့ချုပ်အနေနဲ့ ဒီမှာ လည်း တကယ်အလုပ်လုပ်နေ တာ တွေ့ရတယ်။ အဲဒါကြောင့် EI မှာ အဖွဲ့ဝင်အဖြစ် လျှောက်လို့ ရတယ်လို့ တိုက်တွန်းတာနဲ့ အခု လျှောက်လွှာတင်လိုက်တာ။ သူ တို့အဖွဲ့ရဲ့ အဓိကရည်ရွယ်ချက် က ဆရာ၊ ဆရာမတွေနဲ့ပညာရေး ၀န်ထမ်းတွေရဲ့ ဘ၀မြှင့်တင်ရေး၊ လူမှုအကျိုးစီးပွား၊ Professional Rights တွေကို ကာကွယ်ပေးပြီး တော့ ဆရာစွမ်းရည်မြှင့်ကိစ္စတွေ မှာ ကူညီပေးဖို့ အစီအစဉ်ရှိတယ်’’ ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ပြောကြားသည်။
  • Thu 29 Sep 2016 - 20:42
    အမျိုးသားပညာရေး မူဝါဒ ကော်မရှင်ဥက္ကဋ္ဌအဖြစ် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (ငြိမ်း) ဒေါက်တာမျိုးမြင့်က တာဝန်ယူမည်ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း)  ဒေါက်တာညီလှငယ်က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ အမျိုးသားပညာရေးဥပဒေ ကို ပြင်ဆင်သည့်ဥပဒေ အခန်း (၄) ပုဒ်မ ၅(က)အရ ပြည်ထောင် စုအစိုးရအဖွဲ့သည် အမျိုးသား ပညာရေး မူဝါဒကော်မရှင်ကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်းခဲ့ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာ အမှတ် (၆၂/၂၀၁၆) ဖြင့် စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ အမျိုးသားပညာ ရေး မူဝါဒကော်မရှင်၏ အတွင်း ရေးမှူးတာဝန်ကို မြန်မာနိုင်ငံ ပညာရေး သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်မြဲက တာဝန်ယူမည်ဖြစ်ပြီး တွဲ ဖက်အတွင်းရေးမှူးတာဝန်ကို အ ဆင့်မြင့်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နေဝင်းဦးက တာဝန်ယူမည်ဖြစ် သည်။
  • Wed 28 Sep 2016 - 11:00
    မြန်မာနိုင်ငံ၏ ပညာရေးနှင့် အမေရိကန်သံရုံး၏ ပညာရေးနှင့်ပတ်သက်၍ နှီးနှောဖလှယ်ရေးအစီအစဉ်ကို စက်တင်ဘာ ၃၀ ရက် နေ့လယ်တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့် ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် တိုက်ရိုက်ဆွေးနွေးနိုင်ကြောင်း အမေရိကန်သံရုံးက ကြေညာထားသည်။
  • Wed 28 Sep 2016 - 10:57
    ကျောင်းသားထုညီလာခံဖြစ်မြောက်ရေးအတွက် အကြိုအစည်းအဝေးကို နိုဝင်ဘာတတိယပတ်တွင် ကျင်းပရန် စီစဉ်ထားကြောင်း ဗကသများအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က ပြောသည်။ ‘‘ကျွန်တော်တို့ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေ၊ ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်တွေ၊ အဝေးသင်တက္ကသိုလ်တွေအားလုံး စာမေးပွဲပြီးတဲ့အချိန်က ဒီနိုဝင်ဘာတတိယပတ်ဖြစ်မယ်။ အဲဒါကြောင့် အဲဒီရက်တွေမှာ လုပ်သွားမယ်။ ရက်အတိအကျကတော့ မသတ်မှတ်ရ သေးဘူး’’ဟု ကိုမင်းသွေးသစ်က ပြောသည်။
  • Wed 28 Sep 2016 - 10:49
    ဗြိတိသျှကောင်စီ(မြန်မာ)က ဦးဆောင်ပြုလုပ်သည့် (၁၇)ကြိမ်မြောက် အင်္ဂလိပ်ဘာသာသင်ကြားရေး နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့ရှိ Novotel Hotel တွင် စက်တင်ဘာ ၂၄ရက်က ကျင်းပခဲ့သည်။ ၂၀၁၆ နှီးနှောဖလှယ်ပွဲ၏ အဓိကခေါင်းစဉ်မှာ English and Opportunities ဖြစ်ပြီး နိုင်ငံတကာကျွမ်းကျင်ပညာရှင်များနှင့် ဆရာ၊ ဆရာမများဦးဆောင်၍ အလုပ်ရုံဆွေးနွေးပွဲ ၅၆ခု ကျင်းပခဲ့သည်။ အခြေခံပညာကျောင်း၊ နိုင်ငံတကာကျောင်း၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသည့် ကျောင်းများမှ အင်္ဂလိပ်ဘာသာသင်ဆရာ၊ ဆရာမလေးရာခန့် တက်ရောက်ဆွေးနွေးသည်။ အင်္ဂလိပ်ဘာသာသင်ကြားရေးနှီးနှောဖလှယ်ပွဲသည် (၁၇) ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး နှစ်စဉ်အင်္ဂလိပ်စာဆရာ၊ ဆရာမများက အတွေ့အကြုံများ ပြန်လည်မျှဝေနေခြင်းဖြစ်သည်။ အင်္ဂလိပ်စာဆရာ၊ ဆရာမများ စွမ်းရည်တိုးတက်စေရန် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဗြိတိသျှကောင်စီ English for Education Systems ဌာန၏ တာဝန်ခံမန်နေဂျာဒေါက်တာ ခိုင်ဖြူထွဋ်နှင့် တွေ့ဆုံမေးမြန်းထားသည်များမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
  • Wed 21 Sep 2016 - 10:20
    ‘‘ဒီGTIကြီးကို နဂိုယူထားတဲ့ မူလကျောင်းအတိုင်း အကုန်ပြန်ပေးရမယ်။ အားလုံးကို ပညာရေးဝန်ကြီးဌာနလက်ထဲ ပြန်ထည့်ရမယ်။ ပညာရေးဝန်ကြီးဌာနက တကယ်ပိုင်ဆိုင်ရမယ့် မူလပိုင်ရှင်ပါ။ အခုချိန်ခါမှာလွှဲတာ အသေချာဆုံးပဲ’’ ဟု ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီလွှဲပြောင်းရေး အဖွဲ့ခေါင်းဆောင် ဒေါ်သန်းမြင့်အောင်က ပြောသည်။ အင်းစိန်မြို့နယ်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်-GTI) ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို မြို့တော်ခန်းမတွင် စက်တင်ဘာ ၉ ရက်က ပြုလုပ်ခဲ့သည်။
  • Sun 18 Sep 2016 - 23:08
     ကျောင်းနေအရွယ်က လေးငယ်များအလုပ်လုပ်ကိုင်နေ မှု လျော့နည်းပပျောက်စေရေးအ တွက် ကျောင်းမထားသည့်မိဘ ကို အရေးယူနိုင်သည့် ဥပဒေ ပြဋ္ဌာန်းရန်အပါအ၀င်လုပ်ငန်းခွင် ဖွံ့ဖြိုးရေးအကြံပြုချက်များကို ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကနှစ်ရက်ကြာပြုလုပ်သည့် အ လုပ်ရုံဆွေးနွေးပွဲမှရရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသားရေးရာနှင့်အ လုပ်သမားဝန်ကြီး ဦးဇော်အေး မောင်ကပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့က ဦးစီး၍ ‘အလုပ်ရှင်အ လုပ်သမားကောင်းမွန်သောဆက် ဆံရေးဆီမှ ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးမှုဆီသို့’ခေါင်းစဉ် ဖြင့်အလုပ်ရုံဆွေးနွေးပွဲကို ဗဟန်း မြို့နယ်ရှိ ဆရာစံပလာဇာတွင် စက်တင်ဘာ ၁၇ရက်နှင့် ၁၈ရက် တို့၌ ပြုလုပ်ခဲ့ပြီးနောက်အကြံပြု ချက်များ ထွက်ရှိလာခြင်းဖြစ် သည်။ ‘‘ဒီဆွေးနွေးပွဲကို အနှစ်ချုပ် လိုက်ရင် အကြံပြုချက်တွေထဲမှာ ကျောင်းနေအရွယ်ကလေးတွေ ကို ကျောင်းမပို့တဲ့မိဘတွေကိုအ ရေးယူနိုင်မယ့်ဥပဒေပြဋ္ဌာန်းဖို့ပါ တယ်။ အလုပ်သမားတွေနေထိုင် ဖို့အတွက် အိမ်ရာတွေ ဖော်ဆောင်ဖို့ပါတယ်။ လူမှုဖူလုံရေးစနစ်ပိုမိုကောင်းမွန်ဖို့ အစိုးရမဟုတ်တဲ့ လူမှုဖူလုံရေးနဲ့ဆိုင်တဲ့ ဘုတ်အဖွဲ့တစ်ခုဖွဲ့စည်းပေးဖို့လိုပါတယ်။ ဥပဒေလိုအပ်ချက်တွေ ပြင်ဆင်ဖို့ကိစ္စတွေပါတယ်။ ဒါ့အပြင် တခြားကောင်းမွန်တဲ့တင်ပြချက်တွေရှိတယ်။ ဒါတွေကို မှတ်တမ်းတင်ပြီးဘယ်လိုအကောင်းဆုံးလုပ်နိုင်မလဲဆိုတာ အစိုးရအဖွဲ့က ဆုံးဖြတ်သွားပါမယ်’’ဟု ဦးဇော်အေးမောင်က ပြောသည်။

Pages

Top News

Subscribe to Education