Education


Sponsored By Samsung

စာသင်ခန်းထဲမှာ ပြိုင်ဆိုင်မလား၊ ပူးပေါင်းဆောင်ရွက်မလား

Wed 08 Nov 2017 - 01:05

ပြိုင်ဆိုင်မှုဆိုတာ လူသားတွေရဲ့ အခြေခံအကျဆုံး စိတ်ဓာတ်တွန်းအား တစ်ခုလို့ ဆိုနိုင်ပါတယ်။ နေရာတိုင်း၊ ဒေသတိုင်း၊ ပတ်ဝန်းကျင်တိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ ပြိုင်ဆိုင်မှုတွေရှိတတ်တာ ဓမ္မတာပါပဲ။ စာသင်ခန်းထဲမှာလည်း ကျောင်းသူကျောင်းသားချင်း စာမေးပွဲအမှတ်တွေ၊ အဆင့်တွေ ပြိုင်တတ်ကြတာ ထုံးတမ်းစဉ်လာလို ဖြစ်နေပါပြီ။ ဒီအမူအကျင့်ဟာ ကောင်းသလား၊ ဆိုးသလား ဆိုတာကို ဝေခွဲဖို့မလွယ်ပါဘူး။


  • Fri 22 Aug 2014 - 19:54
    "ညနေငါးနာရီကတည်းက ကားစစီးလာတာ။ အခုမှ ဘုရင့်နောင်တံတားပေါ်ပဲရှိသေးတယ်။ အိမ်ရောက်ဖို့ ကားက ဘယ်လောက်ပိတ်ဦးမလဲမသိဘူး။ ဒီအတိုင်းဆို အိမ်ရောက်တာနဲ့ နောက်နေ့ကျောင်းချိန်မီဖို့ အ၀တ်အစားလဲပြီး ပြန်ထွက်ရမယ့်ကိန်းဆိုက်နေပြီ’’ဟု လှိုင်သာယာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းတွင် စာသင်ကြားပြီး အိမ်ပြန်မည့် ဆရာမတစ်ဦးက လိုင်းကားပေါ်တွင် ညည်းတွားလိုက်သည်။
  • Thu 21 Aug 2014 - 22:40
    ဂျပန်နိုင်ငံတွင် သင်တန်းတက်ရောက်မှုဖြင့် တာဝန်မှ ရပ်စဲခံထားရသော ရန်ကုန်တက္က သိုလ်မှ  တွဲဖက်ပါမောက္ခကို   ခြောက်လကြာပြီးနောက် ပညာရေးဝန်ကြီးဌာနက တာဝန်ပြန်လည်ထမ်းဆောင်ရန် အမိန့်ထုတ်ပြန်လိုက်သည်။ ရန်ကုန်တက္ကသိုလ်တွင် တွဲဖက်ပါမောက္ခတာဝန်ထမ်းဆောင်နေသူတစ်ဦးကို ၀န်ထမ်းစည်းကမ်းချိုးဖောက်၍ ခွင့်မဲ့ပျက်ကွက်သည်ဟူသော အကြောင်းပြချက်ဖြင့် ယခုနှစ် ဖေဖော်ဝါရီက တာဝန်မှ  ရပ်စဲမိန့်ထုတ်ပြန်ခဲ့သည်။
  • Sun 17 Aug 2014 - 19:43
    ရန်ကုန်နည်းပညာတက္ကသိုလ်(YTU) ရှိ မြို့ပြအင်ဂျင်နီယာဌာနနှင့် ဓာတုအင်ဂျင်နီယာဌာနမှ ဘွဲ့လွန်ကျောင်းသူ၊ ကျောင်းသားများ သုတေသနပြုလုပ်ရာတွင် အသုံးပြုနိုင်မည့် အမေရိကန်ဒေါ်လာ တစ်သောင်းခွဲတန်ဖိုးရှိသည့် ရေဆိုးသန့်စင်စနစ် Bench Scale Membrane Bio-Reactor ကို Mitsubishi Rayon ကုမ္ပဏီနှင့် Myanmar Water Engineering and Products ကုမ္ပဏီတို့ ပူးပေါင်း၍ သြဂုတ် ၇ ရက်က လာရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
  • Fri 15 Aug 2014 - 22:48
    နိပွန်ဖောင်ဒေးရှင်း၏ ထောက်ပံ့မှုဖြင့် တက္ကသိုလ် ပညာဆက်လက်သင်ယူမည့် ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် ပညာသင်ဆု စတင်ပေးအပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ သတင်းရရှိသည်။ မြန်မာနိုင်ငံဒေသအသီးသီး ရှိ တက္ကသိုလ်ပညာ ဆက်လက် သင်ယူရန် ငွေကြေးအခက်အခဲ ရှိသော မသန်စွမ်းသူများအတွက် တက္ကသိုလ်ပညာသင်ဆု အစီ အစဉ်ကို ၂၀၁၄ တက္ကသိုလ်ပညာ သင်နှစ်မှ စတင်ဆောင်ရွက်ရန် ကြေညာလိုက်ခြင်း ဖြစ်သည်။
  • Thu 14 Aug 2014 - 17:38
    ကျောင်းနေပျော်၍ စာတော်ရမည်ဆိုသည့် ဆောင်ပုဒ်ကို စာသင်ကျောင်းအများစုတွင် ချိတ်ဆွဲထားသည်။ အမှန်တကယ်ပင် ကလေးသူငယ်များ ကျောင်းတွင်ပျော်ပြီး စာတော်လာရေးအတွက် ၎င်းတို့၏မိဘများနှင့် ဆရာ၊ ဆရာမများ၌ တာဝန်အသီးသီးရှိနေပြီး ၎င်းတို့၏ ကျောင်းကျန်းမာရေးသည်လည်း ကလေးငယ်များ၏ ပညာရေးတွင် များစွာအရေးပါသည့် အချက်တစ်ခုဖြစ်သည်။
  • Thu 14 Aug 2014 - 17:31
    လာမည့်ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်သည့်ပုံစံကို ပြောင်းလဲကျင့်သုံးမည်ဖြစ်သဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ထားကြသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိဝါသနာပါရာ ဘာသာရပ်များကို အရည်အချင်းနှင့် ဆန္ဒအပေါ်မူတည်၍ ရွေးချယ်တက်ရောက်နိုင်မည့် အခွင့်အလမ်းမျိုး ရရှိလာနိုင်မည်ဖြစ်သည်။ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်သည့်ပုံစံကို ပြောင်းလဲကျင့်သုံးရန် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ပညာရေးအကြံပေးပညာရှင်များက ဇူလိုင် ၁၈ ရက်တွင် ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ၌ ကျင်းပသည့် ဆွေးနွေးပွဲတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။ နှစ်စဉ် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသည့် ကျောင်းသူ၊ ကျောင်းသားများ ကြုံတွေ့ရမြဲဖြစ်သည့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ဝင်ခွင့်ရရှိရန် အခွင့်အလမ်းနည်းပါးစေသည့် ကန့်သတ်ထားသည့် ဝင်ခွင့်အမှတ်များ မြင့်တက်ခြင်း၊ ကျောင်းသားလက်ခံမှုဦးရေ လျှော့ချခြင်း စသည့်ပြဿနာများကို လျော့ပါးသွားစေနိုင်မည်ဖြစ်သည်။
  • Sun 10 Aug 2014 - 12:00
    သြဂုတ် ၆ ရက်တွင် စတင်ဖြေဆိုရမည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာကျောင်းများမှ အခြေခံပညာကျောင်းများသို့ ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲ (Placement Test)ကို နိုင်ငံတကာကျောင်းများမှ ကျောင်းသူ၊ ကျောင်းသား ၃၀ ကျော်သာ ဖြေဆိုရန် လာရောက်လျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။
  • Fri 08 Aug 2014 - 20:31
    ရန်ကုန်မြို့အတွင်းရှိ ဈေးဝယ်စင်တာတစ်ခု၏ ကလေးပစ္စည်းအရောင်းဆိုင် စာအုပ်ကောင်တာတွင် အသက်(၆)နှစ်အရွယ် ကလေးငယ်တစ်ဦးက စာအုပ်တစ်အုပ်ကို စိတ်ဝင်တစား ဖတ်ရှုနေသည်ကို တွေ့ရသည်။
  • Wed 06 Aug 2014 - 22:30
    ပညာရေးပြုပြင်ပြောင်း လဲမှု လုပ်ငန်းစဉ်အတွက် အရေး ကြီးသော အဆင့်မြင့်ပညာရေး ဥပဒေရေးဆွဲနိုင်ရန် ဥပဒေတွင် ပါဝင်ရမည့် အခြေခံအချက်အလက်များကို ရေးဆွဲထားပြီဖြစ်ပြီး ပညာရေးဝန်ကြီးဌာနမှ ဥပဒေကြမ်းတင်သွင်းလာပါက ဖော်ပြပါ အခြေခံအချက်အလက်များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာရေးဥပဒေရေးဆွဲရေးအဖွဲ့မှ ဦးဖြိုးဇေယျာသော်က ပြောကြားသည်။ ယခုလ ၅ ရက်က လွှတ် တော်ရုံးခွဲ(ရန်ကုန်)တွင် ပြုလုပ်ခဲ့ သည့် ရန်ကုန်တက္ကသိုလ်ပြုပြင် မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး အဖွဲ့နှင့် အဆင့်မြင့်ပညာရေး ဥပဒေရေးဆွဲရေးအဖွဲ့တို့ ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကိစ္စရပ်များထည့်သွင်းဆွေးနွေးခဲ့ကြောင်း ၎င်းက ဆိုသည်။
  • Wed 06 Aug 2014 - 16:02
    ယခုနှစ်တွင် သူနာပြုတက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသူ၊ ကျောင်းသား ခုနစ်ဦးအား ဂျပန်နိုင်ငံအခြေစိုက် Japan Heart အဖွဲ့အစည်းနှင့် Nikura ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အတန်းပညာပြီးဆုံးသည်အထိ ပညာသင်စရိတ် ထောက်ပံ့ကြေးပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Wed 06 Aug 2014 - 15:55
    ဗြိတိသျှကောင်စီမှ ပေးအပ်သည့် ကျပ်သိန်း ၄၅၀ ကျော် တန်ဖိုးရှိ IELTS ပညာသင်ဆုများကို ယခုနှစ်အတွက် မြန်မာနိုင်ငံမှ ကျောင်းသားနှစ်ဦးရရှိခဲ့ကြောင်း သတင်းရရှိသည်။
  • Sat 02 Aug 2014 - 23:06
    အရည်အချင်းစစ်စာ မေးပွဲတွင်အောင်မှတ် ၄၀နှင့်အ ထက်ရရှိခဲ့သူများကို ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင်နှင့်အ နောက်ပိုင်းခရိုင်ရှိ  မူလတန်းပြ လစ်လပ်နေသော အခြေခံပညာ ကျောင်းများတွင် နေ့စားလပေးမူ လတန်းအဖြစ် ခန့်အပ်သွားမည် ဖြစ်ကြောင်း သြဂုတ် ၂ရက် ရက် စွဲဖြင့် အမှတ်(၃)အခြေခံပညာဦး စီးဌာနက ထုတ်ပြန်ကြေညာခဲ့ သည်။
  • Thu 31 Jul 2014 - 23:21
     မြန်မာနိုင်ငံအနီး အက်ဒမန်ကျွန်းအနောက်ဘက် ကမ်းခြေတွင် ကြာသပတေးနေ့ ညက အင်အား ရစ်ခ်ျတာစကေး ၅ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
  • Wed 30 Jul 2014 - 22:06
    သိပ္ပံနှင့် နည်းပညာဝန် ကြီးဌာနအောက်ရှိ နည်းပညာ တက္ကသိုလ်နှင့် ကောလိပ်များတွင် ပြောင်းလဲကျင့်သုံးမည့် ပညာရေး စနစ်များကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန်  နည်းပညာ တက္ကသိုလ်၊ ကောလိပ်ကျောင်း သားများက  တောင်းဆိုလိုက်သည်။
  • Wed 30 Jul 2014 - 16:52
    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် တက္ကသိုလ်ဝင်တန်း၌ ၀ိဇ္ဇာဘာသာတွဲဖြင့် တက်ရောက်၍ စာမေးပွဲဖြေဆိုမည့် တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ ရှားပါးလာနေသည်။
  • Mon 28 Jul 2014 - 22:11
    အင်္ဂလိပ်စာဆရာ၊ ဆရာမများ နှစ်ပတ်လည် နှီးနှော ဖလှယ်ပွဲတက်ရောက်လိုသူများ မှာ ကျပ်ခြောက်သောင်းပေးသွင်း ၍ အလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးနိုင်ကြောင်း ဗြိတိသျှကောင်စီက  ကြေညာထားသည်။ ဗြိတိသျှကောင်စီက ကြီးမှူး ၍ စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်၌  ကျင်းပပြုလုပ်မည့် နှီးနှောဖလှယ်ပွဲသို့  အင်္ဂလိပ်စာ ဆရာ၊ ဆရာမများ တက်ရောက် ရန် ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။
  • Sat 26 Jul 2014 - 15:45
    သိပံ္ပနှင့် နည်းပညာဝန်ကြီးဌာန (သပန) လက်အောက်ရှိ နည်းပညာတက္ကသိုလ်များမှ မဟာဘွဲ့ရရှိထားသည့် ဆရာ၊ ဆရာမ ၂၀ ဦးအား အောက်တိုဘာလအတွင်း ဂျပန်နိုင်ငံသို့ ပါရဂူသင်တန်းတက်ရောက်ရန် ရွေးချယ်စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
  • Sat 26 Jul 2014 - 15:43
    ပညာရေးဝန်ကြီးဌာန အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်၌ ဖွင့်လှစ်သင်ကြားနေသည့် စီးပွားရေးလုပ်ငန်းသုံးစီမံခန့်ခွဲမှုပညာ အထူးပြုဘာသာရပ် (BBM) နှင့် အခြား BA ဘွဲ့ ဘာသာရပ်များအတွက် ပထမနှစ်သင်တန်းသား ၆၀၀ ဦးကို လာမည့်စက်တင်ဘာတွင် လျှောက်လွှာခေါ်ယူ လက်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Sat 26 Jul 2014 - 13:18
    ပညာရေးဝန်ကြီးဌာနက အမျိုးသားပညာရေး အရည်အသွေးမြင့်တက်လာစေရေးအတွက် ဆောင်ရွက်နေသည့် အစီအစဉ်များအနက် အခြေခံပညာကျောင်းများအား ကျောင်းရန်ပုံငွေ ထောက်ပံ့ခြင်းအစီအစဉ်တွင် ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်း၍ ယခုပညာသင်နှစ်အတွက် ပထမအကြိမ်အဖြစ် မူလတန်းအဆင့်ရှိသည့် အခြေခံပညာကျောင်းများသို့ ထောက်ပံ့ကြေးပေးအပ်ခြင်းကို မေလအတွင်း စတင်ခဲ့သည်။
  • Wed 23 Jul 2014 - 09:09
    မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသားပညာရေးဥပဒေသည် ပြည်ထောင်စုလွှတ်တော်တွင် လာမည့်တစ်ပတ်အတွင်း အကျေအလည် ဆွေးနွေးမှုများဖြင့် အတည်ပြုပြဋ္ဌာန်းနိုင်ရန် အသင့်ဖြစ်နေလေပြီ။ ယခုနှစ် မတ်လက တင်သွင်းခဲ့သော အမျိုးသားပညာရေး ဥပဒေကြမ်းကို လေးလကျော်ကာလအတွင်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးပြင်ဆင်ပြီးနောက် အတည်ပြုနိုင်မည့် အခြေအနေသို့ ရောက်ရှိလာသည်။

Pages

Top News

Subscribe to Education