မြေငလျင် အထူးသတင်းပေးပို့ချက်များ

  • Thu 25 Aug 2016 - 10:48
    ဒီနေ့ ဩဂုတ်လ၂၄ ရက် ညနေပိုင်းမှာလှုပ်ခတ်တဲ့ငလျင်ကြောင့် မကွေးမြို့ မြို့ဟောင်းရပ်ကွတ် မြနန္ဒာ လမ်းမှာရှိတဲ့ရွှေပြည်အေးဆီစက်ဟောင်းပြိုကျခဲ့ပါတယ်။ ဆီစက်ဟောင်းနံရံက နံရံဘေး မှာဖွင့်ထားတဲ့ မုန်းဟင်းခါး၊အသုပ်စုံရောင်းတဲ့ ဆိုင်ပေါ် ပြိုကျခဲ့တာဖြစ်ပါတယ်။ ဆိုင်ထဲရှိတဲ့တီဗွီ ရေခဲသေတ္တာအပါအဝင်ဆိုင်တစ်ဆိုင်လုံးဆု
  • Thu 25 Aug 2016 - 09:40
    ယနေ့ညနေက လှုပ်ခတ်ခဲ့တဲ့ ရစ်ချတာစကေး ၆.၈ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် ရှေးဟောင်းမြို့တော် ပုဂံမှာ စေတီပုထိုး ၁၈၅ ဆူ ထိခိုက်ပျက်စီးမှုများရှိခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။
  • Thu 25 Aug 2016 - 01:14
    ငလျင်ဒဏ်ကြောင့်ပျက် စီးသွားသော ရှေးဟောင်းပုဂံမြို့ ရှိ ဘုရားများကို အရေးပေါ်ကာလ အဖြစ် သတ်မှတ်၍ ယူနက်စကို အဖွဲ့က ပုဂံမြို့သို့ သွားရောက် စစ်ဆေးကာ စစ်တမ်းကောက်ယူ မည်ဖြစ်ပြီး ဘုရားများပြန်လည် ပြုပြင်ရန် ငွေကြေးနှင့်နည်းပညာ များ ကူညီမည်ဖြစ်ကြောင်း ကုလ သမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ် ကျေးမှု (ယူနက်စကို)၏ ယဉ် ကျေးမှုဌာနအစီအစဉ် ညှိနှိုင်းရေး မှူး ဒေါ်ဥမ္မာမျိုးက 7Day Daily အား ပြောကြားသည်။
  • Thu 25 Aug 2016 - 01:13
    ယမန်နေ့ညနေပိုင်းက အင်အားပြင်း ငလျင်လှုပ်ခတ်မှု ကြောင့် ည ၁၂ နာရီအထိရရှိသော သတင်းများအရ လူသုံးဦးသေဆုံးပြီး ရှေးဟောင်းမြို့တော်ပုဂံဒေသရှိ စေတီပုထိုး ၁၈၆ ဆူ အပါအ၀င် နိုင်ငံတစ်ဝန်းရှိ စေတီပုထိုး ပေါင်း ၂၃၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
  • Thu 25 Aug 2016 - 01:12
    ယမန်နေ့ညနေက အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စည်မော်ရွာအနီးရှိ ရွှံ့မီးတောင်သည် ညနေ ၅ နာရီ မိနစ် ၂၀ နှင့် ၆ နာရီကြားတွင် ပေါက် ကွဲခဲ့ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် တရားဝင်ထုတ်ပြန်သည်။       ‘‘ငလျင်လှုပ်ပြီးသိပ်မကြာဘူး။ မီးတောင် ထပေါက်တာ။ အပေါ်ကိုအမြင့်ပေ ၂၀လောက်ထိတက်ပြီးတော့ ဘေးပတ်ဝန်းကျင်ကို ပေ ၅၀ ကနေ ၁၀၀လောက် ရွှံ့ရေတွေ ဖုံးသွားတယ်။ ငလျင်ကလည်းအတော်ကြမ်းတယ်’’ဟုဒေသခံကိုဝင်းစိုးကပြောသည်။
  • Thu 25 Aug 2016 - 00:28
    ချောက်မြို့အနီး  ဗဟိုပြုသည့် အင်အားပြင်းငလျင် ကြောင့် နေပြည်တော်ရှိ အ ဆောက်အအုံအချို့ ပျက်စီးမှုဖြစ် ပွားခဲ့ကြောင်း သတင်းရရှိသည်။
  • Thu 25 Aug 2016 - 00:28
     သြဂုတ် ၂၄ရက်ညနေ က လှုပ်ခတ်ခဲ့သည့်ငလျင် ကြောင့်ပခုက္ကူမြို့နယ် ကွန်းရွာရှိ ဗာဂျီးနီးယားဆေးပေါင်းရုံအဆောက်အအုံဟောင်းတစ်ခုပြိုကျမှုကြောင့် အဆိုပါဆေးပေါင်းရုံဘေး၌ အဖီချနေထိုင်သည့် တဲအတွင်းရှိ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
  • Thu 25 Aug 2016 - 00:27
    အင်အားပြင်း ငလျင် ကြောင့် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ရှားပင်ရိုး ကျေးရွာတွင် ကမ်းပါးပြိုကျမှုဖြစ် ပွားရာ ကမ်းပါးခြေ၌ အလေး သွားနေသည့် ကလေးနှစ်ဦး မြေပိသေဆုံးခဲ့ကြောင်း သတင်းရရှိ သည်။
  • Wed 24 Aug 2016 - 23:49
    သြဂုတ် ၂၄ ရက် ညနေ ၅ နာရီ ၅ မိနစ်ခန့်က လှုပ်ခတ်ခဲ့ သော အင်အားပြင်းငလျင်ကြောင့် ရှေးဟောင်းပုဂံမြို့တော်ရှိ စေတီ ပုထိုးများ ထိခိုက်ပျက်စီးခဲ့သည်။ ငလျင်ကြောင့် ပုဂံဒေသရှိ စေတီ ပုထိုးပျက်စီးဆုံးရှုံးမှုနှင့် ငလျင် လှုပ်ခတ်ပြီးနောက်ပိုင်း အခြေ အနေများကို ပုဂံဧည့်လမ်းညွှန် များအသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းချို အား 7Day Daily သတင်းစာက ဆက်သွယ်မေးမြန်းထားသည် များမှ ကောက်နုတ်ဖော်ပြလိုက် ပါသည်။
Subscribe to မြေငလျင် အထူးသတင်းပေးပို့ချက်များ