Crime

  • Sun 27 Nov 2016 - 21:40
    ပဲခူးတိုင်း စိုင်တီကျေး ရွာတွင် မင်္ဂလာဆွမ်းကျွေးရန် တိုင်ပင်နေစဉ် စကားများရန်ဖြစ်ရာမှ သတို့သားဖြစ်သူ လူသတ်မှုကျူးလွန်ခဲ့ကြောင်း သတင်းရရှိသည်။ အသက်(၁၈)နှစ်အရွယ် သ တို့သားသည် နိုဝင်ဘာ ၂၅ ရက် ည ၁၀ နာရီကျော်က မင်္ဂလာဆွမ်း ကပ်ရန် တိုင်ပင်နေစဉ် အစ်ကိုဝမ်းကွဲဖြစ်သူ အရက်မူး၍ ရောက်ရှိလာပြီးနောက် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ပဲခူးရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
  • Sun 27 Nov 2016 - 21:18
     အရက်အလွန်အကျွံ သောက်ထားသူတစ်ဦးက ဓားဖြင့် အကြောင်းမဲ့ ခုတ်သောကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦး ဒဏ်ရာရရှိမှု နိုဝင်ဘာ ၂၅ ရက်က အောင်လံမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အောင်လံမြို့နယ် ရွာမထုံး ကျေးရွာတွင် အသက် (၄၁) နှစ် အရွယ် အမျိုးသားသည် အရက် အလွန်အကျွံ သောက်စားမူးယစ် ကာ တစ်ရွာတည်းနေ သူငယ်ချင်း၏ နေအိမ်သို့ လာရောက်ခဲ့ပြီး နောက် သူငယ်ချင်း၏ သမီးဖြစ် သူ အသက် (၁၉) နှစ်အရွယ် မိန်း ကလေးအား တစ်စုံတစ်ရာ ရန်ငြိုးရန်စမရှိဘဲ ဓားဖြင့် စတင်ခုတ်ခဲ့ ခြင်းဖြစ်ကြောင်း ရွှေပန်းတော နယ်မြေရဲတပ်ဖွဲ့စခန်းမှ သိရ သည်။
  • Sun 27 Nov 2016 - 21:17
     မိဘများ တောင်ယာ သွားနေချိန်တွင် နေအိမ်၌ တစ်ဦးတည်း ကျန်ခဲ့သည့် အသက်(၁၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို သက်တော် (၃၆)နှစ်အရွယ် သင်္ကန်းဝတ်တစ်ဦးက နေအိမ် ပေါ်တက်၍ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
  • Sun 27 Nov 2016 - 21:15
    မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေး ဝင်းရှေ့တွင် လမ်းဖြတ်ကူးသူ အမျိုးသားနှစ်ဦးကို ဒိုင်နာယာဉ်က ဝင်တိုက်၍ တိုက်ခံရသူ အမျိုးသားနှစ်ဦး ဆေးရုံအရောက်၌ သေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။ သေဆုံးသူ အမျိုးသားနှစ်ဦးကို နိုဝင်ဘာ ၂၆ ရက် ည ၁၀ နာရီခန့်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး နောက် ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ဆေးရုံရောက်ပြီး ခဏအကြာ၌ ၎င်းတို့ သေဆုံးခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကို ထင်လင်းအောင်ကပြောသည်။
  • Sat 26 Nov 2016 - 22:00
     မောင်တောအခြေ စိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကျီးကန်းပြင်ဌာနချုပ်မှ ငါးခူရစခန်းသို့ ပို့ဆောင်သော ယာဉ်သုံးစီးကို မိုင်းဖောက်ခွဲခဲ့သူများ အနက် ပါဝင်သူဘင်္ဂါလီတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း တပ် မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး က သတင်းထုတ်ပြန်သည်။ နိုဝင်ဘာ ၁၂ ရက်က မောင်တောမြို့နယ် မောင်နှမ (တောင်)ရွာအဝင် ဘေလီတံတား၌ ဖြစ်ပွားသော မိုင်းပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိခဲ့သော်လည်း မော်တော်ယာဉ်တစ်စီး နောက်ပိုင်းပျက်စီးခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ပါရှိသည်။
  • Sat 26 Nov 2016 - 21:55
    မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် တင်းတော ကျေးရွာအနီး တောထဲတွင် တရားမ၀င် လည်ပတ်လျက်ရှိနေသော သစ်ခွဲစက်တစ်လုံးနှင့် ကျွန်းသစ် ရှစ်တန်ခန့်ကို နိုဝင်ဘာ ၂၃ ရက်က သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
  • Sat 26 Nov 2016 - 21:54
     ကမာရွတ်မြို့နယ် အ မှတ် (၆) ရပ်ကွက်တွင် ဖြစ်ပွားခဲ့ သည့် (၁၀)နှစ်အရွယ် မိန်းကလေး ၏ လည်ပင်းကို ဓားဖြင့် လှီးဖြတ် သတ်ခဲ့သည့် အမျိုးသားကို နိုဝင် ဘာ ၂၅ ရက် ညက ဖမ်းဆီးရမိခဲ့ ကြောင်း သတင်းရရှိသည်။ နိုဝင်ဘာ ၂၄ ရက် ည ၇ နာရီကျော်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှု၌ ပြစ်မှုကျူးလွန်သူဟု ယူဆ ရသော အမျိုးသားကို သိရှိထား ပြီး ဖမ်းဆီးနိုင်ရန် လိုက်လံရှာဖွေ ခဲ့ရာ ဒလမြို့နယ်၊ မှော်စက်ရပ် ကွက်၊ မင်းရဲကျော်သူလမ်းနေ ကျော်အောင် (ခ) ကျော်ကြီး (ခ) ပြာဂလောင်ကို ဖမ်းဆီးရမိခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။
  • Sat 26 Nov 2016 - 21:52
    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်း အသေးစားဖောက်ခွဲမှု ပြုလုပ်သည်ဟု ယူဆရသည့် သံသယရှိသူ တရားခံသုံးဦးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သတင်း ရရှိသည်။ နိုဝင်ဘာ ၂၅ ရက် ညနေက ရန်ကုန်မြို့အစိုးရရုံးအတွင်း အ သေးစားပေါက်ကွဲမှု နှစ်ကြိမ်ဖြစ် ပွားပြီးနောက် မသင်္ကာသူ အမျိုး သမီးကို စစ်ဆေးရာမှ သံသယရှိ  တရားခံများကို ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
  • Fri 25 Nov 2016 - 21:42
     ရခိုင်ပြည်နယ် မင်း ပြားမြို့ ဦးစိုးတင့်ရပ်ကွက်တွင်မီးလောင်မှုကြောင့် လူနေအိမ်၊ သစ်အရောင်းဆိုင်နှင့် ဆီအရောင်းဆိုင် အပါအဝင် စုစုပေါင်း ဆိုင်နှစ်ဆယ်ကျော် ဆုံးရှုံးခဲ့ပြီး ဆီပုံးများ ပေါက်ကွဲမှုကြောင့် လူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
  • Fri 25 Nov 2016 - 21:39
     ကမာရွတ်မြို့နယ် အ မှတ် (၆) ရပ်ကွက်တွင် ဖြစ်ပွားခဲ့ သည့် (၁၀) နှစ်အရွယ် အမျိုးသမီး ကလေးငယ် လည်ပင်းကို ဓားဖြင့် လှီးဖြတ်သတ်ခဲ့သည်ဟု သံသယ ရှိသော အမျိုးသားကို မဖမ်းဆီးနိုင်သေးကြောင်း သတင်းရရှိ သည်။ နိုဝင်ဘာ ၂၄ ရက် ညနေ တွင် မိန်းကလေးငယ်ကို သတ်၍ ရထားလမ်းပေါ်စွန့်ပစ်ခဲ့သူဟု သံ သယရှိသည့် အမျိုးသားကို သိရှိ ထားပြီး ဖမ်းဆီးနိုင်ရန် လိုက်လံရှာဖွေနေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ဝင်းနိုင်ကပြောသည်။
  • Fri 25 Nov 2016 - 21:36
     အင်းဝအပ်ချုပ်ဆိုင်အမှု တွင် နှိပ်စက်ခံရသူ အိမ်အကူ မိန်းကလေးနှစ်ဦးအနက် တစ်ဦး သည် စိတ်ရောဂါကုသမှုခံယူနေရကြောင်း ၎င်း၏ အုပ်ထိန်းသူက တရားရုံးတွင် ထွက်ဆိုသည်။ စွပ်စွဲခံထားရသူ ဒေါ်တင်သူ ဇာ၏ အင်းဝအပ်ချုပ်ဆိုင် မိသားစု နေအိမ်တွင် အိမ်အကူလုပ်ခဲ့ သည့် မသဇင်၏ အုပ်ထိန်းသူ အဘွားဒေါ်အုန်းငွေက ထွက်ဆိုခြင်းဖြစ်သည်။ ၎င်းသည် တရားလိုဘက်မှ တင်သွင်းသည့် ခြောက်ဦးမြောက် တရားလိုပြ သက်သေဖြစ်သည်။
  • Thu 24 Nov 2016 - 20:30
    မန္တလေးမြို့ ကျုံးရေပြင် မင်္ဂလာတံတားအနီးတွင် နိုဝင် ဘာ ၂၄ ရက် နံနက်က ချက်ကြိုး တန်းလန်းဖြင့် သေဆုံးနေသည့် မွေးကင်းစ ယောကျာ်းလေးအ လောင်း လာရောက်စွန့်ပစ်မှုဖြစ် ပွားခဲ့ကြောင်း သတင်းရရှိသည်။
  • Thu 24 Nov 2016 - 20:29
    သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်း ကညနရုံးအနီးတွင် (၇၉) ခရီးသည်တင်ယာဉ် မီနီဘတ်စ်က ယာဉ်စီးခပိုတောင်း၍ ပိုက်ဆံပြန်တောင်းသူ အသက် (၅၈)နှစ်အရွယ် အမျိုးသားကို ၀ိုင်းဝန်းထိုးကြိတ်ခဲ့သည့် ယာဉ်နောက်လိုက်များအား ရှာဖွေစုံစမ်းနေကြောင်း သတင်းရရှိသည်။ အသက်(၅၈)နှစ်အရွယ် အမျိုးသားသည် နိုဝင်ဘာ ၂၀ ရက်ည ၈ နာရီကျော်တွင် စံပြဈေးအနီးမှ (၇၉) မီနီဘတ်စ်ယာဉ်ဖြင့် မြောက်ဒဂုံနေအိမ်သို့ ပြန်လာစဉ် ယာဉ်စီးခ ၅၀၀ ကျပ် ပေးထားပြီး ပိုငွေကို ပြန်လည်တောင်းရာမှ ၎င်းကို ၀ိုင်းဝန်းထိုးကြိတ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြော သည်။
  • Thu 24 Nov 2016 - 20:28
    မင်္ဂလာဒုံမြို့နယ် ပြည် လမ်း ရဲဘော်ဟောင်းကွေ့တွင် ဟိုက်ဂျက်ယာဉ်နှင့် အခြားကား တစ်စီး တိုက်မိကာ ဟိုက်ဂျက် ယာဉ်မောင်းသည် နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သတင်းရရှိ သည်။ ပြည်လမ်း ရဲဘော်ဟောင်း ကွေ့နှင့် ရှမ်းစုရပ်ကွက်ကြားတွင် နိုဝင်ဘာ ၂၄ ရက် နံနက် ၁၁ နာရီကျော်က ဖြစ်ပွားခဲ့ပြီး အသက် (၃၀)ကျော်အရွယ် ဟိုက်ဂျက်ယာဉ်မောင်း သေဆုံးခဲ့ကြောင်း ပုလဲမြို့ အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
  • Thu 24 Nov 2016 - 20:27
     ဗဟန်းမြို့နယ် ရွှေဂုံတိုင်အိမ်ရာရှိ နေအိမ်တိုက်ခန်းတစ်ခုအတွင်း လက်ပြန်ကြိုးတုပ်ကာ အသတ်ခံရသည့် အသက်(၄၄)နှစ်အရွယ် အမျိုးသားတစ်ဦး အမှုမှ လူသတ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးကပြောသည်။ သေဆုံးသူ အမျိုးသား အ လောင်းကို နိုဝင်ဘာ ၁၈ ရက် နံနက်က အိမ်အလုပ်များ လုပ်ကိုင်ပေးသူ အမျိုးသမီးကြီးက စတင်တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။
  • Wed 23 Nov 2016 - 22:39
     ပြည်မြို့တွင် အမျိုးသားငါး ဦးက အုပ်စုလိုက် ဓားဖြင့်ခုတ်ခြင်းကြောင့် အမျိုးသားတစ်ဦး သေဆုံး ပြီး သုံးဦးဒဏ်ရာရရှိကာ ဆေးရုံ တက်ရောက် ကုသနေရကြောင်း ပြည်မြို့ အမှတ်(၃)ရဲစခန်းမှ သ တင်းရရှိသည်။ အုပ်စုလိုက် ဓားဖြင့်ခုတ်သူ များသည် ပြည်မြို့ ဗိုလ်ချုပ်လမ်းရှိ အလှပြင်ဆိုင်တစ်ဆိုင်မှ အမျိုး သားငါးဦးဖြစ်ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူသုံးဦးမှာ ပေါက်ခေါင်းမြို့တွင် နေထိုင်သူများဖြစ် ကြောင်း သိရသည်။
  • Wed 23 Nov 2016 - 22:38
    မန္တလေးအမြန်လမ်း မိုင် တိုင်အမှတ် (၅၃ မိုင်) အနီးတွင် သာသနာရေးယာဉ် နံပါတ်ပြား တပ်ဆင်ထားသည့် Alphard တစ်စီးပေါ်မှ ကျွန်းသစ်များ ရှာဖွေ တွေ့ရှိကြောင်း သတင်းရရှိသည်။ အဆိုပါယာဉ်သည် နေပြည် တော်-ရန်ကုန် အမြန်လမ်းတွင် အရှိန်လွန်ကာ ယာဉ်မတော်တဆ မှုဖြစ်ပေါ်ပြီး ဖြစ်စဉ်ကို သက်ဆိုင် ရာက လာရောက်ကြည့်ရှုရာမှ တရားမဝင် ကျွန်းသစ်များ တွေ့ရှိသ ဖြင့် အရေးယူခဲ့ခြင်းဖြစ်သည်။
  • Wed 23 Nov 2016 - 22:36
     ရန်ကုန်မြို့လယ် သမ္မတရုပ်ရှင်ရုံအနီးရှိ ခုံးကျော်တံတား ဘေးတွင် အမျိုးသမီးတစ်ဦးကို သတ်ကာ အလောင်းစွန့်ပစ်ခဲ့ သည့် တရားခံ အာမင်း (ခ) ဝင်း ဇော်ထွန်းအား အနောက်ပိုင်းခရိုင် တရားရုံးက သေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၅ မေလ ၂၉ ရက်က သေဆုံးသူ အသက် (၂၅) နှစ်အရွယ် မချောစုခင်ထံမှ ရစရာ ရှိသည့် ကျပ်သုံးသောင်းတောင်း ရာ မပေးသဖြင့် အသက် (၁၅)နှစ် အရွယ် ချစ်ဆန်းလတ်၊ အသက် (၁၆)နှစ်အရွယ် ဝေဠုကျော်နှင့် အသက်(၂၀)အရွယ် အာမင်း (ခ)ဝင်းဇော်ထွန်းတို့ သုံးဦးတို့သည်၎င်းနှင့် စကားများရန်ဖြစ်ပြီး သေ ဆုံးသူအမျိုးသမီးအား အဓမ္မပြုကျင့်ကာ ဦးခေါင်းကို ခဲဖြင့်ထု၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပန်း ဘဲတန်းမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။
  • Mon 21 Nov 2016 - 21:20
     ပြည်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးကျော် ကျော်ဉာဏ်ဝင်းသည် လူမှုကွန် ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် တွင် အခြေအမြစ်မရှိသော သတင်းများရေးသားသည်ဟုဆိုကာ နဝင်းရပ်ကွက်ရာအိမ်မှူး ဦးမောင်မောင်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခဲ့ပြီး အာမခံဖြင့် တရားရင်ဆိုင်ခွင့်ရရှိ ထားကြောင်း သတင်းရရှိသည်။  ဦးကျော်ကျော်ဉာဏ်ဝင်း အား ကျင့်ထုံးဥပဒေပုဒ်မ ၄၉၇ အရ အာမခံလျှောက်ထားခဲ့ရာ အချုပ်လွှတ်ထုချေပိုင်ခွင့် အာမခံရ ရှိခဲ့ကြောင်း ပြည်မြို့နယ် ဒီချုပ်မှ ဥပဒေအကျိုးဆောင် တရားလွှတ် တော်ရှေ့နေ ဦးခင်ထွန်းက ပြော သည်။
  • Sun 20 Nov 2016 - 21:00
    တာချီလိတ်ခရိုင် မိုင်း ယောင်းမြို့တွင် တရားမ၀င် ၀င် ရောက်လာသော တရုတ်နိုင်ငံ သားတစ်ဦးကို ဖမ်းဆီးစစ်ဆေး နေကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။  မိုင်းယောင်းမြို့မဈေးအနီး ကော်ကော့လမ်းပေါ်တွင် နိုဝင် ဘာ ၁၉ ရက်က အဆိုပါ တရုတ် နိုင်ငံသားကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မိုင်းယောင်းမြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ရှမ်းပြည် နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

Pages

Subscribe to Crime