Crime

  • Fri 06 Jan 2017 - 21:16
     တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက် အင်းဝလမ်းရှိ သွားဆေးခန်းတစ်ခုတွင် ဆေးခန်းပိုင်ရှင် ဆရာဝန် ပုပ်ပွသေဆုံးနေကြောင်း သတင်းရရှိသည်။  အသက်(၂၈)နှစ်အရွယ် ဆေးခန်းပိုင်ရှင် ဒေါက်တာရဲ ကျော်သူ ပုပ်ပွသေဆုံးနေသည်ကို အပုပ်နံ့ရရှိခဲ့ရာမှ ဇန်န၀ါရီ ၅ ရက် ည ၉ နာရီကျော်တွင် စတင် တွေ့ရှိခြင်းဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြား သည်။
  • Thu 05 Jan 2017 - 21:48
    သားဖြစ်သူ၏ ရက် တစ်ရာပြည့် မွေးနေ့ပွဲတွင် ကာရာအိုကေသီချင်းဆိုရာမှ လျှပ်စစ်စီးနေသည့် မိုက်မှတစ်ဆင့် ဓာတ်လိုက်ကာ အသက် (၂၂) နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
  • Thu 05 Jan 2017 - 21:46
    ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်ရှိ ရွာတစ်ရွာတွင် လူငယ်၁၀ ဦးက အနက်ရောင် အင်္ကျီများ ၀တ်ဆင်ကာ ဆိုင်ကယ်မောင်း၍ အော်ဟစ် သွားလာနေသဖြင့် ပြဿနာမဖြစ်ပေါ်စေရန် ခေါ်ယူစစ်ဆေးခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
  • Thu 05 Jan 2017 - 21:45
    ကလေးမြို့ တောင်ဇ လပ်ရပ်ကွက်ရှိ ရေမြောင်းတစ်ခု အတွင်း ကျားအင်္ဂါအဖြတ်ခံထား ရသည့် ဒဏ်ရာအပါအ၀င် ပြတ်ရှ၊ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦးအလောင်းကို တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
  • Thu 05 Jan 2017 - 21:44
     ရန်ကုန်တိုင်းရှိ ရွှေတိဂုံ စေတီတော်နှင့် အခြားထင်ရှား သော အဆောက်အအုံများတွင် လုံခြုံရေး တပ်လှန့်ချထားပြီး ပြည်ပမှ ဝင်ရောက်လာနိုင်သည့် အကြမ်းဖက်သမားများနှင့် ပတ် သက်သည့် သတင်းများကို စုံစမ်း ထောက်လှမ်းလျက်ရှိကြောင်း အမှတ် (၂) လုံခြုံရေးကွပ်ကဲမှု အဖွဲ့ရုံးမှ ရဲမှူးချုပ်မြဝင်းက ပြောသည်။
  • Wed 04 Jan 2017 - 22:46
    ပုသိမ်မြို့နှင့် နေပြည်တော်သို့ ပြေးဆွဲနေသည့် မော်ကွန်းသစ် ခရီးသည်တင်ယာဉ် ဇန်န၀ါရီ ၄ ရက်နံနက်က ပုသိမ်-ရန်ကုန်ကားလမ်းနှင့်င၀န်မြစ်ကို ကာရံထားသည့် တာတမံကို ၀င်ရောက်တိုက်မိ၍ တိမ်းမှောက်ရာမှခရီးသည်တစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
  • Wed 04 Jan 2017 - 22:04
     မြိတ်မြို့ လမင်းရပ်ကွက်(၂)လမ်းတွင် ဆဋ္ဌမတန်းကျောင်း သားတစ်ဦး လပတ်စာမေးပွဲကျရှုံး သဖြင့် မိမိကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သ တင်းရရှိသည်။ ရေပုန်းနယ်မြေ လမင်းရပ် ကွက်(၂)လမ်းတွင် အသက်(၁၂) နှစ်အရွယ် ဆဋ္ဌမတန်းကျောင်း သား မောင်ခင်မောင်ထွန်းသည် လပတ်စာမေးပွဲကျရှုံးသဖြင့် မိခင် ဆူပူမည်ကို စိုးရိမ်ပြီး မိမိကိုယ်ကိုယ် ကြိုးဆွဲချသတ်သေခဲ့ခြင်း ဖြစ်ကြောင်း မြိတ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြား သည်။
  • Wed 04 Jan 2017 - 22:04
     မောင်တောနယ်စပ် ဒေသတွင် သုံးလအတွင်း ဘင်္ဂါလီ လူမျိုးရှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန် ရေးကော်မတီက ဇန်န၀ါရီ ၃ရက် တွင် သတင်းထုတ်ပြန်သည်။ ၂၀၁၆ အောက်တိုဘာ ၅ ရက်မှ ၂၀၁၇ ဇန်န၀ါရီ ၂ ရက်အတွင်း သေဆုံး၊ ပျောက်ဆုံးမှုဖြစ်ပြီး အောက်တိုဘာ ၉ ရက် မောင် တောအကြမ်းဖက်မှုဖြစ်စဉ်မတိုင် မီ ဦးရှဥ့်ကျဘင်္ဂါလီကျေးရွာမှဘင်္ဂါလီအမျိုးသားနှစ်ဦးကို ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာဖြင့် သေဆုံးနေသည်ကို စတင်တွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
  • Wed 04 Jan 2017 - 22:03
    ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် လှည်းလမ်းကူး ကျေးရွာ သရက်တစ်ပင်ကျောင်း တိုက်မှ ကျောင်းထိုင်ဆရာတော် ကို သတ်ဖြတ်ခဲ့သည့် တရားခံအား ရှာဖွေနေဆဲဖြစ်ကြောင်း သ တင်းရရှိသည်။  ဆရာတော်ရုပ်ကလာပ်ကိုဒီဇင်ဘာ ၂၈ ရက် နံနက်က လှည်း လမ်းကူးကျေးရွာ အမှတ်(၁၀၀၁) လေကြောင်းအရန်တပ် အ၀င် လမ်း လျှိုမြောင်အတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။
  • Wed 04 Jan 2017 - 22:01
    ကန်တော်ကြီး ဗိုလ်ချုပ်ပန်းခြံအတွင်း ထိုင်စကားပြောနေ သည့် စုံတွဲတစ်တွဲထံမှ လက်ပ် တော့ကွန်ပျူတာနှင့် လက်ကိုင် ဖုန်းနှစ်လုံးကို ခြိမ်းခြောက်လုယူခဲ့မှုမှတစ်ဆင့် ရန်ကုန်မြို့တွင်း လှည့်လည်လုယက်နေသော လုယက်ဂိုဏ်းကို ဖမ်းဆီးနိုင်ခဲ့ ကြောင်း သတင်းရရှိသည်။
  • Tue 03 Jan 2017 - 18:06
     မလိခမြစ်အတွင်း လူ ၂၆ ဦး တင်ဆောင်လာသော စက် လှေတစ်စီး တိမ်းမှောက်ကာ လူ တစ်ဦးသေဆုံးပြီး လေးဦးပျောက် ဆုံးနေကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ပူတာအိုမြို့နယ်ကို ဖြတ် သန်းစီးဆင်းသော မလိခမြစ်နှင့် မူလာရှီးဒီချောင်းဆုံရာနေရာတွင်  ဇန်နဝါရီ ၂ ရက်ညနေက စက် လှေတစ်စီးတိမ်းမှောက်ခဲ့ပြီး အ သက်လေးလအရွယ် ကလေးငယ် တစ်ဦးသေဆုံးကာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးသုံးဦး ပျောက်ဆုံးနေကြောင်း ကချင် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦးက ပြောသည်။
  • Tue 03 Jan 2017 - 00:46
    အင်းတော်မြို့နယ် မံမော် သစ်တောကြိုးဝိုင်းအတွင်း ဆင် ထိန်းအမျိုးသားတစ်ဦး ဆင်နင်းခံ ရသည့် ဒဏ်ရာများဖြင့် သေဆုံး နေသည်ကို ဒီဇင်ဘာ ၃၁ ရက်က တွေ့ရှိခဲ့ကြောင်း မော်လူးနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။
  • Tue 03 Jan 2017 - 00:45
     မင်္ဂလာဒုံမြို့နယ် ပြည် လမ်းမပေါ်ရှိ ဆေးကျောင်းမှတ် တိုင်အနီးတွင် ကိုယ်ပိုင်ယာဉ်တစ် စီးအရှိန်လွန်ကာ မျက်နှာချင်းဆိုင် ယာဉ်ကြောမှ မောင်းလာသည့် ယာဉ်နှစ်စီးအား ဆင့်တိုက်မိခဲ့သ ဖြင့် အမျိုးသားသုံးဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ မင်္ဂလာဒုံမြို့နယ် ပြည်လမ်း မအတိုင်း ထောက်ကြန့်ဘက်မှ အင်းစိန်ဘက်သို့ အသက် (၃၉) နှစ်အရွယ် ယာဉ်မောင်း ဦးအောင် ဆွေဦး မောင်းနှင်လာသည့် SU-ZUKI SWIFT ကိုယ်ပိုင်ယာဉ်သည် ဆေးကျောင်းမှတ်တိုင်အနီးသို့ အ ရောက်တွင် အရှိန်လွန်ကာ တစ် ဖက်ယာဉ်ကြောသို့ ရောက်ရှိသွား ရာမှ ယာဉ်တိုက်မှုစတင်ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲ တပ်ဖွဲ့ရုံးမှ သိရသည်။
  • Tue 03 Jan 2017 - 00:44
     ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ၂၀၁၆ ဇန်န၀ါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိယာဉ်မတော်တဆမှု ၇၀၀ ကျော် ဖြစ်ပွားခဲ့ပြီး လူ ၁၇၀ ခန့် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ အမြန်လမ်းမကြီးတွင် ဖြစ် ပွားခဲ့သည့် ယာဉ်မတော်တဆမှု များထဲတွင် အရှိန်လွန်ခြင်းကြောင့် ယာဉ်မတော်တဆမှု ၃၀၀ ခန့် ဖြစ်ပွားခဲ့ပြီး ကားဘီးပေါက်ရာမှ ဖြစ်ပွားသည့် ယာဉ်မတော်တဆမှု ၁၇၆ မှုရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိကဆိုသည်။ အမြန်လမ်းမကြီးတွင် ၂၀၁၆ အတွင်း ယာဉ်မတော်တဆမှုကြောင့် အမျိုးသား ၁၀၅ ဦး၊ အမျိုးသမီး ၆၂ ဦး သေဆုံးသွားခဲ့ပြီး အမျိုးသား ၇၈၄ ဦး၊ အမျိုးသမီး ၅၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကပြောကြားသည်။
  • Tue 03 Jan 2017 - 00:42
    ဘားအံမြို့နယ် ဘင်ဂျီ ရွာကြီးကျေးရွာနေ အသက် (၄၂) နှစ်အရွယ် အမျိုးသားတစ်ဦး သည် အရက်ကြောင်ကြောင်ကာ ဇနီးနှင့်သမီးကိုသတ်ပြီး မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။  ဘင်ဂျီရွာကြီးကျေးရွာနေအသက် (၄၂)နှစ်အရွယ် ဦးကေ့ ကေ့သည် ဒီဇင်ဘာလကုန်က အ ရက်ကြောင်ကြောင်ကာ အသက် (၄၈)နှစ်အရွယ် ဇနီးနှင့် အသက် (၁၂)နှစ်အရွယ် သမီးတို့ကို အိမ် သုံးဓားမဖြင့် ခုတ်သတ်ခဲ့ခြင်းဖြစ် ကြောင်း ဘားအံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကဆိုသည်။
  • Sun 01 Jan 2017 - 23:26
     မောင်တောမြို့နယ် တူလာတူလီကျွန်း ကျေးရွာမှ ဘင်္ဂါလီ ရာအိမ်မှူးတစ်ဦးသည် ဒီဇင်ဘာ ၃၀ ရက်ညတွင် ပျောက် ဆုံးနေကြောင်း နိုင်ငံတော်အ တိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်သည်။ ပျောက်ဆုံးသွားသည့် အဆို ပါ ရာအိမ်မှူးအမည်မှာ လာလူ မျာဖြစ်ကြောင်း နယ်ခြားစောင့်ရဲ အရာရှိတစ်ဦးကပြောသည်။
  • Sun 01 Jan 2017 - 23:25
     နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့ နယ်တွင် ပုဆိုးဖြင့် လက်နောက် ပြန်တုပ်လျက် အသတ်ခံထားရ သည့် ရဲအုပ်တစ်ဦး၏ အလောင်း ကို တွေ့ရှိခဲ့ကြောင်း ဒက္ခိဏသီရိမြို့နယ် မြို့မရဲစခန်းမှ သတင်းရရှိသည်။
  • Sun 01 Jan 2017 - 23:25
     နှစ်သစ်ကူးညတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသည့် သေဆုံးသူအရေအတွက်မှာ ယခင်နှစ်များကထက်များပြားကြောင်း ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကို က ပြောသည်။ ‘‘အရင်နှစ်တွေထက်စာရင် လူနာအရေအတွက် နည်းတယ်။ သေဆုံးမှုအရေအတွက် များ တယ်’’ဟု နှစ်သစ်ကူးညတွင် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာသည့် လူနာအခြေအနေနှင့်ပတ်သက်၍ ပြောသည်။
  • Sun 01 Jan 2017 - 23:24
     မြောက်ဥက္ကလာပမြို့ နယ် (၂)ရပ်ကွက်အတွင်း နှစ်သစ်ကူးညတွင် အရက်သေစာ သောက်စားပြီး အော်ဟစ်ဆဲဆို နေသည့် အမျိုးသားသုံးဦးကို သွားရောက် ထိန်းသိမ်းရာ လူ ၂၀ ခန့်က တုတ်၊ ဓားလက်နက်များ ဖြင့် ခုခံသောကြောင့် သေနတ်နှစ် ချက်ပစ်ဖောက်ကာ ထိန်းသိမ်းခဲ့ရကြောင်း သတင်းရရှိသည်။  မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက် နတ်စင်လမ်းအတွင်း ဇန်န၀ါရီ ၁ ရက် နံနက် ၁၂ နာရီ ၄၅ မိနစ်ခန့်က ချစ်ကိုကို အပါအ ၀င် အမျိုးသားသုံးဦးသည် အရက် သေစာသောက်စားပြီး မူးယစ်ကာ အော်ဟစ်ဆဲဆိုနေသည်ကို ရပ် ရွာအခြေပြုအဖွဲ့ ရာအိမ်မှူးက သွားရောက်ထိန်းသိမ်းရာမှ စ တင်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။
  • Fri 30 Dec 2016 - 22:56
    ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် (၄၉)ရပ်ကွက်အတွင်း ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အသက် (၂၀)အရွယ် အမျိုးသားအလောင်း တစ် လောင်း တွေ့ရှိသဖြင့် မြောက်ဒဂုံမြို့မရဲစခန်းက လူသတ်မှု ပုဒ်မဖြင့် အမှုဖွင့်၍ တရားခံကို စုံစမ်းနေကြောင်း သတင်းရရှိ သည်။

Pages

Subscribe to Crime