Crime

  • Sun 11 Dec 2016 - 21:50
     မြင်းမူမြို့အနီး မုံရွာ- မန္တလေး ကားလမ်းတွင် ဆိုင်ကယ်တစ်စီး ဆီပိုက်မှ ဆီယိုစိမ့်မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း မြင်းမူမြို့နယ် မြို့မရဲစခန်းမှ သတင်းရရှိသည်။ မြင်းမူမြို့ မြို့ရှောင်လမ်း မုံရွာ-မန္တလေးကားလမ်း မိုင်တိုင် အမှတ် ၄၉ မိုင် ၆ ဖာလုံတွင် ဒီဇင် ဘာ ၁၀ ရက် ညနေ ၄ နာရီခွဲခန့် က ဟိုက်ဘတ်အမျိုးအစား စူပါ ကတ်ဆိုင်ကယ်တစ်စီး ဆီပိုက်မှ ဆီယိုစိမ့်မှုကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြင်းမူမြို့ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြော သည်။
  • Sun 11 Dec 2016 - 21:49
    ရန်ကုန်မှ တောင်ကြီးမြို့သို့ ထွက်ခွာလာသည့် ရွှေလွန်းပျံခရီးသည်တင်ယာဉ် ဝမ်းဗိုက်အတွင်း သင်းခွေချပ်များနှင့် လိပ်များ သယ်ဆောင်လာသည့် အမျိုးသားကို တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
  • Sun 11 Dec 2016 - 21:48
     မန္တလေးမြို့တွင် ည ပိုင်းလုံခြုံရေး တာဝန်ဆောင်ရွက် နေသည့် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသောယာဉ်နှင့် အခြားယာဉ်တစ်စီးတို့ ယာဉ်တိုက်မှုဖြစ်ပွားရာ ရဲတပ်ကြပ်တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသော ညပိုင်းလုံခြုံရေး ဆောင်ရွက်နေသည့် ယာဉ်တစ်စီးနှင့် ဟိုင်းလတ်ယာဉ်တစ်စီးတို့သည် ဒီဇင်ဘာ ၉ ရက် ည ၇ နာရီက ယာဉ်တိုက်မှုဖြစ်ပွားကာ ရဲတပ်ကြပ် တစ်ဦး သေဆုံးခဲ့ကြောင်း မန္တလေး ခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။
  • Sun 11 Dec 2016 - 21:46
     ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာတစ် ရွာတွင် အသက်(၆၀)အရွယ် အ ဘွားအိုတစ်ဦးကို တူအရင်းဖြစ် သူက ဓားမဖြင့် ဆင့်ခုတ်မှုဖြစ်ပွား ကြောင်း သတင်းရရှိသည်။ ညောင်ရွှေမြို့နယ် အင်းပေါ ခုံကျေးရွာနေ အသက်(၆၀)အ ရွယ် ဒေါ်ပိန် (ခ) ဒေါ်ငွေမြင့်ဆိုသူ ကို တူအရင်းတော်စပ်သူက ဒီဇင် ဘာ ၈ ရက် ည ၉ နာရီခန့်က နေအိမ်ပေါ်တက်၍ ဓားမဖြင့်ခုတ် ကြောင်း နမ့်ပန်နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးကဆိုသည်။
  • Sat 10 Dec 2016 - 21:43
     မော်လိုက်မြို့နယ် တိန်းသာကျေးရွာတွင် အသက်(၇)နှစ်အ ရွယ် ပထမတန်းကျောင်းသူတစ် ဦးကို အသက်(၁၂)နှစ်အရွယ် စတုတ္ထတန်းကျောင်းသားတစ်ဦး က မုဒိမ်းကျင့်သည်ဟုဆိုကာ တိုင်ကြားမှုဖြစ်ပွားခဲ့ကြောင်း မော်လိုက်မြို့ မြို့မရဲစခန်းမှ သတင်း ရရှိသည်။ တိန်းသာကျေးရွာတွင် နေ အိမ်အနီး ဆော့ကစားနေသော ပထမတန်းကျောင်းသူကို တစ် ရွာတည်းနေ စတုတ္ထတန်းကျောင်း သားက ဒီဇင်ဘာ ၅ ရက် ညနေ ၅ နာရီခန့်က သားမယားပြုကျင့် သည်ဟုဆိုကာ ကျောင်းသူမိခင် က အမှုဖွင့်တိုင်ကြားခဲ့သည်။
  • Sat 10 Dec 2016 - 21:42
     ကျောက်တံတားနှင့် စမ်းချောင်းမြို့နယ်တို့တွင် ဖြစ် ပွားသည့် အနုကြမ်းစီးမှုနှင့် ဓား ပြတိုက်မှုတို့မှ ပြစ်မှုကျူးလွန်သူ များကို ဖမ်းဆီးရမိခြင်းမရှိသေး ကြောင်း အနောက်ပိုင်းခရိုင်ရဲ တပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက ပြောသည်။ ကျောက်တံတားမြို့နယ် ၃၈ လမ်းအလယ်ဘလောက်တွင် ဖွင့် လှစ်ထားသည့် Stylish အထည် ဆိုင်ကို ဒီဇင်ဘာ ၇ ရက် ညနေ ၄ နာရီခန့်၌ အမျိုးသားတစ်ဦးက လက်သည်းညှပ်တွင် ပါရှိသည့် ဓားကိုအသုံးပြု၍ အနုကြမ်းစီးမှု ဖြစ်ပွားခြင်းဖြစ်သည်။
  • Sat 10 Dec 2016 - 21:41
     ကြည့်မြင်တိုင်မြို့နယ် ဆင်မလိုက်မီးပွိုင့်တွင် ဖြစ်ပွားခဲ့  သည့် ကွန်တိန်နာယာဉ်မောင်း၊ ယာဉ်အကူတို့က အငှားယာဉ်မောင်းကို ရိုက်နှက်ခဲ့သည့် အမှုတွင် နှစ်ဖက်အပြန်အလှန် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာ ၁၀ ရက် ည ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ရိုက်နှက်မှုတွင် မီးပွိုင့်ဖြတ်လာသည့် အငှားယာဉ်မောင်းက လမ်းပိတ်နေသည်ကို ပြောဆိုစဉ် ကွန်တိန်နာယာဉ်မှ ယာဉ်အကူက စတင်ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြော သည်။
  • Sat 10 Dec 2016 - 21:34
      မွန်ပြည်နယ် အဘစ် ကျေးရွာတွင် ကလေးသူခိုးဟုဆိုကာ ၀ိုင်းဝန်းရိုက်နှက်ဖမ်းဆီးခံရသည့် ဘုန်းကြီးသည် စိတ်ရောဂါဝေဒနာရှင်ဖြစ်ပြီး ကလေးသူခိုးအစစ်မဟုတ်ကြောင်း ကမာဝက်ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
  • Fri 09 Dec 2016 - 22:36
     ပုသိမ်-မုံရွာ ကားလမ်း တွင် ကျောင်းထိုင်ဆရာတော်တစ်ပါး မောင်းနှင်လာသည့်  ဟွန်ဒါဖစ် ကားတစ်စီး အရှိန်လွန်ကာ ချောက်ထဲကျတိမ်းမှောက်မှုကြောင့် ကားပေါ်တွင် ပါလာသည့်သံဃာသုံးပါးစလုံး ပျံလွန်တော်မူခဲ့ကြောင်း သတင်းရရှိသည်။
  • Fri 09 Dec 2016 - 21:47
     ဒေါပုံမြို့နယ် လမုတန်း ရပ်ကွက် ယမုံနာလမ်းမကြီး အထက(၁) ရှေ့တွင် ဖြစ်ပွားခဲ့ သည့် လူသတ်မှု၌ သံသယရှိသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ သေဆုံးသူ အမျိုးသားသည် သာကေတမြို့နယ်မှ အသက် (၃၀)အရွယ်ရှိ မြင့်ရှိန်ဖြစ်ပြီး နိုဝင်ဘာ ၂၉ ရက် ညတွင် နေအိမ်မှ စက်ဘီးဖြင့် ဒေါပုံမြို့နယ်သို့ သွားခဲ့ခြင်းဖြစ်ကာ ဒေါပုံ အထက (၁) ရှေ့၌ ဒဏ်ရာများဖြင့် လဲကျနေခြင်းဖြစ်ကြောင်း ဒေါပုံရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
  • Fri 09 Dec 2016 - 21:46
    မုံရွာမြို့ရှိ အမျိုးသမီး သား ဖွားမီးယပ်နှင့် ကလေးအထူးကု ဆေးရုံကြီးတွင် လူနာစောင့် (၁၄) နှစ်အရွယ် မိန်းကလေးအား တစ် ရွာတည်းနေသူ အမျိုးသားက ဆေးရုံပြင်ပသို့ ခေါ်ဆောင်၍ အဓမ္မပြုကျင့်မှု ဖြစ်ပွားကြောင်း မုံရွာမြို့ မြို့မရဲစခန်းမှ သတင်းရရှိသည်။
  • Fri 09 Dec 2016 - 21:45
     ပြည်မြို့တွင် အသက် (၁၂)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအား သားမယားပြုကျင့်ခဲ့သူ အသက်(၄၃)နှစ်အရွယ် အမျိုးသားတစ်ဦးကို ဒီဇင်ဘာ ၉ရက်က မုဒိမ်းမှု၏ အမြင့်ဆုံးပြစ် ဒဏ်အဖြစ် ထောင်အနှစ် ၂၀ ချမှတ်ခဲ့ကြောင်း ပြည်ခရိုင်တရား ရုံးမှ သတင်းရရှိသည်။
  • Wed 07 Dec 2016 - 21:31
    မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက် ကြောင်ပန်းဓမ္မာရုံကျောင်းတိုက်အတွင်း နှစ်ထပ်ဆွမ်းစားကျောင်းဆောင်ပေါ်မှ အနီးရှိ ဓမ္မာရုံကျောင်းဆောင် ခေါင်မိုး ပေါ်သို့ ခုန်ကူးသည့် ကိုရင်တစ်ပါး ပြုတ်ကျ၍ ပျံလွန်တော်မူခဲ့ကြောင်း မုံရွာမြို့ မြို့မရဲစခန်းမှ သတင်းရရှိသည်။ ဒီဇင်ဘာ ၆ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က ကျောင်းဆောင်တစ်ဆောင်မှ တစ်ဆောင်သို့ ခုန်ကူးသည့် သက်တော် (၁၃) နှစ်အရွယ် ကိုရင်တစ်ပါးသည် ကျောင်းဆောင်ပေါ်မှ ပြုတ်ကျသည့် ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ကြောင်း မုံရွာမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့်ကပြောသည်။
  • Wed 07 Dec 2016 - 21:30
     မွေးကင်းစကလေးငယ် ကို ခေါ်ယူမွေးစားပြီး ကလေးငယ်သေဆုံးခဲ့သဖြင့် နေအိမ်ခြံဝင်းအတွင်း တိတ်တဆိတ်မြှုပ်နှံခဲ့ သည့် လင်မယားနှစ်ဦးအား ဒီဇင်ဘာ ပထမပတ်က အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိ သည်။ သန်လျင်မြို့နယ် ကွမ်းခြံ ကုန်း အနောက်ကျေးရွာနေ အသက် (၃၂)နှစ်အရွယ် မမြသက်ခိုင်(ခ)မခိုင်သည် နိုဝင်ဘာ ၂၃ ရက်က သားယောက်ျားလေးတစ် ဦး မွေးဖွားခဲ့သည်။ အဆိုပါ ကလေးငယ်ကို အိမ်နီးချင်းဖြစ်သူဦးအေးသောင်းနှင့်ဇနီး ဒေါ်အေးအေးမာတို့က မိခင်ထံခွင့်တောင်း၍ ခေါ်ယူမွေးစားခဲ့သည်။
  • Wed 07 Dec 2016 - 21:29
    ရန်ကုန်-မန္တလေးအမြန် လမ်း၊ မိုင်တိုင်အမှတ် ၃၁၂ မိုင် ၅ ဖာလုံအကျော်တွင် လိုက်ထရပ်ယာဉ်တစ်စီး တိုက်ရော့ပြုတ်ကာ လမ်းဘေး၌ ကာရံထားသည့် အလူမီနီယမ်တန်းများကို ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။
  • Wed 07 Dec 2016 - 21:28
     ဒေါပုံမြို့နယ်ရှိ Capital Hypermarket ဈေးဝယ်စင်တာ တွင် အသေးစားဖောက်ခွဲမှု ပြု လုပ်ရာ၌ ပါဝင်သည်ဟု သံသယရှိသူတစ်ဦးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ နိုဝင်ဘာ ၂၅ ရက် ညနေက ရန်ကုန်မြို့အစိုးရရုံးအတွင်း အ သေးစားပေါက်ကွဲမှု နှစ်ကြိမ်ဖြစ် ပွားပြီးနောက် သံသယရှိသူအမျိုး သားသုံးဦးကို ရန်ကုန်တိုင်းရဲတပ် ဖွဲ့က ဖမ်းဆီးထားပြီး ရန်ကုန်မြို့ တွင် အသေးစားဖောက်ခွဲမှု ပြုလုပ်သူ စုစုပေါင်းလေးဦး ဖမ်းဆီးထားကြောင်း သတင်းရရှိ သည်။
  • Mon 05 Dec 2016 - 23:07
    တွံတေးမြို့နယ် တာကုန်းကျေးရွာတွင် အကြွေး ကျပ် ၆,၀၀၀ တောင်းယူရာမှ အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ပြီး ဓားခုတ်မှုဖြစ်ပွားကြောင်း သ တင်းရရှိသည်။ လယ်ကွက်အတွင်း ငါးရှာ ထွက်နေသည့် အသက် (၄၀)နှစ် အရွယ် အမျိုးသားကို အကြွေး ၆,၀၀၀ တောင်းရာမှ စကားများ ရန်ဖြစ်ကာ အသက်(၂၈)နှစ်အ ရွယ် အမျိုးသားက မြက်ခုတ်ဓား ဖြင့် ခုတ်ခဲ့ခြင်းဖြစ်သည်။
  • Mon 05 Dec 2016 - 23:06
    လူမှုကွန်ရက်တွင် ပျံ့နှံ့ ခဲ့သော ဆိုးသွမ်းရမ်းကားခဲ့သည့် ခါးပိုက်နှိုက်လေးဦးအနက် လွတ် မြောက်လျက်ရှိသည့် သုံးဦးကို ဖမ်းဆီးနိုင်ရန် ဆက်လက်စုံစမ်း နေဆဲဖြစ်ကြောင်း သတင်းရရှိ သည်။  ခရီးသည်တင်ယာဉ်ပေါ်မှ ဆင်းလာသည့် လူငယ်တစ်ဦးအား အမျိုးသားလေးဦးက ဝိုင်းဝန်းထိုး ကြိတ်နေစဉ် သွားရောက်ဟန့် တားခဲ့သည့် အမျိုးသားကို လူ လေးဦးက ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့မှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ရပ်တွင် ပါဝင်သည့် လူသုံးဦး ထွက်ပြေးလွတ်မြောက်သွား၍ ဆက်လက်စုံစမ်းနေကြောင်း လှိုင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကဆို သည်။
  • Mon 05 Dec 2016 - 21:31
    မြိတ်မြို့နောက်လယ် ရပ်ကွက် (၃) လမ်းတွင် ဖြစ်ပွားသည့် လူသတ်မှု၌ ရဟန်းဝတ်နေသူညီက အစ်ကိုအရင်းကိုသတ်ခဲ့ခြင်းဖြစ်ပြီး နှစ်ရက်အတွင်း လူသတ်မှု ကျူးလွန်သူကို ဖမ်းဆီး နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ သေဆုံးသူ၏ အလောင်းကို ဒီဇင်ဘာ ၂ ရက် ညနေတွင် နေ အိမ်တတတိယထပ် အိပ်ရာဘေး ၌ အစ်မဖြစ်သူက စတင်တွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း မြိတ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ ‘‘အမှုနဲ့ ပတ်သက်ပြီး တစ် မြို့လုံးကလည်း စိတ်ဝင်စား တယ်။ မောင်ဖြစ်သူ ဖုန်းခေါ် တာ မကိုင်လို့ အစ်မက အိမ်ကို လာကြည့်တယ်။ အပေါ်ဆုံးထပ် သူနေတဲ့ အခန်းမှာ ဓားဒဏ်ရာ တွေနဲ့ သေဆုံးနေတာပါ။ လူသတ်မှုကျူးလွန်တယ်ဆိုတဲ့အကြောင်း ကိုလည်း ၀န်ခံပါတယ်။ ဘာ ကြောင့်သတ်တာလဲဆိုတာတော့ စစ်ဆေးနေတုန်းပါ’’ဟု ၎င်းက ပြောသည်။
  • Sun 04 Dec 2016 - 21:28
     စစ်ကိုင်းမြို့နယ် အုန္နဲပင် ကျေးရွာ အရှေ့ဘက် သောက်သုံး ရေကန်အတွင်းသို့ နွားလှည်းနှင့်အတူ ထိုးကျသွားသည့် ကလေးငယ်ကို လိုက်လံဆယ်ယူရာမှ ကလေးငယ်အပါအ၀င် မိခင်နှင့် အဒေါ်ပါ ရေနစ်သေဆုံးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် ဆားတောင်ကျေးရွာ နယ်မြေရဲစခန်းမှ သတင်းရရှိသည်။

Pages

Subscribe to Crime