Crime

  • Sat 17 Dec 2016 - 22:21
    ထိုင်းနိုင်ငံမဟာချိုင်နယ် မြေ ဘန်ပေါ်ရပ်ကွက်တွင် အ သက်(၂၂)နှစ်အရွယ် မြန်မာလုပ် သားတစ်ဦးကို ထိုင်းနိုင်ငံသား တက္ကစီယာဉ်မောင်းအား သေနတ်ဖြင့် ပစ်သတ်သည်ဆိုကာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ ဘန်ပေါ်ရပ်ကွက် အဝင် လမ်းတစ်နေရာတွင် ထိုင်းတက္ကစီ မောင်းသမားတစ်ဦး ဒီဇင်ဘာ ၁၃ ရက်က သေနတ်ဖြင့် ပစ်သတ်ခံရ ပြီး ထိုင်းရဲတပ်ဖွဲ့က လူသတ်မှု အတွက် သံသယရှိသော မြန်မာ လုပ်သားတစ်ဦးကို ဒီဇင်ဘာ ၁၆ ရက်တွင် ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
  • Fri 16 Dec 2016 - 23:00
    လှိုင်မြို့နယ်ရှိ အိမ်တစ် အိမ်တွင် နိုင်ငံခြားဖြစ် အရက်မျိုး စုံအား အတုထုတ်လုပ်ရောင်းချ နေသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ကြောင်း သတင်းရရှိသည်။ လှိုင်မြို့နယ် (၂) ရပ်ကွက် သီရိ(၅)လမ်းရှိ တိုက်ခန်းတစ်ခုသို့ ဒီဇင်ဘာ ၁၆ ရက် ညနေက ၀င်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း လှိုင်မြို့နယ် ပိတောက်ချောင်း နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
  • Fri 16 Dec 2016 - 22:58
     တရားမဝင် သစ်ခိုးထုတ်သူများအား ဖမ်းဆီးရာတွင် သစ် တောဝန်ထမ်းများ တိုက်ခိုက်ခံရမှုမှ ကာကွယ်ရန် ရဲတပ်ဖွဲ့က လုံခြုံရေး ဆောင်ရွက်ပေးပြီးနောက်ပိုင်း သစ်ဖမ်းဆီးနိုင်မှု ရာခိုင်နှုန်း ထက်ဝက်ကျော် မြင့်တက်လာကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
  • Fri 16 Dec 2016 - 22:57
     ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံတစ်ဦးကို လက်ပံတန်းမြို့နယ်စည်ပင်သာယာရေးကော်မတီဝင်တစ်ဦးက ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်တိုင်ကြားမှု ကြောင့် ဒီဇင်ဘာ ၁၅ ရက်က လက်ပံတန်းမြို့မရဲစခန်းသို့ သွား ရောက်ဖမ်းဆီးခံခဲ့သည်ဟု တိုင် ကြားခံရသော ဒီချုပ်လူငယ်တာ ၀န်ခံ ကိုငြိမ်းချမ်းကပြောသည်။
  • Thu 15 Dec 2016 - 21:45
     ဖားကန့်ဒေသတွင် တရုတ်လူ မျိုးတစ်ဦးကိုကျပ်သိန်းငါးထောင်ခန့်တန်ဖိုးရှိသော မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးပြီး စစ်ဆေးလျက်ရှိကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။  ဒေသတွင်း အခြေစိုက် မူး ယစ်တပ်ဖွဲ့စု (၃)က ဖားကန့်မြို့ နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာတွင် ဒီဇင်ဘာ ၁၃ ရက်ညက ၎င်းကို ဖမ်းမိခဲ့ကြောင်းကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ ‘‘ပမာဏက များတယ်။ သယ်လာတာက တရုတ်လူမျိုးလို့ ပဲ သိထားသေးတယ်။ ရှမ်းပြည် နယ်ဘက်မှာ နေတယ်တဲ့။ အခု စစ်ဆေးနေတုန်းပဲ’’ဟု ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က ပြောသည်။
  • Thu 15 Dec 2016 - 21:32
    ကားပါကင်ထိုးသည့် ကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦးအား ၀ိုင်းဝန်း ရိုက်နှက်ခဲ့သူများကို ပုဒ်မငါးခုဖြင့် အမှုဖွင့် အရေးယူထား ကြောင်း သတင်းရရှိသည်။  မင်္ဂလာတောင်ညွန့်မြို့နယ် ကန်/အနောက်ရပ်ကွက် မြန်မာ့ ဂုဏ်ရည်လမ်းနေ အသက် (၅၅) နှစ်အရွယ် ဦးခင်ဝင်းသည် ၎င်း၏ အထည်ဆိုင်၌ သမက်နှင့်အတူ ဈေးရောင်းနေစဉ် ဒီဇင်ဘာ ၁၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် မျက်နှာချင်းဆိုင်တိုက်၌ နေထိုင် သည့် လူငါးဦးရောက်ရှိလာရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ သိရ သည်။
  • Thu 15 Dec 2016 - 21:32
     လှိုင်မြို့နယ် ဗဟိုလမ်း နှင့် ပါရမီလမ်းဆုံမီးပွိုင့်တွင် အ ငှားယာဉ်နှင့် ဆိုင်ကယ် ဝင်တိုက် မိခဲ့ပြီး ဆိုင်ကယ်ပေါ် လိုက်ပါလာ သူ အသက်(၁၃)နှစ်အရွယ် အမျိုးသားတစ်ဦး နေရာတွင် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ အတိုက်ခံရသည့် ဆိုင်ကယ် သည် နံပါတ်ပြားမပါရှိဘဲ ဆိုင် ကယ်ပေါ်တွင် အမျိုးသားသုံးဦး နှင့် အမျိုးသမီးတစ်ဦး လိုက်ပါစီး နင်းခဲ့ပြီး မီးပွိုင့်ဖြတ်စဉ် အငှား ယာဉ်နှင့် တိုက်မိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးကပြောသည်။
  • Thu 15 Dec 2016 - 21:29
     ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ရှိ နေအိမ်တစ်အိမ်တွင် ဆိုလာပြားဖြင့် ဖုန်းအားသွင်းထား ရာမှ ရှော့ခ်ဖြစ်၍ မီးလောင်ကာ လူသုံးဦး မီးလောင်သေဆုံးခဲ့ ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ နမ့်စန်မြို့ ၀မ်ဟိန်ပါလစ် ကျေးရွာရှိ အမျိုးသမီးသုံးဦး နေ ထိုင်သည့် အိမ်တစ်အိမ်တွင် ဒီ ဇင်ဘာ ၁၃ ရက် ည ၁၁ နာရီခန့် က မီးလောင်ကျွမ်းခဲ့ကြောင်း ရှမ်း ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်း အေးကပြောသည်။
  • Thu 15 Dec 2016 - 21:26
     MICT Park အနောက်ဘက် ဝင်ပေါက်လမ်းတွင် ရပ်ထားသည့် ကိုယ်ပိုင်ယာဉ်တစ်စီးပေါ်၌ တွေ့ရှိခဲ့သော ပုပ်ပွသေဆုံးနေသည့် အမျိုးသား အလောင်းကို ရင်ခွဲစစ်ဆေးရာ နံရိုးကျိုးသော ဒဏ်ရာတွေ့ရှိသဖြင့် လူသတ်မှုအဖြစ် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
  • Wed 14 Dec 2016 - 22:19
     ရခိုင်ပြည်နယ် သံတွဲမြို့နယ် ပဒဲကောအုပ်စု စာနီတောင်ကျေးရွာတွင် အသက်(၅)နှစ်အရွယ် မိန်းကလေးတစ်ဦးကို အသက် (၆၁)နှစ်အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြိုးစားရာမှ လက်လွန်သွား၍ သေဆုံးခဲ့ကြောင်း သတင်းရရှိ သည်။
  • Wed 14 Dec 2016 - 21:09
     ရုပ်ရှင်နှင့် ဗီဒီယိုသရုပ် ဆောင် အကယ်ဒမီမေသန်းနုကို ကျပ်သိန်းလေးရာ လိမ်လည်မှု နှင့် ပတ်သက်ပြီး ရန်ကင်းမြို့နယ် တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ ကြောင်း သတင်းရရှိသည်။ ရန်ကင်းမြို့နယ် တရားရုံး တွင် ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၃ နာရီခန့်က အကယ်ဒမီမေသန်းနု ကို  ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် တရားစွဲဆိုတင်ပို့ခဲ့ပြီး ကျပ်သိန်း ၁၀၀ အာမခံနှစ်ဦးဖြင့် မြို့နယ် တရားသူကြီးက အာမခံပေးခဲ့ ကြောင်း ရန်ကင်းမြို့နယ်တရားရုံး မှသိရသည်။
  • Wed 14 Dec 2016 - 21:07
     မြောက်ဥက္ကလာပမြို့ နယ် (ဌ)ရပ်ကွက်နေ လင်မယားနှစ်ဦး စကားများရန်ဖြစ်ရာ ခင်ပွန်းဖြစ်သူက ဓားဖြင့် အချက်ပေါင်းများစွာထိုးသဖြင့် ဇနီးသည်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။  မြောက်ဥက္ကလာပမြို့နယ် စိုက်ပျိုးရေး ဒေါနလမ်းတွင် ဦး တင်ဝင်းဆိုသူက ဆောက်လုပ်ငှားရမ်းသော လေးခန်းတွဲအဆောက်အအုံရှိ ဒုတိယအခန်း၌နေသည့် အသက်(၃၅)နှစ်အ ရွယ် မျိုးမြတ်မင်း (ခ) မင်းမင်းသည် ဒီဇင်ဘာ ၁၃ ရက် ည ၇ နာရီခန့်က ဇနီးသည်နှင့် စကားများရာက စတင်ဖြစ်ပွားခဲ့ကြောင်း ဝေဘာဂီနယ်မြေရဲစခန်းမှ ရဲ အရာရှိတစ်ဦးကဆိုသည်။
  • Wed 14 Dec 2016 - 21:06
    မင်္ဂလာဒုံမြို့နယ်အမှတ် (၃)လမ်းမတွင် ဒီဇင်ဘာ ၁၃ ရက် ည ၇ နာရီခန့်က ခရီးသည်တင်ယာဉ်တစ်စီးက အရှိန်လွန်၍ အ ခြားယာဉ်လေးစီးကို ဆင့်တိုက် ခဲ့သဖြင့် အမျိုးသားသုံးဦး သေဆုံးခဲ့ပြီး လူ ၁၂ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သတင်းရရှိသည်။ အမှတ်(၃) လမ်းမအတိုင်း မင်္ဂလာဒုံဘက်မှ ထောက်ကြန့် ဘက်သို့ မောင်းနှင်လာသည့် အ နောက်ပိုင်းခရိုင်ယာဉ်လိုင်းမှ ခရီး သည်တင်ယာဉ်တစ်စီးသည် အိုး အိမ်မှတ်တိုင်အနီးတွင် အရှိန်လွန် ၍ တစ်ဖက်ယာဉ်ကြောသို့ရောက်ကာ အထည်ချုပ်စက်ရုံ ကြို/ပို့ ယာဉ်ကို စတင်တိုက်မိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိ ရသည်။
  • Wed 14 Dec 2016 - 21:05
     ပြည်လမ်းမပေါ်ရှိ တော် ၀င်စင်တာ ပထမထပ်မှ အရောင်း စာရေး အမျိုးသမီးငယ်ကို ဓားဖြင့်ထိုးခဲ့သည့် လွမ်းနိုင်ဝင်း (ခ) မှတ်ကြီးအား ဒီဇင်ဘာ ၂၈ ရက်တွင် အပြီးသတ်အမိန့်ချမှတ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ အမျိုးသမီးငယ်ကို ဓားဖြင့် ထိုးခဲ့သည့် လွမ်းနိုင်ဝင်း (ခ) မှတ် ကြီးအား ဒီဇင်ဘာ ၁၄ ရက်က ရုံး ထုတ်ခဲ့ပြီး နှစ်ဖက်ရှေ့နေများက လျှောက်လဲချက်ပေးခဲ့ကာ ဒဂုံမြို့ နယ်တရားသူကြီးက အမိန့်ချမည့် ရက်ကို ပြန်လည်ချိန်းဆိုလိုက် ကြောင်း ဒဂုံမြို့နယ်တရားရုံးမှ သိရသည်။
  • Tue 13 Dec 2016 - 18:49
    ရန်ကုန်- မန္တလေး အ မြန်လမ်း မိုင်တိုင်အမှတ် ၅ မိုင် ၃ ဖာလုံအကျော်တွင် လိုက်ထရပ် ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ် ပွားရာ ယာဉ်ပေါ်တွင် လိုက်ပါ လာသူများထဲမှ ၁၈ ဦး ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။တိမ်းမှောက်ခဲ့သည့် လိုက် ထရပ်ယာဉ်သည် ရန်ကုန်မြို့သို့ ဒီဇင်ဘာ ၁၂ ရက် နံနက် ၂ နာရီ ခန့်၌ ထွက်ခွာလာပြီးနောက် ယာဉ်မောင်းအိပ်ငိုက်ခဲ့၍ လမ်း ဘေးတွင် ချထားသည့် တုံးများကိုဝင်တိုက်မိပြီးနောက် တိမ်းမှောက် ခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။   ‘‘ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းဘေးက တုံးတွေကို အရင် ၀င်တိုက်တယ်။ ပြီးတော့မှ မြေ သားလမ်းပေါ်မှာ မှောက်တာပါ။ ခရီးသည်အားလုံးပေါင်း ၂၃ ဦးပါ လာတယ်။ အမျိုးသား ငါးဦးနဲ့ အမျိုးသမီး ၁၃ ဦး ထိခိုက်ဒဏ်ရာ ရပါတယ်’’ဟု ရဲအရာရှိက ပြော သည်။
  • Tue 13 Dec 2016 - 18:47
     မြစ်ကြီးနားမြို့ မနော ကွင်းအနီးတွင် သမီးရည်းစားစုံတွဲကို ဓားဖြင့်တိုက်ခိုက်ကာ ဆိုင်ကယ်နှင့်ဖုန်း  လုယက်သွားသူလေးဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီးရမိပြီဖြစ်ကြောင်း သတင်းရရှိသည်။ မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းအနီးတွင် ချိန်းတွေ့နေသော သမီးရည်းစားစုံတွဲကို အမျိုးသား လေးဦးက ဓားဖြင့်တိုက်ခိုက်ကာ ဆိုင်ကယ်နှင့်ဖုန်း လုယက်မှု ဒီ ဇင်ဘာ ၅ ရက်ည ၉ နာရီခန့်က ဖြစ်ပွားခဲ့သည်။ ဓားဖြင့် အခုတ်ခံ ရသူ နှစ်ဦးစလုံး ဒဏ်ရာရရှိခဲ့ကာ ပြစ်မှုကျူးလွန်သူကို ၇ ရက်အ ကြာ ဒီဇင်ဘာ ၁၃ ရက် နံနက်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ကချင်ပြည် နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးကပြောသည်။
  • Mon 12 Dec 2016 - 21:42
    ရန်ကုန်-ပုသိမ်ကားလမ်း ဆားမလောက်မြို့အနီးတွင် ခရီးသည်တင်ယာဉ်တစ်စီး ယာဉ်ချင်းကျော်တက်ရာမှ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ၀င်တိုက်မိရာ ကလေးတစ်ဦး အပါအ၀င် လူလေးဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သ တင်းရရှိသည်။ ရန်ကုန်-ဟင်္သာတ ပြေးဆွဲ နေသည့် ရဲရင့်ခိုင်ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်သည် ဒီဇင် ဘာ ၁၂ ရက် နံနက် ၈ နာရီခန့် က ပန်းတနော်ဘက်မှ ရန်ကုန် ဘက်သို့ မောင်းနှင်လာစဉ် ရှေ့ ယာဉ်ကို ကျော်တက်ရာမှ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မယ် ဇလီနယ်မြေရဲစခန်းက ရဲအရာရှိ တစ်ဦးမှဆိုသည်။
  • Mon 12 Dec 2016 - 21:33
     နာရေးအိမ်တွင် စကား များသည့်ကိစ္စ မကျေနပ်သဖြင့် အသက်(၄၆)နှစ်အရွယ် အမျိုး သားကို ၎င်းပြန်သည့်လမ်းတွင်စောင့်ကာ ဓားဖြင့်ခုတ်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။ တွံတေးမြို့နယ် အထက်တ မာတကောကျေးရွာနေ အသက် (၄၆)နှစ်အရွယ် ဦးဝင်းဌေးသည် ဒီဇင်ဘာ ၉ ရက် နေ့လယ်က ကျေးရွာအတွင်းရှိ နာရေးအသုဘအိမ်၌ ဇော်မင်းထွေး(ခ)အငယ်လေးဆို သူနှင့် စကားများခဲ့ရာမှ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း တွံတေးမြို့ နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ဆိုသည်။
  • Mon 12 Dec 2016 - 21:32
     ရှစ်မိုင်ခုံးတံတားအ လယ်တွင် ကန့်လန့််ဖြတ်ကွေ့ခဲ့ သည့် အဓိပတိ (အဝါ)ယာဉ် မောင်းကို ယင်းယာဉ်လိုင်းက အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း သ တင်းရရှိသည်။ ဗန္ဓုလသယ်ယူပို့ဆောင်ရေး လုပ်ငန်း အဓိပတိ (အဝါ) ယာဉ် လိုင်းမှ ခရီးသည်တင်ယာဉ်တစ်စီးသည် ဒီဇင်ဘာ ၁၁ ရက် ည ၉ နာရီခန့်က လှည်းတန်းဘက်မှ ရှစ်မိုင်ဘက်သို့ ပြည်လမ်းအတိုင်းမောင်းနှင်လာစဉ် (၉၇)ခရီးသည်တင်ယာဉ်နှင့် ပြိုင်မောင်းရာမှ လမ်းကြောင်းမှား၍ ရှစ်မိုင်ခုံးတံတားပေါ်သို့ ရောက်ရှိခဲ့ခြင်းဖြစ် ကြောင်း ဗန္ဓုလသယ်ယူပို့ဆောင် ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။
  • Mon 12 Dec 2016 - 21:29
    ပတ္တမြားမြို့သစ်ရှိ နေ အိမ်တစ်လုံးတွင် စိတ်ကြွဆေး ပြား ၂၄  သိန်းကျော်နှင့် ဘိန်းဖြူ အချို့ဖမ်းဆီးမိပြီး တရားခံ ဖမ်းမိ ရေး ဆောင်ရွက်နေကြောင်း မူး ယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ မင်္ဂလာဒုံမြို့နယ် ပတ္တမြား မြို့သစ် မေတ္တာလမ်းသွယ် (၃) ရှိ နေအိမ်တစ်လုံးကို နိုဝင်ဘာ ၁၁ ရက်နံနက်အစောပိုင်းတွင် သတင်းအရ ၀င်ရောက်ရှာဖွေခဲ့ရာ စိတ်ကြွဆေးပြား ၂၄ သိန်းကျော်နှင့် ဘိန်းဖြူ ၆၀၀ ဂရမ်ကျော် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြော သည်။

Pages

Subscribe to Crime