Crime

  • Wed 01 Mar 2017 - 23:12
     မင်္ဂလာဒုံမြို့နယ် စမ်း ကြီးဝကျေးရွာတွင် နေထိုင်သည့် အသက်(၃၁)နှစ်အရွယ် အမျိုး သားတစ်ဦးသည် စီးပွားရေးအ ဆင်မပြေသဖြင့် မိမိလည်ပင်းကို ဓားဖြင့်လှီးကာ သေကြောင်းကြံ စည်ခဲ့ကြောင်း သတင်းရရှိသည်။ မင်္ဂလာဒုံမြို့နယ် စမ်းကြီးဝ ကျေးရွာတွင် ဖေဖော်ဝါရီ ၂၈ ရက်ည ၁၀ နာရီကျော်က တီဘီဝေဒ နာခံစားနေရသည့် အမျိုးသားတစ်ဦးသည် နေအိမ်၌ စီးပွားရေးကျပ်တည်းမှုကြောင့် စိတ်ဓာတ်ကျကာ လည်ပင်းကို ဓားဖြင့်လှီး၍ သေကြောင်းကြံစည်ခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးကဆိုသည်။
  • Wed 01 Mar 2017 - 23:11
     စစ်တွေမြို့နယ် ဒါးပိုင် ကျေးရွာဟောင်းရှိ နေအိမ်တစ် အိမ်ကို ဝင်ရောက်စစ်ဆေးရာ ကျပ်သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ဆေးခြောက်များ ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။ စစ်တွေမြို့နယ် ဘုမေကျေး ရွာအုပ်စု ဒါးပိုင်ရွာဟောင်းတွင် နေထိုင်သည့် အသက် (၃၀)အ ရွယ် အမျိုးသားနေအိမ်သို့ ဖေ ဖော်ဝါရီ ၂၈ ရက် ညနေ ၃ နာရီခွဲ ခန့်က ဝင်ရောက်စစ်ဆေးရာ နေ အိမ်အိပ်ခန်းအတွင်း၌ မူးယစ် ဆေးဝါးများ ရှာဖွေတွေ့ရှိခဲ့ ကြောင်း စစ်တွေမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကဆိုသည်။
  • Wed 01 Mar 2017 - 23:08
    အကြွေးတောင်းရာမှ စကားများရန်ဖြစ်ကာ သနပ်ခါး တုံးဖြင့် ထုသတ်ပြီး အိမ်သာကျင်း အတွင်း ထည့်ကာ အလောင်း ဖျောက်ခဲ့သည့် အမျိုးသမီးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် လွိုင်ကော် ခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ ကြောင်း သတင်းရရှိသည်။
  • Tue 28 Feb 2017 - 00:31
    ဗဟိုစံပြငါးဈေးအတွင်း ငါးဝယ်ရောင်းလုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးကို ကွမ်းယာဖိုးငွေတောင်းရာမှ မပေးသဖြင့် ဓားဖြင့်ထိုးကာ ထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ကြည့်မြင်တိုင်မြို့နယ် ဗဟို စံပြငါးဈေး ဈေးရုံ(က)အတွင်း ငါး အရောင်းအ၀ယ်ပြုလုပ်နေသည့် အသက်(၃၃)နှစ်အရွယ် ကိုဝင်းထွန်းထံသို့ ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၃ နာရီခွဲခန့်က သူငယ်ချင်းဖြစ်သူ တာတီးဆိုသူ ရောက်ရှိလာရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ သ တင်းရရှိသည်။
  • Tue 28 Feb 2017 - 00:30
     နေပြည်တော်-ရန်ကုန်အမြန်လမ်းမ မိုင်တိုင်(၄/၂)တွင် ကားမီးလောင်မှုကြောင့် လူရှစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ လှည်းကူးမြို့နယ်တရားရုံး၌ တရားလိုနှင့် တရားလိုပြသက်သေ သုံးဦးကို စတင်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ ယင်းအမှုနှင့် ပတ်သက်၍ စွပ်စွဲခံထားရသူ အောင်ခန့်ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က)ဖြင့် တရားစွဲဆိုခဲ့ပြီး ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားလိုနှင့် တရားလိုပြသက်သေများကို စတင်စစ်ဆေးခဲ့ကြောင်း လှည်းကူးမြို့နယ်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
  • Tue 28 Feb 2017 - 00:29
     မောင်တောမြို့နယ် သရေကုန်ဘောင် (နတလ)ကျေးရွာအနီး တောစပ်၌ ဘင်္ဂါလီသုံးဦး၏ တိုက်ခိုက်ခံရပြီး ပျောက် ဆုံးနေသော ခမီတိုင်းရင်းသားတစ်ဦးကို ဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ ကြောင်း လုံခြုံရေးအရာရှိတစ်ဦးကပြောသည်။
  • Tue 28 Feb 2017 - 00:28
     လှိုင်သာယာမြို့နယ်တွင် ဖေဖော်ဝါရီ ၂၇ ရက် ညနေက မီး လောင်မှုဖြစ်ပွားရာ ကျူးကျော်တဲများနှင့် တိုက်အိမ်တစ်လုံး မီး လောင်ဆုံးရှုံးခဲ့ပြီး အမျိုးသမီးတစ်ဦး မီးခိုးမွှန်၍ သေဆုံးခဲ့ ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
  • Sun 26 Feb 2017 - 21:59
     ဆေးလိပ်မီး ပေါ့ဆစွာပစ်ခဲ့ သည့် ခရီးသည်တစ်ဦးကြောင့် ချင်းတွင်းမြစ်အတွင်းရှိ ခရီးသည် တင် ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးထွန်းထွန်းဝင်းက ပြောသည်။
  • Sun 26 Feb 2017 - 21:57
     ကာလတန်ဖိုး ကျပ်သိန်းပေါင်းခြောက်သောင်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ခြောက်သန်းကျော် သယ်ဆောင် လာသည့် ယာဉ်နှင့် လူနှစ်ဦးကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်က ဟဲဟိုးမြို့အနီးတွင် ဖမ်းဆီးရမိကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
  • Sun 26 Feb 2017 - 21:56
     မြောက်ဒဂုံမြို့နယ် ပြည် ထောင်စုလမ်းမ ၄၆ လမ်းဆုံအနီး တွင် ဂက်စ်ထည့်ပြီး ပြန်လာသည့် YBS ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ မြောက်ဒဂုံမြို့နယ် ပြည် ထောင်စုလမ်းမအတိုင်း ယာဉ် မောင်း မြင့်ဦး မောင်းနှင်လာသည့် YBS (၁၂) ခရီးသည်တင်ယာဉ် သည် ဖေဖော်ဝါရီ ၂၆ ရက် မွန်း လွဲ ၃ နာရီကျော်က စီအင်န်ဂျီမစ် ဆာ အပူလွန်ကဲရာမှ စတင်မီးလောင်ကျွမ်းခဲ့ကြောင်း မြောက်ဒဂုံမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီး သတ်အရာရှိတစ်ဦးကဆိုသည်။
  • Sat 25 Feb 2017 - 21:44
     နိုင်ငံခြားသားများပါဝင် ပြီး နိုင်ငံတကာဈေးကွက်သို့ မူး ယစ်ဆေးဝါးပို့မည့် မူးယစ်မှောင် ခိုဂိုဏ်းတစ်ခုကို လေးလကြာ စုံ စမ်းစစ်ဆေးပြီးနောက် ဖမ်းဆီး ခဲ့ကြောင်း အစိုးရက တရားဝင် သတင်းထုတ်ပြန်သည်။ ပင်လယ်ရေကြောင်းမှတစ် ဆင့် နိုင်ငံတကာသို့ မူးယစ်ဆေး ပို့မည့် မြန်မာနိုင်ငံသား ၁၄ ဦးနှင့် နိုင်ငံခြားသား ၁၁ ဦးပါ မူးယစ် မှောင်ခိုဂိုဏ်းကို ဖမ်းဆီးစစ်ဆေး နေသည့် သတင်းကို ဖေဖော်ဝါရီ ၂၄ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ခဲ့သည်။ ယင်း မှောင်ခိုဂိုဏ်းအဖွဲ့ကို ၂၀၁၆ နိုဝင်ဘာမှ စတင်ကာ စုံစမ်းထောက်လှမ်းခဲ့ပြီး သတင်းထိမ် ချန်ထားကာ လျှို့ဝှက်ဆောင်ရွက် ခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ကဆိုသည်။
  • Fri 24 Feb 2017 - 22:03
     မြဝတီတွင် အရက်အမူး လွန်နေသည့် ဖခင်က အသက်(၅)နှစ်အရွယ် သားအရင်းကို ဓားမ ဖြင့် ခုတ်သတ်မှုဖြစ်ပွားခဲ့သည်။ မြဝတီမြို့ (၄)ရပ်ကွက်နေ အသက်(၃၂)နှစ်အရွယ် ပိုင်စိုး သည် ဖေဖော်ဝါရီ ၂၃ ရက် ည ၁၁ နာရီခွဲခန့်က နေအိမ်၌ အရက်သောက်နေစဉ် ကလေးငယ် ငိုရာ မှ စတင်ဖြစ်ပွားကြောင်း မြဝတီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
  • Fri 24 Feb 2017 - 22:02
     မန္တလေးမြို့ မဟာ အောင်မြေမြို့နယ် စိန်ပန်းရပ် ကွက် တာရိန်လမ်းနှင့် သမ္မတ ကိတ်မုန့်တိုက်လမ်းကြားရှိ နေ အိမ်တွင် တိပ်ဖြင့်ပတ်၍ ကြွပ် ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် အ မျိုးသား အလောင်းတစ်လောင်း ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရှိ ခဲ့သည်။
  • Fri 24 Feb 2017 - 22:01
     မင်္ဂလာတောင်ညွန့်မြို့ နယ် အလံပြဘုရားလမ်း ကျောက် တိုင်မှတ်တိုင် (တိရစ္ဆာန်ရုံ) အနီး တွင် ဖေဖော်ဝါရီ ၂၄ ရက် နေ့ လယ်က ကားလမ်းဖြတ်ကူးသူကို တိမ်းရှောင်သည့် အိမ်စီးကားဟွန် ဒါဖစ်ယာဉ်မှာ လမ်းဘေးဓာတ်တိုင်ကို ၀င်တိုက်ခဲ့သည်။
  • Fri 24 Feb 2017 - 22:00
     ဗိုလ်တထောင်မြို့နယ် လမ်းသွယ်(၂)ရှိ နေအိမ်တိုက်ခန်း တွင် ခေါ်ယူမွေးစားထားသည့် အ သက်(၇)နှစ်အောက် မိန်းကလေး ငယ်လေးဦးကို အဓမ္မပြုကျင့်ခဲ့ သည်ဆိုသော အမျိုးသားအား အရှေ့ပိုင်းခရိုင်တရားရုံးက ရာဇ သတ်ကြီးပုဒ်မ ၃၇၆/၃၇၇ ဖြင့် တရားစွဲဆိုခဲ့သည်။ အဓမ္မပြုကျင့်ခံရသည့် က လေးငယ်လေးဦးသည် အသက်(၇)နှစ်အရွယ် တစ်ဦး၊ (၅)နှစ်အရွယ် နှစ်ဦး၊ (၃)နှစ်ခန့်အရွယ်တစ်ဦးတို့ဖြစ်ပြီး အသက်(၄၃)နှစ်အရွယ် ယာဉ်မောင်းလှမိုး(ခ)နီတွတ်က မိန်းကလေးငယ်လေးဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သည်ဟု ရဲစခန်း၌ ထွက်ဆိုခဲ့သည့် အမှုဖြစ်သည်။
  • Thu 23 Feb 2017 - 21:10
     မန္တလေးမြို့ အောင်မြေ သာစံမြို့နယ် ဥပုသ်တော်ရပ်နေ မေတ္တာကမ်ပိန်းမှ ဒေါ်အမာနီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးခရိုင်ဒုဥက္ကဋ္ဌ ဦးကိုကို လေးက မဟာအောင်မြေမြို့မရဲ တပ်ဖွဲ့စခန်းတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် ဖေဖော် ၀ါရီ ၂၂ ရက်၌ အမှုဖွင့်ခဲ့ကြောင်း သတင်းရရှိသည်။
  • Thu 23 Feb 2017 - 21:08
     တောင်ဒဂုံမြို့နယ် (၂၄) ရပ်ကွက် လှော်ကားလမ်းမပေါ် တွင် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ ထွက်ပြေးလွတ် မြောက်ခဲ့သည့် တရားခံပြေး နဂါးလေး (ခ) အောင်နိုင်မြင့်ကို မကွေးတိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။  ‘‘ဖမ်းဆီးရမိခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒီနေ့ ရန်ကုန်ကို လွှဲ ပြောင်းပေးမှာပါ။ ဖမ်းမိတဲ့အိမ် ကတော့ သူနဲ့အမျိုးမကင်းဘူး’’ဟု ရဲအရာရှိတစ်ဦးကပြောသည်။
  • Thu 23 Feb 2017 - 21:06
    တာချီလိတ်မြို့နယ်မကာအိုခမ်းရပ်ကွက် ဗိုလ်ချုပ် လမ်းတွင် အလုပ်လာရှာသော အမျိုးသားတစ်ဦး အလုပ်မရ သဖြင့် ဓာတ်တိုင်ပေါ်မှ ခုန်ချခဲ့ ကြောင်း သတင်းရရှိသည်။ ယင်းသို့ခုန်ချသည့် အမျိုးသားသည် လွိုင်လင်မြို့နယ် ပင်လုံမြို့ ၀မ်လုံးကျေးရွာနေ အသက်(၃၅)နှစ်အရွယ် စိုင်းမောင်ဖြစ်ကြောင်း ကူညီကယ်ဆယ်ရာတွင် ပါဝင်သူ အမျိုးသားတစ်ဦး ကပြောသည်။
  • Thu 23 Feb 2017 - 21:05
    ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့ရဲစခန်းတွင် ချုပ်နှောင်ထားသည့် မူးယစ်မှုကျူးလွန်သူ အချုပ်သားငါးဦးသည် တာဝန်ကျကင်းမှူးကို တိုက်ခိုက်၍ အချုပ်ခန်းကိုဖောက်ကာ ထွက်ပြေးခဲ့ရာတွင် တစ်ဦးကို ပြန်လည်ဖမ်းမိခဲ့ကြောင်း သတင်း ရရှိသည်။
  • Wed 22 Feb 2017 - 21:07
     မြစ်ကြီးနားမြို့တွင် ဓား ဒဏ်ရာ ၁၉ ချက်ဖြင့် သေဆုံးခဲ့သော ကချင်တိုင်းရင်းသူကို သတ်ဖြတ်သူဟု သံသယရှိ အမျိုးသားတစ်ဦးအား ဖမ်းဆီးထား ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။ မြစ်ကြီးနားမြို့ ကြက်ပေါင် ခြံရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အသက် (၂၄)နှစ်အရွယ် ကချင် တိုင်းရင်းသူ မလိဆန်ပန်သည် ဓားဒဏ်ရာ ၁၉ ချက်ဖြင့် ဖေဖော်  ၀ါရီ ၉ ရက်က သေဆုံးခဲ့သည်။ ယင်းလူသတ်မှုတွင် ကျူးလွန်သည်ဟု သံသယရှိသော အမျိုးသားတစ်ဦးကို ယခုရက်ပိုင်းအ တွင်း ဖမ်းဆီးခဲ့ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးကဆိုသည်။

Pages

Subscribe to Crime