Crime

  • Thu 09 Mar 2017 - 22:19
    ကနီမြို့နယ် ကျွန်းဖျားကျေးရွာတွင် အသက်(၈)နှစ်အရွယ် ပထမတန်းကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် သက်တော်(၇၅)နှစ်အရွယ် ကျောင်းထိုင် ဆရာတော်အား လူဝတ်လဲ၍ဖမ်းဆီးစစ်ဆေးနေကြောင်း ကနီမြို့မရဲစခန်းမှ သတင်းရရှိသည်။
  • Thu 09 Mar 2017 - 22:18
    ဒဂုံမြို့နယ် ရွှေတိဂုံဘုရားလမ်းရှိ တိုက်ခန်းတစ်ခန်းတွင် အသက်(၆၆)နှစ်အရွယ် အမျိုးသားကိုသတ်ကာ ပစ္စည်းများ ယူဆောင်ခဲ့သည့် (၂၂)နှစ်အရွယ် အမျိုးသားကို အနောက်ပိုင်းခရိုင်တရားရုံး၌ ယမန်နေ့က တရားစွဲဆိုခဲ့သည်။
  • Thu 09 Mar 2017 - 22:17
    သီလ၀ါအထူးစက်မှုဇုန် (A) အတွင်းရှိ ကုမ္ပဏီလုပ်ငန်းခွင်တစ်ခုတွင် ဂဟေဆက်ရာမှ တစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ကျောက်တန်းမြို့နယ် သီလ ၀ါစက်မှုဇုန် (၁) ရှိ Free Trade Integrate Logistice Co., Ltd. တွင် မတ်လ ၉ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်က ဂဟေဆက်စဉ် ဖော့ ပြားပေါ်မီးပွားကျရာမှတစ်ဆင့် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်း ကျောက်တန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကဆို သည်။
  • Thu 09 Mar 2017 - 22:16
    ထိုင်းနိုင်ငံသားတစ်ဦးကို ချုပ်နှောင်ထားသည်ဟု သတင်းရရှိသဖြင့် တာချီလိတ်မြို့ပေါ်ရှိ အိမ်တစ်အိမ်သို့ ရဲတပ်ဖွဲ့က ၀င် ရောက်ရှာဖွေရာ မူးယစ်ဆေးအများအပြား ဖမ်းမိခဲ့သည်။ တာချီလိတ်မြို့ မယ်ခေါင် ရပ်ကွက် မြို့ပတ်လမ်းရှိ အောင် မင်္ဂလာတိုက်တန်းမှ တိုက်ခန်း တစ်ခန်းတွင် ထိုင်းနိုင်ငံသားတစ် ဦးကို ဖမ်းထားသည်ဟု ထိုင်းနယ် ခြားကော်မတီက စာပို့အကြောင်း ကြား၍ ရဲတပ်ဖွဲ့က မတ်လ ၈ ရက်၌ ၀င်ရောက်ရှာဖွေရာ ယင်းထိုင်းနိုင်ငံသားကို မတွေ့ရသော် လည်း ပမာဏများပြားသော မူးယစ်ဆေးများ ဖမ်းမိခဲ့ကြောင်း တာချီလိတ်မြို့ခံတစ်ဦးက ပြော သည်။
  • Wed 08 Mar 2017 - 21:55
    ညဥ့်သန်းခေါင်ကျော်တွင် နေအိမ်ပေါ်သို့ ကျူးကျော်လာရောက်သူတစ်ဦးက အိမ်ရှင်အမျိုးသမီးကို စကေဘာဖြင့် ထိုးကာ ထွက်ပြေးသွားမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာ ကျေးရွာအုပ်စု၊ ပေါင်းကူးညာဏ ရပ်ကွက်အတွင်းနေထိုင်သည့် အ သက် (၃၁) နှစ်အရွယ် အမျိုးသမီး ၏ နေအိမ်ပေါ်သို့ မတ်လ ၈ ရက် နံနက် ၂ နာရီခွဲဝန်းကျင်က အမျိုး သားတစ်ဦး တက်လာရာ အဆိုပါ အမျိုးသမီးက ကျူးကျော်ဝင် ရောက်လာသူကို လက်ဆွဲပြီး ပတ်ဝန်းကျင်သို့ အော်ဟစ်အကူ အညီတောင်းခံစဉ် ယင်းအမျိုး သားက စကေဘာဖြင့် ထိုးပြီး ထွက်ပြေးသွားကြောင်း သွားရောက်ကူညီပေးခဲ့သည့် ပုလဲအမြန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးကဆိုသည်။
  • Wed 08 Mar 2017 - 21:53
    တာချီလိတ်မြို့နယ် ဝမ် တုံကျေးရွာနှင့် ဟိုနား (အာခါ) ရွာကြားတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အသက် (၅၀) ကျော်အရွယ် အမျိုးသမီးတစ်ဦး အလောင်း တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ ‘‘ကျွန်တော်တို့အလောင်းကို ဆေးရုံပို့ပေးပြီး ရင်ခွဲစစ်ဆေးချက် အရ အလောင်းရဲ့နောက်ကျော က အပေါက်ထဲကနေ ကျည်ဆန် တစ်တောင့်တွေ့တယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော် ၂ နှစ်ခန့်ကလည်း အခုသေသွားတဲ့ အမျိုးသမီးရဲ့ ယောက်ျားက သေနတ်နဲ့ ခြောက် ချက်အပစ်ခံရပြီး သေသွားတာ’’ ဟု အလောင်းကို သွားရောက် သယ်ဆောင်ပေးသည့် အမျိုးသား တစ်ဦးက ဆိုသည်။
  • Tue 07 Mar 2017 - 01:59
    ဗိုလ်တထောင်မြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် ခေါ်ယူမွေး စားထားသည့် အသက်(၇)နှစ် အောက် မိန်းကလေးငယ်လေးဦး ကို အဓမ္မပြုကျင့်ခဲ့သည်ဆိုသော အမျိုးသားအမှုတွင် တရားလိုပြ သက်သေများကို မတ်လ ၂၀ ရက်၌ စတင်စစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Tue 07 Mar 2017 - 01:02
    ရခိုင်ပြည်နယ်တွင် တစ် လကြာပြုလုပ်ခဲ့သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံချက်ဖြစ်သည့် မေယုစစ်ဆင်ရေးအတွင်း မူးယစ်မှု ၁၅ မှု၊ ကွင်းဆက်တရားခံ ၁၆ ဦးနှင့် စိတ်ကြွဆေး ပြား ၄၈ သိန်းကျော် ဖမ်းမိခဲ့သည်။  ဖေဖော်ဝါရီ ၁ ရက်က စတင်သော မေယုအမည်ရှိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံချက်သည် ဖေဖော်ဝါရီ ၂၈ ရက်ကပြီးဆုံးခဲ့ပြီး အမျိုးသား ၁၃ ဦး၊ အမျိုးသမီးသုံးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ အမျိုးသား ၁၃ ဦးအနက် မောင်တောမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း၌ စိတ်ကြွဆေးပြား ၄၂ သိန်းကျော်နှင့် လက်နက်ခဲယမ်းအချို့ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်မှ ကျောင်းထိုင်ဆရာတော် နှင့် အခြားဆရာတော်တစ်ပါးကို လူဝတ်လဲ ဖမ်းဆီးသည့်အမှု ပါဝင်ခဲ့သည်။
  • Mon 06 Mar 2017 - 00:07
    အမြန်လမ်းပေါ်တွင် ပျဉ်းကတိုးသစ်များ ခိုးထုတ်သယ် ဆောင်လာသော စူပါကာစတန် ကားတစ်စီး တိမ်းမှောက်ကာ ယာဉ်မောင်းထွက်ပြေးသွားသည်။ အမြန်လမ်းမ မိုင်တိုင် (၁၄၀) အနီးတွင် မတ်လ ၅ရက် ညနေက စူပါကာစတန်ကားတစ်စီး ယာ ဘက်နောက်ဘီးပေါက်ကာ တိမ်း မှောက်ပြီး ကားပက်လက်လန် သွား၍ ကားအတွင်းမှသစ်ခွဲသား များထွက်ကျလာရာမှ သစ်ခိုး သယ်ယူခြင်းကို သိရခြင်းဖြစ်သည်။
  • Sun 05 Mar 2017 - 23:43
     ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်(၆၄)ရပ်ကွက် စက်မှုဇုန် (၂) အင်းလျားလမ်းရှိ မြန်မာ့အလှသနပ်ခါးလုပ်ငန်း၏ သုံးထပ် တိုက်တွင် Level 3 အဆင့်ရှိ မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း သ တင်းရရှိသည်။ မတ်လ ၄ ရက် ည ၁၂ နာရီ ကျော်တွင် အဆိုပါသုံးထပ်တိုက် အပေါ်ဆုံးထပ်က စတင်လောင် ကျွမ်းခဲ့ပြီး နေအိမ်တံခါး သော့ပိတ်ထားသောကြောင့်  ရိုက်ဖွင့်၍ မီးငြှိမ်းသတ်ခဲ့ရကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
  • Sun 05 Mar 2017 - 23:42
    ခရီးသည်တင်ယာဉ် YBS (၆၈)ယာဉ်လိုင်းမှ ယာဉ် နောက်လိုက်ကို ရွှေပြည်သာမြို့ နယ် ပုလဲလမ်းဆုံတွင် ခရီးသည် နှစ်ဦးက ဓားဖြင့်ထိုးမှုဖြစ်ပွားခဲ့ပြီး၎င်းတို့ကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။ မတ်လ ၄ ရက် ည ၈ နာရီ ကျော်တွင် လှိုင်သာယာမှ ရွှေပြည်သာမြို့နယ်သို့ ပြေးဆွဲသည့် YBS(၆၈) မီနီဘတ်စ်ယာဉ်ပါ ယာဉ် နောက်လိုက်နှင့် သမိုင်းလမ်းဆုံမှ လိုက်ပါလာသော ခရီးသည်အမျိုးသားနှစ်ဦးတို့ စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။
  • Sun 05 Mar 2017 - 23:41
     တောင်ဥက္ကလာပမြို့ နယ် အမှတ်(၉)ရပ်ကွက် သူရ(၂)လမ်းတွင် မီးလောင်ကျွမ်းမှု ဖြစ် ပွားပြီး နေအိမ်ငါးလုံးခန့် မီး လောင်ဆုံးရှုံးကာ အမျိုးသားတစ် ဦးနှင့် အမျိုးသမီးသုံးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ မတ်လ ၅ ရက် ည ၇ နာရီခန့်တွင် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး အမျိုးသမီးနှစ်ဦးသည် မီးဟပ်သည့်အရှိန်ကြောင့် ဒဏ်ရာရရှိခဲ့၍ မီးသတ်ရဲဘော်တစ်ဦး မှန်ကွဲပြတ်ရှဒဏ်ရာ ရရှိခဲ့သည်။
  • Sun 05 Mar 2017 - 23:38
    ကျပ် ၁၅,၀၀၀ တောင်းရာ မရသဖြင့် အသက် (၇၃)နှစ်အရွယ် မိခင်ကို သတ်ကာ အိမ်သာကျင်းဟောင်းအတွင်း စွန့်ပစ်ခဲ့သည့် အမျိုးသမီးကို မိုးညိုမြို့နယ်အတွင်း ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။ မိခင်ဖြစ်သူကို လည်ပင်း ညှစ်သတ်ကာ အလောင်းအား တိပ်ဖြင့်ပတ်၍ နေအိမ်အနောက် ဘက်ရှိ အိမ်သာကျင်းဟောင်းအ တွင်း စွန့်ပစ်ကာ ထွက်ပြေးခဲ့ သည့် အသက် (၃၈)နှစ်အရွယ် ဒေါ်စန်းစန်းဌေးကို မတ်လ ၄ ရက်က ဖမ်းမိခဲ့ကြောင်း မြန်အောင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကဆိုသည်။
  • Sat 04 Mar 2017 - 23:08
     သာကေတမြို့နယ်တွင် အလုပ်မှ ပြန်လာသည့် ၀န်ထမ်း အမျိုးသားသုံးဦးကို အိမ်စီးကား တစ်စီးက ၀င်တိုက်ခဲ့သဖြင့် အ မျိုးသားတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။  ရန်ပြေဂိတ်ဟောင်းမှတ်တိုင်အနီးတွင် အိမ်ကားတစ်စီးသည် အရှိန်လွန်ကာ အလုပ်မှပြန်လာသည့် အမျိုးသားသုံးဦးအနက် နှစ်ဦးကို နောက်မှဝင်တိုက်မိခဲ့ပြီး နောက် ကားမှတ်တိုင်ကို ထပ်မံ တိုက်မိကာ တိမ်းမှောက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။
  • Sat 04 Mar 2017 - 23:07
     မွေးစားထားသည့် က လေးငယ်ခုနစ်ဦးအနက် အသက် (၇)နှစ်အောက် မိန်းကလေး လေး ဦးအား အဓမ္မပြုကျင့်ခဲ့သော အမျိုးသားကို မတ်လ ၆ ရက်တွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးမည်ဖြစ်သည်။ အဓမ္မပြုကျင့်ခံရသည့် က လေးငယ်လေးဦးမှာ အသက်(၇) နှစ်အရွယ်တစ်ဦး၊ အသက်(၅) နှစ်အရွယ်နှစ်ဦး၊ အသက်(၃)နှစ် ခန့်အရွယ်တစ်ဦးတို့ဖြစ်ပြီး ပြစ်မှု ကျူးလွန်သူဟု ယူဆရသော အ သက် (၄၃)နှစ်အရွယ် ယာဉ် မောင်း လှမိုး(ခ)နီတွတ်ကို ဖေ ဖော်ဝါရီ ၂၃ ရက်၌ ရန်ကုန်အ ရှေ့ပိုင်းခရိုင်တရားရုံးက ရာဇ သတ်ကြီးပုဒ်မ ၃၇၆/၃၇၇ ဖြင့် တရားစွဲဆိုထားသည်။
  • Sat 04 Mar 2017 - 23:06
     နေပြည်တော် ကောင်စီနယ်မြေဖြစ်သော ပျဉ်းမ နားမြို့ ကန်ဦးအုပ်စုတွင် ထမင်း ချက်ရာမှတစ်ဆင့် မီးလောင်ကျွမ်းမှုကြောင့် နေအိမ်ကိုးလုံးဆုံးရှုံးခဲ့ကြောင်း ပျဉ်းမနားမြို့နယ် မီးသတ်ဦးစီးဌာနက သတင်း ထုတ်ပြန်သည်။
  • Sat 04 Mar 2017 - 23:05
     နေပြည်တော်တွင်ဖမ်းဝရမ်းထုတ်ထားသည့် စစ်ပြေး၊ ရဲပြေး၊ တရားခံပြေး၊ ရဲဘက်ပြေး စသည့် တရားခံပြေး စုစုပေါင်း ၉၀၀ ကျော်ရှိသည်ဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးဇော်ခင်အောင်ကပြောသည်။ ‘‘အဲဒီ ၉၀၀ ကျော်က ခေတ် အဆက်ဆက်ကအပြီးမသတ်တာ တွေ၊ ၂၀၀၂၊ ၂၀၀၃ နေပြည်တော်စပြီး တည်ဆောက်ချိန်ကတည်း က တချို့ကလည်း မူးယစ်ဆေးဝါးတရားခံတွေ၊ သာမန်နာကျင်မှု၊ ဆဲဆိုမှု ဒီလိုတရားခံတွေပေါ့’’ဟု ရဲမှူးကြီးဇော်ခင်အောင်က ပြော သည်။
  • Fri 03 Mar 2017 - 22:36
     ငွေချေးပြီးနောက် အကြွေးပြန်မဆပ်နိုင်သည့်ကိစ္စဖြင့် လင်မယားနှစ်ဦး စကားများ ရန် ဖြစ်ရာမှ ဇနီးသည်က ခင်ပွန်းကို ဦးခေါင်းကိုင်ဆောင့်ကာ ပရိတ်ကြိုးဖြင့် လည်ပင်းကို ညှစ်ခဲ့သောကြောင့် ခင်ပွန်းသည် သေဆုံးခဲ့သည်။
  • Fri 03 Mar 2017 - 22:25
     တနင်္သာရီတိုင်း လောင်း လုံးမြို့ရှိ နေအိမ်တစ်အိမ်မှ ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ ရွှေထည်များနှင့် ငွေကျပ် ၁၀ သိန်းတို့ကို ခိုးယူ၍ တိမ်းရှောင်လာသည့် အမျိုးသမီးနှစ်ဦးအနက် တစ်ဦး ကို ရန်ကုန်တိုင်းအတွင်း ဖမ်းမိခဲ့ ကြောင်း သတင်းရရှိသည်။
  • Wed 01 Mar 2017 - 23:12
    လှည်းကူးမြို့နယ် အ နန်းဘိုကုန်းကျေးရွာတွင် လင်မ ယားနှစ်ဦး စကားများရန်ဖြစ်ရာမှ ဇနီးက ထင်းခုတ်ဓားမဖြင့် ခုတ်သောကြောင့် အသက် (၄၄) နှစ်အရွယ် ခင်ပွန်းဖြစ်သူ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီ ၂၈ ရက် ည ၉ နာရီခွဲခန့်က လင်မယားချင်း စကားများရန်ဖြစ်စဉ် အသက် (၃၈)နှစ်အရွယ် ဇနီး မပု (ခ) စိုးစိုးဝင်းက ထင်းခုတ်ဓားမဖြင့် ခုတ်သောကြောင့် ဦးအောင်ဝင်း၏ လည်ပင်းတွင် ပြတ်ရှဒဏ်ရာရရှိကာ သေဆုံးခဲ့ကြောင်း လှည်းကူးမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

Pages

Subscribe to Crime