Crime

  • Fri 10 May 2013 - 18:02
    ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် အရွယ်မရောက်သေးသော မိန်းကလေးငယ်ကို အဓမ္မကျူးလွန်သော အမှုတစ်ခု ရဲစခန်းတွင် စစ်ဆေးရာ၌ လူအများစိတ်ဝင်စားနေကြောင်း သတင်းရရှိသည်။ 
  • Thu 09 May 2013 - 17:12
    ဥက္ကံမြို့အကြမ်းဖက်မှုတွင် သာသနာညှိုးနွမ်းမှုဖြင့် အမှုဖွင့်ခံထားရသူ အမျိုးသမီးနှစ်ဦးကို မေ ၁၄ ရက်၌ သက်ဆိုင်ရာတရားရုံး၌ စတင်အမှုစစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ဆွမ်းခံကြွလာသည့် ကိုရင်အား ဆိုင်ကယ်ဖြင့် ၀င်တိုက်မိခဲ့သူ အစ္စလာမ်ဘာသာဝင် မ၀င်းဝင်းစိန်နှင့် ဆဲဆိုရန်တွေ့ခဲ
  • Mon 06 May 2013 - 14:05
    နေပြည်တော်တွင် သမ္မတစိုက်ခြံဟု အများကခေါ်ဆိုကြသော ဧက ၅၀၀ စံပြစိုက်ခင်းအတွင်း ချိန်းတွေ့လေ့ရှိသော သမီးရည်းစားစုံတွဲများကိုမှ ရွေးချယ်ပြီး ဓားထောက်လုယက်သူနှစ်ဦးကို ဧပြီလအတွင်းက ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ကြောင်း သက်ဆိုင်ရာရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • Sun 05 May 2013 - 17:44
    နေပြည်တော် မြန်မာ့မီးရထားပိုင် ဆက်သွယ်ရေးဖိုက်ဘာကြိုး (Fiber Optic Cable) ဓားဖြင့် ခုတ်ဖြတ်ခံရပြီး ဆက်သွယ်ရေးဆက်ကြောင်း ပြတ်သွားသဖြင့် တိုင်ကြားမှု နေပြည်တော်ပျဉ်းမနားတွင် မေ ၂ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
  • Sat 04 May 2013 - 16:36
    မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိရုပ်ရှင်တော်မြတ်အား ဧပြီ ၂၅ ရက် နံနက်ပိုင်း ရေတော်ကပ်ချိန်တွင် မှတ်တမ်းဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးနေသော ထိုင်းနိုင်ငံသားနှစ်ဦး၏ပစ္စည်းများ ခိုးယူခံခဲ့ရသည်။
  • Sat 04 May 2013 - 16:31
    ကျေးရွာသုံး ရေအားလျှပ်စစ်ဓာတ်အားကြိုးအား ဆော့ကစားပြီး ဓာတ်လိုက်နေသော ကလေးနှစ်ဦးကို ၀င်ဆွဲရာမှာ အမျိုးသားတစ်ဦးပါ ဓာတ်လိုက်သေဆုံးမှု ဧပြီ ၂၉ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ကယားပြည်နယ် လွိုင်ကော်မြို့၊ လွိုင်လင်လေးကျေးရွာအုပ်စု၊ ကွန်နားအောက်ရွာတွင် အသက်(၁၂)နှစ်အရွယ်ရှိ စိုင်လောင်လင်းနှင့် မေ
  • Sat 04 May 2013 - 16:23
    ဆင်ဖြူတောင်ဘုရားပွဲတော်လာသည့် ဆိုင်ကယ်ဖြင့် တိုက်မိ၍ ဒေသခံ သက်ကြီးရွယ်အိုတစ်ဦး သေဆုံးခဲ့မှု ဧပြီ ၃၀ရက်ညနေက နေပြည်တော် ပျဉ်းမနားတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
  • Thu 02 May 2013 - 17:27
    မန္တလေးမြို့တွင် ပြည့်တန်ဆာလုပ်ငန်းဖြင့် ဇော်ဝမ်းကွေ့ဟု နာမည်ကျော်သောနေရာအနီး၌ ပြည့်တန်ဆာကိုးဦးကို ဧပြီ ၂၆ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
  • Thu 02 May 2013 - 17:23
    အိမ်ဖော်အမျိုးသမီးငယ်အား မတရားပြုကျင့်မှုဖြင့် တရားစွဲဆိုခံထားရသူ အိမ်ရှင်အမျိုးသားကို တရားရုံး၌ တစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့ပြီးနောက် အမှုမှ တရားသေလွှတ်လိုက်ခြင်းအပေါ် ကျေနပ်မှုမရှိ၍ တိုင်းတရားရုံးသို့ ထပ်မံတိုင်ကြားသွားမည်ဟု သတင်းရရှိသည်။
  • Thu 02 May 2013 - 10:57
    မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာအရှေ့ပိုင်းနေ ဦးလှတင်၏နေအိမ်တွင် တစ်ရွာတည်းသား ဦးလှပိုနှင့်အတူ အရက်သောက်ရာမှ စကားများရန်ဖြစ်ကာ လူသေဆုံးမှု ဧပြီ ၂၇ ရက် ည ၇ နာရီက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
  • Wed 01 May 2013 - 18:30
    မှောင်ခိုကားသုံးစီးကို ဓာတ်ပုံရိုက်ယူသော နယ်စပ်ကုန်သွယ်ရေး ၀န်ထမ်းများအား အကောက်ခွန်ဝန်ထမ်းများက မကျေနပ်၍ ဆဲဆိုထိုးကြိတ်ခဲ့ခြင်းကြောင့် အဆိုပါဝန်ထမ်းများမှာ တရားရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။
  • Mon 29 Apr 2013 - 11:58
    အစ်မဖြစ်သူက မောင်အရင်းအား ခင်ပွန်းကိုသတ်မှုဖြင့် တရားစွဲလိုက်ကြောင်း သတင်းရရှိသည်။
  • Mon 29 Apr 2013 - 10:16
    ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်လျက်ရှိပြီး မိဘအရင်းကို ရှာဖွေနေသော မြန်မာအမျိုးသမီးငယ်တစ်ဦးသည် ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ခင်မင်ခဲ့သူတစ်ဦးကို ၎င်းနေထိုင်သည့်အခန်းတွင် ချိန်းဆိုတွေ့ဆုံခဲ့ရာမှ ပစ္စည်းလုယူကာ သတ်ဖြတ်ခံရသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ သေဆုံးသူအမျိုးသမီးမှာ အသက် (၂၆)
  • Sun 28 Apr 2013 - 16:34
    ပြည်မြို့လူသတ်မှုတွင် အသတ်ခံရသူထံမှ ဒီအင်န်အေသက်သေခံချက် ရယူထားသည်ဆိုသော်လည်း ပြည်တွင်း၌   စစ်ဆေးနိုင်မည်မဟုတ်ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောသည်။ ပြည်မြို့ န၀ဒေးတံတားအောက်တွင် ချိန်းတွေ့နေသော သမီးရည်းစားစုံတွဲ
  • Sun 28 Apr 2013 - 16:27
    တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းအရာရှိတစ်ဦး ဧပြီ ၂၅ရက် ညနေတွင် သံတုတ်ဖြင့် အရိုက်ခံရကြောင်း သက်ဆိုင်ရာမြို့နယ် ရဲစခန်းမှ သတင်းရရှိသည်။ ဒေါပုံမြို့နယ်အတွင်းရှိ ယမုံနာလမ်းမကြီးနှင့် သင်္ဘောကျင်းလမ်းဆုံ ကန်ပတ်လမ်းထိပ်တွင် ကားများ ပိတ်ဆို့နေသဖြင့် ရဲအုပ်ဇော်ဝင်း တာဝန်ထမ်းဆောင်နေစဉ်၊ လူနှစ်ဦးပါ  CZI ၀မ်း
  • Sat 27 Apr 2013 - 16:01
    ကလေးနှစ်ယောက်ဖခင် မုဆိုးဖိုက မိဘအုပ်ထိန်းမှု မလွတ်သေးသည့် မိန်းကလေးငယ်အား သွေးဆောင်ဖြားယောင်း ခိုးယူပေါင်းသင်းသဖြင့် ဖခင်ဖြစ်သူက အမှုဖွင့် တိုင်ကြားမှု ဧပြီ ၂၄ ရက်တွင် နေပြည်တော်ပျဉ်းမနား၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
  • Sat 27 Apr 2013 - 15:57
    မိတ္ထီလာအကြမ်းဖက်မှုဖြစ်စဉ်တွင် မတ်လ၂၀ရက်က ဆရာတော် ဦးသောဘိတအား သတ်ဖြတ်ခဲ့သူများဟု သံသယရှိသူ ခုနစ်ဦးကို ဧပြီလ ၂၄ ရက်တွင် တတိယအကြိမ် ရုံးထုတ် စစ်ဆေးခဲ့သည်။

Pages

Subscribe to Crime